Sunday, January 13, 2013

မျှော်လင့်ခြင်း by Swe Ko on Sunday, January 13, 2013 at 5:27pm ·


မျှော်လင့်ခြင်း                      ဆွေကို  (ခေတ္တ USA)


 ညတစ်ညရဲ့ ဘဝဟာ
 မလှမပနဲ့...၊၊

 လောကရဲ့ မှောင်မိုက်မှူမှာ
ရေချိန်ကိုက်သူက
ကိုက်...
ခေါင်းစိုက်သူက
စိုက်...
သေနတ်ပြောင်းတိုက်သူက
တိုက်... နေလေရဲ့၊၊

နှစ်ဦး နှစ်ဖက်
စားမဲ့ လက်ဖက်တွေလည်း
ပုပ်ကုန်ပြီ၊၊

ဘာကြောင့်...
သံလွင်ခက်တွေက
ပြာကျသွားသလို
ဂျိုးဖြူငှက်တွေက
စွံ့အသွားကြလည်း၊၊

ဆက်တွက်လို့မရတဲ့
ပုစ္ဆာတစ်ပုဒ်မှာ
အဖြေထုတ်စရာမရှိဘူး၊၊

ခွပ်ဒေါင်း...
ကဒေါင်းတွေကလည်း
ကြိုးကြာငှက်တွေလို
အိုဗာစီး ( ပင်လယ်ရပ်ခြား ) ကို
ပြန်သန်းဖို့
အားယူနေကြ၊၊

လေဟုန်အကြာကြီးစီးခဲ့တဲ့
ငှက်တေလေတွေကလည်း
အစာရှာဖို့....
အတိုက်အမြုံကိုပြန်လာကြ၊၊

စစ်မုန်းသူတွေရှေ့မှာ
ထိုးစစ်ကအမှား...
ခုခံစစ်မှ အမှန်...
ငြင်းခုန်နေကြ၊၊

ငါလိုချင်တာက...
ညဉ့်နက်နက်မှာ
ခြောက်ခြားစွာနဲ့
စောင့်စားခဲ့ရတဲ့
လှပတဲ့
အရုဏ်တက်ချိန်၊၊

No comments:

Post a Comment

mr.kyaingtun@gmail.com