Friday, June 19, 2020

ချင်းမိုင်-ဖာပွန် မိတ်ဖွဲ့သမိုင်းနှင့် လန်းနာဒုက္ခသည်အကြောင်း

ချင်းမိုင်-ဖာပွန် မိတ်ဖွဲ့သမိုင်းနှင့် လန်းနာဒုကသည်အကြောင်း( ထိုင်းမှ ဗမာဘာသာသို့အနီးစပ်ဆုံးချုပ်နှုတ်ပြန်ဆိုထားသည်)
__________^__________^__________
ဥပရာထန်လန်ကာနှင့်အဖွဲ့သည် ကရင်နီအကြီးအကဲ မင်းသားကြီးစောဝ်စဲတာဒါး နှင့်တွေ့ကြပြီးနောက် ချင်းမိုင်-ဖာပွန်ချစ်ကြည်ရေးတည်ဆောက်ရန်အတွက် မင်းသားကြီး စောဝ်ဖားရဖာနှင့်တွေ့ဆုံရန်ကရင်ဖြူတို့၏ဖာပွန်မြို့သို့ခရီးဆက်ကြသည်။တန်ကျောက်ဖားသို့ရောက်သောအခါ သူတို့၏ရည်ရွယ်ချက်ကို ကရင်မင်းသား စောဝ်ရတနာမင်းကျောက်ခန်ဖားကသိရှိရသောအခါ လှိုက်လှဲစွာကြိုဆိုပြီး တည်းခိုရန်နန်းတော်တွင်နေရာထိုင်ခင်းစီစဉ်ပေးသည်။ တွေ့ဆုံစကားပြောကြပြီးနောက် ဥပရာထန်လန်ကာက ချင်းမိုင်ဘုရင် ကာဝီလထံမှပါးလိုက်သော လက်ဆောင်ပဏာများကိုအပ်နှင်းပွဲလုပ်သည်။  လက်ဆောင်များမှာ ဖလားခွက် အလုံး၃၀ နှင့် ဖားလင်းမြို့စားမင်းသားလေးရောင်ဖို အတွက် ပိုးဖဲကဒီပါ အထည်အလိပ်ပေါင်းများစွာပါဝင်သည်။

ဖာလင်းမြို့တွင် ရန်သူဗမာများ၏အန်တရယ်မှလွတ်ကင်းရန်ချင်းမိုင်နှင့် လမ်းပွန်းမှ စစ်ပြေးဒုခသည်များပြောင်းရွှေ့နေထိုင်လျှက်ရှိသည်။ထိုလန်းနာဒုကခသည်များက ကရင်မင်းသားသည်သူတို့အား ကရင်လူမျိုးများသဖွယ်ကျင်နာစွာလက်ခံစောင့်ရှောက်ထားသည်ဟုဖွင့်ဆိုကြသည်။
နောက်နေ့တွင် ဖာလင်းမြို့စား၏ဖခင် မင်းသားကြီး နွိုင်ရဖာက ကရင်နှင့် ချင်းမိုင်အကြားမိတ်ဖွဲ့သစ်စာကတိခံယူပွဲကို ထာ့စာယာ ကမ်းနဖူးတွင်ကျင်းပသည်။ ကရင်မင်းသားက ဆူဖြိုးသောကျွဲတကောင်ကိုဖျက်ပြီး ကျွဲချိုကိုနှစ်ခြမ်းခွဲသည်။တခြမ်းကိုကိုင်ပြီးကျန်တခြမ်းကိုချင်းမိုင်ကိုယ်စားလှည်တော်အားပေးပြီးအောက်ပါအတိုင်းကျန်းသစ်စာကျိန်ဆိုကြသည်။ " သံလွင်မြစ်ကြီးတည်ရှိနေသ၍ ကောက်နေသောကျွဲချို ဖြောင့်မသွားသ၍ နှင့်ဆင်ဖြူ (ချန်းဖယ်)လှိုင်ဂူပြိုကျမသွားသမျှကာလပတ်လုံး ကရင်ပြည်နှင့်ချင်းမိုင်ချစ်ကြည်ရေးအဓွန့်ရှည်ပါစေသောဝ်"
(မှတ်ချက်။ ရှေးလန်းနာနှင့် တရုတ်တို့က ကရင်ကို "ယန်း"ဟုခေါ်သည်။ ရှမ်းကလည်းမူလက ကရင်ကို "ယန်း"(ညန်း)ဟုပင်ခေါ်ဆိုသည်။ မွန်ဂိုနှင့်တိဗက်ဆိုင်ရာသမိုင်းမှတ်တန်းတချို့တွင် ကရင်ကို "ကာရိယန်" ဟုခေါ်ဆိုသည်။ ကန်ချနဘူရီဒေသထိုင်းမူလအခေါ်အရ ကရင်ကို "ကရဏ်" ဟု ခေါ်သည်။"ကရဏ်" သည် မွန်တို့၏ရှေးမူလအခေါ်အဝေါ်ဖြစ်သည်။ ထိုဒေသ"ကရဏ်"များကို ဗမာပြည်လက်ရှိကရင်များက "တလာကူ" သို့မဟုတ် " တလာခုန်း"ဟု ခေါ်ကြပြန်သည်။ မွန်ထီးနန်းခေတ်တွင် ဒုံရင်း မှမြဝတီဒေသတဝိုက်ကို ကရဏ်လူမျိုးတို့အုပ်ချုပ်သောကရဏ္ဏ္ဏကတိုင်းအဖြစ်မွန်မင်းများကအသိအမှတ်ပြုသဖြင့်ထိုတိုင်းသားများကို ကရဏ်လူမျိုးဟုခေါ်ဆိုခြင်းဖြစ်ဖွယ်ရှိသည်။

အယုဒ္ဒယ-ရတနကိုစင် သမိုင်းအတွင်းမှ ကရင်အမျိုးသား

အယုဒ္ဒယ-ရတနကိုစင် သမိုင်းအတွင်းမှ ကရင်အမျိုးသား (ထိုင်းဘာသာမှတိုက်ရိုက်နီးပါးပြန်ဆိုထားသည်)
Karen national in history of Ayudhaya- Rattnakosin era
ชนชาติกะเหรี่ยงในประวัติศาสตร์ในสมัยอยุธยา - รัตนโกสินทร์ 

(ရတနကိုစင်ခေတ်က ရာဇဝင်မှတ်တမ်းတာဝန်ခံ ဘုရင့်ဝန်ကြီးဖြစ်သည့်) စုမ်ဒေ့ ကရုန် ဖရယာ ဒမ်းမရွန်း ရာ့ခ်ျနူဖဘ်(Somdej Krom Phraya Damrong Rajanupab) ရေးသားသော "ထိုင်းဗမာစစ်ပွဲ" မှတ်တမ်းတွင်  နရေစွမ်မင်းကြီး (King Naresuan the Great) မှ ၁၅၉၉ ၌ ဒုတိယအကြိမ် ဟန်သာဝတီမြို့ကိုစီးနင်းတိုက်ခိုက်ပြီး ဖေဖော်ဝါရီလဆန်းတွင် တောင်ငူမြို့ကိုဝိုင်းခါ ဧပြီလဆန်းတွင်စီနင်းတိုက်ခိုက်သည်။ ယင်းတောင်ငူထိုးစစ်တွင် မြို့တော်အနောက်ဘက်ခြမ်းပိတ်ဆို့တိုက်ခိုက်ရေးတွင်ပါဝင်သောတပ်မှူးများမှာ ဖရာ့ယာနခွန်ရာ့ခ်ျစီမာ၊ ဖရာ့ စင်းဘူရီ၊ခွန်အင်ထောရ်ဖိဗန်း နှင့် စမ်ဖူမိလိုကာဖက် (Phraya Nakhon Ratchasima, Phra Sing Buri, Khun Inthornrphiban and Saen Phumi Lokaphet)တို့ဖြစ်ကြပြီး (ရာဇဝင်မှတ်တမ်းဝန်ကြီး) စုမ်ဒေ့ ကရုန် ဖရယာ ဒမ်းမရွန်း ရာ့ခ်ျနူဖဘ်က "စမ်ဖူမိလိုကာဖက်" သည်ကရင်လူမျိုးဖြစ်သည်ဟုဆိုထားပြီး ကရုန်စီအယုဒ္ဒယတပ်မတော်တွင် ကရင်လူမျိုးများသည် ကင်းထောက်တပ်သားများ၊ ခြေလျှင်တပ်သားများ၊ ဗိုလ်မှူးများနှင့် ဗိုလ်ချုပ်များအဖြစ်ပါဝင်မင်းမှုထမ်းကြသည်ဟုလည်း မှတ်ချက်ချသည်.
(မှတ်ချက်။ ၁၅၉၉ခုနှစ်ထိုင်းသွားရောက်တိုက်ခိုက်ချိန်တွင်ဟန်သာဝတီကို ဗမာမင်းများသိမ်းပိုက်ထားသည့်ကာလဖြစ်သည်)


ဗမာထိုင်းကိုတိုက်ခိုက်ခြင်း

ဒေါက်တာ စူနေ့တ်ရ် ချုတိနတ္ထရာနွံပြုစုသော  "ဗမာထိုင်းကိုတိုက်ခိုက်ခြင်း" စာတမ်းမှကောက်နှုတ်ထားသည်(အနီးစပ်ဆုံး ထိုင်းအသံထွက်ကိုသုံးထားသည်)

၁၇၈၅ ခုနှစ်တွင် အင်းဝဘုရင်ပဒုန်း ခေါ် ဘိုဒိုဖရား (ဘိုးတော်ဘုရားဖြစ်ပုံရသည်) က ဖရာ့ဖုထယော့ဖားကျုလာလို့မဟာရာ့ခ်ျ ( ရတနကိုစင် ဘန်ကောက်ခေတ် ပထမမင်း) အားတပ်မတော် ၉တပ်ဖြင့်ချီတက်တိုက်ခိုက်သည်။ ပဒုံးမင်းနှင့်စေ့စပ်ဆေးနွေးရေးအတွက်ရတနကိုစင်မှပို့လာသော သံတမံ များ၏ပြောဆိုချက်အရ ဗမာစစ်သုံ့ပမ်း ၃ဦးအား ကရင်တပ်မတော်က ဇမိတွင်ဖမ်းဆီးကာ ဘန်ကောက်မြို့တော်သို့ပို့ဆောင်ခဲ့ပြီးထိုဗမာစစ်သုံ့ပန်းများက အင်အား ၂၂၀,၀၀၀ရှိသော ဗမာ့တပ်မတော် ၉တပ် ဘန်ကောက်ကိုစစ်ချီလာနေသည်ဟုဖြောင့်ချက်ပေးသဖြင့် ထိုင်းဘက်က တန်ပြန်စစ်အတွက် ပြင်ဆင်ထားသည်ဟုပဒုံးမင်းအားလျှောက်ကြားသည်။
၁၈၂၂တွင် ကရင်လူမျိုး စန်ခလဘူရီမြို့စား ခွန်းစူဝမ်က မိမိဧရိယာအတွင်းကျူးကျော်လာသော ဗမာ့စစ်ကြောင်းတစ်ခုလုံးအား ချေမှုန်းသုံ့သင်ခဲ့သည်။ ၁၈၆၄ တွင် လည်း ကရင်လူမျိုးများဖြစ်သောစန်ခလဘူရီနယ်စပ်မြို့စားကြီးခန်းစူဝမ်၊ စရီစဝပ် နယ်စပ်ဂိတ်မှူးမြို့စားကျွတ်ဖိထပ်နှင့် ရွာစားကြီးဒေချာတို့က ထိုင်း-အင်္ဂင်္လိပ် နယ်နိမိတ်ကို တိုင်းတာ စီစစ်ကာ ပူးတွဲရေးဆွဲချမှတ်ခဲ့သည်။
၁၈၈၉ခုနှစ်တွင် ထိုမြို့စားများနှင့်အင်္ဂလိပ်တို့တည်ဆောက်ထားခဲ့သည့် ကွန်ကရိတံတိုင်းကို ကရင်လူမျိုးနယ်စပ်ကာကွယ်ရေးတပ်က ပြန်လည် တွေ့ရှိသည်။

(ရတနကိုစင်ဘန်ကောက်ခေတ်ပထမဘုရင်သည်မွန်မျိုးနွယ်ဖြစ်ကြောင်း postခဲ့ပြီးဖြစ်သည်။)

လန်းနာက မွန်မြို့တော်များအားသိမ်းပိုက်သည့်သမိုင်း

လန်းနာက မွန်မြို့တော်များအားသိမ်းပိုက်သည့်သမိုင်း

၁၂၅၉ခုနှစ်တွင် မင်းဂရိုင်းသည် လွတ်လပ် ညီညွတ်သောလန်းနာမြောက်ပိုင်း "တိုင်း" မြို့ပြနိုင်ငံများ၏ပထမဘုရင်ဖြစ်လာသည်။ထိုနိုင်ငံသည်ယနေ့အခါလာအိုနိုင်ငံ၏မြောက်ပိုင်းဒေသကြီးဖြစ်၏။ သူသည် လူမျိုးခြားများစီးနင်းတိုက်ခိုက်မည့်အန္တရယ်များခေတ်လှိုင်းကြွနေသောအချိန်တွင်ညီညွတ်မှုမရှိသော "တိုင်း"မျိုးနွယ်စုတို့၏မြို့ပြနိုင်ငံများကိုလန်းနာနိုင်ငံတော်အဖြစ်စည်းရုံး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူသည် "တိုင်း"လူမျိုးများ၏ မန်းလိုင်, ချင်းခံ နှင့် ချင်းခေါင်ကိုလျှင်မြန်စွာသိမ်းသွင်းခဲ့သည်၊၁၂၆၂တွင် ကုတ်မြစ်ကမ်း၌  လန်းနာ၏နေပြည်တော်အဖြစ် "ချင်းဂရိုင်း"မြို့ကိုတည်ထောင်သည်၊( ချင်းဂရိုင်းသည် လက်ရှိထိုင်းနိုင်ငံ မြောက်စွန်း၏တိုင်းဒေသကြီးမြို့တော်ဖြစ်သည်) ၁၂၈၇တွင် ဖရောင်မင်း ငန်မွန်း၊ စူခိုထိုင်း( နောင်တွင် ထိုင်းထီးနန်းစတင်တည်ထောင်သော ပထမခေတ် သို့မဟုတ်စူခိုးထိုင်းခေတ်ဖြစ်လာသည့်မြို့)မင်းရမ်ခမ်ဟဲန်တို့ ခိုင်မာသောညီနောင်နိုင်ငံများအဖြစ်ပူးပေါင်းသည်။ မင်းဂရိုင်းဘုရင် ဖန်မြို့တွင်ရှိနေစဉ်တွင် မွန်နိုင်ငံတော်ဟရိပွန်ချိုင်းမှ ကုန်သည်တဦးသူ့ထံသို့လာရောက်လည်ပတ်ခစားကာ မွန်နိုင်ငံတော်၏စည်ပင်သာယာတိုးတက်ဝပြောမှုအကြောင်းများကိုပြောပြသည်။ ( ဟရိပွန်ချိုင်းမှာမျက်မှောက်တွင်လမ်းပွန်း တိုင်းဒေသကြီး၏မြို့တော်ဖြစ်သည် ) မွန်သည် "တိုင်း"လူမျိုးစုတစ်စုမဟုတ်သဖြင့် လန်းနာနိုင်ငံနှင့်မပူးပေါင်းချင်ပေ။ မွန်ပြည်ကိုအင်အားသုံးပြီးသိမ်းသွင်းလိုသည့်မင်းဂရိုင်းမင်း၏အစီအစဉ်ကို အကြံပေးမှူးမတ်များက မဖြစ်နိုင်ဟု တားမြစ်ကြသော်လည်းမရခဲ့ပါပေ။ မင်းဂရိုင်းဘုရင်သည် အိုက်ဖားဆိုသူ ကုန်သည်တစ်ဦးအား သူလျှိအဖြစ် မွန်အုပ်ချုပ်ရေးအသိုင်းအဝိုင်းအတွင်းပိုင်းသို့ဝင်ပူးရန်လွှတ်လိုက်သည်။ (NCAခေတ်တွင် KNUနှင့် MNSP တို့၏အတွင်းပိုင်းကို BAကနည်းမျိုးစုံဖြင့်ဝင်ပူးနေသည့် နည်းနှင့်ထပ်တူဖြစ်သည်)။ မွန်ဘုရင်ယိဘာ (Yi Ba) က အိုက်ဖား ကို ဘုရင့်အာဏာသုံးခွင့်ရ အမတ်မှူးကြီးအဖြစ်ခန့်အပ်ခါစီရင်အုပ်ချုပ်စေသည်။ ထိုမှ ၁၂၉၁ ရောက်သောအခါတွင် မင်းဂရိုင်းဘုရင်က ဒေသခံမွန်လူထုမှကြည်ဖြူခြင်းမရှိသည့်အခြေအနေတွင်ပင် ဟရိပွန်ချိုင်းကိုသိမ်းပိုက်လိုက်သည်။ ( ဤအချက်မှာ အလောင်းဘုရား ရာမညမွန်ပြည်ကိုသိမ်းပိုက်ခဲ့စဉ်ကအခြေအနေမျိုးဖြစ်သည်) ဟရိပွန်ချိုင်းနန်းဆက်မွန်နောက်ဆုံးမင်း ယိဘာက တောင်ပိုင်းရှိအခြားမွန်မြို့တော်တစ်ခုဖြစ်သည့် လမ်းပမ်း မြို့သို့တိမ်းရှောင်လွတ်မြောက်သွားခဲ့သည်။

Ancient Karen Zhao

Ancient Karen Zhao
ကရင့်သမိုင်းနှင့်ပတ်သက်၍ အနောက်တိုင်း သမိုင်းသုတေသီတချို့၏သုံးသပ်ချက်အရ ကရင်လူမျိုးသည်ဗုဒ္ဓဘုရားမပွင့်မှီ ၇၃၃နှစ်( နှစ်ပေါင်း ၃၅၀၀ ခန့်က)
တရုတ်ပြည်တောင်ပိုင်းသို့ရောက်လာကြသည့် (Zhao)လူမျိုးစုမှဆင်းသက်လာသည်ဟုဆိုသည်။
ဗုဒ္ဓမပွင့်မှီ ၆၃၃ နှစ်မှ ဗုဒ္ဓသက္ကရာဇ် ၂၀၇အထိ ကြီးကျယ်ခန်းနားသောလူမျိုးတစ်မျိုးဖြစ်ခဲ့သည်။ တရုတ်မင်းဆက်များအင်အားကောင်းလာသောအခါ ကရင့်ဒေသကြီးအားကျူးကျော်တိုက်ခိုက်သဖြင့်ယန်စီကျန်မြစ်ကြောင်းတလျှောက်ရွှေ့ပြောင်းလာကြရာ နန်ချို ထီးနန်းနိုင်ငံသား "တိုင်း"လူမျိုးများနှင့် ရင်ဆိုင်စစ်ပွဲများဖြစ်ပွားခဲ့သည်။ နန်ချို ပိုင်ဒေသများတွင်အခြေချရန်အခွင့်မသာသဖြင့်ပိုင်ရှင်မဲ့တောင်ပိုင်းဒေသဖြစ်သော လက်ရှိကာလတွင် မြန်မာပြည် ဖြစ်နေသည့် ဒေသနှင့်ထိုင်းနယ်စပ်တောတောင်ဒေသများသို့ဆက်လက်ပြောင်းရွှေ့လာကြသည်။ 

(ထိုင်းတက္ကသိုလ်အဆင့် 
သင်ရိုးညွှန်းတန်းပါကရင်လူမျိုးတို့၏ ဇစ်မြစ်လေ့လာရေးကဏ္ဍမှသမိုင်းသုတေသီ "ဘွန်ချွေ့စရီစဝပ်" ပြုစုသည့် "ထိုင်းရှိတောင်ပေါ်လူမျိုးများ" စာတမ်းမှ ကောက်နှုတ်သည်။)


Karen before the reign of Lanna .. လန်းနာထီးနန်းမတိုင်မီ ကရင်လူမျိုး ..

Karen before the reign of Lanna ..
လန်းနာထီးနန်းမတိုင်မီ ကရင်လူမျိုး ..

(ဗုဒ္ဓသက္ကရာဇ်၂၄၉၆ခုတွင် ဒုတိယအကြိမ်ပုံနှိပ်သော ထိုင်းရာဇဝင် (Thai chronicles) မှ ချုပ်နှုတ်သည်)

လာအိုလူမျိုးဖြစ်ပေါ်လာစကာလက"ယိုနုတ်"ခေါ် "ယွန်" ခေါ် "စင်ဟနဝတီ" သည် လန်းနာ၏ တိုင်းသေကြီးတခုဖြစ်သည်။ Holt Samule Hallet ၏ခရီးစဉ်မှတ်တမ်းတစ်ခုဖြစ်သည့် "ရှမ်းတို့၏သမိုင်းပုံကြမ်း" (Historycal sketch of the Shans) ၌ "ယိုနုတ်" တွင် ကရင်လူမျိုးလွမ်းမိုးခဲ့ဘူးပြီး"ယွန်" သို့မဟုတ်"ယန်"သည် ကရင်လူမျိုးဖြစ်သည်ဟုဖော်ပြထားသည်။ ဗမာအခေါ်အရ "ဂျွန်း" (Jung) လူမျိုးဖြစ်၍ တရုတ်ရှေးဟောင်းမူလအခေါ်အရ "Jung" သည် ယူနန်ပြည်နယ်၏အမည်ဖြစ်ကာ "တောင်အရပ်ကမိုးတိမ်" ဟုအဓိပ္ပါယ်ရသည်။ ဗုဒ္ဓသက္ကရာဇ်အစပိုင်းတွင်တရုတ်-နန်ချိုပြည်စစ်ပွဲကာလများအတွင်းနန်ချိုပြည်သားများသည် "ယိုနုတ်" သို့တိမ်းရှောင်လာကြသည်။ "ယိုနုတ်" တွင်နောက်လိုက်ဗိုလ်ပါမြောက်များစွာရှိသော ကရင် (ယန်လူမျိုး) ဘုရင်၏အုပ်ချုပ်မှုအရိပ်အဝါသအောက်တွင်နန်ချိုသားတို့ခိုလှုံခဲ့ကြသည်။ကရင်ဘုရင်က နန်ချိုစစ်ပြေးများကို မြို့ရွာများတည်ထောင်အခြေချနေထိုင်ခွင့်ပေးခဲ့သဖြင့်နန်ချိုသားများက မိန်းရွန့် ချင်းစဲန်း မိန်းလဲနှင့်မိန်းချန်းဖိုက်မြို့များကိုထူထောင်ပြီးအခြေချနေထိုင်ကြသည်။ နောက်ပိုင်းတွင် နန်ချိုစစ်ဘေးရှောင်များ၏လူဦးရေအင်အားသည်ဒေသခံကရင်(ယန်းလူမျိုး)ထက်များပြားလာသဖြင့် ပြည်ပိုင်လူမျိုးအဖြစ်တက်လှမ်းနိုင်ရန် မိမိတို့တည်ထောင်ထားသည့်မြို့တစ်မြို့ဖြစ်သော "ဝယန်ချန်း" (ဆင်မြို့) သို့ ကရင်ဘုရင်ကို ဖိတ်ခေါ်ခါ အရက်သေစာ ပျော်ပွဲရွှင်များဖြင့်ဧည့်ခံပြီးမြို့တံခါးကိုပိတ်ခါ သေကြောင်းကြံစီလိုက်သည်။

တောင်ငူ ကရင်ခေတ်တွင် တိုင်းလူမျိုးများရောက်ရှိခိုလှုံခြင်း

တောင်ငူ ကရင်ခေတ်တွင် တိုင်းလူမျိုးများရောက်ရှိခိုလှုံခြင်း

(ရတနကိုစင်ခေတ် တော်ဝင်ထိုင်းသမိုင်းသုတေသီ Phra Boriharng Phethani ပြုစုရေးသားသော ထိုင်းရာဇဝင်(Chronicle of Thai)စာအုပ်ပါ ရှေးဟောင်းထိုင်းလူမျိုးများဖြစ်ပေါ်လာပုံ" ကဏ္ဍမှ ချုပ်နှုတ်ထားသည်။)

ဗုဒ္ဓမတိုင်မီခေတ်ကာလတွင် လာအိုတိုင်းလူမျိုးများသည် တောဦးမြို့တော်တည်ရှိရာ ယန်း(ကရင်)ပြည်သို့ရွှေ့ပြောင်းရောက်ရှိလာကြသည်။ ယန်း(ကရင်)လူမျိုးတို့သည် အဆင့်မြင့်မြို့များကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၅၀ကတည်းကတည်ဆောက်ထားခဲ့ကြသည်။ ကရင်များသည် တောဦးသို့မပြောင်းရွှေ့လာခင်တွင် ကွမ်ကျိုးတောင်ပိုင်းဒေသ၌နောက်ဆုံးနေထိုင်ခဲ့ခြင်းဖြစ်သည်။ 
ကရင်များ ကွမ်ကျိုးမှပြောင်းရွှေ့လာပြီးနောက်ပိုင်း ဗုဒ္ဓသက္ကရာဇ် ၅၀ ခန့်တွင် တန်ခိုးထွားလာသော တရုတ်မင်းတို့၏ချိမ်းချောက်တိုက်ခိုက်မှုဘေးအန္တရယ်မှလွတ်ကင်းရန် ထိုင်းတိုင်းလူမျိုးတို့သည်ယန်စီမြစ်ဝှမ်းအလယ်ပိုင်းဒေသ ဇေချွမ်ရှိ ဖာ့ဘာမြို့ တော်မှ ထီးနန်းပိုင်နက်ကိုစွန့်ခွာပြီး တောဦးသို့ ရောက်ရှိခိုလှုံလာကြသည်။
ထိုခေတ်အစဉ်အလာအရလစ်လပ်သော ဒေသများတွင်အခြေချသူများမှာလွတ်လပ်စွာအခြေစိုက်နိုင်ကြုပြီး၊ အုပ်ချုပ်ရေးပိုင်ရှင်ရှိသောဒေသများတွင်အခြေချလျှင် ပိုင်ရှင်လူမျိုးစုပြည်သားများ၏ အုပ်ချုပ်မှုအောက်တွင်နေထိုင်ရသည်။ လာအိုတိုင်းနှင့် ထိုင်းတိုင်းလူမျိုးများသည် ကရင်ပြည်သို့ရောက်ရှိခိုလှုံသည့်လူဦးရေများစွာတိုးများလာသည်။ ၄င်းတို့သည် ကရင်ပြည်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အခါအားလျှော်စွာ ရရှိခဲ့ကြသည်။ ကရင့်အုပ်ချုပ်မှုနယ်မြေတွင် အခြေချခိုလှုံနေစဉ် တိုင်းလူမျိုးတို့သည် သံလွင်အရှေ့
ဖက်ကမ်းနှင့်မဲခေါင်မြစ်ရှိ လီဖီ လျှိုမျောင်ဒေသအပြင် ဖူနန်ဒေသကြီးသို့ ဦးတည်ရွှေ့ရှားခဲ့ကြသည်။ 

ကရင်နှင့်လာအိုလူမျိုးအကြောင်း-

ရတနကိုစင်မင်းဆက် (၄) ၏သား Krom Phara Narathip Praphanphong ပြုစုရေးသားသော "ဖမာ့"ရာဇဝင်နှင့် "ထိုင်းအမျိုးသား" စာအုပ် များမှ ကောက်နှုတ်သည့် ကရင်နှင့်လာအိုလူမျိုးအကြောင်း-

ကရင်လူမျိုးတို့ရွှေ့ပြောင်းလာသည့် တတိယလမ်းကြောင်းမှာ သံလွင်မြစ်နှင့် ကျောက်ဖရားမြစ်တို့ဖြစ်သည်။အင်ဒိုချိုင်းနားကျွန်းဆွယ်ရှိ ကမ္ဘောဒီးယားဒေသသို့ရောက်လာပြီးမှ မြောက်ပိုင်းသို့ပြန်တက်သွားကြခြင်းဖြစ်သည်။ ပအိုကရင်(တောင်သူ)တို့သည်ရှေးဟောင်းမူလ
လူမျိုးများအဖြစ်"စယမ် ဒေသ" "ခမာမြို့တော်" များ၊ မဲခေါင်မြစ်အောက်ပိုင်းဒေသ၊ လာအိုဒေသရှိကျန်ပါစပ်မြို့နှင့် ရှမ်းတို့၏ "လီဖိ"ခေါ်လျှိုမျောင်တစ်ထောင်ဒေသအထိကျော်ကြားသည်၊ ယူနန်ဒေသရှိ စစ်စောင်ပန်းနာတွင်နှစ်ပေါင်း ၃၀ကျော်သာသနာပြုခဲ့သော အမေရိကန်မစ်ရှင်နာရီ Dr. William Clifton Dodd ၏ ရေးသားဖော်ပြချက်အရ "ယွန်" ဆိုသည်မှာခရစ်သက္ကရာဇ်(၆)ရာစုတွင်တရုတ်ဒေသမှ ထိုင်းနှင့်လာအို တို့ပြောင်းရွှေ့ရောက်ရှိလာသော သံလွင်မြစ်အရှေ့ပိုင်းဒေသကိုခေါ်ဆိုသည့်အများသုံးအမည်ဖြစ်ကာ ထိုင်းလူမျိုးထက်အရင်ဆင်းလာသော လာအိုလူမျိုးများမရောက်ခင်ကတည်းက"ယန်း"ခေါ်ကရင်လူမျိုးများအခြေချနေထိုင်လျှက်ရှိပြီးသားဖြစ်သည်ဟုဖော်ပြထားသည်။ ယွန်းခေါ် ကရင်တို့၏ဌာနေကြီးမှာ သံလွင်မြစ်မှအစပြု၍မဲခေါင်မြစ်ကိုကျော်လွန်ခါ ခမာဒေသတောင်ပိုင်းအထိကြီးမားကျယ်ပြန့်ပြီး သာယာဝပြောလှသည်။ မြောက်ပိုင်းမှရွှေ့ပြောင်းလာသော လာအိုလူမျိုးများက ကရင်ဘုရင်ထံခစားရာတွင်ခိုလှုံခွင့်ရကြသည်။ အခြေချခွင့်ရပြီးနောက်နှစ်၅၀အတွင်းတွင် ယွန်ဒေသအတွင်း၌လာအိုလူမျိုးများကမြို့ရွာများစွာထူထောင်ကြသည်။ ခရစ်တော်မဖွားမှီ ၅၄၃ ခုနှစ်တွင်လာအိုလူမျိုးများနှင့်ယန်းကရင်လူမျိုးများအကြားစစ်ပွဲများစွာဖြစ်ပွားပြီးနောက် ကရင့်လက်မှ ယွန်းဒေသအားလာအိုတို့သိမ်းပိုက်ခဲ့ကြသည်။

အဂ္ဂဖိုးချစ်မှာကြား

ကရင်သမိုင်းဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေကို ရှဲပေးကြတဲ့သူတွေအားလုံးကိုကရင်တမျိုးသားလုံးအစား ကျေးဇူးတင်ပါတယ်။ ကျနော့်အနေနဲ့ကရင်ဟာရှေးပဝေသနီခေတ်ကထွန်းကား(Civilized) ခဲ့ဘူးတဲ့လူမျိုးတစ်မျိုးဖြစ်ကြောင်းကို ဆက်နွယ်မှုရှိတဲ့အိမ်နီးချင်းနိုင်ငံသမိုင်းတွေထဲကနေ ဆက်လက်မွှေနှောက်ရှာဖွေဖော်ပြသွားမှာဖြစ်တယ်။ အဆိုပါဆက်နွယ်ရာအိမ်နီးချင်းနိုင်ငံတွေမရှိသေးတဲ့ကာလက အဖြစ်အပျက်တွေဖြစ်တာမို့ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထား(ကျောက်စာ၊ပေစာ၊ သားရည်စာ၊ မြို့ဟောင်း၊ အသုံးအဆောင်ပစ္စည်းကရိယာ)စတာတွကိုမထောက်ပြနိုင်ပါဘူး။ ဘာသာဗေဒ၊ လူသားများပြောင်းရွှေ့မှုသမိုင်းနဲ့ ပထဝီဘာသာရပ်တွေကို အထောက်အကူယူရပါတယ်။ ဒဏ္ဍါရီ ဆန်လွန်းလို့ တကယ့်ကို မဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုလဲ တတ်နိုက်သမျှရှောင်ပါတယ်။ ကရင့်သမိုင်းကို Reliable ဖြစ်အောင်၊ ကမ္ဘာ့သမိုင်းTimeline  နဲ့အံဝင်အောင် ဖြည့်ဆည်းဖို့အတော်လေးလိုအပ်နေတာကိုတွေ့ရလို့ ကျိုးစားပြီးသုတေသနလုပ်နေတာဖြစ်ပါတယ်။ ကိုယ်ပိုင်တိုင်းပြည်ပျက်သုန်းခဲ့တာနှစ်ရာပေါင်းများစွာကြာခဲ့ပြီဖြစ်တာမို့ သုတေသနလုပ်ရတာကလည်း ပင်လယ်ထဲကျသွားတဲ့အပ်တချောင်းကိုရှာရသလိုဖြစ်ပါတယ်။ ကိုယ့်ဖာကိုယ်ကြိုက်သလိုရေးပြီးအတည်ပြဌာန်းဖို့ဆိုရင်လဲ အချုပ်အချာအာဏာမရှိရင်လုပ်လို့မရပါဘူး။ ပြင်ပစာပေစာအုပ်တွေအဖြစ်သာထုတ်ဝေလို့ရမှာဖြစ်တယ်။ အဲလိုအနေအထားမှာ နိုင်ငံတကာက လက်ခံတဲ့သမိုင်းမျိုးဖြစ်ဖို့ အိမ်နီးချင်းတွေနဲ့ ကိုယ့်နိုင်ငံကိုအုပ်ချုပ်ခဲ့ဘူးတဲ့နိုင်ငံတွေရဲ့မှတ်တမ်းမှတ်ရာတွေထဲကနေဆွဲထုတ်တင်ပြနိုင်ခြင်းဟာ တစ်ခုတည်းသောreliable အဖြစ်နိုင်ဆုံးအထောက်အထားဖြစ်တယ်။ ကရင်တမျိုးသားလုံးအတွက်ဘုံအရေးကြီးချက်ဖြစ်တာမို့ တဘက်နဲ့တဘက် ကွဲပြဲနေတဲ့ဘယ်ကရင်မဆိုကျနော့်ရဲ့ရှာဖွေတင်ပြချက်တွေကို ကရင်တမျိုးသားလုံးသိရှိစေရန်ဝိုင်းဝန်းဖြန့်ချီဖို့မေတ္တာရပ်ခံပါတယ်။ ကျနော့်ကို reference အဖြစ်ထားချင်ရင်ထားနိုင်ပေမဲ့  
Source အဖြစ်ကျနော်ဖော်ပြထားတဲ့ sources တွေကိုသုံးရင်ပိုပြီး ယုံကြည်စရာဖြစ်ပါတယ်။ အမျိုးသားတိုးတက်ရေးနဲ့အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးအတွက် အထောက်အကူဖြစ်စေတာမို့ တတ်အားသမျှဝိုင်းဝန်းဖြန့်ချီကြလိမ္မယ်လို့မျှော်လင့်ထားပါတယ်။ ကျနော်ဆက်လုပ်နိုင်ဖို့ ကြီးမားတဲ့စိတ်ဓာတ်ခွန်အားဖြင့်ဖေးမခြင်းလို့လဲအသိအမှတ်ပြုပါတယ်။

မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့

မွန်-ကရင်- ဗမာ ဆက်စပ်မှုသမိုင်းအပိုင်းအစတစ်ချို့

  မော်လမြိုင်ကို အေဒီ ၃၀တွင်ကရင်က "ထာဝေ" (သို့)"ဃိုထာဝေ" ဟုခေါ်ပြီးမွန်က "မို့မွာလို"ဟုခေါ်။(မြို့ထူထောင်သောပထမဘုရင်ကိုအကြောင်းပြု၍ရှေးမွန်ဘာသာဖြင့်မျက်စိတစ်လုံးဟုအဓိပ္ပါယ်ရသော  (one-eyed) မြို့ဟုလည်းခေါ်သည်။) နောက်ပိုင်းတွင်မြို့ပျက်တောဖြစ်သွားပြီးနှစ်များစွာကြာသောအခါ ကရင်များတဖန်လာရောက်နေထိုင်ကာ"မော်လမွဲ" ဟုခေါ်သည်။ "မော်လမွဲခေါ်ဃိုထာဝေ"၏မြောက်ဘက်တွင်ဒူးသထူ (သထုံ) မွန်မြို့ရှိသည်။အရှေ့ဘက်တွင်ယိုးဒယားပြည်ရှိပြီးအနောက်ဘက်တွင်မုတ္တမပင်လယ်ကွေ့ရှိသည်။
ဃိုတာဝေမြို့ကိုထူထောင်သူမှာမွေးရာပါမျက်လုံး၃လုံးရှိသော ကရင်မျိုးရိုးဖြစ်သူ "ဃိုတာဒဲ" ဘုရင် ဖြစ်သည်။ သူ့ကိုဘယ်အိမ်နီးချင်းနိုင်ငံကမှစစ်ပြုတိုက်ခိုက်အနိုင်ယူနိုင်ခြင်းမရှိပေ။ စစ်ရေးစစ်ရာတွင်ရန်သူနင်းလာမည့်အကွက်ကိုသူမတူအောင်မှန်ကန်စွာကြိုတင်တွက်ဆနိုင်စွမ်းရှိသဖြင့်လည်းကောင်း တတိယမျက်လုံးရှိသဖြင့်လည်းကောင်း ဒိပ္ပစက္ခုရှိသောဘုရင်ဟုနာမည်ကျော်ခဲ့သည်။.........

  ၁၀၅၀တွင် အနော်ရထာ ပိဋက၃ပုံလိုချင်သဖြင့် မော်လမြိုင်ကိုမွန်ဘုရင်မနူဟာလက်မှတိုက်ယူသည်။ ပခူး သထုံ မုတ္တမ မော်လမြိုင်ကိုပါသိမ်းပိုက်သည်။ အေဒီ ၁၂၈၇တွင် မွန်မင်းတပါးဖြစ်လာသော မုတ္တမအနီးရှိ ကရင်တို့နေထိုင်ရာ"ဒူးအူ" မြို့သား ရှမ်း-ကရင်ကပ်ပြား မဂ္ဂဒူးက အနော်ရထာမင်းအာဏာအပ်နှင်းထားသည့် အဆိုပါမြို့ရှိမြို့စားအားလုံးကိုသတ်ဖြတ်ပြီး မုတ္တမကိုမြို့တော်တည်ကာနန်းတက်အုပ်စိုးသည်။မဂ္ဂဒူးကို ဝါရီယူးမင်းဟုလည်းခေါ်တွင်သည်။ အေဒီ၁၅၃၉နောက်ပိုင်းတွင် နောက်တက်လာသောမွန်မျိုးရိုးဖြစ်သည့်မင်းများကမြို့တော်ကို ပဲခူးသို့ပြောင်းရွှေ့သည်။ ပဲခူးနောက်ဆုံးဘုရင်မှာ မွန်လူမျိုးတကရူပီဖြစ်သည်။...........