တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Monday, December 31, 2012
ကျားရဲ ( ဦးဝင်းတင်..ဟံသာဝတီ )
ကျားရဲ ( ဦးဝင်းတင်..ဟံသာဝတီ )
နေပြင်းလျှင်
နှင်းမှုန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်ကျဉ်း
အလင်းမဝင် .. လေမဝင်
နေမမြင် .. လမမြင်
လူမမြင် .. သူမမြင်မှာ
ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေးရော .. သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ
အဟောသိက .. သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
သံတခါးဝ .. ရပ်လိုက်
တမတ်တပ်တပ် .. တနေကုန်။
မနေ့ ကလည်း .. တနေကုန်
ဒီနေ့ လည်း .. တနေကုန်
မနက်ဖြန်လည်း .. ကုန်အုံးမယ်
ကုန် .. ကုန် .. ကုန် ..
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား .. တသက်ကုန်မလား
တလကုန်မလား .. တဘဝကုန် မလား
တနှစ်ကုန်မလား .. တခေတ်ကုန်မလား
အားမလျှော့ဘူး .. မပျော့ဘူး
ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်
အမှန်တရား .. တို့ဖက်မှာရှိတယ်
ပြည်သူအများ .. တို့ဖက်မှာရှိတယ်
ကာလယန္တား .. တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
သိကြရဲ့လား။
တိရစ္ဆာန်ရုံ က ကျားလို .. လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့ 
ကျားညွန့် တုံးမယ် ထင်နေသလား ..
မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင် စရာ။
မှတ်ထားဟေ့ ..
အဝါပေါ်မှာ .. အနက်စင်း ..
မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
အရှင်းသား မလွဲသ၍
အထင်းသားစွဲ သ၍
ကျားရဲဟာ ကျားရဲ
ငါလည်း ..
အဲဒီလိုပဲကွ .. ဟေ။
ဦးဝင်းတင် (ဟံသာဝတီ)
(ထောင်တွင်းမှကဗျာ)
နေပြင်းလျှင်
နှင်းမှုန်လည်း
စွေ့စွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း
အခန်းကျဉ်ကျဉ်း
အလင်းမဝင် .. လေမဝင်
နေမမြင် .. လမမြင်
လူမမြင် .. သူမမြင်မှာ
ထိုင်လျှင်ထိုင် .. မထိုင်လျှင်ငေး
အိပ်လျှင်အိပ် .. မအိပ်လျှင်တွေး
သတင်းမေးဖို့ဝေးရော .. သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော .. ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော .. စကားလေးမှ မပြောရ
အဟောသိက .. သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး .. ပတ်လျှောက်လိုက်
သံတခါးဝ .. ရပ်လိုက်
တမတ်တပ်တပ် .. တနေကုန်။
မနေ့ ကလည်း .. တနေကုန်
ဒီနေ့ လည်း .. တနေကုန်
မနက်ဖြန်လည်း .. ကုန်အုံးမယ်
ကုန် .. ကုန် .. ကုန် ..
ကုန်ချင်သလောက်ကုန်စမ်း..
တရက်ကုန်မလား .. တသက်ကုန်မလား
တလကုန်မလား .. တဘဝကုန် မလား
တနှစ်ကုန်မလား .. တခေတ်ကုန်မလား
အားမလျှော့ဘူး .. မပျော့ဘူး
ပေဖြစ်တော့ခံမယ် .. တုဖြစ်တော့ နှံမယ်
အမှန်တရား .. တို့ဖက်မှာရှိတယ်
ပြည်သူအများ .. တို့ဖက်မှာရှိတယ်
ကာလယန္တား .. တို့ဖက်မှာရှိတယ်
ရှင်တော်ဘုရား .. တို့ဖက်မှာရှိတယ်
သိကြရဲ့လား။
တိရစ္ဆာန်ရုံ က ကျားလို .. လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့ 
ကျားညွန့် တုံးမယ် ထင်နေသလား ..
မှားလိုက်တဲ့အမြင် .. ဟားတိုက်လို့ ရီချင် စရာ။
မှတ်ထားဟေ့ ..
အဝါပေါ်မှာ .. အနက်စင်း ..
မပျက်မယွင်း .. ကွက်ကွက်ကွင်း ..
အရှင်းသား မလွဲသ၍
အထင်းသားစွဲ သ၍
ကျားရဲဟာ ကျားရဲ
ငါလည်း ..
အဲဒီလိုပဲကွ .. ဟေ။
ဦးဝင်းတင် (ဟံသာဝတီ)
(ထောင်တွင်းမှကဗျာ)
အငိုဒုက္ခ တိုင်းပြည်
Myint Sein and Lu Bo shared Thit Sar's photo.
အငိုဒုက္ခ တိုင်းပြည်==========
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွ
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
FROM-ကောင်းကင်ကို
(http://
Sunday, December 30, 2012
အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော … နာဇီဖက်ဆစ်စနစ် ထူထောင်ခြင်းလော..။ by U U Mhaw Sayar on Tuesday, December 25, 2012 at 8:57pm ·
အသက် ၆၅ နှစ်အရွယ် အပေါ်အဖြူ၊အောက်အဖြူ ၀တ်ဆင်ထားသည့် ကျနော့်ဘကြီး
ဦးရွှေလှအောင်သည် လက်တစ်ဖက်က စိတ်ပုတီးကိုကိုင်၍ ကျန်တဖက်က
တောင်ဝှေးကိုကိုင်ပြီး တရွေ့ရွေ့လာနေသည်ကို မြင်နေရသည်။
ကျနော်၏အိမ်ခြံဝင်းထဲသို့ ၀င်မည်အလုပ် `ငကျား´ဟုခေါ်သော ခွေးထီးက `မဲမ´
ဟုခေါ်သော ခွေးမကို ဂဲ ဂဲ ဟူသောအသံဖြင့် ရန်မူမည်လုပ်နေသည်။ မဲမ မှာ
ကိန်ကိန် ဟူသောအသံနှင့်အတူ မြေကြီးပေါ် သို့လှဲချလိုက်ပြီး
အော်သံမဆုံးတော့ပေ။ မဲမသည် မာယာများကြောင်း၊ အော်သံသည်
ဆယ်မိနစ်ခန့်ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးချင်းများကပါ
သိနှင့်ပြီးသားမို့ မဲမ အော်သည်ကို မည်သူမျှဂရုမထားတော့ချေ။ မာန်ဖီနေသော
ငကျားနှင့် ပက်လက်လန်နေသော မဲမ တို့ကို ဘကြီးမြင်လိုက်ရာ သနားကြင်နာတတ်သော၊
ဂရုဏာကြီးမားသော၊ တရားမျှတသည့်စိတ်ရှိသော ကျနော်၏ဘကြီးမှာ
ငကျား၏ကျောပြင်ကို တောင်ဝှေးဖြင့် ဆော်လိုက်ပါတော့သည်။ ငကျားမှာ
မထင်မှတ်သောရိုက်ချက်ကြောင့် လှဲကျသွားရာမှ အားကုန်သုံးပြီး ထပြေးသည်။
ငကျားသည် ကိန် ကိန် ဟူသောအသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟုထင်သည်။
ဘာမှအော်မြည်ခြင်းမရှိ။ ကျနော်၏ဘကြီးသည် ပါလာသောကိတ်မုန့်တစ်လုံးကို
မဲမရှေ့သို့ချကျွေးလိုက်သည်။ မဲမ မှာ ကိတ်မုန့်ကိုစားနေသည့်ကြားကပင် ကိန်
ဟူသောအသံကိုဆွဲပြီး အော်ပြထားသေးသည်။ ဘကြီးက ကျနော့်ကိုလှမ်းပြီး မင်းတို့
ဒီငကျားကို လွင့်ပစ်လိုက်ပါလား၊ ဒီအိမ်မှာမထားနဲ့ စသဖြင့် ဂရုဏာဒေါသဖြင့်
အော်သည်။
The Killing in Kachin State Must Stop::"Like" if you agree and will "Share" with the world
Myint Sein shared Partners Relief and Development's photo.
::The Killing in Kachin State Must Stop::"Like" if you agree and will "Share" with the world[photo from FBR: Home burning after helicopter attack on 28 December 2012]
As the year comes to a close, Burma’s Tatamadaw, or armed forces, is moving in for the kill. Its Christmas offensive in Kachin State is reaching a fever pitch, as jet fighters and helicopter gunships blast away at Lajayang, a strategically important outpost just 11 km from the Kachin Independence Army (KIA) stronghold of Laiza.
http://www.irrawaddy.org/
နှလုံးကျန်းမာရေး (သတိပြုဖွယ်)
Kobo Gyi and Maung Lwin shared Zaw Mintun Zawmintun's photo.
နှလုံးကျန်းမာရေး (သတိပြုဖွယ်)ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့  ပက်သက်တဲ့ ဆောင်းပါး လေးပါ။မြ၀တီ
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုး တွေဟာ ထမင်းစား နေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အထကို ကျွန်တော်တို့ တွေပြောင်းလဲ ကျင့်သုံး သင့်ပါတယ်။
မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများ Shared by အာယု
Maung Lwin shared Zaw Mintun Zawmintun's photo.
မျက်စိကျန်းမာရေး နှင့် စားသင့်သော အစားအစာများShared by အာယု
...ယခုတလော စာရေးသူမှာ မျက်စိနဲ့ ပက်သက်ပြီး မကြာခဏ အောင့်လာလိုက်၊ ခေါင်းတွေ နားထင်တွေ ထိုးကိုက်လာ လိုက်နဲ့ စာရေးတာရော စာဖတ်တာမှာပါ အနှောက်အယှက် ဖြစ်နေရတယ်၊
နောက်ပြီး ကွန်ပြူတာ သုံးနေစဉ်မှာရော မသုံးပဲ ပစ်ထားချိန်မှာပါ မျက်ရည်ပူတွေ တောက်လျောက် စီးကျကျနေတာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ေ လာက်အောင် တခါတခါ စိတ်ညစ်မိတယ်၊ ဒါကြောင့် ဘလော့ဂါ ဓမ္မမောင်နှမများ ဆီကို လှည့်လည်ဖို့ ပျက်ကွက်တာတွေ များနေတယ်၊ သည်းခံပေးကြပါ လို့ တောင်းဆိုချင်ပါတယ်၊ တခါတလေတော့လည်း ပုံမှန် စာဖတ်ဖြစ်ပေမယ့် ခြေရာ မချန်ထား ဖြစ်လေတော့ …. သည်းခံပေးကြပါ ဟူ၍သာ …
အခုလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါပဲ၊ မျက်စိရှိရင် မျက်စိဒုက္ခ ခံရမှာပေါ့လေ လို့ နှလုံးသွင်းပြီး စိတ်ညစ်တာကို ဖြေသိမ့်နေ ရတယ်၊ ဒါကြောင့် လူတိုင်းမှာ ကျမ္မာရေးနဲ့ ပက်သက်လို့ တစ်ခုမဟုတ် တစ်ခုတော့ တွေ့ကြုံကြရမှာပါပဲ၊ အသက်အရွယ် ကြီးလာလေ ကျမ္မာရေးကို ပိုပြီး ဂရုစိုက်ရလေနဲ့ အော် အနတ္တ လို့တောင် ညည်းမိပါရဲ့၊ ကျမ္မာရေးအကြောင်း ပြောရင်းနဲ့ ကိုယ်တွေ့ ကြုံခဲ့တာလေး ဖောက်သည်ချပါရစေ၊ ဒီနေ့မှာ စာရေးသူတို့ မွန်ဘိုင်း စောမြကောလိပ်အတွင်းရှိ ဋ္ဌာနပေါင်းစုံမှာ တက်ရောက်နေတဲ့ Local ကျောင်းသားတွေရော ၊ foreign ကျောင်းသားတွေရော ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရစေဖို့ ကိုယ်ပိုင် ID ကဒ် လုပ်ထားရမယ် တဲ့။ ဆိုတော့ ပတ်စပို့စ် ဓာတ်ပုံကို မဖြစ်မနေ ရိုက်ကြရ တယ်၊ နောင်တော် ကြီး သီတဂူစတား အပါအ၀င် ဋ္ဌာနတစ်ခုလုံးပေါ့လေ၊ ဓာတ်ပုံရိုက် ရင်းနဲ့ သွေးအမျိုးအစား ကို မေးတဲ့အချိန်မှာ A, B , AB, 0, စသည်ဖြင့် မေးပြီး positive or negative? ဆိုတော့ အားလုံး ပါးစပ်အဟောင်းသား၊ ဒါဆို Plus or Minus ? ပြောင်းမေးတော့လဲ အတူတူပဲ၊ ဘယ်သူမှ ကောင်း ကောင်း မသိကြဘူး၊ အမှန်က ကောင်းကောင်း ဆေးမစစ်ဖူးကြလေတော့ A ပိုး၊ B ပိုး C ပိုးစတာတွေကို ရည်ရွယ်ပြီး မေးနေတာကို နောက်မှ သိကြရတယ်၊ ကိုယ့်နိုင်ငံမှာတော့ ကျမ္မာရေး ၀န်ကြီးဋ္ဌာန ကလဲ ယောင်လို့တောင် စစ်မပေးဘူး၊ ကိုယ်ကိုယ်တိုင်လဲ ဘယ်သူမှမ စစ်ဖြစ်ကြဘူး၊ နိုင်ငံခြားကို အလုပ်လုပ်ဖို့၊ ပညာသင်ဖို့ ထွက်ကြတဲ့ လူတွေ အများစုကတော့ သွားမည့်နိုင်ငံအလိုက် ရောဂါ ၂ မျိုးမှ ၅ မျိုး ၆ မျိုးအထိ စစ်ဆေးခံရတာ၊ ဆေးမှတ်တမ်း ယူရတာ သိရတယ်၊ ရဟန်းတော်များမှာတော့ သွေးလှူဖူးသူ လောက်သာ ကိုယ့်သွေးအမျိုးအစားကို သိကြ ရတယ်၊ အပေါင်း အနှုတ်ဆိုရင်တော့ ဝေးရော၊ ရဟန်းတော်များမှာ နိုင်ငံခြား ထွက်ရင် လဲ သွေးစစ်မှတ် တမ်း မလိုအပ်လေ တော့ အေးအေးဆေးဆေးပဲ နေမိကြတယ်။
ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုး
သမိုင်း
ကို ပြန်ဖတ်ရင် ကိုလိုနီအောက်မှာ ဒူးထောက်ပြီး အမှုထမ်းခဲ့တဲ့ မင်းလက်ဝါး
လို လူမျိုးတွေနဲ့၊ လုံးဝ ဒူးမထောက်ဘဲ သေတဲ့ထိ နေသွားတဲ့သူတွေ၊
အကြိမ်ကြိမ်အလီလီ တော်လှန် မအောင်မြင်တော့ ကျွန်ဘ၀မှာတော့ မနေဘူး ဆိုပြီး
တရုတ်ပြည်မှာ ခိုလှုံလို့ လွတ်လပ်ရေးရမှ ပြန်လာတဲ့ ၀န်းသိုစော်ဘွားကြီး
ဦးအောင်မြတ် လို လူမျိုး . .
အမျိုးမျိုး အလီလီ၊
ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုးကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ
စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရွှေအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးနာမည်ဖြစ်မယ် ထင်ပါရဲ့။
ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှုထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ ကနောင်မင်းသားကြီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးစေလွှတ်ရာမှ ပါဝင်ခဲ့ပါတယ်။
ဦးရွှေအိုးတို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ သိပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ
အောင်လံကိုင်သူ အစစ်အမှန်ဟာ ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။ တင်မိုး
ပြည်သူ့အောင်လံ ထူပါလိမ့်
အောင်လံကိုင်ဘယ်သူလဲ
....... (တင်မိုး )ရန်သူရဲ့ သေနတ်ပြောင်းဝက
တစက်စက်ကျတဲ့ သွေး
ငါတို့တတွေရဲ့ သွေး
ဘယ်တော့မှ မတိတ်တဲ့ သွေး
... အရေးတော်ပုံ သွေး။
သွေးနဲ့ရေးတဲ့ သမိုင်းစာမျက်နှာ
အရှည်ကြီး၊ အထူကြီး၊ အများကြီးပါ
မော်ကွန်းထိုးလို့ မဆုံးနိုင်ပါ။
အာဇာနည်များရဲ့ မော်ကွန်းကျောက်စာတိုင်
ရန်သူများ
သစ္စာဖောက်များ
ကိုယ်ကျိုးရှာသမားများ
သတင်းပေးများက
မတရားဖြိုလှဲလို့မပြိုကွဲနိုင်ပ
နှလုံးသားထဲက ကျောက်တိုင်
ကမ္ဘာတည်အောင် ခိုင်လိမ့်မယ်
အောင်လံကိုင်သူ အစစ်အမှန်ဟာ
ပြည်သူတွေဖြစ်ရမှာ မုချပါ။ ။
တင်မိုး
Saturday, December 29, 2012
‘ကျန်းမာတော်မူပါစ' - ဂျူး
Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)'s photo.
ဒီဇင်ဘာလထုတ် ကျန်းမာရေး မဂ္ဂဇင်းမှ
‘ကျန်းမာတော်မူပါစ' - ဂျူး
အခုတလော ကျွန်မ နံနက်တိုင်းလိုလို လမ်းလျှောက်ရင်း သွားနေကျ ဈေးလေးတစ်ခုမှာ ဆည်မြောင်း ၀န်း နှင့်ကပ်လျက် ရပ်ကွက်ဈေးငယ်လေးဖြစ်သည်။ ကျွန်မတို့အနီးက အေ၀မ်းဈေးသည် အိမ်ရှေ့ တံခါးအ ထွက်မှ ဈေးတန်းအစအရောက်ထိ ခြေလှမ်းတစ်ထောင်သာ လှမ်းရ၏၊ အသွားအပြန်ဆိုတော့ ခြေလှမ်း နှစ် ထောင် ပေါ့။ နည်းသေးသည်။ ဆည်မြောင်းဝန်းနားက ဈေးကတော့ ဈေးအစရောက်သည်အထိဆိုလျှင် ခြေ လှမ်း ၂၇၀၀ လှမ်းရသည်။ အသွားအပြန်ဆိုလျှင် ၅၄၀၀ ပေါ့။ ဒါက သိပ်မဆိုးလှဘူးဟု ထင်သည်။ စွယ်တော် ဘုရားဝန်းအပြင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်မီးပွိုင့်ဘေးကနေ ပြည်လမ်းသို့ ပြန်လာလျှင် အိမ်အရောက် ခြေလှမ်း ၆၅၀၀ ဖြစ်သည်။ ထိုလမ်းကိုတော့ လမ်းလျှောက်တစ်လှည့် ပျက်တစ်လှည့်၊ မိုးတွင်း တွေမှာဆို ချော်လဲမှာစိုးသဖြင့် မသွားဖြစ်တော့ပေ။ အခုအခါ အလေ့အကျင့် ပျက်နေပြီ။ ထို့ကြောင့် ဆည် မြောင်းဈေး သွားလျှင် ခြေလှမ်း ၅၀၀၀ ကျော် ရသဖြင့် ထိုဈေးသို့သွားဖြစ်တာများပါသည် ။
မကြာသေးမီက ထိုရပ်ကွက်ဈေး၊ ၀င်ပေါက်လေးနှင့် မျက်နှာချင်းဆိုင်မှာ ဆေးခန်းလေးတစ်ခု သေသေ သပ်သပ် တည်ဆောက်လိုက်သည်။ ဆည်မြောင်းဦးစီးဌာနသည် မူလငှားထားသည့် ဆေးခန်းနေရာကို ပြန်ယူ ပြီး အစအဆုံး ပြန်ပြင်လိုက်တာဖြစ်သည်။ မူလဆေးခန်းတုန်းကတော့ ဆေးခန်းလည်းဖြစ်၊ ကပ်လျက်မှာ ကုန်စုံ ဆိုင်၊ မုန့်ဆိုင်လေးလည်း ဖွင့်သည်ဟု မှတ်မိသည်။ လက်ဖက်ရည်ဆိုင်လေးလည်း ရှိသည်ထင်ပါရဲ့။အခု အခါ အရာရာသည် ပြောင်းလဲသွားပြီ။ ဆေးခန်းသည် ဆည်မြောင်းဝန်ထမ်းများအတွက် အခမဲ့ကုသပေးသော ဆေး ခန်း ဖြစ်သွားသည်။ ခြံဝန်းလေးနှင့် အဆောက်အဦလေးကလည်း တစ်ထပ်တိုက်လေး။ ဆည်မြောင်း၏ အ ရောင် ရေညှိရောင်နုနု၊ ဒေါနပန်းရောင်။ တည်ဆောက်ထားပုံလေးက သေသပ်လှပသည်မို့ ကျွန်မ ဈေးသွား လျှင် ထိုဆေးခန်း နေရာလေးကို အမြဲပင်ကြည့်မိသည်။ ယခုတော့ ထိုနေရာလေးမှာ အခမဲ့ ဆေးခန်းဖြစ် နေ တော့ ပိုတောင်စိတ်ဝင်စားမိလေသည်။ ဆည်မြောင်းရုံးသည် ကျွန်မ သိသလောက်တော့ နှစ်နေရာရှိသည်။ ရန်ကင်းမှာတစ်နေရာ၊ အခုနေရာ ရှစ်မိုင်ခွဲမှာ တစ်နေရာဖြစ်သည်။ ရန်ကင်းဆည်မြောင်းဝန်းမှာလည်း အခုလို ပင် ဆေးခန်းလေးရှိသည်ဟု ပြောသည်။ ဆရာဝန်သည် ရှစ်မိုင်ဆေးခန်းမှာ နှစ်ရက်၊ ရန်ကင်းဆေးခန်းမှာ နှစ်ရက် ထိုင်သည်ဟု သိရသည်။
‘ကျန်းမာတော်မူပါစ' - ဂျူး
အခုတလော ကျွန်မ နံနက်တိုင်းလိုလို လမ်းလျှောက်ရင်း သွားနေကျ ဈေးလေးတစ်ခုမှာ ဆည်မြောင်း ၀န်း နှင့်ကပ်လျက် ရပ်ကွက်ဈေးငယ်လေးဖြစ်သည်။ ကျွန်မတို့အနီးက အေ၀မ်းဈေးသည် အိမ်ရှေ့ တံခါးအ ထွက်မှ ဈေးတန်းအစအရောက်ထိ ခြေလှမ်းတစ်ထောင်သာ လှမ်းရ၏၊ အသွားအပြန်ဆိုတော့ ခြေလှမ်း နှစ် ထောင် ပေါ့။ နည်းသေးသည်။ ဆည်မြောင်းဝန်းနားက ဈေးကတော့ ဈေးအစရောက်သည်အထိဆိုလျှင် ခြေ လှမ်း ၂၇၀၀ လှမ်းရသည်။ အသွားအပြန်ဆိုလျှင် ၅၄၀၀ ပေါ့။ ဒါက သိပ်မဆိုးလှဘူးဟု ထင်သည်။ စွယ်တော် ဘုရားဝန်းအပြင်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းအတိုင်း ရှစ်မိုင်မီးပွိုင့်ဘေးကနေ ပြည်လမ်းသို့ ပြန်လာလျှင် အိမ်အရောက် ခြေလှမ်း ၆၅၀၀ ဖြစ်သည်။ ထိုလမ်းကိုတော့ လမ်းလျှောက်တစ်လှည့် ပျက်တစ်လှည့်၊ မိုးတွင်း တွေမှာဆို ချော်လဲမှာစိုးသဖြင့် မသွားဖြစ်တော့ပေ။ အခုအခါ အလေ့အကျင့် ပျက်နေပြီ။ ထို့ကြောင့် ဆည် မြောင်းဈေး သွားလျှင် ခြေလှမ်း ၅၀၀၀ ကျော် ရသဖြင့် ထိုဈေးသို့သွားဖြစ်တာများပါသည်
မကြာသေးမီက ထိုရပ်ကွက်ဈေး၊ ၀င်ပေါက်လေးနှင့် မျက်နှာချင်းဆိုင်မှာ ဆေးခန်းလေးတစ်ခု သေသေ သပ်သပ် တည်ဆောက်လိုက်သည်။ ဆည်မြောင်းဦးစီးဌာနသည် မူလငှားထားသည့် ဆေးခန်းနေရာကို ပြန်ယူ ပြီး အစအဆုံး ပြန်ပြင်လိုက်တာဖြစ်သည်။ မူလဆေးခန်းတုန်းကတော့ ဆေးခန်းလည်းဖြစ်၊ ကပ်လျက်မှာ ကုန်စုံ ဆိုင်၊ မုန့်ဆိုင်လေးလည်း ဖွင့်သည်ဟု မှတ်မိသည်။ လက်ဖက်ရည်ဆိုင်လေးလည်း ရှိသည်ထင်ပါရဲ့။အခု အခါ အရာရာသည် ပြောင်းလဲသွားပြီ။ ဆေးခန်းသည် ဆည်မြောင်းဝန်ထမ်းများအတွက် အခမဲ့ကုသပေးသော ဆေး ခန်း ဖြစ်သွားသည်။ ခြံဝန်းလေးနှင့် အဆောက်အဦလေးကလည်း တစ်ထပ်တိုက်လေး။ ဆည်မြောင်း၏ အ ရောင် ရေညှိရောင်နုနု၊ ဒေါနပန်းရောင်။ တည်ဆောက်ထားပုံလေးက သေသပ်လှပသည်မို့ ကျွန်မ ဈေးသွား လျှင် ထိုဆေးခန်း နေရာလေးကို အမြဲပင်ကြည့်မိသည်။ ယခုတော့ ထိုနေရာလေးမှာ အခမဲ့ ဆေးခန်းဖြစ် နေ တော့ ပိုတောင်စိတ်ဝင်စားမိလေသည်။ ဆည်မြောင်းရုံးသည် ကျွန်မ သိသလောက်တော့ နှစ်နေရာရှိသည်။ ရန်ကင်းမှာတစ်နေရာ၊ အခုနေရာ ရှစ်မိုင်ခွဲမှာ တစ်နေရာဖြစ်သည်။ ရန်ကင်းဆည်မြောင်းဝန်းမှာလည်း အခုလို ပင် ဆေးခန်းလေးရှိသည်ဟု ပြောသည်။ ဆရာဝန်သည် ရှစ်မိုင်ဆေးခန်းမှာ နှစ်ရက်၊ ရန်ကင်းဆေးခန်းမှာ နှစ်ရက် ထိုင်သည်ဟု သိရသည်။
ဇာတ်သိမ်းမှားတဲ့ ဒိုင်ယာရီ/by နိုဝင်ဘာလထုတ် ကျန်းမာရေးမဂ္ဂဇင်းမှ နီကိုရဲ
Health Magazine (ကျန်းမာရေးမဂ္ဂဇင်း)'s photo.
နိုဝင်ဘာလထုတ် ကျန်းမာရေးမဂ္ဂဇင်းမှ နီကိုရဲ၏
ဇာတ်သိမ်းမှားတဲ့ ဒိုင်ယာရီ
ကျောင်းတက်ခေါင်းလောင်းသံကို ကြားရသည်နှင့် ကျွန်တော်တို့ငါးယောက်လက်ထဲတွင် ရှိနေသော ဒူးယားစီးကရက်ကို
တစ်ယောက် တစ်လှည့်စီ အမြန်ဖွာကာ လွှင့်ပစ်ရင်း ကျောင်းထဲ သို့ ၀င်ကြရသည်။
ကျွန်တော်တို့ ကျောင်းရှေ့တွင် စီးကရက် ခိုးသောက်နေကြခြင်းဖြစ်သည်။
ယခုခေတ်အတွက်တော့ ထိုစကားမှာ အနည်းငယ် နားရှုပ်သွားစရာအကြောင်းရှိပါသည် ။
ကျွန်တော်တို့ (၁၀)တန်း တစ်နှစ်ကျသည့် ၁၉၈၃ ခုနှစ်က ကျွန်တော်တို့မှာ
ကျောင်းသားများ လို စီးကရက်ကို ကျောင်းစာသင်ခန်းအပြင် ဆရာများ၊
ဆရာမများရှေ့တွင် စတိုင်(လ်)ကျကျ ခပ်တည်တည် မသောက်ရဲပါ။ ကျောင်းသို့တဖွဲဖွဲ
လာနေကြသော ကောင်မလေးများရှေ့တွင် လည်း စီးကရက်ကို စတိုင်(လ်)ပါပါဖြင့်
သောက်ပြကာ သူတို့ကို အိုက်တင်ခံချင်ကြ၏။
ထို့ကြောင့် ဒူးယားစီးကရက်ဝယ်ကာ တစ် ယောက်တစ်လှည့် ခိုးဖွာရင်း ကောင်မလေးတွေကို အိုက်တင်ပြ၊ ဟေ့ ...ဆရာလာပြီဆိုလျှင် စီးကရက်ကို ဖွက်ရသည်။ မည်သည့်အတန်းကို သင်သည့် ဆရာ/ဆရာမဖြစ်စေ ကျွန်တော်တို့ စီးကရက်သောက်နေတာကို မြင်သွားလျှင် အပြစ် ပေး၍ရသည်။ ဆုံးမ၍ရသည်။ ဒါတောင် တစ်ခါ တုန်းက စောနိုင်ဆိုသည့်ကောင် စီးကရက်ဖွာ အပြီး ဘွားခနဲပေါ်လာသော ဆရာမကို သွားပြုံး ပြမိသဖြင့် ဆရာမ သိသွားကာ ကျွန်တော်တို့ ဗိုက်ကြောအလိမ်ခံရ၊ စီးကရက်လွှင့်ပစ်ခံလိုက်ရ ဖူးသည်။
ကျွန်တော်တို့ ငါးယောက် ဆိုသည်မှာ ကျွန်တော်၊ မောင်နီ၊ ရဲမြင့်တိုး၊ အောင်စိုးနိုင်နှင့် စောနိုင်တို့ဖြစ်သည်။ အတန်းထဲရောက်ပြီး မင်္ဂလာ ပါဆရာမ ...ဟူသည့် အသံအဆုံး ကျောင်းသား တွေ အားလုံးထိုင်ကြတော့ ခင်မျိုးထွေးက မထိုင် လက်ပိုက်ကာ ရပ်နေ၏။
““ခင်မျိုးထွေး ဘာဖြစ်လို့ မထိုင်တာလဲ””
““သမီး ...ဆရာမကို တိုင်စရာရှိလို့ပါ ဆရာမ””
ခင်မျိုးထွေး၏ စကားကြောင့် အတန်းသည် ရုတ်တရက် ငြိမ်ကာသွားသည်။ ကျွန်တော်တို့ လည်း စိတ်ညစ်ကာ ထိတ်လန့်သွားကြ၏။ ကျောင်းတက်ခါစ အတန်းပိုင်ဆရာမ ဒေါပွလျှင် တစ်နေ့လုံး ကျွန်တော်တို့ အတန်းသွားပြီ။ ဆရာမ ကလည်း စာကိုရယ်ရယ်မောမော မသင်တော့ဘဲ ပြဿနာကို အကြောင်းပြုကာ တစ်တန်းလုံးကို ဆူတော့မည်။ ကျန်သည့် ဆရာများကလည်း ပြဿနာတက်ပြီးသား အတန်းဆိုလျှင် ခပ် တည်တည်၊ ခပ်ထန်ထန် ဆက်ဆံတတ်သဖြင့် ကျွန်တော်တို့မှာ နောက်ထပ်အပြစ်တစ်ခု မရ,ရ အောင် မလှုပ်ရဲ၊ မရှားရဲ၊ မပျော်ရဲ၊ မပါးရဲ၊ မအော် ရဲ၊ မဟစ်ရဲဖြင့် တော်တော်စိတ်ညစ်ရတတ်၏။ ထို့ကြောင့် ကျွန်တော်တို့အားလုံး ငြိမ်ကျသွားခြင်း ဖြစ်ပါသည်။
““အတန်းတောင်မှ မစ,ရသေးပါလား။ ကဲ...ခင်မျိုးထွေး သမီး ဘာလဲပြော ...””
““သမီးကို အောင်အောင် စာပေးလို့ပါ ဆရာမ””
သွားပြီ။ ကျွန်တော်တို့ တစ်တန်းလုံး ချောက် ချားကာ အောင်အောင်ကို လှည့်ကြည့်တော့ အောင်အောင်လည်း အတော်တုန်လှုပ်ကာ နေ၏။ ခင်မျိုးထွေးက ဆရာမကို သူ့လွယ်အိတ်ထဲမှ စာကို ထုတ်ကာပြသည်။ ဆရာမက ကျောင်း မတက်မီ မုန့်သွားစားခိုက် ခင်မျိုးထွေး လွယ်အိတ် ထဲကို အောင်အောင် စာဝင်ထည့်တာကိုမြင်သည့် ကျောင်းသူများကို ဒေါသဖြင့် စစ်ဆေးသည်။
ဇာတ်သိမ်းမှားတဲ့ ဒိုင်ယာရီ
ကျောင်းတက်ခေါင်းလောင်းသံကို ကြားရသည်နှင့် ကျွန်တော်တို့ငါးယောက်လက်ထဲတွင်
ထို့ကြောင့် ဒူးယားစီးကရက်ဝယ်ကာ တစ် ယောက်တစ်လှည့် ခိုးဖွာရင်း ကောင်မလေးတွေကို အိုက်တင်ပြ၊ ဟေ့ ...ဆရာလာပြီဆိုလျှင် စီးကရက်ကို ဖွက်ရသည်။ မည်သည့်အတန်းကို သင်သည့် ဆရာ/ဆရာမဖြစ်စေ ကျွန်တော်တို့ စီးကရက်သောက်နေတာကို မြင်သွားလျှင် အပြစ် ပေး၍ရသည်။ ဆုံးမ၍ရသည်။ ဒါတောင် တစ်ခါ တုန်းက စောနိုင်ဆိုသည့်ကောင် စီးကရက်ဖွာ အပြီး ဘွားခနဲပေါ်လာသော ဆရာမကို သွားပြုံး ပြမိသဖြင့် ဆရာမ သိသွားကာ ကျွန်တော်တို့ ဗိုက်ကြောအလိမ်ခံရ၊ စီးကရက်လွှင့်ပစ်ခံလိုက်ရ ဖူးသည်။
ကျွန်တော်တို့ ငါးယောက် ဆိုသည်မှာ ကျွန်တော်၊ မောင်နီ၊ ရဲမြင့်တိုး၊ အောင်စိုးနိုင်နှင့် စောနိုင်တို့ဖြစ်သည်။ အတန်းထဲရောက်ပြီး မင်္ဂလာ ပါဆရာမ ...ဟူသည့် အသံအဆုံး ကျောင်းသား တွေ အားလုံးထိုင်ကြတော့ ခင်မျိုးထွေးက မထိုင် လက်ပိုက်ကာ ရပ်နေ၏။
““ခင်မျိုးထွေး ဘာဖြစ်လို့ မထိုင်တာလဲ””
““သမီး ...ဆရာမကို တိုင်စရာရှိလို့ပါ ဆရာမ””
ခင်မျိုးထွေး၏ စကားကြောင့် အတန်းသည် ရုတ်တရက် ငြိမ်ကာသွားသည်။ ကျွန်တော်တို့ လည်း စိတ်ညစ်ကာ ထိတ်လန့်သွားကြ၏။ ကျောင်းတက်ခါစ အတန်းပိုင်ဆရာမ ဒေါပွလျှင် တစ်နေ့လုံး ကျွန်တော်တို့ အတန်းသွားပြီ။ ဆရာမ ကလည်း စာကိုရယ်ရယ်မောမော မသင်တော့ဘဲ ပြဿနာကို အကြောင်းပြုကာ တစ်တန်းလုံးကို ဆူတော့မည်။ ကျန်သည့် ဆရာများကလည်း ပြဿနာတက်ပြီးသား အတန်းဆိုလျှင် ခပ် တည်တည်၊ ခပ်ထန်ထန် ဆက်ဆံတတ်သဖြင့် ကျွန်တော်တို့မှာ နောက်ထပ်အပြစ်တစ်ခု မရ,ရ အောင် မလှုပ်ရဲ၊ မရှားရဲ၊ မပျော်ရဲ၊ မပါးရဲ၊ မအော် ရဲ၊ မဟစ်ရဲဖြင့် တော်တော်စိတ်ညစ်ရတတ်၏။ ထို့ကြောင့် ကျွန်တော်တို့အားလုံး ငြိမ်ကျသွားခြင်း ဖြစ်ပါသည်။
““အတန်းတောင်မှ မစ,ရသေးပါလား။ ကဲ...ခင်မျိုးထွေး သမီး ဘာလဲပြော ...””
““သမီးကို အောင်အောင် စာပေးလို့ပါ ဆရာမ””
သွားပြီ။ ကျွန်တော်တို့ တစ်တန်းလုံး ချောက် ချားကာ အောင်အောင်ကို လှည့်ကြည့်တော့ အောင်အောင်လည်း အတော်တုန်လှုပ်ကာ နေ၏။ ခင်မျိုးထွေးက ဆရာမကို သူ့လွယ်အိတ်ထဲမှ စာကို ထုတ်ကာပြသည်။ ဆရာမက ကျောင်း မတက်မီ မုန့်သွားစားခိုက် ခင်မျိုးထွေး လွယ်အိတ် ထဲကို အောင်အောင် စာဝင်ထည့်တာကိုမြင်သည့် ကျောင်းသူများကို ဒေါသဖြင့် စစ်ဆေးသည်။
ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမတဲ့လား (ရဲဘော်ဖိုးသံချောင်း) နေ့သစ် .. http://www.naytthit.net/?p=31965
Ag Kyaw Khin and 3 other friends shared Zaw Win's photo.
ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောကနေ့သစ် .. http://www.naytthit.net/
ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာ
လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။ လက်နက်ကြီးပစ်ကူ...။ လူ့အသက်ပေါင်းများစွာ အစတေးခံအရင်းတည်ပြီး မိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော မြန်မာ့တပ်မတော်ခေါင်းဆောင်များသို့ .....။
Khin Mgoo and Myint Sein shared ငရဲ သား's photo.
လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။လက်နက်ကြီးပစ်ကူ...။
လူ့အသက်ပေါင်းများစွာ အစတေးခံအရင်းတည်ပြီး
မိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော
မြန်မာ့တပ်မတော်ခေါင်းဆောင်များသို့ .....။
------------------------------
ခင်ဗျားတို့ကို .... ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်.....။
တင်ခွင့်ရှိတယ်....။
ခင်ဗျားတို့ကို ကျုပ်တို့ လစာပေးထားတာ.....။
ခင်ဗျားတို့ .. ကျုပ်တို့ ပြည်သူ့လစာ စားနေတာ...။
ခင်ဗျားတို့ အင်းဝဘဏ်က ထုတ်သမျှ ငွေတိုင်းက ဦးပိုင်ငွေမဟုတ်ဘူး..။ ပြည်သူ့ဘဏ္ဍာ..။
------------------------------
ခင်ဗျားတို့ လေကြောင်းပစ်ကူသုံးတယ်....။
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး .....အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်...။
ခင်ဗျားတို့ သုံးတဲ့လေယာဉ်တွေက .........
ကျုပ်တို့တတွေ မီးအပျက်ခံ.....။ ကျောင်းစာအုပ် အလာက်မငှတဲ့ဒဏ်ခံ၊
ဆေးရုံမှာ ဆေးဝါးမရှိခဲ့ဒဏ် ....။ မ၀ရေစား စားခဲ့ရတဲ့ ဒဏ် .. နောက်ဆုံးဗျာ.....
နိုင်ငံခြားမှာ ကျွန်ခံလုပ်ပြီး အခွန်ဆောင်ခဲ့ရတဲ့ ဘဏ္ဍာငွေတွေကို
စစ်သုံးစရိတ် အဖြစ် ဘတ်ဂျက် ရှင်းတမ်းအများဆုံးနဲ့ ....။
ခင်ဗျားတို့ သုံးစွဲခွင့်ပြုခဲ့တာ...... ..
------------------------------
Subscribe to:
Posts (Atom)