ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရာဇ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း-
စူဖန်းကလျာသည် "စီရီအယိုထယာ"ဘုရင် မဟာဓမ္မရာဇာ၏သမီးတော်ဖြစ်သည်။ ဗမာဘာသာဖြင့် "ဗြတ်နရာဇ်"ဟုခေါ်သော "ဖရာ့နရေ့" အပါအဝင် မောင်တော်၂ဦးရှိသည်။
**ခရစ်သက္ကရာဇ် ၁၅၆၄ တွင် ဘုရင့်နောင်က အယုဒ္ဒကကိုတိုက်ခိုက်သိမ်းပိုက်သည်။ အကြောင်းမှာ အယုဒ္ဒယတွင်ပေါ်သော ဆင်ဖြူ ကိုတောင်းရာတွင်မပေးသောကြောင့်ဖြစ်သည်။
**ခရစ်သက္ကရာဇ် ၁၅၆၉ တွင် စူဖန်းကလျာ၏ခမည်းတော် "စီရီအယိုထယာ"မင်းကို ဘုရင့်နောင်ကအယုဒ္ဒယဘုရင်အဖြစ်ခန့်အပ်တင်မြှောက်သည်။ ထိုခေတ်ကလုပ်ထုံးအရထိုနှစ်တွင်ပင် အသက်၁၇နှစ်ရှိသည့် သမီးတော်စူဖန်းကလျာအား "အမျိုးယုံ"အဖြစ်ဘုရင့်နောင်မင်းကြီးထံဆက်သပ်လိုက်ရသည်။ ဘုရင့်နောင်တွင်မိဘုရား သို့မဟုတ် "ကိုယ်လုပ်တော်" ၄၂ ဦးရှိသည်။
**ဆုပန်ကလျာသည် "မင်းအထွေး" ခေါ် သမီးတော်တပါးကိုဖွားမြင်သည်။
**ခရစ်သက္ကရာဇ် ၁၅၆၄တွင် မင်းသားလေးဗြတ်နရစ်ကို တံဆာခံအဖြစ်ဟံသာဝတီနေပြည်တော်တွင်အကျယ်ချုပ်ထားသည်။ အကျယ်ချုပ်ဆိုသော်လည်း မင်းသား နန္ဒာနှင့်အတူ ကစားခြင်း၊ အတူစာသင်ခြင်း၊ အထာရသတ်မင်းအတတ်များကို အတူသင်ယူရခြင်းများရှိသဖြင့် ဗြတ်နရစ်သည်ဗမာစာနှင့်စကားကိုကောင်းစွာတတ်ကျွမ်းသည်။ဘုရင့်နောင်က စူဖန်းကလျာကိုအထူးချစ်ကြင်နာသောကြောင့်မိမိ၏တူ သားသဖွယ်ထားရှိခြင်းဖြစ်သည်။
** ခရစ်သက္ကရာဇ် ၁၅၇၂ တွင်အမဖြစ်သူစူဖန်းကလျာကဘုရင့်နောင်အားတောင်းဆိုသောကြာင့် မင်းသားဗြတ်နရစ် အယုဒ္ဒယသို့ပြန်ခွင့်ရသည်။
**ထိုနှစ်တွင်ပင် ဘုရင့်နောင်ကအယုဒ္ဒယရ ဘုရင်အဖြစ် ခန့်အပ်ထားသောစူဖန်းကလျာနှင့်ဗြတ်နရစ်၏ခမည်းတော်ဖြစ်သူ မဟာဓမ္မရာဇာမင်းက ဗြတ်နရစ်အား "ဖိစနလို့" မြို့စားအဖြစ်ချီးမြှောက်ခါ " နရေစွမ်"ဟူသောဘွဲ့အမည်ကိုပေးသည်။(မယ့်နမ်မြစ်ကမ္ဘားတွင်တည်ရှိသောဖိစနလို့သည် အယုဒ္ဒယခေတ်တွင် နေပြည်တော်တခုဖြစ်ခဲ့သည်။ မွန်-ခမာတို့၏ အန်ကော် အင်ပါယာခေတ်က ဖိစနလို့သည်ခရိုင်မြို့တော်တခုဖြစ်ခဲ့သည်။ အန်ကော်အင်ပါယာတွင် ရှေးခေတ်ကမ္ဘာ့အတိုးတက်ဆုံးဗိသုကာသိပ္ပံပညာဖြင့်တည်ဆောက်ထားသည့် "အန်ကော်ဗိမ္မာန်" ရှိသည်။ Angelina Jolie သရုပ်ဆောင်သော "Tom Raider" ရုပ်ရှင်သည် အန်ကော်ဗိမ္မန်ကို နောက်ခံထားခြင်းဖြစ်သည်။