Sunday, April 10, 2011
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၁၀) by Kyaing Tun on Sunday, April 10, 2011 at 8:37pm
အမေရိကန်နိုင်ငံမှာတော့ လူတိုင်းကွန်ပြူတာသုံးနိုင်ကြတယ်၊ကွန်ပြူတာတလုံးဝယ်ဖို့ ကျတော့ ငွေ ၁၀၀လောက်ရှိရင်အတော်အတန်ကောင်း
တဲ့ ကွန်ပြူတာကိုရပြီး၊ ဒက်စတော့ စက်ကင်းဟန်း ကိုပြောပါတယ်၊ လက်တော့ (ပ်)ကိုမပြောဘူး၊ကွန်ပြူတာက ကျုပ် အတွက်တော့ စိတ်
အပန်းဖြေစေနိုင်ခဲ့ တယ်၊မိတ်ဆွေ၊သူငယ်ချင်းတွေ တယောက်နှင့် တယောက်လူချင်းတွေ့ ဖို့ ဆိုတာမလွယ်လှဘူး၊ပြည်တွင်းကမိတ်ဆွေတွေ
ပြည်ပကမိတ်ဆွေတွေနဲ့ အဆက်အသွယ်လေးရတာကိုပဲမွန်းကြပ်နေတဲ့စိတ်တွေပြေပျောက်စေပါတယ်၊စိတ်ရင်းစေတနာကောင်းတဲ့ မိတ်ဆွေ၊
သူငယ်ချင်းအသစ်တွေလည်းတိုးစေပါတယ်၊ကိုယ်မသိ၊နားမလည်တာတွေကလည်းအများသား၊ဗဟုသုတတိုးပွါးလာအောင်ဖေ့ ဘွတ် ကအ
ကျိုးပြုနေတာပါ၊သတင်းအချက်အလက်တွေအစုံအလင်နဲ့ လူမှုအကျိုးပြုစာပေအပါအဝင်ပေါ့ ၊ဒါတွေအားလုံးဟာအမေရိကန်မှာအထီးကျန်တဲ
ကျုပ် အဖို့ တန်ဖိုးမဖြတ်နိုင်ဘူး၊ ဖေ့ ဘွတ်သာမရှိရင် ကျုပ် ဘာလုပ်ရမလဲ၊ကျနော်ဝါသနာအရ ဒီလိုစာရေးနေရတာကိုစိတ်ချမ်းသာတယ်၊
တပတ်မှာ စနေ၊တနင်္ဂနွေ အလုပ်ပိတ်ရက်မျိုးကျမှပဲ စာရေးနိုင်တာပါ၊ကိုယ်ရေးတဲ့ စာကလည်း တစုံတဦးအတွက် အကျိုးဖြစ်နိုင်ကောင်းရဲ့ ဆို
ပြီးရေးတာပဲ၊စာရေးဆရာမဟုတ်တဲ့ အတွက်ဖတ်ရသူအဖို့ တော့ သိပ်အဆင်ပြေမှာမဟုတ်ဘူးဆိုတာသိပါတယ်၊ဒါဆိုဘာလို့ စာတွေရေးနေ
တာလည်းဆိုတာပြောချင်ပါတယ်၊ကျုပ် ဘဝမှာမောမောပန်းပန်းနဲ့ တချိန်လုံးရုန်းကန်ခဲ့ ရတယ်၊ပျော်ရွင်မှုဆိုတာမရှိခဲ့ ပါဘူး၊ခါးသီးတဲ့ အ
တွေ့ အကြုံ၊ကြမ်းတမ်းတဲ့ ဘဝအဆစ်အချိုးများစွာကိုဘယ်လို ဖြတ်သန်းလာခဲ့ ရတယ်ဆိုတာကိုသင်ခန်းစာယူကြဖို့ ၊ဒီနေလူငယ်တွေအတွက်
ငါပတ်ဝန်းကျင်အတွက်၊ ငါဘာတွေအကျိုးပြုနိုင်သေးသလဲ၊ ငါဘာလုပ်နိုင်သေးလဲ၊ဒီအသိနဲ့ စာရေးပါတယ်၊ဒါပါပဲ၊
လွန်ခဲ့ တဲ့ အနှစ်(၂၀) ကတည်းကကျုပ် ရင်ထဲမှာလောင်နေခဲ့ တဲ့ မီးဟာဖွဲမီးလိုဒီနေ့ ထိ တမြေ့ မြေ့ လောင်နေဆဲ၊ကျုပ်ထောင်ကျခံနေရတဲ့ အချိန်မှာကျုပ်ရဲ့ အကိုကြီးစောလှထွန်းဖြူ ဟာ နဝတ စစ်ထောက်လှမ်းရေးက၊ အနိုင်ကျင့် ခိုင်းခဲ့ တယ်၊ဘာတွေခိုင်းခဲ့ သလဲ၊ ဘာကြောင့် ခိုင်း တာတွေလုပ်ရသလဲဆိုတာကိုအရင်ပြောပါရစေ၊ ညီလေး..အကိုတော့ ဒါတွေလုပ်နေရပြီး၊ ကျုပ်ကိုထောင်ဝင်စာလာတွေ့ တော့ သူငိုယိုပြီး
ပြောပြတယ်၊သူတို့ ခိုင်းတာမလုပ်ရင်အကို့ ကိုဖမ်းပြီးထောင်ချလိမ့် မယ်၊ သူတို့ ခိုင်းတာမလုပ်ဘူးလို့ အကိုမှာပြောဖို့ သတ္တိ၊ခွန်းအားတွေမရှိ
တော့ ဘူး၊အကိုထောင်ကျသွားရင်..ညီလေးကိုထောင်ဝင်စာလာတွေ့ ဖို့ ငွေဘယ်သူရှာပေးမှာလဲ..အိမ်မှာအကိုတယောက်ထဲရှာတဲ့ ဝင်ငွေရှိ
တယ်..မင်းညီမလေးအကြီးတယောက်ကကျောင်းဆရာမအလုပ်လျှောက်ထားတယ်..အငယ်တယောက်က..ဒီနှစ်ကော်လိပ်ကျောင်းပို့ ရမယ်၊
မင်းညီကလည်းဒီနှစ်မှာတက္ကသိုလ်ဆက်ထားရမယ်၊ သူတို့ ကျောင်းစရိတ်ကမနည်းဘူး..အကိုတယောက်ထဲ၊ကုန်ကူးရောင်းဝယ်လုပ်နေရတယ်
၊ဒီကြားထဲ ထောက်လှမ်းရေးကခေါ်ပြီးအကိုကို အမျိုးမျိုးခြိမ်းချောက်ခိုင်းနေတယ်၊အလုပ်လုပ်ချိန်တောင်မရဘူး..ညီလေးကို တခါတလေ
ထောင်ဝင်စာလာမတွေ့ နိုင်ရင်..အကို့ ကိုခွင့် လွတ်ပါ၊
အကို့ ကိုထောက်လှမ်းရေးကဘာကြောင့် ခိုင်းရတာလဲ၊အကိုချက်ချင်းပြန်မဖြေနိုင်ဘူး၊
(မင်းကြောင့် ပေါ့ ကွာ၊မင်းလက်နက်ကိုင်တောခိုခဲ့ တဲ့ အကျိုးဆက်တွေပေါ့ ၊) အကိုဒီစကားမျိုးညီလေးကိုမပြောထွက်ဘူးမဟုတ်လား၊ညီလေး
သိပါတယ်၊ညီလေးကိုထောင်ဝင်စာလာမတွေ့ ပါနဲ့ ၊အကိုကြီး အမေနဲ့ မောင်နှမတွေကိုပဲဂရုစိုက်ပါ၊ကျုပ်အံတင်းတင်းကြိတ်လိုက်တယ်၊
ထောင်ဝင်စာအခန်းကနေပြန်ထွက်သွားတဲ့ အကိုရဲ့ ကျောပြင်ကိုကြည့် ရင်း၊ ကုလားမနိုင်ရခိုင်မဲပြီး၊ အဖေကိုဖမ်းမရရင်မိန်းမနဲ့ ကျန်တဲ့ မိသားစု
ကိုဖမ်းမယ်၊အဖေနိုင်ငံရေးလုပ်တယ်၊အဖေကိုဖမ်းမရရင် သားကိုဖမ်းတယ်၊ထောင်ထဲထည့် တယ်၊ဒါအမှန်တွေပါ၊ဒါမျိုးထောင်ထဲမှာအများကြီး၊
ငါ့ မိသားစုတစုထဲမဟုတ်ဘူး၊ကျုပ်ထောင်ဝင်စာထုပ်ကိုသူငယ်ချင်းတွေစားကြ၊အားလုံးပေးလိုက်တယ်၊ကျုပ်ထမင်းမစားနိုင်ဘူး၊ဒီလိုပါပဲ၊လူ
တိုင်းထောင်ဝင်စာလာတဲ့ နေမှာမိသားစုတွေဆီကကြားရတဲ့ သတင်းတွေကြောင့် ရင်ထဲမှာအပူမီးတောက်လောင်တာလေ၊အိပ်မပျော်နိုင်ဘူး၊
ကျုပ်အကိုကိုထောက်လှမ်းရေးကဘာတွေခိုင်းသလဲ၊ ကျုပ်လုပ်ခဲ့ တဲ့ အပြစ်ကိုကျုပ်ခံပြီးပြီးပဲ၊ကျုပ်မိသားစုကိုဘာကြောင့် ဒုက္ခတွေဆက်ပေး
သတင်းယူလုပ်ခိုင်းပုံပါ၊ကျုပ်အကိုက ကေအန်ယူအရာရှိတွေတော်တော်များများနဲ့ သိတယ်၊ကျုပ်ဒီအကြောင်းတွေကိုဆက်မပြောချင်တော့ ဘူး၊
ကျုပ်ထောင်ထဲမှာ(၁၆)နှစ်နေလိုက်ရတယ်၊ကျန်တာကအနှစ်(၂၀)ဆိုတော့ လျှော့ ရက်(၄)နှစ်ရပါတယ်၊မနက်ဖြန်ထောင်ကလွတ်မယ်ဆိုတော့ ဝမ်းသာနေမိပါတယ်၊အိမ်ကိုတော့ လာမကြိုခိုင်းတော့ ဘူး၊စိတ်ထဲမှာတော့ ကြိုသူမရှိလို့ အားငယ်မိတာအမှန်ပါပဲ၊ကျုပ်အကိုကြီးခရီးထွက်သွား
လို့ နေမှာပါ၊အိမ်မှာသူရှိနေရင်ကျုပ်ကိုလာမကြိုပဲမနေပါဘူး၊ကျုပ်ထောင်ကလွတ်မဲ့ ရက်ကိုသူစောင့် နေမယ်၊ငါ့ ညီထောင်ကအမြန်ဆုံးလွတ်ပါ
စေလို့ ထောင်ဝင်စာလာတွေ့ တိုင်းသူဆုတောင်းပေးနေကြပါ၊ အားမငယ်နဲ့ ညီလေး..ညီလေးအပြင်လောကကိုရောက်ရင်..အေးအေးဆေးဆေး
နေနိုင်ဖို့ အတွက်အကိုပြင်ဆင်ထားပေးတယ်၊ကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့ တဲ့ ဆန်နီသိန်းကကျုပ်ထက်ကိုတလစောပြီးထောင်က
လွတ်တယ်၊ ရန်ကြီးအောင်ကကျုပ်ထက်တလနောက်ကျပြီးမှထောင်ကလွတ်တယ်၊ရန်ကြီးအောင်ကတောင်ငူထောင်ကိုပြောင်းသွားတာလေ၊
ဝင်းထူးကအင်စိန်ထောင်ပြောင်းသွားကြတော့ အခုလိုထောင်ကလွတ်တဲ့ အချိန်တွေမှာအမှုတွဲတွေနဲ့ တကွဲတပြားစီပေါ့ ၊အိမ်ကိုပြန်ချင်တဲ့ စိတ်
ကတားမရဘူး၊လူကထောင်ဗူးဝမှာစိတ်ကအိမ်ရောက်နေပါပြီး၊ကျုပ်ဘဝမှာအပျော်ဆုံးနေ့ ဟာဘယ်နေ့ ပါလဲလို့ မေးရင်၊ ဘာကိုဖြေရမလဲ၊
အပျော်ဆုံးနေ့ တွေကတော့ ၊ ချစ်ဦးသူဆီကချစ်ပါတယ်ဆိုတဲ့ အဖြေရတဲ့ နေ့ ၊ (၁၀)တန်းအောင်တဲ့ နေ့ ၊ဒီနေတွေများကအပျော်ကြီးပျော်ခဲ့ ရပါတယ်၊ အဲဒီတုန်းကပျော်ခဲ့ ရတဲ့ အပျော်မျိုးက ပေါ့ ပါးလန်းဆမ်းတဲ့ အပျော်မျိုးပါ၊မျက်ရည်မကျခဲ့ ပါဘူး၊ ထောင်ကလွတ်တဲ့ အပျော်မျိုးကျ
တော့ လေးလံပြီးမလန်းဆမ်းခဲ့ ဘူး၊ထောင်ထဲကျန်ခဲ့ တဲ့ ရဲဘော်၊ရဲဘက်များကိုပွေ့ ဖက်နှုတ်ဆက်ရင်ကျခဲ့ တဲ့ မျက်ရည်၊ ခုချိန်ထိ ရင်ခုန်ဆဲ၊
မျက်ရည်များကျနေဆဲ...မျက်ရည်တို့ ပူနွေးနေဆဲ...၊အပျော်ဆုံးနေ့ ဟာထောင်ကလွတ်တဲ့ နေ့ ပါပဲ ။
No comments:
Post a Comment
mr.kyaingtun@gmail.com