ခွဲထွက်ပိုင်ခွင့်မရှိခြင်းဟာ ဒီမိုကရေစီမရှိခြင်းဖြစ်တယ်။
အင်္ဂလိပ်လက်ကနေလွတ်လပ်ရေးရပြီးနောက် အတူနေထိုင်ကြပြီး ၁၀ပြည့်တဲ့အခါ ဒီအတူနေထိုင်မှုကနေမိမိတို့ခံစားရရှိခဲ့တဲ့ နစ်နာဆုံးရှုံးမှုတွေအပေါ်တည်ပြီး ခွဲထွက်လိုကခွဲထွက်ခွင့်ရှိတယ်ဆိုတာကို ပထမပင်လုံစာချုပ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ က အတိအလင်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။ ဒီသဘောတူညီချက်ဟာ ပင်လုံစာချုပ်ရဲ့ တစ်ခုတည်းသော မဟာ့ မဟာ အဓိက အချက်ပါဘဲ။ ဒီအဓိကအချက်ကို မဆလနေ၀င်းအာဏာရှင်အစိုးရက ချီးကုန်းပစ်ခဲ့တယ်။ ဒီအချက်ကိုဆက်လက်ရပ်တည်တဲ့ နိုင်ငံရေးပါတီအားလုံးကို ဖမ်းဆီးချုပ်နှေင် ပိတ်ပင်ပစ်တဲ့အလားတူ တိုင်းရင်းသားအမျိုးသားနိုင်ငံရေးအင်အားစုအားလုံးကိုလဲ နိုင်ငံရေး စစ်ရေးနည်းအားလုံးနဲ့ခြေမှုန်းသုတ် သင်ခဲ့တယ်။ ရာစုနှစ် ထက်ဝက်ကြာမျိုးချစ် တိုင်းရင်းသားနှိမ်နင်းရေး ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် တိုင်းပြည်ဟာ အာရှမှာသာမက ကဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ချွတ်ခြုံကျသွားခဲ့ရတယ်။ ဆင်းရဲနုံချာမှုဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ၁၉၈၈ မှာ ပြည်သူလူထုထုနဲ့ ကျောင်းသားတွေကတပြည်လုံးဆနပြကြတယ်။ စစ်တပ်က သေနပ်တွေနဲ့ပစ်ယုံသာမက တင့်ကားတွေ အမြောက်တွေ မှိုင်းဗုံးတွေနဲ့ထုတယ်။ ဆနပြကျောင်းသားနဲ့လူထုအများအပြားကို စစ်ကားတွေပေါ်တင်ပိတ်ပြီး ကားကို ဒလကြမ်းမောင်းတဲ့နည်းနဲ့ အသက်ရှုမရ မချိမဆန့်မွန်းကြပ်သေကျေစေခဲ့တယ်။ တချို့ကို မီးလောင်နေတဲ့ အဆောက်အအုံထဲပစ်သွင်းပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်။ ကျောင်းသားအများအပြားကို အင်ယား၊ ကန်တော်ကြီးထဲ အတင်းကန်ချပြီး ကမ်းပေါ်ပြန်လာသူမှန်သမျှကို လှံစွတ်တွေနဲ့စောင့်ပြီးထိုးသတ်တယ်။