အထူးခြားဆုံး
ဖြစ်စဉ်ကတော့ .. DKBA လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း ဆန္ဒထုတ်ဖေါ်
စီတန်းလှည့်လည်တာကို လုပ်ခဲ့တယ်တဲ့။ ဒါပေမယ့် စစ်တပ်ကို မယုံလို့
လက်နက်တွေတော့ အဆင်သင့်ကိုင်ထားကြတယ်တဲ့။
ဒီဖြစ်ရပ်လေးဟာ .. မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခုလုံးရဲ့ အခြေအနေကို ရှင်းပြနိုင်တဲ့ ကိုယ်စားပြု ဖြစ်ရပ်တစ်ခုပဲ။
အပြောင်းအလဲကို နိုင

်ငံရေး ဖြစ်စဉ် .. လူထု လှုပ်ရှားမှု ဖြစ်စဉ်နဲ့ သွားချင်တယ်။ ဒါပေမယ့် စစ်တပ်ကို မယုံဘူး။
မြန်မာပြည်မှာ ပြည်သူတွေက စစ်တပ်နဲ့ အစိုးရကို ယုံကြည်နိုင်မယ့် တနေ့ဟာ မြန်မာ့ပြည်ရဲ့ ပြဿနာတွေ တဝက်လောက် နီးနီး ပြေလည်သွားမယ့် နေ့ပဲ။
လောလောဆယ်မှာတော့ .. မြန်မာပြည်ရဲ့ ပထမဆုံးသော အဓိက ရန်သူဟာ .. စစ်အာဏာရှင် စနစ်ဖြစ်ပြီး .. စစ်အာဏာရှင် အကြွင်းအကျန်ရှိနေတာဟာ .. တိုင်းပြည် တိုးတက်မှုရဲ့ နံပါတယ် (၁) ရန်သူပဲ။
ဒုတိယ ရန်သူကတော့ .. တနိုင်ငံလုံးရဲ့ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတဲ့ ဦးပိုင်နဲ့ .. အပေါင်းအပါ .. ခရိုနီတွေပဲ ဖြစ်တယ်။ ခရိုနီတွေကတော့ .. တစ်ဦးခြင်း ဖြစ်တာကြောင့် .. ကိစ္စ တစ်ခုခြင်းဆီနဲ့ စီးပွားရေး လုပ်ကိုင်နိုင်စွမ်းတွေမှာ .. တကယ့်အရည်အချင်းရှိတဲ့ စီးပွားရေးသမားတွေနဲ့ ပညာရှင်တွေကြားမှာ မူဝါဒတွေနဲ့ ခရိုနီတွေကို ထိန်းထားနိုင်ကောင်းပေမယ့် ... ဦးပိုင်ကိုတော့ အဲဒီလို ထိန်းလို့ ရမှာ မဟုတ်ဘူး။
ဒီတော့ ... တိုင်းပြည်မှာ ဒီမိုကရေစီ ရတယ်ပဲ ပြောပြော၊ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်တယ်ပဲ ပြောပြော ... ပြည်သူက အားကိုးရတဲ့ အစိုးရ စစ်စစ်ပေါ်ပေါက်လာရင်တောင် ... တိုင်းပြည် မတိုးတက်ရခြင်းနဲ့ ပြည်သူတွေရဲ့ အဓိက ရန်သူအဖြစ် .. ဦးပိုင်ဟာ အကြီးမားဆုံး နေရာမှာ ရှိနေမှာ ဖြစ်တယ်။
နိုင်ငံရေး ဗေဒင် ကြိုဟောရရင် ... ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှု ပြဿနာဟာ အနာဂတ် .. မြန်မာပြည်မှာ အကြီးမားဆုံးသော ပြဿနာ ဖြစ်နေလိမ့်မယ်။
(ကိုထိုက်)

No comments:
Post a Comment
mr.kyaingtun@gmail.com