Saturday, April 9, 2011

၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၈) by Kyaing Tun on Saturday, April 9, 2011 at 9:04am

နဝတ အစိုးရလက်ထက်၊ရန်ကုန်၊မန္တလေးကားအမြန်လမ်းဖေါက်လုပ်ရေး စီမံကိန်း၊ နောက်စီမံကိန်းတခုက ပဲစဉ်းငုံစိုက်ပျိုးရေးစီမံကိန်း၊ နောက် တခုက သီးထပ်စပါးစိုက်ပျိုးရေးစီမံကိန်း၊တွေဖြစ်ပါတယ်၊ဒီစီမံကိန်းတွေကိုအကျဉ်းထောင်များမှထောင်ကျ အကျဉ်းသား တွေရဲချွေး၊သွေး၊ အ သက်ပေါင်းများစွာနဲ့  စီမံကိန်းတွေအောင်မြင်အောင်ဘယ်လိုပါဝင်ခဲ့ ၊ဘယ်လိုလုပ်ခဲ့ တယ်ဆိုတာ ပြည်သူတွေမသိကြလို့ သာ နဝတအစိုး ရ ကောင်းတယ်လို့ တချို့ ထင်ကောင်းထင်ကြမယ်၊တကယ်တော့ .....၊
အလျားပေ ၁၀၀×အနံပေ ၄၀ ရှိတဲ့ အိပ်ဆောင်တဆောင်မှာ၊ လူတွေဟာအလျားလိုက်တန်းစီပြီးအိပ်ကြရတယ်၊တယောက်နဲ တယောက်တ ကိုယ်စာနေရာသာရပြီး၊အိပ်ဆောင်တဆောင်မှာလူပေါင်း၁၀၀ကျော်ရှိတယ်၊မော်လမြိုင်ထောင်အိပ်ဝင်းဆောင်တဆောင်ထဲမှာတင်အဆောင်(၅)ဆောင်
ရှိတယ်၊
ဒေါက်.ဒေါက်.ဒေါက် (တုတ်ခေါက်သံ)(အကျဉ်းသားဝါဒါ၊(ခ) ဗာယာ)များက ကင်းစောင့် ရပါတယ်၊
(ထောင်ဝင်အမှတ် ၄၅၂၃/စီ မော်ကြီး၊(၅)ဆောင်ပေါ်၊အကျဉ်းသားပေါင်း(၁၂၀)၊အားလုံးကောင်းပါတယ်၊ဆရာကြီး)ညဖက်အိပ်ချိန်မှာအကျဉ်း သားတယောက်ကို(၂)နာရီ တယောက်လဲပြီးအဲဒီလိုအော်ရပါတယ်၊တညလုံးဒီလိုကင်းအော်သံတွေက အစမှာကြားရတာလုံးဝအိပ်မရခဲ့ ဘူး၊နောက်ပိုင်း မှာတော့ အကျင့် လည်းရ၊ပင်ပင်ပန်းပန်းအလုပ်လုပ်ရတဲ့ အတွက်မောပန်းစွာနဲ့ အိပ်ပျော်သွားတော့ ဘာသံမှမကြားရတော့ ဘူး၊ဒီညတော့ တော်ရုံနဲ့ အိပ်မပျော်ဘူး၊မနက်ကျရင်၊ ပဲစဉ်းငုံစိုက်ပျိုးရေးကိုလိုက်ရမယ်၊ဆိုလိုပါ၊မိုးဦးစရာသီဆိုတော (၂)ရက်ခြား၊တခါတလေ တော့ (၃) (၄)ရက်ခြားမိုးရွာနေပြီး၊အော်..ငါဘဝတော်တော်ဆိုးလှချည်းလား၊ဒီအမှုမှာ ငါလုံးလုံးမပတ်သက်ခဲ့ တာငါပဲသိတယ်၊ ပါဝင်ခဲ့ တဲ့ ထွက်ပြေးတရားခံတွေအစားခံရတာ၊ဒီအတွေးကြောင့် အိပ်မရတဲ့ ညတွေများခဲ့ တယ်၊
ထ..ထ...ထမယ်၊(မနက်(၄)နာရီထိုးတိုင်း၊အိပ်ရာကထ၊ဘုရားရှိခိုးရတယ်၊ပြီးရင်ထောင်မှုးများအဆောင်လာဖွင့် တာကိုတန်းစီထိုင်ဆောင့် ရ
တယ်၊အဆောင်ဖွင့် ပြီးတာနဲ့ မျက်နှာသစ်၊ ဆန်ပြုတ်သောက်တန်းစီးရတယ်၊တခါတလေ..တချို့ အကျဉ်းသားတွေဆန်ပြုတ်သောက်တာမဝလို့ နဲနဲထပ်တောင်းရင်၊ ဆန်ပြုတ်ဝေပေးတဲ့ အကျဉ်းသားက ပါးရိုက်လွတ်တယ်၊ထိုးတဲ့ အခါလည်းထိုးတတ်ကြတယ်၊ဘာမှမတတ်နိုင်ဘူး၊လူမိုက်
တွေလေ၊ပြိုင်မိုက်ရမလား၊ကိုယ်ပါးကို ကိုယ်မိဘကတောင်ရိုက်ခဲ့ တာမဟုတ်ဘူး၊ ဒီ..နဝတ လက်ထက်မှပဲ၊ ရဲကရိုက်၊ထိုးကြိတ်၊ထောက်လှမ်း
ရေးကရိုက်နဲ့ ၊ အသဲနာတယ်၊
ဆန်ပြုတ်သောက်တန်းစီပြီးတာနဲ့ အလုပ်ဆင်းရပါတယ်၊ထောင်ရဲ့ အပြင်ဖက်ကိုပါ၊ထောင်စကားနဲ့ ပြောရင်(အပြင်ဘုတ်)လို့ ခေါ်တယ်၊ ပဲစဉ်းငုံ
စိုက်ပျိုးရေးကို မော်လမြိုင်မြို့ ပြင်မိုင်(၃၀)ပတ်ဝန်းကျဉ်၊ကားလမ်းဘေး၊ခြံဥယျာဉ်တွေမှာတန်းစီစိုက်ရပါတယ်၊အသင့် ပျိုးထားတဲ့ ပျိုးပင်တွေကို
တွင်းတူး၊ မြေသြဇာထည့် ပြီး၊အကျဉ်းသားတယောက်ကိုအပင်(၅၀)ပင်၊ပြီးအောင်စိုက်ပေးရတယ်၊ညနေအလုပ်ပြန်ချိန်မှာတော့ လူကလက်ပန်း
ကျနေပြီး၊လက်နှစ်ဖက်စလုံးလဲပေါက်ပြဲကုန်ပြီး၊ဒီလိုနေတိုင်းပဲစဉ်းငုံထွက်စိုက်ရတယ်၊ပထမနှစ် စမ်းသပ်စိုက်ပျိုးမှု့အောင်မြင်သွားတယ်၊နောက်
တနှစ်ကျတော့ ဒီစီမံကိန်းအတွက်ရဲဘက်ထုတ်ပြီး၊မြန်မာနိုင်ငံ အနံ့ ပါ၊စီမံကိန်းတခုပြီးတခုကို အကျဉ်းသားတွေနဲ့ ရင်းနှီးသွားတယ်၊


ပဲစဉ်းငုံစီမံကိန်းပြီးတော့ တခါ သီးထပ်စပါးစိုက်ပျိုးရေးစီမံကိန်းပါ၊တနှစ်ကို(၃)သီးစားရတယ်ဆိုတယ်၊အဲဒီစီမံကိန်းမှာလူတွေကိုနွားလိုလယ်ထွန်
ခိုင်းတော့ တာပဲ၊ ထွန်းတုံးမှာတဖက်ကိုလူ(၄)ယောက်စီဝင်ပြီးထွန်ကိုဆွဲရတယ်၊ နွားမဝယ်ပဲဘာလို့ လူနဲ့ ခိုင်းရတာလဲ၊ နဝတ အစိုးရ ကဒီလို
ဖြစ်နေတာတွေ၊မသိတာလား၊သိလျှက်နဲ့ မသိဟန်ဆောင်နေတာလား၊ နဝတအစိုးရက ဒီလိုစီမံတာလား၊ ဒါမှမဟုတ်....ဘယ်သူဒီလိုခိုင်းတာ
လဲ၊ ရွံ့ ဗွက်ထဲမှာ၊နွားလိုထယ်ထွန်ရတာ၊ဘယ်လိုမောသလဲဆိုတာ၊ကိုယ်လက်တွေဘယ်လိုနာကျင်ရတယ်ဆိုတာ၊လူသိသွားရင်ဘယ်လောက်
ရှက်ဖို့ ကောင်းသလဲဆိုတာ၊ပြင်ပလူတယောက်နဲ့ ဆုံလို(မိသားစုနဲ့ ထောင်ဝင်စာတွေ့ ဆုံလို့ လင်၊မောင်၊အဖေ၊တွေနွားဖြစ်ရတဲ့ အကြောင်း)ကို
ပြောမပြရဲအောင်ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာ၊လူတယောက်ရဲ့ အခွင့် အရေးတွေ...ပြောပြမတတ်တော့ ဘူး၊ဒါကို နဝတ အစိုးရကောင်း
ပါတယ်လို့ ပြောရမလား၊စိတ်မကောင်းဖွယ်ရာမြင်ကွင်းတွေကို မမြင်ကြ၊မတွေ့ ကြ၊မခံစားကြရတဲ့ လူကတော့ နဝတ အစိုးရ ကိုကောင်းတယ်
ပြောမယ်ပေါ့ ၊လူကနွားမှမဟုတ်တာ၊ အားကုန်မောပန်းချိန်မှာဝါးတုတ်နဲ့ အရိုက်ခံရပြန်တယ်၊ရိုက်ချက်ကိုပြောရင်ဝါးတုတ်ကွဲကြေတယ်၊ပါးစပ်
ကလည်းမအေတွေ၊နှမတွေ၊တွေစုံလို့ ပါ၊ရိုက်သူကအကျဉ်းသားအချင်းချင်းပါ၊လူမိုက်တွေလေ၊ အံကြိတ်ပြီးခံနေရတယ်၊ထောင် သံသရာမရှည်
ချင်ဘူးဗျာ၊ထောင်ကအမြန်ဆုံးလွတ်ချင်ပါတယ်၊ ထောင်ဝင်းထဲမှာလည်းဘုရားတဆူရှိပါတယ်၊ ဘုရားမှာ မွန်ကြပ်နေတဲ့ စိတ်ကိုဖြေဖျောက်ရ
တယ်၊ အရှင်ဘုရား..အပြစ်ရှိသရွှေ့ ..ဒီဘဝ..ဒီမျှနဲ့ ကျေပါစေဘုရား..၊အကြိမ်ကြိမ်အခါခါ ဆုတောင်းခဲ့ ပါတယ်၊
ထောင်ထဲကလူမိုက်တွေကအပြင်မှာအခန့် မသင့် ရင်သေသွားမယ်၊ထောင်နဲ့ ရင်းစားရတာကကောင်းတယ်၊ဒီသဘောထားအတိုင်းပဲ၊ထောင်က
လွတ်သွားကြတယ်၊မကြာဘူး၊ပြန်ရောက်လာကြပြန်ပါတယ်၊ဘုရားကိုလည်းစော်ကား၊အားလုံးကိုပါ၊သူ့ တို့ သုံးနေကျစကားကဒီလိုပါ၊

(ကိုယ်ဖြစ်ကိုယ်ခံ၊မတောင်းပန်နဲ့ ၊ငါ ဘုရားသည်အချဉ်မဟုတ်၊ငါဘုရားတောင်ထောင်ထဲနေသည်မှာနှစ်ပေါင်းမရေတွက်နိုင်ပြီး)။

No comments:

Post a Comment

mr.kyaingtun@gmail.com