Friday, December 21, 2012

မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြော င်း

Ah Tar shared အရှင်ကောမလ ဆန်နီနေမင်း's photo.
မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း

ကိုယ်ကမယုံကြည်လို့ ဘာမှမဖြစ်ဘဲ အေးဆေးနေနေတာကို ဦးဇင်း ကမ္ဘာပျက်တော့မယ်ဆိုတာ ဟုတ်လား၊ ဦးဇင်းအနေနဲ့ ဘယ်လိုထင်လဲ။ ယုံလားဆိုပြီး ခဏခဏ Messges တွေ လာလာနေတာကြောင့် ဦးဇင်းဖြေဆိုပေးထားပြီးသားဖြစ်တဲ့  မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို မဖတ်ရသေးလို့ မေးမေးနေကြတဲ့သူတွေအတွက် ထပ်မံတင်ပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးဟာ ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိပါတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက် ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိတဲ့ ကောင်းကင်ကြီး တည်ရှိပါတယ်။  ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ (၁)ယူဇနာဟာ (၈)မိုင်အနည်းဆုံး ရှိပါတယ်။

ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။ စကြာဝဠာတစ်ခုဟုသတ်မှတ်တဲ့ ကမ္ဘာမြေကြီးရဲ့အကျယ်အ၀န်းမှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀၀) ရှိတယ်။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာ ရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာရဲ့အနက်ဟာ ယူဇနာပေါင်း(၈)သောင်း (၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်း နှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈) ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေအနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊  (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့်မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။

ထိုသမုဒ္ဒရာရဲ့ ပတ်ဝန်းကျင်တွင် သီဒါခေါ်တဲ့ မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်ရဲ့ အောက်တစ်ဝက်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြားကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့ တောင်စဉ်(၇)ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ကျွန်းကို အရှေ့ကျွန်း၊ အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။

ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်း နှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်း ငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။

ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။ စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။

တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ်တစ်ခုလို့ခေါ်ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ရင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။

မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာတစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။ ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံ ယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်တဲ့အခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ဗုဒ္ဓ၀င်ပါဠိတော်မှာ တွေ့ရပါတယ်။

အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ မဇ္ဈိမဒေသ အရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊

အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင် အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့ စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်းအရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လည်း ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်း မပွင့်ကြလို့ မရှိကြတာပါ။

အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေ ပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။

အထက်မှာပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်း လူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ စကြာဝဠာအကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။

မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော်မူခဲ့တာပါ။

ကမ္ဘာတစ်ခုပျက်တဲ့အခါ မြေ၊ မီး၊ လေ၊ ရေစတဲ့ ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနဲ့ ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်တဲ့အခါ သုံးဆယ့်တစ်ဘုံတွင် ကုသိုလ်ကောင်းမှုအရင်းခံရှိတဲ့ သူများဟာ ကမ္ဘာပျက်ကာလတွင် ဒုတိယဈာန်ဘုံစတဲ့ ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံတဲ့သူများဟာ အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းလို့ခေါ်တဲ့ မဲမှောင်ပိတ်ဖုံးနေသည့် ချောက်နက်ကြီးများတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။ ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင် သံသရာရဲ့ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာ သံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ် ဘ၀ကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။

တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့ အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင်လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီး မားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေသာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံးလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။

ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသာတစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေးရတဲ့ မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။ မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့ အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့ မှန်ဘီးလူးထက် သာတယ်ဆိုတာ မင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်း ခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။

ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉) http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.html မှာ လောက၀ိဒူအဖွင့်ကိုပြထားတဲ့ အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက လောက၀ိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကို ၀ယ်ဖတ်ပါ။ အဲဒီစာအုပ်ဟာ အင်တာနက်မှာ ၀ယ်ရမည့်စာအုပ် ဖြစ်နေသဖြင့် ဦးဇင်းလည်း ၀ယ်ဖတ်မရလို့ သေချာပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ၀ယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများ ၀ယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/ BookDetails/18595 ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။

မှတ်ချက်--မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို မယုံကြည်သူများလည်း အများကြီးရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့မမြင်ရလို့ဆိုပြီး ပြောကြမှာပါ။ လက်တွေ့မမြင်ရဘဲ ယုံကြည်ခဲ့ရတာတွေ အများကြီးရှိတယ်ဆိုတာကိုတော့ မမေ့ကြပါနဲ့။ ဥပမာ-ကိုယ်ရဲ့မိဘနှစ်ပါးဖြစ်တယ်ဆိုတာ ကိုယ်တိုင်မမြင်ခဲ့ရဘဲ ယုံကြည်သင့်တဲ့ အချက်အလက်တွေကြောင့် ယုံကြည်နေကြတယ်ဆိုတာ အားလုံးအသိပင် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လက်တွေ့မြင်မှ ယုံကြည်မယ်ဆိုရင် ကိုယ်အဖေအမေခေါ်နေတဲ့သူကိုတောင် ကိုယ်ဖြစ်လာဖို့ သွေးသားပေါင်းစပ်သူတွေ ဟုတ်မဟုတ်ဆိုတာ ကိုယ်တိုင်မမြင်ရလို့ မယုံကြည်ဘဲ နေရပါလိမ့်မယ်။ စကြာဝဠာကမ္ဘာအကြောင်းအရာများကို ခဏခဏ အမေးခံရလို့ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်းဖြစ်တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတကြွယ်ဝကာ မိမိဘာသာကို ပိုမိုလေ့လာယုံကြည်ပြီးသကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကိုလည်း နေ့စဉ်မပြတ်ပြုလုပ်ပြီး ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးနေလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြော
င်း

ကိုယ်ကမယုံကြည်လို့ ဘာမှမဖြစ်ဘဲ အေးဆေးနေနေတာကို ဦးဇင်း ကမ္ဘာပျက်တော့မယ်ဆိုတာ ဟုတ်လား၊ ဦးဇင်းအနေနဲ့ ဘယ်လိုထင်လဲ။ ယုံလားဆိုပြီး ခဏခဏ Messges တွေ လာလာနေတာကြောင့် ဦးဇင်းဖြေဆိုပေးထားပြီးသားဖြစ်တဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို မဖတ်ရသေးလို့ မေးမေးနေကြတဲ့သူတွေအတွက် ထပ်မံတင်ပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးဟာ ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိပါတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက် ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိတဲ့ ကောင်းကင်ကြီး တည်ရှိပါတယ်။ ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ (၁)ယူဇနာဟာ (၈)မိုင်အနည်းဆုံး ရှိပါတယ်။

အစိမ်းရောင် ပန်းဂေါ်ဖီ

Zaw Lin shared Myawady Health's photo.
အစိမ်းရောင် ပန်းဂေါ်ဖီ 
http://www.myawady.net.mm/health/knowledge/item/2523-2012-12-21-13-07-29
အဆုပ်ရောဂါ ကာကွယ်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးသင့် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးခြင်းသည် အဆုတ် အတွက် အထောက်အကူ ပြုကြောင်း သိရှိရသည်။

နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များအရ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့် ပေးသည်ဟု ဖော်ပြလျက် ရှိသည်။

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ (၃၀၀၀၀)ခန့်မှာ စီးကရက် အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ် ရောဂါများ ဖြစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံ ပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမိုလှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာ ပါရှိသည်။

NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင် ပန်းဂေါ်ဖီတွင်...
အစိမ်းရောင် ပန်းဂေါ်ဖီ
http://www.myawady.net.mm/health/knowledge/item/2523-2012-12-21-13-07-29
အဆုပ်ရောဂါ ကာကွယ်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးသင့် အစိမ်းရောင် ပန်းဂေါ်ဖီ စားသုံးခြင်းသည် အဆုတ် အတွက် အထောက်အကူ ပြုကြောင်း သိရှိရသည်။

နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များအရ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့် ပေးသည်ဟု ဖော်ပြလျက် ရှိသည်။

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ (၃၀၀၀၀)ခန့်မှာ စီးကရက် အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ် ရောဂါများ ဖြစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံ ပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမိုလှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာ ပါရှိသည်။

NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင် ပန်းဂေါ်ဖီတွင်...

ကရင်တွေအချင်းချင်း စည်းစည်းလုံးလုံး

ခွန် ဒီးယမ်'s photo.
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်နေ့(DKBA)အခမ်းအနား (21-12-2012)

ခုလို ကရင်တွေအချင်းချင်း စည်းစည်းလုံးလုံး မြင်ရတာ ဝမ်းသာပါတယ်။
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်နေ့(DKBA)အခမ်းအနား (21-12-2012)

ခုလို ကရင်တွေအချင်းချင်း စည်းစည်းလုံးလုံး မြင်ရတာ ဝမ်းသာပါတယ်။

လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော။ by Zaw Win on Friday, December 21, 2012 at 4:02am ·


လက်ရှိ ဗမာနိုင်ငံမှာ လူတယောက်ကိုသာ နိုင်ငံ့ခေါင်းဆောင်အဖြစ် မဲပေးယှဉ်ပြိုင် ရွေးချယ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှ ယှဉ်နိုင်မယ်မထင်ဘူး။ လူထုရဲ့မဲ အများဆုံး ရနိုင်တဲ့သူကို လူထုခေါင်းဆောင်လို့ သတ်မှတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။
ဒါပေမဲ့ ခုတလောမှာ လူထုခေါင်းဆောင်အဖြစ် အများပြည်သူ သတ်မှတ်ယုံကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ လူထုဘက်မှာမရပ်တည်ဘဲ၊ လူထုကိုနှိပ်စက်သူတွေဘက်က ကာကွယ်ရပ်တည်လာတာကို ရင်မချိစရာ တွေ့မြင်လာရတယ်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဘက်ကို ကြည့်ရမယ်လို့ ဆိုလားဆိုရဲ့။ ပြည်သူတွေဘက်က သဘောထားကြီးရမယ်လို့ ပြောလားပြောရဲ့။ မီးလောင်တိုက်သွင်းတဲ့ စစ်ဗိုလ်လူထွက်တွေကိုတော့ တချက်မှ အပြစ်တင် ပြောဆိုဝေဖန်တာမျိုး မတွေ့ရဘူး။
စစ်ဗိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရမယ် ဆိုတဲ့ အလျော့ပေး အညံ့ခံ စေ့စပ်ရေး စာအုပ်ထဲက သဘောတရားကို ဘုရားဟောလောက် သဘောထားပြီး ကိုးကွယ်နေပြီလားလို့ ထင်မှတ်ရတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ယုံကြည်မှုတည်ဆောက်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်လုပ်ရမယ်ဆိုတဲ့ သူ့စာအုပ်ထဲက သဘောတရားတွေကို တရားသေလုပ်နေသလား ထင်ရတယ်။
စစ်ဗိုလ်ချုပ်တွေနဲ့တော့ အမှန်ပဲ ယုံကြည်မှုတွေ တိုးတက်လာပါရဲ့။

ဘာသာရေးအလွဲသုံးစားလုပ်မှု - ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်) by Zaw Win on Saturday, December 15, 2012 at 2:10am ·

ဘာသာရေးအလွဲသုံးစားလုပ်မှု - ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)

by Zaw Win on Saturday, December 15, 2012 at 2:10am ·
ဘာသာရေးအလွဲသုံးစားလုပ်မှု
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)




“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။

ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ November 29th, 2012

Hla Htay shared Aye Maung's photo.
ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ

November 29th, 2012 | Add a Comment

ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသော ဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။ မြန်မာစာ မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ် ချက်ဖြင့် ဤဆောင်းပါး ကို ရေးသား ရခြင်း ဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင့် ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ကိုယ်ပိုင်စာပေ´´ အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။
မြန်မာနိုင်ငံတွင် မြန်မာစာဟု သတ်မှတ်ခံ ထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့် အခါ၌ ရခိုင်စကား အပြောအသုံး အနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထား သည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာရေ သားနေကြခြင်း ဖြစ်ပါ သည်။ ယင်းစာ အမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏ အက္ခရာ´ ဟုအမည် ပေးကာ ခေါ်ဝေါ်သ မှုပြုနေကြသည်ကိုလည်း တွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုး ပေါင်း´၁၃၅´ မျိုးရှိကြသည့်အနက်´ မြန်မာစာ အရေးအသားကို မည်သည့်လူမျိုးတို့ က´ရှေ့ဦးစွာ စတင်ရေး သား´ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေး သူယူဆပါသည်။
အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံး သဘောထားကြီးစွာဖြင့် လက်ခံ အတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တာရပ် ခံလိုပ်သည်။ မြန်မာနိုင်ငံအတွင်း၌ကား ရှေ့က ရခိုင်လူမျိုးတို့တွင် ´ရခိုင်စာ´၊ မွန်လူမျိုးတို့ တွင်´မွန်စာ´၊ ပြူ(ပျူ) လူမျိုးတို့ တွင် ´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင် စာပေအသီးသီး ရှိခဲ့ကြသည်အနက်သည် ဆောင်းပါးသည် ´မွန်နှင် ပျူစာ´ကို လေ့လာဆန်းစစ်မှု မပြုတောပဲ´မြန်မာစာဟု သတ်မှတ်ခံထားရ သော´ရခိုင်စာ´ကိုသာ နှစ်ဖက် နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှာပြီးခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင်အထောက်အထား တစ်ခုစီကိုသာထုတ်နှုတ်၍ ရေးသားတင်ပြသွားပါမည်။

အထောက်အထားရှိတိုင်း အကျယ်တ၀င့် တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာ ပေးနိုင် သည် မဟုတ်ပါ။ ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း မြန်မာစာပေ´ကို ရေးသား နေကြ သည့်´ရခိုင်လူမျိုးနှင့် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်သော် ဤသို့တွေ ရ၏။

ပုမင်း အင်းတောင်ညောင်ရမ်းနောင် ကုန်းဘောင် ခုနစ်ဆက်´´ဟူသောသင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊
ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ် ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။

ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ် ၊ဝေသာ လီကျောက်လှေကားခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ ဘက်ကပုဂံ၏ထင်ရှား သော´ရာဇကုမာရ် ကျောက်စာခေါ်မြစေတီ ကျောက်စာ´´ကို ခိုင်မာသောအထောက် အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့ ခေါင်းလောင်း ကျောင်းတိုက်ရှိ လေးမြို့ခေတ်´ရခိုင် ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော်ခဲ့သော ဘုရား၏ ´စမ္မခဏ်း ကမ္မည်းစာ´ကိုခိုင်မာသော အထောက်အထား အနေဖြင့် တင်ပြသွားမှာ ဖြစ်ပါသည်။
မြန်မာတို့၏ ပုဂံခေတ်..



ကြာ၊ မိုး၊ အံ၊ ပုဂံ တည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကို တည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊
ပုဂံ ပျက်ချိန်ကား´စောမွန်နစ်မင်း´(အေဒီ.၁၃၂၅ မှ ၁၃၆၉) လက်ထက်တွင် ဖြစ်လေ၏။ ပျဉ်းပြား မင်းသည် ပုဂံမြိုကို တည်ဆောက်နေသည် အချိန်တွင် ပုဂံ၌ ´ထေရ၀ါဒ ဗုဒ္ဒသာသ နာ´´မရောက်ရှိသေး၊ အလားတူ´မြန်မာစာ´ဟူသော စာပေရေးသားမှု အတတ်ပညာသည် လည်း လုံးဝမရှိသေးသည်ကို တွေ့ရ၏။ ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက် တန်နက်မင်း(အေဒီ-၈၇၈-၉၀၆)၊ ၄င်းနောက် စလေငခွေးမင်း(အေဒီ ၉၀၆-၉၁၅)၊ ၄င်းနောက် သိန်းခိုမင်း (အေဒီ ၉၁၅-၉၃၁)၊ ၄င်းနောက် ညောင်ဦး စောရဟန်းမင်း (တောင်သူမင်းကြီး) (အေဒီ-၉၃၁-၉၆၃) ၄င်းနောက်
ကွမ်းဆော် ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း (အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက် အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒ ဗုဒ္ဒသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´ဟူသောအရေးအသားမရှိသေးချေ။ မွန်လူမျိုးတို့၏စာပေကိုသာ မွန်ပညာရှင်မျာ၏ အကူအညီဖြင့် ရေးသားနေကြရလေ၏။ အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီ-၁၀၇၇-၁၀၈၄) ၄င်းနောက် ကျန်စစ်သားမင်း (အေဒီ-၁၀၈၄-၁၁၁၃) လက်ထက်တွင် ´´ဇေယျခေတ္တရာ´´အမည်ရှိသော သားတော် ´ရာဇ ကုမာရ်´သည် ပုဂံ၌´မြစေတီဘုရား´ကိုတည်၏။ မြစေတီဘုရား၌ သူ၏ ကုသိုလ်တော် မှတ်တမ်းကို ´ပါဋိ၊ မြန်မာ၊ မွန် ၊ပြူ´ ဟူ၍ ဘာသာလေးမျိုးဖြင့်ကမ္မည်းစာရေးထိုးစေခဲ့ပါသည်။

ယင်း မြစေတီ ဘုရားကျောက်စားကား ပုဂံခေတ် ကျောက်စာများအနက် ´ရှေ့အကျဆုံး ကျောက်စာ´ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇၊ ကောဇာ-၄၇၅-ခု (ခရစ်အေဒီ- ၁၁၁၃)တွင် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌´ပြူလူမျိုး´ တို့ရှိနေသေးသည်ကိုတွေ့ရ၏။

ရခိုင်တို့၏ လေးမြိုးခေတ်

ရခိုင်တို့၏လေးမြို့ခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိကြာမြင့်ခဲ့သည်ကိုတွေ့ရှိရ၏။ လေးမြို့ခေတ်ဆိုသည်မှာ အဉ္စနနဒီမြစ်၏ ၀ဲယာ၌ ပဉ္စာမြို့ ပုရိန်မြို့ နေရဉ္စ၇ာ တောင်ငူမြို့
လောင်းကြက်မြို့ဟူ၍ မြို့လေးမြို့ တည်ရှိခဲ့သည်ကို အကြောင်းပြု၍ ´လေးမြိုခေတ်´ ဟုခေါ် တွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတို့၏ ပျဉ်ပြားမင်းသည် ယခုလက်ရှိ ´ပုဂံမြို့´ ကိုမတည် ဆောက်ရသေးမီ(၃၁)နှစ်အလိုက လေးမြို့ခေတ် ရခိုင်ဘုရင် ´ခေတ္တသင်မင်း´ သည် ပဉ္စာမြို့´ ကို

သာသနာ၁၃၆၂ ခု၊ ကောဇာ ၁၈၀-ခု၊ (အေဒီ-၁၈၁) တွင် တည်ဆောက်ထာပြီးဖြစ်နေပါသည်။

ရခိုင်တို့၏လေးမြိုခေတ်´ခေတ္တသင်မင်း´ လက်ထက်တွင် ထေရ၀ါဗုဒ္ဒသာသနာထွန်းကားနေမှုကို မဆိုထားဘိ၊ လေးမြိုခေတ်၏ အထက်က
ဝေသာလီကျောက်လှေကားခေတ် (အေဒီ-၃၂၇-မှ ၈၁၈ထိ) တွင် လည်းကောင်း တတိယဓည၀တီခေတ်(ဘီစီ-၅၆၉ မှ အေဒီ ၃၂၆ ထိ) တွင် ၄င်း ထေရ၀ါဒဗုဒ္ဒသာသနာနှင့်အတူစာပေယဉ်ကျေးမှု အနုပညာများထွန်းကားလျှက်ရှိနေပြီဖြစ်ကြောင်း ယုံမှားသံသယမရှိ ခိုင်မာသော အထောက်အထားများက သက်သေပြုလျှက်ရျိနေကြပြီဖြစ်ပါသည်။

ယင်းတိုအနက် လေးမြို့ခေတ် (အေဒီ-၈၁၈-မှ ၁၄၃၀ထိ) ပဉ္စာမြိုတည်´ခေတ္တသင်မင်း´မှ(၃)ဆက်မြောက်´
ဘုရင်မင်းရင်ဖြူ´ လက်ထက် (အေဒီ-၈၄၃ မှ ၈၇၃ ထိ) အေဒီ ၈၄၇တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဒဆင်းတုတော်
(ဥာဏ်တော်အမြင့် ၁ပေ ၂.၃ လက်မ၊ ယခုအခါစစ်တွေမြို၊ ခေါင်းလောင်းကျောင်းတိုက်တွင် ကိန်းဝပ်လျှက်ရှိသည်၊။) ၏
´စမ္မခဏ်းကမ္မညာ်းစာ´ ကိုသာ ရခိုင်စာပေဘက်က ခိုင်မာသော အထောက်အထား တစ်ခုအနေဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။

ဘုရားဆင်းတုတော် စမ္မခဏ်ကမ္မည်းစာ

အဆိုပါဘုရား၏ စမ္မခဏ်စာမှာ ယခုခေတ်´မြန်မာစာ´ဟုသတ်မှတ်ခံထားရသော´ရခိုင်စာ´ အရေးအသားဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်ကို အောက်ပါအတိုင်းတွေရှိရသည်၊
´သက္ကရာဇ် ၉၊ကဆုန်လဆန်း ၆ရက်၊ တနင်္လာ၅ါးနာရီကျော်သော..ရောက်…ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှုဘုရား ပဉ္စလောစာပြီးပြည့်စုံသည်၊ ဘုရားပြုသှောဝ် အကျိုးဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသှော…..။
ဟူ၍ ရေးထိုးထားပါသည်။

အထက်ဖေါ်ပြပါဘုရား၏´စမ္မခဏ်ကမ္မည်းစာ´ ကိုပြည့်စုံအောင်ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအတိုင်းဖြစ်ပါသည်။

သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ရက်၊ တနင်္လလာနေ့ ၅ နာရီကျော်သော (အချိန်) ရောက်(သောအခါ) ကြေးသွန်းအပ်သည်။ ငါမင်းရင်ဖြူကောင်းမှု ဘုရားကို ပဉ္စလောဟာဖြင့်(သွန်းလုပ်)ပြီးပြည့်စုံသည်။ ဘုရားပြုသောအကျိုးအားဖြင့် ဘုရားမချွတ်ဖြစ်စေသော်´ဟူ၍ဖြစ်ပါသည်။ လေးမြိုခေတ် ရခိုင်ဘုရင် မင်းရင်ဖြူသည် အထက်ဖေါ်ပြပါ ဘုရား၏ ´စမ္မခဏ်ကမ္မည်းစာ´ ကို ရက္ခ၀ဏအက္ခရာ-ရခိုင်စာ´ဖြင့်ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ခု၊ ခရစ်အေဒီ ၈၄၇ ဖြစ်ရာ မြန်မာတို့ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂) နှစ်အလိုက ဖြစ်ပါသည်။ သို့ဖြစ်၍´ရာဇကာမာရ်ကျောက်စာခေါ် မြစေတီကျောက်စာ´ သည် ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် ´ပုဂံမြို့ ပင်မရှိသေးသောကြောင့် ´မြန်မာစာပေ´ အရေးအသားမှာလည်း မြန်မာတို့အနေဖြင့်´အိမ်မက်တောင်မက်ဖို့´မလွယ်ကူသေးချေ။

မြန်မာလူမျိုးနှင့်မြန်မာစာ

မြန်မာသမိုင်းဆရာများက မြန်မာသည်´ပြူလူမျိုး´ ကဆင်းသက်လာသူများဟုခံယူထားကြ၏။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့်မြန်မာတို့သည် ´ပြူစာ´ကို မိခင်စာပေအဖြစ် ရပ်တည်အောင်မဆောင်ရွက်နိုင်ကြခဲ့ပါသနည်း? ဟုမေးစရာရှိနေပါသည်။ယခုအခါ ပြူလူမျိုးနှင့်ပြူစာပေမှာ မြန်မာမြေမျက်နှာပေါ်က လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားကြပြီဖြစ်၏။ အချိုသမိုင်းဆရာများက မြန်မာစာသည်´မွန်စာ´က ဆင်းသက်လာသော စာဟုကြံဆကြပြန်၏။ ထို့သို့ဆိုလျှင် လည်း အဘယ်ကြောင့်မြန်မာတို့သည် ´မွန်စာ´ ကိုနိုင်ငံသုံးစာပေအဖြစ် ရပ်တည်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါသနည်း။ ဟုမေးစရတွေအများကြီး ရှိနေပါသည်။ အမှန်က ´ပြုစာ´ သည် ပြူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး ´မွန်စာ´ သည်လည်း မွန်လူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသော စာပေဖြစ်ကြောင်းလေ့လာတွေ့ရှိရပေသည်။ ယနေ့မျက်မှောက်ခေတ် ´မြန်မာစာ´ ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ သည်လည်း ရခိုင်လူမျိုးတို့နှင်သာ တိုက်ရိုက်သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့သည် ကိုယ့်စာပေကို ခေတ်အဆက်ဆက်တည်တံ့အောင် ထိန်းသိန်းစောင့်ရှောက်လာခဲ့ကြ သည်မှာ ခေတ် တိုင်းခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော ´ရခိုင်စာပေအထောက်အထားများ´ကသက်သေပြုလျှက်ရှပေတောသည်။

မြစေတိကျောက်စာ၌ ပါရှိသော ´မြန်မာစာ´ ကိုမြန်မာသမိုင်းဆ၇ာများက ´ပျူစာကဆင်းသက်လာသောစာ´ဟုထင်မြင်ချက်ပေးကြ၏။ အလားတူ အချိုသမိုင်းဆရာများက`မွန်စာကဆင်းသက်လာသောစာ´ဟူ၍လည်းထင်မြင်ချက်ပေးကြပြန်၏။

အမှန်ကယင်း´ပြူစာနှင့်မွန်စာ´နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီကျောက်စာ၌ ပါရှိနေပြီးဖြစ်သောကြောင့်၊ ယင်းစာနှစ်မျိုးက ဆင်းသက်လာသောစာဟု သတ်မှတ်နေကြခြင်းသည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့မည်သည် အချိန်ကာလတစ်ခုတည်း၌ နေ့ချင်ညချင်းပြောင်းလွဲရိုးထုံးစံမရှိသောကြောင့်တည်း.။ ပြောင်းလဲဖို့ဆိုသည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့်အောင် စောင့်ဆိုင်းရပေလိမ့်မည်။ မြစေတီကျောက်စာ (´မြန်မာ) သည်ပြူစာနှင်မွန်စာက ဆင်းသက်လာသောစာမဟုတ်ကြောင်းကို ´မြစေတီကျောက်စာ´ကပင်လျှင် အခိုင်လုံဆုံး သက်သေပြုလျက်ရှိနေပေတောသည်။

အမှန်က ´မြစေတီကျောက်စာ´၌ပါရှိသော ´မြန်မာစာ´သည် ´ပြောင်းလဲလာသောစာ´ မဟုတ်ပဲ´ရောက်ရှိလာသောစာ´ဟုဆိုမှ သဘာဝယုတ္တိကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျှက် မသိချင်ယောင်ဆောင်နေခဲ့ကြပြီး အဖြစ်မှန်ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြသည်ကိုတွေ့ရ၏။

အဖြေမှန်ကိုသိရှိလိုပါက
လေးမြိုးခေတ်၊ ပဉ္စာမြို့(၁၂) ဆက်မြောက်မင်းဘီလူးကို အေဒီ-၁၀၆၈တွင်´၀ရောင်းငှက်အသင်္ခယာ´အမတ်ကလုပ်ကြံသဖြင့် ကွယ်လွန်သည်။ မင်းဘီလူး၏သားဖြစ်သူ အိမ်ရှေ့မင်းသား´မင်းရဲဘယ´ သည် မိဖရား´စောပေါက်ညို´ပေါက်ညိုမြ)နှင့်အတူ ရခိုင်ပညာရှိအမတ်အချို့လိုက်ပါလျှက် ´ဘူးရွက်မညှိုးလမ်း´ ကအရှေ့ပုဂံပြည်သို့ထွက်ပြေးကာ ´အနော်ရထာ´ မင်းထံခိုလှုံခဲ့ရသည်။ အဆိုပါ မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း(၃၅) နှစ်ခန့်ကြာမြင့်အောင် အမှုတော်ထမ်းရွက်ကာ နေထိုင်ခဲ့ကြရသော သမိုင်းကြောင်းကိုလည်းကောင်း၊ ပုဂံမင်းအနော်ရထာအား ´ရခိုင်ဝေသာလီ´က´ပဉ္စကလျာဏီမင်းသမီး´ကိုဆက်သရာတွင် ´ကျန်စစ်သား´ ကို ရသည်ဟူသောသမိုင်းကြောင်းကိုလည်းကောင်း၊ ကျန်စစ်သားသည် မြေးတော်အလောင်းစည်သူကို ပုဂံထီးနန်းကိုပေးအပ်ပြီး´ဇေယျခေတ္တရာ´အမည်ဖြင့်သားတော်ရာဇကုမာရ်မင်းသားကို´ဓည၀တီနှင့်တောင်စဉ်ခုနှစ်ခရိုင်´(မြန်မာရာဇ၀င်အလို) ကိုစားစေခဲ့သော သမိုင်းကြောင်းကိုလည်းကေင်း၊ ပုဂံမင်းတို့အထံ၌ ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှူဒကာ များ အဖြစ်ခံယူကာမြန်မာတို့၏နယ်မြေ၌ ရှိနေခဲ့ကြသည်ဟူသော သမိုင်းကြောင်းကိုလည်းကောင်း၊ မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က ´အောက်သား´ဟုနာမည်ပေးကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ကြသည့် သမိုင်းကြောင်းကိုလည်းကောင်း၊ ´ရဟန္ဒာထွေး(ခေါ်) အသျှင်ဒိဗစက္ခု´ အမည်ရှိသော ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ်သည် ဥပဇ္ဈာယ်ဆရာ´မဟိဒ္ဒပါလမထေရ်မြတ်´ ၏ စေလွတ်ချက်အရ ပင်းယမြိုသို့ ကြွရောက်၍ သာသနာပြုခဲ့ရသော သမိုင်းကြောင်းနှင့် ပင်းယတစ်စီးရှင် သီဟသူ၏ မင်းဆရာအဖြစ်ကိုးကွယ်ဆည်းကပ်မှုကို ခံယူခဲ့ရသော သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ထားကြမည်ဆိုပါက အဖြေမှန်ပေါ်ပေါက်နိုင်လိမ့်မည်မဟုတ်ချေ၊

ပုဂံခေတ်ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးများသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာရများဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

၁။ ကြာသပတိယ်နိယ်၊
၂။ သုကြာိနိယ်၊
၃၊ လှိယ်၊
၎၊ ရိတ်မှုတ်၊
၅။ အတုမဟါသော၊
၆၊ ခြုပ်မ၊
၈၊ အစ်ကို၊
၉၊အစ်မ၊
၁၀၊ ပန်စင်၊
၁၁၊ ကခြီသည်၊
၁၂၊ ပညာမဟိယ်သော၊
၁၃၊ အလှုပိယ်လိုဝ်သော၊
သင်္ဃတိုဝ်၊
ဤယ်သူ၊
ပတ္တမြာစာတီ၊
လှုခ၏၊
ခြီလက်၊
ခြိယ်ဆယ်ရိယ်၊
လက်ဆိရယ်၊
မပ္လုရကြောင်ဆိုဖီလတ်၊
နိယ်ရလိယ်၏၊
အသရိယ်ဟိသော၊
ခရိုန်
စသောဝေါဟာရများကို ယနေ့ခေတ် မြန်မာတိုပြောဆိုနေကြသေးလား? ဟုမေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပါယ်ကို သိရှိအောင်မနည်း ကြိုးစားကြရမည်ဟုထင်ပါသည်။

အဓိပါယ်ကို-၁၁၁၃ ခုတွင် ရေးထိုးခဲ့သောမြန်မာတို့၏ ရှေ့အကျဆုံးဖြစ်သည့် မြစေတီကျောက်စာထက် လေးမြို့ခေတ် အေဒီ-၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်းမှုတော်ဘုရား၏ စမ္မခဏ်ကဗ္မည်းစာက နှစ်ပေါင်း(၂၆၆) နှစ်စော၍ ရှေ့ကျနေကြောင်း သိရှိရပါသည်။

ထို့ကြောင့်´မြန်မာနိုင်ငံတွင် မြန်မာစာအရေးအသားကို မည်သည့်လူမျိုးတို့က ရှေ့ဦးစွာစတင်ရေးသားခဲ့ကြပါသနည်း?
ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်ပါးစာတမ်းက အထိုက်အလျှောက် အဖြေပေးနိုင်လိမ့်မည်ဟုယူဆပါသည်။

နိဂုံးချူပ်အနေဖြင့်ဆိုရသော်
´ရခိုင်လူမျိုးနှင့်မြန်မာစာ´ မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။
စကားပြောဟန်ရေးနည်းနှင့်စာ အသုံးရေးနည်းသာ ခြားနားချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူတူပင်တည်း။ သို့ဖြစ်၍ ယနေ့ မျက်မှောက်ခေတ် ´မြန်မာစာ´ ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´ကိုယ်ပိုင်စာပေ´ဖြစ်ကြောင်းအကြွင်းမဲ့ခံယူထားကြသည်ကို သုတေသနပြုကာ ရေးသားတင်ပြလိုက်ရပေသည်။

´ရခိုင်စာပေ´အဖြစ်မှန်ပေါ်ပေါက်ပါစေ….

ဒွါရာဝတီ အသျှင်ကုသလ

(ကိုးကားသောကျမ်းများ)
၁။ မြစေတီကျောက်စာ။။လှသမိန်
၂။ ပုဂံခေတ်နိုင်ငံရေးသမိုင်း။။ဒေါက်တာသန်းထွန်း
၃။တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။။ဒေါက်တာ သန်းထွန်း
၎။ကျောင်းသုံးမြနမာရာဇ၀င်။။ဦးဘသန်း
၅။မင်းရင်ဖြူကောင်းမှုတော်ဘုရားစမ္မခဏ်ကမ္မည်းစာ
၆။ သာသနာလင်္ကာရစာတမ်း။(မူဟောင်း) မဟာဓမ္မသင်္ကြ
၇။ရွေဘိုနိဒါန်း။ဇယသခ်ယာ
၈။ဒွါရာဝတီ-အသျှင်ကုသလမှတ်စု တို့ကိုမှီငြိမ်း၍ ကူးယူဖော်ပြထားပါသည်။

အသျှင်ရက္ခိတ၀ံသ ( မြီပုံ )
အားလုံးသူကို သိစေချင်လို့ မျှဝေပေး(မျှဝီပီး)လိုက်ပါသည်
ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ

November 29th, 2012 .

ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသော ဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။ မြန်မာစာ မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ် ချက်ဖြင့် ဤဆောင်းပါး ကို ရေးသား ရခြင်း ဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင့် ရခိုင်လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ကိုယ်ပိုင်စာပေ´´ အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။
မြန်မာနိုင်ငံတွင် မြန်မာစာဟု သတ်မှတ်ခံ ထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´´ရခိုင်စာဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့် အခါ၌ ရခိုင်စကား အပြောအသုံး အနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထား သည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာရေ သားနေကြခြင်း ဖြစ်ပါ သည်။ ယင်းစာ အမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏ အက္ခရာ´ ဟုအမည် ပေးကာ ခေါ်ဝေါ်သ မှုပြုနေကြသည်ကိုလည်း တွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုး ပေါင်း´၁၃၅´ မျိုးရှိကြသည့်အနက်´ မြန်မာစာ အရေးအသားကို မည်သည့်လူမျိုးတို့ က´ရှေ့ဦးစွာ စတင်ရေး သား´ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေး သူယူဆပါသည်။
အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံး သဘောထားကြီးစွာဖြင့် လက်ခံ အတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တာရပ် ခံလိုပ်သည်။ မြန်မာနိုင်ငံအတွင်း၌ကား ရှေ့က ရခိုင်လူမျိုးတို့တွင် ´ရခိုင်စာ´၊ မွန်လူမျိုးတို့ တွင်´မွန်စာ´၊ ပြူ(ပျူ) လူမျိုးတို့ တွင် ´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင် စာပေအသီးသီး ရှိခဲ့ကြသည်အနက်သည် ဆောင်းပါးသည် ´မွန်နှင် ပျူစာ´ကို လေ့လာဆန်းစစ်မှု မပြုတောပဲ´မြန်မာစာဟု သတ်မှတ်ခံထားရ သော´ရခိုင်စာ´ကိုသာ နှစ်ဖက် နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှာပြီးခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင်အထောက်အထား တစ်ခုစီကိုသာထုတ်နှုတ်၍ ရေးသားတင်ပြသွားပါမည်။

အထောက်အထားရှိတိုင်း အကျယ်တ၀င့် တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာ ပေးနိုင် သည် မဟုတ်ပါ။ ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း မြန်မာစာပေ´ကို ရေးသား နေကြ သည့်´ရခိုင်လူမျိုးနှင့် မြန်မာလူမျိုး´´တို့၏ ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်သော် ဤသို့တွေ ရ၏။

ပုမင်း အင်းတောင်ညောင်ရမ်းနောင် ကုန်းဘောင် ခုနစ်ဆက်´´ဟူသောသင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊
ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ခေတ်(၆)ခေတ် ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။

ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ် ၊ဝေသာ လီကျောက်လှေကားခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော်အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြိုခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ ဘက်ကပုဂံ၏ထင်ရှား သော´ရာဇကုမာရ် ကျောက်စာခေါ်မြစေတီ ကျောက်စာ´´ကို ခိုင်မာသောအထောက် အထားအဖြစ်တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့ ခေါင်းလောင်း ကျောင်းတိုက်ရှိ လေးမြို့ခေတ်´ရခိုင် ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော်ခဲ့သော ဘုရား၏ ´စမ္မခဏ်း ကမ္မည်းစာ´ကိုခိုင်မာသော အထောက်အထား အနေဖြင့် တင်ပြသွားမှာ ဖြစ်ပါသည်။
မြန်မာတို့၏ ပုဂံခေတ်..



ကြာ၊ မိုး၊ အံ၊ ပုဂံ တည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကို တည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊
ပုဂံ ပျက်ချိန်ကား´စောမွန်နစ်မင်း´(အေဒီ.၁၃၂၅ မှ ၁၃၆၉) လက်ထက်တွင် ဖြစ်လေ၏။ ပျဉ်းပြား မင်းသည် ပုဂံမြိုကို တည်ဆောက်နေသည် အချိန်တွင် ပုဂံ၌ ´ထေရ၀ါဒ ဗုဒ္ဒသာသ နာ´´မရောက်ရှိသေး၊ အလားတူ´မြန်မာစာ´ဟူသော စာပေရေးသားမှု အတတ်ပညာသည် လည်း လုံးဝမရှိသေးသည်ကို တွေ့ရ၏။ ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက် တန်နက်မင်း(အေဒီ-၈၇၈-၉၀၆)၊ ၄င်းနောက် စလေငခွေးမင်း(အေဒီ ၉၀၆-၉၁၅)၊ ၄င်းနောက် သိန်းခိုမင်း (အေဒီ ၉၁၅-၉၃၁)၊ ၄င်းနောက် ညောင်ဦး စောရဟန်းမင်း (တောင်သူမင်းကြီး) (အေဒီ-၉၃၁-၉၆၃) ၄င်းနောက်
ကွမ်းဆော် ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက် စုက္ကတေမင်း (အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက် အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒ ဗုဒ္ဒသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´ဟူသောအရေးအသားမရှိသေးချေ။ မွန်လူမျိုးတို့၏စာပေကိုသာ မွန်ပညာရှင်မျာ၏ အကူအညီဖြင့် ရေးသားနေကြရလေ၏။ အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီ-၁၀၇၇-၁၀၈၄) ၄င်းနောက် ကျန်စစ်သားမင်း (အေဒီ-၁၀၈၄-၁၁၁၃) လက်ထက်တွင် ´´ဇေယျခေတ္တရာ´´အမည်ရှိသော သားတော် ´ရာဇ ကုမာရ်´သည် ပုဂံ၌´မြစေတီဘုရား´ကိုတည်၏။ မြစေတီဘုရား၌ သူ၏ ကုသိုလ်တော် မှတ်တမ်းကို ´ပါဋိ၊ မြန်မာ၊ မွန် ၊ပြူ´ ဟူ၍ ဘာသာလေးမျိုးဖြင့်ကမ္မည်းစာရေးထိုးစေခဲ့ပါသည်။

Heavy metals and health သတ္တုလေး (heavy metals) တွေရဲ့ အဆိပ်သင့်မှု Written by ဒေါက်တာခင်မောင်ညို Sunday, 16 December 2012 14:09

Dumb Brain
မြန်မာတပြည်လုံး အဆိပ်တို့ဖြင့်လွှမ်းစေ၊ ငါဆက်လုပ်မည်

Heavy metals and health သတ္တုလေး (heavy metals) တွေရဲ့ အဆိပ်သင့်မှု PDF Print
Written by ဒေါက်တာခင်မောင်ညို
Sunday, 16 December 2012 14:09
AddThis Social Bookmark Button

thn-16-12-1

''ဆရာ ကိုဘသစ်ခင်ဗျား၊ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ် ပြန်သွားတာရှိတယ်။အဲဒါကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အက်ဆစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိတဲ့ ကလေးငယ်လေးဦးကို ရန်ကုန်ကလေးဆေးရုံက စုံစမ်းစစ်ဆေးတယ်လို့ ဆိုတယ်။အဲဒီ ကလေးထဲက သုံးဦးကတော့ သူငယ်နာအကြောနဲ့ ကြွက်သား အားနည်းရောဂါ (Cerebral Palsy) ဖြစ်ပြီး တစ်ဦးကတော့ ဦးနှောက်အကျိတ် (braintumour) ဖြစ်တယ်လို့ဆိုတယ်။ ဒီလို စစ်ဆေးလိုက်တော့ အက်ဆစ်ကြောင့် ဖြစ်တဲ့ရောဂါများ မရှိဘူးလို့ အစီရင်ခံထားတယ်။ အဲဒါ ဆရာ့သဘောထားအမြင်ကို သိပါရစေ''

ကိုဘသစ်သည် ခုတလော အတော်နာမည်ကြီးနေသည်။ သူ့ကို ဓာတုဗေဒဆရာမှန်း သိသွားသော ဂျာနယ်လစ်များက သတင်းအင်တာဗျူးတွေ လုပ်ကြသည်။တကယ်တမ်း အင်တာဗျူးလုပ်ခံရသူသည် ပိုက်ဆံ မရသလို အန္တရာယ်တွေလည်း ကြီးပါသည်။ သူသည် အလုပ်မှအနားယူထားပြီး အေးအေးချမ်းချမ်းဘ၀ကို တည်ဆောက်နေသူဖြစ်သည်။ ယခု မေးခွန်းတွင် အဖြေမျိုးစုံရှိပါသည်။

ထိုကိစ္စမျိုးတွင် စကားတစ်လုံးသည် ဘီလျံ ဒေါ်လာတန်ဖိုးရှိသော လုပ်ငန်းကို ပျက်စီးသွားနိုင်သောကြောင့် ဖြစ်သည်။ ဥပမာ အာဖရိကစိန်တွင်းများကို အမှီပြုကာ အစိုးရကို တော်လှန်ပုန်ကန်နေသော တောင်အာဖရိကမှ သူပုန်အဖွဲ့သည် စိန်များကို ထုတ်ပြီး လက်နက်ဝယ်နေသည်ကို ဂျာနယ်လစ်တစ်ယောက်က ထိုစိန်များကို Blood Diamond (သွေးစွန်းနေသောစိန်များ)ဟု ရေးခဲ့သောကြောင့် စိန်တွင်းများကို လုပ်ကိုင်နေသော

Thursday, December 20, 2012

သက်ဦးဆံပိုင် ဘုရင်စနစ်မှာ သာမန် တောင်သူလယ်သမားတွေက ရှင်ဘုရင်ကို တရားပြန်စွဲပြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ဘူးတယ်ဆိုတာ

Ter Tee and 3 other friends shared Kyaw Thu Yein's status update.
သက်ဦးဆံပိုင် ဘုရင်စနစ်မှာ သာမန် တောင်သူလယ်သမားတွေက ရှင်ဘုရင်ကို တရားပြန်စွဲပြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ဘူးတယ်ဆိုတာ ယုံနိုင်စရာတောင် မရှိဘူးဗျာ။ ဘိုးတော်ဘုရား (ဦးဝိုင်း) လက်ထက်မှာ ဖြစ်ခဲ့တာ။ တစ်ရက် လွှတ်တော်မှာ ၀န်ကြီးစုံညီ အစည်းအဝေးလုပ်နေတုန်း ရတနာသိင်္ခက လယ်သမားကြီးတွေ ရောက်လာကြသတဲ့။ တကယ်တော့ အဲဒီလယ်သမားကြီးတွေဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ဆွေတော်မျိုးတော်တွေဖြစ်ပေမယ့် မင်းစိုးရာဇာလို မနေချင်လို့ တောင်သူကြီးအလုပ်ပဲ ပြန်လုပ်နေကြတဲ့ သူတွေပဲ။ ဘိုးတော်ဘုရား နန်းတက်ပြီးတော့ သူပိုင်တဲ့လယ်တွေကို ရွှေကြိုးတားသတဲ့။ အဲဒီလိုရွှေကြိုးတားပြီး နယ်နိမိတ်ပိုင်းခြားသတ်မှတ်တဲ့အခါ ချိုင့်တွေ၊ လျှိုတွေ၊ ဂမူတွေ ရှိနေလို့ သူပိုင်လယ်ကွက်အပြင် နီးစပ်ရာ လယ်ကွက်တွေကိုပါ ထည့်ပြီး ပိုင်းဖြတ် ရွှေကြိုးသတ်မှတ် ကြတဲ့အခါ ဒေသခံ တောင်သူတွေရဲ့ လယ်ကွက်တွေပါ ဘုရင်ပိုင်လယ်ကွက်ဖြစ်ကုန်လေတော့ အဲဒီလယ်သမား ကြီးတွေက ဘုရင်ကို ပြန်တရားစွဲဖို့ လွှတ်တော်ရောက်လာကြတာ။ 

တွဲဖက်၍ မစားသင့်သော အစာများ Posted lu bo Monday, December 10, 2012 at 11:26 PM

Htun Gla shared General Knowledge's photo.
တွဲဖက်၍ မစားသင့်သော အစာများ

Posted lu bo Monday, December 10, 2012 at 11:26 PM 

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး
• ကျွဲသား နှင့် ကြာစွယ်ကြာဥ
• ကြက်သွန်ဖြူ နှင့် နို့ရည်
• ကြံ့သား နှင့် ငါးခူ၊ ငါးဒန်
• ကြက်သား နှင့် အင်ဖူး
• ကြက်ဟင်းခါးသီး နှင့် မှို
• ကြက်ဟင်းခါးသီး နှင့် ကြက်သား
• ကိုင်းဥ နှင့် ပုဇွန်ချဉ်
• ကြက်ဥ နှင့် ခံသီး
• ကြက်ဥ နှင့် တမာရွက်၊ တမာဖူး
• ချင်း နှင့် သင်္ဘောသီး၊ သင်္ဘောပွင့်
• ချောကလက် နှင့် စောင်းလျား
• ချောကလက် နှင့် ပဲမြစ်
• ချိုချဉ် နှင့် ပဲငါးပိ
• ချဉ်ဆီ နှင့် ထောပတ်
• ခရမ်းပိမ့်သီး နှင့် နို့ရည်
• ခရု နှင့် အမဲသား
• ခိုသား နှင့် ချင်းစိမ်း
• ခိုသား နှင့် ခြေလေးချောင်းသား
• ခိုသား နှင့် မုန်ညင်းဆီ
• ခံသီး နှင့် ငရုတ်ကောင်း
• ခံသီး နှင့် နို့ရည်
• ချီးသီး နှင့် နို့ရည်
• ခံသီး နှင့် ပီလောပီနံဥ
• ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
• ဂွေးရွက် နှင့် နို့ရည်
• ဂွေးသီး နှင့် အာတာလွတ်ဥ
• ဂွေးသီး နှင့် နို့အေးချောင်း
• ဂွေးသီး နှင့် ပီလောပီနံဥ
• ဂျယ်လီ နှင့် ကော်ဖီ
• ငရုပ်ကောင်း နှင့် ခံသီး
• ငွေ နှင့် ရှိန်းခို
• ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
• ငါးဆီ နှင့် ပိတ်ချင်းရွက်
• ငှက်ပျောသီး နှင့် မှို
• ငါးရံ့သား နှင့် ပွေးသား
• ငုံးသား နှင့် စောင်းလျား
• ငုံးသား နင့် ခိုသား
• ငှက်သား နှင့် ကြက်ဆူဆီ
• ငါးပူတင်းဥများ
• ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း
• စတော်ဘယ်ရီ နှင့် သီးသီး
• စားတော်ပဲ နှင့် သီးသီး
• စိန် နှင့် သံပရာသီး
• စိမ်းစားဥ နှင့် ချောကလက်
• စိမ်းစားဥ နှင့် ရေခဲချောင်း
• စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
• စောင်းလျားသီး နှင့် ခိုသား
• စောင်းလျားသီး နှင့် ရှောက်သီး
• ဆေးခြောက် နင့်နနွင်းရည်
• ဆီ နှင့် ဆီခဲစပ်တူ
• ဆင်သမနွယ်ရွက် နှင့် နို့ရည်
• ဆောင်မေခါးရွက် နှင့် နို့ရည်
• ဆိတ်ဖူး နှင့် ငှက်ပျောဖူး
• ဆိတ်သား နှင့် ကျွဲသား
• ဆတ်သား နှင့် ဆူးပန်းရွက်
• ဆတ်သား နှင့် နို့ရည်
• ဆိတ်နို့ နှင့် ဆူးပန်းရွက်
• ဆပ်ပြာ နှင့် အုန်းရည်
• ဆပ်ပြာ နှင့် အချဉ်မျိုး
• ဆိတ်နို့ဆိတ်သား နှင့် ငါးကြီးဆီ
• စောင်းလျားသီး နှင့် ပီလောပီနံဥ
• ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး
• တလည်းသီး နှင့် နို့ရည်
• တလည်းသီး နှင့် ပဲကြီး
• တောပဲရိုင်း နှင့် နို့
• တောင်ပိန္နဲသီး နှင့် နို့ရည်
• တေဇောဘမ်း နှင့် ခါချဉ်ကောင် ကိုက်သည် ကိုမလိမ်းရ၊
• ထနောင်းရွက် နှင့် မန်ကျည်းသီးမှည့်
• ထုံး နှင့် မြင်းသား
• ထန်းလျက် နှင့် နလင်ကျော်
• ထန်းလျက် နှင့် သပြေသီး
• ထန်းရည်ချို နှင့် ဝက်သား
• ထန်းသီး နှင့် နို့မျိုး ချဉ်
• ထန်းလျက် နှင့် သပြေသီး
• ထောပတ် နှင့် ကြေးခွက်
• ထောပတ် နှင့် ဆီခဲအမျိုးမျိုး
• ထုံးရေတို့တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
• ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
• ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း
• ဒန့်သလွန်ရွက် နှင့် နို့ရည်
• ဒန့်သလွန်သီး နှင့် ကလောဥ
• ဒိန်ချဉ် နှင့် ထန်းသီးမုန့်
• ဒုတ္တာ နှင့် အချဉ်မျိုး
• ဒူးရင်းသီး နှင့် ရှိန်းခို
• ဒေါင်းသား နှင့် နို့ချဉ်
• ဒေါင်းသား နှင့် ပီလောပီနံ
• နလင်ကြော် နှင့် ထန်းလျက်
• နလင်ကြော် နှင့် အချဉ်
• နို့ခဲပျက် နှင့် ပဲဒလက်
• နို့မျိုး နှင့် ဆား
• နို့မျိုး ချဉ် နှင့် ပီလောပီနံဥ
• နို့စိမ်း နှင့် အချဉ်မျိုး
• နို့ရည် နင့် စောင်းလျားသီး
• နို့ရည် နှင့် ကုလားပဲ
• နို့အေးချောင်း နှင့် သခွားသီး
• နို့အေးချောင်း နှင့် ဘူးသီး
• နှမ်းမှုန့်ဆုပ် နှင့် တလည်းသီး
• ပတဲကော နှင့် သံပရာသီး
• ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
• ပရုတ်ဆီ နှင့် ကရင်နီကောင်ကိုက်သည့်နေရာကို မလိမ်းပါနှင့်
• ပဲကြီး နှင့် မုန်လာ
• ပဲဒလက်စေ့ နှင့် ဆူးပန်း
• ပဲလင်းမြွေသီး နှင့် လင်းမြွေသား
• ပဲဒလက်စေ့ နင့်ဆိတ်သား
• ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
• ပိန္နဲသီး နှင့် ပျားရည်
• ပီလောပီနံ နှင့် ပျားရည်
• ပီလောပီနံ နှင့် ပေအူ
• ပေရည် နှင့် ငှက်သား
• ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
• ပျားရည် နှင့် မိုးရည်
• ပျားရည် နှင့် ကင်းပိတ်ရွက်
• ပျားရည် နှင့် ရှားစောင်း
• ပျားရည် နှင့် ပိတ်ချင်းရွက်
• ပုန်းရည် နှင့် ဗျိုင်းအောက်သား
• ပြောင်းသား နှင့် နို့ရည်
• ပိုင်ရီတွန် (Piriton) နှင့် အရက်
• ဖရဲသီး နှင့် နို့မျိုး
• ဖရဲသီး နှင့် ဘဲဥ
• ဖားသား နှင့် မှို
• ဖွတ်သား နှင့် ကြက်ဆူဆီ
• ဖောင်စီးဂဏန်း နှင့် မှို
• ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
• ဖန်ခါးသီး နှင့် ပီလောပီနံဥ
• ဗုံလုံသီး နှင့် ပီလောပီနံ
• ဗျိုင်းသား နှင့် ဝက်ဆီ
• ဗျိုင်းအောက်သား နှင့် ဝက်ဆီ
• ဗျိုင်းနှမ်းနှင် သေရည်
• ဘူးသီး နှင့် ကြက်တူရွေးသား
• ဘာစပရိုဆေးပြား နှင့် သံပရာသီး
• ဘာမီတွန် Burmeton ဆေးပြား နှင့် ထန်းလျက်ခဲ
• ဘာမီတွန် Burmeton နှင့် Tiffy တစ်ဖီအစိမ်းရောင် ကတ်
• ဘီလုံးငှက်သား နှင့် ကြက်ဆူဆီ
• ဘာစပရို Buspro ဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊
• မဲနယ်အိုး နှင့် သားငါး
• မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
• မိချောင်းသား နှင့် နနွင်း
• မန်ကျည်းသီး နှင့် နို့ရည်
• မင်းကွတ်သီး နှင့် သကြား
• မတ်ပဲ နှင့် တင်လဲ
• မတ်ပဲ နှင့် မုန်လာ
• မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
• မုန်လာမြစ် နှုင့်ပျားရည်
• မုန်လာ နှုင့် မတ်ပဲ
• မှို နှင့် ရှားစောင်း
• မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
• မြေဇာဥ နှင့် သစ်ကြားသီး
• မျောက်တည်သီး နှင့် နို့ရည်
• မြွေသား နှင့် ငါးရံသား
• မြန်မာလျက်ဆား နှင့် သွားတိုက်ဆေး
• မြင်းခွာရွက် နှင့် သခွားသီး
• မက်ထရိုနီဒါဇော (Meronidazole) နှင့် အရက်
• ယုန်သား နှင့် မှို
• ရာဘာချဉ် နှင့် ဆိတ်သား
• ရှာလကာချဉ် နှင့် ပီလောပီနံ
• ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
• ရေခဲသုပ် နှင့် ချင်းသုပ်
• ရေငန်သီး နှင့် လက်ဖက်
• ရှားစောင်းချဉ် နှင့် အမဲသား
• ရှားစောင်း နှင့် ကုလားဗရာကြော်
• ရှောက်သီး နှင့် စောင်းလျားသီး
• ရှောက်သီး နှင့် ပီလောပီနံ
• ရှောက်သီး နှင့် ပဲစိမ်းစားဥ
• ရှောက်သီး နှင့် ခိုသား
• ရှောက်သီး နှင့် နို့ရည်
• ဝက်သားချဉ် နှင့် မဲနယ်အိုး
• ဝက်သား နှင့် ဒိန်ချဉ်
• ဝက်သား နှင့် နွားနို့
• ဝမ်းဘဲဥ နှင့် ဖရဲသီး
• ဝမ်းဘဲဥ နှင့် ပေသီးပေရည်
• ဝါစေ့/ ဝါဆီ နှင့် သမင်သား
• ဝါးမျှစ် နှင့် အင်ဥ
• သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
• သမုန်းရွက် နှင့် ငါးချက်သောအိုး
• သကြားပြာ နှင့် ပျားရည်
• သမင်သား နှင့် ဝါရွက်
• သပြေသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် ပီလောပီနံ
• သံပရာသီး နှင့် နို့ရည်
• သံပရာသီး နှင့် စိမ်းစားဥ
• သားငါးအဆီ နှင့် ထောပတ်
• သားငါးတို၏အဆီ နှင့် ချဉ်ဆီ
• သားမျိုးဟင်း နှင့် နှမ်းမှုန့်
• သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
• သေရည်သေရက် နှင့် နှမ်းမှုန့်ဆုပ်
• သေရက်မျိုး နှင့် ပိတ်ချင်းရွက်
• သေရည် နှင့် ဗျိုင်းအောက်သား
• သေရည်သေရက် နှင့် နို့အမျိုးမျိုး
• သစ်ကြားသီး နှင့် ဝက်မြေဇာဥ
• သည်းခြေ နှင့် သားဟင်းမျိုး
• ဟင်းငန်ရွက် နှင့် နှမ်းဖတ်
• ဟစ်တမင်း (Histamine) နှင့် အရက်
• အင်ဥ နှင့် ပြောင်းဆန်
• အမဲသားချဉ် နှင့် မဲနယ်အိုး
• အရက် နှင့် ဘိန်း
• အရက် နှင့် Burmeton ဘာမီတွန်
• အချဉ်မျိုး နှင့် နို့မျိုး
• အိမ်ဆီးချို နှင့် နို့ရည်
• အုန်းသီး နှင့် နိုရည်
• အုန်းရည် နှင့် ပျားရည်
• အုံတုံဆံ နှင့် ကလောဥ
• ဥသျှစ်သီး နှင့် ပျားရည်
• ဥဒေါင်းသား နှင့် ကြက်ဆူဆီ
• ဥမျိုး နှင့် ကြက်ဆူဆီ
• ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
• သြဇာသီး နှင့် ပျားရည်
• တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
• ကြက်ဆူသီး + ငှက်သား = သေ
• ကျေးသား + ဘူးသီး = သေ
• ကြောင်လျှာသီး + ငါးသေတ္တာ = သေ
• ကြောင်လျှာသီး + ပဲဒလက် = သေ
• ကြောင်လျှာသီး + စပါးကြီးမြွေ = သေ
• ကျွဲကောသီးး + သံပရာသီး = သေ
• ကျွဲခေါင်းသီး + သံပရာသီး = သေ
• ကိုင်းဥ + ပုစွန်ချဉ် = သေ
• ချောကလက် + စောင်းလျားသီး = သေ
• ချောကလက် + ပဲမြစ် = သေ
• ခိုသား + ချင်း = သေ
• ခိုသား + ဖရုံသီး = သေ
• ချင်း + သင်္ဘောသီး = သေ
• ဂွေးသီး + အာတာလွတ် = သေ
• ငှက်ပျောသီး + ထန်းသီး = သေ
• တညင်းသီး + ရှိန်းခို = သေ
• ထန်းလျက် + နလင်ကျော် = သေ
• ထန်းလျက် + ၂၇ ပါးဆေး = သေ
• နို့ဆီ + ကိုးပါးဆေး = သေ
• နွားနို့ + အချဉ်အမျိုးအမျိုး = သေ
• နွားနို့ + မှို = သေ
• နို့အေးချောင်း + ဂွေးသီး = သေ
• ပျားရည် + သြဇာသီး = သေ
• ပျားရည် + အုန်းသီး = သေ
• ပျားရည် + ဥသျှစ်သီး = သေ
• ပီလောပီနံ + ပဲကြားလှော် = သေ
• ပီလောပီနံ + မျှစ်ချဉ် = သေ
• ပီလောပီနံ + ဒေါင်းသား = သေ
• ပီလောပီနံ + အချဉ်အမျိုးမျိုး = သေ
• မင်းကွတ်သီး + သကြား = သေ
• မှို + တညင်းသီး = သေ
• မိုင်လို + ပဲမြစ် = သေ
• မှို + ဖားသား = သေ
• မှို + လယ်ကဏန်း = သေ
• မှို + ယုန်သား = သေ
• ရေခဲမုန့် + ချင်းသုပ် = သေ
• ရှောက်သီး + နွားနို့၊ နို့ရည် = သေ
• လက်ဖက် + ကျွဲခေါင်းသီး = သေ
• ဝက်သား + ထန်းရည်ချို = သေ
• ဝက်သား + ဗျိုင်းသား = သေ
• ဝက်သား + ကြာရိုးကြာစွယ် = သေ
• သပြေသီး + ထန်းလျက် = သေ
• သိုးသား + စောင်းလျားသီး = သေ
• အမဲသား + ခရု = သေ
• အုန်းနို့ခေါက်ဆွဲ + Pepsy ပက်ပစီ = သေ

Written -  Vinsent Vango
တွဲဖက်၍ မစားသင့်သော အစာများ

Posted lu bo Monday, December 10, 2012 at 11:26 PM

ဆရာဝန်တွေက သဘောတူထားတာတွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ မြန်မာတွေစားသုံးကြတဲ့ အစားအစာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ အလွန်အားနည်းနေသေးလို့၊ သတိသမ္ပဇဉ် ဆင်ခြင်ပြီး စားသုံးသင့်ကြပါတယ်။

• ကကတစ် နှင့် ကြာဟင်း
• ကုန်းကျေး နှင့် ပုစွန်
• ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
• ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး (သံပရာသီး)
• ကျွဲခေါင်းသီး နှင့် လက်ဖက်
• ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
• ကုန်းငှက်သား နှင့် ကြက်ဆူဆီ
• ကန်စွန်းမြစ် နှင့် နှမ်းမှုန့်
• ကြာစွယ် နှင့် ဝက်သား
• ကြက်ဆူဆီ နှင့် ခါသား
• ကြက်ဆူသီး နှင့် ငှက်သား
• ကောက်ညှင်း နှင့် ရေငန်သီး
• ကတိုး နှင့် သရက်သီး
• ကြံတင်လဲ နှင့် နှမ်းမှုန့်ဆုပ်
• ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
• ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ် နှမ်းဆီ
• ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
• ကျောက်ဖရုံ နှင့် အိုးမဲ
• ကြောင်လျှာသီး နှင့် ငါးသေတ္တာ
• ကြောင်လျှာသီး နှင့် ကြက်သား
• ကျေးသား နှင့် ဘူးသီး


အမှန်ခြစ်လေးများ..။ by Shwe Eaim Si on Sunday, July 22, 2012 at 9:20am ·



------အခန်း ၁ --------

မနက်က ကျွန်တော် ငယ်ငယ်က အလယ်တန်းထိ ပညာသင်ကြားခဲ့ဖူးတဲ့ နယ်မြို့လေးတစ်မြို့ရဲ့ အသင်းနှစ်ပတ်လည် အစည်းဝေးပွဲကိုရောက်ခဲ့တယ်။မှတ်မိသူတွေလည်းမှတ်မိ မမှတ်မိသူတွေလည်း ပြန်မိတ်ဆက်ရင်း လွမ်းစရာရော ပျော်စရာပါကောင်းပါတယ်။ ငယ်ငယ်က ဆရာဆရာမတွေ အကြောင်းပြောရင်း သူငယ်ချင်းတွေ အကြောင်းပြောရင်းပေါ့။
အံ့သြလေးတစ်ခုဖြစ်ခဲ့တယ်။ မိတ်လာဆက်တဲ့သူက သူ့ကိုသူ နာမည်လည်းပြောရင်း လက်ရှိ ရန်ကုန်တက္ကသိုလ်မှာ သချာင်္ပါမောက္ခတာဝန်ထမ်းဆောင်နေကြောင်းပြောပါတယ်။
ကျွန်တော်သူ့ကို မှတ်မိပါတယ်။ အံ့သြစရာဘာရှိလဲ မေးစရာရှိပါတယ်။အံ့သြစရာက ဒီလိုပါ သူဘယ်လိုများ သချာင်္ပါမောက္ခဖြစ်လာလဲလို့ပါ။
ကျွန်တော်နဲ့သူက တစ်ခန်းထဲနေခဲ့ဖူးပါတယ်။သချာင်္မှာ သူကအတော်ကိုညံ့ပါတယ်။ ဆရာ ဆရာမ အားလုံးလက်မြောက်ထားလောက်အောင် ညံ့ပါတယ်။ ပြီးတော့နောက်တစ်ခုက သချာင်္နဲ့ပတ်သက်ရင် ဘယ်လိုမှ မရပါဘူးလို့လဲ သူ့ကိုသူခံယူထားသူပါ။ အဲဒိတော့ သင်တဲ့သူ ဘယ်လောက်ကောင်းကောင်း သူကတော့ ညံ့မြဲပါ။ ပညာရေးစနစ်ရဲ့ ထုံးစံအတိုင်း အတန်းတင်စာမေးပွဲတွေ သူအောင်မြင်လာခဲ့ပေမယ့် သူ့ရဲ့အမှတ်က
ဘယ်တုန်းကမှ အောင်မှတ်ဖြည့်ပေးလို့ရတဲ့အဆင့်ကိုတောင် မမှီခဲ့ပါဘူး။သူက သူ့ကိုဆက်သွယ်ပါလို့ ဆိုပြီးတော့ ဖုန်းနံပါတ် တစ်ခုပေးသွားခဲ့တယ်။ သေချာပါတယ် ကျွန်တော်သူ့ကို ဆက်သွယ်ဦးမှာပါ။