နိုင်ငံတကာ သမိုင်းနှင့်ရှေးဟောင်းသုတေသီများအတည်ုပြုသောမွန်သမိုင်း (အဆ ၃၀၀၀ ခန့် အကျဉ်းချုပ်ထားသည်)
မွန်လူမျိုးသည် ဘီစီ ၃ ရာစု( ဘီစီ ၃၀၀၀)ခန့်တွင်တရုတ်မှ မြန်မာ၊ထိုင်းနှင့် ကမ်ဘောဒီးယားဒေသများသို့ ပြောင်းရွှေ့လာသည်။ အေဒီ ၆ရာစု၌ မြန်မာဒေသတွင်ဟံသာဝတီပဂူး၊ ထိုင်းဒေသမယ့်နမ်းမြစ်ဝှမ်းတွင် ဒွာရာဝတီထီးနန်းမြို့တော်များနှင့် ယနေ့တိုင်ရှိနေသေးသော ဟရီပွန်ချိုင်း မြို့များကိုတည်ထောင်သည်။ ဘီစီ ၃၀၀ တွင် သုဝဏဘူမိသထုံပြည်ကို မြန်မာဒေသတောင်ပိုင်းပင်လယ်ဆိပ်ကမ်းတွင်ထူထောင်သည်။ အရှေ့တောင်အာရှ ၏အဓိကကျသောဒေသများတွင်လဲမွန်မြို့ပြများစွာကိုထူထောင်ခဲ့သည်။ ထိုင်းဒေသ၌၁၁ရာစုတွင် မွန်ထီးနန်းများပျက်သုန်းပြီး နန်ချိုပြည် ယူနန်မှပြောင်းရွှေ့လာကြသည့် တိုင်းအနွယ်ဝင် ရှမ်းများက မွန်နိုင်ငံတော်တွင်ထွန်းကားနေသည့်ဟင်ဒူအနုပညာနှင့်ဗုဒသာသနာစာပေယဉ်ကျေးမှုကို အမွေဆက်ခံကာ ရှမ်းမူလဓလေ့ထုံးတမ်းများနှင့်ပေါင်းစပ် ခံယူကျင့်သုံးသည်။မွန်နှင့်ခမာ အကွဲအပြဲများဖြစ်ပွားပြီးနောက် အေဒီ ၆ရာစုခန့်တွင် ဒွာရာဝတီနှင့်ဟရီပွန်ချိုင်းမှမွန်များ မြန်မာဒေသဘက်သို့ပြောင်းရွှေ့လာကြခြင်းဖြစ်သည်။လက်ရှိ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနသာရီဒေသများသည်
ရာမန်ခေါ်ရာမညတိုင်း မွန်နိုင်ငံတော်ဖြစ်ခဲ့သည်။၁၇၅၇ခန့်တွင် အလောင်းဘုရားဘုရင်က မွန်နိုင်ငံကိုတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးပစ်သော်လည်းကျောက်စာ၊ မြို့ဟောင်းစသည့် တချို့အထောက်အထားများစွာကျန်ရှိနေသေးသည်။ ထိုင်းဒေသဘက်တွင်မူ မြို့ပြနှင့်ပိသုကာအဆောက်အအုံများကို ဖျက်ဆီးပစ်သည့်အစဉ်အလာမထွန်းကားခဲ့သဖြင့် ရှေးဟောင်းမွန်ကျောက်စာများ၊ ဘုရားပုထိုးများ၊ မြို့ဟောင်းများစွာ သဘာဝအတိုင်းယနေ့တိုင်ရှိနေကြသေးသည်။ဥရောပနိုင်ငံအများစုသည်လည်း ထိုသို့ဖျက်ဆီးပစ်သည့်ဓလေ့မရှိကြပေ။ အာဖဂန်နစ်စတန်တာလီဘန်များမှာမူ အလောင်းဘုရားဘုရင်ကဲ့သို့ လူမျိုးဘာသာချားများ၏အထောက်အထားများကိုဖျက်ဆီးရမည်ဟုခံယူကျင့်ကြံကြသည်ကိုတွေ့ရသည်။ကျူပင်ခုတ်ကျူငုတ်မကျန်ဆန်ဆန် ထူးခြားသောအယူအဆများဟုဆိုရမည်။