မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် နှိုင်းယှဉ်လျှင်
အကျယ်အဝန်း အရ သော်လည်းကောင်း၊ လူဦးရေ အရ သော်လည်းကောင်း၊ နိုင်ငံငယ်ကလေး
တစ်ခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံထက် အရွယ်အစား အားဖြင့် ကြီးသော
နိုင်ငံများမှာ ၃၉ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံ ထက် သေးသော နိုင်ငံမှာ
၂ဝ၉ နိုင်ငံ ရှိကြောင်းနှင့် လူဦးရေအားဖြင့် ဆိုလျှင်လည်း
မြန်မာနိုင်ငံထက် များသော နိုင်င
ံမှာ ၂၅
နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေ နည်းသောနိုင်ငံ စုစုပေါင်း ၂၁၆
နိုင်ငံ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေနှင့် မိမိတို့
ကိုယ်ကို မိမိနိုင်ငံငယ်ကလေး တစ်ခုက နိုင်ငံသားများ အဖြစ် မမှတ်ယူ စေလို ဘဲ
နိုင်ငံကြီးသားများ အဖြစ် မှတ်ယူကာ နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့်
ထိုက်တန်သူများ အဖြစ် မိမိတို့ဘာသာ တည်ဆောက်မြှင့်တင် ထားသင့်ကြောင်း
အွန်လိုင်း ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။
မှန်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော် လည်းကောင်း နိုင်ငံတကာ တွင် အောက် တန်း နောက်တန်း က ရှိခဲ့သော နိုင်ငံတစ်ခု မဟုတ်ခဲ့ပေ။ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံး အုပ်ချုပ်ခဲ့သော စနစ်ဆိုးကြောင့် အများ အထင်သေးခံ ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါသည်။
မျက်မှောက် မြင်တွေ့နေရသည့် စည်းကမ်းမဲ့မှုများ၊ အပြစ်တင်စိတ်ကဲသော ရှုမြင် သုံးသပ်မှုများ၊ ပုဂ္ဂိုလ်ရေး သက်သက် ချိုးနှိမ် တိုက်ခိုက်မှုများ၊ ကိုယ်ကျိုးသက်သက် ကြည့်ကာ အများအကျိုး လျစ်လျူရှုမှုများ၊ အချောင်စီးပွားဖြစ် လိုသူများ၊ အပြောင်းအလဲ ကို မသိသူများ၊ အပြောင်းအလဲကို အခုအခံ ကြီးကြီးဖြင့် ကာဆီး လိုသူများ၊ အာဏာ ဖက်တွယ်လိုသူများ စသည့် နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှု များသည် နှစ် ၅၀ ကာလ ကျင့်သုံးခဲ့သော စနစ်ဆိုး၏ အလွဲသြဇာ သက်ရောက်မှုများ ဖြစ်ပါသည်။