Friday, June 19, 2020

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ…

အင်းစိန်တိုက်ပွဲတထောင့်တနေရာမှ….. 
၁၉၄၉ ဇန်န၀ါရီလ နှောင်းပိုင်းတွင် အင်းစိန်၊သမိုင်း၊ကြို့ ကုန်းဘက်တွင် ကေအဲန်ဒီအို နှင့် ဗိုလ်ကြီးအေးသာကျော် ဦးဆောင်သော UMP တပ်ဖွဲ့ ပူးပေါင်းအင်အား နှစ်ရာကျော်ရှိသည်။ ထိုအချိန်တွင် အင်းစိန် သမိုင်းလမ်းရှိ ကရင်တို့ ထံမှ လက်နက်သိမ်းယူရန် ဖဆပလအစိုးရတပ်ဖွဲ့  အင်အားနှစ်ထောင်ကျော်ခန့် ချထားသည်။ 

မင်္ဂလာဒုံတွင် ဗမာ့တပ်မတော်အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်ခွဲ (၂)ခွဲနှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများရှိနေပြီး ဖဆပလအစိုးရအမှုထမ်းအဖြစ်သာရှိနေသေးသည်။ ကရင့်ရိုင်ဖယ်တပ်ရင်း(၂)မှ တပ်စုတစုလည်း သမိုင်းရပ်ကွက်သို့ ဇန်န၀ါရီလ ၂၉-၃၀ လောက်က ရိက္ခာထုတ်ရန်ရောက်ရှိနေသည်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်မှ ကရင်ကျောင်းသူကျောင်းသားများလည်း အင်းစိန်သို ပြောင်းရွှေ့ လာကြသည်။

၁၉၄၉ ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၆)နာရီတွင် သမိုင်းခ၀ဲခြံကို ဖဆပလ အစိုးရတပ်ကစတိုက်သည်။ ခ၀ဲခြံရှိ KNDO တပ်များကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် ဖဆပလအစိုးရတပ်များဖရိုဖရဲဖြစ်လျှက်ဆုတ်ခွာသွားကြသည်။
ကရင်ရပ်ကွက်များကို အစိုးရမှစတင်တိုက်ခိုက်ပြီဆိုသည်နှင့်ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်က
KNDO ဘက်က ပါဝင်တိုက်ခိုက်လာသည်။ ညပိုင်းတွင် KNDO၊ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်နှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများ ပူးပေါင်း၍ မင်္ဂလာဒုံရှိ ဖဆပလအစိုးရစစ်လက်နက်တိုက်ကို တိုက်ခိုက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းယူခဲ့သည်။ မင်္ဂလာဒုံကိုတိုက်ပြီးနောက်အင်းစိန်စုရပ်သို့ ပြန်လာကြသည်။
အစိုးရတပ် တိုက်ပွဲကြောင့် ခ၀ဲခြံနှင့်သမိုင်းမှ အရပ်သူ အရပ်သားများကလဲ အင်းစိန်သို့ ရွှေ့ ပြောင်းရှောင်ရှားလာကြသည်။ မင်္ဂလာဒုံလက်နက်တိုက်မှသိမ်းဆည်းခဲ့သည့် လက်နက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ အင်းစိန်ကျန်းစာကျောင်းသားများ
နှင့်အရပ်သူအရပ်သားများကို တပ်ဆင်ပေးလိုက်သဖြင့် ကရင်လက်နက်ကိုင်အင်အား တထောင်ခန့် ရှိလာသည်။

ကရင်လူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့ များအတွက် ရိက္ခာပြသနာဖြေရှင်းနိုင်ရန် အင်းစိန်မြို့သိမ်းပွဲလုပ်ရန်ဖြစ်လာသည်။
အင်းစိန်တွင် ဆန်စက်(၈)လုံးနျင့် ဆန်ဂိုဒေါင် (၁၀)လုံးရှိသဖြင့် ဆန်အိပ် ငါးသောင်းကျော်နှင့် ဘိုကိတ်ပဲများစွာရှိသည်။
အင်းစိန်မြို့ တွင်းတွင် ကရင်ကိုတိုက်ရန် ဖဆပလနှင့် လဲဗီးတပ်များအင်အားနှစ်ထောင်ရှိနေသည်။
တချိန်တည်းတွင် ရန်ကုန်မြို့ တွင် ကရင်များနည်းတူ တခြားလက်နက်ကိုင်အဖွဲ့ များကလဲ ဖဆပလ တပ်ကို အလစ်အငိုက်ဝိုင်းတိုက်ကြသည်။ အင်းစိန်ဈေးကြီးလဲ တိုက်ပွဲတွင်မီးလောင်သွားသည်။ ဖဆပလတပ်ဖွဲ့ များခြေမှုန်းခြင်းခံရပြီး တပ်ပျက်ထွက်ပြေးကုန်သဖြင့် ဖေဖေါ်ဝါရီလ မနက်(၈)နာရီတွင် တိုက်ပွဲပြီးဆုံးသည်။ကေအဲန်ဒီအိုနှင့်ကရင်လူထုတပ်များက အင်းစိန်မြို့ ကိုသိမ်းပိုက်သည်။ အစိုးရဆန်ဂိုလ်ဒေါင်များမှ ဆန်များဖြင့် အင်းစိန်မြို့ စစ်ဘေးဒုက္ခသည်လူထုအား KNDO က လနှင့်ချီဝေမျှစောင့်ရှောက်နိုင်ခဲ့သည်။------(ဆက်ရန်)

ကရင်လူမျိုးသတ်ဖြတ်ခံရခြင်း

ဖြစ်ဝကျွန်းပေါ်တွင် BIA က ကရင်များကိုသတ်ဖြတ်ခဲ့သည့်အကြောင်း ဗိုလ်ချုပ်ကျော်ဇောပြောကြားချက်--
“ကရင်ပြသနာစလာတဲ့အခါမှာ ဗိုလ်မိုးကြိုး(BIA တပ်စစ်ဦးစီးချုပ် ဂျပန် ဗိုလ်မှူးကြီး စူဇူကီး)က ပြသနာကိုသူကိုယ်တိုင်တိုက်ရိုက်ကိုင်တွယ်ဖို့ ဆုံးဖြတ်ပြီး ဗိုလ်မှူးကြီး အိုင်ဂျီမာ နဲ့ ကျနော့်ရဲ့ BIA 
တပ်စု(၂)စုကို မြောင်းမြပို့ လိုက်တယ်။ အဲဒီကနေ ၁၉၄၂ မေလဆန်း ညတညမှာ ဗိုလ်မိုးကြိုးဆီက ဂျပန်စစ်သား(၂)ဦးက ကျနော့ကိုလာနှိုးပြီး အဂ်လိပ်ထောက်ကူထားတဲ့ ကရင်ပျောက်ကျားတွေ ကခြုံခိုတိုက်ခိုက်လို့ မြောင်းမြခရိုင်မှာဂျပန်ဗိုလ်မှူးတဦးကျဆုံးကြောင်း ရေဒီယိုနယူးဒေလီက 
ခုဘဲကြေညာတယ်လို့ ပြောပါတယ်။ ဒီဗိုလ်မှူးကြီးအိုင်ဂျီမာကျဆုံးမှုကိုတိုကျိုကသိရှိပြီး လက်စားခြေဖို့ 
ဗိုလ်မိုးကြိုး ကိုအမိန့်ပေးထားပြီဖြစ်ကြောင်းသူတို့ ကကျနော့ကိုအသိပေးပါတယ်။ ဒါကြောင့်နောက်နေ့ မှာ
ကျနော် BIA တပ်စု(၃)စုက ဗိုလ်မိုးကြိုးနဲ့အတူ မြောင်းမြကိုချီတက်ပါတယ်။ ကျန်ရှိတဲ့ ဗိုလ်မှူး အိုင်ဂျီမာရဲ့ 
တပ်တွေကို ပြန်ကယ်နိုင်ခဲ့ပြီး ကရင်ပျောက်ကျားတွေကို အားပေးတယ်လို့ သိရတဲ့ ကရင်ရွာတွေကို (၂)ပတ် 
ကြာတိုက်ခိုက်ခဲ့ပါတယ်။

ကော်သူးလေ ဆိုသည့်ဝေါဟာရ သမိုင်း

ကော်သူးလေ ဆိုသည့်ဝေါဟာရ သမိုင်း
ခရစ်သက္ကရာဇ် ၁၉၀၀ တွင် ကရင်လူမျိုးများနေထိုင်ရာတိုင်းဒေသသည်ကော်လားဟုတွင်ခဲ့သည်။ 
ကော်လားဆိုသည်မှာ စိန်းလန်းသောတိုင်းပြည်ဖြစ်သည်။ ၁၉၃၂ တွင်ရိုက်နှိပ်ထုတ်ဝေသည့် စောအောင်လှရေးသားပြုစုသော ကရင်သမိုင်းစာအုပ်တွင် ကရင်တို့ ရှေးကနေထိုင်ရာခဲ့တိုင်းပြည်ကို “ကော်သူးလေ” ဟုရေးသားဖေါ်ပြထားသည်။ အဓိပ္ပါယ်မှာ အမှောင်မဲ့ဒေသ၊ သို့ မဟုတ် ဖလံတောင်ဝှေးပင်များပေါက်ရောက်ရာဒေသဖြစ်သည်။ ဖေါ်ပြချက်အရ ကော်သူးလေ တိုင်းမှာ မြန်မာပြည်လက်အောက်ခံ သို မဟုတ်တစိတ်တပိုင်းမဟုတ်ဘဲ သီးခြားလွတ်လပ်စွာဧဧချမ်းချမ်းရှိခဲ့သော နယ်မြေတခုဖြစ်ခဲ့သည်။ ထို၁၉၃၂ခုနှစ်သည် ဒုတိယကမ္ဘာစစ်စသောနှစ်ဖြစ်သည်။ မြန်မာပြည်သည်လည်း ဘရစ်တစ်မြန်မာနိုင်ငံအဖြစ် အင်္ဂလိပ်အစိုးရ ဘုရင်ခံမောင့်ဘက်တန် အုပ်ချုပ်ရေးကာလတွင်အာရှတိုက်၏ ခေတ်မီအတိုးတက်ဆုံးနိုင်ငံဖြစ် နေခဲ့သောအချိန်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဦးစော

ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဦးစောဟာ ၂ဦးလုံးဟာ တချက်ခုတ် ၂ချက်ပြတ် နည်းနဲ့ ပြိုင်တူ အရှင်းခံလိုက်ကြတာဆိုတဲ့အထောက်အထားတချို့ ရှိနေတာတွေ ရပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးစော အကြား ရန်ဖြစ်ခဲ့ကြတာကို အခွင့်ကောင်းယူပြီး ဗိုလ်ချုပ်ကိုသတ် ဦးစောကို အထောက်အထားအတုလုပ်ပြီးဖမ်းင်္ဆီးသေဒဏ်ပေးခဲ့တာဖြစ်လို့  ကြံစည်သူများဟာ ၂ဦးလုံးကိုရှင်းပစ်ချင်တဲ့ တတိယလက်ဖြစ်သာ အဖြ်စ်နိုင်ဆုံးဖြစ်ကြောင်း စုံစမ်းထောက်လှန်းရေးပညာရှင်တွေက ပြောဆိုထားတာတွေလဲရှိပါတယ်။ 
နိုင်ငံရေးနည်းနဲ့ တွက်ရင်တော့ ဗိုလ်ချုပ်သေဆုံးတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းနေရာကိုရလာသူ ပြည်ထောင်စုစနစ်ကိုလဲ မလိုလားသူ တိုင်းရင်းသားကိုယ်ပိုင်ပြ
ဌာန်းခွင့်ကိုလဲအသိအမှတ်မပြုသူ အဲဒီအချိန်က ကရင့် အမျိုးသားရေး ဒီရေအလား တဟုန်ထိုးတိုးတက်လာနေတာကိုရပ်ပစ်ချင်သူ ဦးနုဖြစ်နိုင်ပါတယ်။ ဦးနု လက်ကအာဏာကိုတဆင့်လက်ကမ်းယူခဲ့သူက နေ၀င်းဖြစ်လို့ ပါဘဲ။ 
ဦးစော ရဲ့ အမှုစစ်ဆေးချက်တွေထဲမှာ လုပ်ကြံမှုမှာ ပါဝင်တယ်လို့ တပ်အပ်ဆိုနိုင်တဲ့ အထောက်အထားမတွေ့ ရပါ။ လုပ်ကြံမှုမှာသုံးတဲ့ လက်နက်တွေကို ဦးစောနဲ့ မကင်းတဲ့ 
နေရာတခုမှာတွေ့ ရတာဟာ ဦးစောကိုလုပ်ကြံတာဖြစ်ကြောင်းထင်ရှားတယ်လို့ သံးသပ်မှုလဲရှိပါတယ်။
ဦးစောရဲ့ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေအတွက် စိတ်မကောင်းဖြစ်မိလို့  ဒါကို Post လိုက်တာပါ။ မြန်မာနိုင်ငံရေးသမားတွေရဲ့ အချင်ချင်းအပေါ်ရက်စက်မှု ကောက်ကျစ်မှုတွေဟာ ပြိုင်စံရှားလှပါတယ်။ စုံစမ်းတွေ့ ရှိချက် စာတန်းက တပုဒ်ကို အောက်မှာ တင်ထားပေးပါတယ်...ရှည်တဲ့အတွက် ဆက်ပြီးထောက်ပြထားတဲ့ အပြည့်အစုံတော့ မတင်သေးပါ.

Strong evidence exists that the trial and conviction of U Saw was a frame-up, designed to turn attention from the real conspirators. If U Saw was framed, who really murdered Burma's independence leader? Is there any truth to persisting rumours that General Ne Win, Prime Minister U Nu and others may have been involved? ...........

နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--

နိုင်ငံရေးကို နိုင်ငံရေး Professional နည်းနာဖြင့် ရှုမြင်ကျင့်သုံးရန်--

ကေအဲန်ယူလက်ရှိခေါင်းဆောင်တချို့ ၏ ကိုယ်ပိုင်မူများအရ ဘ၀တူတိုင်းရင်းသားအဖွဲ့  အစည်းများနှင့်ကျစ်လစ်စွာပူးပေါင်းဆောင်ရွက်ခြင်းကို အဖွဲ့  အစည်းအချုပ်အချာ အာဏာ ထိခိုက်သည်ဟုယူဆချက်များရှိနေသည်။သို့ ဆိုလျှင် ကရင်အမျိုးသား အချုပ်အခြာအာဏာကို မြန်မာအစိုးရအစား ဘ၀တူတိုင်းရင်းသားများက ပိုင်စိုးထားခြင်းဖြစ်သည်ဟု ဆိုလိုသည့်သဘောဖြစ်သဖြင့် အူကြောင်ကြောင်နိုင်လှသည်။ ဤသဘောထားဆိုးသည် မြန်မာအစိုးရကို ညီညွတ်စွာလက်တွဲ တွန်းလှန်ရေးအစား မိမိတို့ တစုတဖွဲ့  အခွင့်အရေးအတွက် အစိုးရထံမျက်နှာသာရရေး တိုင်းရင်းသား အချင်းချင်းသစ္စာဖေါက်လဲ့စားခြေမှုများကို ဆင့်ကဲဆင့်ကဲဖြစ်စေနိုင်သည်။ ဤသဘောထားမျိုးသည် ကျွန်လူမျိုးတို့  တွင်ရှိသော လက္ခဏာဖြစ်သဖြင့် နိုင်ငံတကာအသိုင်းအ၀န်းကအထင်မြင်သေးစေသည်။ သို့ ဖြစ်၍ နိုင်ငံတကာက ၀င်ရောက် ကူညီနေသော လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်ရေး သဘောထားမူဝါဒများမှာလဲ တိုင်းရင်းသားတို့ အပေါ်အထင်မြင်သေးမှုကိုအခြေခံသည်။
တိုင်းရင်းသားများက မြန်မာအစိုးရလက်အောက် အညံ့ခံ အရှူံးပေးရေးအတွက် မြန်မာအစိုးရက ခွေးအီးနံ့ ပေး လမ်းစဉ်ကိုပိုမိုကျင့်သုံးလာစေရန် ၀ိုင်းဝန်းအကြံပေးခြင်း ငွေကြေးထောက်ပံ့ခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။စစ်မှန်သော ပြည်ထောင်စု အဖြစ်ပြောင်းလဲမှသာ အားလုံးအတွက်တရားမျှတမှုများပေါ်ပေါက်လာပြီး အလိုအလျှောက်ခြိမ်းချမ်းသွားမည်ဆိုသည့် သဘောတရားကို လက်ခံသူပညာရှင်တချို့  သာရှိပြီး ထိုပညာရှင်များမှာ ထိုသဘောတရားကို မလေးနက်သူအလှူရှင်များ၏ အထောက်အပံ့ခံများသာဖြစ်ကြသဖြင့် မထိရောက်ပေ။ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အရင်းအနှီးထုတ် ပါဝင်ကူညီနေသောနိုင်ငံကြီးများမှာ ထိုရင်းနှီးငွေများအလဟသဆုံးရှုံးသွား ရခြင်းမရှိစေရေးကို နံပတ်(၁) အရေးအကြီးဆုံးအဖြစ်ထားရှိသည်။ သူတို့ သည်နိုင်ငံတကာ ကိုဝင်ရောက်ကူညီမှုများတွင် ခါးသီးသော အတွေ့ အကြုံများစွာရှိခဲ့ကြပြီးဖြစ်သည်။


(သမိုင်းသုတ) ကြေးဖါးစည်သမိုင်းအပိုင်းအစ

(သမိုင်းသုတ) ကြေးဖါးစည်သမိုင်းအပိုင်းအစ
တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော ဗီယက်နမ်သုတေသီများကပါ ကြေးဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကကြေးဖါးစည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟုရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ကြေးဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။
၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းကြေးဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း ရှေးဟောင်းကြေးဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီးတရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ကြေးဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းကြေးဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။

သြစတြေးရီးယန်း ရှေးဟောင်းသုတေသီ F.Heger က ၁၉၀၂ ခုနှစ်တွင် ရှေးဟောင်းကြေးဖါးစည် ၁၆၅ လုံးကို သုတေသနပြုခဲ့ရာဒီဇိုင်းပုံစံ၊ ပြန့် နှံ့မှု၊ ခန်းနားမှု၊ ဓါတုပစ္စည်းပါဝင်မှု အလိုက် ၄မျိုးမကခွဲချားတွေ့ ရှိခဲ့သည်။ ပထမအမျိုးအစားသည် ဗီယက်နမ် Dong Son ခေတ်က ဖါးစည်များဖြစ်သည်ဟုဆိုသည်။
ဗီယက်နမ်ရှေးဟောင်းသုတေသနပညာရှင်များက F.Heger ၏ ကြေးဖါးစည် ၄မျိုးမှ မျိုးကွဲများစွာကိုထပ်မံပိုင်းခြားခဲ့သည်။ဗီယက်နမ်သုတေသီများက ကြေးဖါးစည်သည်မြောက်ဗီယက်နမ်မြစ်နီနှင့် မြစ်မဲ ဖြစ်ဝှမ်းဒေသရှိဗီယက်နမ်လူမျိုးဘိုးဘေးဘီဘင်တို့ နှင့်အနေဝေးသော Lac Viet တို့ ကစတင်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ Lac မှာရေအိုင်ကို ပြင်သစ်ဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သည်။ ထိုဒေသမှတဆင့် အရှေ့ တောင်အာရှနှင့်တရုတ်ပြည်တောင်ပိုင်းသို့ ပြန့် နှံ့ သွားခဲ့ခြင်းဖြစ်သည်ဟုလဲဆိုသည်။ တပြိုင်တည်းတွင် တရုတ်သုတေသီများကလည်း ဖါးစည်ကို တရုတ်ပြည်တောင်ပိုင်းရှိ Pu ဟုခေါ်သောရှေးဟောင်းလူမျိုးစုတစုကစတင်တည်ထွင်ခဲ့ပြီး Lac Viet တို့ ရှိရာမြစ်နီမြစ်ဝှမ်းဒေသနှင့် အနီးအနားရှိတခြားလူမျိုးစုများထံသို ပြန့် ပွားသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။


History of the karen (အင်းဒီးယားနိုင်ငံမှတ်တမ်းမှ ကရင်အကြောင်း)

(Histrory fact) သမိုင်းမှန်သုတ

History of the karen (အင်းဒီးယားနိုင်ငံမှတ်တမ်းမှ  ကရင်အကြောင်း)

သမိုင်းသုတေသီများအနေနှင့် အန်ဒမန်ကျွန်းရှိ မာယာဘန်ဒါ ထက်စီလ် ရှိ ကရင်လူမျိုးများသည် မူလက မွန်ဂိုးလီးယား တွင်နေထိုင်ခဲ့ကြသည်ဟု ယုံကြည်ကြသည်။ မွန်ုဂိုမင်းများ၏ ရက်စက်ကြမ်းတမ်းသည့် သဘာဝကြောင့် ငြိမ်းချမ်းချမ်းရေးကိုချစ်မြတ်နိုးသော ကရင်လူမျိုးများသည် တောင်ပိုင်းရှိ တာကစ်စတန် နှင့်တရုတ်ဘက်သို့ ခရစ်မတိုင်မီ ဘီစီ ၂၀၁၇-၁၃ ခန့်တွင် ပြောင်းရွှေ့သွားကြသည်။ ထိုမှတဆင့် ဘီစီ ၁၈၆၄ တွင် တိဗက်သို့ရောက်လာကြသည်။ မည်သို့ဆိုစေ တရုတ်မင်း ဂေါ်ဆင် (Ghaw Hsin) ၏ မကောင်းသော လုပ်ဆောင်ချက်များကြောင့် ကရင်များဘီစီ ၁၁၂၅ တွင် စယမ်(ထိုင်း)၊ မြန်မာ၊ကန်ဘောဒီးယားနှင့် ဗီယက်နမ်သို့ တိမ်းရှောင်သွားကြရပြန်သည်။ 

ထိုဒေသများရှိ မြန်မာပြည်အရှေ့ပိုင်းတောင်တန်းဒေသများ တွင် အခြေချနေထိုင်ကြရာမှ ဗြိတိသျှအုပ်ချုပ်ရေးအရ အင်းဒီးယားနိုင်ငံ၏ အစိတ် အပိုင်းတခုဖြစ်လာသည်။ 
၁၉၄၂ ခုတွင် အင်းစိန် ကရင်ကျမ်းစာကျောင်းအုပ် ဒေါက်တာ အိတ်ခ်ျအိုင် မာရှယ်လ် က အမေရိကန်မှအပြန်တွင် အန်ဒမန်နှင့် နိကိုဘားကျွန်း ၏ကော်မစ်ရှင်နာချုပ်ဖြစ်သော ၀မ်းကွဲဖြစ်သူ ဗိုလ်မှုးကြီး ဖယ်ရာ နှင့်တွေ့ရန် ဘလဲဆိပ်ကမ်း၌ ရပ်တန့်ခဲ့သည်။ ထိုအချိန်တွင် ဗိုလ်မှုးကြီး ဖယ်ရာက သစ်တောသန့်ရှင်းရေး၊ သစ်ပင်ဖြတ်လှဲခြင်း၊ ကျွန်းသစ်များကို သစ်စက်သို့ ပို့ဆောင်ခြင်း နှင့် ဆင်များကို ကိုင်တွယ် စီစဉ်ခြင်း စသည့် အလုပ်တာဝန်များကို ပြောင်းရွှေ့အခြေချလာသူများအတွက် အကျိုးအမြတ် ဖြစ်စေရန် အုပ်ချုပ်ရေးပိုင်းက စီစဉ်ထားကြောင်း ဒေါက်တာမာရှယ်လ်အားသတင်းပေးခဲ့သည်။ ဒေါက်တာမာရှယ်က အလုပ်ကျိုးစားပြီး အေးချမ်းစွာနေထိုင်တတ်သော နွမ်းပါးသည့် မြန်မာပြည်ရှိ ကရင်များအတွက် ယင်းအခွင့်အရေးကောင်းများကို ယူဆောင်ခဲ့သည်။ ရန်ကုန်သို့ရောက်သောအခါ မိုးသောက်ကြယ် ဟုအဓိပါယ်ရသော ဆာတူဝေါ် ခေါ် ကရင်သတင်းစာတွင် ထိုသတင်းကို ပုံနှိပ်ထုတ်ဝေ ခဲ့သည်။ 

အဆိုပါသတင်းကိုဖတ်ရှုရပြီးနောက်တွင် သိက္ခာရဆရာတော် ကရင်တရားဟောဆရာ လူကြီးက ယင်းကို အထူးအခွင့်အရေးတခုအဖြစ်ဆုံးဖြတ်သည်။ ၁၉၂၅ ခုနှစ်တွင် သူ၏ဦးဆောင်မှုဖြင့် ၁၃မိသားစု အန်ဒမန်ကျွန်းသို့ရောက်ရှိလာကြသည်။ ၁၉၂၆ တွင် ကရင်မိသားစု ၅၀ ဒုတိယအသုတ်အဖြစ်ရောက်ရှိလာကြပြီး ဝေဘီ ( Webi )ခေါ် ပထမဆုံးကရင်ရွာကို ထူထောင်ခဲ့သည်။ ထိုမှတဖန်ကရင်အခြေချကျေးရွာပေါင်း(၈) ရွာ ဆက်လက်ထူထောင်ကြသည်။ ထိုရွာများမှာ 
1) Webi village (hidden city) originally named by the Karens
2) Lataw village (in Karen leh Toh, meaning “Go Up”
3) Lucknow village (formerly called “Burmadera”- Burmese settlement area)
4) Deopur village (formerly called “Base-Camp”)
5) Karmatang 9 village
6) Karmatang 10 village
7) Borang village
8) Chipo village တို့ဖြစ်ကြသည်။
ထိုအချိန်မှစပြီး ကရင်လူမျိုးများသည် အန်ဒမန်ကျွန်းကို သူတို့၏ အမြဲတမ်းနေရပ်အဖြစ် ပြုလုပ်ခါ အင်းဒီးယားနိုင်ငံလွတ်လပ်ရေးရသောအခါတွင် အင်းဒီးယားနိုင်ငံသားအဖြစ် ရွေးကောက်ခြင်းခံရသည်။
ယခုအခါတွင် လူဦးရေနဲပါးသော်လည်း ကျွန်း၏ အရေးပါသော အသိုင်းအ၀ိုင်း ဖြစ်သည့်ကရင်များသည် သူတို့၏ တိုက်ပွဲဝင်ခဲ့မှုအတိုင်း အင်းဒီးယားနိုင်ငံ၏ လူမျိုးစုတစုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။  သူတို့၏လက်ရှိလူဦးရေမှာ ၂၀၀၀ ကျော်ရှိပြီး ၁၉၅၁ခု တွင်သန်းကောင်စာရင်းအရ ၃၈၄ဦးရှိခဲ့သည်။

သူ့ ဘဝအကြောင်း

"လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ ..တ၀ဲဝဲလွင့်ခါ လေယဉ်ပမာ......"ဆိုတဲ့သီချင်းရေဒီယိုကနေ လာတဲ့အခါ အမေဟာ ကျေကွဲလွမ်းလို့ ချုံးပွဲချငိုတယ် ဆိုပြီး ၁၀နှစ်လောက်ကတည်းက ဆုံးသွားပြီဖြစ်တဲ့ အကိုကြီးရဲ့ တစောင်တည်းသောစာမှာပါလာတယ်...
ဒိသိချင်းကို ကျနော်ငယ်ငယ်က အမေ့ကိုရေတွင်းမှာရေခတ်ပေးရင်းနဲ့ အော်ဆိုလေ့ရှိခဲ့တာပါ...
၁၉၇၆ ရက်စက်ကြမ်းကျုတ်လှတဲ့ ဖြတ် ၄ဖြတ်ကာလမှာတောင် အမေဟာ တောတောင်အသွယ်သွယ်ကို စမ်းတ၀ါးဝါး ဖြတ်ကျော်လာပြီး
ငှက်ဖျားနဲ့ကွေးနေတဲ့ ကျနော့်ရှိရာရောက်ခဲ့ပါသေးတယ်...
၁၉၈၀ ၀မ်းခါတိုက်ပွဲကာလမှာလဲ အမေဟာ အသက်ဘေးကို မတွေးနိုင်ဘဲ အရောက်လာခဲ့ပါတယ်....၁၉၈၃ မယ်တရစ်တိုက်ပွဲအပြီးမှာ အမေနောက်ဆုံးအကြိမ်လာခဲ့ပေမဲ့ ကျနော်ဆုံးပြီဆိုတဲ့ သတင်းဆိုးကိုဘဲကြားလိုက်ရပြီး ရင်ကွဲစွာ ပြန်သွားရရှာတယ်...
အမေကျနော့်သတင်းအတိအကျကိုမရလိုက်ပါဘူး..အဲဒိတုန်းကကျနော့်နဲ့ ရင်းနှီးတဲ့ ရဲဘော်တွေ မိတ်ဆွေတွေလဲ ကျဆုံးကုန်ကြပြီမို့ဖြစ်ပါလိမ္မယ်.

ကျနော့်လိုဘဲ လူငယ်လူရွယ်တွေအတော်များများဟာ စနစ်ဆိုးကြီးကိုတွန်းလှန်ဖြိုချဖို့ ဆိုတဲ့ ပျင်းထန်တဲ့ခံယူချက်တွေနဲ့  တောတောင်တွေထဲရောက်ခဲ့ကြပါတယ်...
တောကောင်တွေရဲ့ ဘ၀မျိုးနဲ့ ပုန်းလှိုးကွယ်လျိုး လူမမြင်သူမမြင်တောကြိုတောင်ကြားမှာ ငတ်တလှည့် ပြတ်တလှည့်အသက်ရှင်ခဲ့ကြရပါတယ်။။။ဒါတွေထက်ဆိုးတာက အဖေအမေ အကို အမ နဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကို တအားအောင့်မေ့တဲ့အခါတွေပါ...
တချို့ ကတော့ ပြန်လည်ဆုံစည်းရခြင်းမရှိခင်မှာဘဲ ထာဝရပျောက်ကွယ်သွားကြပါပြီ...
နေ့ လည်ခင်းငိုက်ကနဲအိပ်ပျော်သွားချိန်မှာ အတိတ်ကမြင်ကွင်းတချို့ ဒီနေ့ ဖြစ်နေသလိုမြင်ရတတ်တယ်..အဲလိုအခါမျိုးမှာ ချက်ခြင်းအိပ်ယာထလိုက်ပြီး ဆွေးမြေ့မှုကိုဖြတ်တောက်ရပါတယ်...

ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။

ကရင်လက်နက်ကိုင်အင်အားစု အားလုံးနှင့် ပြည်တွင်းပြည်ပကရင်လူထု အစုအဖွဲ့အားလုံးသို့ ပန်ကြားချက်။
မြန်မာ့တပ်မတော်က ကေအိုင်အေကို ယခုနှစ်ဦးမှစ၍ ထိုးစစ်စတင်ခဲ့သည်။ စစ်ဆင်ရေးများ၏ လုပ်ထုံးလုပ်နည်းများအရ ခြေမှုန်းရေးထိုးစစ်အော်ပရေးရှင်းကို မိုးရာသီအစပိုင်းတွင်အဆုံးသပ်ရမည်ဖြစ်သည်။
မိမိ၏တပ်သားများအပေါ်စာနာစိတ်ထားရှိသောမည်သည့်တပ်မတော်ကမျှမိမိ၏ စစ်သည်များ ၃-၄ဆပိုမို သေကျေကျိုးကန်းကြရမည့် မိုးရာသီတွင်ထိုးစစ်မဆင်ကြပါ။မြန်မာ့တပ်မတော်၏ အောက်ခြေအကြပ်တပ်သား အားလုံးနီးပါးသည် မရှိဆင်းရဲ အခြေခံလူတန်းစား အလုပ်သမား လယ်သမားများ၏ ချစ်သောရင်သွေး သားငယ် များဖြစ်ကြသည်။ သို့ဖြစ်သဖြင့် မြန်မာ့တပ်မတ်ေသည် တိုင်းရင်းသားများ အပေါ်ရက်စက်ကြမ်းကျုတ်လူမဆန်သည့်တိုင် မိမိ၏တပ်သားများအတုံးအရုံးသေဆုံးကျိုးကန်းကြရမည့် စစ်အမျိုးအစားကိုတော့ ရှောင်ကျဉ်ကြမည်သာဖြစ်ပါသည်။  

မြန်မာ့တပ်မတော်မှ တပ်သားများသည် ကေအိုင်အေ၏ကြံ့ ကြံ့ခံတုံပြန်တိုက်ခိုက်မှုဖြင့် ကချင်ပြည်နယ်စစ်ပွဲတွင် တွက်ချက်ထားသည်ထက် ၂ဆမက အတုံးအရုံးကျိုးကန်း သေကျေလျှက်ရှိသောကြောင့်သော်လည်းကောင်း စစ်ချီစစ်ခင်းရန်အဆင်မပြေတော့သော မိုးရာသီသို့ဝင်လာပြီဖြစ်သည်ကတကြောင်းတို့ကြောင့် ကချင်ထိုးစစ်ကို တ၀က်တပျက်ဖြင့် ခေတ္တရပ်နားထားရမည့်အနေအထားဖြစ်ပါသည်။

မွန်သမိုင်း တပိုင်းတစ-

မွန်သမိုင်း တပိုင်းတစ-
မြန်မာနောက်ဆုံးဘုရင်တို့ နိဂုဏ်းချုပ်သော မြောက်ပိုင်းအမာခံဒေသမှ မြောက်မြားစွာသော ဗမာလူမျိုးစုလူထုသည် ၁၉၀၀ ခု
နှစ်မှအစပြု၍ ဗြိတိသျှတို့ အုပ်ချုပ်ရာ တောင်ပိုင်းဒေသသို့ စတင်ရွှေ့ပြောင်းလာကြသည်။ လူဦးရေနဲပါးသော တောနက်များကိုခုတ်
ထွင်ရှင်းလင်းခါ လယ်ယာစိုက်ပျိုးကြသည်။ မူလဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်လွမ်းခြုံနေထိုင်လျှက်ရှိသည့် ဒေသခံ မွန်နှင့် ကရင်များနှင့်အပြိုင် ဒေသကိုစတင်လွှမ်းခြုံ နေထိုင်လာကြသည်။ အထက်မှဗမာပြည်သူလူထုသည် အင်္ဂလိပ်အုပ်ချုပ်သောအောက်နယ်သို့ အလုံးအရင်းပြောင်းရွှေ့ လာကြခြင်းမှာ အထက်မြန်မာပြည်တွင် သစ်တောပြုန်းတီးရာမှ မိုးခေါင်ရေရှားသဖြင့် လယ်ယာ ကောင်းစွာမစိုက်ပျိုးနိုင်တော့သည်ကတကြောင်း၊ အင်္ဂလိပ်ပိုင်အောက်ပြည်အောက်ရွာတွင် မူရင်းရာသီဥတုနှင့်သဘာဝမိုးလေ၀သအခြေအနေများကောင်းသည့်အပြင် မြေသြဇာလဲ အလွန်ကောင်းသည်ဖြစ်၍တကြောင်း၊ အဂ်လိပ်အစိုးရနှင့် အရှေ့ အိန္ဒယကုပ္မဏီက ဒေသထွက်ဆန်စပါးများကိုနိုင်ငံခြားဈေးကွက်သို့ ထုတ်ကုန်အဖြစ်အလျှံပယ် ရောင်းထုတ်နိုင်သည်ကတကြောင်းတို့ ကြောင်းဖြစ်သည်။
၁၈၂၆ ခုနှစ်မှ ၁၈၇၂ အထိ တနင်္သာရီတိုင်း လူဦးရေမှာ ၇ သောင်းမှ ၂၅၇,၄၀၄ အထိတိုးလာသည်။ ၁၈၅၅ မှ ၁၈၇၂ အထိ ပဲခူးတွင် လူဦးရေ ၈၇,၇၄၂မှ ၁,၆၆၂,၀၅၈ သို့ တိုးလာပြီး မုတ္တမတွင် ၂၀၅,၉၁၃ ဦးတိုးလာသည်။