I believe in one thing only, the power of human will.
(Joseph Stalin)
ငါ ယုံကြည်တာ တစ်ခုပဲ ရှိတယ်။ အဲဒါ လူသားရဲ့ ဆန္ဒအင်အား .. ပဲ။ (ဂျိုးဆက် စတာလင်)
ကမ္ဘာမှာ နာမည်ကျော် အာဏာရှင်တွေကလည်း ..ဆန္ဒရဲ့ အင်အားကို ယုံကြည်ပါတယ်တဲ့။
အထက်က စကားကို ဖတ်လိုက်ရပြီး .. အဲဒီလို လူသားဆန္ဒဆိုတာလိုပဲ ...
ပြောလေ့ရှိတဲ့ ... General Will (ပြည်သူ့ ဆန္ဒ) ဆိုတဲ့ စကားလုံးလေး အကြောင်း
နည်းနည်း ပေရှည်ကြည့်ချင်စိတ် ဖြစ်လာတယ်။
မြေပိုင်၊ ယာပိုင် ပဒေသရာဇ် (Aristocracy)
တွေ ကြီးစိုးတဲ့ ခေတ်စနစ်နဲ့ .. အာဏာဆိုတာ အဲဒီလို မြေပိုင်ရှင်တွေက
လာတယ်ဆိုတဲ့ (Feudalism) ထုံးတမ်းစဉ်လာကို ဖေါက်ထွက်ပြီး .... General Will
(ပြည်သူအများစုရဲ့ သဘောဆန္ဒ) ဆိုတဲ့ အာဏာဟာ အောက်ခြေ လူထုထံကနေ
ပေါ်ထွက်လာတယ် .. ဆိုတဲ့ သဘောတရားကို စတင် အသုံးပြုခဲ့တဲ့ ပြင်သစ်လူမျိုး
နိုင်ငံရေး တွေးခေါ် ပညာရှင် ရူဆိုး (Rousseau)က အင်္ဂလိပ် နိုင်ငံရေး တွေးခေါ်
ပညာရှင်တွေ ဖြစ်ပြီး ... သူ့ထက် စောတဲ့ ... ဂျွန်လော့၊ သောမက်(စ) ဟော့(ဘ)
တို့နဲ့ အတူတူ .. ဒီနေ့ခေတ် liberalism (လွတ်လပ်သော အယူဝါဒ) ရှိသူများ နဲ့
ကိုယ်စားပြု ပါလီမာန် ဒီမိုကရေစီ ဆိုတဲ့ စနစ်ဆိုတဲ့ အယူဝါဒကို ၁၈ ရာစုမှာ
မျိုးဆက် ချပေးခဲ့တယ်။ (မြန်မာပြည်မှာတော့ မင်းကြီးများ ... ဘုရား ...
ဆိုပြီး ထူးလို့ ကောင်းတုန်းကာလပေါ့။)