Sunday, April 3, 2011

၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၇) by Kyaing Tun on Sunday, April 3, 2011 at 3:32pm

နဝတ အစိုးရလက်ထက်မှာ တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေတကယ်တိုးတက်အောင်လုပ်တယ်၊တကယ်လဲတိုးတက်လာပါတယ်
ကျုပ်သိတာတခုကတော့ ရန်ကုန်မန္တလေးအမြန်လမ်းဖေါက်လုပ်ရေး စီမံကိန်းပါ၊ ကိုယ်တွေ့ ပါဝင်ခဲ့ တာတော့ မဟုတ်ဘူး၊ထောင်ထဲမှာနေပြီးလဲ
တဆင့် စကားကြားရတာကိုပြန်ပြောပြတာပါ၊ဒီစီမံကိန်းကမြန်မာနိုင်ငံမှာရှိတဲ့ ထောင်အားလုံးနဲ့ ပါဝင်ပါသက်နေပါတယ်၊နဝတအစိုးရလက် ထက်မှာ လမ်း၊တံတား၊ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သုံးစွဲတဲ့  ကျောက်ခဲတွေမှာ၊ထောင်ကျအကျဉ်းသားများရဲ့  အသက်၊သွေးချွေးတွေပါ တယ်၊အပြစ်မဲ့ ပြည်သူ့ တွေရဲ့ သွေးချွေးတွေပါတယ်၊အသက်တွေပါတယ်၊(အပြစ်မဲ့ ပြည်သူတွေလိုသုံးစွဲလိုက်ပါတယ်၊ နဝတအစိုးရက မတရား အမှု ဆင်ပြီး၊ လိုအပ်နေတဲ့ လုပ်အားအတွက်ထောင်ပေါင်းများစွာသောပြည်သူတွေကိုဖမ်း၊ထောင်ထဲထည့် ၊ငါးကျင်းဆီနှင့် ငါးကျင်းပြန်ကျော်၊ စာနာ ထောက်ထားမှုကင်းပြီး၊နဝတလက်ထက်မှာတိုင်းပြည်တိုးတက်လာတယ်ဆိုတဲ့ သမိုင်းကိုပြချင်ကြတယ်)ကျောင်းသားတွေ၊  တပ်မတော် စစ်သားတွေရဲ့ အသက်တွေပါတယ်၊ဆိုတဲ့ အကြောင်းလူတွေသိမှာမဟုတ်ဘူး၊ထောင်ထဲမှာနှစ်ပေါင်းအကြာကြီးနေလာခဲ့ ရတဲ့ ဘဝဟာ၊ ဘာနဲ့ တူသလဲဆိုရင်တော ငရဲကျ ခံရပြီးငရဲမင်းကြီးသတ်လို့ မသေလို့ လွတ်မြောက်လာတဲ့ ငရဲသား၊သေရွာပြန်ငရဲသားနဲ့ တူတယ်၊ကျောက်ထုပ်လုပ် ရေးစီမံကိန်းတွေကို၊မွန်ပြည်နယ်ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်းတွေမှာထုပ်လုပ်ကြတယ်၊ကျုပ်တို့ဖက်ကဆို  တောင်စွန်း၊ရင်းငြိမ်ကျောက်ထုပ်ရေးစခန်းတွေကနာမည်ကြီးစခန်းတွေဖြစ်တယ်၊အဲဒီကျောက်ထုပ်လုပ်ရေးစခန်းကို ရဲဘက်ပါသွားရင်မိ ခင်အ ကျဉ်း ထောင်ဆီပြန်လာရိုးထုံစံမရှိ၊တချို့ တော့ ကျန်းမာရေးမကောင်းလို့ အရိုးနဲ့ အရေသာကျန်တဲ့ ရုပ်တွေနဲ့ ပြန်ရောက်လာတတ်ကြတယ်၊ နာဇီဂျာမဏီအာဏာရှင် ဟစ်တလာကိုအားကျတာလားမသိ၊ဟစ်တလာသတ်တာကသူ့ လူမျိုးမဟုတ်တဲ့ ဂျုးလူမျိုးတွေကိုရက်ရက်စက်စက် သတ်တာ၊နဝတကဟစ်တလာသတ်တာလောက်စံချိန်မချိုးနိုင်ပေမဲ့ အဲဒီလောက်နီးပါးပါ၊ကျုပ်သိတာပေါ့ ၊ အခြားထောင်ကရဲဘက်တွေအခြေ  အနေတော့ မသိဘူး၊မော်လမြိုင်ထောင်ကဆို


အဲဒီရဲဘက်စခန်းတွေကိုရဲဘက်ထုတ်လိုက်ရင်တခါထုတ်ရင်(၂၀၀)ကျော်၊တယောက်မှ ပြန် ရောက်တာမတွေ့ ဘူး၊လူအရိုးတွေတောင်လို့ ပုံနေတယ်၊ထောင်ပိုင်ကလူကိုလူလို့ မမြင်၊မင်းတို့ အကုန်သေသွားရင်နောက်ထပ်အများကြီးရှိ
သေးတယ်တဲ့ ၊ဟုတ်ပါတယ်၊မော်လမြိုင်ထောင်ထဲမှာလည်း ထောင်ကျအသစ်တွေနေ့ တိုင်းရောက်၊ရဲဘက်စခန်းတွေကိုနေ့ တိုင်းပို့ နိုင်ကြ
လောက်အောင်လူတွေကများတယ်၊ထောင်မဆန့် ဘူးလို့ ပြောရင်ယုံမလား၊ထောင်ထဲမှာတော့ နှစ်ကြီး(၁၀)နှစ်အထက်တွေပဲကျန်တယ်၊(၁၀)
နှစ်အောက်တွေအကုန်ရဲဘက်ပို့ တယ်၊နိုင်ငံရေးအမှု၊၁၇(၁)၁၇(၂)၊အရေးအခင်းမှု၊ဒီအမှုနဲ့ ကျသူတွေတော့ ရဲဘက်မထုပ်ဘူး၊ အရေးအခင်းအ
မှုနဲ့ ထောင်ချလိုက်တာကိုပဲကျေးဇူးတင်ရမလိုပါ၊ မဟုတ်ရင်တော့ ကျုပ်လည်းအဲဒီကတည်းကသေပြီးလို့ ကြိမ်းသေပြောလို့ ရတယ်၊ပြစ်မှုကျွေး
ကိုချွေးဖြင့် ဆပ်ရမယ်တဲ့ ၊ချွေး၊သွေး၊အသက်ပါပေးဆပ်ခဲ့ တယ်၊ကိုယ့် လူမျိုးအချင်းချင်းညင်းပမ်းနှိပ်စက်ကြတာပါ၊ထောင်ပိုင်ကလက်မရွံလူမိုက်
တွေကိုနေရာပေး၊ထောင်ကျအချင်းချင်းသတ်ခိုင်း၊မခံနိုင်တဲ့ လူတွေကကိုယ့် ကိုကိုယ်အဆုံးစီရင်အသေခံ၊သာယာဝတီသားရဲဘက်တယောက်
ဆို၊သာယာဝတီသားကွ..လို့ ဟစ်ကြွေးပြီးတောင်ပေါ်ကတောင်အောက်ကိုခုန်ချအသေခံလိုက်တယ်၊ခွေးတွေသတ်တာမခံဘူးကွ.၊အဲဒီလိုသတ္တိ
ရှိတဲ့ သူတွေအကြောင်းကြားရတာ၊ကိုယ်တိုင်မမြင်ရလို့ ယုံတောင်မယုံဘူး၊ခုအဖြစ်ကကိုယ်တိုင်ကြုံခဲ့ သူများကထဲကတယောက်ထက်မကပြော
လာလို့ ယုံလိုက်ရပါတယ်၊ဟုတ်မှာပါ၊ထောင်ထဲမှာတောင် ထောင်ကျအချင်းချင်း ညင်းပမ်းနှိပ်စက်တာမခံနိုင်ဘူးဆိုပြီးရေတွင်းထဲခုန်ချအသေခံ
သူတယောက်ရှိခဲ့ တယ်၊ဒီလိုသေသွားတာလည်း ငရဲကလွတ်ကျွတ်သွားတာပေါ့ ၊သနားမိတဲ့ စိတ်နဲ့ ပြောတာပါ၊ဒီလိုဆိုထောင်ကျတဲ့ သူတိုင်း
လူဆိုးတွေ၊လူမိုက်တွေ ဖြစ်ကုန်ရောလား၊ဒီလိုတော့ လည်းမဟုတ်သေးဘူး၊ထောင်ထဲမှာလည်းလူဆိုး၊လူမိုက်၊လူကောင်း(၃)မျိုးရှိတယ်လို့ပြော နိုင်တယ်၊လူဆိုးတွေကလူမိုက်လိုမမိုက်ဘူး၊စည်းထားတတ်ကြတယ်၊လူဆိုးလောကမှာ သစ္စာရှိတယ်၊ ဆိုလိုတာက၊ဓါးမြတိုက် ရင်ပ စ္စည်းယူ တယ်၊ လူမသတ်ဘူး၊ မဒိမ်းမကျင့် ဘူး၊အဲဒါလူဆိုး၊ လူမိုက်တွေကထင်သလိုလုပ်တယ်၊ထောင်ပိုင်တွေကလူမိုက်တွေကိုနေရာပေးပြီးထောင်
တွင်းမှာငြိမ်ဝတ်ပိပြားနေအောင်အုပ်ချုပ်ခိုင်းကြတယ်၊ လူဆိုးတွေကိုလူမိုက်တွေက အထာထားတယ်၊လူဆိုးတွေကလူကောင်းတွေကိုအကာ
အကွယ်ပေးကြတယ်၊ ဒါငါ့ ညီကွ၊ဒါငါ့ ပတ်သက်ကွ၊ဆိုရင်လူမိုက်တွေရန်ကလွတ်သွားတယ်၊လူဆိုးတွေကိုလူမိုက်တွေကဖျားတယ်၊(ကြောက်
တယ်လို့ ပြောတာပါ)၊ထောင်ထဲမှာလည်းနေတတ်ရသေးတယ်၊ကျုပ်တို့ ကျတော့ လူဆိုးတွေနဲ့ လည်းပေါင်းတတ်တယ်၊လူမိုက်တွေနဲ့ လည်း
ပေါင်းတတ်တယ်၊ထောင်ထဲလက်သုံးစကားတခုက၊နေတတ်အောင်နေကြ၊ သူတို့ မှာ ချွတ်(သံချွန်)တွေရှိတယ်၊မနေတတ်တဲ့ သူတွေကချွတ်
နဲ့ အထိုးခံရ ၊သေကြရ၊ ဒါမျိုးသေသူတွေအများကြီး၊အပြင်လောကမှာဘာဘဲဖြစ်ခဲ့ ၊ဘာဘဲလုပ်ခဲ့ အားလုံးကိုအပြင်မှာချန်ထားခဲ့ ၊ ပုံစံခန်းဝင်
တဲ့ အချိန်ကစပြီးအစွယ်ကျိုးအောင်နှိပ်ကွပ်တယ်၊ ပုံစံကျေပြီးအထိလက်စွမ်းပြကြတယ်၊ထောင်ထဲရောက်လာတဲ့ အကျဉ်းသားတယောက်ဟာ
အချုပ်ခံရစဉ်ဘဝမှာကတည်းကတကြိမ်၊ဒီလိုညင်းပမ်းနှိပ်စက်ခံခဲ့ ကြတယ်၊ငွေညစ်ယူကြတယ်၊ငွေမရမချင်းညင်းပမ်းနှိပ်စက်ကြပါတယ်၊ မခံနိုင်
တော့ အိမ်ကိုငွေမှာယူ၊ငွေကိုခိုးသွင်း၊ ငွေပေးပြီးတော့ မှပဲသက်သာသွားတာပေါ့၊ထောင်ထဲရောက်ပြန်တော့ ထပ်တခါငွေညစ်ခံရပြန်တယ်၊
ထောင်ထဲကျတော့ ကျောက်ခဲကိုရေထွက်အောင်ညစ်တယ်လို့ ခေါ်တယ်၊ ရေဆိုတာ(ငွေ)၊ ကိုယ်အိမ်ကမိန်းမတွေ၊မိသားစုတွေကငွေကိုမရ ရ
အောင်ရှာပေးကြရတယ်၊အဲဒါကထောင်ထဲမှာသက်သက်သာသာနေဖို့ အတွက်ပါ၊နောက်ထပ်တခုကတော့ ရဲဘက်မသွားရအောင်ငွေပေးရပါ
တယ်၊ရဲဘက်ပါရင်လည်းရဲဘက်စခန်းရောက်ရင်သေအောင်အလုပ်လုပ်ရမယ်လေ၊ရဲဘက်ထွက်ရမှာကြောက်ပြီးရဲဘက်ကာဖို့ ငွေထပ်တခါပေး
ရပြန်ပါတယ်၊ဒီလိုဘဝမျိုးနောက်ထပ်တခါဘယ်သူဆုံချင်ပါ့မလဲ၊ထောင်ကလွတ်တာနဲ့ အဝေးဆုံး...အဝေးဆုံး။
· · Share · Delete

No comments:

Post a Comment

mr.kyaingtun@gmail.com