Friday, June 19, 2020

ကယ်တင်ရှင်ဝင်လုပ်ကြမလား

ကယ်တင်ရှင်ဝင်လုပ်ကြမလား

နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့မှုဒဏ်ကို မလူးသာမလွန့်သာခံနေရခဲ့ရလို့ ထွက်ပေါက်ပိတ်နေခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ တရုတ်ပြည်ရဲ့ရင်ခွင်ထဲ ခယခိုလှုံပြီး တရုတ်ပြည်ရဲ့နို့ချိုကိုမှီဝဲသောက်သုံးနေခဲ့ရတယ်။ တရုတ်နို့ဖိုးအတွက်ပေးခြေခဲ့ရတဲ့ အဖိုးအခကလဲ တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားခဲ့တယ်။ ကချင်ပြည်ကကျောက်စိမ်းတောင်တန်းကြီးတွေအားလုံးနီးပါးဟာ မြေလှန်တူးဖေါ်ခြင်းခံခဲ့ရလို့ မဟာရေအိုင်ကြီးများအဖြစ်ပြောင်းလဲကုန်သလို ဘင်္ဂလားပင်လယ်ကဓါတ်ငွေ့ကို စုတ်ယူဖို့ ရခိုင်-တရုတ် ရွှေဂက်စ်ပိုက်လိုင်းကြီးကိုဖေါက်လုပ်ရာမှာလဲ ရခိုင်ပြည်ရဲ့ရှေးဟောင်းသမိုင်း သက်သေ အထောက်အထားများစွာကို မြေအောင်းကားကြီးများနဲ့ ထိုးထုတ်ခြေဖျက်ပြီး လမ်းကြောင်းတွေဖေါက်လုပ်ခဲ့တယ်။ ကရင်၊မွန်နဲ့တနသာင်္ရီတိုင်း ကျွှန်းတောအားလုံးနီးပါးကိုတော့ အငုတ်ပါမကျန်တူးခုတ်ပြီး ထိုင်း ကို ဈေးချိုချိုနဲ့ ကန်ထရိုက်ပေးပစ်ခဲ့တယ်။ အဲလို ရောင်းစားလို့ရတဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးပေါက်ဈေး နဲ့ရောင်းစားပစ်ခဲ့ပေမဲ့ မြန်မာစစ်အစိုးရဟာ ဖရိုဖရဲပြိုလဲနေတဲ့မိမိရဲ့အုပ်ချုပ်ရေးယနရားကြီးကို လည်ပတ်ဖို့ ဘဏာငွေချို့တဲ့နေဆဲဖြစ်ခဲ့တယ်။ ဒီပြသနာကိုဖြေရှင်းဖို့ နေ၀င်းမဆလခေတ်က ချမှတ်ကျင့်သုံးခဲ့တဲ့ အခမဲ့ပြည်သူ့ကျန်းမာရေးနဲ့ အခမဲ့ ပညာရေးစနစ်တွေကိုဖျက်သိမ်း ခဲ့ယုံတင်မက တပြည်လုံးမှာ ပေါက်ပေါက်ရှာရှာအကောက်ခွံအမျိုးမျိုးကိုချမှတ်ကောက်ခံခဲ့တဲ့အပြင် အစိုးရဌာနအသီးသီးကလဲ ပြည်သူတွေဆီက အလှုငွေပေါင်းစုံကို ဖြစ်ညှစ်သွေးစုတ်ခဲ့ပြန်တယ်။ ရှေ့တန်းမှာချထားတဲ့ တပ်မစစ်ကြောင်းတွေကိုလဲ အနီနဲ့အနက်ရောင်စစ်နယ်မြေအတွင်း ဓါးပြတိုက်ခွင့်ချမှပေးခဲ့တယ်။ အဲလောက်ကို ဘေးကြပ်နံကြပ်ရူးမတတ်ဖြစ်နေရတဲ့ ၀ဲဂရက်ကနေလွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲန်အဲလ်ဒီပါတီဟာ စစ်အုပ်စုကချမှတ်တဲ့ ခြေဥုမှာ ၀င်ပါတဲ့နည်းနဲ့ စစ်တပ်ရဲ့မှောက်နေတဲ့လှေကြီးကို ၀င်ရောက်ဖေးမ ပေးလိုက်ကြတယ်။


ခွဲထွက်ပိုင်ခွင့်မရှိခြင်းဟာ ဒီမိုကရေစီမရှိခြင်းဖြစ်တယ်။

ခွဲထွက်ပိုင်ခွင့်မရှိခြင်းဟာ ဒီမိုကရေစီမရှိခြင်းဖြစ်တယ်။

အင်္ဂလိပ်လက်ကနေလွတ်လပ်ရေးရပြီးနောက် အတူနေထိုင်ကြပြီး ၁၀ပြည့်တဲ့အခါ ဒီအတူနေထိုင်မှုကနေမိမိတို့ခံစားရရှိခဲ့တဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ်တည်ပြီး ခွဲထွက်လိုကခွဲထွက်ခွင့်ရှိတယ်ဆိုတာကို ပထမပင်လုံစာချုပ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ က အတိအလင်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီသဘောတူညီချက်ဟာ ပင်လုံစာချုပ်ရဲ့ တစ်ခုတည်းသော မဟာ့ မဟာ အဓိက အချက်ပါဘဲ။ ဒီအဓိကအချက်ကို မဆလနေ၀င်းအာဏာရှင်အစိုးရက ချီးကုန်းပစ်ခဲ့တယ်။ ဒီအချက်ကိုဆက်လက်ရပ်တည်တဲ့ နိုင်ငံရေးပါတီအားလုံးကို ဖမ်းဆီးချုပ်နှေင် ပိတ်ပင်ပစ်တဲ့အလားတူ တိုင်းရင်းသားအမျိုးသားနိုင်ငံရေးအင်အားစုအားလုံးကိုလဲ  နိုင်ငံရေး စစ်ရေးနည်းအားလုံးနဲ့ခြေမှုန်းသုတ် သင်ခဲ့တယ်။ ရာစုနှစ် ထက်ဝက်ကြာမျိုးချစ် တိုင်းရင်းသားနှိမ်နင်းရေး  ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် တိုင်းပြည်ဟာ အာရှမှာသာမက ကဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ချွတ်ခြုံကျသွားခဲ့ရတယ်။ ဆင်းရဲနုံချာမှုဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ၁၉၈၈ မှာ ပြည်သူလူထုထုနဲ့ ကျောင်းသားတွေကတပြည်လုံးဆနပြကြတယ်။ စစ်တပ်က သေနပ်တွေနဲ့ပစ်ယုံသာမက တင့်ကားတွေ အမြောက်တွေ မှိုင်းဗုံးတွေနဲ့ထုတယ်။ ဆနပြကျောင်းသားနဲ့လူထုအများအပြားကို စစ်ကားတွေပေါ်တင်ပိတ်ပြီး ကားကို ဒလကြမ်းမောင်းတဲ့နည်းနဲ့ အသက်ရှုမရ မချိမဆန့်မွန်းကြပ်သေကျေစေခဲ့တယ်။ တချို့ကို မီးလောင်နေတဲ့ အဆောက်အအုံထဲပစ်သွင်းပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်။ ကျောင်းသားအများအပြားကို အင်ယား၊ ကန်တော်ကြီးထဲ အတင်းကန်ချပြီး ကမ်းပေါ်ပြန်လာသူမှန်သမျှကို လှံစွတ်တွေနဲ့စောင့်ပြီးထိုးသတ်တယ်။

ကရင့် မူလစာပေ သမိုင်းကြောင်း တစေ့တစောင်း

ကရင့် မူလစာပေ သမိုင်းကြောင်း တစေ့တစောင်း

၁၉၂၁ ခုနှစ်တွင်ဝေလမင်းသား (Edward 8) ကမိမိအင်ပိုင်ယာကိုလှည့်လည်ကြည့်ရှုရင်း အင်းဒီးယားမှတဆင့် ဘားမားသို့ခရီးတထောက်ရာက်ရှိလာသည်။ မိမိကြားဘူးသော ကရင်လူမျိုးနှင့် ကရင်စာကို သိချင်သဖြင့် ဖိတ်ကြားထားသောကရင်လူကြီးများကိုမေးမြန်းသည်။ ထိုအခါ ကရင်ပြည်နယ် ဖာအံတောင်ဘက် မိုင် ၂၀ခန့်အဝေးတွင်ရှိသည့် ဒုံရင်းနယ်မှ ခရစ်ယန်သင်းအုပ်ဆရာတဦးက ကရင်ဘာသာဖြင့်ရေးထားသော စာအုပ်ကိုပြသသည်။ ထိုစာအုပ်မှာ မြန်မာစာလုံးကို အခြေခံခါပိုးကရင်ဘာသာစကားအဖြစ်ပြုပြင်ရေးသားထားသည့် ခရစ်ယန်သမာကျမ်းစာဖြစ်သည်။ ထိုစာကို ၁၈၀၃ ခုနှစ်က အမေရိကန် မစ်ရှင်နရီတစ်ဦးဖြစ်သူ ဂျော်နသန် ၀ိဒ် (Jonathan Wade)ကတည်ထွင်ပေးခဲ့ခြင်းဖြစ်သည်။ ဗမာစာကိုမြင်ဘူးသောဝေလမင်းသားကထိုစာအုပ်ကိုမြင်သောအခါကရင်စာစစ်စစ်မဟုတ်သည်ကိုတွေ့ရသဖြင့် ကရင်အမျိုးသားတွေမှာကိုယ်ပိုင်စာရှိကိုရှိရမယ်ဟု ဆိုလေသည်။ ထိုအခါ ကရင်လူကြီးတဦးဖြစ်သူ ဖူးလှအုန်းက ကရင်မူလစာပေလက်ရေးနမူနာများကို ယခုနှစ်နိုဝင်ဘာလအတွင်းတွင် ရှာဖွေစုဆောင်ပြီး ဝေလမင်းသားထံ ဆက်သပ်မည်ဖြစ်ကြောင်းကတိပေးသည်။

ဝေလမင်းသားကိုကတိခံထားသော ကရင်လူကြီး တို့သည် ကရင်ဒေသရှိ ကော်ရင်းရွာသို့သွားရောက်ခါ ကရင်ရှေးဟောင်းစာပေကိုသုတေသနပြုနေသည့် ဖူးမြသာနှင့်တွေ့ဆုံဆွေးနွေးပြီး ကြက်ယက်စာဟုခေါ်သည့် ငှက်ခြစ်စာ (Fowls’ Scratch)ကိုသင်ကြားပေးနိုင်သည့် ဖူးရွှေဖုန်းခေါ် ကျော်ရွှေဖုန်း ထံချဉ်းကပ်ကြသည်။

ထိုစာကို လယ်ကယ်စာ(Laikai)ဟုခေါ်သည်။ ဖူးရွေဖုန်းကလယ်ကယ်စာနောက်ခံ သမိုင်းကြောင်းကိုသူတို့အားရှင်းပြသည်။ ဖူးရွှေဖုန်းသည် လယ်ကယ်စာကိုရှာဖွေတွေ့ရှိရာတွင် ကရင်စာပေအဖြစ်မျှသာ ဖြန့်ဖြူးခြင်းမဟုတ်ဘဲ လယ်ကယ်သသနာကိုပါ ပူးတွဲထားသည်။ ထိုအချက်သည် ထိုစဉ်ကဘာသာရေးနှင့်အမျိုးသားစာပေကိုခွဲခြားနိုင်မှုအားနည်းသော အမြင်မကျယ်သေးသည့် ကရင်လူမျိုးများအကြား ကရင့်မူလစာပေမပြန့်ပွား နိုင်ရခြင်းအကြောင်းရင်းတခုဖြစ်သည်။ မည်သို့ဆိုစေ ဖူးမြသာနှင့်ဖူးလှအုန်းတို့က တခြားလူမျိုးတကာတို့၏စာလုံးများနှင့်မတူသော လယ်ကယ်ခေါ် လီဆောဝက်စာကို မူလကရင့်စာပေအစစ်အအမှန်ဖြစ်သည်ဟုယုံကြည်သဖြင့် နိုဝင်ဘာလ ရန်ကုန်တွင် အစီအစဉ်အတိုင်းစောင့်စားနေသည့် ဝေလမင်းသားထံ တင်ဆက်နိုင်ရန် သင်ယူလေ့ကျင့်ပြီး ပြင်ဆင်ကြတော့သည်။
ဝေလမင်းသားပုံ

ကရင်လူမျိုးဆင်းသက်လာပုံ

၁၂၇၆မှ ၁၂၉၁ အတွင်း အာရှ၊ ပါရှ၊ တရုတ်၊ အင်ဒိုနီးရှ တခွင်ခရီးနှင်လျှက် ထိုစဉ်က အာရှတခွင်ကို သိမ်းပိုက်ကြီးစိုးသည့် မွန်ဂိုလ်ခေါင်းဆောင် Kublai Khan နှင့်တွေ့ ဆုံခဲ့သော အီတလီလူမျိုး မာကိုပိုလို (Marco Polo)၏ ခရီးသွားမှတ်တမ်းကို အာသာ ရပ်စတီချဲလို (Author Rustichello) ကရှေးဟောင်းပြင်သစ်ဘာသာဖြင့်ရေးသားထုတ်ဝေခဲ့သည်။ စာအုပ်အမည်ကို မာကိုပိုလိုခရီးစဉ် (The Travels of Marco Polo) ဟု အင်္ဂလိပ်ဘာသာဖြင့်ခေါ်ပြီး ပြင်သစ်ဘာသာဖြင့် (Book of the Marvels of the World) ဟု ခေါ်သည်။ 
စာအုပ်တွင် တရုတ်ပြည်ယူနန်နယ်မြောက်ပိုင်းတွင်တည်ရှိခဲ့သော ကရင်အုပ်ချုပ်ရေး စီရင်စုကြီး အကြောင်းကို ဖေါ်ပြထားသည်။ ထိုစီရင်စုကြီးအတွင်း၌ အစိုးရတဖွဲ့ စီရှိသော နယ်မြေ(၇)ခုပိုင်းခြားဖွဲ့ စည်း ပါဝင်သည်ဟုဆိုသည်။

မာကိုပိုလိုက ကရင်လူမျိုးကို ကရိုင်ယန် (Karaian) ဟုခေါ်သည်။ ထိုင်းကလည်းထိုအသံထွက်မျိုးဖြင့်ကရင်လူမျိုးကိုခေါ်ဆိုသည်။ မာကိုပိုလိုက ဧရာဝတီမြစ်ကို ဧရာဘက်တီ(Irabatty) ဟုဖေါ်ပြထားသည်။ ကရင့်သမိုင်းတွင်ဖေါ်ပြလေ့ရှိသည့် ကရင်တို့ ဆင်းသက်လာရာ
ထီးဆဲ့မဲ့ယွာ ဆိုသည့် သဲစီးမြစ်ချောင်း ကို မာကိုပိုလိုက ရွှေရောင်သဲမြစ်(Brius, The river with the golden send) ဟုလဲဖေါ်ပြထားသည်။



Arakan campaign and Burma campaign 1942-1945

Arakan campaign and Burma campaign 1942-1945
အင်္ဂလိပ်က မြန်မာပြည်ကိုသိမ်းပိုက်အုပ်ချုပ်ထားသော ဂျပန်တပ်များအား တိုက်ထုတ်သည့်စစ်ဆင်ရေးများကို ရခိုင် ကန်ပိန်းနှင့် ဘားမားကန်ပိန်းဟုခေါ်သည်။
ရခိုင်ကန်ပိန်းသည် ၁၉၄၂ တွင်စပြီး ၁၉၄၃ တွင် ဆုံးသည်။  ဘားမားကန်ပိန်းမှာမူ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်အထိဖြစ်သည်။ ဆောင်းပါးတွင် ထိုကန်ပိန်း၂ခုလုံးကိုချုပ်ငုံဖေါ်ပြထားပါသည်။
ဂျပန့်အနေအထား
ဂျပန်တို့က ဘားမားကို ၀င်ရောက်သိမ်းပိုက်သော အစပိုင်းတွင် အင်္ဂလိပ်က အိနိယနှင့် အရှေ့ပါကစတန်(ဘဂ်လားဒေ့ရှ်)သို့တပ်ဆုတ်ခွာသည်။ အမှတ်(၁၅) ဂျပန်ဘုရင့်တပ်မတော်ကို ဒုဗိုလ်ချုပ်ရှိုဂြီရို လီဒါက ဦးစီးသည်။ ထိုဂျပန်တပ်သည် ထိုင်းနိုင်ငံမြောက်ပိုင်းကိုဖြတ်ပြီး တင်္နသာရီတိုင်းသို့ ၁၉၄၂ ဇန၀ါရီလတွင် ရောက်ရှိသည်။ ဂျပန်တပ်များသည် ကော့ကရိတ်တွင်ကျန်ရှိသော ဒေသခံ ကရင့်ရိုင်ဖယ်တပ် များကို တိုက်ခိုက်ထိုးဖေါက်ပြီး မော်လမြိုင် ဆိပ်ကမ်းကိုသိမ်းပိုက်သည်။ သံလွင်နှင့်စစ်တောင်းမြစ်ဝှမ်းတလျှောက် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော ကရင်၊ကချင်၊ မွန် အပါအ၀င် အင်္ဂလိပ်ကိုလိုနီအစိုးရ၏တိုင်းရင်းသား သေနပ်ကိုင်တပ်ရင်းများကို တိုက်ထုတ်ပြီးနောက် ၁၉၄၂ မတ်လ တွင် ဂျပန်တပ်များက ရန်ကုန်မြို့ကိုသိမ်းပိုက်သည်။ ဂျပန်ဘက်တွင် စစ်အင်အား ၃သိန်းကျော်ရှိပြီး ၄င်းတို့ ၏စစ်ရေးမဟာမိတ် ထိုင်းတပ်ဖွဲ့ ၇၅၀၀ နှင့် အဂ်လိပ်ကိုတော်လှန်နေသော အိနိယအမျိုးသားတပ်မတော်မှ စစ်အင်အား ၄၃၀၀ ပါဝင်သည်။ ယနေ့မြန်မာ့သမိုင်းတွင်ရဲဘော် သုံးကျိတ်အဖြစ် အဓိကထားမီးမောင်းထိုးသော ဗမာ့လွတ်လပ်ရေး တပ်မတော် BIA သည်လည်း စစ်အင်အား ၃၀ ဖြင့်တနည်းတဖုံပါလာခဲ့သည်။ BIAကို ၁၉၄၁ ဒီဇင်ဘာလ ၃၁ရက်နေ့ဘန်ကောက်မြို့တွင်တရားဝင်စတင်ဖွဲ့စည်းသည်။ဖွဲ့ စည်းရာတွင် ဂျပန်စစ်ထောက်လှန်းရေးမှုးချုပ် ဗိုလ်ချုပ်စူဇူကီး ကိုင်ဂျေက လိုအပ်သမျှစစ်လက်နက်ခဲယမ်းမီးကျောက် ရိကာ၊ စစ်သင်တန်းများ ၀ါဒဖြန့်ချီရေးလုပ်ငန်းအားလုံးနှင့် မဟာမိတ်ဆက်ဆံရေးကို ပန့်ပိုးချုပ် ကိုင်ခဲ့သည်။ ဂျပန်နှင့်ထိုင်းစစ်မဟာမိတ်စာချုပ်ကို ဒီဇင်ဘာ ၂၁ရက် ၁၉၄၁ခု တွင်လက်မှတ်ထိုး ခဲ့ကြခြင်းဖြစ်သည်။ ထိုစာချုပ်တွင် ရှမ်းပြည်နှင့် ကယားပြည်ကို ထိုင်းကထိန်းချုပ်ရန်နှင့် ကျန်နယ်မြေအားလုံးကို ဂျပန်က ထိန်းချုပ်ရန်ပါရှိသည်။ (ထိုင်းနှင့်ပတ်သက်သည့် တချို့အချက်အလက်ကို နောက်ပိုင်းတွင် ဖေါ်ပြပါမည်) ။ ဂျပန်က BIA ကို နဂိုလ်ကဖွဲ့စည်းထားသည့် မိနာမီ ကိုင်ကန် အဖွဲ့နေရာတွင် အစားထိုးပြောင်းလဲဖွဲ့စည်းခြင်းဖြစ်သည်။

မွန်သမိုင်း

မွန်က ပြင်သစ် နဲ့ မဟာမိတ်ဖွဲ့ပြီး ကုန်းဘောင်မင်းကိုတော်လှန်တိုက်ခိုက်ရာမှာ ပြင်သစ်တပ်တွေရှုံးတယ်။ ဒီအချိန်မှာ အင်္ဂလိပ်တပ်တွေက ပြင်သစ်နေရာဝင်ပြီး မွန်ပြည်ကို ကုန်းဘောင်မင်းလက်က ပြန်လည်သိမ်းပိုက်တယ်။ အဲဒီအချိန်က မွန်ပြည်ဖြစ်နေခဲ့တဲ့ သံလျှင် ပဲခူး သထုံ မော်လမြိုင် ဒဂုံခေါ်ရန်ကုန် မြစ်ဝကွန်းပေါ်ဒေသ တနသာင်္ရီတိုင်းအားလုံး အပြင် ရခိုင်ပြည်ကိုပါ မြန်မာမင်းလက်ကနေပြီး အင်္ဂလိပ်က ရခိုင် မွန်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်တယ်။ ရခိုင်နဲ့မွန်မှာ မြန်မာ့ရန်ကို ခုခံနိုင်စွမ်းပြန်လည်မပြည့်ဝသေးတာကို အကြောင်းပြုပြီး သိမ်းပိုက်လို့ရလာတဲ့ မွန်နဲ့ရခိုင်ပြည်ကို ပိုင်ရှင်ပြန်မပေးအပ်သေးဘဲ အဂ်လိပ်ကဘဲ ကာလတခုအတွက် အုပ်ချုပ်ရေးချလိုက်တယ်။ အဲဒီကာလကို မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းရေးသားကြတဲ့သမိုင်းမှာ ပထမ အင်ဂလို ဘားမီး စစ်ပွဲလို့ နာမယ်တပ်တယ်။ အင်္ဂလိပ် ခေတ်မှတ်တမ်းတွေအရ မော်လမြိုင် လူဦးရေအချိုးအစားက ဗမာတဦး မွန် ၂၀ ဖြစ်ခဲ့တယ်။မွန်မြန်မာစစ်ပွဲတွေ မကြာခနဖြစ်ပွားနေခဲ့တာကြောင့် မွန်ပြည်ထဲကို အထက်အညာက ဗမာလူထုတွေလာမနေရဲကြသေးတဲ့ခေတ်ဖြစ်တယ်။ အလားတူဘဲ မွန်လူမျိုးတွေကလဲ မန်းတလေးတို့ရွေဘိုတို့ပေါ်တက်မနေရဲကြသေးဘူး။

ကရင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပျက်စီးကျဆုံးစေနိုင်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြံပြုတင်ပြချက်

ကရင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို
ပျက်စီးကျဆုံးစေနိုင်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြံပြုတင်ပြချက်

တကဘာလုံးနေရာတကာတွင်အကျင့်ပျက်ခြစားမှုများဖြစ်ပွားလျှက်ရှိသည်မှာ လူသားများအသိညာဏ်စတင်တိုးတက်လာသည့်
ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ယနေ့တိုင်ဖြစ်သည်။

ယင်းအကျင့်ပျက်ခြစားမှုများကို လိုအပ်သောအတိုင်းအတာတခုအထိ ဆန့်ကျင်တိုက်ဖျက် နိုင်သော အသိုင်းအ၀န်း တိုင်းနိုင်ငံ
အဖွဲ့အစည်းများမှာတခြားသောနိုင်ငံများထက်လူမှုဘ၀တိုးတက်ဖြစ်ထွန်းကြပြီးမြန်မာပြည်ကဲ့သို့ အကျင့်ပျက်ခြစားမှုကို သာမန်လုပ်ရိုးလုပ်စဉ်သဖွယ်သဘောထားတတ်သော
နိုင်ငံများမှာမူ ငွေကြေး၊ ပညာ၊ ရာထူးစသည့် အာဏာမဲ့ သာမန်ပြည်သူများနိုင်ငံတကာထက်
ပိုမိုဆင်းရဲနေကြရသည်။မြန်မာပြည်၏ အတွေးအခေါ်အလေ့အထ အငွေ့အသက်သြဇာခြံစည်းရိုးအတွင်းတွင်သာလျှင်ရှိနေသောကေအဲန်ယူအပါအ၀င်ကရင့်လက်နက်ကိုင်အဖွဲ့များအတွင်းတွင်လည်း အကျင့်ပျက်ခြစားမှုများ မလွဲမသွေရှိနေနိုင်သည်သာဖြစ်သည်။
အဘက်ဘက်ကအနေအထားများအရ အကျင့်ပျက်ခြစားမှုအမျိုးအစားများစွာအတွင်းမှ နိုင်ငံရေးအကျင့်ပျက်ခြစားမှုသည်
ကေအဲန်ယူအပါအ၀င် ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကို အနှေးနှင့်အမြန် ပျက်စီးကျဆုံးသွားစေမည်ဖြစ်သဖြင့် နိုင်ငံတကာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အဖွဲ့မှ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး
အခြေခံမူများကို အခြေခံလျှက်အကြံပြုလိုက်ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကေအဲန်ယူအပါအ၀င် ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးလိုလိုသည် မြန်မာအစိုးရနှင့်
ဗမာ့တပ်မတော်က ပူးပေါင်းဒိုမီနိပ်လုပ်သည့် ငြိမ်းချမ်းရေးဖြစ်စင်
ရေအိုင်ကြီးထဲတွင် ပါဝင်ကူးခတ်နေကြရင်း ကမ်းမမြင်လမ်းမမြင် ယက်ကန်ယက်ကန်ဖြစ်နေကြသောအခြေအနေဖြစ်သည်။

ပျူကရင် အကြောင်း တစောင်းတစေ့.

ပျူကရင် အကြောင်း တစောင်းတစေ့.
ယူနန်နယ်မှ လူမျိုးစုတစုသည် တိဗက်သို့ ရွှေ့ ပြောင်းကြသည့်တချိန်ထဲတွင် ကျန်လူစုများက ယူနန်တောင်တန်းများမှတဆင့် ဧရာဘတီ(ဧရာဝတီ)မြစ်ဝှမ်းသို့ ဆင်းလာကြသည်။ ထိုလူမျိုးစုများက အေဒီ ၂ရာစုမှ ၁၂ရာစုအကြားတွင် စုပေါင်းမြို့ ပြများကိုတည်ထောင်နေထိုင်ကြသည်။ ပျောက်ကွယ်သွားပြီဖြစ်သော ထိုပျူလူမျိုးတို့ ထွန်းကားခဲ့ရာဒေသကိုအစွဲပြုခါ ယင်းတို့ ကို မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးအဖြစ် သမိုင်းဆရာများက သတ်မှတ်ကြသည်။ လက်ရှိမြန်မာသမိုင်းရေးသားသူများကပျူလူမျိုးကို မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးဆိုသည့်အခေါ်အဝေါ်အစား မြန်မာကနဦးလူမျိုးဟုအထင်ရောက်စေသည့် အသုံးအနှုန်းကိုခေါ်ဝေါ်သုံးစွဲကြသဖြင့် ပျူလူမျိုးကို ဗမာလူမျိုးအဖြစ်သို့ ပင်အခေါ် 
အဝေါ် လွဲချော်လာကြသည်ကိုတွေ့ ရသည်။ မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုးဖြစ်သည့် ပျူလူမျိုးသည်အမှန်စင်စစ် ယနေ့ မွန်ပြည်နယ်နှင့်မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွင် အများအပြားနေထိုင်ကြသည့် ကရင်လူမျိုးများဖြစ်ကြသည်ဟု ကမ္ဘာ့သမိုင်းဆရာကြီးတဦးဖြစ်သည့်
ချားခင်းဘောလ်၏ ပျူ ပဲခူးနှင့်ရခိုင်သမိုင်းစာတန်းတွင်ဖေါ်ပြထားသည်။
ပျူနိုင်ငံသည် ပုဂံခေတ်မတိုင်မီ ကစတင်ဖြစ်တည်ခဲ့ပြီး ခရစ်သက္ကရာဇ် ၇-၈ တွင် စရီခ္စက်တရာ Sri Ksetra မြို့ ကိုတည်ထောင်ခဲ့ကြသည်။ နောင်တွင် သရေခေတ္တရာဟု မြန်မာသံထွက်ဖြင့်ခေါ်ဝေါ်လာရာမှယခုအခါပြည်မြို့ ဟုသတ်မှတ်ခေါ်ဆိုသည်။ 
ဘိသနိုး၊ မိန်းမော၊ ဘင်းနဂနှင့် ဟန်လင်းမြို့ ပြများကိုလဲ ပျူခေတ်တွင်ထူထောင်သည်။
ပျူ ရှေးဟောင်းကရင်လူမျိုးများသည် ထိုစဉ်က အာရှတခွင်သို့ ပြန့် ပွားနေသော အိန္ဒိယယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာစသော ဘာသာတရားများ ကိုလက်ခံကျင့်သုံးကြသည်မှာ မွန်ရခိုင် ရှမ်းတို့ နှင့်မခြားဖြစ်သည်။ပန်းပု ပန်းရံ ပိသုကာဘက်တွင်လဲ အိန္ဒယမှ အတတ်ပညာရှင်များကိုငှားယမ်းခြင်းသင်ယူခြင်းများရှိခဲ့သည်။ တရုတ်သမိုင်းတွင် တရုတ်ကုန်သည်များ၏ပြောဆိုချက်အရ ပျူလူမျိုးတို့ သည် ကျက်သရေရှိပြီးဖြူစင်သောစိတ်ဓါတ်ရှိ သည်ဟုဆိုသည်။ လူသားခြင်းကြင်နာစိတ်ကိုပျုတို့ တွင် သိသိသာသာတွေ့ရသည်။ ပျူလူမျိုးများတွင် အပြင်းထန်ဆုံးအပြစ်ဒဏ်မှာ ကြိမ်ဒဏ်လေးငါးချက်ခန့် သာရှိသည်ဟုလည်းကုန်သည်တို့ကမှတ်တမ်းရှိထားကြသည်။ ပျူများသည် ငွေထည်ရွှေထည် ကျောက်မျက်ရတနာ လက်ဝတ်လက်စားများကို နှင့် အပြာရောင်ပိုများသော အ၀တ်အစားများကိုဝတ်ဆင်ကြသည်ဟုလည်း တရုတ်ကုန်သည်များကဆိုထားသည်။ လက်ရှိမြန်မာပြည်မှကရင်များမှာမူ အနီရောင်ကိုပိုဝတ်ဆင်ကြသည်။ ထိုင်းနိုင်ငံရှိကရင်များတွင် အနီအပြာနှင့် အမဲရောင်သုံးစွဲမှုသိတ်မကွာပါ။

နိုင်ငံတကာ သမိုင်းနှင့်ရှေးဟောင်းသုတေသီများအတည်ုပြုသောမွန်သမိုင်း

နိုင်ငံတကာ သမိုင်းနှင့်ရှေးဟောင်းသုတေသီများအတည်ုပြုသောမွန်သမိုင်း (အဆ ၃၀၀၀ ခန့် အကျဉ်းချုပ်ထားသည်)

မွန်လူမျိုးသည် ဘီစီ ၃ ရာစု( ဘီစီ ၃၀၀၀)ခန့်တွင်တရုတ်မှ မြန်မာ၊ထိုင်းနှင့် ကမ်ဘောဒီးယားဒေသများသို့ ပြောင်းရွှေ့လာသည်။ အေဒီ ၆ရာစု၌ မြန်မာဒေသတွင်ဟံသာဝတီပဂူး၊ ထိုင်းဒေသမယ့်နမ်းမြစ်ဝှမ်းတွင် ဒွာရာဝတီထီးနန်းမြို့တော်များနှင့် ယနေ့တိုင်ရှိနေသေးသော ဟရီပွန်ချိုင်း မြို့များကိုတည်ထောင်သည်။ ဘီစီ ၃၀၀ တွင် သုဝဏဘူမိသထုံပြည်ကို မြန်မာဒေသတောင်ပိုင်းပင်လယ်ဆိပ်ကမ်းတွင်ထူထောင်သည်။ အရှေ့တောင်အာရှ ၏အဓိကကျသောဒေသများတွင်လဲမွန်မြို့ပြများစွာကိုထူထောင်ခဲ့သည်။ ထိုင်းဒေသ၌၁၁ရာစုတွင် မွန်ထီးနန်းများပျက်သုန်းပြီး နန်ချိုပြည် ယူနန်မှပြောင်းရွှေ့လာကြသည့် တိုင်းအနွယ်ဝင် ရှမ်းများက မွန်နိုင်ငံတော်တွင်ထွန်းကားနေသည့်ဟင်ဒူအနုပညာနှင့်ဗုဒသာသနာစာပေယဉ်ကျေးမှုကို အမွေဆက်ခံကာ ရှမ်းမူလဓလေ့ထုံးတမ်းများနှင့်ပေါင်းစပ် ခံယူကျင့်သုံးသည်။မွန်နှင့်ခမာ အကွဲအပြဲများဖြစ်ပွားပြီးနောက် အေဒီ ၆ရာစုခန့်တွင် ဒွာရာဝတီနှင့်ဟရီပွန်ချိုင်းမှမွန်များ မြန်မာဒေသဘက်သို့ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။လက်ရှိ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနသာရီဒေသများသည် 
ရာမန်ခေါ်ရာမညတိုင်း မွန်နိုင်ငံတော်ဖြစ်ခဲ့သည်။၁၇၅၇ခန့်တွင် အလောင်းဘုရားဘုရင်က မွန်နိုင်ငံကိုတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးပစ်သော်လည်းကျောက်စာ၊ မြို့ဟောင်းစသည့် တချို့အထောက်အထားများစွာကျန်ရှိနေသေးသည်။ ထိုင်းဒေသဘက်တွင်မူ မြို့ပြနှင့်ပိသုကာအဆောက်အအုံများကို ဖျက်ဆီးပစ်သည့်အစဉ်အလာမထွန်းကားခဲ့သဖြင့် ရှေးဟောင်းမွန်ကျောက်စာများ၊ ဘုရားပုထိုးများ၊ မြို့ဟောင်းများစွာ သဘာဝအတိုင်းယနေ့တိုင်ရှိနေကြသေးသည်။ဥရောပနိုင်ငံအများစုသည်လည်း ထိုသို့ဖျက်ဆီးပစ်သည့်ဓလေ့မရှိကြပေ။ အာဖဂန်နစ်စတန်တာလီဘန်များမှာမူ အလောင်းဘုရားဘုရင်ကဲ့သို့ လူမျိုးဘာသာချားများ၏အထောက်အထားများကိုဖျက်ဆီးရမည်ဟုခံယူကျင့်ကြံကြသည်ကိုတွေ့ရသည်။ကျူပင်ခုတ်ကျူငုတ်မကျန်ဆန်ဆန် ထူးခြားသောအယူအဆများဟုဆိုရမည်။



ရတနကိုစင် နန်းဆက်ကိုတည်ထောင်သူ မွန်လူမျိုး

ရတနကိုစင် နန်းဆက်ကိုတည်ထောင်သူ မွန်လူမျိုး 
(သမိုင်းသုတ)
ရတနကိုစင်၏ နိုင်ငံတကာအမည်မှာ ဘန်ကောက်ဖြစ်သည်။ တည်ထောင်သူမှာ ရာမာ (၁) ခေါ်ဖရာ့ဖုထရော့ဖါး ကျူလာလို့ဘုရင်ဖြစ်သည်။ သူသည် မွန်လူမျိုးဆွေမျိုးစုမှမွေးဖွားလာသူဖြစ်ပြီး ကိုစာပန်း ၏မြေးဖြစ်သည်။ သူ၏ဘခင်မှာအယုဒယ နန်းတော်တွင်အမှုတော်ထမ်းခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ကုန်းဘောင်မင်းများကိုဆန့်ကျင်တိုက်ခိုက်သော ထပ်စင်းဘုရင်ထံတွင်အမှုထမ်းခဲ့ပြီး စယမ်နိုင်ငံတော်အဖြစ်တည်ထောင်ရေးတွင်ပါဝင်ခဲ့သည်။ထိုကာလအတွင်းတွင်သူသည် စယမ်နိုင်ငံသစ်၏ သြဇာအကြီးဆုံး စစ်ရေးခေါင်းဆောင် တဦးဖြစ်လာခဲ့သည်။ သူသည် ဘုရင့်တော်ဝင်အဆင့်နှင့်ညီသောအမြင့်ဆုံးဘွဲ့ဖြစ်သည့် စုမ်ဒေ့ကျောက်ဖရား ဘွဲ့ကိုပထမဦဆုံးရရှိခဲ့သူဖြစ်သည်။ သူသည် ၁၇၈၂ခုနှစ်တွင် စယမ်နိုင်ငံကို အုပ်ချုပ်ကာ ဘုရင်အဖြစ် သရဖူကိုကိုယ်တိုင်ဆောင်းပြီးနန်းတက်ခဲ့သည်။ သူ့ခေတ်တွင်အကျော်ကြားဆုံးဖြစ်ရပ်မှာ ၁၇၈၅ ခု ကုန်းဘောင်ထိုးစစ်ကိုအပြီးသပ်ခြေမှုန်းသည့် ထိုင်း-ဗမာနောက်ဆုံးစစ်ပွဲကြီးဖြစ်သည်။
(ထိုင်းဝိကီဖီးဒီးယားမှကောက်နှုတ်သည်)
ဖြည့်စွက်ချက်- ကိုစာပန်သည်စယမ်နိုငံခြားရေး ၀န်ကြီး နှင့် ပြင်သစ်သံအမတ်ဖြစ်သည်။ ပုံ ၂ နှင့် ၃မှာ ကိုစာပန်၏ပုံ ပြင်သစ်အနုပညာရှင်၏လက်ရာဖြစ်သည်။
မှတ်ချက်- အရင်းမြစ်အသီးသီးမှသမိုင်းမှတ်တမ်းများတွင် ကွဲပြားမှု အနည်းငယ်ရှိသည်။ မူးရင်းထိုင်းဘာသာမှ ကောက်နှုတ်ပြန်ဆိုသဖြင့်အနက်အဓိပယ် အတိအကျတူချင်မှတူမည်။