I believe in one thing only, the power of human will.
(Joseph Stalin)
ငါ ယုံကြည်တာ တစ်ခုပဲ ရှိတယ်။ အဲဒါ လူသားရဲ့ ဆန္ဒအင်အား .. ပဲ။ (ဂျိုးဆက် စတာလင်)

ကမ္ဘာမှာ နာမည်ကျော် အာဏာရှင်တွေကလည်း ..ဆန္ဒရဲ့ အင်အားကို ယုံကြည်ပါတယ်တဲ့။
အထက်က စကားကို ဖတ်လိုက်ရပြီး .. အဲဒီလို လူသားဆန္ဒဆိုတာလိုပဲ ... ပြောလေ့ရှိတဲ့ ... General Will (ပြည်သူ့ ဆန္ဒ) ဆိုတဲ့ စကားလုံးလေး အကြောင်း နည်းနည်း ပေရှည်ကြည့်ချင်စိတ် ဖြစ်လာတယ်။
မြေပိုင်၊ ယာပိုင် ပဒေသရာဇ် (Aristocracy)
တွေ ကြီးစိုးတဲ့ ခေတ်စနစ်နဲ့ .. အာဏာဆိုတာ အဲဒီလို မြေပိုင်ရှင်တွေက လာတယ်ဆိုတဲ့ (Feudalism) ထုံးတမ်းစဉ်လာကို ဖေါက်ထွက်ပြီး .... General Will (ပြည်သူအများစုရဲ့ သဘောဆန္ဒ) ဆိုတဲ့ အာဏာဟာ အောက်ခြေ လူထုထံကနေ ပေါ်ထွက်လာတယ် .. ဆိုတဲ့ သဘောတရားကို စတင် အသုံးပြုခဲ့တဲ့ ပြင်သစ်လူမျိုး နိုင်ငံရေး တွေးခေါ် ပညာရှင် ရူဆိုး (Rousseau)က အင်္ဂလိပ် နိုင်ငံရေး တွေးခေါ် ပညာရှင်တွေ ဖြစ်ပြီး ... သူ့ထက် စောတဲ့ ... ဂျွန်လော့၊ သောမက်(စ) ဟော့(ဘ) တို့နဲ့ အတူတူ .. ဒီနေ့ခေတ် liberalism (လွတ်လပ်သော အယူဝါဒ) ရှိသူများ နဲ့ ကိုယ်စားပြု ပါလီမာန် ဒီမိုကရေစီ ဆိုတဲ့ စနစ်ဆိုတဲ့ အယူဝါဒကို ၁၈ ရာစုမှာ မျိုးဆက် ချပေးခဲ့တယ်။ (မြန်မာပြည်မှာတော့ မင်းကြီးများ ... ဘုရား ... ဆိုပြီး ထူးလို့ ကောင်းတုန်းကာလပေါ့။)
ရူဆိုးရဲ့ General Will ကို မပြည့်စုံဘူး။ သူတွေးခေါ်တဲ့ အတွေးအခေါ်ဟာနိုင်ငံရေး အပြောင်းအလဲ အတွက်ပဲ ဖြစ်စေခဲ့တယ်။ တကယ့်အပြောင်းအလဲ အစစ်ကို မဖြစ်စေဘူးဆိုပြီး ... General will ကို ထပ်ဖြည့်စွက်ခဲ့သူကတော့ ၁၉ ရာစုကို ကိုင်လှုပ်ခဲ့တဲ့ လူမှုစီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှု ဗေဒ ဘာသာရပ်တို့ရဲ့ ဖခင်လို့ နာမည်တပ်ခံရတဲ့ ... အသက် ၂၇ နှစ်သာ ရှိသေးတဲ့ ... ကားလ်မက်(စ) (Karl Marx) ပါ။ အဲဒီအတွေးအခေါ်ကနေ ကွန်မြူနစ်ဆိုတာ သန္ဓေတည် ပေါက်ဖွားခဲ့တာပါပဲ။
ကွန်မြူနစ် စနစ်ဟာ မကောင်းဘူးလို့ ဒီနေ့ မြန်မာပြည်မှာ ပြောကြသူတွေရှိတယ်။ .. ကားလ်မက်(စ) ကိုယ်စား ရင်နာမိတယ်။ ကွန်မြူနစ် စနစ်က မကောင်းတာ မဟုတ်သလို ... ကွန်ုမြူနစ် စနစ်ကို ရေးခဲ့တဲ့ ကားလ်မက်(စ)ကလည်း မကောင်းတာတွေကို တွေးခေါ်ခဲ့တာမဟုတ်ဘူး။ သဘောက ဘာသာရေး ဆိုတာကို ကမ္ဘာမှာ ရှိနေခဲ့ပေမယ့် ဘာသာရေး စစ်ပွဲတွေဖြစ်ရာမှာ ... ယေရှုခရစ်တော်မှာ တာဝန် မရှိဘူး။ တမန်တော် ... မိုဟာမက်မှာ တာဝန်မရှိဘူး။ လူတွေက သာသာရေးကို အသုံးချနေတာ။ အဲဒီလိုပဲ။ ကွန်မြူနစ် စနစ်နဲ့ ကားလ်မက်(စ) မှာ တာဝန်မရှိဘူး။ လူတွေက အသုံးချနေကြတာ။
သူတွေးခေါ်ပြထားတဲ့ အရင်းရှင် စနစ် (CAPITALISM) ဆိုတာ ကမ္ဘာမှာ အခုမှ အဖူးအပွင့်တွေနဲ့ သီးပွင့်လို့ ကောင်းတုန်း၊ အခုမှ အရင်းရှင် လူတန်းစား (Bourgeoisie) တွေနဲ့ အရင်းရှင် စနစ်ကို တည်ထောင်လို့ကောင်းတုန်း၊ အခြေခံ လူတန်းစား (Proletariat) ဆိုတဲ့ .. လူတန်းစား အသိစိတ် (Class Consciousness) ကို မွေးမြူနေရတုန်း။ (သေချာတောင် ပေါ်သေးရဲ့လား မသိဘူး) အဲဒီ အခြေအနေမှာ ... ဘယ်လိုလုပ် ကွန်မြူနစ်ဆိုတာကြီးက ဖြစ်လာဦးမှာလဲ။
၁၉ ရာစု တော်လှန်ရေးသမား အများစုက .. အဲဒီ အတွေးအခေါ်ကို အသုံးပြုပြီး ကွန်မြူနစ် စနစ်ဆိုတာကြီးကို တည်ထောင်ဖို့အတွက် ဖြစ်နေတဲ့ အခြေအနေကို ဘာသာပြန် လောကြီးပြီး အဆင့်တွေ ကျော်လိုက်ကြတာ ... ကမ္ဘာမှာ ကွန်မြူနစ်ဟာ မကောင်းဆိုးဝါး ဝါဒလို့ နာမည် တပ်ခံလိုက်ရတယ်။ မကောင်းတဲ့ လူတွေက .. စနစ်နောက်မှာ ဝင်ပြီး အသုံးချသွားတာလို့ မြင်ရတာပဲ။ (ဒါ ကျွန်တော့် နားလည်မှု ဘာသာ ပြန်ဆိုချက်ပါပဲ။ အခြားသူတွေနဲ့ အမြင်လွဲနိုင်ပါတယ်။)
အခု ကမ္ဘာမှာ ကြီးစိုးလာတဲ့ ဆိုရှယ် ဒီမိုကရက်တစ် စနစ်ဟာ ... ကွန်မြူနစ် စနစ်ကို သွားမယ့်လမ်းက ခရီးတထောက်လိုမျိုး ဖြစ်တယ်ဆိုတာ ... ကားလ်မက်(စ) ပြောခဲ့တာတွေ ရှိသေးတယ်။
ပြီးတော့ ကွန်မြူနစ်ကို သာမန်လူတွေ ဘာသာ ပြန်ကြသလို .. ကျောမွဲ အခြေခံ လူတန်းစားက တော်လှန်ရေး လုပ်တာ မဟုတ်ဘဲ .. တော်လှန်ရေးကို ဘူဇွာ လူတန်းစားက အခြေအနေ ဖန်တီးပေးပြီး ... အခြေခံ လူတန်းက .. ဘူဇွာတွေ တည်ထောင်တဲ့ စနစ်ပေါ်ကနေ ... တော်လှန်ရေးကို ဆင်နွဲတာ ဖြစ်တယ်လို့ ကျွန်တော် နားလည်မိတယ်။
အဲဒီအချက်ကို ... အခု ကမ္ဘာပေါ်က .. နိုင်ငံရေး စနစ်တွေကို ကြည့်ရင် မြင်နေရသလိုလိုပဲ။ ဘူဇွာတွေက ဒီမိုကရေစီ စနစ်ကို တည်ထောင်တယ်။ ဘုရင်တွေ၊ မြေရှင်တွေကို ဖယ်ထုတ်တယ်။ အဲဒီ ဘူဇွာတွေတည်ထောင်တဲ့ စနစ်ကို သာမန်အခြေခံ လူတန်းစားတွေက ကိုယ်စားပြု ဒီမိုကရေစီ စနစ်ပုံစံနဲ့ အသုံးပြုပြီး .. အခြေခံ လူတန်းစား ရပိုင်ခွင့်ကို လှုပ်ရှားနေကြတယ်။
အမေရီကန်မှာ ...ဒီမိုကရက်တစ်ပါတီရဲ့ လူချမ်းသာတွေနဲ့ စီးပွားရေး သမားတွေကို အခွန်တိုးကောက်ဖို့ အဆိုက အနိုင်ရမလား၊ ... ရီပါဘလစ်ကန်တွေရဲ့ ... စီးပွားရေးလုပ်ငန်းတွေကို အခွန်တိုးကောက်ရင် .. စီးပွားရေးကြီး တစ်ခုလုံး ထိခိုက်နိုင်တယ်ဆိုတဲ့ ဘက်က အနိုင်ရမလား။ စိတ်ဝင်စားစရာပါပဲ။
စိတ်ထဲ ထင်သလောက်ပြောရရင် ... ကွန်မြူနစ် စနစ် စစ်စစ်ကို စတင် အကောင်အထည်ဖေါ်နိုင်မယ့် တိုင်းပြည်ဟာ ... စီးပွားရေးနဲ့ အစစ အရာရာ တိုးတတ်နေတဲ့ အမေရိကန်ကပဲ စမယ်ထင်တယ်။ ဘာကြောင့်တုန်းဆိုတော့ သူက အရင်းရှင် စနစ် အထွန်းကားဆုံး ဖြစ်ပြီး နောက်မှာ ... သူ့အတွက် ... သွားစရာလမ်းကို ကြည့်ရင် ... အခြားရွေးစရာမှ မရှိတာ။ (အဲဒီ ထောင့်ကကြည့်ရင် အခြား ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ ဖြစ်နိုင်ချေ နည်းတယ်။)
အိုဘားမားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်၊ ... အိုဘားမားရဲ့ .. အခြေခံ လူတန်းစားကို အခွန်လျော့ကောက်မယ့် အစီစဉ်အတွေဟာ ... အဲဒါတွေရဲ့ သက်သေလို့များ ... ပြနေသလားလို့ .... ။
ဘာရယ် မဟုတ်ပါဘူး။ တွေးမိတာကို ရေးကြည့်တာပါ။
လေးစားစွာဖြင့်
(ကိုထိုက်)
စတာလင် စကားကို ဖတ်မိပြီး .. တွေးမိ တွေးရာ .. စိတ်ထဲ ဝင်လာတာကို ရေးလိုက်တာပါ။ ဆွေးနွေးလိုသူများ ဆွေးနွေးနိုင်ပါတယ်။ အယူဝါဒတွေ ဖြစ်တာကြောင့် လွတ်လွတ်လပ်လပ် သဘောထား ကွဲလို့ ရပါတယ်။ ကျွန်တော် မှားတာကို မြင်ရင်လည်း ထောက်ပြကြပါ။
(ရည်ညွှန်းစားအုပ်တွေကတော့ ... Thomas Hobbs ရဲ့ Leviathan, Jean-Jacques Rousseau ရဲ့ The Social Contract, John Locke ရဲ့ The Second Treaties of Government, နဲ့ Karl Marx and Friedrich Engels ရဲ့ The Communist Manifesto တို့ပဲ ဖြစ်ပါတယ်။)

No comments:
Post a Comment
mr.kyaingtun@gmail.com