Thursday, September 27, 2012

posted by Salai Tluangvellian “တရားနဲ့ဖြေပါဗျာ”

“တရားနဲ့ဖြေပါဗျာ”
ဒီစကားလေးကို၊ အားလုံးပဲ ခဏခဏကြားဖူးနေကြပြီးသားပါ။ မြန်မာလူမျိုးများ၊ မြန်မာဇာတ်ကား၊ ကြည့်၍ပဲဖြစ်ဖြစ်၊ ပျက်စီးဆုံးရှုံးမှု၊ တခုခုနဲ့၊ ကြုံလို့ပဲဖြစ်ဖြစ်၊ သို့မဟုတ် ကိုယ့်အသိမိတ်ဆွေထဲက၊ တဦးတယောက်၊ လူ့လောကထဲက၊ ထွက်ခွာသွား ရလို့ပဲဖြစ်ဖြစ်၊ အနီးအနားရှိသူက၊ နှစ်သိပ့်စကား၊ ပြောတဲ့အခါ၊ “တရားနဲ့ဖြေပါဗျာ”ဆိုတဲ့၊ အားပေစကားပြောသံကို၊ အားလုံးကြားဖူးကြမှာ၊ အမှန်ပါပဲ။
တဦးတယောက
်၊ တစုံတခုနဲ့၊ ဆေးရုံဆေးခန်း၊ သွားပြကြ ဆေးရုံတင်ကြစဉ်တွင်လည်း၊ ဆရာဝန်ရဲ့၊ “တရားနဲ့ဖြေပါဗျာ”ဆိုတဲ့၊ အသံလေးကိုလည်း၊ ဇာတ်ကားထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်၊ အားလုံးကြားဖူးကြမှာ၊ မလွဲပါဘူး။
“တရားနဲ့ဖြေပါဗျာ”တဲ့ လွယ်တယ်နော်။ ပြောတဲ့သူကလဲ လွယ်တယ်။ နားထောင်တဲ့သူကလည်း လွယ်တယ်နော်။ တကယ်မလွယ်တာက၊ လက်တွေ့မှာ “တရားနဲ့ဖြေဖို့”၊ မလွယ်တာပဲ။
မြန်မာစကားပုံတခုရှိတယ်။ “ခလုတ်ထိမှ၊ အမိတ”တဲ့၊ လမ်းသွားရင်း ကိုယ်နမော်နမဲ့နိုင်လို့၊ သူ့ပါသူခလုတ်တိုက်တာနော်၊ ပါးစပ်က အမိတတယ်၊ အမေလာမကယ်နိုင်ဘူးနော်၊ တတာလွယ်တယ်၊
ကယ်ဖို့ကြတော့ခက်နေတယ်။ လက်ထဲကတစုံတခု၊ ကိုယ်ခပ်ပေါ့ပေါ့ ကိုင်လို့၊ ပြုတ်ကျတယ်။ အမိတယ်။
“သေကိန်းသေပေါက်၊ ရောက်လေမှ အမိတယ်၊ အမိတလို့ရပါ့မလား၊ မရနိုင်ဘူးနော်၊ အမေလဲမကယ်နိုင်ဘူး၊ အဖေလည်းမကယ်နိုင်ဘူး”။ ဘယ်လောက်ပဲချစ်နေပါစေ၊ မကယ်နိုင်ပါဘူး။ တရားနဲ့ဖြေပါဆိုလို့၊ မရဘူးနော်။
ဒီလိုပါပဲ “ခလုတ်ထိမှ၊ အမိတလို့မရသလို၊ သေရေးနဲ့ကြုံ၊ သေမင်းနဲ့တွေ့မှ၊ တရားတလို့၊ မရဘူး”။

အရေးမကြုံခင်၊ သေကိန်းသေ၀၊ မရောက်ခင်၊ အန္တရာယ်တခုခု၊ အခက်အခဲတခုခုနဲ့၊ မကြုံခင်ထဲက၊ ကိုယ့်မှာတရားရှိထားရတယ်။ နဂိုကတော့ တရားမရှိပါဘဲ၊ မတရားတွေ ရှိထားပြီး၊ ရေးကြုံတော့မှ၊ “တရားနဲ့
ချက်ချင်း၊ ကောက်ဖြေလို့, ကောက်တလို့ရတာမျိုး၊ မရဘူးနော်”။ အားလုံးပဲ ဒီသဘောတရားကို၊ ရင်ထဲ,အသဲထဲက၊ နားလည်ထား သိရှိထားကြရမယ်။ သိထားတဲ့အတိုင်း၊ အရေးမကြုံခင်၊ “တရားအသိ၊ တရားအတွေး၊ တရားဆေးတွေ၊ သောက်ထားဖို့လိုတယ်”။
ဒီနေ့ခေတ်လူငယ်တွေထဲလဲ၊ အများကြီးပါ။ လူငယ်ပေမယ့်၊ တရားအသိမငယ်၊ တရားဆေးသောက်ထားတာတွေ၊ ဒုနဲ့ဒေးပါ။ အရွယ်နဲ့မမျှအောင်၊ တရားအသိရှိတဲ့အတွက်ကြောင့်၊
အခက်အခဲကြုံလေတိုင်း၊ ထိုသောက်ထားတဲ့၊ တရားအသိ၊ တရားဆေးတွေနဲ့၊ ရင်ဆိုင်ကျော်လွှားနိုင်၊ ကြံ့ကြံ့ခံနိုင်နေကြတဲ့၊ လူငယ်တွေ ဒီနေ့ခေတ် တိုးတက်များပြားလာတာ၊ ၀မ်းသာစရာပါ။
လူငယ်ချင်း ယှဉ်ကြည့်လိုက်လို့၊ သူ့ကျတော့ “လောကအလယ်မှာ၊ သောကမကြွယ်ဘဲ၊ ဒေါနစံပယ်ပန်းတို့လို၊ သင်းပျံ့မွှေးကြိုင်၊ ပျော်ရွှင်လန်းဆန်းစွာ၊ နေနိုင်နေတာဟာ”၊ ဘာကြောင့်လဲဆိုရင်၊
“တချို့က တရားအသိ၊ တရားအတွေးနဲ့၊ ထိန်းထားနိုင်လို့၊ တချို့ကတော့၊ ပတ်ဝန်းကျင်က၊ ပေးတဲ့အသိတရားတွေ၊ အတွေ့အကြုံတွေနဲ့၊ ညှိနိုင်လို့သာ၊ အေးဆေးတည်ငြိမ်စွာ၊ ဘ၀ကိုဖြတ်သန်းနိုင်ကြတာပါ”။
လူငယ်ပေါင်းများစွာထဲမှာ၊ ဒီလိုတရားအသိ၊ တရားဆေးတွေ၊ ရှိထား သောက်ထားနိုင်တဲ့၊ လူငယ်တွေက၊ “ပိုမိုမွန်မြတ်တယ်၊ ရည်ရှည်တောင့်ခံနိုင်တယ်၊ ‘ကြုံလာတဲ့ အဆိုးတွေထဲကနေ၊ သင်ခန်းစာယူကာ၊ အောင်မြင်မှုဆီသို့၊ ရောက်အောင်သွားတတ်ကြတယ်”။
ဒီတော့ “တရားနဲ့ဖြေပါဗျာ”လို့၊ ပြောတာလွယ်တယ်၊ တကယ်ဖြေကြစို့ဆိုတော့၊ ခက်ခဲတယ်ဆိုတာ၊ သိစေချင်တယ်။ “ခလုတ်ထိမှ၊ အမိတလို့၊ မရဘူး၊ သေမင်းနဲ့ ရင်ဆိုင်အတွေ့၊ ဖင်ထိုင်မေ့ခါနီးကျမှ၊ ‘တရားနဲ့ဖြေပါဗျာ’ဆိုလို့လည်းမရပါဘူး၊ ဒီအခါမှာ၊ တရားရှူ, တရားမှတ်လို့လဲ၊ ထင်သလောက်မလွယ်ကူဘူး၊
မသေခင်ဆိုလဲ၊ ကိုယ့်အပူ,ကိုယ်အခက်အဲတွေက၊ နှိပ်စက်ထားလို့၊ တရားအာရုံမပြုနိုင်ဘူး၊ သေခါနီးဆိုလဲ၊ ရောဂါကနှိပ်စက်ထား၊ ဖိစီးထားလို့၊ တရားအပေါ်၊ အာရုံမရောက်နိုင်ပဲ၊ ရောဂါဝေဒနာပေါ်ပဲ၊ အာရုံကရောက်နေတတ်တယ်”။
ထို့ကြောင့် ဘာပဲဖြစ်လာဖြစ်လာ၊ တရားနဲ့ဖြေနိုင်ရန်အတွက်၊ “နဂိုထဲက၊ တရားရှိအောင်၊ တရားရအောင်၊ နှလုံးသားထဲ၊ အသိတရားထဲ၊ တရားကိန်းအောင်၊ ကြိုတင်ကာဖြင့်၊ ရှာဖွေနိုင်ကြပါစေ” လို့ဆန္ဒပြုရင်း..။
(“တရားနဲ့ဖြေပါဗျာ”ဆိုတဲ့အတိုင်း၊ ဖြစ်လာသမျှတွေကို၊ တရားနဲ့ဖြေနိုင်ကြပါစေ။ )

No comments:

Post a Comment

mr.kyaingtun@gmail.com