Friday, June 19, 2020

Karen before the reign of Lanna .. လန်းနာထီးနန်းမတိုင်မီ ကရင်လူမျိုး ..

Karen before the reign of Lanna ..
လန်းနာထီးနန်းမတိုင်မီ ကရင်လူမျိုး ..

(ဗုဒ္ဓသက္ကရာဇ်၂၄၉၆ခုတွင် ဒုတိယအကြိမ်ပုံနှိပ်သော ထိုင်းရာဇဝင် (Thai chronicles) မှ ချုပ်နှုတ်သည်)

လာအိုလူမျိုးဖြစ်ပေါ်လာစကာလက"ယိုနုတ်"ခေါ် "ယွန်" ခေါ် "စင်ဟနဝတီ" သည် လန်းနာ၏ တိုင်းသေကြီးတခုဖြစ်သည်။ Holt Samule Hallet ၏ခရီးစဉ်မှတ်တမ်းတစ်ခုဖြစ်သည့် "ရှမ်းတို့၏သမိုင်းပုံကြမ်း" (Historycal sketch of the Shans) ၌ "ယိုနုတ်" တွင် ကရင်လူမျိုးလွမ်းမိုးခဲ့ဘူးပြီး"ယွန်" သို့မဟုတ်"ယန်"သည် ကရင်လူမျိုးဖြစ်သည်ဟုဖော်ပြထားသည်။ ဗမာအခေါ်အရ "ဂျွန်း" (Jung) လူမျိုးဖြစ်၍ တရုတ်ရှေးဟောင်းမူလအခေါ်အရ "Jung" သည် ယူနန်ပြည်နယ်၏အမည်ဖြစ်ကာ "တောင်အရပ်ကမိုးတိမ်" ဟုအဓိပ္ပါယ်ရသည်။ ဗုဒ္ဓသက္ကရာဇ်အစပိုင်းတွင်တရုတ်-နန်ချိုပြည်စစ်ပွဲကာလများအတွင်းနန်ချိုပြည်သားများသည် "ယိုနုတ်" သို့တိမ်းရှောင်လာကြသည်။ "ယိုနုတ်" တွင်နောက်လိုက်ဗိုလ်ပါမြောက်များစွာရှိသော ကရင် (ယန်လူမျိုး) ဘုရင်၏အုပ်ချုပ်မှုအရိပ်အဝါသအောက်တွင်နန်ချိုသားတို့ခိုလှုံခဲ့ကြသည်။ကရင်ဘုရင်က နန်ချိုစစ်ပြေးများကို မြို့ရွာများတည်ထောင်အခြေချနေထိုင်ခွင့်ပေးခဲ့သဖြင့်နန်ချိုသားများက မိန်းရွန့် ချင်းစဲန်း မိန်းလဲနှင့်မိန်းချန်းဖိုက်မြို့များကိုထူထောင်ပြီးအခြေချနေထိုင်ကြသည်။ နောက်ပိုင်းတွင် နန်ချိုစစ်ဘေးရှောင်များ၏လူဦးရေအင်အားသည်ဒေသခံကရင်(ယန်းလူမျိုး)ထက်များပြားလာသဖြင့် ပြည်ပိုင်လူမျိုးအဖြစ်တက်လှမ်းနိုင်ရန် မိမိတို့တည်ထောင်ထားသည့်မြို့တစ်မြို့ဖြစ်သော "ဝယန်ချန်း" (ဆင်မြို့) သို့ ကရင်ဘုရင်ကို ဖိတ်ခေါ်ခါ အရက်သေစာ ပျော်ပွဲရွှင်များဖြင့်ဧည့်ခံပြီးမြို့တံခါးကိုပိတ်ခါ သေကြောင်းကြံစီလိုက်သည်။

တောင်ငူ ကရင်ခေတ်တွင် တိုင်းလူမျိုးများရောက်ရှိခိုလှုံခြင်း

တောင်ငူ ကရင်ခေတ်တွင် တိုင်းလူမျိုးများရောက်ရှိခိုလှုံခြင်း

(ရတနကိုစင်ခေတ် တော်ဝင်ထိုင်းသမိုင်းသုတေသီ Phra Boriharng Phethani ပြုစုရေးသားသော ထိုင်းရာဇဝင်(Chronicle of Thai)စာအုပ်ပါ ရှေးဟောင်းထိုင်းလူမျိုးများဖြစ်ပေါ်လာပုံ" ကဏ္ဍမှ ချုပ်နှုတ်ထားသည်။)

ဗုဒ္ဓမတိုင်မီခေတ်ကာလတွင် လာအိုတိုင်းလူမျိုးများသည် တောဦးမြို့တော်တည်ရှိရာ ယန်း(ကရင်)ပြည်သို့ရွှေ့ပြောင်းရောက်ရှိလာကြသည်။ ယန်း(ကရင်)လူမျိုးတို့သည် အဆင့်မြင့်မြို့များကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၅၀ကတည်းကတည်ဆောက်ထားခဲ့ကြသည်။ ကရင်များသည် တောဦးသို့မပြောင်းရွှေ့လာခင်တွင် ကွမ်ကျိုးတောင်ပိုင်းဒေသ၌နောက်ဆုံးနေထိုင်ခဲ့ခြင်းဖြစ်သည်။ 
ကရင်များ ကွမ်ကျိုးမှပြောင်းရွှေ့လာပြီးနောက်ပိုင်း ဗုဒ္ဓသက္ကရာဇ် ၅၀ ခန့်တွင် တန်ခိုးထွားလာသော တရုတ်မင်းတို့၏ချိမ်းချောက်တိုက်ခိုက်မှုဘေးအန္တရယ်မှလွတ်ကင်းရန် ထိုင်းတိုင်းလူမျိုးတို့သည်ယန်စီမြစ်ဝှမ်းအလယ်ပိုင်းဒေသ ဇေချွမ်ရှိ ဖာ့ဘာမြို့ တော်မှ ထီးနန်းပိုင်နက်ကိုစွန့်ခွာပြီး တောဦးသို့ ရောက်ရှိခိုလှုံလာကြသည်။
ထိုခေတ်အစဉ်အလာအရလစ်လပ်သော ဒေသများတွင်အခြေချသူများမှာလွတ်လပ်စွာအခြေစိုက်နိုင်ကြုပြီး၊ အုပ်ချုပ်ရေးပိုင်ရှင်ရှိသောဒေသများတွင်အခြေချလျှင် ပိုင်ရှင်လူမျိုးစုပြည်သားများ၏ အုပ်ချုပ်မှုအောက်တွင်နေထိုင်ရသည်။ လာအိုတိုင်းနှင့် ထိုင်းတိုင်းလူမျိုးများသည် ကရင်ပြည်သို့ရောက်ရှိခိုလှုံသည့်လူဦးရေများစွာတိုးများလာသည်။ ၄င်းတို့သည် ကရင်ပြည်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အခါအားလျှော်စွာ ရရှိခဲ့ကြသည်။ ကရင့်အုပ်ချုပ်မှုနယ်မြေတွင် အခြေချခိုလှုံနေစဉ် တိုင်းလူမျိုးတို့သည် သံလွင်အရှေ့
ဖက်ကမ်းနှင့်မဲခေါင်မြစ်ရှိ လီဖီ လျှိုမျောင်ဒေသအပြင် ဖူနန်ဒေသကြီးသို့ ဦးတည်ရွှေ့ရှားခဲ့ကြသည်။ 

ကရင်နှင့်လာအိုလူမျိုးအကြောင်း-

ရတနကိုစင်မင်းဆက် (၄) ၏သား Krom Phara Narathip Praphanphong ပြုစုရေးသားသော "ဖမာ့"ရာဇဝင်နှင့် "ထိုင်းအမျိုးသား" စာအုပ် များမှ ကောက်နှုတ်သည့် ကရင်နှင့်လာအိုလူမျိုးအကြောင်း-

ကရင်လူမျိုးတို့ရွှေ့ပြောင်းလာသည့် တတိယလမ်းကြောင်းမှာ သံလွင်မြစ်နှင့် ကျောက်ဖရားမြစ်တို့ဖြစ်သည်။အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ ကမ္ဘောဒီးယားဒေသသို့ရောက်လာပြီးမှ မြောက်ပိုင်းသို့ပြန်တက်သွားကြခြင်းဖြစ်သည်။ ပအိုကရင်(တောင်သူ)တို့သည်ရှေးဟောင်းမူလ
လူမျိုးများအဖြစ်"စယမ် ဒေသ" "ခမာမြို့တော်" များ၊ မဲခေါင်မြစ်အောက်ပိုင်းဒေသ၊ လာအိုဒေသရှိကျန်ပါစပ်မြို့နှင့် ရှမ်းတို့၏ "လီဖိ"ခေါ်လျှိုမျောင်တစ်ထောင်ဒေသအထိကျော်ကြားသည်၊ ယူနန်ဒေသရှိ စစ်စောင်ပန်းနာတွင်နှစ်ပေါင်း ၃၀ကျော်သာသနာပြုခဲ့သော အမေရိကန်မစ်ရှင်နာရီ Dr. William Clifton Dodd ၏ ရေးသားဖော်ပြချက်အရ "ယွန်" ဆိုသည်မှာခရစ်သက္ကရာဇ်(၆)ရာစုတွင်တရုတ်ဒေသမှ ထိုင်းနှင့်လာအို တို့ပြောင်းရွှေ့ရောက်ရှိလာသော သံလွင်မြစ်အရှေ့ပိုင်းဒေသကိုခေါ်ဆိုသည့်အများသုံးအမည်ဖြစ်ကာ ထိုင်းလူမျိုးထက်အရင်ဆင်းလာသော လာအိုလူမျိုးများမရောက်ခင်ကတည်းက"ယန်း"ခေါ်ကရင်လူမျိုးများအခြေချနေထိုင်လျှက်ရှိပြီးသားဖြစ်သည်ဟုဖော်ပြထားသည်။ ယွန်းခေါ် ကရင်တို့၏ဌာနေကြီးမှာ သံလွင်မြစ်မှအစပြု၍မဲခေါင်မြစ်ကိုကျော်လွန်ခါ ခမာဒေသတောင်ပိုင်းအထိကြီးမားကျယ်ပြန့်ပြီး သာယာဝပြောလှသည်။ မြောက်ပိုင်းမှရွှေ့ပြောင်းလာသော လာအိုလူမျိုးများက ကရင်ဘုရင်ထံခစားရာတွင်ခိုလှုံခွင့်ရကြသည်။ အခြေချခွင့်ရပြီးနောက်နှစ်၅၀အတွင်းတွင် ယွန်ဒေသအတွင်း၌လာအိုလူမျိုးများကမြို့ရွာများစွာထူထောင်ကြသည်။ ခရစ်တော်မဖွားမှီ ၅၄၃ ခုနှစ်တွင်လာအိုလူမျိုးများနှင့်ယန်းကရင်လူမျိုးများအကြားစစ်ပွဲများစွာဖြစ်ပွားပြီးနောက် ကရင့်လက်မှ ယွန်းဒေသအားလာအိုတို့သိမ်းပိုက်ခဲ့ကြသည်။

အဂ္ဂဖိုးချစ်မှာကြား

ကရင်သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေကို ရှဲပေးကြတဲ့သူတွေအားလုံးကိုကရင်တမျိုးသားလုံးအစား ကျေးဇူးတင်ပါတယ်။ ကျနော့်အနေနဲ့ကရင်ဟာရှေးပဝေသနီခေတ်ကထွန်းကား(Civilized) ခဲ့ဘူးတဲ့လူမျိုးတစ်မျိုးဖြစ်ကြောင်းကို ဆက်နွယ်မှုရှိတဲ့အိမ်နီးချင်းနိုင်ငံသမိုင်းတွေထဲကနေ ဆက်လက်မွှေနှောက်ရှာဖွေဖော်ပြသွားမှာဖြစ်တယ်။ အဆိုပါဆက်နွယ်ရာအိမ်နီးချင်းနိုင်ငံတွေမရှိသေးတဲ့ကာလက အဖြစ်အပျက်တွေဖြစ်တာမို့ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား(ကျောက်စာ၊ပေစာ၊ သားရည်စာ၊ မြို့ဟောင်း၊ အသုံးအဆောင်ပစ္စည်းကရိယာ)စတာတွကိုမထောက်ပြနိုင်ပါဘူး။ ဘာသာဗေဒ၊ လူသားများပြောင်းရွှေ့မှုသမိုင်းနဲ့ ပထဝီဘာသာရပ်တွေကို အထောက်အကူယူရပါတယ်။ ဒဏ္ဍါရီ ဆန်လွန်းလို့ တကယ့်ကို မဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုလဲ တတ်နိုက်သမျှရှောင်ပါတယ်။ ကရင့်သမိုင်းကို Reliable ဖြစ်အောင်၊ ကမ္ဘာ့သမိုင်းTimeline  နဲ့အံဝင်အောင် ဖြည့်ဆည်းဖို့အတော်လေးလိုအပ်နေတာကိုတွေ့ရလို့ ကျိုးစားပြီးသုတေသနလုပ်နေတာဖြစ်ပါတယ်။ ကိုယ်ပိုင်တိုင်းပြည်ပျက်သုန်းခဲ့တာနှစ်ရာပေါင်းများစွာကြာခဲ့ပြီဖြစ်တာမို့ သုတေသနလုပ်ရတာကလည်း ပင်လယ်ထဲကျသွားတဲ့အပ်တချောင်းကိုရှာရသလိုဖြစ်ပါတယ်။ ကိုယ့်ဖာကိုယ်ကြိုက်သလိုရေးပြီးအတည်ပြဌာန်းဖို့ဆိုရင်လဲ အချုပ်အချာအာဏာမရှိရင်လုပ်လို့မရပါဘူး။ ပြင်ပစာပေစာအုပ်တွေအဖြစ်သာထုတ်ဝေလို့ရမှာဖြစ်တယ်။ အဲလိုအနေအထားမှာ နိုင်ငံတကာက လက်ခံတဲ့သမိုင်းမျိုးဖြစ်ဖို့ အိမ်နီးချင်းတွေနဲ့ ကိုယ့်နိုင်ငံကိုအုပ်ချုပ်ခဲ့ဘူးတဲ့နိုင်ငံတွေရဲ့မှတ်တမ်းမှတ်ရာတွေထဲကနေဆွဲထုတ်တင်ပြနိုင်ခြင်းဟာ တစ်ခုတည်းသောreliable အဖြစ်နိုင်ဆုံးအထောက်အထားဖြစ်တယ်။ ကရင်တမျိုးသားလုံးအတွက်ဘုံအရေးကြီးချက်ဖြစ်တာမို့ တဘက်နဲ့တဘက် ကွဲပြဲနေတဲ့ဘယ်ကရင်မဆိုကျနော့်ရဲ့ရှာဖွေတင်ပြချက်တွေကို ကရင်တမျိုးသားလုံးသိရှိစေရန်ဝိုင်းဝန်းဖြန့်ချီဖို့မေတ္တာရပ်ခံပါတယ်။ ကျနော့်ကို reference အဖြစ်ထားချင်ရင်ထားနိုင်ပေမဲ့  
Source အဖြစ်ကျနော်ဖော်ပြထားတဲ့ sources တွေကိုသုံးရင်ပိုပြီး ယုံကြည်စရာဖြစ်ပါတယ်။ အမျိုးသားတိုးတက်ရေးနဲ့အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးအတွက် အထောက်အကူဖြစ်စေတာမို့ တတ်အားသမျှဝိုင်းဝန်းဖြန့်ချီကြလိမ္မယ်လို့မျှော်လင့်ထားပါတယ်။ ကျနော်ဆက်လုပ်နိုင်ဖို့ ကြီးမားတဲ့စိတ်ဓာတ်ခွန်အားဖြင့်ဖေးမခြင်းလို့လဲအသိအမှတ်ပြုပါတယ်။

မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့

မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့

  မော်လမြိုင်ကို အေဒီ ၃၀တွင်ကရင်က "ထာဝေ" (သို့)"ဃိုထာဝေ" ဟုခေါ်ပြီးမွန်က "မို့မွာလို"ဟုခေါ်။(မြို့ထူထောင်သောပထမဘုရင်ကိုအကြောင်းပြု၍ရှေးမွန်ဘာသာဖြင့်မျက်စိတစ်လုံးဟုအဓိပ္ပါယ်ရသော  (one-eyed) မြို့ဟုလည်းခေါ်သည်။) နောက်ပိုင်းတွင်မြို့ပျက်တောဖြစ်သွားပြီးနှစ်များစွာကြာသောအခါ ကရင်များတဖန်လာရောက်နေထိုင်ကာ"မော်လမွဲ" ဟုခေါ်သည်။ "မော်လမွဲခေါ်ဃိုထာဝေ"၏မြောက်ဘက်တွင်ဒူးသထူ (သထုံ) မွန်မြို့ရှိသည်။အရှေ့ဘက်တွင်ယိုးဒယားပြည်ရှိပြီးအနောက်ဘက်တွင်မုတ္တမပင်လယ်ကွေ့ရှိသည်။
ဃိုတာဝေမြို့ကိုထူထောင်သူမှာမွေးရာပါမျက်လုံး၃လုံးရှိသော ကရင်မျိုးရိုးဖြစ်သူ "ဃိုတာဒဲ" ဘုရင် ဖြစ်သည်။ သူ့ကိုဘယ်အိမ်နီးချင်းနိုင်ငံကမှစစ်ပြုတိုက်ခိုက်အနိုင်ယူနိုင်ခြင်းမရှိပေ။ စစ်ရေးစစ်ရာတွင်ရန်သူနင်းလာမည့်အကွက်ကိုသူမတူအောင်မှန်ကန်စွာကြိုတင်တွက်ဆနိုင်စွမ်းရှိသဖြင့်လည်းကောင်း တတိယမျက်လုံးရှိသဖြင့်လည်းကောင်း ဒိပ္ပစက္ခုရှိသောဘုရင်ဟုနာမည်ကျော်ခဲ့သည်။.........

  ၁၀၅၀တွင် အနော်ရထာ ပိဋက၃ပုံလိုချင်သဖြင့် မော်လမြိုင်ကိုမွန်ဘုရင်မနူဟာလက်မှတိုက်ယူသည်။ ပခူး သထုံ မုတ္တမ မော်လမြိုင်ကိုပါသိမ်းပိုက်သည်။ အေဒီ ၁၂၈၇တွင် မွန်မင်းတပါးဖြစ်လာသော မုတ္တမအနီးရှိ ကရင်တို့နေထိုင်ရာ"ဒူးအူ" မြို့သား ရှမ်း-ကရင်ကပ်ပြား မဂ္ဂဒူးက အနော်ရထာမင်းအာဏာအပ်နှင်းထားသည့် အဆိုပါမြို့ရှိမြို့စားအားလုံးကိုသတ်ဖြတ်ပြီး မုတ္တမကိုမြို့တော်တည်ကာနန်းတက်အုပ်စိုးသည်။မဂ္ဂဒူးကို ဝါရီယူးမင်းဟုလည်းခေါ်တွင်သည်။ အေဒီ၁၅၃၉နောက်ပိုင်းတွင် နောက်တက်လာသောမွန်မျိုးရိုးဖြစ်သည့်မင်းများကမြို့တော်ကို ပဲခူးသို့ပြောင်းရွှေ့သည်။ ပဲခူးနောက်ဆုံးဘုရင်မှာ မွန်လူမျိုးတကရူပီဖြစ်သည်။...........

မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း

မွန်နှင့်ရှမ်း သမိုင်းထဲမှ ကရင်တို့ ဆင်းသက်လာပုံအကြောင်း
---------------------------------------
ကရင်လူမျိုးသည် ရှေးဦးရှမ်းမျိုး(၃၀)တွင်ပါဝင်သည်။ပါဠိစာဖြင့် ကိရာတ ဟုရေးသားရာမှကရဖြစ်လာသည်။ အဘိဓာန်နိသျှသစ်တွင် ကရတ ကရင်ဟုရေးသားသည်။
သထုံပြည်ကိုကမ္ဘာဦးခေတ်က ရာမညရဋ္ဌ-သုဝဏ္ဏဘူမိ သုဓမ္မ၀တီ သထုံပြည်ဟုခေါ်တွင်ခဲ့သည်။
ဂေါတမဗုဒ္ဓမတိုင်မီ နှစ်(၅၀) ခန့် တွင်မူထို သုဝဏ္ဏဘူမိတိုင်းကို ကရဏ္ဏကတိုင်းဟုခေါ်သည်။
ကရဏ္ဏကတိုင်း သုဘိန္နမြို့ ၌ တိဿသက္ကရာဇာ မင်းကြီးနှင့် သီရိကပ္ပါဒေ၀ီ
မိဘုရားကြီးတို့ ထီးနန်းစံခဲ့သည်။ ကရဏ္ဏကတိုင်းသား တို့ တွင်ပင်လယ်ရေကြောင်းမှသဘောင်္ဖြင့် သွားလာကုန်ကူးကြသောကုန်သည်များရှိခဲ့သည်။

့မြန်မာကရင်-

ပြည်မြို့ အနောက်ဖက်ဧရာဝတီမြစ်ကမ်းတလျှောက်နှင့်သံတွဲတောင်စဉ် (၇)ခရိုင်တွင်နေထိုင်ခဲ့ဘူးသော ကမ်းယံလူမျိုးမှ ဆင်းသက်ပေါက်ပွားလာသောကရင်
လူမျိုးစုကို မြန်မာကရင်ဟုခေါ်သည်။ နောက်ကာလများတွင် စကောကရင်ဟုခေါ်တွင်ပြန်သည်။

မွန်ကရင်-

ထိုအချိန်က ကရဏ္ဏကတိုင်းရှိမြေပြန့် သားများကိုမွန်ဟုခေါ်ပြီးတောတောင်ဒေသသားများကိုကရဏ်ဟုခေါ်သည်။
ကရဏ်မှ ကရင်ဖြစ်လာသည်။
( စာပြင်သူမှတ်ချက်-ထိုင်းနိုင်ငံအနောက်ပိုင်း တပ်ခရိုင်နှင့်
ကန်ချနဘူရီခရိုင်အတွင်း မှ ကရင်လူမျိုးအစုတချို့ ကိုလက်ရှိထိုင်းမီဒီယာများတွင် ကရဏ်ဟု ခေါ်ဆဲဖြစ်သည်။
ကရင်အားလုံးကိုမူ ထိုင်းဘာသာဖြင့် ကရယန်(Karian)ဟုခေါ်သည်။တရုတ်၊ ရှမ်းနှင့်မြောက်ပိုင်းထိုင်က ကရင်ကို "ယန်း"ဟုခေါ်သည်။
မွန်နှင့်နီးစပ်သဖြင့် တလိုင်း(မွန်)ကရင်ဟုသတ်မှတ်ခြင်းဖြစ်သည်။
နောက်ကာလများတွင် ပိုးကရင်ဟု ခေါ်ကြသည်။

ဘေသလေဟန်(ဗက်လင်မြို့) အကြောင်းသိကောင်းစရာများ။

ဘေသလေဟန်(ဗက်လင်မြို့) အကြောင်းသိကောင်းစရာများ။

ဘေသလေဟန်(Bethlehem) အင်္ဂလိပ်ဘာသာဖြစ်သည်။ မြန်မာက"ဗက်လင်"ဟုခေါ်သည်။ မူရင်းနာမယ်မှာအာရပ်ဘာသာ Bayta Lahm ဖြစ်ပြီး ဟီဘရူး(ဂျူး) ဘာသာဖြင့် Betlehem ဟုခေါ်သည်။ အဓိပ္ပါယ်မှာ "ပေါင်မုံ့အိမ်"
( House of Bread )ဖြစ်သည်။
လက်ရှိတည်နေရာမှာပါလက်စတိုင်းဖြစ်သည်။ လက်ရှိအုပ်ချုပ်ရေးမှာ ပါလက်စတိုင်း ဗက်လင် မြူနီစီပယ်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။လက်ရှိ မြူနီစီပယ်ဝန်ကြီးနာမယ်မှာAnton Salmanဖြစ်သည်။
လူဦးရေမှာ၂၅၂၆၆ (၂၀၀၇ခုနှစ်)
နေထိုင်သောလက်ရှိလူမျိုးများကိုအသားအရောင်ဖြင့်ပိုင်းခြားသတ်မှတ်သည်။ ၇၉.၃၃%မှာလူဖြူများ၊ ၆.၃၇%မှာ အမေရိကန်လူမဲများ၊ ၂.၇၅%မှာအာရှသားများဖြစ်သည်။၁၈၇၀ ခုနှစ်စာရင်းအရလူမျိုးများမှာ (လူဦးရေအများဆုံးမှအနဲဆုံးသို့) မူစလင်, လက်တင်,ဂရိစ်နှင့် အာမေးနီးယန်းလူမျိုးများဖြစ်ကြသည်။
ကိုးကွယ်သည့်ဘာသာများမှာခရစ်ယန် ၄၆.၁% ( ၁၉၆၇ ခုနှစ်), မူစလင် ၅၃.၉ဖြစ်သည်။
ပညာရေးတွင်ပါလက်စတိုင်းအမျိုးသားပညာရေးဝန်ကြီးဌာနကဖွင့်ထားသည့်ကျောင်း ၁၀၀,ကုလသမဂ္ဂ၏ UNRWA ကဖွင့်ထားသည့်ကျောင်း ၇ကျောင်း နှင့်ပုဂ္ဂလိကကျာင်း ၂၈ကျောင်းရှိသည်။ ၁၉၉၇ စစ်တမ်းအရ အသက်၁၀နှစ်ကျော်ကလေးအားလုံး စာတတ်မြောက်သည်။ ဘေသလေဟန် တက္ကသိုလ်ကိုကက်သလစ်ဘာသာရေးအဖွဲ့အစည်းက ၁၉၇၃ခုနှစ်တွင်ထူထောင်ထားခဲ့သည်။ဘေသလေဟန်၏အဓိကစီးပွားရေးမှာ ခရစ်ယန်သာသနာဆိုင်ရာကမ္ဘာ့အလယ်အပတ်လုပ်ငန်းဖြစ်သည်။

ကရင့်ဇစ်မြစ်မဟုတ်သော ကာရေလာ- ကာရိုက် လူမျိုးအကြောင်း---

ကရင့်ဇစ်မြစ်မဟုတ်သော ကာရေလာ- ကာရိုက် လူမျိုးအကြောင်း---

Karaylar-Karaites
Karait ခေါ် Karaylar-Karaites ခေါ် Crimean Karaites  ခေါ် Qarays လူမျိုးသည်  လက်ရှိကာလ၌ ပင်လယ်နက်ဒေသတဝိုက်ရှိ ယူကရိန်း၊ ခရိုင်းမီးယား၊ အစ္စရေး၊လစ်သူနီးယားနှင့် ပိုလန် နိုင်ငံများတွင်စုစုပေါင်းလူဦးရေငါးသောင်း( ၅၀၀၀၀)ခန့်ကျန်ရှိနေသောရှေးဟောင်းလူမျိုးတမျိုးဖြစ်သည်။  ကော့ကေးရှန်းလူ့မျိုးနွယ်စုမှလာသော တူရကီအနွယ်တခုဖြစ်သည့် 
Kipchak ဘာသာစကားအုပ်စုတွင်ပါဝင်သည်။ မွန်ဂိုလ်တို့ကြီးစိုးသောခေတ်တွင် ယင်း Kipchak ဘသာစာပေကိုတာတာ မွန်ဂိုလ်လူမျိုးပိုင်အဖြစ်သတ်မှတ်အသုံးပြုသည်။ နာဇီခေတ်တွင်ဂျာမန်သိမ်းပိုက်ထားသောဥရောပနိုင်ငံများရှိ Karaylar-Karaites ခရစ်ယန်ဘာသာဝင်များအား ဂျုးလူမျိုးစုတစုအဖြစ်မှားယွင်းသတ်မှတ်ခါ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်သည်။ Karaylar-Karaitesတစ်မျိုးလုံးသည် တခြားဥရောပလူမျိုးများထက်စောစီးစွာ ဂျူးဒစ် ခရစ်ယန်ဘာသာကိုသက်ဝင်ယုံကြည်လာကြသည့်လူမျိုးဖြစ်သည်။Karaylar-Karaitesနှင့်မျိုးရိုးနီးစပ်သော တခြားတူရကီ အနွယ်ဝင်ဖြစ်သည့် တရုပ်ပြည်ရှိ လူဦးရေ ၁၀သန်းကျော်သောအင်္ဂလိပ်အခေါ် "အွီဂါ"(Uyghur) တရုတ်အခေါ် "ဝိန်းဝါ့တ်ရ်"လူမျိုးတို့မှာမူ အစ္စလမ်ဘာသာဝင်ဖြစ်သွားကြသည်။

ပထမဗမာ့လွတ်လပ်ရေးနေ့အကြောင်းတစောင်းတစေ့...

ပထမဗမာ့လွတ်လပ်ရေးနေ့အကြောင်းတစောင်းတစေ့...

ဇန္နဝါရီလ ၄ရက်နေ့သည် (၇၂)ကြိမ်မြောက် ဒုတိယဗမာ့လွတ်လပ်ရေးနေ့ဖြစ်သည်။ ပထမဗမာ့လွတ်လပ်ရေးမှာမူ ၁၉၄၃ ဩဂုတ်လ ၁ရက်နေ့ဖြစ်သည်။ လွတ်လပ်ရေးခေါင်းဆောင်မှာ ဒေါက်တာဘမော်ဖြစ်သည်။ ဒေါက်တာဘမော်ကို အင်္ဂလိပ်အစိုးရကဗမာပြည်ကိုအင်းဒီးယားမှခွဲထုတ်သော ( ၁၉၃၇ ) ခုနှစ်မှစ၍ အင်္ဂလိပ်ဘုရင်ခံလက်ထောက် ဗမာပြည်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ ဆရာစံအမှုကိုရှေ့နေလိုက်ခဲ့စဉ်က မအောင်မြင်သဖြင့် အင်္ဂလိပ်အစိုးရကိုညိုညင်နေသူဖြစ်သော်လည်း အင်္ဂလန်တက္ကသိုလ်များမှရှေ့နေဘွဲ့နှင့်ပါရဂူဘွဲ့များရရှိခဲ့သည့်ထူးချွန်သူဖြစ်သဖြင့်အင်္ဂလိပ်က ဝန်ကြီးချုပ်ရာထူးကို ၁၉၃၇တွင်အပ်နှင်းခဲ့ခြင်းဖြစ်သည်။သို့သော် အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးကိုဆန့်ကျင်သောတရားဟောပြောမှုများ၊ အင်္ဂလိပ်ဆန့်ကျင်သောဗမာမျိုးချစ်လူငယ် များကိုအားပေးမှုများကြောင့် ၁၉၃၉တွင်ရာထူးပြုတ်ခါ မိုးကုတ်ထောင်တွင်အကျဉ်းချထားခြင်းခံရသည်။
 အင်းဒီးယား၊ ဗမာပြည်နှင့်အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများအားအင်္ဂလိပ်နှင့်ပြင်သစ်လက်အောက်မှဆွဲထုတ်ရေးစီမံချက်အရ ၁၉၄၀ ဇွန်လ ၁၂ရက်နေ့တွင် ဂျပန်က ထိုင်းအစိုးရနှင့် စစ်ရေးမဟာမိတ်စာချုပ်ကိုတိုကျိုတွင်လက်မှတ်ထိုးခဲ့သည်။ ထိုစာချုပ်နှင့်ဂျပန့်ရာဇသံပေးမှုအရ ပြင်သစ်ခွဲထုတ်သွားသောလောနိုင်ငံနှင့်ကမ္ဘောဒီးယားအရှေ့ဘက်ခြမ်းတိုင်းဒေသကြီးများကို ပြင်သစ်က ထိုင်းနိုင်ငံအားပြန်လည်လွှဲအပ်လိုက်ရသည်။ သံလွင်အရှေ့ဘက်ခြမ်း ကျိုင်းတုံဒေသနှင့်ကရင်နီပြည်များကိုမူ အင်္ဂလိပ်ကထိုင်းအားပြန်မလွဲအပ်ပေ။

,မြန်မာပြည်ဒုတိယလွတ်လပ်ရေးနောက်ခံကျောရိုးဖြစ်စဉ်များ....

,မြန်မာပြည်ဒုတိယလွတ်လပ်ရေးနောက်ခံကျောရိုးဖြစ်စဉ်များ....

ဂျပန်ပေးသည့်၁၉၄၂ သြဂုတ်လ ၁ရက်ဗမာ့လွတ်လပ်ရေးအရထွက်ပေါ်လာသည့် ဗမာပြည်(ဘိရုမာကုကိ)၏ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အဓိပဓိ ဒေါက်တာဘမော်အစိုးရခေတ်တွင်ဂျပန့်"နာမိကီကန်" စစ်အောင်နိုင်ရေးသေနင်္ဂဗြူဟာအရ ဂျပန်စစ်ထောက်လှမ်းရေးဌာနတာဝန်ခံ ဗိုလ်မှုးချုပ် စူဇူကီး ထူထောင်အုပ်ချုပ်ခဲ့သည့် BIA တပ်ကို ဗမာ့အမျိုးသားတပ်မတော် BNA အဖြစ်ပြောင်းလဲဖွဲ့စည်းခါ ဗမာပြည်ပိုင်တပ်မတော်အဖြစ် ဂျပန်ဘုရင့်အစိုးရကလွှဲပြောင်းပေးခဲ့သည်။အစိုးရအာဏာနှင့်ဗမာပြ ည်ကိုလွှဲပေးလိုက်ရသည့် ဒေါက်တာဘမော်ကိုစိတ်ချစရာအကြာင်းမရှိသဖြင့်ဗိုလ်အောင်ဆန်းအားစစ်တပ်အာဏာခွဲထားပေးခါ ဂျပန်က ၂ဘက်လုံးကို စစ်တုရင်နည်းအရ"ခွချက်" လုပ်ထားခြင်းဖြစ်သည်။ ဤနည်းနားကို နိုင်ငံရေးသိပ္ပံပညာက " Check & Balance" ဟုခေါ်ဆိုသည်။

BNAကိုဘက်ပြောင်းစေသည့် ဂျပန်စစ်ရေး ဆက်တိုက်အရေးနိမ့်မှု အဆင့်ဆင့် အ ချိန်မျဉ်း(Timeline ) 

-၁၉၄၂ဇန္နဝါရီလတွင် အဂ်လိပ်က ဂျပန့်လက်အောက်မှမြန်မာပြည်ကိုပြန်သိမ်းမည့် Burma Campaign စစ်ဆင်ရေးကိုစတင်သည်။
-၁၉၄၃ စက်တင်ဘာ ၃ရက်တွင်
ဝင်ရိုးတန်း (Axis) ကြီး ၃ကြီးနိုင်ငံဖြစ်သော အီတလီလက်နက်ချအရှုံးပေးသည်။
-၁၉၄၄ မတ်လတွင် အိန္ဒရိယနိုင်ငံ မီဇိုရမ်(အင်းဒီးယားချင်း)ပြည်နယ် အင်ဖာလ်မြို့တိုက်ပွဲတွင် ဂျပန်ကအင်္ဂလိပ်ကိုအပြတ်အသတ်အသတ်ရှုံးသည်။အဆိုပါတိုက်ပွဲသည် တိုက်တိုင်းအောင်ဂျပန့်တပ်မတော်ကိုပွဲတိုင်းရှူံးအနေအထားသို့ပြောင်းပြန်လှန်လိုက်သည့် ၁၈၀ဒီဂရီ "ဂငယ်ကွေ့" (U-Turn) ဖြစ်သည်။ 
-၁၉၄၄ ဇူလိုင်လတွင် ဂျပန်နှင့်စစ်မဟာမိတ်စာချုပ်လက်မှတ်ထိုးထားသည့်မြန်မာ့မိတ်ဆွေနိုင်ငံ ထိုင်းစစ်အစိုးရပြုတ်ကျပြီး ဂျပန်ကိုဆန့်ကျင်သည့် Free Thai မြေအောက်တော်လှန်ရေးအင်အားစုက ထိုင်းနိုင်ငံ၏အရပ်သားအစိုးရဖြစ်လာသည်တွင် အမေရိကန်၊ အင်္ဂလန်နိုင်ငံတို့ကထိုင်းနိုင်ငံအား မဟာမိတ်အဖြစ်ပြောင်းလဲအသိအမှတ်ပြုသည်။
-၁၉၄၄ဩဂုတ်လ၂၅ တွင်အမေရိကန်က ပြင်သစ်ကိုဂျာမန်လက်မှသိမ်းပိုက်သည်။ 
-ဗြိတိသျှက ဘားမားကန်ပိန်း ခေါ်မြန်မာပြည်ပြန်လည်သိမ်းပိုက်ရေးထိုးစစ်ကို ၁၉၄၄ နိုဝင်ဘာလတွင်စတင်သည်။