Maung Lwin shared Ye Yint Nge's status update.
ကျုပ်တို့  ဘာကို ယုံကြည်နေရအုံးမှာလဲရှင်းရှင်းလေးပါဘဲ ။ မြန်မာနိုင်ငံလူ့ အခွင့်ရေးကော်မီတီ ရှိလေတော့ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ မရှိတော့ဘူးပေါ့ ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ အကောင်းဆုံးအကြံတွေ သမ္မတကို ပေးနိုင်ကြပြီပေါ့ ။ တရားဥပဒေစိုးမိုးရေးကော်မီတီဖွဲ
ရားတာတွေ
လုပ်ကြမှာ မဟုတ်တော့ဘူးပေါ့ ။ ပြောရအုံးမယ် ။ ဒေါ်အောင်ဆန်းစုကြည်က
ကမ္ဘာပတ်တော့ မြန်မာနိုင်ငံအစိုးရက နာမည်ကောင်းရလိုက်တာ
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့  အစိုးရတွေ လက်ဖျားခါလောက်အောင်
ချီးကြူးကြရပြီပေါ့ ။ နိုဗယ်ငြိမ်းချမ်းရေးဆုကိုတောင်
သမ္မတ ဦးသိန်းစိန်က နာမည်တစ်ပေးခံရပြန်တော့ ဟုတ်သားဘဲလို့  ပြောရတာပေါ့ ။
ငြိမ်းချမ်းရေးကောင်စီ ဖွဲ့ တော့ မြန်မာနိုင်ငံမှာ ငြိမ်းရေးလမ်းစတွေ
ပေါ်ပြီး စစ်မှန်တဲ့  ငြိမ်းချမ်းရေး ရကြပြီပေါ့ ။
ပြောစရာတွေ တပုံကြီး ရှိသေးပေမဲ့ ဆက်မပြောတော့ဘူး ဒေါ်မာမာအေးရယ် - ဒီလောက်ကလေးကိုဘဲ ပြန်လည်ဆန်းစစ်ကြည့်ပါရစေတော့ လို့  ပြောရတော့မှာပါ ။
မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မီတီရှိတော့ တကယ်ဘဲ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပပျောက်သွားပြီလား ။ ကျုပ်မထင်ဘူး ။ ကြားနေရတဲ့  သတင်းတွေက နားနဲ့ မဆန့်  ကြားနေရတုံး ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို နှိပ်ကွပ်ဖို့ ဟာကို တိတိကျကျ လုပ်ဖို့  အကြံတွေ ပေးလိမ့်မယ်လို့  ကျုပ်မထင်ပါရစေနဲ့ ။ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုကို တရားသူကြီးအရာကနေပြီး ဆုံးဖြတ်ဖို့  မရတော့ဘဲ ပုလိပ်အလုပ်ကို လုပ်ဖို့  စုံစမ်းရေးကော်မရှင် အလုပ်ကို လက်ခံလိုက်တာ ပွဲက ကြည့်မကောင်းပါဘူးလေ ။
စုံစမ်းရေးကော်မရှင်ဆိုတာ ပုလိပ်အလုပ်တွေဆိုတာ လူတိုင်းသိပါတယ် ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီပုလိပ်အလုပ်ကို ဘာမှ လုပ်စရာ မလိုအပ်ဘူးထင်ပါတယ် ။ ပြီးတော့ ဘာကိုစုံစမ်းကြမှာပါလိမ့် ။ ဒဏ်ရာရသူ လူနာတွေ ဖြစ်တဲ့  ရဟန်းပြည်သူတွေကို အခင်းဖြစ်တာနဲ့  ဆေးရုံတက်ရောက် ကုသနေတာကို စုံစမ်းမှာ တခုထဲလား ။ ဒီလိုအခင်းဖြစ်ပွါးစေပြီး အကြမ်းဖက်ဖြစ်အောင် ပြုလုပ်သူတွေကို ဘယ်သူမှန်းသိစေဖို့  စုံစမ်းရဲပါ့မလား ။ မြန်မာ့စီးပွါးရေးဦးပိုင်ကုမဏီ
အဓိက တာဝန်ရှိတဲ့ သူတွေပါလို့  လူတွေ ဝေဖန်နေတဲ့ အတွက် အဲဒီဦးပိုင်ကို
စုံစမ်းရမယ်ဆိုတာ လူတိုင်းသိပါတယ် ။ ဒါပေမဲ့  စုံစမ်းစစ်ဆေးရေးကော်မီတီမှာ
ဦးပိုင်က အဖွဲ့ ဝင်အဖြစ် ပါနေတော့ ဒီစုံစမ်းစစ်ဆေးရေးကော်မီတီရဲ့ 
စစ်ဆေးမှုဟာ တရားမျှတမှု ဘယ်မှာ ရှိနိုင်ပါ့မလဲလို့  ပြောရတော့မှာပါ ။
စုံစမ်းစစ်ဆေးရေးအဖွဲ့ က အဖွဲ့ ဝင်တဦးပြောတာက စုံစမ်းစစ်ဆေးရေးကော်မီတီရဲ
့ဆုံးဖြတ်ချက်အတိုင်း လက်ခံဆောင်ရွက်သွားမှာပါတဲ့  ၊ ကျုပ် မယုံချင်လိုက်တာ
။
ပြီးတော့ ဦးပိုင်ကုမဏီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယက ဥသျှောင်ဖြစ်နေတော့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မီတီဟာ ပွဲစခင်ကတည်းက ဂိုးအပြတ်နဲ့  ရှုံးနေပါပြီ ။ အခုဖြစ်နေတာ ဦးပိုင်နဲ့  ၀မ်ပေါင်ရဲ့  ပြသနာဆိုတာထက် အဓိက ဦးပိုင်ကုမဏီနဲ့  စာရင်းရှင်းရမဲ့  ပြသနာဖြစ်နေတာပါ ။ ဒါပေမဲ့  အကြမ်းဖက်ခံရသူများက တရားတပေါင် မစွဲရဘဲ ဘယ်လိုလုပ်ပြီး စုံစမ်းစစ်ဆေးရေးကော်မီတီက ခံရသူနဲ့  ပြုလုပ်သူဆိုပြီး ဘယ်သူ့ ကို ခေါင်းစဉ်တပ်ပြီး စုံစမ်းလို့  ရပါ့မလဲ ။ ဒါကြောင့် လက်ပံတောင်းတောင် အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးဖို့ အတွက် မည်သူမဆို တရားစွဲဆိုခွင့်ကို ပထမဦးစွာ ပြုလုပ်ခွင့်ပေးရပါမယ် ။ ဒီလို တရားစွဲဆိုပြီးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ က တရားစွဲသူများကို ပုလိပ်စစ်သလို စစ်ဆေးမေးမြန်းခွင့်တွေ ရလာကြမှာပါ ။ ဒီတော့ အမှုမှန် ပေါ်ထွက်လာဖို့  တရားသူကြီးများက အဲဒီအမှုကို စီရင်ချက်ချမှတ်ပြီး တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်အောင် ဆောင်ရွက်သင့်ပါတယ် ။
ဒီတော့ခါ တရားသူကြီးများက တရားစီရင်ဆုံးဖြတ်ချက်ချမှတ်တာကို
တော်၏သင့်၏ လျော်၏ ဖြောင့်မတ်၏ ဆိုသလားဆိုသည်ကို တိတိကျကျ စစ်ဆေးပြီး
တရားဥပဒေစိုးမိုးရေးကော်မီတီက ထောက်ခံချက် ပေးကာ ပြုလုပ်သင့်ပါတယ် ။
ဒါ့ကြောင့်မို့ လို့  အခုသမ္မတက ဖွဲ့ စည်းပေးထားတဲ့ 
စုံးစမ်းစစ်ဆေးရေးကော်မီတီမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ ဝင်အဖြစ် ပါဝင်ရန်
ဘယ်လိုနည်းနဲ့ မှ မသင့်လျော်ကြောင်း ထင်မြင်ယူဆပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးနေရာဟာ တရားဥပဒေစိုးမိုးရေးကော်မီတီ ဥက္ကဋ္ဌ
ဆိုတဲ့  နေရာသာဖြစ်ပါတယ် ။ ခက်တာက ဒီပဲယင်းမှာတောင် သေသူသေ ကြေသူကြေနဲ့ 
ခုတောင် ဒဏ်ရာတွေ မပျောက်နိုင်သေးတဲ့ အပြင် ကာယကံရှင်ဖြစ်တဲ့ 
ဒေါ်အောင်ဆန်းစုကြည်တောင် ဘယ်သူ့ ကိုမှ တရားတပေါင် စွဲဆိုခွင့်မရသေးတော့
မြန်မာနိုင်ငံမှာ ဥပဒေရဲ့ အထက်မှာ ဘယ်သူများ ရှိနေသလဲဆိုတာ တွေးကြည့်ရင်
လူပြိန်းတောင် သိနိုင်ပါတယ် ။ ခုလဲဘဲ ရဟန်းသင်္ဃာတော်တွေကို လူမသိ သူမသိ
အိပ်နေချိန်မှာ မီးလောင်တိုက်သွင်းပြီး ပစ်ခတ်သတ်ဖြတ်မှုကို
သမ္မတဦးသိန်းစိန်နဲ့  အစိုးရက ဘာမှ မသိလို့  ပါဆိုပြီး
အခုလိုဖြစ်ပွါးသွားတာကို စုံစမ်းစစ်ဆေးရေးကော်မိတီတွေ ဖွဲ့ ပြီး
လုပ်ခိုင်းတာကိုတော့ ကျုပ်ကဖြင့် ဘယ်လိုလုပ် ယုံကြည်ရပါ့မလဲ ။။။။။။။။။
အောင်သာနီ
ပြောစရာတွေ တပုံကြီး ရှိသေးပေမဲ့ ဆက်မပြောတော့ဘူး ဒေါ်မာမာအေးရယ် - ဒီလောက်ကလေးကိုဘဲ ပြန်လည်ဆန်းစစ်ကြည့်ပါရစေတော့ လို့  ပြောရတော့မှာပါ ။
မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မီတီရှိတော့ တကယ်ဘဲ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပပျောက်သွားပြီလား ။ ကျုပ်မထင်ဘူး ။ ကြားနေရတဲ့  သတင်းတွေက နားနဲ့ မဆန့်  ကြားနေရတုံး ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို နှိပ်ကွပ်ဖို့ ဟာကို တိတိကျကျ လုပ်ဖို့  အကြံတွေ ပေးလိမ့်မယ်လို့  ကျုပ်မထင်ပါရစေနဲ့ ။ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုကို တရားသူကြီးအရာကနေပြီး ဆုံးဖြတ်ဖို့  မရတော့ဘဲ ပုလိပ်အလုပ်ကို လုပ်ဖို့  စုံစမ်းရေးကော်မရှင် အလုပ်ကို လက်ခံလိုက်တာ ပွဲက ကြည့်မကောင်းပါဘူးလေ ။
စုံစမ်းရေးကော်မရှင်ဆိုတာ ပုလိပ်အလုပ်တွေဆိုတာ လူတိုင်းသိပါတယ် ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီပုလိပ်အလုပ်ကို ဘာမှ လုပ်စရာ မလိုအပ်ဘူးထင်ပါတယ် ။ ပြီးတော့ ဘာကိုစုံစမ်းကြမှာပါလိမ့် ။ ဒဏ်ရာရသူ လူနာတွေ ဖြစ်တဲ့  ရဟန်းပြည်သူတွေကို အခင်းဖြစ်တာနဲ့  ဆေးရုံတက်ရောက် ကုသနေတာကို စုံစမ်းမှာ တခုထဲလား ။ ဒီလိုအခင်းဖြစ်ပွါးစေပြီး အကြမ်းဖက်ဖြစ်အောင် ပြုလုပ်သူတွေကို ဘယ်သူမှန်းသိစေဖို့  စုံစမ်းရဲပါ့မလား ။ မြန်မာ့စီးပွါးရေးဦးပိုင်ကုမဏီ
ပြီးတော့ ဦးပိုင်ကုမဏီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယက ဥသျှောင်ဖြစ်နေတော့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မီတီဟာ ပွဲစခင်ကတည်းက ဂိုးအပြတ်နဲ့  ရှုံးနေပါပြီ ။ အခုဖြစ်နေတာ ဦးပိုင်နဲ့  ၀မ်ပေါင်ရဲ့  ပြသနာဆိုတာထက် အဓိက ဦးပိုင်ကုမဏီနဲ့  စာရင်းရှင်းရမဲ့  ပြသနာဖြစ်နေတာပါ ။ ဒါပေမဲ့  အကြမ်းဖက်ခံရသူများက တရားတပေါင် မစွဲရဘဲ ဘယ်လိုလုပ်ပြီး စုံစမ်းစစ်ဆေးရေးကော်မီတီက ခံရသူနဲ့  ပြုလုပ်သူဆိုပြီး ဘယ်သူ့ ကို ခေါင်းစဉ်တပ်ပြီး စုံစမ်းလို့  ရပါ့မလဲ ။ ဒါကြောင့် လက်ပံတောင်းတောင် အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးဖို့ အတွက် မည်သူမဆို တရားစွဲဆိုခွင့်ကို ပထမဦးစွာ ပြုလုပ်ခွင့်ပေးရပါမယ် ။ ဒီလို တရားစွဲဆိုပြီးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ က တရားစွဲသူများကို ပုလိပ်စစ်သလို စစ်ဆေးမေးမြန်းခွင့်တွေ ရလာကြမှာပါ ။ ဒီတော့ အမှုမှန် ပေါ်ထွက်လာဖို့  တရားသူကြီးများက အဲဒီအမှုကို စီရင်ချက်ချမှတ်ပြီး တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်အောင် ဆောင်ရွက်သင့်ပါတယ် ။
ဒီတော့ခါ တရားသူကြီးများက တရားစီရင်ဆုံးဖြတ်ချက်ချမှတ်တာက
အောင်သာနီ
No comments:
Post a Comment
mr.kyaingtun@gmail.com