Wednesday, December 5, 2012

ကျုပ်တို့  ဘာကို ယုံကြည်နေရအုံးမှာလဲ

Maung Lwin shared Ye Yint Nge's status update.
ကျုပ်တို့  ဘာကို ယုံကြည်နေရအုံးမှာလဲ

ရှင်းရှင်းလေးပါဘဲ ။ မြန်မာနိုင်ငံလူ့ အခွင့်ရေးကော်မီတီ ရှိလေတော့ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ မရှိတော့ဘူးပေါ့ ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ အကောင်းဆုံးအကြံတွေ သမ္မတကို ပေးနိုင်ကြပြီပေါ့ ။ တရားဥပဒေစိုးမိုးရေးကော်မီတီဖွဲ
့တော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌဖြစ်တော့ မြန်မာနိုင်ငံမှာ မတ
ရားတာတွေ လုပ်ကြမှာ မဟုတ်တော့ဘူးပေါ့ ။ ပြောရအုံးမယ် ။ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်တော့ မြန်မာနိုင်ငံအစိုးရက နာမည်ကောင်းရလိုက်တာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့  အစိုးရတွေ လက်ဖျားခါလောက်အောင် ချီးကြူးကြရပြီပေါ့ ။ နိုဗယ်ငြိမ်းချမ်းရေးဆုကိုတောင် သမ္မတ ဦးသိန်းစိန်က နာမည်တစ်ပေးခံရပြန်တော့ ဟုတ်သားဘဲလို့  ပြောရတာပေါ့ ။ ငြိမ်းချမ်းရေးကောင်စီ ဖွဲ့ တော့ မြန်မာနိုင်ငံမှာ ငြိမ်းရေးလမ်းစတွေ ပေါ်ပြီး စစ်မှန်တဲ့  ငြိမ်းချမ်းရေး ရကြပြီပေါ့ ။

ပြောစရာတွေ တပုံကြီး ရှိသေးပေမဲ့ ဆက်မပြောတော့ဘူး ဒေါ်မာမာအေးရယ် - ဒီလောက်ကလေးကိုဘဲ ပြန်လည်ဆန်းစစ်ကြည့်ပါရစေတော့ လို့  ပြောရတော့မှာပါ ။

မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မီတီရှိတော့ တကယ်ဘဲ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပပျောက်သွားပြီလား ။ ကျုပ်မထင်ဘူး ။ ကြားနေရတဲ့  သတင်းတွေက နားနဲ့ မဆန့်  ကြားနေရတုံး ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို နှိပ်ကွပ်ဖို့ ဟာကို တိတိကျကျ လုပ်ဖို့  အကြံတွေ ပေးလိမ့်မယ်လို့  ကျုပ်မထင်ပါရစေနဲ့ ။ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုကို တရားသူကြီးအရာကနေပြီး ဆုံးဖြတ်ဖို့  မရတော့ဘဲ ပုလိပ်အလုပ်ကို လုပ်ဖို့  စုံစမ်းရေးကော်မရှင် အလုပ်ကို လက်ခံလိုက်တာ ပွဲက ကြည့်မကောင်းပါဘူးလေ ။

လက်ပံတောင်းအရေး KNU ပြောပြီ Tuesday, December 04, 2012

Black Angle's photo.
ခေတ်သတင်း
လက်ပံတောင်းအရေး KNU ပြောပြီ Tuesday, December 04, 2012 ဆန္ဒပြသူတွေ မီးလောင်ဒဏ်ရာရသွားတဲ့အထိ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်စခန်း ဖယ်ရှားမှုနဲ့ ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ KNU ကလည်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ "အကြမ်းဖက် နှိမ်နင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝ မဖြစ်သင့်ပေ" လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးထားပါတယ်။ ကချင်ဒေသ လုံခြုံရေးအခြေအနေကြောင့်တိမ်းရှောင်နေရသူများ ခိုလုံတဲ့နေရာတွေ မီးရှို့ခံရတဲ့ "ဖြစ်ရပ်ဆိုး" ကြောင့် ငြိမ်းချမ်းရေးအလားအလာက စိုးရိမ်ဖွယ်ဖြစ်နေပြီလို့ ကြေညာချက်မှာ တွေ့ရပါတယ်။ အခုလို ကြေညာချက် ထုတ်တဲ့ KNU အဖွဲ့ရဲ့ ခေါင်းဆောင်များက သူတို့ တပ်စခန်းတခုမှာ ညီလာခံ ကျင်းပနေတာပါ။ လာမယ့် ၄ နှစ်တာ ကာလအတွက် KNU ကို ခေါင်းဆောင်မယ့်သူများကို အဲဒီညီလာခံကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။ Irrawaddy
လက်ပံတောင်းအရေး KNU ပြောပြီ
Tuesday, December 04, 2012

ဆန္ဒပြသူတွေ မီးလောင်ဒဏ်ရာရသွားတဲ့အထိ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်စခန်း ဖယ်ရှားမှုနဲ့ ပတ်သက်ပြီး
ကရင်လက်နက်ကိုင်အဖွဲ့ KNU ကလည်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

"အကြမ်းဖက် နှိမ်နင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝ မဖြစ်သင့်ပေ" လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးထားပါတယ်။

ကချင်ဒေသ လုံခြုံရေးအခြေအနေကြောင့်တိမ်းရှောင်နေရသူများ ခိုလုံတဲ့နေရာတွေ မီးရှို့ခံရတဲ့ "ဖြစ်ရပ်ဆိုး" ကြောင့် ငြိမ်းချမ်းရေးအလားအလာက စိုးရိမ်ဖွယ်ဖြစ်နေပြီလို့ ကြေညာချက်မှာ တွေ့ရပါတယ်။

အခုလို ကြေညာချက် ထုတ်တဲ့ KNU အဖွဲ့ရဲ့ ခေါင်းဆောင်များက သူတို့ တပ်စခန်းတခုမှာ ညီလာခံ ကျင်းပနေတာပါ။

လာမယ့် ၄ နှစ်တာ ကာလအတွက် KNU ကို ခေါင်းဆောင်မယ့်သူများကို အဲဒီညီလာခံကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။KIC (Karen Information Center)
မြန်မာပြည်တွင်း လတ်တလော အကြမ်းဖက်မှုများအပေါ် ဆိုးရိမ်ကြောင်း KNU သဘောထား ထုတ်ပြန်
ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (ကေအိုင်စီ)

မြန်မာပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးရိမ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကြေညာချက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လူထုလှုပ်ရှားမှုကို အစိုးရအာ ဏာပိုင်များက အကြမ်းဖက် နှိမ်နှင်းဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝမဖြစ် သင့်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ ထိုးစစ် ဆင် မြှင့် တက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခိုလုံသည့် လူထုနေရာ များ ကိုတောင် မီးရှို့ဖျက်ဆီးခြင်း စသည့်အခြေအနေ များကို ကြေညာချက်၌ ထည့်သွင်းထားသည်။

KNU အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်အတွင်း အကြမ်းဖက် ဖြစ်ပွားမှုကို မလိုလားကြောင်းနှင့် ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားလိုသည့်အတွက် သဘောထား ထုတ်ပြန် ရခြင်းဖြစ်သည်ဟု ကေအိုင်စီသတင်းဌာနကို ပြောသည်။

“တကယ့်လူမြင်ကွင်းမှာ သံဃာတော်တွေတောင် ပါဝင်တဲ့ အနေအထား မှာတောင်မှ အပြောင်းအလဲတွေ လုပ်လိုတယ်လို့၊ ဦးတည် လှုပ်ရှားနေ ပါတယ်လို့ ကတိပေးတဲ့ကြားက ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာ တာဟာ ပြည် သူအတွက်ရော၊ အစိုးရအတွက်ရော ကျနော်တို့နဲ့အတူ ငြိမ်းချမ်းရေး တည်ဆောင်နေသူတွေ အတွက် ပါ မေးခွန်း ထုတ်စ ရာတွေ ဖြစ်လာတဲ့ အတွက်ကြောင့် ဒီကိစ္စဟာ အထူးသတိပြုဖို့ လိုတယ်။ ဒါမျိုး ထပ်မဖြစ် ဖို့ အောက်ခြေအထိ ထိန်းဖို့ လိုတယ်ဆိုတာ မီးမောင်း ထိုးပြချင်တာပါ”ဟု ၄င်းက ပြောသည်။

KNU ၏ ကြေညာချက်ထဲတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်း များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကြိုးပမ်းဆောင်ရွက်နေသည်ကို KNU မှ ထပ်လောင်း ကြိုဆိုကြောင်း ဖော်ပြ ထားသည်။

ဗိုလ်မှူး စောလှငွေက “ထပ်လောင်း ကြိုဆိုတယ်ဆိုတာက မှန်ကန်တဲ့ လုပ်ရပ်၊ တိုးတက်တဲ့လုပ်ရပ်၊ မွန်မြတ်တဲ့ လုပ်ရပ်တွေဟာ ပိုလုပ် သင့်တဲ့အလုပ် အစကနေအဆုံး အဆက်မပြတ် ရှေ့နောက် ညီညီ ဖြစ်စေ ချင်တာကို နိုးဆော်တဲ့ သဘောဖြစ်ပါတယ်”ဟု ဆက်လက် ပြောဆိုသည်။

ထိုကိစ္စများ ဖြစ်ပွားနေစဉ် နိုဝင်ဘာလ လကုန်းပိုင်းတွင် စတင်ကျင်းပသည့် ၁၅ကြိမ်မြောက် KNU ညီလာခံနှင့် တိုက်ဆိုင်လျက်ရှိရာ ယနေ့အခြေအနေမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းနေစဉ်ကာ လအတွင် ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများကြောင့် ငြိမ်းချမ်းရေး ရှေ့ အလား အလာအတွက် ဆိုးရိမ်စရာဖြစ်ကြောင်း KNU ညီလာခံ ကိုယ်စား လှယ်များ က ဆွေးနွေး သဘောတူကာ ဆုံးဖြတ်ခဲ့ကြသည်။
ခေတ်သတင်း
လက်ပံတောင်းအရေး KNU ပြောပြီ Tuesday, December 04, 2012 ဆန္ဒပြသူတွေ မီးလောင်ဒဏ်ရာရသွားတဲ့အထိ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်စခန်း ဖယ်ရှားမှုနဲ့ ပတ်သ
က်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ KNU ကလည်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ "အကြမ်းဖက် နှိမ်နင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝ မဖြစ်သင့်ပေ" လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးထားပါတယ်။ ကချင်ဒေသ လုံခြုံရေးအခြေအနေကြောင့်တိမ်းရှောင်နေရသူများ ခိုလုံတဲ့နေရာတွေ မီးရှို့ခံရတဲ့ "ဖြစ်ရပ်ဆိုး" ကြောင့် ငြိမ်းချမ်းရေးအလားအလာက စိုးရိမ်ဖွယ်ဖြစ်နေပြီလို့ ကြေညာချက်မှာ တွေ့ရပါတယ်။ အခုလို ကြေညာချက် ထုတ်တဲ့ KNU အဖွဲ့ရဲ့ ခေါင်းဆောင်များက သူတို့ တပ်စခန်းတခုမှာ ညီလာခံ ကျင်းပနေတာပါ။ လာမယ့် ၄ နှစ်တာ ကာလအတွက် KNU ကို ခေါင်းဆောင်မယ့်သူများကို အဲဒီညီလာခံကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။ Irrawaddy
လက်ပံတောင်းအရေး KNU ပြောပြီ
Tuesday, December 04, 2012

Tuesday, December 4, 2012

စစ်ကျွန်. . .

L-Zaw Sai shared Cho Tu Zal's status update.
စစ်ကျွန်. . .

ဦးပိုင်စီးပွားရေးလုပ်ငန်းတွေက
ို လေ့လာပြီးရင်၊ မြန်မာပြည်ဟာ အဘက်ဘက် က စစ်ကျွန်ဘ၀ကို ကျရောက်လို့နေပြီဆိုတာ ကောင်းကောင်း သဘောပေါက် လာပါလိမ့်မယ်။ ဒီဦးပိုင် ရဲ့ လက်ချက်နဲ့ပဲ မြန်မာ့မြေမှာ တရုတ်အမျိုးသားပိုင်ဆိုတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူခံလာရတယ်။

ခု ကျနော်တို့ ရင်ဆိုင်နေတဲ့အခြေအနေဟာ အင်မတန်မှကို ခက်ခဲ တဲ့ အ
ခြေအနေတရပ်ပါ။ တိုင်းပြည်က ဒေါ်လာသန်းပေါင်းဘီလျံချီပြီး အကြွေးတင်နေချိန်မှာ အဲဒီ ဦးပိုင် ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးဟာ နှစ်စဉ်အမြတ်ဒေါ်လာသန်းပေါင်းရာချီထွက်လို့နေတယ်။
ဒတိုင်းပြည်က ဆင်းရဲ လေလေ သူတို့က ချမ်းသာလေလေ။ တချိန်တည်းမှာလည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ဘာအာမခံချက်မှ မရှိဘဲ တိုင်းတပါးသားတွေရဲ့ စော်ကားထိပါးမှု ကို မြန်မာပြည်သူတို့ အလူးအလိမ့်ခံနေရလေ ပါပဲ။

ဒီပြဿနာကို ဘယ်လို လို့ နိုင်ငံရေးနည်းနဲ့ ပြေလည်အောင်ဖြေရှင်းမလဲလို့
ကျနော်တော့ လုံးဝ စဉ်းစားမရပါဘူး။ ဒီစစ်အုပ်စုတွေဟာ သူတို့အကျိုးအမြတ်အတွက်ဆိုရင်ပြည်သူကို ဘယ်လိုပဲ နှိမ်နှင်းရ၊ နှိမ်နှင်းဖို့ ၀န်မလေးဘူး ဆိုတာ လက်တွေ့ မြင်နေကြရပါပြီ။

“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့ စေတနာရှေ့ထား အကြံပြုချက်”

KhingKhing Su shared Lun Swe's photo.
“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့ စေတနာရှေ့ထား အကြံပြုချက်”

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံရဲ့ အဓိက ဇာစ်မြစ်ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အကြောက်လွန်နေတဲ့ကိစ္စလို့ မြင်ပါတယ်။ အကြောက်လွန်နေတဲ့အတွက် စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ သူတို့ဆီ နောက်ကြောင်းပြန်လှည့်လာနိုင်တဲ့ ပြဿနာလို့ ထင်ရင် လက်မဲကြီးတွေ ဦးအောင် ထွက်ထွက်လာပြီး ဖမ်းဟဲ့ ဆီးဟဲ့ နှိမ်နင်းဟဲ့ သတ်ဖြတ်ဟဲ့ ဆိုတာမျိုးတွေ လုပ်နေတာလို့ ထင်ပါတယ်။

အဲဒီအကြောက်လွန်နေတဲ့ကိစ္စကို လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲပုံဖြိုခွဲနည်းအတိုင်း ဆက်ဖြေရှင်းနေမယ်ဆိုရင် ပြဿနာတွေ၊ ပဋိပက္ခတွေက ဘယ်တော့မှကို ဆုံးနိုင်တော့မှာ မဟုတ်ဘဲ ပိုပိုများလာမှာသာ အသေအချာပါ။ ပြဿနာတွေကြားမှာ အရင်ဆုံး အထိနာတာ ပြည်သူတွေဖြစ်ပေမယ့် မခံနိုင်တဲ့ အဆုံးတနေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံစားရမှာကတော့ စစ်ခေါင်းဆောင်တွေဟောင်းတွေကိုယ်တိုင်ပါပဲ။ စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ကံကောင်းထောက်မပြီး စောစော ကွယ်လွန်သွားခဲ့ရင်လည်း သူတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကတော့ မလွဲမသွေ ဒဏ်ခတ်ခံကြရမှာပါ။

သေချာပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေကို ရုပ်သေးသမ္မတ ဦးသိန်းစိန်လည်း ဘယ်နည်းနဲ့မှ ရှင်းနိုင်မှာ မဟုတ်ပါဘူး။ အတုအယောင် လွှတ်တော်မှာလည်း အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို စုံစမ်းစစ်ဆေးရေးကော်မတီမျိုးကမှလည်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးနိုင်မှာ/ စစ်ဆေးရဲမှာ မဟုတ်ပါဘူး။

အဲဒီတော့ ပြည်သူလည်း မနာ၊ သူတို့လည်း မနာချင်ဘူးဆိုရင် လုပ်စရာနည်းက အဓိကအားဖြင့် စစ်ခေါင်းဆောင်ဟောင်းတွေဘက်က စတင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေအတွက် နောက်ကြောင်းပြန် အရေးယူခံရမှာကို အကြောက်လွန်နေတဲ့ကိစ္စအတွက် စိတ်ချရမယ့်၊ မတော်မတရားလည်း မဖြစ်မယ့် ကတိက၀တ်တွေကို ပြည်သူအပေါ် သြဇာတိက္ကမ ကြီးမားတဲ့ ဒီမိုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ထွက်ပေါက်ယူဖို့ပဲ ဖြစ်ပါတယ်။ 

အဲလိုမှမဟုတ်ဘဲ အခုဖြေရှင်းပုံဖြေရှင်းနည်းတွေအတိုင်းပဲ ဆက်လုပ်ပြီး အာဏာတည်မြဲအောင် နောက်ကွယ်ကနေ နည်းအမျိုးမျိုးနဲ့ ကလိန်ကကျစ်အလုပ်တွေ လုပ်နေဦးမယ်ဆိုရင် နောက်တနည်းကို ပြည်သူဘက်က မလွဲမသွေ လုပ်ဆောင်လာစရာပဲ ရှိပါတော့တယ်။ အဲဒါကတော့ စစ်အာဏာရှင် အကြွင်းမဲ့ ဖြုတ်ချရေး လူထုတိုက်ပွဲနဲ့ ရင်ဆိုင်ရဖို့ပဲ ဖြစ်ပါတယ်။ 

အဲဒီနည်းနှစ်နည်းထဲက တနည်းနည်းနဲ့ ဖြေရှင်းပြီးသွားတဲ့အခါကျမှသာ ဒီကနေ့ ဖြစ်နေတဲ့ ပြဿနာအ၀၀ ဆုံးခန်းတိုင်သွားပြီး မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ဆီကို အားကောင်းမောင်းသန်း လျှောက်လှမ်းလို့ ရနိုင်မှာဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ ပထမနည်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ စစ်ခေါင်းဆောင်ဟောင်းတွေလည်း မနာ၊ ပြည်သူလည်း မနာဘဲ အေးအေးချမ်းချမ်း ပြီးနိုင်တာပေါ့ခင်ဗျာ။ စစ်ခေါင်းဆောင်ဟောင်းတွေ လေးလေးနက်နက် စဉ်းစားကြည့်ဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။ 

အရပ်စကားနဲ့ ပြောရရင်တော့ “ဦးလေးတို့လည်း နာမည်ပျက်ပေါင်း များလှပြီ၊ သေခါနီးလေး အဖတ်ဆည်နိုင်သလောက် ဆည်သွားကြစေချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူလည်း ဦးလေးတို့ နှိပ်စက်ခဲ့တာ ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ။ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူးဗျာ” လို့ပဲ မေတ္တာရပ်ခံချင်တော့တာပါပဲ။

အားလုံးသို့ လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
နံနက် ၂း၅၁ နာရီ
၅-၁၂-၂၀၁၂
“ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ စစ်ခေါင်းဆောင်ဟောင်းများ၊ သမ္မတ ဦးသိန်းစိန်နဲ့တကွ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်များသို့
စေတနာရှေ့ထား အကြံပြုချက်”

ဒီကနေ့ မြန်မ
ာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာပေါင်းစုံရဲ့ အဓိက ဇာစ်မြစ်ကတော့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အကြောက်လွန်နေတဲ့ကိစ္စလို့ မြင်ပါတယ်။ အကြောက်လွန်နေတဲ့အတွက် စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ သူတို့ဆီ နောက်ကြောင်းပြန်လှည့်လာနိုင်တဲ့ ပြဿနာလို့ ထင်ရင် လက်မဲကြီးတွေ ဦးအောင် ထွက်ထွက်လာပြီး ဖမ်းဟဲ့ ဆီးဟဲ့ နှိမ်နင်းဟဲ့ သတ်ဖြတ်ဟဲ့ ဆိုတာမျိုးတွေ လုပ်နေတာလို့ ထင်ပါတယ်။

အဲဒီအကြောက်လွန်နေတဲ့ကိစ္စကို လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွဲပုံဖြိုခွဲနည်းအတိုင်း ဆက်ဖြေရှင်းနေမယ်ဆိုရင် ပြဿနာတွေ၊ ပဋိပက္ခတွေက ဘယ်တော့မှကို ဆုံးနိုင်တော့မှာ မဟုတ်ဘဲ ပိုပိုများလာမှာသာ အသေအချာပါ။ ပြဿနာတွေကြားမှာ အရင်ဆုံး အထိနာတာ ပြည်သူတွေဖြစ်ပေမယ့် မခံနိုင်တဲ့ အဆုံးတနေ့မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံစားရမှာကတော့ စစ်ခေါင်းဆောင်တွေဟောင်းတွေကိုယ်တိုင်ပါပဲ။ စစ်ခေါင်းဆောင်ဟောင်းတွေအနေနဲ့ ကံကောင်းထောက်မပြီး စောစော ကွယ်လွန်သွားခဲ့ရင်လည်း သူတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကတော့ မလွဲမသွေ ဒဏ်ခတ်ခံကြရမှာပါ။

သေချာပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတွေကို ရုပ်သေးသမ္မတ ဦးသိန်းစိန်လည်း ဘယ်နည်းနဲ့မှ ရှင်းနိုင်မှာ မဟုတ်ပါဘူး။ အတုအယောင် လွှတ်တော်မှာလည်း အဖြေရှာနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို စုံစမ်းစစ်ဆေးရေးကော်မတီမျိုးကမှလည်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးနိုင်မှာ/ စစ်ဆေးရဲမှာ မဟုတ်ပါဘူး။

* ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် *

KhingKhing Su shared Zaw Win's photo.
* ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် *

ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ..... မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။ ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ် မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့ ပေါင်ဒါအေ
ဖွးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ် တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင် မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့ သူတွေဗျ။

ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေ ကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။

ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့ အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။

အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲ ထည့်ပြောနေရဦး မှာလားဗျာ။ ဟဲ.......ဟဲ။

လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီး သားတော်သမီးတော်တွေကို ရေပူရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူးရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင် ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။

အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေ လေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။

နိုင်ငံတော် သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့ လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာ မဟုတ်ဘူးလေဗျာ။ သူတို့ အလိုက်ကမ်းဆိုး သိရှာပါတယ်။

ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။

ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။

ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။

တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြ ရမှာလား။ တရုတ် ကိုယ်တော်ကြီးတွေကိုဆို ဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်းများက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊ သက်သာမှာ မဟုတ်ဘူးဗျို့။

ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။

စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော် ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင် ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။

ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလား ရယ်လို့ ဗိုက်တပွတ်ပွတ် ဖြစ်နေမိသဗျာ။

ကျုပ်ရဲ့ ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက် ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။

ဟံသာဝတီဦးဝင်းတင် - ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆) မှ ကူးယူဖေါ်ပြပါတယ်။
‎* ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ် *

ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ..... မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။
ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ် မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့ ပေါင်ဒါအေ
ဖွးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ် တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင် မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့ သူတွေဗျ။

“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ ယူဆရတဲ့ စကားပဲ” by General Knowledge on Tuesday, December 4, 2012 at 12:24pm ·


“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ ယူဆရတဲ့ စကားပဲ”


Hot News  December 4, 2012




ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း


သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းမှပြီးခဲ့သည့် နိုဝင်ဘာ  (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ရောက်ရှိခဲ့ပြီး ခရီးစဉ်အတွင်း လက်ပံတောင်းတောင်ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိ သံဃာတော်များအား တွေ့ဆုံလျှောက်ထားရာ၌ မိမိတို့အနေဖြင့် တရုတ်ကိုကြောက်ရကြောင်း၊ ၈၈ အရေးအခင်းကာလအတွင်းတိုင်းပြည်တွင် စားစရာမရှိ၍ တရုတ်မှရိက္ခာသွင်းခဲ့ရ၍ ပြည်သူများ အသက်ဆက်ခဲ့ရကြောင်းနှင့် တရုတ်အား ရန်မဖြစ်ရဲကြောင်း လျှောက်ထားပြောဆိုခဲ့ခြင်းအပေါ် ၀ါရင့်သတင်းစာဆရာကြီးတစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်အား Hot news မှ တွေ့ဆုံ၍ ယင်းစကားများ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်သက်ရောက်မှု အမြင်သုံးသပ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

* ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသခံ သံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက  တပည့်တော်တို့ဟာ အရေးအခင်းကာလက စားစရာမရှိလို့တရုတ်ဆီက ရိက္ခာသွင်းရလို့ အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘဘ တကယ်ရော အဲဒီအချိန်က  တိုင်းပြည်မှာစားစရာမရှိအောင်ငတ်ခဲ့တဲ့ အနေအထားမျိုးဖြစ်ခဲ့ပါသလား။

သူပြောတော့ ၈၈ အရေးတော်ပုံကြီးမှာတုန်းက စားစရာမရှိလို့ တရုတ်ကနေသွင်းပြီး ပြည်သူတွေအသက်ဆက်ခဲ့ရတယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရတစ်ရပ်ပြောင်းဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းပေးဖို့ ဆန္ဒပြတာပဲ။ အဲဒီတုန်းကတိုင်းပြည်မှာ စားစရာမရှိအောင်ငတ်နေတယ်ဆိုတာ ကျွန်တော်လုံးဝ လက်မခံဘူး။
အဲဒီတုန်းက တိုင်းပြည်မှာ အခြေအနေတွေ ဘယ်လိုပဲဖြစ်နေပါစေ။ ရိက္ခာဖြတ်ပြီး ငတ်တယ်ဆိုတာမျိုး လုံးဝမဖြစ်ခဲ့ဘူး။ ဦးအောင်မင်းပြောတဲ့ တိုင်းပြည်မှာ အဲဒီတုန်းက စားစရာမရှိလို့ တရုတ်ကသွင်းရတာကြောင့် အသက်ဆက်ခဲ့ရတယ်ဆိုတာဟာ ချဲ့ကားပြောတဲ့စကား တရုတ်ကိုစန်းတင်တဲ့စကားပဲ။ ကျွန်တော်တော့ ဒီလိုပဲမြင်တယ်။

Sunday, December 2, 2012

" မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။ ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ။

ဒီစာကို အကျဉ်းချုံး ခွဲခြမ်းစိပ်ဖြာရရင် -

** တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးစေတာမျိုး လုံးဝမဟုတ်ပါဘူး၊ (နဲ့ စကားဦးသန်း)

** ... အကျပ်ကိုင် ရယူခဲ့တာပါ။
... အကျပ်ကိုင်ပြီး အခွင့်အရေး တောင်းတတ်တဲ့ ဗီဇတွေဟာ အကြိမ်ကြိမ် အခါခါ၊
.... နယ်မြေတွေကို ၀င်သိမ်း၊
.... နယ်ခြားစောင့် စခန်းကို ၀င်တိုက်၊
.... အချိန်ကိုက်တိုက်ပွဲတွေ ဖန်တီး၊
ကျောက်စိမ်း လုပ်ကွက်ကြီးကို ၀င်လု၊
.... ကျဉ်းမြောင်းတဲ့ လူမျိုးရေးအစွဲ နဲ့ အသာရဖို့ အရေးပဲ အောက်လမ်းနည်းနဲ့ အမြဲကြိုးစားနေတော့ ...
... သမိုင်းမသိ၊ ဆန့်ကျင်ဘက်မှန်သမျှ ထောက်ခံ၊
.... ပက်ပက် စက်စက် အပုတ်ချနေတာ တွေကိုတော့လုပ်မြဲ၊ ... (လို့ ထိုးနှက်)

** ကျနော်လည်းသာမန်ပြည်သူတစ်ဦးပါ။ (လို့ ကာဗာယူ)

ဒီမုန့်ကြိုးလိမ် စာကြီးကို "လက်ခံဖို့ အသင့်ဖြစ်နေသူတွေအတွက်" ရေးတာပါလို့ မှတ်ချက်ချရပါမယ် ။
" မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။ ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ။ "

အခုတလော KIAနဲ့တပ်မတော်အကြားက တိုက်ပွဲတွေ၊ မြေဇာပင်ပြည်သူတွေ အကြောင်းသတင်းတွေမှာ မကြာခဏတွေ့နေရပါတယ်။

အဲ..သမ္မတကြီးကထိုးစစ်ရပ်ခိုင်းတာကို၊ ဖြစ်နေလိုက်တဲ့တိုက်ပွဲတွေဆိုတော့ တပ်ကိုအပုတ်ချကြပြန်တယ်။

ဒီနေရာမှာ မကြာခဏ ကြားရတတ်တဲ့စကားကတော့ တပ်က ကချင်နယ်မြေထဲက ထွက်သွားဖို့ဆိုပြီး ပြောပြောနေတာပါ။

စနစ်ဆိုးမှာ ဇတ်နာထားလို့ စစ်တပ်ကြီးမုန်းနေသူများ၊ သမိုင်းမသိသံယောင်လိုက်သူများကလည်း အစိုးရစစ်တပ်ကကျူးကျော်လို့ တိုင်းရင်းသားနယ်မြေတွေမှာ အခွင့်အရေးချိုးဖောက် ထင်တိုင်းကြဲနေတယ် ဆိုတဲ့စကားတွေက ကြားရ နားဝမချမ်းသာပါဘူး။

ဒီနေရာမှာ KIAက တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်နေတာပါဆိုတဲ့ စကားလုံးတွေ တွေ့နေရတော့ စိတ်လည်းပျက်မိပါတယ်။

ဒီစာကိုရေးတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးစေတာမျိုး လုံးဝမဟုတ်ပါဘူး။

ဗမာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်တွေ၊ ဗမာစစ်တပ်ကျူးကျော်သူတွေ စတဲ့ မျိုးစုံအောင် စွပ်စွဲမူ့တွေကို မခံနိုင်လို့ပါ။

ပြီးတော့ ဖိမော်၊ ဂေါ်လန်ဒေသတွေကို တရုတ်ကိုပေးတဲ့ ဗမာအစိုးရတွေဆိုတဲ့ အသံကလည်း ယခင်KIAစတင်ဖွဲ့စည်း ခြားနားကြတဲ့ လက်သုံးစကားတွေကို ကြားရတော့။

အော်... သူခိုးက လူပြန်ဟစ်လေခြင်း လို့ပဲဆိုရတော့မှာပါ။

တလောက ဂျာနယ်တစ်ခုမှာ (ကချင်ပြည်နယ်အတွင်းက နေထိုင်သူအများစုဟာ ရှမ်းနီ(တိုင်လိုင်း) တွေဟာ (၆၀%) ရှိပါတယ်။ ရှမ်းနီတို့ရဲ့ သဘောထားကိုလည်း ထည့်စဉ်းစားသင့်ပါတယ်) ဆိုတဲ့သတင်းကို ဖတ်ရတော့ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလက ဗြိတိသျှတို့ရဲ့ သွေးခွဲအုပ်ချုပ်မူ့ကြောင့် တောင်တန်း၊ ပြည်မတွဲရေး၊ ခွဲရေးပြသနာ ကြီးထွားလာချိန်မှာ ကချင်ခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်ပေးဖို့၊ ကချင်ပြည်နယ်ရဲ့ နယ်မြေတွေကို သတ်မှတ်ဖို့ ဗိုလ်ချုပ်နဲ့ (ဖတပလ)ခေါင်းဆောင်တွေကို အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ သမိုင်းကိုသွားသတိရမိပါတယ်။

အမှန်တော့ ဗန်းမော်၊ မြစ်ကြီးနား စတဲ့ဒေသတွေဟာ ကချင်အပိုင် မဟုတ်သလို၊ ကချင်တိုင်းရင်းသား အများစု နေထိုင်တဲ့ ဒေသတွေလည်း မဟုတ်ခဲ့ပါဘူး။

အဲဒီဒေသက ပြည်သူတွေဟာ သူတို့ကို ကချင်ပြည်နယ် အတွင်းထည့်သွင်းဖို့ ကြိုးစားတာကို လက်မခံခဲ့သလို၊ လူထုဆန္ဒခံယူပြီးတောင် ဆန့်ကျင်ခဲ့ကြတာပါ။

အဲဒီတုန်းက စုံစမ်းရေးကော်မရှင်ထင်ပါတယ် ဖွဲ့ပြီး ကချင်ခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင် ကိုယ်တိုင်ပါဝင်ပြီး စစ်တမ်းကောက်၊ လူထုနဲ့ခေါ်တွေ့ပြီးမေးခဲ့၊ မြန်းခဲ့ကြတာတွေဟာ သမိုင်းအထောက်အထားနဲ့ကို မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။

ဒါပေမယ့် တိုင်းရင်းသားစည်းလုံးရေး ပျက်ပြားမှာစိုးလို့ အဲဒီအကြောင်းအရာတွေကို အစိုးရအဆက်ဆက် လူသိရှင်ကြား တစ်ခါမှ မဖော်ထုတ်ခဲ့ပါဘူး။

အဲဒီအချိန်တုန်းက KIO/KIAဟာလည်း ပေါ်ပေါက်လာခြင်း မရှိသေးပါဘူး။

အဲ.... ဦးနုလက်ထပ် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဌန်း၊ ဖိမော်၊ ဂေါ်လံဒေသတွေကို တရုတ်ထဲပေးမှ KIAက ပေါ်လာတာပါ။

KIAပေါ်လာတော့လည်း သမိုင်းတလျှောက် အစိုးရအဖွဲ့ အဆက်ဆက် စစ်ရေး၊ နိုင်ငံရေး ပြသနာတွေ ပေါ်ပေါက်လာတိုင်း အကျပ်ကိုင်ပြီး အခွင့်အရေး တောင်းတတ်တဲ့ ဗီဇတွေဟာ အကြိမ်ကြိမ် အခါခါ၊ သမိုင်းအစဉ်အလာ အတိုင်းပါပဲ။

အထက်ကဆိုခဲ့သလို ကချင်နယ်မြေအတွင်းကို အစိုးရစစ်တပ်က ကျူးကျော်တယ် လို့ဆိုတဲ့သူတွေဟာ ဒီနေ့ ကချင်ပြည်နယ်ထဲ ရောက်နေတဲ့ ရှမ်းနဲ့ ဗမာလူမျိုးတို့ ပိုင်တဲ့ဒေသတွေကို လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလမှာ အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ သမိုင်းကို မသိလို့ပဲ နေပါလိမ့်မယ်။

ဖယ်ဒရယ်အရေး၊ ပင်လုံစာချုပ်ပါ အချက်တွေကို အလေးမထားဘူးလို့ ဆိုတဲ့ KIAချစ်သူများရဲ့ နှုတ်ထွက်စကားတွေကို ကြားရတော့ တရားလည်း ကျလောက်ပါပေတယ် လို့ဆိုရမှာပါ။

၁၉၆၂ခုနှစ် ငြိမ်းချမ်းရေးခေါ်တော့ (၀မ်ပေါင်မှဝမ်ပေါင်) လို့ဆိုတဲ့KIAအစိုးရနဲ့ ပေါ်တင်ဆွေးနွေး၊ (ဗကပ)နဲ့ လှို့ဝှက်ဆွေးနွေးပြီး (ဗကပ)နဲ့ သဘောတူညီမူ့လဲရရော အစိုးရကို ထတိုက်တဲ့ KIA အခုရော အစိုးရက လျှပ်စစ်ပြသနာ ပေါ်ချိန်မှာ တာဝါတိုင်တွေ မိုင်းခွဲ၊ တံတားတွေ ရာချီအောင်ချိုး၊ မြစ်ဆုံကိစ္စ အကျပ်အတည်းချိန်မှာ၊ ရေအားလျှပ်စစ် နယ်မြေတွေကို ၀င်သိမ်း၊ ကုလသမ္မဂ လေ့လာရေးအဖွဲ့လာမှ နယ်ခြားစောင့် စခန်းကို ၀င်တိုက်၊ ရခိုင်အရေး ရှုပ်ထွေးနေချိန်မှာ၊ အစိုးရ အကျပ်ရိုက် နေချိန်မှာ အချိန်ကိုက်တိုက်ပွဲတွေ ဖန်တီး၊ ရွေလီမှာ ဗုံးခွဲတော့ အရင်က ကချင်အရေး ကုလားဖက် လှည့်ပါတယ်လို့ ပြောတဲ့သူတွေက၊ ကုလားအရေး ကချင်ဖက်လှည့်တယ်လို့လဲ မပြောကြပါလား။

သမ္မတက တပ်ကို ထိုးစစ်ရပ် ဖို့ပြောတော့ KIAက ထိုးစစ်ပြန်ဆင်၊ ပြီးတော့ တပ်က ထိုးစစ်ဆင်နေပါတယ်လို့ပြော၊ အခုလည်း ကျောက်စိမ်း လုပ်ကွက်ကြီးကို ၀င်လု၊ အော်.... ယခင့် ယခင် လူများအတိုင်း၊ ယခင့် ယခင် မူများအတိုင်း ပါပဲလား။

ဘာမှမပြောင်းလဲ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအစွဲ နဲ့ အသာရဖို့ အရေးပဲ အောက်လမ်းနည်းနဲ့ အမြဲကြိုးစားနေတော့ ဘယ်က ငြိမ်းချမ်းရေး ရတော့မှာလဲ။

ယခင်ကတည်းက သမာသမတ်ကျတဲ့ ဗိုလ်ချုပ်တောင် စိတ်ပျက်အောင် လုပ်ခဲ့ဖူးသေးတာပဲ။

အခုလို အာဏာရှင်စနစ်ကနေ အရပ်သားအစိုးရ ပြောင်း နာမည်လေးကောင်း ကာစ အစိုးရ ဆိုတော့ သူတို့ အကွက် ရွေ့တာ ပိုကောင်း တာပေါ့လေ။

စစ်တပ်ကြီး မုန်းတဲ့ မောင်မင်းကြီးသားများကလည်း သမိုင်းမသိ၊ ဆန့်ကျင်ဘက်မှန်သမျှ ထောက်ခံ၊ ဟုတ်နေတာပဲ။

စစ်အာဏာရှင် လက်အောက်မှာ အထုအထောင်း ခံခဲ့ရတော့ မုန်းမှာပေါ့ ကိုယ်တိုင်လည်း ခံစားခဲ့ရတာပဲ။

ဒါပေမယ့် အရင်းကို ဆစ်ဆစ် မြစ်မြစ် လေ့လာပြီးမှ သဘောထားကို ခိုင်ခိုင် ခန့်ခန့် ထားသင့်ပါတယ်။

ပြသနာတွေက တစ်ခုနဲ့တစ်ခု သဘောသဘာဝ မတူသလို၊ ဖြေရှင်းရမယ့် ပုံစံတွေလည်း မတူပါဘူး။

ကျနော် ဒီစာကို ရေးတာ အထူးသဖြင့် (လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက ဗြိတိသျှတို့ရဲ့ သွေးခွဲအုပ်ချုပ်မူ့ကြောင့် တောင်တန်း၊ ပြည်မတွဲရေး၊ ခွဲရေးပြသနာကြီးထွားလာချိန်မှာ ကချင်ခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်ပေးဖို့၊ ကချင်ပြည်နယ်ရဲ့ နယ်မြေတွေကို သတ်မှတ်ဖို့ ဗိုလ်ချုပ်နဲ့ (ဖတပလ) ခေါင်းဆောင်တွေကို အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ သမိုင်း)ကို အလွတ်မဲ့ အထောက်အထားမရှိ ရေးတာမဟုတ်ပါဘူး။

ကချင်ခေါင်းဆောင် တွေဟာ မြန်မာအစိုးရတွေ အကျပ်အတည်းတွေ့ချိန်မှာ အကျပ်ကိုင် တောင်းဆိုမူ့  မှတ်တမ်းတွေ အပြည့်အစုံရှိပါတယ်။ ( ဒီလိုတောင်းဆိုမူ့တွေရဲ့ (၇၀%) ဟာ အောင်လည်း အောင်မြင်ခဲ့တာပါပဲ။ )

ဒါပေမယ့် အစိုးရအဆက်ဆက် ဒီမှတ်တမ်းတွေကို အကျယ်တ၀င့် ထုတ်ဖော်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ကြပါဘူး။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားမှာစိုးတာ၊ လူမျိုးရေး အရောင်တွေများလာမှာ စိုးရိမ်လို့ထင်ပါတယ် မဖော်ထုတ်ခဲ့ကြပါဘူး။

ဒါပေမယ့် ကချင်တွေကတော့ စနစ်ဟောင်းက ဇတ်နာတာတွေ၊ မခိုင်လုံတဲ့ ကောလဟာလတွေနဲ့ သမိုင်း အသာစီးယူပြီး မြန်မာအစိုးရတွေကို တိုင်းရင်းသား ပြည်သူလူထုကြားမှာ ပက်ပက် စက်စက် အပုတ်ချနေတာ တွေကိုတော့လုပ်မြဲ၊ လုပ်ဆဲပါ။

ဒါကို မသိတဲ့သူတွေက စစ်ယူနီဖောင်းချွတ် အစိုးရ၊ အာဏာရှင်ကိစ္စဆိုတာနဲ့ပဲ ၀ိုင်းထောက်ခံ လိုက်ကြတော့တာပါပဲ။

အဲဒီတော့ မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။

ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ လို့ပဲ ပြောချင်ပါတယ်။

စစ် ဆိုတာကတော့ ဘယ်ဖက်က ကြည့် ကြည့် မကောင်းပါဘူး။

စစ်ပွဲတွေ လဲရပ် စေချင် ပါပြီ။

(ကျနော်လည်းသာမန်ပြည်သူတစ်ဦးပါ။)

Credit : Nay Htunposted to ကချင်သတင်းဌာန

https://www.facebook.com/permalink.php?story_fbid=518573201503665&id=161976290496693

Photo : www.nmg-news.com
‎" မြန်မာအစိုးရက ကချင်နယ်မြေကို ကျူးကျော်တာ မဟုတ်ပါဘူး။ ကချင်ခေါင်းဆောင်တွေက ရှမ်းတွေ၊ ဗမာတွေ ရှေးဦးမဆွ ပိုင်ဆိုင်လာခဲ့တာကို အကျပ်ကိုင် ရယူခဲ့တာပါ။ "

အခုတလော
KIAနဲ့တပ်မတော်အကြားက တိုက်ပွဲတွေ၊ မြေဇာပင်ပြည်သူတွေ အကြောင်းသတင်းတွေမှာ မကြာခဏတွေ့နေရပါတယ်။

အဲ..သမ္မတကြီးကထိုးစစ်ရပ်ခိုင်းတာကို၊ ဖြစ်နေလိုက်တဲ့တိုက်ပွဲတွေဆိုတော့ တပ်ကိုအပုတ်ချကြပြန်တယ်။

ဒီနေရာမှာ မကြာခဏ ကြားရတတ်တဲ့စကားကတော့ တပ်က ကချင်နယ်မြေထဲက ထွက်သွားဖို့ဆိုပြီး ပြောပြောနေတာပါ။

စနစ်ဆိုးမှာ ဇတ်နာထားလို့ စစ်တပ်ကြီးမုန်းနေသူများ၊ သမိုင်းမသိသံယောင်လိုက်သူများကလည်း အစိုးရစစ်တပ်ကကျူးကျော်လို့ တိုင်းရင်းသားနယ်မြေတွေမှာ အခွင့်အရေးချိုးဖောက် ထင်တိုင်းကြဲနေတယ် ဆိုတဲ့စကားတွေက ကြားရ နားဝမချမ်းသာပါဘူး။

ဒီနေရာမှာ KIAက တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်နေတာပါဆိုတဲ့ စကားလုံးတွေ တွေ့နေရတော့ စိတ်လည်းပျက်မိပါတယ်။

ဒီစာကိုရေးတာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးစေတာမျိုး လုံးဝမဟုတ်ပါဘူး။

ဗမာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်တွေ၊ ဗမာစစ်တပ်ကျူးကျော်သူတွေ စတဲ့ မျိုးစုံအောင် စွပ်စွဲမူ့တွေကို မခံနိုင်လို့ပါ။

ပြီးတော့ ဖိမော်၊ ဂေါ်လန်ဒေသတွေကို တရုတ်ကိုပေးတဲ့ ဗမာအစိုးရတွေဆိုတဲ့ အသံကလည်း ယခင်KIAစတင်ဖွဲ့စည်း ခြားနားကြတဲ့ လက်သုံးစကားတွေကို ကြားရတော့။

အော်... သူခိုးက လူပြန်ဟစ်လေခြင်း လို့ပဲဆိုရတော့မှာပါ။

တလောက ဂျာနယ်တစ်ခုမှာ (ကချင်ပြည်နယ်အတွင်းက နေထိုင်သူအများစုဟာ ရှမ်းနီ(တိုင်လိုင်း) တွေဟာ (၆၀%) ရှိပါတယ်။ ရှမ်းနီတို့ရဲ့ သဘောထားကိုလည်း ထည့်စဉ်းစားသင့်ပါတယ်) ဆိုတဲ့သတင်းကို ဖတ်ရတော့ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလက ဗြိတိသျှတို့ရဲ့ သွေးခွဲအုပ်ချုပ်မူ့ကြောင့် တောင်တန်း၊ ပြည်မတွဲရေး၊ ခွဲရေးပြသနာ ကြီးထွားလာချိန်မှာ ကချင်ခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်ပေးဖို့၊ ကချင်ပြည်နယ်ရဲ့ နယ်မြေတွေကို သတ်မှတ်ဖို့ ဗိုလ်ချုပ်နဲ့ (ဖတပလ)ခေါင်းဆောင်တွေကို အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ သမိုင်းကိုသွားသတိရမိပါတယ်။

“ လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများ၏ အနာဂတ်မျှော်မှန်းချက်” By –ကိုတိုး(ချင်းတွင်း)

Saw Phyo Lay shared Monywa Times's photo.
“ လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများ၏ အနာဂတ်မျှော်မှန်းချက်”
By –ကိုတိုး(ချင်းတွင်း)
                အညာဒေသ၏ ရာသီဥတုအပူရှိန်အောက်တွင် ဘေလ်ထုပ်စ စူပါအိတ်ကြီးများကို ကိုယ်စီထမ်းပိုး လျက်အုပ်စုဖွဲ့ကာ တစ်လမ်းဝင် တစ်လမ်းထွက် ဗူးခွံ၊ ပုလင်ခွံများလိုက်လံကောက်ယူနေသူ အသက် ၉နှစ်မှ ၁၂ နှစ်အရွယ်ထိ ကလေးငယ်များကို နေ့စဉ်မြင်တွေ့ကျရသည်။ 
             “ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်းကြားနိုင်ရေးစီမံကိန်း” ကြီးသည် ၎င်း ကလေး ငယ်များနှင့် မသက်ဆိုင်သလိုဖြစ်နေရချင်းမှာ ကျားရဲရာကြမ္မာမငြိုးနိုင်သည့် အဖြစ်ပင်ဟု ဆိုရပေတော့မည်။ မြင်မိသူတိုင်းကတော့ ကံကြမ္မာကိုရိုးမယ်ဖွဲ့ပြီး အနာဂတ်မျိုးဆက်သစ်၏ လူ့စွမ်းအားအရင်းအမြစ်များအတွက် ရင်မအေးဖြစ်နေကြရသည်။
 အဆိုပါ မြင်ကွင်းတွင်ဖော်ပြပါ ကလေးငယ်များအနက် မုံရွာမြို့၊ သလ္လာအမှတ်( ၉ ) ရပ်ကွက်နေ အသက် ၁၁ အရွယ် အကိုဖြစ်သူနှင့် အသက် ၉ နှစ်အရွယ် ညီမဖြစ်သူ မောင်နှမ နှစ်ယောက်တို့၏ အနာဂတ်မျှော် မှန်းချက်များကား …
   “ သားကျောင်းလိုက်မယ်လို့ အဖေကိုပြောတော့ ပိုက်ဆံအများကြီးရှိမှ ကျောင်းကလိုက်လို့ရတာတဲ့ ။ သား ကျောင်းလိုက်ဖို့ဆိုပြီး အဖေက မြေကျင်းလိုက်တူးတယ်။ သံတွေရဖို့တူးတာပါ ။ မြေကျင်းပိပြီး အဖေက သေသွား တယ်။ အမေက ညီမလေးနဲ့ အိမ်မှာရှိနေခဲ့တာပါ..”  ဟု လွန်ခဲ့သော ၅ နှစ်ခန့်က ဖခင်ဖြစ်သူ သေဆုံးခဲ့ရပုံ မိသားစု လေးရဲ့ဘ၀ပြိုပျက်ခဲ့ရပုံကို အရွယ်နဲ့မလိုက် ဆိုနင့်ကြေကွဲစွာ မျက်ရည်များဝဲလျက် ပြောပြနေသော မောင်ငြိမ်း ချမ်း(အမည်ရင်းမဟုတ်ပါ)၏ မျက်ဝန်းအစုံသည် ညီမလေးဖြစ်သူအား တစ်ချက်ဝှေ့၍ကြည့်လိုက်သည်။ 
          ပတ်ဝန်ကျင်၏ ပြောပြချက်များအရ လွန်ခဲ့သော ၅ နှစ်တာကာလခန့်က မုံရွာတက္ကသိုလ်ကျောင်းဝင်း၏ အနောက်မြောက်ဘက်အရပ်တွင်တည်ရှိသော အင်္ဂလိပ်ခေတ် စစ်ကျန်းသံတိုသံစ ပစ္စည်းများမြုတ်နှံထားရာနေရာ တွင် သံတိုသံစများတူးဖော်ရောင်းချ၍ မိသားစုစားဝတ်နေရေးနှင့် သားဖြစ်သူ ကျောင်းလိုက်နိုင်ရေးအတွက်  ဖခင်ဖြစ်သူက ရုန်းကန်ရာဖွေရင်း  မြေပြိုကျ၍ တွင်းပိသေးဆုံခဲ့ရသည်ဟု သိခွင့်ရပြန်သည်။ 
        “ အဖေ သေသွားပြီးတော့ သားက ကိုရင်ဝတ်တယ်။ စာဖတ်တတ်ချင်လို့ဝတ်တာပါ ။ အဖော်တွေက ကျောင်း လိုက်နေပြီလေ .. သားလည်းကျောင်းလိုက်ချင်တယ်။ ပိုက်ဆံအများကြီးရအောင် ရေဗူးခွံတွေ၊ ပုလင်းခွံတွေလိုက် ကောက်ပြီးရောင်းတယ် ။ ဘုန်းကြီးသိရင် ရိုက်မှာကြောက်လို့ အိမ်ပြန်နေခဲ့တာ။ အိမ်းရောက်တော့ အမေက လူထွက်ခိုင်တယ်” ဟု မောင်ငြိမ်းချမ်းက လက်ရှိအလုပ်အကိုင်ထဲသို့ စတင်ဝင်ရောက်လာခဲ့ပုံကို ရှင်ပြပြော ဆိုသည်။ 
         အသက် ၄၀ ၀န်းကျင်ခန့်တွင် မီးရပ်ကျိုးရောဂါဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုနည်းပါးခြင်းဝေဒနာခံစားနေရသူ က လေးနှစ်ယောက်၏မိခင် မောင်ငြိမ်းချမ်း၏ အမေဖြစ်သူမှာ အညာဒေသသို့ လွန်ခဲ့သော ၁၅ နှစ်ခန့်က ဆယ်နှစ့် ပွဲဈေးသည်ဘ၀ဖြင့် ရောက်ရှိလာခဲ့ရာ မွေးချင်းတော်စပ်သူတစ်ဦးတစ်ယောက်မျှ ယင်းဒေသတွင်မရှိ ကြောင်း သိရသည်။ 
         “မိဘတွေက ပွဲဈေးသည်တွေလေ ။ ဈေးရောင်းလာရင်း မုံရွာမှာ ကလေးတွေဖအေနဲ့ အိမ်ထောင်ကျခဲ့တာ။ အခုတော့ မိဘတွေနဲ့ အဆက်အသွယ်မရတာ အငယ်မလေး ငယ်ငယ်ကတည်းကပါ” လက်တုန်ခေါင်းရမ်းစွာ ဖြင့် မောင်ငြိမ်းချမ်း၏ မိခင်ဖြစ်သူက ပြောပြသည်။ 
       “ကျွန်မတို့အိမ်ကို ဧည့်သည်ဆိုတာ မလာဘူးတော့ ဧည့်ဝတ်မကျေရင်ခွင့်လွတ်ကျပါတော်” ဟု အားနာကြီးသော မျက်ဝန်းအစုံဖြင့်ကြည့်ကာ အိုကေ အမှတ်တံဆိပ်ပါ စက္ကူဂျပ်ဖာကိုဖြန့်ခင်းပေးရင်း “ ထိုင်ကျပါ တော်” လို့ ဧည့်ခံစကားများကို ဖော်ရွေစွာဖြင့် ဆိုပြန်သည်။ 
       ခြေသလုံးအရွယ်ခန့်လုံးပတ်ရှိပြီး အမြင့်အားဖြင့် ၇ ပေထက်မပိုသော အဝေရာသားများကို ခေါင်တိုင်နှစ်လုံး အဖြစ်စိုက်ထူကာ ထီးရိုးဝါးတစ်လုံးအား ခေါင်တန်းအဖြစ်အသုံးပြုလျက် တစ်ဘက်အနီ တစ်ဘက်အပြာ အရောင် နှစ်ရောင်ကျောခြင်းကပ်ထားသည့် ခပ်နွမ်းနွမ်းပလပ်စတစ်မိုးကာစလေးတစ်ချပ်ကို ခေါင်တန်းပေါ်တင်၍ဖြန့်မိုး ထားသည်။ ထင်းရှုးသေတ္တာတစ်လုံးနှင့် သားမိသုံးယောက် လူးလွင့်အိပ်နိုင်သော အကျယ်အ၀န်းရှိသည့် တဲအိမ် ကလေးမှာ မောင်ငြိမ်းချမ်းတို့၏ မိသားစုလေး ခိုကိုးရာ အရိပ်စစ်နေရာတစ်ခုပင်ဖြစ်သည်။ 
      “အရင်တုန်းကတော့ သူ့များကွမ်းခြံမှာ အစောင့်လုပ်ရင်း နေစရာအတွက်မပူခဲ့ရဘူး။ ကွမ်းခြံပိုင်ရှင်က သူ့ခြံကိုရောင်းလိုက်တယ် ..” ဟု ၎င်း တဲအိမ်ပိုင်ရှင်ဖြစ်သူ မောင်ငြိမ်းချမ်း၏မိခင်က ယင်းကဲသို့ ဆက်လက်၍ ပြော ပြသည်။
          နေ့စဉ် မနက် ၇ နာရီဝန်းကျင်ခန့်တွင် မိခင်ဖြစ်သူက အိပ်ယာမှထကာ နေအိမ်တဲလေး၏ အနောက်ဘက် ထောင့်စွန်းတစ်နေရာရှိ ထနောင်ပင်အောက်တွင် မြေကျင်းတူးမီးဖိုပေါ်၌ အဖုံးမျက်နှာပြင်တစ်ခုလုံး အဖုအထစ် ပေါင်းများစွာပါရှိသော ကျက်ခိုးစွဲမတတ် ဖင်မဲနေသည့် စလွယ်ဝင်ဒန်အိုးလေးကိုတည်ကာ မိသားစုသုံးယောက် ၏ အဟာရဖြည့်တင်းနိုင်ရေးအတွက် ထမင်းချက်ပြုတ်ရပြန်သည်။
          “ ချက်ဟင်းရောင်းတဲ့ ဆိုင်တွေမှာ ဟင်းပေါင်းဆိုတာရောင်းတယ်။ တစ်ရာဖိုးဝယ်ရင် ညမနက်စားလောက် တယ်ဆိုတော့ ကျွန်မက ထမင်းတစ်အိုးပဲချက်ရတာပါ “  အသက်ဆက်ရုံသက်သက်ဖြင့် ချက်ပြုတ်စားသောက် ရခြင်းသည် မောင်ငြိမ်းချမ်းတို့ မောင်နှမနှစ်ယောက် မြို့တွင်းတလျောက် လှည့်လယ်ကောက်ယူစုဆောင်း၍ ရရှိသော ဗူးခွံ၊ ပုလင်းခွံများ တစ်နေ့ရောင်းရငွေ တစ်ထောင့်လေးငါးခြောက်ရာ ငွေလေးဖြင့်ရပ်တည်နေရခြင်း ပင်ဖြစ်သည်။ 
            မောင်ငြိမ်းချမ်း ကဲသို့သော ဗူးခွံ၊ ပုလင်းခွံများ လိုက်လံကောက်ယူနေသူ ကလေးငယ်များသည် မြို့တွင်း ရှိ နေရာအနှံ့အပြားသွားလာ၍ လိုက်လံရှာဖွေကောက်ယူစုဆောင်ကျရသည်။ ၎င်း ကလေးငယ်များသည် မိမိတို့ လိုက်လံကောက်ယူရရှိသော ပစ္စည်းများအား မြို့တွင်းရှိ နီစပ်ရာအ၀ယ်ဒိုင်များတွင် ၀င်ရောက်ရောင်းချ၍ မိသား စုဝင်ငွေအတွက် တစ်ဖက်တလှမ်းမှ  ရှာဖွေပေးနေရသူများဖြစ်ကြောင်းသိရသည်။ 
          “သားကျောင်းမလိုက်ချင်တော့ဘူး။ အမေနဲ့ညီမလေးအတွက် ပိုက်ဆံတွေအများကြီးရအောင် အလုပ် လုပ်ချင်တယ် ။ ပိုက်ဆံတွေရမှ သားလည်းကျောင်းလိုက်နိုင်မှာ ဗျ ..” ဟု မောင်ငြိမ်းချမ်း၏ စကားသံကို ငေးငိုင်စွာဖြင့်နားစွန့်နေလေသူက သူ၏မိခင်ပင်ဖြစ်သည်။ 
      လက်ချုပ်ချုပ်၍ နေရာအချို့ကိုဖာထေးထားသော အပွင့်ရိုက်သရက်ထည် လုံချည်အ၀ါနုရောင်နှင့် ရိပ်ပန်းစ မီးခိုးရောင် လက်စကဘလောက်အင်္ကျီခပ်နွမ်းနွမ်းလေးကိုဝတ်ဆင်ထားသူ မောင်ငြိမ်းချမ်း၏ မိခင်ဖြစ်သူ ဘေး တစ်ဘက်တစ်ချက်တွင် ပျစ်ပျစ်လေးထိုင်နေသူ သားသမီးနှစ်ယောက်၏ ပခုံပေါ်တွင်မိခင်ဖြစ်သူလက်က သိုင်ဖက်တင်လျက် “ မိဘတိုင်းရဲ့မျှော်လင့်ချက်ဟာ သားသမီးတွေဖြစ်ရပါတယ်တော် ..။ ကျွန်မ ကလေး တွေရဲ့ဘ၀ အနာဂတ်မှာ လင်းလက်နိုင်တဲ့ကြယ်တွေဖြစ်စေချင်ပါတယ် ..။ ဒါပေမဲ့ ကျောင်းပညာရေဆိုတာ ဒီဘ၀အတွက်တော့ ကျွန်မတို့နဲ့ ဝေးရတော့မယ် ထင်ပါရဲ့တော် ..” ဟု မျက်ရည်စများစီးကျကာပြောဆိုပြနေသော မိခင်တစ်ယောက်၏ မေတ္တာတရားသည် စနစ်တစ်ခု၏ ပြဌာန်းချက်များကြောင့် ဖြစ်ပေါ်လာခဲ့ရသော စိတ်ဒဏ်ရာများကို မာန်းပြည်အစက်စက်ဖြင့် စိမ့်ယိုထွက် နေတော့သည်အလား ထင်မြင်မိရပြန်သည်။ 
       အထက်မြန်မာပြည်၏ မြေပေါ်မြေအောက် သယံဇတပစ္စည်းများ အမြှောက်အများထွက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးသည် မောင်ငြိမ်းချမ်းတို့မိသားစုလေး အခြေစိုက်နေထိုင်ရာဒေသဖြစ်သည်။ ကန်ရေသောက်၍ မွဲခြောက် နေသောဒေသမဟုတ်။ သစ်မျိုးစုံ၊ကျောက်မီးသွေး၊နှင့်အခြားသောထွက်ကုန်ပစ္စည်းများအား ချင်းတွင်းမြစ်ကြောင်း မှတဆင့် နေ့စဉ်  သယ်ယူထုတ်ဆောင်လျက်ရှိရာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးများနှင့် အထူးပင်စည်ကား လျက်ရှိသည့်မြို့ ကြီးတစ်မြို့ဖြစ်သည်။ 
      “ တိုင်းဒေသကြီးက ချမ်းသာကြွယ်ဝသလောက် မြို့ထဲမှာလည်း အခုလို ဗူးခွံ၊ ပုလင်းခွံ လိုက်ကောက်နေတဲ့ ကလေးတွေက တစ်နေ့တခြားများ များလာရပါတယ်” ဟု မုံရွာဘူတာကြီးအနီးရှိ သုံးဘီဆိုင်ကယ် အငှားယာဉ် မောင်းနင်းသူတစ်ဦးက ပြောပြသည်။ 
          “ လူသားအချင်းချင်း တာဝန်ယူလိုမှုကင်းမဲ့တဲ့စကားတွေနဲ့  အဲ့ဒီကလေးငယ်တွေရဲ့ ဘ၀ကို လူတွေကအ ရောင်ဆိုးကျတယ်။ အဲ့ဒီကလေးတွေက အကျင့်ကောင်တာမဟုတ်ဘူး။ ခိုးချင်တယ် လစ်ချင်တယ် လို့လည်း ပြောလိုက်ရော လူတော်တော်များများက ကလေးတွေကို အမြင်မကြည်ဖြစ်ကုန်ကျရောလေ..” ဟု အဆိုပါ သုံးဘီဆိုင်ကယ် ဒရိုက်ဘာက ဆက်လက်၍ ပြောပြသည်။ 
        ဘုရားနီဘုရား၏ အရှေ့တောင်ဘက် သံလမ်းဈေးအခွန်လွတ် အမှိုက်ပုံတွင် မောင်ငြိမ်းချမ်းတို့လုပ်ကိုင် လျက်ရှိသော အလုပ်များကဲသို့ လုပ်ကိုင်နေသူ ထန်းတောရပ်ကွက်နေ ကလေးငယ်အချို့၏ပြောပြချက်မှာ” သားတို့ကို အမှိုက်ကောက်တဲ့လူကြီးတွေက အမြဲတန်းငေါက်တယ်။ ပြီးတော့မောင်းထုတ်တယ်။ သားတို့က အမှိုက်ပုံ ထဲက သူများတွေပစ်ထားတာပဲကောက်ယူတာပါ ” ဟု ဆိုပြန်သည်။
              မြို့လယ်လမ်းဘေးနေရာများနှင့် လမ်းမကြီးအချို့ပေါ်၌ ညဦးပိုင်းခပ်စောစောအချိန်တွင် မြို့နေလူ တန်းစားကြီးများက အမှိုက်လာ၍စွန့်ပစ်တတ်ကျသည်။ အသုံးမလိုတော့သည့်အတွက် အပြီးအပိုင်စွန့်ပစ်လိုက် သောအမှိုက်များကြားတွင် စားဝတ်နေရေးအတွက် အသုံးတည့်ရန် မွေနှောက်ရှာဖွေနေသူများက အမှိုက်ပုံရှိသည့် နေရာတိုင်းမှာပင်ရှိနေသည်ကို မြင်တွေ့နိုင်ပြန်သည်။ 
        “ ဂလုပ် ..ဂလုပ်လိုက်ကောက်နေတဲ့ ကလေးတွေကို လူတွေကအထင်အမြင်သေးစွာနဲ့ ဆက်ဆံကျတယ်။ အချို့ဆိုရင်အလကားနေရင်း ငေါက်ငမ်းဆဲဆိုကြိမ်းမောင်းတာတောင်ရှိတယ်။ လူတွေရဲ့အမြင်မှာရော ကလေးတွေရဲ့အမြင်မှာရော အပြန်အလှန် Back see  တွေဖြစ်ကုန်နေပြီ ။ ဒါ အနာဂတ်အတွက် မလိုလားအပ်တဲ့ လက္ခဏာတစ်ခုဖြစ်တယ် ..”  ဟု ပန်းပုဆရာကြီး ဦးစိုးတင့် ဆိုသူက ကလေးငယ်များ၏ဘ၀သရုပ်ကို ထုဆစ်ပုံ ဖော်ကာ မှတ်ချက်ပြု ပြောကြားသည်။ 
      အဆိုပါ မြင်ကွင်များနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာရေကြောင်း ဥပဒေပါမောက္ခ(အငြိမ်းစား) ဆရာဦး ကျော်ညွန့်ရေးသားသည့် “ ဆင်ရဲခြင်းကို တိုက်ဖျက်ခြင်း” ဆိုသောစာအုပ်ပါ အချက်အချို့ကို သတိတရဖြစ်မိရ သည်။ ယင်း စာရေသူက “တိုင်းနိုင်ငံအချို့ ဆင်ရဲတွင်းနက်နေရခြင်း၏ အဓိကအကြောင်းအရင်း (၁၁)ချက်ရှိတယ်” ဟု ထောက်ပြပြောဆိုသည်။ ၎င်းအချက်များမှာ …
၁။  မိမိနိုင်ငံနှင့်လိုက်လျောညီထွေးမှုရှိသော ပညာရေးမူဝါဒများကို မချမှတ် မကျင့်သုံးနိုင်ခြင်း။
၂။ မိမိနိုင်ငံနှင့် လိုက်လျောညီထွေးဆက်စပ်မှုမရှိသော စီးပွားရေးမူဝါဒများကို လိုက်နာကျင့်သုံးလျက်ရှိနေခြင်း။
၃။ လက်ဝဲကြီးအုပ်စီးပွားရေးစနစ် ဆက်လက်၍ ရှင်သန်ကြီးထွားနေခြင်း။ လွတ်လပ်သောစီးပွားရေးဈေးကွက် အစစ်အမှန်များမရရှိပဲ လုပ်ငန်းရှင်လက်တဆုပ်စာက နိုင်ငံစီးပွားရေးတွင် လက်ဝဲကြီးအုပ်နေခြင်း။ 
၎။ ကုန်စည်များသယ်ယူပို့ဆောင်ပေးရန် လုံလောက်ပြည့်စုံသော လမ်းပန်းဆက်သွယ်မှုမရှိခြင်း။ 
၅။   စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုအများစုက ကြွေးမြီးထူပေါကာ နလန်မထနိုင်အောင် ဆင်ရဲနေရခြင်း။
၆။  ငွေကြေးစီမံခန့်ခွဲမှုအားနည်းနေ၍ ငွေကြေးဖောင်းပွမှု အလွန်တရာမြင့်မားနေခြင်း။
၇။ အရေးတကြီးသုံးစွဲရန် မလိုအပ်သောကိစ္စရပ်များတွင် ငွေအလုံးအရင်းကြီးမားစွာ သုံးစွဲနေခြင်း။
၈။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ထိုက်သင့်သည့်ငွေကြေးပမာဏကို သုံးစွဲသင့်သလောက်မသုံးစွဲခြင်း။  
၉။ လူထုကျန်းမာရေးအား အပြည့်အ၀ ပံ့ပိုကူညီထောက်မှုမပြုနိုင်ခြင်း။
၁၀။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များတွင် ပြည်သူများအကြားမမျှတသော အကျိုးခံစားခွင့်များကို  လူတစ်စုကသာ သီးခြားခံစားရယူနေခြင်း။
၁၁။ အဂတိလိုက်စားခြင်း ကိုယ်ကျိုးစီးပွားရှာဖွေခြင်း ဥပဒေစည်ကမ်းများကိုကြိမ်ဖန်များစွာချိုးဖောက်နေခြင်း ကြောင့် နိုင်ငံကြီးအချို့ဆင်ရဲတွင်းများနက်သထက်နက်နေရခြင်ဖြစ်ကြောင်း  သုတေသနပြုချက်များအရ တွေ့ရှိရ သည်ဟု ဆိုသည်။ 
       မောင်ငြိမ်းချမ်းကဲသို့ နေ့စဉ်ဘ၀တွေကိုပုံဖော်နေရသူ ကလေးငယ်များစွာမြင်တွေ့နေရသည်။ ယင်းဖော်ပြပါ အချက်(၁၁)ချက်နှင့် အဆိုပါ ကလေးငယ်များ၏ဘ၀ကို ညီမျှခြင်းထိုး၍ အဖြေရှာမိသော် အနာဂတ်မျှော်မှန်း ချက်များအတွက် လင်းလက်ခွင့်ရနိုင်တော့မည်လော(၀ါ) လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများဖြစ်နေတော့ မည်လော …။
“ လင်းလက်ခွင့်မရခဲ့သော ကြယ်ပွင့်လေးများ၏ အနာဂတ်မျှော်မှန်းချက်”
By –ကိုတိုး(ချင်းတွင်း)
အညာဒေသ၏ ရာသီဥတုအပူရှိန်အောက်တွင် ဘေလ်ထုပ်စ စူပါအိတ်ကြီးမ
ျားကို ကိုယ်စီထမ်းပိုး လျက်အုပ်စုဖွဲ့ကာ တစ်လမ်းဝင် တစ်လမ်းထွက် ဗူးခွံ၊ ပုလင်ခွံများလိုက်လံကောက်ယူနေသူ အသက် ၉နှစ်မှ ၁၂ နှစ်အရွယ်ထိ ကလေးငယ်များကို နေ့စဉ်မြင်တွေ့ကျရသည်။
“ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်းကြားနိုင်ရေးစီမံကိန်း” ကြီးသည် ၎င်း ကလေး ငယ်များနှင့် မသက်ဆိုင်သလိုဖြစ်နေရချင်းမှာ ကျားရဲရာကြမ္မာမငြိုးနိုင်သည့် အဖြစ်ပင်ဟု ဆိုရပေတော့မည်။ မြင်မိသူတိုင်းကတော့ ကံကြမ္မာကိုရိုးမယ်ဖွဲ့ပြီး အနာဂတ်မျိုးဆက်သစ်၏ လူ့စွမ်းအားအရင်းအမြစ်များအတွက် ရင်မအေးဖြစ်နေကြရသည်။
အဆိုပါ မြင်ကွင်းတွင်ဖော်ပြပါ ကလေးငယ်များအနက် မုံရွာမြို့၊ သလ္လာအမှတ်( ၉ ) ရပ်ကွက်နေ အသက် ၁၁ အရွယ် အကိုဖြစ်သူနှင့် အသက် ၉ နှစ်အရွယ် ညီမဖြစ်သူ မောင်နှမ နှစ်ယောက်တို့၏ အနာဂတ်မျှော် မှန်းချက်များကား …
“ သားကျောင်းလိုက်မယ်လို့ အဖေကိုပြောတော့ ပိုက်ဆံအများကြီးရှိမှ ကျောင်းကလိုက်လို့ရတာတဲ့ ။ သား ကျောင်းလိုက်ဖို့ဆိုပြီး အဖေက မြေကျင်းလိုက်တူးတယ်။ သံတွေရဖို့တူးတာပါ ။ မြေကျင်းပိပြီး အဖေက သေသွား တယ်။ အမေက ညီမလေးနဲ့ အိမ်မှာရှိနေခဲ့တာပါ..” ဟု လွန်ခဲ့သော ၅ နှစ်ခန့်က ဖခင်ဖြစ်သူ သေဆုံးခဲ့ရပုံ မိသားစု လေးရဲ့ဘ၀ပြိုပျက်ခဲ့ရပုံကို အရွယ်နဲ့မလိုက် ဆိုနင့်ကြေကွဲစွာ မျက်ရည်များဝဲလျက် ပြောပြနေသော မောင်ငြိမ်း ချမ်း(အမည်ရင်းမဟုတ်ပါ)၏ မျက်ဝန်းအစုံသည် ညီမလေးဖြစ်သူအား တစ်ချက်ဝှေ့၍ကြည့်လိုက်သည်။
ပတ်ဝန်ကျင်၏ ပြောပြချက်များအရ လွန်ခဲ့သော ၅ နှစ်တာကာလခန့်က မုံရွာတက္ကသိုလ်ကျောင်းဝင်း၏ အနောက်မြောက်ဘက်အရပ်တွင်တည်ရှိသော အင်္ဂလိပ်ခေတ် စစ်ကျန်းသံတိုသံစ ပစ္စည်းများမြုတ်နှံထားရာနေရာ တွင် သံတိုသံစများတူးဖော်ရောင်းချ၍ မိသားစုစားဝတ်နေရေးနှင့် သားဖြစ်သူ ကျောင်းလိုက်နိုင်ရေးအတွက် ဖခင်ဖြစ်သူက ရုန်းကန်ရာဖွေရင်း မြေပြိုကျ၍ တွင်းပိသေးဆုံခဲ့ရသည်ဟု သိခွင့်ရပြန်သည်။

Saturday, December 1, 2012

“ချီကာကုန်” by Soe Min on Saturday, December 1, 2012 at 5:55am ·


          “စကြာမင်းဘုန်း မိုးသို့ချုန်း ပွေးပုန်းပေါင်မှာ မနေသာ” တဲ့။ မစ္စတာပရက်စီးဒင့်ကြီးက လွှတ်ကို ဘုန်းကြီးပါပေတယ်။ နေ့တ၀က်သာသာကလေး ခြေချသွားရုံနဲ့ ကျုပ်တို့ ရန်ကုန်ရွှေမြို့တော်ကြီးဟာ ချီကာဂိုမြို့ကြီးနဲ့ နင်လားငါလား ပြောင်းလဲသွားရော့သလား မှတ်ပါတယ်ဗျာ။ စင်္ကာပူကို မီအောင် ကြိုးစားမဟဲ့ဆိုတဲ့ လူကြီးတောင် နောက်ကောက်ကျွမ်းပြန်ကျသွားပါပေါ့။ အိုဗာတင်းသောက်နေတယ် မထင်ပါနဲ့။ အဟုတ်ပြောတာပါ။ အပြင်ပန်းသဏ္ဍာန်မှာ မီးမလာတာ၊ ရေမြောင်းလျှံတာ၊ ကားလမ်းပိတ်တာတွေက အရင်ကနဲ့ ဘာမှမထူးဘူးဆိုပေမယ့် ရန်ကုန်သူရန်ကုန်သားတွေရဲ့ စရိုက်သဘာဝကတော့ ချီကာဂိုမြို့ကြီးသားတွေနဲ့ ရင်ဘောင်တန်းလို့ လိုက်နိုင်တဲ့အပြင် သာတောင် သာချင်သေး။ (ခုလောက်ဆို နိုင်ငံတကာအဆင့်မီ ရန်ကုန်သားတွေအတွက် နိုင်ငံတကာအဆင့်မီ အဓိကရုဏ်းနှိမ်နှင်းရေးလုပ်ငန်းစဉ်အဆင့်ဆင့် နဲ့ လက်နက်ပစ္စည်းအပြည့်အစုံတောင် ပြင်ဆင်ထားပြီးလောက်ပြီ။ နိုင်ငံတကာအဆင့်မီ ကြေညာချက်၊ ကြေညာချက် ရုတ်သိမ်းချက်၊ ၀န်ချတောင်းပန်ချက်တွေတောင် ရယ်ဒီ) လျှာအရိုးမရှိတိုင်း ပေါက်တတ်ကရ ပြောတယ်ထင်မှာစိုးလို့ သက်သေသက္ကာယကလေးနဲ့ ရှင်းပြမယ်နော်။ အခုပြောတဲ့ “ချီကာဂို” ဆိုတာ ကက်သရင်းဇီတာဂျုံးကြီး အော်စကာဆုရသွားတဲ့ ကမ္ဘာကျော် ဂန္တ၀င်တေးသံစုံ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားကြီးကို ပြောတာပါ။ ကြည့်ဖူးတဲ့သူတွေဆို တစ်ခွန်းတည်းနဲ့ ဘာပြောချင်သလဲ တန်းကနဲ ဓါတ်ပေါက်သွားပေမယ့် မကြည့်ရသေးသူ၊ မေ့နေသူများအတွက် အဲဒီအထဲက ဇာတ်ကောင်စရိုက်ကလေးတွေနဲ့ ဇာတ်ကြောင်းကလေးတွေ ပြန်ပြမယ်နော်။ ဒီအခါ ကိုယ့်ဆီကလူတွေကို မျက်စိထဲ ပြေးပြေးမြင်လာလိမ့်မယ်။

ဤသို့ ဤပုံ ပြောင်းလဲနေပါသည် by Lu Cifer on Saturday, December 1, 2012 at 11:05am ·




ကမ္ဘာ့မီဒီယာတွေမှာ မထင်မှတ်တဲ့ အချိုးအကွေ့နဲ့ပြောင်းလဲနေတဲ့ မြန်မာပြည်လို့ မကြာ မကြာ ဖော်ပြနေပါတယ်။ နိုင် ငံအသီးသီးက အစိုးရတာဝန်ရှိသူတွေလည်း မကြာမကြာ လာနေသလို၊ နိုင်ငံအသီးသီးက စီးပွားရေးသမားတွေလည်း ချောင်းပေါက်မတတ် လာနေကြတာပါ။

နိုဝင်ဘာလ ၁၉ ရက်နေ့ကတော့ ကမ္ဘာ့စူပါ ပါဝါ ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမားအလည်လာပါတယ်။ အိုဘားမား မလာခင်ကလေးတင် အမေရိကန်က ပို့ကုန်ပိတ်ဆို့မှုကို ရုတ်သိမ်း လိုက်တဲ့ သတင်းတွေ ကမ္ဘာ့မီဒီယာတွေမှာ ပါ လာပြန်ပါတယ်။ အမေရိကန်က လုပ်ငန်းရှင်တွေလည်း မြန်မာပြည်က လုပ်ငန်းရှင်တွေ နဲ့ အတူတူတွဲပြီး လုပ်ငန်းတွေ လုပ်ဖို့ တာစူနေကြပါပြီ။ အိုဘားမား လာတဲ့အတွက် ခရိုနီတွေပျော်ပါ တယ်။

အမေရိကန် လုပ်ငန်းရှင်တွေနဲ့ အတူတူတွဲပြီး အလုပ်လုပ်နိုင်တဲ့ ဗမာစီးပွားရေးလုပ်ငန်းရှင်ဆိုတာ လူ ၂ဝဝ မပြည့်ပါဘူး။ အဲဒီ့လူတွေအကုန်လုံးဟာ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးတွေနဲ့ ပနံသင့်ခဲ့ကြသူတွေ ပါပဲ။ တနည်း အားဖြင့်ပြောရရင်တော့ ခရိုနီဆိုသူတွေပဲ ရှိတာပါ။ အီလစ်တွေကတော့ အိုဘားမားကို မျှော်ကြပါတယ်။ အိုဘားမားလာ ရင် ပါလာမယ့် NGO လုပ်ငန်းတွေကို အမိအရ ဖမ်းဆုပ်ဖို့ သူတို့လည်း မျှော်နေကြတာပါ။ နိုင်ငံရေးသမားတွေက သတိ နဲ့ ကြိုပါတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ လူတန်းစားကတော့ မျှော်လည်းမမျှော်သလို၊ ပျော်လည်း မပျော်ပါဘူး။ သိ တောင်မှ မသိလိုက်တဲ့လူတွေလည်း ဒုနဲ့ဒေးပါ။