Friday, January 4, 2013

မြန်မာပြည်လွတ်လပ်ရေးရပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါ ခေါင်းဆောင်အချင်းချင်း မညီမညွတ်ဖြစ်တဲ့အတွက်.. ဟုတ်သလား။

Min Tharr shared Aungmyo Tun's status update.
မြန်မာပြည်လွတ်လပ်ရေးရပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါ
ခေါင်းဆောင်အချင်းချင်း မညီမညွတ်ဖြစ်တဲ့အတွက်.. ဟုတ်သလား။

တိုင်းရင်းသား ပြည်သူလူထုကြား စည်းလုံးညီညွတ်ရေး အားနည်းခဲ့တဲ့အတွက်..
ဟုတ်သလား။

လက်နက်ကိုင်ပဋိပက္ခဖြစ်မှုတွေကြောင့်.. ဟုတ်သလား။

ကျွန်တော်နေထိုင်တဲ့ ဟောဒီတိုင်းပြည်.. ဖွံ့ ဖြိုးတိုးတက်တဲ့နိုင်ငံအဆင့်၊
အိမ်နီးချင်းနိုင်ငံအဆင့်ကို မရောက်မပေါက် နောက်သို့ ပင် ကျန်ရစ်ရပါသည် လို့ 
သမ္မတ ဦးသိန်းစိန်ရဲ့  ဒီကနေ့  လွတ်လပ်ရေးနေ့  သ၀ဏ်လွှာထဲ ရေးထားတဲ့
အချက်အလက်ကိုတော့ ပြင်းထန်စွာ ကန့် ကွက်လိုက်တယ်။

ခေါင်းဆောင်အချင်းချင်း မညီညွတ်တာကို လက်ညှိုးထိုးရုံနဲ့  မပြီးဘူး။
အပေါ်ယံလျှပ် သုံးသပ်လို့  ယေဘူယျ ပြောဆိုရုံနဲ့  ကြေလည်မှု မရနိုင်ဘူး။
၄၈ ခုနှစ်မှ ၆၂ စစ်အာဏာ သိမ်းပိုက်တဲ့ ကာလများထိ ဆိုရင်တောင်
ဒါဟာ ၁၂ တာ အချိန်ကာလတစ်ခုဘဲဖြစ်တယ်။ စစ်အာဏာရှင်နဲ့ 
သူ့ အမွေခံ မဆလ ပါတီ အုပ်ချုပ်တာက ၂၆ နှစ်၊ ဒီဘက်ပိုင်း ငြိမ်ပိ အစိုးရ
န၀တ နအဖ အုပ်ချုပ်တာ ၂၂ နှစ်။ တစ်ပိုင်းစီ ခွဲတွက်ဦး.. ဟိုဘက်ခေတ်
၁၂ နှစ်ထက်စာရင် တစ်ဝက်လောက်ဘဲ ရှိမယ် သမ္မတရေ...။
ခေါင်းဆောင်အချင်းချင်း ညီညွတ်သမှ ဟိုမှာဘက်တောင် လွန်ထွက်သေး။
ဒီမိုကရေစီ ပေးပါ၊ စစ်အုပ်ချုပ်မှု ရပ်ဆိုင်းပါ၊ တိုင်းရင်းသားတွေရဲ့  တန်းတူ
ညီမျှ အေးအတူပူအမျှ ခံစားပါရစေ ဆိုပြီး တစ်သံတည်းထွက်လို့ 
ညီညွတ်ခဲ့တာကို ဥပေက္ခာပြု ကျောခိုင်း၊ စစ်ဝါဒကြီးစိုးရေးစနစ်အောက်
အဓမ္မ သွတ်သွင်းပြီး နိုင်ငံရေးခေါင်းဆောင်များရဲ့  ညီညာတဲ့အသံကို
စစ်ခေါင်းဆောင်တွေ ခါးသီးစွာ ငြင်းဆန်ပယ်ချခဲ့တာကို ပြန်ဆန်းစစ်ပါ။

ပြည်သူလူထုကြား ညီညွတ်မှုအားနည်းခဲ့သလား ထောက်ကွက်ကိုက
မူမှန် မဟုတ်၊ ခေါင်းဆောင်တစ်ယောက် ပြောရမယ့် စကား မဟုတ်။
ချစ်ခင်လေးစားအပ်ပါသော ခေါ်ပြီး နောက်ကျော ဓားနဲ့ ထိုးတဲ့အပေါက်ဘဲ။
လူထုကို လိုသေးတယ်၊ မပြည့်စုံဘူး၊ ညီညွတ်မှု မရှိလို့ ပြောတာဟာ
အစိုးရဘက်က ညံ့ဖျင်းမှု၊ တွေးခေါ်မျှော်မြင်နိုင်ခြင်း ခေါင်းပါးမှု၊
တိုင်းပြည်ခေါင်းဆောင်အဖြစ် မထိုက်တန်မှုတွေကို ၀န်ခံခေါင်းခံချင်စိတ်
အလျဉ်းမရှိဘဲ ရှိသမျှအပြစ် လုပ်သမျှအမှားအတွက် ငါတို့ ကြောင့်မဟုတ်
ဒင်းတို့ ကြောင့် ဆိုပြီး သူရဲဘောကြောင်တဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်တယ်။
ကိုယ့်မျက်ချေးကိုယ်မမြင်၊ အုပ်စိုးသူအမှန် ပြည်သူအမှား ရယ်လို့ 
လွဲချော်ချွတ်ခြုံကျ ဓမ္မဓိဌာန်မကျ၊ ဥာဏ်ဆင်းရဲထုံပေမှုဘဲဖြစ်တယ်။

အယူဝါဒကြောင့်ဖြစ်ဖြစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက်ဘဲဖြစ်ဖြစ်
လက်နက်ရှိသူကို အခြားအဖွဲ့ အစည်းတစ်ခုက လက်နက်ကိုင်စွဲ
တိုက်ခိုက်ပုန်ကန်ခြားနားမှုတွေရဲ့  အစပထမ ဇစ်မြစ်ကို ဆွဲထုတ်၊
ငြိမ်းချမ်းတည်ငြိမ်ရေး အဏုကြည့်မှန်ပြောင်းအောက် ရိုးသားရှင်းလင်းစွာ
စားပွဲဝိုင်းထိုင် အဖြေထုတ်ဖို့  အားတက်သရောမရှိ၊ "အင်အားသည်သာ
အမှန်"၊ "အမြစ်ပြတ်ချေမှုန်းရေးသည်သာ ငြိမ်းချမ်းရေးအစစ်" သဘော
လက်ကိုင်ထားလို့  စစ်ဝါဒ စစ်ဒဿနနဲ့  ပတ်ကြမ်းတိုက်လမ်းစဉ်ကို
တစ်ယူသန်ချမှတ်ပြီး ငါတကောကောခဲ့တာကြောင့် လက်နက်ကိုင်
ပဋိပက္ခတွေ ဗုံးသံမရပ် အဆုံးမသတ်နိုင်တာကို အစိုးရတွေကိုယ်နှိုက်က
ကိုယ့်နံကြားကိုယ်ထောက် ကိုယ့်အပုပ်ကိုယ်ဖော်ဖို့  လိုတယ်။

ဘွင်းခနဲ နားလည်လိုက်တာက အခုလက်ရှိသမ္မတရဲ့  သ၀ဏ်လွှာဟာ
မသုံးမခေါ်တာ အတော်ကြာတဲ့ ဖက်ဆစ်ဂျပန် အသုံးအနှုန်းကို ပြန်ခေါ်၊
လွတ်လပ်ရေးဖခင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို တရားဝင် အသိအမှတ်ပြု
လေးဒိုင်းသဖွယ်ကာရန်လို့  မဆလ န၀တ နအဖ စတဲ့ စစ်အုပ်ချုပ်ရေး
ခေတ်ကာလမှာ ပြည်သူလူထုဘ၀ အမိုက်အမှောင်အတိကျ၊ အာရှတိုက်ရဲ့ 
ထွန်းသစ်စနိုင်ငံအဖြစ်က သားလျောချွတ်ခြုံ နုံခြာဆင်းရဲ ငတ်ပြတ်ပြီး
အထွေထွေ အကျပ်အတည်းဆိုက်ခဲ့တာကို အဲဒီ အထိုထိုသော၊
အမှန်တကယ် တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့သော အာဏာရှင်အစိုးရများမှာ
ဆိုးညစ်အပြစ်ရယ်လို့  မှည့်တစ်ပေါက်စွန်းထင်းခြင်း မရှိ၊ တော်တည့်မှန်ကန်
တရားသဖြင့်ရှိခဲ့တယ် လို့  သမ္မတရဲ့  ထုံးစံအတိုင်း မာကြောလှတဲ့
စစ်တပ်ဗဟိုပြု နိုင်ငံရေးရပ်ခံမှုကို ရှေးအစဉ်အဆက် စစ်တပ်ခေါင်းဆောင်တွေ
ထုံးနှလုံးမူလို့ သွားလေသူတို့ ခြေရာကို ပြောင်ပြောင်းတင်းတင်း
နင်းပြလိုက်တာလို့ ဘဲ ဦးသိန်းစိန်ရဲ့  လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို
စောကြောသုံးသပ်မိတယ်။

No comments:

Post a Comment

mr.kyaingtun@gmail.com