နဝတ အစိုးရလက်ထက်မှာ တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေတကယ်တိုးတက်အောင်လုပ်တယ်၊တကယ်လဲတိုးတက်လာပါတယ်
ကျုပ်သိတာတခုကတော့ ရန်ကုန်မန္တလေးအမြန်လမ်းဖေါက်လုပ်ရေး စီမံကိန်းပါ၊ ကိုယ်တွေ့ ပါဝင်ခဲ့ တာတော့ မဟုတ်ဘူး၊ထောင်ထဲမှာနေပြီးလဲ
တဆင့် စကားကြားရတာကိုပြန်ပြောပြတာပါ၊ဒီစီမံကိန်းကမြန်မာနိုင်ငံမှာရှိတဲ့ ထောင်အားလုံးနဲ့ ပါဝင်ပါသက်နေပါတယ်၊နဝတအစိုးရလက် ထက်မှာ လမ်း၊တံတား၊ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သုံးစွဲတဲ့  ကျောက်ခဲတွေမှာ၊ထောင်ကျအကျဉ်းသားများရဲ့  အသက်၊သွေးချွေးတွေပါ တယ်၊အပြစ်မဲ့ ပြည်သူ့ တွေရဲ့ သွေးချွေးတွေပါတယ်၊အသက်တွေပါတယ်၊(အပြစ်မဲ့ ပြည်သူတွေလိုသုံးစွဲလိုက်ပါတယ်၊ နဝတအစိုးရက မတရား အမှု ဆင်ပြီး၊ လိုအပ်နေတဲ့ လုပ်အားအတွက်ထောင်ပေါင်းများစွာသောပြည်သူတွေကိုဖမ်း၊ထောင်ထဲထည့် ၊ငါးကျင်းဆီနှင့် ငါးကျင်းပြန်ကျော်၊ စာနာ ထောက်ထားမှုကင်းပြီး၊နဝတလက်ထက်မှာတိုင်းပြည်တိုးတက်လာတယ်ဆိုတဲ့ သမိုင်းကိုပြချင်ကြတယ်)ကျောင်းသားတွေ၊ တပ်မတော် စစ်သားတွေရဲ့ အသက်တွေပါတယ်၊ဆိုတဲ့ အကြောင်းလူတွေသိမှာမဟုတ်ဘူး၊ထောင်ထဲမှာနှစ်ပေါင်းအကြာကြီးနေလာခဲ့ ရတဲ့ ဘဝဟာ၊ ဘာနဲ့ တူသလဲဆိုရင်တော ငရဲကျ ခံရပြီးငရဲမင်းကြီးသတ်လို့ မသေလို့ လွတ်မြောက်လာတဲ့ ငရဲသား၊သေရွာပြန်ငရဲသားနဲ့ တူတယ်၊ကျောက်ထုပ်လုပ် ရေးစီမံကိန်းတွေကို၊မွန်ပြည်နယ်ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်းတွေမှာထုပ်လုပ်ကြတယ်၊ကျုပ်တို့ဖက်ကဆို တောင်စွန်း၊ရင်းငြိမ်ကျောက်ထုပ်ရေးစခန်းတွေကနာမည်ကြီးစခန်းတွေဖြစ်တယ်၊အဲဒီကျောက်ထုပ်လုပ်ရေးစခန်းကို ရဲဘက်ပါသွားရင်မိ ခင်အ ကျဉ်း ထောင်ဆီပြန်လာရိုးထုံစံမရှိ၊တချို့ တော့ ကျန်းမာရေးမကောင်းလို့ အရိုးနဲ့ အရေသာကျန်တဲ့ ရုပ်တွေနဲ့ ပြန်ရောက်လာတတ်ကြတယ်၊ နာဇီဂျာမဏီအာဏာရှင် ဟစ်တလာကိုအားကျတာလားမသိ၊ဟစ်တလာသတ်တာကသူ့ လူမျိုးမဟုတ်တဲ့ ဂျုးလူမျိုးတွေကိုရက်ရက်စက်စက် သတ်တာ၊နဝတကဟစ်တလာသတ်တာလောက်စံချိန်မချိုးနိုင်ပေမဲ့ အဲဒီလောက်နီးပါးပါ၊ကျုပ်သိတာပေါ့ ၊ အခြားထောင်ကရဲဘက်တွေအခြေ အနေတော့ မသိဘူး၊မော်လမြိုင်ထောင်ကဆို