တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Sunday, November 3, 2013
Thursday, October 31, 2013
လွမ်းရတဲ့  အညာ
အခုပုံမျိုးတွေတွေ့တော့
အရမ်းလွမ်းတာ၊ ဟိုအ၇င်ကစိတ်ထဲခံစားချက်အမျိုးမျိုးပေါ်လာလို့၊
ဒီမှာကြုံခဲ့တာလေးတွေနဲ့ပေါင်းပြီး
တပုဒ်ရေးခဲ့ဖူးတယ်၊“သာသည့်မြေသို့နှင့်ငှက်သွင်ပျံကြွမတတ်သော်”၊
အခုဒီနေ့မှစာတိုက်ကရောက်လာတဲ့စာအုပ်လေးစဖတ်ကြည့်ဖြစ်တယ်၊ အမှာစာနဲ့တင်လူက
ရွပိုးထိုးသွားတယ်၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့၊ “စိမ်းနေဦးမည့်ကျွန်တော့မြေ”၊
ဆရာတက္ကသိုလ်ဘုန်းနိုင်လည်း အရင်တချိန်က
ကျွန်တော့လိုမျိုးခံစားချက်ရှိခဲ့ဖူးတာပဲလို့၊သိလိုက်ရတယ်၊
သူ့လိုပဲခံစားချက်ရှိခဲ့ဖူးတဲ့သူကိုလည်း သူ့စာအုပ်ထဲမှာတွေ့လိုက်ရတယ်၊
Wordsworth ဖြစ်ပါတယ်။ အဲတော့ဒီပုံလေးကိုရှယ်ယာယူရင်း
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ အမှာစာလေးကို ရေးပြီးပြန်တင်လိုက်ပါတယ်ဗျာ။
ပထမပုံနှိပ်ခြင်းမှ
စာရေးသူ၏ အမှာစာ
(၁)
“စိမ်းနေဦးမည့် ကျွန်တော့်မြေ”ကို ကြော်ငြာခဲ့သည်မှာ ကြာပြီ၊
ကျွန်တော်၏စာဖတ်ပရိတ်သတ်ကြီးအတွက် မျှော်ရသည်မှာလည်း
ကြာသင့်ရက်ထက်ပိုရှည်ခဲ့ရသည်။ ကျုအမှာစာဖြင့် စာဖတ်ပရိတ်သတ်ကြီးကို
လေးစားစွာ တောင်းပန်ပါသည်။
စင်စစ်မူ ကျုဝတ္တုကြီးကို(၁၉၅၃)ခုနှစ်ကတည်းက ရေးပြီးခဲ့သည်ဆိုလျှင် အံ့သြကြပေမည်။ ကျွန်တော် ရှင်းလင်းတင်ပြပါရစေ။
(၂)
(၁၉၅၃)ခုနှစ်ဆီက ကျွန်တော့်တွင်ဂုဏ်ထူးဘွဲ့ထူးကြီးများ မရှိသေးး
ရာထူးဆိုလျှင်ဝေးစွ၊ ကလောင်နာမည်မှာလည်း စာပေသမုဒ္ဒရာနှိုက်
ရေပွက်ငယ်ပမာသာရှိသေးသည်။ ဘ၀ကို ပင်ပန်းချို့ငဲ့ စွာရုန်းကန်ရင်း
ကျုဝတ္တုကြီးကိုရေးသားပြီးစီးခဲ့သည်။ ထိုစဉ်က
ဝတ္တုအမည်ကို“မဟီမြနန်း”ဟုတပ်ကာမြန်မာပြည်နှိုက် ဒုတိယ၀ါအရင့်ဆုံးဖြစ်သော
အကျော်ကြားဆုံး မဂဇင်း တစောင်သို့ပေးအပ်ခဲ့သည်.....။အရွေးချယ်မခံရရုံမျှမက
စာပင်ပြန်တောင်းလို့မရပဲ ပျောက်ဆုံး လက်လွှတ်ခဲ့ရသည်။
ယခုအချိန်
တိုက်ပိုင်ရှင်များ ဇွတ်ရောအဓမ္မ ၀ိုင်းဓားပြအတိုက်ခံရဆဲအဖြစ်မှ
စဉ်းစားလျှင် ထိုစဉ်က ကြုံရချက်မှာ အသည်းနာဖွယ်ဖြစ်သည်။
Saturday, October 26, 2013
Wednesday, October 23, 2013
Wednesday, October 16, 2013
ငြိမ်းချမ်းရေးစစ်တမ်း(၂)။ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဘယ်လဲ” October 14, 2013 at 2:15am
ငြိမ်းချမ်းရေးအတွက်
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းများ၏ လှုပ်ရှာမှုများ အားကောင်း
ကောင်း ပေါ်လာချိန်တွင် အယ်န်အယ်လ်ဒီသည် ပျောက်သောလမ်းမှာ စမ်းတ၀ါး
ဖြစ်နေပုံရသည်။ ငြိမ်းချမ်းရေး ရရန် မည်သည့်နည်းလမ်းဖြင့် ဖေါ်ဆောင်
သွားမည်ကို ယခုအချိန်အထိ ရှင်းလင်းသည့် မူဝါဒ နှင့် လုပ်ငန်းစဉ် မတွေ့ ရ။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နှင့် ထိမ်းသိမ်းမခံရခင် ဇူလိုင်လ (၁၅) ရက် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်တွေ့ ဆုံပွဲ ကျင်းပခဲ့ သည်။ ယင်းတွင် နိုင်ငွေသိမ်း (မွန်အမျိုးသားခေါင်းဆောင်ကြီး) ၏ ရှင်းလင်းဆွေးနွေးချက် အကျဉ်းချုပ်မှာ “တိုင်းရင်းသား တန်းတူရေးကို အာမခံချက်ပေး
ခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်းမရှိတော့တဲ့ အခါမှာ သူ တည်ဆောက်နေတဲ့ ပြည်ထောင်စု ကြီးဟာ ပြိုကွဲသွားပါတယ်။ ဗမာပြည်မကို ပြည်နယ် မဖွဲ့ ဘဲ ဗဟိုနဲ့ ပေါင်းလိုက်ရင် စားရိတ်သက်သာသွားမယ် ဆိုပြီး ဖွဲ့ စည်းပုံကို ပြင်လိုက်တယ်။ ဒါကြောင့် ၁၉၄၇ ဖွဲ့  စည်းပုံ အခြေခံဥပဒေဟာ ပုံသဏ္ဍာန်ကတော့ ပြည်ထောင်စု၊ အနှစ်သာရအရ တပြည်ထောင် ဖြစ်သွားတယ်။ ပုဂ္ဂိုလ် တယောက်ကို ချဉ်းကပ်ပြီး ကျွန်တော်တို့ ရဲ့ ကံကြမ္မာကို ပုံအပ်လိုက်ရင် ဒီပုဂ္ဂိုလ်မရှိရင် ပျက်စီးသွားမယ်။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံမှာ ပြည်နယ်များညီညွတ်ရေးအဖွဲ့ က တောင်းတဲ့ တောင်းဆိုချက်ဆိုတာ ခွဲထွက်ဘို့ မပါပါဘူး။ Federal ဆိုတာ ပေါင်းစပ်ရေးပါ။” [i]

Sunday, October 13, 2013
Tuesday, October 1, 2013
Saturday, September 28, 2013
GENERAL KNOWLEDGE : ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်
GENERAL KNOWLEDGE : ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်: by အခမဲ့ ကြော်ငြာ Health Knowledge of the Day “ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက်” ဆိုတဲ့ ရှေးစကား ရှိပါတယ်။ လူသားတွေအတွက် ရေက ဘ...
Thursday, September 26, 2013
Wednesday, September 25, 2013
ကိုသာဝ: အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထ...
ကိုသာဝ: အနော်ရထာခေတ် မတိုင်မီတည်းက ပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထ...: ဂါရဝပြုခြင်း ဤသမိုင်းဆောင်းပါးပါ ကျောက်စာ၊ ပေစာ မှတ်တမ်း အချက်အလက် အထောက်အထားများကို ပြည့်စုံစွာ စုဆောင်း ရှာဖွေ ဖော်ထုတ်...
Monday, September 23, 2013
Thursday, September 19, 2013
ရင်ခွင်လမ်း လေးထဲမှာ : "ရွှေ" မလေးတွေ ပြည့်တန်ဆာ လုပ် နေတဲ့အိမ်များ ...
ရင်ခွင်လမ်း လေးထဲမှာ : "ရွှေ" မလေးတွေ ပြည့်တန်ဆာ လုပ် နေတဲ့အိမ်များ ...: “သမီးကို မိဘတွေက ကျောင်းဆက် မထားနိုင်တော့တဲ့ အဖြစ် ဆိုတော့ လူပွဲစား ကလည်း ရပ်ကွက် ထဲမှာ ထိုင်းကို သွားပြီး အလုပ် လုပ်ဖို့ မက်လုံး...
Tuesday, September 17, 2013
Wednesday, September 11, 2013
Friday, September 6, 2013
Monday, September 2, 2013
Sunday, September 1, 2013
Monday, August 26, 2013
Saturday, August 3, 2013
Monday, July 29, 2013
Sunday, July 28, 2013
Sunday, July 21, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုအား သွေးခွဲရန် စနစ်တကျ အုပ်စုဖွဲ့ ကြိုးပမ်းနေခြင်း အပေါ် လေ့လာ သုံးသပ်ခြင်း (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား လေ့လာ စမ်းစစ်ခြင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်သူလူထုအား သွေးခွဲရန် စနစ်တကျ အုပ်စုဖွဲ့ ကြိုးပမ်းနေခြင်း အပေါ် လေ့လာ
သုံးသပ်ခြင်း (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား
လေ့လာ စမ်းစစ်ခြင်း
~~~~~~~~~~~~~~~***~~~~~~~~~~~~~~~
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
နှင့်
နိုင်င်ငံရေး သဘောတရားနှင့် လုပ်ငန်းစဉ်များ
ဟူသည့် NLD ပါတီမှ ထုတ်ဝေထားသည့် စာအုပ်ငယ်လေးအား ဖတ်ရှု လေ့လာ မိသည့် ထဲမှ အချို့သော အချက်အလက် များကို သုံးသပ် တင်ပြ ရလျှင် ……
~~~~~~~~~***~~~~~~~~~
စာမျက်နှာ(၁) နိဒါန်းအောက်တွင်-
~~~~~~~~~***~~~~~~~~~
၁။ ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူ လူထုကြီး တစ်ရပ်လုံးသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်ရန် အစဉ်တစိုက် အားထုတ် ကြိုးပမ်း ခဲ့ကြသည်။
၂။ ပြည်သူတို့၏ ဆန္ဒနှင့် ရည်မှန်းချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်၊ နိုင်ငံတော်၏ အလုပ်သမားများ၊ တောင်သူ လယ်သမားများ၊ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များ၊ လူငယ် ကျောင်းသားများ၊ တတ်သိ ပညာရှင်များ၊ အနု ပညာရှင်များ၊ တိုင်းရင်းသား လူမျိုးများနှင့် လူထု လူတန်းစား အလွှာ အသီးသီးမှ ပြည်သူတို့ကို ကိုယ်စားပြုသော နိုင်ငံရေး အဖွဲ့ပေါင်းချုပ်ကြီး တစ်ရပ် လိုအပ် ပါသည်။
၃။ ထိုအချက်ကို အကြောင်းပြု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် National League for Democracy ကို ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့် အညီ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက် နေ့တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (ဥပဒေ အမှတ်-၄/၈၈) အရ ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ .................................……………………………………..
~~~~~~~~~***~~~~~~~~~
စာမျက်နှာ(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၏ အဓိပါယ် ဖွင့်ဆိုချက် အောက်တွင်-
~~~~~~~~~***~~~~~~~~~
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံတွင် အသုံးပြုထားသော အရောင်များနှင့် ပတ်သက် အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုသည်။
- အနီရောင်သည် ရဲရင့်ခြင်း၊ သူရ သတ္တိရှိခြင်း၊ နိုးကြား တက်ကြွခြင်း။
- အဖြူရောင်သည် ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သစာရှိခြင်း။
- ရွှေဝါရောင်သည် မြင့်မြတ်ခြင်း၊ ဂုဏ်ရည်ပြောင်ခြင်းကို ရည်ညွှန်းသည်။
- အလံတွင် အသုံးပြုထားသော ကြယ်ဖြူကြီးမှာ ပြည်ထောင်စုနှင့် ဒီမိုကရေစီ အရေးတော်ပုံကို ရည်ညွှန်းသည်။
- ခွပ်ဒေါင်းမှာ ခေတ်အဆက်ဆက် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား လူငယ် မျိုးဆက်၏ အားမာန်ကို ရည်ညွှန်းသည်။

အခန်း(၁) *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*/ by Kyaw Naing
အခန်း(၁) *ရန်ကုန်ကို ကိုင်လှုပ်သောထို (၇) ရက်*
၁၉၈၈ခု မတ်လ ဒုတိယအပတ်။
ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရော င်းသည့် ဈေးများ မှာလည်း စည်ကားလျက်ရှိနေသည်။
နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ နတ္ထိ ငြီးငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့ သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအစည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည်
ဘဏ္ဍာရေး လျာထားချက်များကို တစ်ဦးပြီးတစ်ဦး မည်သို့မည်ပုံ
ထောက်ခံဆွေးနွေးကြသည်ကို လည်းကောင်း၊ ရှည်လျားစွာ ဖော်ပြထားသည်။
ထိုထောက်ခံဆွေးနွေးမှုများမှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်သည်ကို လူတိုင်းသိရှိထားပြီးဖြစ်သည်။ နေဝင်းကိုယ်တိုင် ကနဦး ကတည်းက အတည်ပြုရန် ညွန်ကြားထားခဲ့သည်။ ထုံးစံအတိုင်းသတင်းစာများတွ င်
သတင်းဟူ၍ မယ်မယ်ရရမပါ။ မတ်လ ၁၁ ရက်နေ့ ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ
ခေါင်းကြီးပိုင်းတွင်ကျောင်းသားများ အနေနှင့် ကျန်းမာရေးဂရုစိုက်ကြရန်
သတိပေးဆော်သြ ထားကြောင်းကို တွေ့မြင်နိုင်သည်။ နီးကပ်လာနေသော အတန်းတင်
စာမေးပွဲကို စိုးရိမ်ပူပန်ပြီး ညဥ့်နက်သန်းခေါင်ယံတိုင် စာမဖတ်သင့်ကြောင်း၊
အချိန်ဇယားဆွဲပြီး အချိန်မှန်မှန် စာကြိုးစားသင့်ကြောင်း စသည်ဖြင့်
သတင်းစာ က ထောက်ပြသွားသည်။ ထိုအကြံပေးချက်များကို နှလုံးသွင်းကြသော
လူငယ်သုံးဦးမှာ ဝင်းမြင့်၊ အမည်တူ ဝင်းမြင့်နှင့် ကျော်စံဝင်းတို့ဖြစ်သည်။
သုံးဦးစလုံးမှာ ရန်ကုန်မြောက်ပိုင်းဆင်ခြေဖုံးအနောက် ကြို့ကုန်းရှိ အထင်ကရ ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည်။
၁၉၈၈ခု မတ်လ ဒုတိယအပတ်။
ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ်နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရော
နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ နတ္ထိ ငြီးငွေ့ဖွယ်ရာအတိဖြစ်သော မြန်မာ့ သတင်းစာများမှာလည်း တာဝန် ကျေပြွန်စွာဖြင့် မဆလ ဗဟိုကော်မတီအစည်းအဝေး သတင်းများကို ဝေဝေဆာဆာ ဖော်ပြထားကြသည်။ သတင်းများတွင် အစည်းအဝေး တက်ရောက်ကြသော ဗဟိုကော်မတီဝင်များ၏ အမည်နာမ အပြည့်အစုံကို လည်းကောင်း၊ အခမ်းအနားမှူးများ မည်သူမည်ဝါဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော်ကြီးများသည
Thursday, July 18, 2013
" ၀န်ကြီးတမတ် " July 13, 2012 at 4:03am/ By: Ter Tee
သူတို့သိပါတယ်
-------------------
" စာသဘင် " ကို တာဝန်ယူထားသောသားများက စာတပုဒ်-စာတအုပ် အသစ်ရေးပေးပါဟု သာဓုကို အပူကပ်ကြသည်။ (အနယ်နယ်က တောင်းဆိုနေပါပြီ) ဟုလည်း အလွယ်ဆုံးနည်းဖြင့် အကြောင်းပြသည်။
" ကိုယ့်ဟာကိုယ် ထုတ်ချင်လဲ ရေးပေးပါ့မယ် ဟိုကတောင်းဆိုချက် ၊ ဒီက တိုက်တွန်းမှု ဆိုတာတွေနဲ့ ခုတုံးမလုပ်ပါနဲ့ကွာ " သို့ ပြောရင်း ဤစာအုပ် ရေးပေးမည်ဟု ပြောလိုက်သည်နှင့် ပြိုက်ကနဲ ကောက်၍ကြော်ငြာကြသည်။
(ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးစက ဒေါသဖြစ်စရာ ကမောက်ကမမြင်ကွင်းများကို မကျေမနပ်ဖြစ်ခဲ့ရာမှ စာတပုဒ်ကောက်ရေးရင်း စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရသော) စသဖြင့် ....
ဤတွင် ထိုကောက်ရေးသည် ဆိုသော စာတပုဒ်သည် အဘယ်စာတပုဒ်လေနည်း ဟု သိလိုလာကြသည်။ သိပြီးသူက မသိသေးသူကို " ၀န်ကြီးတမတ် " ဆိုတဲ့ ၀တ္ထုပေါ့ ဟု သူတို့ချင်းပြော၍ (သိ) သွားပြီးသောအခါတွင်မူ (ဖတ်)ချင်လာကြပြန်သည်။
ဤသည်ကိုလည်း သားများက ပြော၍ သိရသည်။ စာရှုပရိသတ်ကိုပင် ခုတုံးလုပ်ပြန်လေသလော မပြောတတ်။ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ၊ " အဆစ် " ကလေးအဖြစ်ကား ထည့်ပေးသင့်သည်ဟု ယူဆသည့်အတိုင်း ဆက်ဖတ်လိုက ဖတ်ပါ ၊ သာဓု၏ စာရှုသူ ....။
**********************************************************************************
ဝန်ကြီးတမတ်
-----------------
သာဓုရေးသည်။
ဂျစ်ကားကလေးတစင်းသည် ဆူးလေဘုရားဘက်မှ ဒါလဟိုဇီလမ်းအတိုင်း အနောက်ဘက်သို့ မောင်းလာပြီး သိမ်ကြီးဈေးထိပ် ဘုရားလမ်းသို့ ရောက်သည်နှင့် လက်ျာဘက်သို့ ချိုးကွေ့ကာ သိမ်ကြီးဈေး ဆင်ဝင်အောက် အထည်ဆိုင်များအနီးတွင် ရုတ်တရက် ထိုးရပ်လိုက်သည်။

"ဂျူလိုင် ၁၉ လုပ်ကြံမှုကြီး ကိုယ်တွေ့ကြုံသူတို့၏ပြောကြားချက်များ" July 19, 2012 at 12:31pm - ဦးဘဂျမ်း
ထိုနေ့က ၀န်ကြီးများအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏
ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ
ထိပ်စာပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။ ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့
အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊
ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊
ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်
လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသောကိစ္စနှင့်
သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။
နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် လူသတ်သမားများရောက်လာချိန်၌ ၀န်ကြီးများ အစည်းအဝေးတွင်
ရှိနေသော အလှည့်ကျ အစိုးရအတွင်းဝန်မှာ ဦးအုန်းမောင်ဖြစ်သည်။ ဦးအုန်းမောင် ရောက်လာပြီး
သုံးလေးမိနစ်ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်းဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ
ထိုအချိန်သည် ဦးအုန်းမောင်၏ အလှည့် မကျရောက်သေး။ သံအမတ်ဟောင်း (ထိုအချိန်က အတွင်းဝန်) ဦးကြင်၏
အလှည့် ဖြစ်သည်။ ဦးအုန်းမောင်က မိမိတွင် အခြားအရေးကြီးသော ကိစ္စတခု ရှိနေသေးကြောင်း ဦးကြင်အား
ပြောပြခွင့်ပန်ပြီးလျှင် အစည်းအဝေးသို့ ဦးစွာလာ၍ သူရေးထားသည့် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ အကယ်၍သာ အစည်းအဝေးအစီအစဉ်အတိုင်း စဉ်းစားဖြစ်လျှင်
(သို့တည်းမဟုတ်) လူသတ်သမားများ ငါးမိနစ်ခန့်စော၍ ရောက်လျှင် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်
ရင်နင့်ဖွယ်ကိစ္စတွင် ဦးအုန်းမောင်၏ အသက်တချောင်း အဆစ်ပါသွားခဲ့မည် မဟုတ်ပေ။
အချောင်သမား ဆိုသည်မှာ... July 18, 2013 at 12:38am
ဒင်းလိုလူစား သတိထားဟေ့
သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွားကြီးပြင်းလာခဲ့ပြီးအင်္ဂလိပ်ခေတ် ၇ တန်းအောင်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက်အသက် ၂၇ နှစ်မှာ အောက်တန်း ရှေ့နေစာမေးပွဲ ဝင်ဖြေတာအောင်လို့ ရှေ့နေလုပ်ခဲ့ပါတယ်။ အင်မတန်ရဲတင်းပြီးရည်မှန်းချက်ကြီးလှတဲ့ ဒီလူဟာ တဖက်ကရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာနယ်တွေထဲ ထိုးဖောက်ခြေကုတ်ယူခဲ့ပါတယ်။သူရိယသတင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။
သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေးအဖွဲ့ကြီးဖြစ်တဲ့ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ ၂၁ ဦးအဖွဲ့ဘက်ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမဲ့ အရွေးမခံရပါ။သူ့အသက် ၂၇ နှစ်အရွယ် ၁၉၂၇ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်းမဲဆန္ဒနယ်ကနေဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါတယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ်ဒိုင်အာခီရွေးကောက်ပွဲမှာထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေး မှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတ မြောက်ပိုင်းအမတ်အဖြစ်အရွေးခံခဲ့ရပါတယ်။
Dhamma Danã Source
Young Buddhist's Association's photo.
“ လူတွေဟာ အဆိုးတွေထဲက၊
အမှားတွေထဲက၊ ဒုက္ခတွေ
ထဲကမှ တကယ်လေးနက်တဲ့
အသိဥာဏ်ကို ရတာပါ။
အမှားကိုသိတဲ့သူ ၊ အမှားကို
ပြင်တဲ့သူဟာ သတ္တိ ရှိတဲ့သူ
ဖြစ်လာတယ်ကိုယ့်ကိုယ်ကို ပိုပြီး
ယုံကြည်တဲ့သူ ဖြစ်လာတယ်။
အောင်မြင်တဲ့သူအားလုံးဟာ
အမှားတွေကို ဖြတ်ကျော်ခဲ့တဲ့
သူတွေပဲ။ မှားမှာကြောက်လို့
ဘာမှမလုပ်ရဲတဲ့သူတွေဟာ
အောင်မြင်တဲ့အဆင့်ကို
ရောက်မလာကြဘူး။ ”
- ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
Dhamma Danã Source ►
www.facebook.com/ youngbuddhistassociation.mm
အမှားတွေထဲက၊ ဒုက္ခတွေ
ထဲကမှ တကယ်လေးနက်တဲ့
အသိဥာဏ်ကို ရတာပါ။
အမှားကိုသိတဲ့သူ ၊ အမှားကို
ပြင်တဲ့သူဟာ သတ္တိ ရှိတဲ့သူ
ဖြစ်လာတယ်ကိုယ့်ကိုယ်ကို ပိုပြီး
ယုံကြည်တဲ့သူ ဖြစ်လာတယ်။
အောင်မြင်တဲ့သူအားလုံးဟာ
အမှားတွေကို ဖြတ်ကျော်ခဲ့တဲ့
သူတွေပဲ။ မှားမှာကြောက်လို့
ဘာမှမလုပ်ရဲတဲ့သူတွေဟာ
အောင်မြင်တဲ့အဆင့်ကို
ရောက်မလာကြဘူး။ ”
- ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
Dhamma Danã Source ►
www.facebook.com/
Monday, July 15, 2013
မန်းကိုကို ~ Mahn Ko Ko: ပြတိုက်ထဲကထွက်ချင်တဲ့ ကရင်တွေရှိသလား
မန်းကိုကို ~ Mahn Ko Ko: ပြတိုက်ထဲကထွက်ချင်တဲ့ ကရင်တွေရှိသလား: အဦးဆုံးပြောချင်တာက - ဒီစာကို ကရင်တွေအတွက် ရေးပါတယ် ။ အထူးသဖြင့် စာဖတ်သူတွေ အတွက်ပေါ့ ။ ဖတ်မယ့်သူ နည်းမယ်ဆိုတာ သိတယ် ။ ရေ...
Sunday, July 14, 2013
Friday, July 12, 2013
Saturday, July 6, 2013
ဘ၀ခြေရာ: ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း
ဘ၀ခြေရာ: ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း: Tun Min Naing ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း Wednesday, 02 May 2012 01:32 | Written by အောင်မြင့်ဦး (မဟာဝိဇ္ဇာ) | | User Ra...
Friday, July 5, 2013
Wednesday, July 3, 2013
အမေရိကားရဲ့ “မဲပေးခွင့်ဥပဒေ” ကို ဗဟိုတရားရုံးက ပယ်ချလိုက်ပြီ (Voting Rights Act of 1965) နိုင်ငံတကာသာဂိ၊ ဇူလိုင် ၃၊ ၂၀၁၃
ဇွန်လ ၂၆ မှာ အမေရိကန် ဖယ်ဒရယ်တရားရုံးတော်က (၁၉၉၆ ခုနှစ် -
လက်ထိပ်ထိမ်းမြား ကာကွယ်ရေးဥပဒေ) ကို ပယ်ချလိုက်တယ်။ ဒါနဲ့အတူ (၂၀၀၈
ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် လိင်တူများလက်မထပ်ရေးဥပဒေ) ကိုလည်း
ပယ်ချလိုက်တယ်။ အဲသည်မှာတင် သာဂိလည်း ဒါကို ရေးကြီးခွင်ကျယ်လုပ်
သတင်းဆောင်းပါးရေးနေလိုက်တာ၊ ဇွန် ၂၅ရက်နေ့က ပြည်ထောင်စုတရားရုံးတော်
(ဖယ်ဒရယ်= ပြည်ထောင်စု) က (၁၉၆၅ - မဲပေးခွင့်ဥပဒေ) ကို ဇွန် ၂၅နဲ့
ပယ်ချခဲ့တာကို သတိလက်လွတ်ဖြစ်သွားပြီး မရေးမိတော့ဘူး။
၁၉၆၅
မဲပေးခွင့်ဥပဒေရဲ့ အဓိကပြဌာန်းချက်စာပိုဒ်ကို ပြည်ထောင်စုရုံးတော်က
ခေတ်နဲ့ စနစ်နဲ့ မညီဘူးဆိုပြီး ပယ်ချတာဖြစ်ပါတယ်။ အဲသည်မှာက လူမည်းတွေနဲ့
လူနည်းစုတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီ ပြည်နယ်(အချို့)က ကန့်သတ်တဲ့
ဥပဒေတွေကို ပြည်ထောင်စုတရားရုံးတော် သဘောမတူဘဲ ထုတ်ပြန်ခြင်း
မပြုရလို့ ဆိုတဲ့ Civil Rights Movement (လူ့အခွင့်အရေးလှုပ်ရှားမှု) ကို
အသိအမှတ်ပြုတဲ့ စာပုဒ်ဖြစ်ပါတယ်။
၁၇၇၆ မှာ ဗြိတိန်ကိုလိုနီအဖြစ်က
လွတ်လပ်ရေးရခဲ့ပြီးနောက် အမေရိကန်တွေက လူဖြူသခင် အဖြစ် ဆက်ခံလိုက်ကြပြီး၊
လူမည်းတွေကိုတော့ ကျေးကျွန်တွေအဖြစ် လွတ်လပ်ခွင့် မပေးခဲ့ကြပါဘူး။
အဲသည်မှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၈၀ ကျော်မှာမှ လူမည်းတွေကို
ကျေးကျွန်အဖြစ်က လွတ်လပ်ရေးပေးဖို့ အမေရိကန်တွေ အချင်းချင်း
တိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျေးကျွန်စနစ်ကို ဆက်ထားလိုချင်သူတွေကတော့
စိုက်ပျိုးရေး၊ မွေးမြူရေးအဓိက တောင်ပိုင်းကပြည်နယ်တွေ ဖြစ်ပါတယ်။ ၁၈၆၀
ခုနှစ်များမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း
ပြည်တွင်းစစ်သွေးချောင်းစီးပြီး တိုက်ခဲ့ရတယ်။ ၁၈၆၅ မှာ
မြောက်ပိုင်းသားတွေ စစ်နိုင်ပြီး လူမည်းကျေးကျွန်တွေကို လွတ်လပ်ရေး
ပေးနိုင်ခဲ့တယ်။ သို့သော်လည်း လူဖြူတွေက လူမည်းတွေ၊ အသားဝါတွေ၊
အသားညိုတွေကို ဆက်လက်ပြီး လူတတန်းစားတည်း မဆက်ဆံဘဲ ဖိနှိပ်တာတွေ၊
ချုပ်ခြယ်တာတွေ အမြတ်ထုတ်တာတွေ ရှိနေတာကြောင့် နောက် နှစ်ပေါင်း ၁၀၀ ကျော်
Civil Rights Movements တွေ ဆက်လက် လှုပ်ရှားခဲ့ကြရပါတယ်။
ဇွန်လ ၂၆ မှာ အမေရိကန် ဖယ်ဒရယ်တရားရုံးတော်က (၁၉၉၆ ခုနှစ် - လက်ထိပ်ထိမ်းမြား ကာကွယ်ရေးဥပဒေ) ကို ပယ်ချလိုက်တယ်။ ဒါနဲ့အတူ (၂၀၀၈ ခုနှစ် ကယ်လီဖိုးနီးယားပြည်နယ် လိင်တူများလက်မထပ်ရေးဥပဒေ) ကိုလည်း ပယ်ချလိုက်တယ်။ အဲသည်မှာတင် သာဂိလည်း ဒါကို ရေးကြီးခွင်ကျယ်လုပ် သတင်းဆောင်းပါးရေးနေလိုက်တာ၊ ဇွန် ၂၅ရက်နေ့က ပြည်ထောင်စုတရားရုံးတော် (ဖယ်ဒရယ်= ပြည်ထောင်စု) က (၁၉၆၅ - မဲပေးခွင့်ဥပဒေ) ကို ဇွန် ၂၅နဲ့ ပယ်ချခဲ့တာကို သတိလက်လွတ်ဖြစ်သွားပြီး မရေးမိတော့ဘူး။
၁၉၆၅ မဲပေးခွင့်ဥပဒေရဲ့ အဓိကပြဌာန်းချက်စာပိုဒ်ကို ပြည်ထောင်စုရုံးတော်က ခေတ်နဲ့ စနစ်နဲ့ မညီဘူးဆိုပြီး ပယ်ချတာဖြစ်ပါတယ်။ အဲသည်မှာက လူမည်းတွေနဲ့ လူနည်းစုတွေကို မဲပေးခွင့်နဲ့ ပတ်သက်ပြီ ပြည်နယ်(အချို့)က ကန့်သတ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုတရားရုံးတော် သဘောမတူဘဲ ထုတ်ပြန်ခြင်း မပြုရလို့ ဆိုတဲ့ Civil Rights Movement (လူ့အခွင့်အရေးလှုပ်ရှားမှု) ကို အသိအမှတ်ပြုတဲ့ စာပုဒ်ဖြစ်ပါတယ်။
၁၇၇၆ မှာ ဗြိတိန်ကိုလိုနီအဖြစ်က လွတ်လပ်ရေးရခဲ့ပြီးနောက် အမေရိကန်တွေက လူဖြူသခင် အဖြစ် ဆက်ခံလိုက်ကြပြီး၊ လူမည်းတွေကိုတော့ ကျေးကျွန်တွေအဖြစ် လွတ်လပ်ခွင့် မပေးခဲ့ကြပါဘူး။ အဲသည်မှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၈၀ ကျော်မှာမှ လူမည်းတွေကို ကျေးကျွန်အဖြစ်က လွတ်လပ်ရေးပေးဖို့ အမေရိကန်တွေ အချင်းချင်း တိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျေးကျွန်စနစ်ကို ဆက်ထားလိုချင်သူတွေကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးအဓိက တောင်ပိုင်းကပြည်နယ်တွေ ဖြစ်ပါတယ်။ ၁၈၆၀ ခုနှစ်များမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်သွေးချောင်းစီးပြီး တိုက်ခဲ့ရတယ်။ ၁၈၆၅ မှာ မြောက်ပိုင်းသားတွေ စစ်နိုင်ပြီး လူမည်းကျေးကျွန်တွေကို လွတ်လပ်ရေး ပေးနိုင်ခဲ့တယ်။ သို့သော်လည်း လူဖြူတွေက လူမည်းတွေ၊ အသားဝါတွေ၊ အသားညိုတွေကို ဆက်လက်ပြီး လူတတန်းစားတည်း မဆက်ဆံဘဲ ဖိနှိပ်တာတွေ၊ ချုပ်ခြယ်တာတွေ အမြတ်ထုတ်တာတွေ ရှိနေတာကြောင့် နောက် နှစ်ပေါင်း ၁၀၀ ကျော် Civil Rights Movements တွေ ဆက်လက် လှုပ်ရှားခဲ့ကြရပါတယ်။
Monday, June 24, 2013
Sunday, June 23, 2013
Saturday, June 22, 2013
Friday, June 21, 2013
Thursday, June 20, 2013
Sunday, May 19, 2013
ဘ၀ကို ဘာတွေပေးဆပ်မှာလဲ(လမ်းမှားကနေ သွားလို့မရပါ။ မှားနေရင်တော့ ပြင်ရပါသည်) by Myat Thi Ha (Notes) on Sunday, May 19, 2013 at 3:19am Created on Sunday, 19 May 2013 06:08 Written by ဒေါက်တာ ခင်မောင်ညို
ကမ္ဘာ၏ ကြွယ်ဝမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတစ်သန်းတွင်သာ ရှိနေသည်။ ထိုတစ်သန်းသည် ကမ္ဘာပေါ်ရှိ ဥစ္စာဓနများကို လက်ဝါးကြီး အုပ်ထားသည်။ ကျန်သော လူဦးရေ ၆၉၉၉ သန်းသည် မညီမျှသော ဥစ္စာကိုသာ ပိုင်ဆိုင်ကြသည်။ တကယ်တော့ လူတစ်ထောင်ကျော်၏ လက်ထဲတွင်ပင် ဥစ္စာဓနများ စုပြုံနေသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်က ပြည်သူသန်း ၆၀ ရဲ့ ဓနဥစ္စာကရော။ လူတစ်ထောင်လောက်မှာပဲ စုပြုံနေပါသလား . . . . .
ပန်းတိုင်ကို သတ်မှတ်ပြီးနောက် လမ်းကြောင်း မှန်ရပါသည်။ လမ်းကြောင်းပေါ် ရောက်ပြီးနောက် လားရာ (direction) သည် အရေးပါလာသည်။ မိမိအတွက် ညွှန်ပြမှုပြုဖို့ လားရာ (direction) ကို တိတိကျကျ သဘောပေါက်ထားရမည်။
ကျွန်တော်က သူငယ်ချင်း ကိုဘသစ်ကို မေးဖူးသည်။ "ပန်းတိုင်၊ လမ်းကြောင်း၊ လားရာ ဘယ်အရာက အရေးကြီးလဲ"
"သုံးချက်စလုံး အရေးကြီးတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက လမ်းကြောင်းပဲ။ မိဘလုပ်ကျွေးချင်သူ ဆိုတာ အင်မတန် မွန်မြတ်တယ်။ ဒါပေမဲ့ သူတို့တစ်တွေဟာ ဓားပြတိုက်ပြီး လုပ်ကျွေးမယ်ဆိုရင် မမှန်တော့ဘူးပေါ့"
"ဟုတ်ကဲ့၊ ဒါကို အချို့က End must justify the means ဆိုပြီး လက်ခံကြတယ်။ တရုတ်ခေါင်းဆောင်ကြီး
တိန့်ရှောက်ဖိန်ကလည်း ကြောင်ဖြူသုံးသုံး ကြောင်မည်းသုံးသုံး ကြွက်သေသည်သာ အဓိကလို့ ဆိုတယ်"၊ "အမှန်ကတော့ လမ်းကြောင်းမှန်ဖို့ အရေးကြီးတယ်။ လမ်းကြောင်းမှန်တယ်ဆိုတာ လားရာမှန်တာကိုလည်း ပြောတာပါ။ သူငယ်ချင်း ပြောဖူးတဲ့ ပုံပြင်လို အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ်"
ကိုဘသစ်သည် ကျွန်တော့်ကို အောက်ပါအတိုင်း ပြောပြသည်။
Tuesday, May 14, 2013
Thursday, May 9, 2013
ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး
နန္ဒ ထွန်း shared တို့ဗမာ Dobama's photo.
ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး============
နိဒါန်း
သဗ္ဗညု မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မှူ သည့်နှစ်ကို သာသနာသက္ကရာဇ် ၁ နှစ်ဟူ ၍ စတင် ရေတွက်ခဲ့ရာ ယခုအခါ သာသနာသက္ကရာဇ် နှစ်ပေါင်း ၂၅၀၀ ကျော်လေပြီ ။ ဤ မျှ ရှည်လျားသော နှစ် ပရိစ္ဆေဒ ကာလအတွင်း ဖြတ်သန်းချီတက် လာခဲ့ရသော ဗုဒ္ဓသာ သနာ တော် ၏ ၂၅၀၀ ခရီးလမ်းမတလျောက် ပြန်လည်မျှော်ကြည့် ၍ အတိတ်ကိုလှန် ဇတ်ကြောင်း ပြန်ရပါ မှူ ရွှင်လမ်း အားတက် ဖွယ် ၊ ၀မ်းနည်းကြေကွဲဖွယ် ၊ အံသြထိတ်လန့်ဖွယ် ၊ အောက်မေ့ တသ လွမ်းစွတ်ဖွယ် တို့နှင့် ပြည့်လျှမ်းနေသော ၀တ္တုရှည်ကြီးတပုဒ်နှင့် တူလှပေတော့သည် ။
သာသနာ၂၅၀၀ ခရီးစဉ် သမိုင်းတလျှောက် ၌ ဗုဒ္ဓသာသနာတော်သည် မှိန်ခဲ့တခါ သာ ချီတလှည့် ဖြစ်ခဲ့ရ၏ ။ ငှက်ခါးပြန်သလို နိမ့်တြုံ့မင့်တုံ ကြုံခဲ့ရသည် ။ ခေတ်အဆက်ဆက် အတွင်း ရန်သူ အပြင်ရန်သူတို့၏ တိုင်ခိုက်ထိုးနှက်ချက်များနှင်
သာသနာပြင်ပ အညတိတ္တိယတို့သည် ရံခါပြင်ပမှဝါဒချင်းယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြ ၍ ရံခါသာသနာအတွင်း ၀င်ကာ ပူသတ်ခဲ့ကြသည် ။ သာသန ၀န်ထမ်းရဟန်းတော်များအထဲမှာလဲ သာသနာ့ ရန်ဆူး ရန်ငြောင့်များ ပေါ်ထွက်ခဲ့ပြန်သည် ။ အသားထဲမှလောက်ထွက်၍ သံကိုသံဖျက် သံချေး တက် ခဲ့ သည် ။ ယင်းသာသန ဆူးငြောင့်ခလုပ်များကို ဖယ်ထုတ်ရာမှ ဂိုဏ်းကွဲများဖြစ်ပေါ်ခဲ့ရသည်။ ဆေးကြောဖယ်ရှားပြစ်လိုက်သောအညစ်
Wednesday, May 8, 2013
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ/by ချစ်လွမ်းမောင်
သူတောင်းစား ပေးတဲ. သင်ခန်းစာ
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D
ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတော
Monday, May 6, 2013
Sunday, May 5, 2013
“လူထုအားကို အများကြီးလိုသည်” by Soe Min (Notes) on Monday, April 29, 2013 at 10:26am
ရုပ်သေးပွဲတွေမှာ တိုင်းတော်ပြည်တော် တည်ကြတဲ့အခါ ကမ္ဘာပျက်
ကမ္ဘာတည်၊ဟိမ၀န္တာခန်းပြီးတာနဲ့ သပြေပန်းတွေထိုးထားတဲ့ ၀ါးကျည်တောက်ကလေးကို
ဇာတ်စင်အလယ် လာထားလိုက်ရင်ပရိသတ်က သဘောပေါက်တယ်။ ဒါဆို နောက်တစ်ခန်းက
ဝန်လေးပါးထွက်လာပြီး စကားပလ္လင်ခံ၊ ဘုရင်မင်းတရားကြီးနဲ့ ညီလာခံခေါ်ပြီး
ဇာတ်ပန္နက်ရိုက်တော့မှာ။ တကယ့်လက်တွေ့ဘ၀မှာလည်း သိပ်တော့
မကွာပါဘူး။တိုင်းပြည်တစ်ခုတည်ချင် ဘယ်သူက အုပ်ချုပ်မှာတုန်း၊ ဘယ်ပုံစံနဲ့
အုပ်ချုပ်မှာတုန်း။ဝန်ကြီးတွေက ဘယ်သူပါသတုန်း။ ဘယ်သူက ဘယ်သူ့ကို
ဘယ်လိုရွေးကောက်ခွင့်ရှိသတုန်း၊ စတာတွေအတွက်ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေအရ အစိုးရအဖွဲ့ ဖွဲ့စည်းရတယ်။ ဒါကြောင့်သူတို့လည်းလွှတ်တော်တွေ
ညီလာခံတွေ အကြိမ်ကြိမ်ခေါ်ရတယ်။ ဒါပြီးရင်တော့ တိုင်းပြည်ဆိုတာ
ရှင်ဘုရင်၊မူးမတ်၊ စစ်သူကြီးချည့်ပဲ ဇာတ်လမ်းဆင်ကပြီး တိုင်းသူပြည်သားကို
ဖြတ်လျှောက်နောက်ထ ဝေလေလေလေးငါးယောက်လောက်နဲ့ ပြီးသွားလို့ မရဘူး။
တကယ့်အပြင်မှာ အဲသည်လူတွေက သန်းခြောက်ဆယ်တောင်ရှိတာ။ နည်းနည်းနောနော
မှတ်လို့။ ဒါကြောင့်မို့လို့ သူတို့ပါးစပ်က
တဖွဖွအော်နေကြတဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး
တည်ဆောက်ချင်တယ် ဆိုလို့ရှိရင် အဲသည်တိုင်းသူပြည်သားတွေရဲ့အင်အားအပေါ်မှာ
အများကြီး အခြေခံပြီးမှ တည်ဆောက်ယူလို့ရမယ်။ ဒါကို
သူတို့ဆီကအခေါ်အဝေါ်ကCapacity Building တဲ့။ တိုက်ရိုက် ဘာသာပြန်ရင်
ဗူးလုံးနားမထွင်းနဲ့မို့ ဥပမာလေးနဲ့ရှင်းပြပါ့မယ်။
မိုးရွာလို့ ရေခံကြတဲ့အခါ စဥ့်အိုးရှိတဲ့သူက စဥ့်အိုးလောက်၊ ဖျဉ်းအိုးရှိတဲ့သူကဖျဉ်းအိုးလောက်၊ အုန်းမှုတ်ခွက်ပဲ ရှိတဲ့သူကတော့ အုန်းမှုတ်ခွက်လောက်ပဲ ရလိမ့်မယ် မဟုတ်လား။ အခွင့်အလမ်းဆိုတာကတော့
ကောင်းကင်ကရွာတဲ့မိုးများလို ဖြိုင်ဖြိုင်ရွာချင်ရွာမယ်။ ဖွဲဖွဲကျချင်ကျမယ်။ ကိုယ့်အတွက် ရေဘယ်လောက် ရလိုက်သလဲဆိုတာကတော့ ကိုယ့်ဆီမှာခံတဲ့ အိုးပေါ် မူတည်လိမ့်မယ်။Capacity ဆိုတာ အဲဒါကို ပြောတာ။ နိုင်ငံတစ်ခုကို တိုးတက်အောင် ကြိုးစားတဲ့နေရာမှာလည်းအဲသည်နိုင်ငံက ပြည်သူတွေရဲ့ ခံယူနိုင်စွမ်းအားကို အတတ်နိုင်ဆုံး မြှင့်ထားပေးမှ တိုင်းယက်တဲ့ပက္ကလာ မိုးရွာတော့အသင့်ဖြစ်လိမ့်မယ်။ အခုပြောတဲ့ခံယူနိုင်စွမ်းအားဆိုတာက ၁၅၀၀တန်ဖုန်းချပေးရင်ဘယ်လောက်များများတန်းစီပြီး ရအောင်ယူနိုင်သလဲဆိုတာမျိုးကို မဆိုလိုဘူး။ တိုင်းပြည်လူထုဆီမှာရှိတဲ့ ငွေအင်အား၊ လူအင်အား၊ ကာယစွမ်းအား၊ ဥာဏစွမ်းအားတွေကို ပြောတာ။ အဲဒါကြောင့် တို့နိုင်ငံထူထောင်ခါစကဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတယ်လေ။ “လူထုအားကို အများကြီး လိုသည်” တဲ့။

Wednesday, May 1, 2013
မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည် / by ဂိုလ်ရှယ်လေး
Zaw Lin and Min Tharr shared Minmaha Bagan's photo.
For sale: Burmese virginsမြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်
ဂိုလ်ရှယ်လေး
၁၉၈၈ သွေးမြေကျ စစ်အာဏာသိမ်းမှုကြီး၏ အကျိုးဆက်ရလဒ်က ဥပဒေမဲ့အခြေနေတခုလုံးဆီသို့ ဆိုက်ရောက်ခဲ့ရပြီး၊ အနာဂတ်ရှေ့ခရီးအလားလာက ကြောက်ခမန်းလိလိတုန်လှုပ်ဖွယ်ရာ
In the aftermath of the second military bloody coup in 1988 the lawless situation deteriorated further. The authorities continue to enjoy absolute impunity for all violations of political and economic rights and rule of law is denied throughout the country resulting in the collapse of individual economic life and leading to general poverty.
စစ်အစိုးရဆိုသော ခေါင်းစဉ်၏ အုပ်ချုပ်မှုအောက်တွင် မြန်မာ စစ်အာဏာပိုင်များက ကျေးလက်ဒေသများတွင် သူတို့ကို သူတို့ မဟာ စစ်ဘုရင်ကြီးများသဖွယ် ဆောင်ရွက်လုပ်ကိုင်ကြပြီး ထိုကျေးလက်ဒေသများတွင်၇ှိသော ရွာသူကြီးများနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်သူများအပေါ် သူတို့ အလိုရှိသလို အမှောက်အလှန် အမျိုးမျိုး လုပ်နေခဲ့ကြ၏။
Under the military government, Burmese Army commanders act as warlords in rural areas where they order the village headmen and local authorities as they wish.
Tuesday, April 30, 2013
Sunday, April 28, 2013
Thursday, April 25, 2013
Wednesday, April 24, 2013
ကရင်အမျိုးသားအစည်းအရုံးအတွင်းစည်းရုံးရေးပြဿနာနှင့် ပြည်တွင်းငြိမ်းချမ်းရေး (ဆောင်းပါး) အပိုင်း (၁)
“အမြှောက်ဆံတလုံးကို
ကျပ်သိန်းသုံးဆယ် လောက် တန်တာတွေနဲ့ တဘက်နဲ့တဘက် ပစ်နေကြသဗျာ။
အဲသည်ငွေတွေကို လူထုကျမ္မာရေးအတွက် ဆေးပေးခန်းတွေ ဖွင့် တာ၊ လူထုပညာရေးအတွက်
စာသင်ကျောင်းဆောက်တာတွေမှာ သုံးရင် ဘယ်လောက်ကောင်းမလဲ”
ko mim ko naing
ကရင်အမျိုးသားအစည်းအရုံးအတွင်းစ
ည်းရုံးရေးပြဿနာနှင့် ပြည်တွင်းငြိမ်းချမ်းရေး (ဆောင်းပါး)
အပိုင်း (၁)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာဝန်များမှ ထုတ်ပယ်လိုက်သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အဖွဲ့အစည်းအနေဖြင့် ကွဲပြဲတော့မည်လားဟူသော စိုးရိမ်ပူပန်မှုများသည် စာရေးသူ အပါအ၀င် လူထု များအတွင်း အတော်ပင် ကြီးမားစွာ ဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ပါနည်း။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် ထောင်ပေါင်းများစွာသော ကျောင်းသား၊ ပြည်သူများသည် တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေး အင်အားစုများ အခြေပြုရာဒေသများသို့လည်းကောင်း ၊ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ ရှမ်းပြည် အရှေ့မြောက်ဒေသရှိ လွတ်မြောက်နယ်မြေသို့လည်းကောင်း ရောက်ရှိခိုလှုံခဲ့ကြရာ စာရေးသူလည်း တစ်ဦး အပါအ၀င် ဖြစ်ခဲ့ သည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် အခြားနည်းလမ်းပေါင်းစုံသုံးပြီး
စစ်အာဏာရှင်စနစ်အား ဆက်လက် တိုက်ပွဲဝင်ရန် ကြိုး ပမ်းခဲ့ကြသည်။
တော်လှန်လိုသည့် ကျောင်းသားများ၊ လူထုများအား ကောင်းမွန်စွာ လက်ခံကြိုဆို
နေရာချထားပြီး တတ်နိုင်သ မျှ ကျွေးမွေးထောက်ပံ့ခဲ့သည့် တိုင်းရင်းသား
လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနက် ကေအဲန်ယူသည် ရှေ့တန်း မှ
ပါဝင်ခဲ့သည်။
အပိုင်း (၁)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာဝန်များမှ ထုတ်ပယ်လိုက်သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အဖွဲ့အစည်းအနေဖြင့် ကွဲပြဲတော့မည်လားဟူသော စိုးရိမ်ပူပန်မှုများသည် စာရေးသူ အပါအ၀င် လူထု များအတွင်း အတော်ပင် ကြီးမားစွာ ဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ပါနည်း။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် ထောင်ပေါင်းများစွာသော ကျောင်းသား၊ ပြည်သူများသည် တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေး အင်အားစုများ အခြေပြုရာဒေသများသို့လည်းကောင်း
Subscribe to:
Posts (Atom)