မွန်သမိုင်း တပိုင်းတစ-
မြန်မာနောက်ဆုံးဘုရင်တို့ နိဂုဏ်းချုပ်သော မြောက်ပိုင်းအမာခံဒေသမှ မြောက်မြားစွာသော ဗမာလူမျိုးစုလူထုသည် ၁၉၀၀ ခု
နှစ်မှအစပြု၍ ဗြိတိသျှတို့ အုပ်ချုပ်ရာ တောင်ပိုင်းဒေသသို့ စတင်ရွှေ့ပြောင်းလာကြသည်။ လူဦးရေနဲပါးသော တောနက်များကိုခုတ်
ထွင်ရှင်းလင်းခါ လယ်ယာစိုက်ပျိုးကြသည်။ မူလဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်လွမ်းခြုံနေထိုင်လျှက်ရှိသည့် ဒေသခံ မွန်နှင့် ကရင်များနှင့်အပြိုင် ဒေသကိုစတင်လွှမ်းခြုံ နေထိုင်လာကြသည်။ အထက်မှဗမာပြည်သူလူထုသည် အင်္ဂလိပ်အုပ်ချုပ်သောအောက်နယ်သို့ အလုံးအရင်းပြောင်းရွှေ့ လာကြခြင်းမှာ အထက်မြန်မာပြည်တွင် သစ်တောပြုန်းတီးရာမှ မိုးခေါင်ရေရှားသဖြင့် လယ်ယာ ကောင်းစွာမစိုက်ပျိုးနိုင်တော့သည်ကတကြောင်း၊ အင်္ဂလိပ်ပိုင်အောက်ပြည်အောက်ရွာတွင် မူရင်းရာသီဥတုနှင့်သဘာဝမိုးလေ၀သအခြေအနေများကောင်းသည့်အပြင် မြေသြဇာလဲ အလွန်ကောင်းသည်ဖြစ်၍တကြောင်း၊ အဂ်လိပ်အစိုးရနှင့် အရှေ့ အိန္ဒယကုပ္မဏီက ဒေသထွက်ဆန်စပါးများကိုနိုင်ငံခြားဈေးကွက်သို့ ထုတ်ကုန်အဖြစ်အလျှံပယ် ရောင်းထုတ်နိုင်သည်ကတကြောင်းတို့ ကြောင်းဖြစ်သည်။
၁၈၂၆ ခုနှစ်မှ ၁၈၇၂ အထိ တနင်္သာရီတိုင်း လူဦးရေမှာ ၇ သောင်းမှ ၂၅၇,၄၀၄ အထိတိုးလာသည်။ ၁၈၅၅ မှ ၁၈၇၂ အထိ ပဲခူးတွင် လူဦးရေ ၈၇,၇၄၂မှ ၁,၆၆၂,၀၅၈ သို့ တိုးလာပြီး မုတ္တမတွင် ၂၀၅,၉၁၃ ဦးတိုးလာသည်။