Friday, June 19, 2020

Muyeapae is not Suphankalyar မူယယ်ဖဲ သည် စူဖန်းကလျာမဟုတ်သော အထောက်အထားများ..

Muyeapae is not Suphankalyar

မူယယ်ဖဲ သည် စူဖန်းကလျာမဟုတ်သော အထောက်အထားများ..

 မူယယ်ဖဲ ပရိုဖိုင်း...
၁။ ကရင်သမိုင်းဆရာတစ်ချို့က "မူယယ်ဖဲ" အကြောင်းကို စယမ် (ယခု-ထိုင်း) ရာမာ(၅)ကျူလာလောင်ကောင်မင်းလက်ထက်ကအဖြစ်အပျက်တစ်ခုဟုဖော်ပြထားသည်။ 
၂။ ရာမာ (၅)၏ အမည်ကို "ဖားကျော်လာကျော"(Par Chu lar Chaw) ဟု မူယယ်ဖဲသမိုင်းတွင်ကရင်မှုပြုထားသည်။ 
ခရစ်ယန်ကျန်းစာကို ကရင်ဘာသာသို့ပြန်ဆိုရာတွင် ကျန်းစာပါလူပုဂ္ဂိုလ်များ၏နာမယ်အားလုံးကို ကရင်မှုပြုထားသည့်နည်းအတိုင်းဖြစ်သည်။
၃။ ကရင်အခေါ်ဘုရင် "ဖားကျူလာကျော" သည် ရတနကိုစင် ဘန်ကောက်ခေတ် စယမ်ဘုရင် "ကျူလာလောင်ကောင်" ဖြစ်သည်။
၎။ "ကျူလာလောင်ကောင်" ၏ သက်တမ်းသည်  ၁၈၅၃မှ ၁၉၁၀ဖြစ်သည်။
၅။ "ကျူလာလောင်ကောင်"သည် မိဘုရား ၁၅၂ ဦးရှိပြီးထိုင်းရာဇဝင်တွင် မိဘုရားအများဆုံးဖြစ်သည်။ မိဘုရားတစ်ဦးစီ၏အကြောင်းသမိုင်းမှတ်တမ်းမရှိသဖြင့်မူယယ်ဖဲသည် ဘယ်နှစ်ယောက်မြောက်ဖြစ်သည်ဆိုသည်ကိုမသိနိုင်ပေ။

စူဖန်းကလျာ ပရိုဖိုင်း
၁။ "စူဖန်းကလျာ" သည်မြန်မာဘာသာဖြင့်"ဗြဣန္ဒဒေဝီ" ဖြစ်သည်။ 
၂။ သူမ၏ သက်တမ်းမှာ ၁၅၆၇ မှ ၁၅၈၁အထိဖြစ်ပြီး ဖိစနလို့ မင်း "မဟာဓမ္မရာဇာ"(Maha Thammaracha) နှင့် မိဘုရားကြီး "ဝိစွတ်ကစာတ်"
(Wisutkasat) ၏ သမီးကြီးဖြစ်သကဲ့သို့ နောင်တွင် သူရဲခေါင်းမင်းတဆူဖြစ်လာသော "နရေစွမ်" (Naresuan the great)၏ အမကြီးလဲဖြစ်သည်။ "နရေစွမ်"ကို မြန်မာသမိုင်းတွင် "ဗြတ်နရာဇ်" ဟုခေါ်သည်။
၃။ စူဖန်းကလျာ၏ အဖိုးမှာ စူခိုးထိုင်းအင်ပါယာပြည့်ရှင် "မဟာ ဧကရာဇ်မင်း" (Maha Chakkraphat) ဖြစ်သည်။
၎။ ဘုရင့်နောင်က အယုဒ္ဒယကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ၁၅၆၄ တွင် စူဖန်းကလျာ၏ ခမည်းတော် "မဟာဓမ္မရာဇာ"(Maha Thammaracha) ကို အယုဒ္ဒဘုရင်အဖြစ်ခတ့်အပ်တင်မြှောက်သည်။ 
၅။ ၁၅၇၁ တွင် အသက် ၁၇နှစ်ရှိ"စူဖန်းကလျာ" ကို ဘုရင့်နောင်မင်းက မိဘုရားတဦးအဖြစ်တင်မြှောက်ပြီး တံဆာခံအဖြစ်ပဲခူးနေပြည်တော်တွင်ခြေချုပ်ထားသော " ဗြတ်နရာဇ်မင်းသား"ကို အယုဒ္ဒယသို့ပြန်ခွင့်ပေးလိုက်သည်။

ထိုင်း- မြန်မာနယ်နိမိတ် ခေတ်စဉ်ပြောင်းလဲမှုဆက် စပ်သမိုင်းရှင်းလင်းချက်..

ထိုင်း- မြန်မာနယ်နိမိတ် ခေတ်စဉ်ပြောင်းလဲမှုဆက် စပ်သမိုင်းရှင်းလင်းချက်..
(ရှမ်းညီနောင်များအထူးဖတ်ရှုသင့်သည်)

*ထိုင်း-မြန်မာ ဆက်စပ်သမိုင်းများကိုရေးသားဖော်ပြကြရာတွင်လက်ရှိ ထိုင်းမြေပုံနှင့်လက်ရှိမြန်မာမြေပုံကိုသုံးလေ့ရှိကြသည်။ သို့ဖြစ်၍ ဖော်ပြပါသမိုင်းအဖြစ်အပျက်များဖြစ်ပျက်သည့်ကာလတွင် ထိုင်းနှင့်မြန်မာပြည်၏တည်နေရာ၊ အကျယ်အဝန်း၊ နယ်နိမိတ်များ လက်ရှိကာလနှင့်အ
လွန်ကွာခြားသည်ကို အတွေးမပေါက်တတ်ကြပေ။  

ဗမာထီးနန်းပိုင်နယ်မြေအင်ပါယာတန်ခိုးထွားခဲ့သောရာစုနှစ်များတွင် ဗမာပြည်သည် လက်ရှိနယ်နိမိတ်ကိုကျော်သော လက်ရှိအင်ဒီးယားအနောက်မြောက်ပိုင်း၊ လက်ရှိ ယူနန်တိုင်းဒေသကြီး၊ လက်ရှိလာအိုပြည်နှင့်လက်ရှိထိုင်းနိုင်ငံများကိုပိုင်ဆိုင်ခဲ့သည်။

ထို့နည်းတူ ထိုင်းမျိုးနွယ်စုထီးနန်းပိုင်နယ်မြေအင်ပါယာတန်ခိုးထွားခဲ့သောရာစုနှစ်များတွင် လက်ရှိအင်းဒီးယားအနောက်မြောက်ပိုင်းဒေသများမှ အရှေ့ကမ္ဘောဒီးယားအထိအင်ပါယာကျယ်ပြန့်ခဲ့ကြသည်။ တချို့မှာဗမာကပိုင်ဆိုင်ခဲ့သောဒေသများဖြစ်သည်။

တနည်းအားဖြင့် ခင်းကျင်းပြသရမည်ဆိုလျှင်မြန်မာအင်ပိုင်ယာကျယ်ပြန့်လာသောကာလများတွင် ထိုင်းအင်ပါယာများ ကျဉ်းမျောင်းသေးသိမ်သွားပြီး ထိုင်းအင်ပါယာကျယ်ပြန့်လာသောခေတ်ကာလများတွင် မြန်မာအင်ပါယာကျဉ်းမျောင်းသွားခြင်းနှင့် ပျက်သုန်းပျောက်ကွယ်သွားခြင်းများမှာ ချိန်ခွင်လျှာသဖွယ်ဖြစ်နေခဲ့သည်။ ကွာခြားချက်မှာ ကုန်းဘောင်ခေတ်တွင် မြန်မာက ဥရောပနိုင်ငံဖြစ်သောအင်္ဂလိပ်၏ ကွင်းလုံးကျွတ်သိမ်းပိုက်ခံခဲ့ရသော်လည်း ထိုင်းနိုင်ငံမှာမူ ထိုင်းကိုလွှမ်းမိုးသိမ်းပိုက်ရန်စတင်ကျိုးပမ်းသည့်ပြင်သစ် အင်အားစုများကို ၁၆ရာစုနှောင်းပိုင်းကတည်းက၄င်းတို့၏ ပြည်တွင်းကိုယ်ပိုင်အင်အားဖြင့် အပြီးအပိုင်တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

တခေတ်ပြောင်းတိုင်းတကြိမ်လိုက်ပြောင်းလေ့ရှိသည့် ထိုင်း-မြန်မာနယ်နိမိတ်အပြောင်းအလဲကိုဖြစ်ပေါ်စေသော နိုင်ငံ၂ခုလုံး၏ အင်ပါယာအကျယ်အဝန်းပြောင်းလဲမှုသမိုင်းမှတ်တမ်းကို စာရေးသူက တကူးတက လှန်လှောရှာဖွေ စစ်ထုတ်ခါ မျှဝေလိုက်ခြင်းအတွက် ကျေးဇူးတင်ရန်မလိုပါ။ အစအဆုံးသေသေချာချာဖတ်ပြီးစဉ်းစားသုံးသပ်ရန်သာလိုအပ်သည်။ ဤမှတ်တမ်းသည် ၂နိုင်ငံလုံး၏ ကိုယ့်ငါးချဉ်ကိုယ်ချဉ် အမျိုးသားဝါဒဖြန့်ချီရေးသမိုင်းများကိုဘေးချိတ်ပြီး ကမ္ဘာ့ သမိုင်းအမြင်ဖြင့်ရေးသားခြင်းဖြစ်ရာ ခုနှစ်သက္ကရာဇ်များသည် ဝါဒဖြန့်သမိုင်းများကဲ့သို့ လွန်ကဲစွာတိကျခြင်းမရှိသည်ကိုသတိပြုရန်လဲလိုအပ်မည်ဖြစ်သည်၊

မြန်မာ့သမိုင်းတွင်ဇောက်ထိုးလုပ်ထားသည့်အချက်ကြီးတစ်ခု

မြန်မာ့သမိုင်းတွင်ဇောက်ထိုးလုပ်ထားသည့်အချက်ကြီးတစ်ခု

မြန်မာအစိုးရအဆက်ဆက်က အမျိုးသားဝါဖြန့်ချီရေးအဓိကကရိယာအဖြစ် ပြဌာန်းသောမြန်မာ့သမိုင်းသည် မြန်မာလူထုအတွင်း၌သာမက မြန်မာအစိုးရကိုဆန့်ကျင်သည့် လူမျိုးစုခေါင်းဆောင်များ၏အတွေးအခေါ်များအတွင်းသို့ပါ လှို က်စားနေသည်ကိုသတိထားမိသည်။

နမူနာအားဖြင့် ဂျပန်- အင်္ဂလိပ် စစ်ပွဲတွင် ဘီအိုင်အေ၏ အခန်းကဏ္ဍကို ဖြစ်ရှိခဲ့သောဖြစ်ရပ်မှန်၊ အခြေအနေမှန်ထက် အလွန်ဝေးလန်မြင့်မားစွာ တန်ဖိုးမြှင့်တင်ထားကြသဖြင့် ဘီအိုင်အေမပါလျှင်ဂျပန်က အင်္ဂလိပ်ကိုမနိုင်နိုင်၍ပင် နောင်လာနောက်သားပြည်သူများက အထင်အမြင်တက်တက်စင်အောင်မှားယွင်းကုန်ကြသည်။ ငါးထောင်တန်ကို ငါးသောင်းတန်ဟု ထင်မြင်နေကြသည့် မူးယစ်မှုများနှင့်သာလျှင်တူနေတော့သည်။

ဘီအိုင်အေ၏သမိုင်းတန်ဖိုးကိုမှန်မှန်ကန်ကန်တိုင်းတာသိရှိလိုလျှင် စစ်ပွဲအတွင်းရန်ဘက်၂ဘက်၏ အင်အားအနေအထားနှင့် ၂ဘက်လုံးတွင်ပါဝင်ပူးပေါင်းသော အရံအင်အားများ၏ အရွယ်အစားပမာဏကို အဓိကသိရှိရန်လိုအပ်သည်။ ဤအရေးကြီးဆုံးသောအချက်ကို ထည့်သွင်းစဉ်းစားနိုင်သည့် အသိညာဏ်များကို မြန်မာသမိုင်းလေ့လာသူများက အဆုံးရှုံးခံ၍မရပါ။

ဗမာပြည်ရှိအင်္ဂလိပ်များကိုဂျပန်ကစီးနင်းတိုက်ခိုက်ရာတွင် ဂျပန်က အဓိကဖြစ်ပြီး ထိုင်းကျားတပ်မတော်က ဒုတိယဖြစ်သည်။ 

ဂျပန်တပ်အင်အားမှာ ဒုဗိုလ်ချုပ်ကြီး Shōjirō Iida ဦးဆောင်သည့် ဂျပန့်အင်ပါယာတပ်မတော် အင်အား ၈၅,၀၀၀ နှင့် ဗိုလ်မိုးကြိုးခေါ်ဗိုလ်ချုပ် Suzuki Keiji ဖွဲ့စည်းဦးဆောင်သည့် ဂျပန်စစ်သားများဖြင့်အဓိကဖွဲ့စည်းသည့်ဘီအိုင်အေတပ်မတော်အင်အား ၁၂,၀၀၀ ဖြစ်သည်။ သို့ဖြစ်၍ 
*ဂျပန့်တပ်အင်အား စုစုပေါင်း ၉၇,၀၀၀ ဖြစ်သည်။

မပိရိသောသမိုင်းလှည့်ကွက်လေးတစ်ခု----

မပိရိသောသမိုင်းလှည့်ကွက်လေးတစ်ခု----

ဂျပန်က၁၉၄၁ ဒီဇင်ဘာလ ၈ရက်တွင် အမေရိကန်နှင့် အင်္ဂလိပ်ကို စစ်ကျေညာသည်။Hiko Sentai (FR) Mitsubishi Ki-21ခေါ်ဂျပန်ဗုံးကျဲလေယဉ်များသည် ဘန်ကောက် ဒေါင်းမွန်လေဆိပ်မှထွက်ခါ ၁၉၄၂ဇန္နဝါရီလ၁၉ရက်ကမိမိတို့သိမ်းပိုက်ထားသောထားဝယ်နှင့်မြိတ်ရှိ လေယဉ်ကွင်းသုံးကွင်းတွင်စခန်းချသည်။ ထိုမှတဆင့် ရန်ကုန်၊ တောင်ငူနှင့်မန္တလေးမြို့တို့အပေါ်ပျံဝဲပြီးဗုံးကျဲတိုက်ခိုက်သဖြင့် အဆောက်အဦး အိုးအိမ်များပြိုကျပျက်စီးမီးတောက်လောင်လျှက် မြို့သားများလဲသေကျေကြသည်။

ထိုအချိန်တွင် ရန်ကုန်မြို့နှင့် တပြည်လုံးရှိအင်္ဂလိပ်တပ်များမှာ ဂျာမန်ထိုးစစ်ကြောင့်အင်္ဂလန်ပြည်မ မကျဆုံးရေးအတွက်  မြန်မာပြည်မှအင်အားရုတ်သိမ်းပြီးပြည်မကိုသွားရောက်ကာကွယ်နေရသည့်အချိန်ဖြစ်သည်။ မြန်မာပြည်တွင် ဂျပန်ကိုခုခံတိုက်ခိုက်နေသောတပ်များမှာ အင်းဒီးယားအမှတ်(၁ရ)တပ်မ၊ချန်ကေရှိတ်၏ကူမင်တန်တပ်မ၊ ဂေါ်ရခါးတပ်မဟာ၊  ကချင်နှင့် ကရင်သေနပ်ကိုင်တပ်ရင်းများသာရှိသည်။

ဂျပန်တပ်များမှာ ဗိုလ်ချုပ် ဖူဂျီရိုလိဒါ၏ ဂျပန့်အင်ပါယာတပ်မတော်အမှတ် (၁၅) နှင့် ထိုင်းမြောက်ပိုင်းကျားတပ်မတော် တို့ဖြစ်ကြသည်။ ဘီအိုင်အေကိုထူထောင်ဦးစီးသူ ဗိုလ်ချုပ်စူဇူကီးအားတာဝန်မှရုတ်သိမ်းလိုက်ပြီး သူ၏ဘီအိုင်အေတပ်ကို ဗိုလ်ချုပ် ဖူဂျီရို၏ အမှတ် (၁၅) အင်ပါယာတပ်မတော်အောက်တွင်ထားလိုက်ခါ လူထုလှုပ်ဆော်ရေးနှင့်သတင်းပေးတပ်ဆွယ်အဖြစ်အသုံးချသည်။
ဗိုလ်ချုပ်ဇူကီးကိုမူ စစ်တပ်မှထုတ်ခါ ကုန်သဘောင်္သယ်ယူပို့ဆောင်ရေးနှင့် ထိန်းသိမ်းရေးမှူးအဖြစ်အလုပ်ပေးထားလိုက်သည်။

အထက်ပါ ဗိုလ်ချုပ် ဖူဂျီရို၏ အမှတ်(၁၅)အင်ပါယာတပ်မတော်မှဂျပန်ကြည်းတပ်များက ရန်ကုန်မြို့ကို ၁၉၄၂ ဇန္နဝါရီလတွင်ပင် အပြီးသတ်စီးနင်းသိမ်းပိုက်သည်။

ပုံ၁။ Hiko Sentai (FR) Mitsubishi Ki-21ဂျပန်ဗုံးကျဲလေယဉ်များ
ပုံ၂။ အာရှကိုကာကွယ်သူဂျပန့်လေတပ်ကဗုံးကျဲသဖြင့်ထွက်ပြေးနေကြသော ရန်ကုန်မြို့နေလူထု။
ပုံ၃။ ဖရေဇာလမ်း (ယခု- အနော်ထာလမ်း) တွင်ဂျပန့်ဗုံးဒဏ်ကြောင့်သေကျေနေကြသောမိသားစု။
ပုံ၎။ဗုံးကျသဖြင့်ပြိုကျပျက်စီးမီးလောင်နေသော (၃၉) လမ်း။
ပုံ၅။ ဂျပန်အမှတ်(၁၅)တပ်မတော်စစ်ကြောင်းများလမ်းကြောင်းပြမြေပုံ။
ပုံ၆။ ဂျပန်တပ်များရန်ကုန်မြို့ကိုထိုးနှက်တိုက်ခိုက်နေကြစဉ်။ 
ပုံ၇။ ဂျပန်တင့်ကားတပ်များ ရန်ကုန်ကိုအလွယ်တကူဝင်သိမ်းပုံ။
ပုံ၈။ မြန်မာသမိုင်း maker တချို့က "ဘီအိုင်အေတပ်များကရန်ကုန်ကိုဝင်သိမ်းသည်"ဟု သမိုင်းအလွယ်တကူလှည့်ကွက်လုပ်ထားပုံ။ ဘီအိုင်အေအဖွဲ့သည် မတ်လ ၈ရက်နေ့က လမ်းလျှောက်ဝင်လာကြခြင်းဖြစ်သဖြင့် ဂျပန်က ဝင်သိမ်းခဲ့ပြီဖြစ်သော ဇန္နဝါရီလထက် ၂လကျော် နောက်ကျနေသည်မှာ သမိုင်းလှည့်ကွက်၏ မပိရိမှုဖြစ်သည်။

စည်းလုံးရေးတန်ဖိုး မလွှဲမသွေ စဉ်းစားရမည့်အချက် ...

စည်းလုံးရေးတန်ဖိုး
မလွှဲမသွေ စဉ်းစားရမည့်အချက်  ...

တကယ်လို့ ရခိုင်၊ ကချင်၊ ဝ နဲ့ ရှမ်းတပ်မတော်ပါတဲ့ မြောက်ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်စတာတွေကို ဗမာ့တပ်မတော်က အပြတ်ရှင်းလိုက်ပြီးရင် ခုထိ တစည်းတရုံး တသွေးတသံမဖြစ်သေးတဲ့ ကေအန်ယူ၊ ဒီကေဘီအေ၊ ကရင်ဘီဂျီအက်ဖ်၊ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ စတဲ့ကွဲနေသောမှန်စတွေအားလုံးနဲ့ကရင်ပြည်နယ်ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရ ကရင်ပြည် ၃,၄,၅ နိုင်ငံဖြစ်လာနိုင်မလား။ ဖြစ်နိုင်လား...တွက်ကြည့်...

သူတို့အတွက်အခွင့်ကောင်းအခါကောင်းရောက်ပြီမို့ ရန်သူ့ကအမြင့်ဆုံးဒီဂရီစစ်ရေးဖိအားနဲ့အတူ လုပ်လာမယ့်တစ်ဖွဲ့ခြင်း တစ်စုခြင်းအတွက် ခွဲဝေပေးမဲ့ချွေးသိတ်ဆုလတ်( မီးစတလှည့်ရေမှုတ်တဖက်) အော်ပရေးရှင်းကြီးအောက်မှာ အသီးသီးပျက်ပျယ်တိ
မ်ကောဇာတ်ပြောင်းသွားကြမလား။ တွက်ကြည့်...

ရန်သူဟာ အနောက်ဘက်ပြေးလိုက်၊ မြောက်ဘက်ပြေးတိုက်အလုပ်များနေတဲ့အချိန်မှာ ဒါ့ထက်အလုပ်များသွားအောင် အရှေ့နဲ့တောင်ဘက်ကရော လိုအပ်သလိုထပြီးလှုပ်ရှားကြရင် ရန်သူ့ရဲ့အနောက်နဲ့မြောက်ဘက်ကိုလွှတ်ထားတဲ့စစ်အင်အားတွေ ထက်ဝက်ကျဆင်းသွားမယ်။
အဲလိုအနေအထားမှာ ရန်သူက အနောက်နဲ့မြောက်ကိုအပြီးသပ်ခြေမှုန်းရေးလုပ်နိုင်မှာမဟုတ်တော့တာမို့ အရှေ့နဲ့တောင်ဘက်ကို အဓိကစစ်မျက်နှာဖွင့်နိုင်တဲ့အင်အားလဲ အပြည့်အဝမရှိနိုင်တော့ပါဘူး။ ဒီအနေအထားပြန်ရောက်ရင် ဖက်ဒရယ်ဒီမိုကရေစီ လူမျိုးစုတွေအတွက် နောက်ထပ် ရာစုနှစ်ထက်ဝက်မကတော်လှန်လှုပ်ရှားမှုသက်တမ်းကို တိုးနိုင်မယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာပခုန်းညီ ဝင်ထိုင်နိုင်မယ်။

ဒီတော့ဒါဟာ စည်းလုံးတဲ့အဆင့်ကိုမရောက်သေးဘဲ "ဟန်ချက်ညီ လှုပ်ရှားမှု"တွေကိုအဖွဲ့အားလုံးက လုပ်နိုင်တယ်ဆိုတဲ့အဆင့်ကလေးတင် တော်လှန်ရေးမအောင်သေးတဲ့တိုင် မကျဆုံးရေးအတွက်အာမခံချက်ကြီးဖြစ်နေပြီ။

ဒီတော့ UNFC ကနေဖွဲ့စည်းခဲ့ဘူးတဲ့ Federal Union Army (FUD) ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ကိုပြန်လည်သစ်လွင်ပြီး ဒီအလံတော်အောက်မှာစည်းလုံးကြရင်နိုင်ငံတကာက လက်ခံလာရမဲ့ စင်ပြိုင်အစိုးရအဖြစ် အင်အားအဆမတန်ပွားများတောင့်တင်းလာမှာ မြေကြီး ဖနောက်မလွဲဖြစ်တယ်။ 

ဒီနေရာမှာ UNFC ကိုကွဲပြဲသွားစေခဲ့တဲ့လုပ်ရပ်များကို ပြု ပြင်ပြီး UNFCကို ပြန်လည်စည်းလုံးလာစေတဲ့ စိတ်ဓာတ်၊ အသိညာဏ်အဆင့်အတန်းနဲ့ လုပ်ဆောင်ချက်တွေကို ဆိုင်ရာခေါင်းဆောင်တွေအားလုံးက ပြန်လည်ကျင့်သုံးလာကြဖို့ကိုဘဲ တိုင်းရင်သားပြည်သူတွေကမျှော်လင့်တမ်းတနေကြတယ်။

နိုင်ငံရေးသဘောတရားအခြေခံအဆင့်လောက်ရှိရုံလေးနဲ့
UNFCမှာဖြစ်ပွားခဲ့တဲ့ပြသနာတွေဟာ "မိတ်ဘက်ပဋိပက္ခ"မျှသာဖြစ်တာကိုရှင်းရှင်းနားလည်းနိုင်တယ်။
ဘဝတူများစည်းလုံးရေးအတွက်
မိတ်ဘက် ပဋိပက္ခကို ရန်ဘက်ပဋိပက္ခနဲ့ ပိုင်းခြားနားမလည်လောက်အောင် နိုင်ငံရေးအသိမွဲချောက်တဲ့ခေါင်းဆောင်မှုတွကို လိုအပ်သလိုအစားထိုးကြရမယ်။


ဓာတ်မှန်ရိုက်ကြည့်လျှင် မြင်ရမည့်နိုင်ငံရေးလှည့်ကွက်ကြီးတခု....

ဓာတ်မှန်ရိုက်ကြည့်လျှင် မြင်ရမည့်နိုင်ငံရေးလှည့်ကွက်ကြီးတခု....

၁၉၄၅ဩဂုတ်လ ၃၁ရက်နေ့မှ ၁၉၄၈ ဇန္နဝါရီလ ၄ရက်နေ့အထိဒုဗိုလ်ချုပ်ကြီး ဆာဟူးဘရန့် (Sir Hubert Elvin Rance) က ဗြိတိသျှဘုရင်ခံအဖြစ် မြန်မာကိုအုပ်ချုပ်ခဲ့သည်။

၁၉၄၆ တွင် ဘုရင်ခံဆာဟူးဘရန့်ကဗမာပြည်ကိုလွတ်လပ်ရေးပေးရေးအစီအစဉ်ပြေပြစ်ချောမောရန် ဗြိတိသျှအကျိုးစီးပွားအပေါ်ရန်လိုမှူအနဲဆုံးနှင့် အခြားဗမာနိုင်ငံရေးသမားများလောက်အစွမ်းမရောက်ဟုထင်ရသောဦးအောင်ဆန်းကို ဘုရင်ခံ၏ အုပ်ချုပ်ရေးအမှုဆောင်အဖြစ်ခန့်အပ်သဖြင့် ၄င်းနှင့်အတူ ဖဆပလ အဖွဲ့ဝင်တချို့ အင်္ဂလိပ်ဘုရင်ခံ၏ လစာစားအမှုထမ်းများဖြစ်လာကြသည်။ ဗြိတိသျှကအစွန်းရောက်များဟုသဘောထားသောကွန်မြူ နစ်ပါ တီနှင့်အချားအစွန်းရောက်ပါတီများ၏ အင်္ဂလိပ်အစိုးရဆန့်ကျင်ရေးမြေပေါ်မြေအောက်စည်းရုံးလှုပ်ရှားမှုများနှင့်ဆန္ဒပြပွဲများအား ထိမ်းချုပ်နိုင်ရန်အဓိကရည်ရွယ်ချက်ဖြင့်ဦး အောင်ဆန်းနှင့်ဖဆပလ အဖွဲ့အား ခန့်အပ်ခြင်းဖြစ်သည်။ 

ဦးအောင်ဆန်းကို ခေါင်းဆောင်အဖြစ်တာဝန်ပေးထားသည့်အုပ်ချုပ်ရေးအမှုဆောင်ကော်မီတီ၏လက်တွေ့အနေအထားမှာ ပထမလွတ်လပ်ရေးခေတ် ဒေါက်တာဘမော် အစိုးရ၏အဆင့်ထက် များစွာနိမ့်သည်။ အုပ်ချုပ်ရေးအမှုဆောင်အဖွဲ့က ဘုရင်ခံ၏ညွှန်ကြားချက်များအတိုင်းတာဝန်ထမ်းဆောင်ရင်း အင်္ဂလိပ်အစိုးရဆီတင်သွင်းမည့်ဗမာပြည်လွတ်လပ်ရေးလျှောက်လွှာတွင်မရှိမဖြစ်ထည့်သွင်းဖော်ပြရမည့် ဗမာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အပြီးသပ်ရေးဆွဲကြရန်ဖြစ်သည်။ ကေအဲန်ဒီအိုဖွဲ့စည်းခွင့်ပေးခြင်းမပေးခြင်းသည်လည်း ဘုရင်ခံ၏ အာဏာအောက်တွင်သာရှိသည်။

ထိုကာလတွင်ဗြိတိသျှထီးနန်းနှင့်တော်ဝင်ဆက်ဆံရေးအဆင့်ရှိသောသျှမ်းပြည်ထောင်စု (Federated Shan States)ကို ဗြိတိသျှအစိုးရက  British Protectorate ပြည်နယ်အဖြစ် ပြည်ပရန်မှကာကွယ်စောင့်ရှောက်ထားသည်။ ကရင်နီပြည်နယ်      Princely State of the Karenni State)သည်လည်း သျှမ်းဖက်ဒရယ်ပြည်ထောင်စုတွင်ပါဝင်ခဲ့သည်။ဗြိတိသျှအစိုးရက ယင်းသျှမ်းဖက်ဒရယ်ပြည်ထောင်စု၏ပြည်တွင်းရေးကိစ္စများကိုစွက်ဖက်ခြင်းမရှိပေ။ ထိုသျှမ်းပြည်နယ်ကိုသျှမ်းဘာသာဖြင့် "မိန်းဟောင် တွန့်ဂျူအင်တိုင်း" (Muang Hom Tum Jueng Tai)ဟုခေါ်တွင်ပြီး ၁၉၂၂ ကတည်းက ဗြိသျှအစိုးရအသိအမှတ်ပြုပြည်နယ်လည်းဖြစ်ခဲ့သည်။

(ကရင်များ နားလည်ရန်ခက်နေသေးသည့် အရေးအကြီးဆုံး သင်္ခန်းစာ)

The most important lesson that Karen still difficult to understand.
Why British government granted independent to Burman political group instead of the loyal Karen in 1948?
The answer is quite easy to understand for the international observers on Burma and Karen political issue that time except the Karen.  
They see the huge different between Burman and the Karen movement. 
Burman political group have political intelligence and trick to shown they are working for all ethnics in a British empire called British-Burma to the world and British while Karen just standing for their own affair. Karen didn’t care or understand about the world power balance that required for UK. UK needs the whole British-Burma still as one strong commonwealth state of them instead of many separated small states that difficult to hold. Karen may understand this very important point if Karen political group that time have the thinking system like a government. Karen misunderstood that the loyalty to British is the most important. It was completely wrong. A political mistake needs time for a century to be healing. Nowadays the Karen makes a similar mistake by the same knowledge as 1948 by split from all ethnic united organization named UNFC while the Burman are still holding the trick slogan of working for the whole country and all ethnic. KNU has damages the political image of the common goal of ethnic’s self-determination struggle to the world. But KNU doesn’t understand what they do this. Karen love to reduce the support of all other ethnics by separate their affair from all other ethnics while Burman still opening their trap to catch the support from all ethnics and the world to stronger Burmese's political objective as an important part of the world power balancing. We just hope for the current generation of Karen may reach this universal political common law of culture for the national building stages of a Karen State. But even now most of the Karen key groups still love to separate them from other ethnics and the more worsen than is they still enjoining the collapses of their national army. The all Karen civilian are longing for all Karen arm groups unite as a national army while that each group have no a clear focus and concentration on it. It’s do like the desire of all Karen people is not the business of all Karen arm groups.

(ကရင်များ နားလည်ရန်ခက်နေသေးသည့် အရေးအကြီးဆုံး သင်္ခန်းစာ)
၁၉၄၈ ခုနှစ်တွင် ဗြိတိသျှက သစ္စာရှိကရင်များအစား ဗမာနိုင်ငံရေးအုပ်စုကို အဘယ်ကြောင့် လွတ်လပ်ရေးဂရမ်ပေးခဲ့သနည်း…
ဤအတွက်အဖြေကို ကရင်မှတပါး ဗမာနှင့်ကရင့်နိုင်ငံရေးကိုအကဲဖြတ်စောင့်ကြည့်နေကြသည့် နိုင်ငံတကာအကဲဖြတ်များအတွက်နားလည်ရန်အလွန်လွယ်ကူခဲ့ပေသည်။
သူတို့သည် ဗမာနှင့် ကရင်တို့၏လှုပ်ရှားမုများအကြား ကြီးမားသော ကွဲပြားမှုကိုမြင်ကြသည်။
ဗမာနိုင်ငံရေးအုပ်စုသည် ဗြိတိသျှ-ဘားမားဟူသည့် ဗြိတိန် အင်ပါယာနိုင်ငံတွင်းရှိ လူမျိုးစုအားလုံးအတွက် လုပ်နေကြောင်း ပြသသည့် နိုင်ငံရေးလည်ပယ်မှုနှင့် လှည့်ကွက်များကိုပြသနေသည့်အချိန်တွင် ကရင်များက မိမိတို့လူမျိုးတမျိုးတည်း၏အရေးအတွက်ရပ်တည်ခဲ့ကြသည်။ကရင်များသည် ကမ္ဘာ့အင်အားချိန်ခွင်ရှာထိမ်းညှိမှုအတွက် ဗြိတိန်တွင်လိုအပ်ချက်များရှိနေသည်ကို အလေးလဲမမူ အရေးလဲမစိုက် နားလဲမလည်ကြပါပေ။ ဗြိတိန်သည် တကွဲတပြားဖြစ်သွားပြီးကိုင်တွယ်ရန်ခက်ခဲခြင်းထက် ဗြိတိသျှ-ဘားမားတနိုင်ငံလုံး မိမိ၏ ဓနသဟာယနိုင်ငံကြီးတစ်နိုင်ငံအဖြစ်မားမားမတ်မတ် ဆက်လက်တည်ရှိနေသည်ကိုလိုအပ်လျှက်ရှိနေခဲ့သည်။ ထိုအချိန်ကကရင်နိုင်ငံရေး အုပ်စုသည် အစိုးရတခု၏ စဉ်းစားနည်းစနစ်မျိုးရှိခဲ့ကြမည်ဆိုလျှင် ဤမျှအရေးကြီးသောအချက်ကိုနားလည်ခဲ့ကြမည်ဖြစ်သည်။

မဂိုအင်ပါယာ(Mughal Empire)



မဂိုအင်ပါယာ(Mughal Empire)
နောက်ဆုံး ဧကရာဇ်မင်း ဘာဟာဒူရှား ဇာဖာ(Bahadur Shah Zafa

သီပေါမင်း အင်ဒီးယားရတနာဂီရိမြို့သို့ပြည်နှင်ဒဏ်ပေးခံရသကဲ့သို့ မဂိုအင်ပါယာ(Mughal Empire) နောက်ဆုံး ဧကရာဇ်မင်း ဘာဟာဒူရှား ဇာဖာ(Bahadur Shah Zafaကိုလည်း ၁၈၅၇ အင်းဒီးယားသူပုန်ထရာတွင်ပါဝင်မှုဖြင့်အင်္ဂလိပ်အစိုးရကရန်ကုန်မြို့သို့ပြည်နှင်ဒဏ်ပေးခဲ့သည်။
သူသည် ၁၈၆၇ နိုဝင်ဘာလ ၇ရက်သက်တော် ၈၇နှစ်တွင် ရန်ကုန်မြို့၌ကွယ်လွန်ခဲ့သည်။

သီပေါမင်းသည် မန္တလေးတိုင်းသာကျန်ရှိသော ကုန်းဘောင်နောက်ဆုံးမင်းဖြစ်သကဲ့သို့ ဘာဟာဒူရှားဇာဖာဧကရာဇ်သည်လည်း ဒေလီမြို့ဟောင်းတခုတည်းကိုသာပိုင်ဆိုင်တော့သည့် အင်းဒီးယား မဂိုအင်ပါယာ၏ နောက်ဆုံးဘုရင်ဖြစ်သည်။

ဘဟာဒူရှားဇာဖာကို မူဂါအင်ပါယာ၏ဘုရင်အဖြစ် အင်္ဂလိပ်အစိုးရကတရားဝင်အသိအမှတ်ပြုထားသည့်ကာလတွင် အင်ပါယာ၏အခြားဒေသအားလုံးကို အရှေ့အင်းဒီးယားကုပ္မဏီ၏ အုပ်ချုပ်မှုအောက်တွင်ထားရှိခဲ့သည်။ အရှေ့အင်ဒီးယားကုပ္မဏီက ဥရောပသားစစ်တပ်များနှင့် အင်းဒီးယားဒေသခံများဖြင့်ဖွဲ့စည်းသော  စီးပွိုင်(Seepoy)ခေါ်စစ်တပ်များကို ဒေသလုံခြုံရေးအတွက်ဖွဲ့စည်းထားရှိသည်။

ဒေလီအရှေ့မြောက်ဘက်ရှိ မီရု(Meerut)မြို့တွင်ချထားသော စီးပွိုင်တပ်များက ၁၈၅၇ခုနှစ်မေလ ၁၀ရက်တွင်သူပုန်ထရာတွင် ပါဝင်သက်ဆိုင်ခဲ့ခြင်းမရှိသော ဘဟာဒူရှားဇာဖာဘုရင်အား မိမိတို့၏တော်လှန်ရေးခေါင်းဆောင်ဘုရင်အဖြစ် ကျေညာသည်။ သို့ရာတွင် ဘုရင့်တွင်စီးပွိုင်တပ်များအားထိန်းချုပ်နိုင်သည့်အာဏာမရှိပေ။
မကြာမီ စီးပွိုင်တပ်ကဖမ်းချုပ်ထားသောအင်္ဂလိပ်စစ်သား ၅၂ ဦးနှင့် မြို့တွင်းဖမ်းမိရာရာ ဥရောပသားများကို သတ်ဖြတ်ခါ အမျိုးသမီးများကိုမူမုဒိန်းကျင့်သတ်ဖြတ်ကြသည်။

သမိုင်း နဲနဲပါးပါး... Amherst ခေါ် ကျိုက္ခမီမြို့နောက်ခံသမိုင်း-

သမိုင်း နဲနဲပါးပါး...
Amherst ခေါ် ကျိုက္ခမီမြို့နောက်ခံသမိုင်း-

မွန်ပြည်နယ်ရှိကျိုက္ခမီမြို့ကို ၁၈၂၄-၂၆ ခုနှစ်က ပထမ အင်္ဂလိပ်မြန်မာစစ် အပြီး ရခိုင်နှင့်တနင်္သာရီတိုင်းကို အင်္ဂလိပ်အစိုးရသိမ်းပြီး ပင်လယ်အပမ်းဖြေစခန်းမြို့အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

အဲမ်းမက်စ်မြို့ဟု ဗြိတိန်အင်းအင်းဒီးယား ဘုရင်ခံချုပ်၏အမည် ( William Pitt Amherst,) ကို ယူ၍ မှည့်ခေါ်ခြင်းဖြစ်သည်။ ကျိုက္ခမီကိုရှေးမွန်များက 'တုံကျောင်းပီ'ဟုလည်းခေါ်ဆိုသည်။ 

သီဟိုကျွန်းပြည်ရှင် ဒေဝါနံပိယတိသမင်းကြီးက အရှေ့တိုင်းသို့ ဗုဒ္ဓရုပ်ပွား ၄ဆူ ကို အင်းဒီးယားသမုဒ္ဒယာမှတဆင့်မျှော၍ပို့ခဲ့ရာတွင် ဧကာဒသစေတီတည်ရှိရာ ကျိုက္ခမီဆိပ်ကမ်းသို့ ရုပ်ပွားတစ်ဆူရောက်ရှိလာခဲ့သည်။ သမိုင်းအပြည့်အစုံကို မွန်များကိုယ်တိုင်ရေးသောစာတန်းများတွင်ရှာဖွေဖတ်ရှုနိုင်သည်။
ပုံ၁။ကျိုက္ခမီဘုရား
ပုံ၂။ အင်းဒီးယားဘုရင်ခံချုပ် ဝီလီယမ်ပစ်အဲမ်းမက်စ်
 


Monday, June 15, 2020

ရှေးအကျဆုံး ကရင်​​မောင်​နှံပုံ

ရှေးအကျဆုံး ကရင်​​မောင်​နှံပုံ
*************************
ရေးဆွဲသူ  =  မိုင်​ကယ်​ဆိုင်း(Michael Symes)
ခုနှစ်​         = ၁၇၉၅ 
ကာလ     = ဗဒုံမင်းလက်​ထက်​(ကုန်း​ဘောင်​​ခေတ်​)

ဤပုံသည်​ ဘိုး​တော်​ဗဒုံမင်းလက်​ထက်​တွင်
ဘုရင်​ခံ ဆာ၊ဂျွန်​ရှိုး(Sir John Shore)က မိုက်​ကယ်​ဆိုင်းကို သံမှူးခန့်​၍ အင်းဝ​နေပြည်​​တော်​သို့​စေလွတ်
ရာတွင်​ ရခိုင်​နှင့်​ အင်းဝကြား ပြည်​ခရိုင်​​ဒေသ ​တောင်​​ပေါ်​နေ ကရင်​ဇနီး​မောင်​နှံနှစ်​ဦးကို ​တွေ့ရှိ၍ ၁၇၉၅ ခုနှစ်
တွင်​​ရေးဆွဲခဲ့ခြင်းဖြစ်​သည်​။

မိုင်​ကယ်​ဆိုင်းသည်​ ပန်းချီပညာ တတ်​ကျွမ်းသူဖြစ်​၍
သူ​ရေးဆွဲခဲ့သည့်​ ပုံမှာ အလွန်​ပင်​တူ​ကြောင်း 
ရေးဆွဲချိန်​ (၂)နာရီခန့်​ကြာခဲ့​ကြောင်း မှတ်​တမ်းတင်​ထားသည်​။

သူ၏ မှတ်​တမ်းတွင်​ ကရင်​​မောင်​နှံနှစ်​ဦးမှာ သင်​တိုင်း
အမည်း​ရောင်​ ဝတ်​ဆင်​ထားပြီး အမျိုးသမီးသင်​တိုင်း
အင်္ကျီသည်​ အမျိုးသားထက်​ ပိုရှည်​၍ သင်​တိုင်း​အင်္ကျီ
၌ အဖြူ အနီ နှင့်​အဝါအဆင်းများ ပါရှိ​အောင်​ ချည်​ကြမ်း
နှင့်​ ယှက်​လုပ်​​ထား​ကြောင်း သိရသည်​။

အထူးခြားဆုံးမှာ အမျိုးသမီး၏ မျက်​နှာပြင်​တွင်​ ​ဆေးမင်​​ကြောင်​များ​ရေးထိုးထား၏။ အမျိုးသမီးတိုင်းပင်
ဤသို့ပါရှိပြီး ထိုဓ​လေ့သည်​ မည်​သည့်​အချိန်​က ​ပေါ်​ပေါက်​ခဲ့​ကြောင်းကို ​ဆိုင်း​မေး၍မရခဲ့​ပေ။
ကရင်​အမျိုးသမီးသည်​ လည်​ပင်းနှင့်​လက်​​မောင်းတို့၌
ပုတီး​စေ့နှင့်​​ကြွေ​စေ့များဖြင့်​ တန်​ဆာဆင်​​သောလည်​ဆွဲ
တို့ကို ဝတ်​တင်​ထားသည်​။ ယင်းတို့၏ စကားမှာလည်း
မြန်​မာတို့နှင့်​မတူ​ကြောင်း မိုက်​ကယ်​ဆိုင်း သိခဲ့သည်​။

ထို​ဒေသရှိကရင်​များသည်​ ဆင်​များနှင့်
သစ်​ခုတ်​သည့်​အလုပ်​ဖြင့်​ အသက်​​မွေးကြကာ 
သစ်​​ဈေးမှာအလွန်​​ပေါ​ကြောင်းနတ်​ယုံကြည်​သူများဖြစ်​ပြီး ​သေသူအား မီးသဂြိုဟ်​၍အရိုး​ကောက်​ဓ​လေ့ရှိ​ကြောင်းလည်း  မှတ်​တမ်းတင်​ခဲ့သည်။

(အကျယ်​ကို ​ဒေါက်​တာ နန်းလှိုင်​၏ 
ကရင်​သမိုင်းစာအုပ်​တွင်​ ​လေ့လာနိုင်ပါသည်​)