Myat Thu and 5 other people shared Thar Phyoo's photo.
တစ်ချိန်က ဗိုလ်ချုပ် တစ်ယောက်ထဲ ဘုရင်ခံ အိမ်တော်ကို ညကြီး မင်းကြီးသွားပြီး မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့် (စ)ရှေ့မှာ မျက်ရည် ကျဘူးတယ်…။ ဒီအချိန်တုန်းက ဗိုလ်
ချုပ် မသေခင် တစ်လအလို၊ ၁၉၄၇-ခု၊ ဇွန်လ ထဲမှာ။
ရောက်တာနဲ့ ဟူးဘတ်ရန့်(စ)က အကြောင်းရင်းမေးတော့ “အထွေအထူး မဟုတ်ပါဘူး။ ကျနော့်မှာ စကားပြောရမယ့်သူ မရှိလို့ပါ” တဲ့။ ဟူးဘတ်ရန့်(စ)က ကြောင်သွားပြီး ပြန်မေးတယ်။ “ခင်ဗျားဟာ တပ်ရဲ့သေနာပတိ၊ ဖဆပလရဲ့ ဥက္ကဌ၊ နိုင်ငံရဲ့ခေါင်းဆောင်၊ ခင်ဗျားလို လူတစ်ယောက်မှာ စကားစမြည်ပြောရမယ့် အဖော် တစ်ယောက်မှ မရှိဘူးဆိုတာ အတော်အံ့သြစရာပဲ” ....ဆိုတော့
ဗိုလ်ချုပ်က “ကျနော် ဘယ်လောက် ဘယ်လို စွန့်လွှတ် စွန့်စားခဲ့တယ် ဆိုတာ ကျနော်အသိဆုံးပါ။ ဒီအချိန်မှာ ဒီလို ကျနော်တစ်ယောက်ထဲ အထီးကျန်နေလိမ့်မယ်လို့ ဘယ်တုံးကမှ မတွေးထင်ခဲ့မိဘူးဗျာ။ ပြောရင်း မျက်ရည်တွေ စကျလာတယ်။”
ပြီးတော့ “ဘယ်နိုင်ငံမှာမဆို အာဇာနည်ဆိုတာ ကြာကြာမခံပါဘူး။ ကြာကြာခံတဲ့သူလဲ အာဇာနည် မဖြစ်ပါဘူး။ ကျနော်ဟာ ကိုယ့်ကိုကိုယ် အာဇာနည် တစ်ယောက်ဖြစ်ဖို့ မွေးလာမှန်း အများကြီး နောက်ကျပြီးမှ သိလိုက်ရပါတယ်။ ကျနော့်အတွက် အချိန်တွေ သိပ်မကျန်တော့ဘူးဗျာ...” တဲ့။ ပြောရင်း မျက်ရည်တွေကျနေတဲ့ကြားက ဒူးပေါ်မှာ ထောက်ထားတဲ့ တတောင်ဆစ်နှစ်ခု အဖျားက လက်ခုပ်ပေါ်မှာ မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုခဲ့တယ်….။
စကားချပ်။ ။ (ကျနော်တို့ ဗိုလ်ချုပ် ငိုခဲ့ရှာတယ်။ ဒီမျက်ရည်တွေရဲ့အကြွေးကို အခု ကျနော်တို့ဆပ်နေရတာဗျ။ နောက်ထပ်လဲ အများကြီးဆပ်ရဦးမှာ…..)
အာဇာနည်ကြီးတွေကို သဂြိုလ်ပြီးတာတောင် သတင်းမေးတွေက မပြတ်ဘူး။ တာဝါလိန်းလမ်းကထွက်၊ နတ်မောက်လမ်းကိုကျော်၊ ကမ္ဘာဧဘုရားလမ်းအတိုင်း၊ ဗဟန်း၃လမ်းထိပ်က ဓာတ်ဆီဆိုင်နားအထိ၊ လူတန်းကြီးက မပြတ်ဘူး။
အမေကြည်က ဗိုလ်ချုပ် ဓာတ်ပုံရယ်၊ ပန်းအိုးတစ်အိုးရယ်၊ ခေါက်ထားတဲ့ ယူနီဖေါင်းတစ်စုံပေါ်မှာ ဗိုလ်ချုပ် ဦးထုပ်တင်ထားတဲ့ စားပွဲလေးဘေးက ကုလားထိုင် တစ်လုံးပေါ်မှာ တစ်နေကုန်တစ်နေခန်း ထိုင်ပြီး၊ အနယ်နယ်အရပ်ရပ်က သတင်းမေးလာကြတဲ့ (အလိုက်ကန်းဆိုးမသိတဲ့ လို့ဖြည့်ပြောချင်လဲ ပြောနိုင်ပါတယ်။) ပြည်သူတွေကို ဧည့်ခံစကား ထိုင်ပြောနေရတာ မိုးလင်းကမိုးချုပ်….။
လာသမျှ ပြည်သူတွေကလည်း ဗိုလ်ချုပ်ကတော် အားမငယ်နဲ့နော်။ ဟော့ဒီမှာ ကျနော့်/ကျမ လိပ်စာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး ဘာဘဲလိုလို အချိန်မရွေး အတတ်နိုင်ဆုံး (အသက်နဲ့ပဲ လဲရလဲရ) ကူမယ်။ ပြောလဲပြော၊ စာအိတ်ထဲမှာလဲ ပိုက်ဆံတွေ ရွှေတိုရွှေစတွေထဲ့၊ ဘေးစားပွဲပေါ်က ဗိုလ်ချုပ်ဦးထုပ်အောက်မှာ ထားခဲ့ပြီး ပြန်ပြန်သွားကြတာ….။
တအောင့်နေရင် (ဒီတုံးက လုံခြုံရေးကအစ တာဝန်ယူထားတဲ့) အရာရှိတစ်ယောက်က စာအိတ်တွေလာသိမ်းရပြီ။ (ဦးထုပ်က မောက်မောက် လာသကို…)
နောက်ဆုံးတော့ အဲဒီ အရာရှိကပဲ “ကြာလာရင် မမကြည် ကျန်းမာရေး စိုးရိမ်စရာဖြစ်လာမယ်၊ တစ်ခုခုလုပ်ကြပါဦး” ဆိုပြီး ဒီတုံးက သေနာပတိဖြစ်လာတဲ့ ဗိုလ်နေဝင်းကိုပြောတယ်။ လူကြီးတွေ (ဘကြီးဘဘေတို့၊ သခင်နုတို့၊ အဘမှိုင်းတို့နဲ့ပါ) တိုင်ပင်ပြီး တာဝါလိန်းလမ်းက ဗိုလ်ချုပ်အမေ ဒေါ်စု ဝယ်ပေးသွားတဲ့အိမ်ကို တစ်ချိန် လွတ်လပ်ရေး ရလာရင် ပြတိုက်လုပ်ဖို့ နိုင်ငံတော်က ယူမယ်။ အမေကြည်နေချင်တဲ့ နေရာမှာ အိမ်တစ်လုံးအစားပေးရမယ်...ဖြစ်လာရော။ ဒါနဲ့ အမေကြည်က သူ့ လင်ညီအမ (ဦးဘဝင်း ကတော် ဒေါ်ခင်စော)နဲ့ နီးနီးနားနား တက္ကသိုလ်ရိပ်သာလမ်းမှာနေမယ်လို့
စိတ်ကူးတော့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းကို ပြောင်းပေးဖို့ စီစဉ်ကြတယ်။
လူထုကိုတော့ အမေကြည် ကျန်းမာရေးအရ အနားယူနေတယ်ဆိုပြီး လမ်းစဖြတ်လိုက်တယ်။
အိမ်မပြောင်းကြခင် “ကြည်ရေ...ပဲပြုပ်နဲ့ နံပြားရရင် စားချင်တယ်” ဆိုတဲ့ မှတ်စုလေး အပါအဝင် ဗိုလ်ချုပ်ရဲ့ မှတ်တမ်းမှတ်ရာတွေ အားလုံးကို တစ်ချိန်မှာ (ဒီတုန်းက လွတ်လပ်ရေးမရသေးဘူးလေ) ပြတိုက်ဖွင့်ဖို့ အဲ့ဒီ အရာရှိကလဲ စာရင်းလုပ်ပြီး အမေကြည်ဆီကနေ လက်ခံယူတယ်။ ပြီးတော့ အထက-၁ ဒဂုံရှေ့မှာ (အခု ယုဇနဂါးဒင်းဟိုတယ် ဖြစ်နေတဲ့) တပ်မတော်ပိုင် ဆိုရွန်တိုဗီလာရဲ့ ဒုတိယအထပ်မှာ သေတ္တာလိုက်ထည့်ပြီး သိမ်းထားခဲ့တယ်။
ဒီထဲမှာ ဗိုလ်ချုပ်ရဲ့ ဒိုင်ယာရီတွေလဲပါတယ်။ ဖြည့်ပြောရရင် ဗိုလ်ချုပ်က ဒိုင်ယာရီကို အင်္ဂလိပ်လို ရေးလေ့ရှိတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်က... ဗိုလ်ချုပ် ဘုရင်ခံအိမ်ကိုသွားပြီး ဆာဟူးဘတ်ရန့်(စ)ရှေ့မှာ မျက်ရည်ကျခဲ့တဲ့ည ၁၉၄၇၊ ဇွန်လ ၁၉ရက် က ရေးခဲ့တဲ့ ဒိုင်ယာရီစာရွက် ပြဲနေတယ်၊ ပါမလာဘူး။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၄၅-ခု၊ ဇွန်လ (၁၉)ရက်နေ့မှာ မွေးတာ၊ သူ (၂)နှစ်ပြည့်တဲ့နေ့- ဗိုလ်ချုပ် မျက်ရည်ကျတဲ့ည၊ တစ်လအကြာမှာ ဗိုလ်ချုပ်လုပ်ကြံခံရတယ်။ အဲဒီ ဒိုင်ယာရီ စာမျက်နှာမှာ ဗိုလ်ချုပ်ဘာတွေရေးခဲ့လို့၊ ဘယ်သူကဖြဲခဲ့တာလဲ ?
စကားချပ်။ ။(ထင်ချင်ရာတွေထင် ပြောချင်ရာတွေပြော၊ ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ... ဆိုတဲ့အဖြေ အဲဒီစာရွက်မှာ ပါကို ပါရမယ်။)
*(နိုင်ငံတော်ဈာပန အခမ်းအနား ဓာတ်ပုံအား ကမ္ဘာသစ်မြန်မာ Fan Page မှ ကူးယူပါသည်။) အခြေခံအချက်များအား ပေးသော ပြည်ပရောက် အစ်ကိုအား ကျေးဇူးတင်သည်။
မြတ်သုတ
ရောက်တာနဲ့ ဟူးဘတ်ရန့်(စ)က အကြောင်းရင်းမေးတော့ “အထွေအထူး မဟုတ်ပါဘူး။ ကျနော့်မှာ စကားပြောရမယ့်သူ မရှိလို့ပါ” တဲ့။ ဟူးဘတ်ရန့်(စ)က ကြောင်သွားပြီး ပြန်မေးတယ်။ “ခင်ဗျားဟာ တပ်ရဲ့သေနာပတိ၊ ဖဆပလရဲ့ ဥက္ကဌ၊ နိုင်ငံရဲ့ခေါင်းဆောင်၊ ခင်ဗျားလို လူတစ်ယောက်မှာ စကားစမြည်ပြောရမယ့် အဖော် တစ်ယောက်မှ မရှိဘူးဆိုတာ အတော်အံ့သြစရာပဲ” ....ဆိုတော့
ဗိုလ်ချုပ်က “ကျနော် ဘယ်လောက် ဘယ်လို စွန့်လွှတ် စွန့်စားခဲ့တယ် ဆိုတာ ကျနော်အသိဆုံးပါ။ ဒီအချိန်မှာ ဒီလို ကျနော်တစ်ယောက်ထဲ အထီးကျန်နေလိမ့်မယ်လို့ ဘယ်တုံးကမှ မတွေးထင်ခဲ့မိဘူးဗျာ။ ပြောရင်း မျက်ရည်တွေ စကျလာတယ်။”
ပြီးတော့ “ဘယ်နိုင်ငံမှာမဆို အာဇာနည်ဆိုတာ ကြာကြာမခံပါဘူး။ ကြာကြာခံတဲ့သူလဲ အာဇာနည် မဖြစ်ပါဘူး။ ကျနော်ဟာ ကိုယ့်ကိုကိုယ် အာဇာနည် တစ်ယောက်ဖြစ်ဖို့ မွေးလာမှန်း အများကြီး နောက်ကျပြီးမှ သိလိုက်ရပါတယ်။ ကျနော့်အတွက် အချိန်တွေ သိပ်မကျန်တော့ဘူးဗျာ...” တဲ့။ ပြောရင်း မျက်ရည်တွေကျနေတဲ့ကြားက ဒူးပေါ်မှာ ထောက်ထားတဲ့ တတောင်ဆစ်နှစ်ခု အဖျားက လက်ခုပ်ပေါ်မှာ မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုခဲ့တယ်….။
စကားချပ်။ ။ (ကျနော်တို့ ဗိုလ်ချုပ် ငိုခဲ့ရှာတယ်။ ဒီမျက်ရည်တွေရဲ့အကြွေးကို အခု ကျနော်တို့ဆပ်နေရတာဗျ။ နောက်ထပ်လဲ အများကြီးဆပ်ရဦးမှာ…..)
အာဇာနည်ကြီးတွေကို သဂြိုလ်ပြီးတာတောင် သတင်းမေးတွေက မပြတ်ဘူး။ တာဝါလိန်းလမ်းကထွက်၊ နတ်မောက်လမ်းကိုကျော်၊ ကမ္ဘာဧဘုရားလမ်းအတိုင်း၊ ဗဟန်း၃လမ်းထိပ်က ဓာတ်ဆီဆိုင်နားအထိ၊ လူတန်းကြီးက မပြတ်ဘူး။
အမေကြည်က ဗိုလ်ချုပ် ဓာတ်ပုံရယ်၊ ပန်းအိုးတစ်အိုးရယ်၊ ခေါက်ထားတဲ့ ယူနီဖေါင်းတစ်စုံပေါ်မှာ ဗိုလ်ချုပ် ဦးထုပ်တင်ထားတဲ့ စားပွဲလေးဘေးက ကုလားထိုင် တစ်လုံးပေါ်မှာ တစ်နေကုန်တစ်နေခန်း ထိုင်ပြီး၊ အနယ်နယ်အရပ်ရပ်က သတင်းမေးလာကြတဲ့ (အလိုက်ကန်းဆိုးမသိတဲ့ လို့ဖြည့်ပြောချင်လဲ ပြောနိုင်ပါတယ်။) ပြည်သူတွေကို ဧည့်ခံစကား ထိုင်ပြောနေရတာ မိုးလင်းကမိုးချုပ်….။
လာသမျှ ပြည်သူတွေကလည်း ဗိုလ်ချုပ်ကတော် အားမငယ်နဲ့နော်။ ဟော့ဒီမှာ ကျနော့်/ကျမ လိပ်စာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး ဘာဘဲလိုလို အချိန်မရွေး အတတ်နိုင်ဆုံး (အသက်နဲ့ပဲ လဲရလဲရ) ကူမယ်။ ပြောလဲပြော၊ စာအိတ်ထဲမှာလဲ ပိုက်ဆံတွေ ရွှေတိုရွှေစတွေထဲ့၊ ဘေးစားပွဲပေါ်က ဗိုလ်ချုပ်ဦးထုပ်အောက်မှာ ထားခဲ့ပြီး ပြန်ပြန်သွားကြတာ….။
တအောင့်နေရင် (ဒီတုံးက လုံခြုံရေးကအစ တာဝန်ယူထားတဲ့) အရာရှိတစ်ယောက်က စာအိတ်တွေလာသိမ်းရပြီ။ (ဦးထုပ်က မောက်မောက် လာသကို…)
နောက်ဆုံးတော့ အဲဒီ အရာရှိကပဲ “ကြာလာရင် မမကြည် ကျန်းမာရေး စိုးရိမ်စရာဖြစ်လာမယ်၊ တစ်ခုခုလုပ်ကြပါဦး” ဆိုပြီး ဒီတုံးက သေနာပတိဖြစ်လာတဲ့ ဗိုလ်နေဝင်းကိုပြောတယ်။ လူကြီးတွေ (ဘကြီးဘဘေတို့၊ သခင်နုတို့၊ အဘမှိုင်းတို့နဲ့ပါ) တိုင်ပင်ပြီး တာဝါလိန်းလမ်းက ဗိုလ်ချုပ်အမေ ဒေါ်စု ဝယ်ပေးသွားတဲ့အိမ်ကို တစ်ချိန် လွတ်လပ်ရေး ရလာရင် ပြတိုက်လုပ်ဖို့ နိုင်ငံတော်က ယူမယ်။ အမေကြည်နေချင်တဲ့ နေရာမှာ အိမ်တစ်လုံးအစားပေးရမယ်...ဖြစ်လ
အိမ်မပြောင်းကြခင် “ကြည်ရေ...ပဲပြုပ်နဲ့ နံပြားရရင် စားချင်တယ်” ဆိုတဲ့ မှတ်စုလေး အပါအဝင် ဗိုလ်ချုပ်ရဲ့ မှတ်တမ်းမှတ်ရာတွေ အားလုံးကို တစ်ချိန်မှာ (ဒီတုန်းက လွတ်လပ်ရေးမရသေးဘူးလေ) ပြတိုက်ဖွင့်ဖို့ အဲ့ဒီ အရာရှိကလဲ စာရင်းလုပ်ပြီး အမေကြည်ဆီကနေ လက်ခံယူတယ်။ ပြီးတော့ အထက-၁ ဒဂုံရှေ့မှာ (အခု ယုဇနဂါးဒင်းဟိုတယ် ဖြစ်နေတဲ့) တပ်မတော်ပိုင် ဆိုရွန်တိုဗီလာရဲ့ ဒုတိယအထပ်မှာ သေတ္တာလိုက်ထည့်ပြီး သိမ်းထားခဲ့တယ်။
ဒီထဲမှာ ဗိုလ်ချုပ်ရဲ့ ဒိုင်ယာရီတွေလဲပါတယ်။ ဖြည့်ပြောရရင် ဗိုလ်ချုပ်က ဒိုင်ယာရီကို အင်္ဂလိပ်လို ရေးလေ့ရှိတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်က... ဗိုလ်ချုပ် ဘုရင်ခံအိမ်ကိုသွားပြီး ဆာဟူးဘတ်ရန့်(စ)ရှေ့မှာ မျက်ရည်ကျခဲ့တဲ့ည ၁၉၄၇၊ ဇွန်လ ၁၉ရက် က ရေးခဲ့တဲ့ ဒိုင်ယာရီစာရွက် ပြဲနေတယ်၊ ပါမလာဘူး။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၄၅-ခု၊ ဇွန်လ (၁၉)ရက်နေ့မှာ မွေးတာ၊ သူ (၂)နှစ်ပြည့်တဲ့နေ့- ဗိုလ်ချုပ် မျက်ရည်ကျတဲ့ည၊ တစ်လအကြာမှာ ဗိုလ်ချုပ်လုပ်ကြံခံရတယ်။ အဲဒီ ဒိုင်ယာရီ စာမျက်နှာမှာ ဗိုလ်ချုပ်ဘာတွေရေးခဲ့လို့၊ ဘယ်သူကဖြဲခဲ့တာလဲ ?
စကားချပ်။ ။(ထင်ချင်ရာတွေထင် ပြောချင်ရာတွေပြော၊ ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ... ဆိုတဲ့အဖြေ အဲဒီစာရွက်မှာ ပါကို ပါရမယ်။)
*(နိုင်ငံတော်ဈာပန အခမ်းအနား ဓာတ်ပုံအား ကမ္ဘာသစ်မြန်မာ Fan Page မှ ကူးယူပါသည်။) အခြေခံအချက်များအား ပေးသော ပြည်ပရောက် အစ်ကိုအား ကျေးဇူးတင်သည်။
မြတ်သုတ
No comments:
Post a Comment
mr.kyaingtun@gmail.com