"လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ ..တ၀ဲဝဲလွင့်ခါ လေယဉ်ပမာ......"ဆိုတဲ့သီချင်းရေဒီယိုကနေ လာတဲ့အခါ အမေဟာ ကျေကွဲလွမ်းလို့ ချုံးပွဲချငိုတယ် ဆိုပြီး ၁၀နှစ်လောက်ကတည်းက ဆုံးသွားပြီဖြစ်တဲ့ အကိုကြီးရဲ့ တစောင်တည်းသောစာမှာပါလာတယ်...
ဒိသိချင်းကို ကျနော်ငယ်ငယ်က အမေ့ကိုရေတွင်းမှာရေခတ်ပေးရင်းနဲ့ အော်ဆိုလေ့ရှိခဲ့တာပါ...
၁၉၇၆ ရက်စက်ကြမ်းကျုတ်လှတဲ့ ဖြတ် ၄ဖြတ်ကာလမှာတောင် အမေဟာ တောတောင်အသွယ်သွယ်ကို စမ်းတ၀ါးဝါး ဖြတ်ကျော်လာပြီး
ငှက်ဖျားနဲ့ကွေးနေတဲ့ ကျနော့်ရှိရာရောက်ခဲ့ပါသေးတယ်...
၁၉၈၀ ၀မ်းခါတိုက်ပွဲကာလမှာလဲ အမေဟာ အသက်ဘေးကို မတွေးနိုင်ဘဲ အရောက်လာခဲ့ပါတယ်....၁၉၈၃ မယ်တရစ်တိုက်ပွဲအပြီးမှာ အမေနောက်ဆုံးအကြိမ်လာခဲ့ပေမဲ့ ကျနော်ဆုံးပြီဆိုတဲ့ သတင်းဆိုးကိုဘဲကြားလိုက်ရပြီး ရင်ကွဲစွာ ပြန်သွားရရှာတယ်...
အမေကျနော့်သတင်းအတိအကျကိုမရလိုက်ပါဘူး..အဲဒိတုန်းကကျနော့်နဲ့ ရင်းနှီးတဲ့ ရဲဘော်တွေ မိတ်ဆွေတွေလဲ ကျဆုံးကုန်ကြပြီမို့ဖြစ်ပါလိမ္မယ်.
ကျနော့်လိုဘဲ လူငယ်လူရွယ်တွေအတော်များများဟာ စနစ်ဆိုးကြီးကိုတွန်းလှန်ဖြိုချဖို့ ဆိုတဲ့ ပျင်းထန်တဲ့ခံယူချက်တွေနဲ့  တောတောင်တွေထဲရောက်ခဲ့ကြပါတယ်...
တောကောင်တွေရဲ့ ဘ၀မျိုးနဲ့ ပုန်းလှိုးကွယ်လျိုး လူမမြင်သူမမြင်တောကြိုတောင်ကြားမှာ ငတ်တလှည့် ပြတ်တလှည့်အသက်ရှင်ခဲ့ကြရပါတယ်။။။ဒါတွေထက်ဆိုးတာက အဖေအမေ အကို အမ နဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကို တအားအောင့်မေ့တဲ့အခါတွေပါ...
တချို့ ကတော့ ပြန်လည်ဆုံစည်းရခြင်းမရှိခင်မှာဘဲ ထာဝရပျောက်ကွယ်သွားကြပါပြီ...
နေ့ လည်ခင်းငိုက်ကနဲအိပ်ပျော်သွားချိန်မှာ အတိတ်ကမြင်ကွင်းတချို့ ဒီနေ့ ဖြစ်နေသလိုမြင်ရတတ်တယ်..အဲလိုအခါမျိုးမှာ ချက်ခြင်းအိပ်ယာထလိုက်ပြီး ဆွေးမြေ့မှုကိုဖြတ်တောက်ရပါတယ်...