Sunday, December 9, 2012

နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း (အပိုင်း - ၂)


နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း (အပိုင်း - ၂)


အမေရိကန်နိုင်ငံ သမိုင်းတွင် သူလျှိုဟု သံသယရှိသူ အများအပြားကို ဖော်ထုတ် အရေးယူ နိုင်ခဲ့ခြင်းမှာ ယခု အကြိမ်သည် ပထမဦးဆုံးဖြစ်သည်။ FBI ၏ တွေ့ရှိချက်အရ
အချို့သော ပုဂ္ဂိုလ်များ သူလျှိုလုပ်နေသည်မှာ ဆယ်နှစ်ခန့်ပင် ကြာပြီဟုဆိုသည်။ ဖော်ထုတ်ဖမ်းမိ ခဲ့သူများ၏ လုပ်ရပ်အချို့ကို အောက်တွင် အကျဉ်းမျှဖော်ပြ လိုက်ပါသည်။

Christopher Mettosos
ကနေဒါနိုင်ငံသားဟုဆိုသည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် အဖွဲ့နှင့် ယခု အဖမ်းချွံ R Murphy, C. Murphy, M.Zottoli နှင့် P. Mills တို့အား ဆက်သွယ်ပေးခဲ့ သည်။ ကနေဒါ နိုင်ငံသို့ မကြာခဏ ခရီးထွက်သည်။

၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၅ ခုကြား R. Murphy နှင့် နယူးယောက် စားသောက်ဆိုင် တစ်ခု၌ လေးကြိမ် တွေ့ဆုံခဲ့သည်။

၂ဝဝ၁ ခုနှစ်မှစ၍ ယခုသံသယ ရှိသူများနှင့် တွေ့ဆုံခဲ့သည့် အထောက် အထားများရှိသည်။

မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

Maung Lwin and 2 other friends shared Zaw Ye's photo.
မီးရထားဖြင့် ခရီးသွားသူများ       (မင်းရာမ  ဒေါင်းဖတ်စာ)

အခန်း ၁

မီးရထား ရုံပိုင်ကြီး ဦးသိန်းစိန်သည်

ဘူတာရုံတွင်လူ ၆ ယောက်တိုးခန့်ထားလေသည်။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ ကို လက်မှတ်ရောင်းစရာမလို ဘူတာရုံသန့်ရှင်းရေးလုပ်စရာမလိုတော့ပဲ တစ်ဘူတာဝင် တစ်ဘူတာထွက် ဘူတာများများ ရောက်ရန် ကြိုးစားခိုင်းလေသည်။

 ဦးသိန်းစိန်သည် ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ကို ရထားပေါ်တွင် တွေ့သမျှ အားလုံး တင်ရန် ကြိုးစားခိုင်းလေတော့သည်။ ထိုအခါ ရထားစီးသူများလာလေ၏။  တစ်ချို့က ရရာဘူတာမှစီး၏ တစ်ချို့က အပ်ပါးကလပ်မှ စီးချင်ကြ၏။ တချို့မှာမူ တစ်ယောက်ထည်းစီးချင်၏၊ တစ်ချို့ကား အဖွဲ့လိုက် လက်မှတ်ဝယ်၏။ တစ်ချို့သည် အမေရိကားမှ လာစီးကြ၏။ အော်စတြေးလျှမှ တစ်ချို့ကား ဖင်လန်မှ လာစီးကြ၏။ လမ်းဆုံးအထိ လိုက်မည်ဟုဆိုကာ အရှိန်များသောကြောင့် လန့်လာသဖြင့် ခုန်ဆင်း ကြသူများလည်းရှိသည်။

ရထားပေါ်တွင် အမှန်အကန် မီးရထားစီးသူ ကုန်ပစ္စည်းတင်သူ အပျော်လိုက် စီးသူ ဈေးရောင်းသူ ခေါင်မိုးပေါ်တက်စီးသူ တွယ်စီးသူ နှင့် ခါးပိုက်နိုက်များပါ ပါဝင်၏။ အမှန်အကန်စီးသူများသည် ရထားကြီးကို သူတို့ရောက်ချင်သည့် ဘူတာရောက် မည်ဟု ယုံကြည်ကြ၏။ ကုန်ပစ္စည်းတင်သူများကား ဈေးသက်သက်သာသာနဲ့ ကြက်သွန်အိတ် ပဲအိတ် ဆန်အိတ်များကို သယ်ချင်သူ မှောင်ခိုများဖြစ်၏။ အပျော် လိုက်စီးသူများမှာ အိမ်ပြန်လည်ချင်သူများဖြစ်၏။ ဈေးရောင်းသူများမှာ မြတ်ရင်ပြီး ရောဖြစ်ပြီး ခေါင်မိုးပေါ် တက်စီးသူနဲ့ တွယ်စီးသူတို့မှာ မိမိကိုယ်မိမိ သေကြောင်း ကြံစည်သူများဖြစ်၏။ ခါးပိုက်နိုက်များကား ခရီးသွားသူအချင်းချင်း ဒုက္ခပေးရန် ရရာ နှိုက်မည်သူများဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ရထားကြီးပေါ်တွင် ယခင်ကထက် လူပိုများလာသည်က အမှန်ပေတည်း။

 

အခန်း ၂

ရထားကြီးပေါ်တွင် စီးကြရင်းနှင့် အချင်းချင်း အပြန်အလှန်ကူညီကြ၏။ ရထားက အလွန်မြန်သဖြင့် လန့်နေသူလည်းရှိ၏၊ အချို့ဘူတာတွင် အကြာကြီးရပ်၏ အချို့ ဘူတာတွင်ကား ဘီးလိမ့်ရုံသာရပ်၏။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့သည် လည်းကောင်းတို့နားတွင် တိုလီမုတ်စခိုင်းရန် ခင်ရီဆိုသူ ကောင်လေးတစ်ယောက်ကို ခေါ်ထားကာ ထမင်းထုပ်ဝယ်ခိုင်း၏။ အဝတ်လျှော်ခိုင်း၏။ ညှောင်းလျှင်နှိပ်ခိုင်း၏။ ထိုမီးရထားလာနေချိန်တွင် ရွာထဲတွင်လည်း ရှုပ်ရှက်ခက်လျက်ရှိသည် ရွာထဲရှိ ကုလားလေးများနှင့် ရခိုင်လေးများသည် ရန်ဖြစ်လျက်ရှိသည် ရွာတောင်ဘက်ရှိ မြေ ကွက်ကို သူကြီးဖြစ်သူဦးပိုင်က မပြောမဆိုပဲ တရုတ်များကိုရောင်းလိုက်၏။ ရွာသား များက မကျေနပ်ကြ၊ ရွာထဲရှိ ဘုန်းကြီးများကို သူကြီးက တုတ်နှင့်ရိုက်၏ ဆောင့် ကန်၏၊ သေနတ်နှင့်ပစ်၏၊ ရွာအလည်ကောင်ရှိ မြေကွက်ကို ရွှေတူးမည်ဟုဆိုကာ ခြံစည်းရိုးခတ်၏ ရွာတရားရုံးကို စားသောက်ဆိုင်လုပ်ရန် ရောင်းပြန်၏။  သူကြီးသည် မူးရမ်းကာ တရုတ်လူမိုက်တစ်စုနှင့်အတူ ရွာထဲတွင်လုပ်ချင်တာလုပ်နေတော့သည်။

ထိုအကြောင်းအရာများကို မီးရထားပေါ်ရှိ တချို့လူများသိကြ၏ တချို့လူများမသိကြ။ တချို့ကား မသိချင်ရောင်ဆောင်နေကြ၏  ရွာထဲတွင် ဖရိုဖရဲ ဖြစ်နေသည်ကား အမှန်ပေတည်း။

 

 အခန်း ၃

ထိုပြဿနာများကို ဖြေရှင်းရန် သူကြီးသည် ဟိုဘက်ရွာမှ တရုတ်ကြီးများကို လာ လည်ခိုင်း၏ သူကြီးလည်း လေး ငါး ခြောက် ခေါက် ခုနှစ် ခေါက် ရှစ် ခေါက်သွား၏။ တော်တော်ဝေးသောရွာမှ ဘားတိုက်တွင်နေသော ဘားတိုက်အိုဘားမား ဆိုသူလည်း လာလည်၏

ရွာသားများကား စိတ်ရှုပ်သူရှုပ် ဒေါသထွက်သူထွက် ပျော်သူပျော် ပြေးသူပြေး ဖြစ်ကာ အလွန်နေထိုင်ဖွယ်ရာကောင်းသော ရွာသာယာသည် ယခုမူ ဝမ်းရောဂါဖြစ် နေသော မီးလောင်ထားသည့် တံငါရွာနှင့်တူနေလေသည်။

 

အခန်း၎

မီးရထားကြီးကား ရုံပိုင်ကြီး ဦးသိန်းစိန်၏ မီးစိမ်းကိုရသည်နှင့် စထွက်ရန်ကြိုးစားသည် မီးခိုးက တော်တော်ထွက်၏ စမောင်းပြီး တော်တော်အရှိန်ရသောအခါ ကိုအောင်မင်း ကား အိပ်ငိုက်လာလေသည်။ ကိုစိုးသိန်းက အရက်မူးနေသောကြောင့် ခေါင်း မထောင်နိုင်။ ၄င်းတို့၏ ကလေး မောင်ခင်ရီ က တစ်ခါတစ်ခါ ဥသြဆွဲ၏၊ မောင်း၍ အရှိန် တော်တော်ရချိန်တွင် မီးရထားလမ်းရှေ့၌ ကျွဲအုပ်ကြီးတစ်အုပ် ဖြတ်သည့် အကောင်ကဖြတ်၊ ရပ်သည့်အကောင်က ရပ်နေသည်ကိုမြင်သောကြောင့် ဘရိတ်ဖမ်း သောအခါ ဘရိတ်နှင့်လီဗါ မှား၍ ဆွဲမိသဖြင့် မီးရထားကြီးမှာ ကျွဲအုပ်ကို တိုက်ပြီး နောက် ပေ ၇၀၀၀ ကျော်အမြင့်မှ လေဟုန်စီး၍ သက်တောင့်သက်သာ မြေပြင်သို့ မီးလောင်ပေါက်ကွဲ ကျဆင်းသွားလေတော့သတည်း။

 အားလုံးရန်သူမျိုး ၅ ပါးနှင့် မီးရထားဘေးမှ လွတ်ကင်းကြပါစေ

 သဗ္ဗေသတ္တာ ကီးမားပလာတာ

မင်းရာမ
မီးရထားဖြင့် ခရီးသွားသူများ (မင်းရာမ ဒေါင်းဖတ်စာ)

အခန်း ၁

မီးရထား ရုံပိုင်ကြီး ဦးသိန်းစိန်သည်

ဘူတာရုံတွင်လူ ၆ ယောက်တိုးခန့်ထားလေသည်။ ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ ကို လက်မှတ်ရောင်းစရာမလို ဘူတာရုံသန့်ရှင်းရေးလုပ်စရာမလိုတော့ပဲ တစ်ဘူတာဝင် တစ်ဘူတာထွက် ဘူတာများများ ရောက်ရန် ကြိုးစားခိုင်းလေသည်။

ဦးသိန်းစိန်သည် ကိုအောင်မင်းနှင့် ကိုစိုးသိန်းတို့ကို ရထားပေါ်တွင် တွေ့သမျှ အားလုံး တင်ရန် ကြိုးစားခိုင်းလေတော့သည်။ ထိုအခါ ရထားစီးသူများလာလေ၏။ တစ်ချို့က ရရာဘူတာမှစီး၏ တစ်ချို့က အပ်ပါးကလပ်မှ စီးချင်ကြ၏။ တချို့မှာမူ တစ်ယောက်ထည်းစီးချင်၏၊ တစ်ချို့ကား အဖွဲ့လိုက် လက်မှတ်ဝယ်၏။ တစ်ချို့သည် အမေရိကားမှ လာစီးကြ၏။ အော်စတြေးလျှမှ တစ်ချို့ကား ဖင်လန်မှ လာစီးကြ၏။ လမ်းဆုံးအထိ လိုက်မည်ဟုဆိုကာ အရှိန်များသောကြောင့် လန့်လာသဖြင့် ခုန်ဆင်း ကြသူများလည်းရှိသည်။

အစွမ်းထက်မြက် ဒန့်သလွန်ရွက်===နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

Kobo Gyi and 2 other people shared Zaw Mintun Zawmintun's photo.
အစွမ်းထက်မြက် ဒန့်သလွန်ရွက်===နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။
 
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။
 
ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။ 
 
ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။
 
ဒန့်သလွန်၏စွမ်းပကား--- 
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။ 
 
သွေးတက်နှင့်သွေးတိုး--
(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။
 
 
သန်ကောင်နှင့် ဒန့်သလွန်သီး---
(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များ
သေကြေကုန်ကြပါတယ်။ ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။
 
 
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။
 
 
နားကိုက်၊ နားအူ---
(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။
 
 
ပါးစပ်မှ နံခြင်းအတွက်---
(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
 
 
ခေါင်းအုံ၊ ဇက်လေး---
(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။ 
 
 
နို့ထွက်ဆေး---
(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။
 
 
ပန်းသေ၊ ပန်းညှိုး---
(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
 
 
ကျား,မ မရွေး အားဆေး---
 
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။
 
အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။
 
အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက 
(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။
 
စားသုံးနည်း---
 
အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။
 
ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။ (စာရေးသူ)
 
ဝေဝေနွယ်(တိုင်းရင်းဆေး)
(ဂမ္ဘီရ ၂၀၀၇-၁၂)
source>>>http://natureenergycare.blogspot.com/2012/12/blog-post_1297.html#mor======Nangmy Nangmy
အစွမ်းထက်မြက် ဒန့်သလွန်ရွက်===နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။
ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

စိတ်တံတိုင်းများ by Ye Htut on Sunday, December 9, 2012 at 9:45am ·

စိတ်တံတိုင်းများ

by Ye Htut on Sunday, December 9, 2012 at 9:45am ·
ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့က လုပ်ငန်းတာဝန်ဖြင့် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်သို့ ရောက်ရှိခဲ့သည်။ စစ်အေး ကာလ တစ်လျှောက်လုံး ထင်ရှားခဲ့သည့် မြို့တော်၊ ဒီမြို့တော်နဲ့ပတ်သက်ပြီး ကျွန်တော် အမြဲသတိရနေသည့်နေရာတစ်ခုရှိသည်။ ဒါကတော့ ဘာလင်တံတိုင်းပဲဖြစ်သည်။

ကွန်ကရစ်တွေနဲ့ ကာရံထားပြီး သံဆူးကြိုးတွေ၊ အစောင့်မျှော်စင်တွေနဲ့ စောင့်ကြပ်ထားသည့် ထိုတံတိုင်းကြီးကို  အရှေ့ ဘာလင်က ပြည်သူတွေ အနောက်ဘာလင်ဘက်ကို ထွက်မပြေးနိုင်အောင် တားဆီးရန်အတွက် ၁၉၆၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှ စပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စစ်အေးကာလတစ်လျှောက်လုံးမှာ ဒီတံတိုင်းကြီးနှင့် အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီနယ်စပ်တစ်လျှောက် တည် ဆောက်ထားတဲ့ သံဆူးကြိုးတွေ၊ မိုင်းကွင်းတွေ၊ တင့်ကားအတားအဆီးတွေပါ ၀င်သည့် Inner German border (IGB) သည် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အနောက် ဥရောပနဲ့  ကွန်မြူနစ် တစ်ပါတီ စနစ်ကျင့်သုံးတဲ့ အရှေ့ဥရောပကြား  ဘယ်လောက်ကွာခြားတယ်ဆိုတာ သက်သေပြနေသည့် သင်္ကေတတစ်ခုအဖြစ် ရှိ နေခဲ့သည်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၂) by Myat Thu on Tuesday, December 4, 2012 at 11:31pm ·




မစုနိုင်ရင်ဆင်းရဲမည်

အချိန်က ၁၉၈၉ အာဏာသိမ်းပြီးစ လအနည်းငယ်အကြာ။ ကျနော်အပါအ၀င် ကျနော်တို့မြို့ပေါ်က လအနည်းငယ်လောက် ပျောက်သွားကြတဲ့ ကျောင်းသားတွေ တစ်ဖွဲဖွဲရှေ့ဆင့်နောက်ဆင့် ပုန်းနေကြတဲ့ နေရာတွေက ပြန်ထွက်လာကြတယ်။ ပြန်ပြီး စုစည်းမိကြတဲ့အခါ အဓိကအနေနဲ့ ဆက်မလုပ်ချင်ကြတော့တဲ့ သူတွေကလွဲပြီး ကျန်ဆက်လုပ်ကြမယ့်သူတွေကို အုပ်စုသုံးခုခွဲလိုက်တယ်။ ၈၈ လှုပ်ရှားမှုထဲမှာ လူသိများ နေတဲ့သူတွေက ပါတီအဖွဲ့ဝင်တွေအနေနဲ့ ပါတီရိပ်တွေအောက်မှာ ဆက်ပြီးလုပ်ကြဘို့။ အထူးသဖြင့် အလုံခြုံဆုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လို့ ရွေးချယ်ခဲ့ပြီး တစ်ချို့လည်း ၈၈ ကျောင်းသားခေါင်း ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန်ဦးဆောင်တဲ့ လူ့ဘောင်သစ်ပါတီကိုဝင်ခဲ့ကြတယ်။ အဲ သိပ်ပြီးလူသိ ထင်ရှားမဟုတ်တဲ့ အထူးသဖြင့် အလယ်တန်း၊ အထက်တန်းကျောင်းသားတွေလို လူငယ်ကျောင်းသား ကျောင်းသူတွေကိုတော့ ဗကသ (မြေအောက်) အနေနဲ့ပြန်စုစည်းပြီး ဖွဲ့စည်းပေးခဲ့ကြတယ်။

ကျနော်က အရင် မြို့နယ်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးဌာနမှာ အဖွဲ့ဝင်ဖြစ်ခဲ့တာရယ်၊ တခါတလေ လူကြားထဲမှာ တရားလှည့်ဟောခဲ့တာတွေရယ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) NLD (Youth) ကိုဝင်ခဲ့တယ်။

အဲဒီအချိန်က စိတ်ဝင်စားစရာ ထူးထူးခြားခြားတွေအတော်ဖြစ်တယ်။ ပါတီတွေကို တရားဝင် စည်းရုံးရေး လုပ်ဖို့ ခွင့်ပြုထားတဲ့ တစ်ချိန်တည်းမှာဘဲ ဘဏ်တွေမှာ “မစုနိုင်ရင်ဆင်းရဲမည်” ဆိုတဲ့ စာတမ်းတွေ လိုက် ကပ်လာတယ်။ အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည် (မစု) ရွေးကောက်ပွဲမှာနိုင်ရင် တစ်တိုင်းပြည်လုံး ဆင်းရဲတွင်းကျမယ်ပေါ့လေ။ အဲဒါ ကျနော်တို့ထဲကတစ်ယောက်က လူအလစ်မှာ နောက်ပစ်ကို နောက်ခံ ရောင်တူဆေးသုတ်ပြီး သွားဖျက်လိုက်တယ်။ အဲဒီတော့ “မစုနိုင်ရင်ဆင်းရမည်” ဖြစ်သွားရော။ ဆိုးတာက နောက်တစ်နေ့အရာရှိနဲ့တူတဲ့ လူတစ်ယောက် အဲဒီစာတမ်းကို လက်ညှိုးထိုးပြီး “ဘယ်မအေရိုး က လာပြီး လက်ကမြင်းသွားတာလဲ။ ခုချက်ခြင်းဖြုတ်ပစ်” ဆိုပြီး ဒေါသပေါက်ကွဲနေတာကို ကျနော်တို့ ခပ်လှမ်းလှမ်း က ကျိတ်ရီခဲ့ကြရတယ်။


ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃) by Myat Thu on Wednesday, December 5, 2012 at 1:31am ·




ဆက်ဖြစ်တဲ့ခြေလှမ်းများ


ကျနော်ပြန်လွတ်လာတော့ ကျနော့ အဖိုးအဖွားတွေရဲ့အိမ်ကို သွားတယ်။ အိမ်ရှေ့ကနေ ၀င်လာတဲ့ကျနော့ ကို ကျနော့အဖွားက ဟဲ့… သားကြီး… လို့ အသံတုန်တုန်နဲ့ လှမ်းခေါ်တယ်။ မျက်ရည်တွေလည်း ၀ိုင်းလာ တယ်။ ကျနော်ကအဖွားလက်ကိုအသာကိုင်ပြီး ဘာမှမဖြစ်ဘူး၊ ကျနော်ပြန်လာပြီလေလို့ပြောရတယ်။ လေငန်းဖြစ်နေတဲ့ဘဘက အိမ်ရှေ့သစ်တံခါးဘောင်ကိုမှီထိုင်နေရင်းက ဘာဖြစ်တာလဲလို့ အသံဗလုံး ဗထွေးနဲ့ လှမ်းမေးတယ်။ အဖွားက သူမသိအောင်မျက်ရည်သုတ်ပြီး ဘာမှမဟုတ်ပါဘူးလို့ ပြန်ပြောတယ်။ နောက်တော့ဘဘသိသွားတယ်။ ဘယ်ရမလဲ သူကပါးတာမှ လှစ်နေရော။ ကျနော့ကို ခေါ်ပြီးဆူပါလေ ရော… “အစိုးရကို ငါလည်းမကြိုက်ဘူး၊ မင်းလက်ထဲမှာ သူတို့လိုသေနတ်မရှိဘဲ သွားလုပ်မနေနဲ့။ မင်းသူတို့ ကိုချချင်ရင် သေနတ်ရှာပြီးပြန်ချ။ မတန်မရာတွေမလုပ်ပါနဲ့။ ငါတို့ပဲစိတ်မကောင်းဖြစ်ရမယ်” တဲ့။ ဘဘက လယ်သမားမျိုးရိုး။ မြို့ပေါ်မှာ ဆေးရွက်ကြီးကုန်သည်လုပ်ပြီး အခြေချခဲ့တာ။ ကျနော့အဖေဖက်က ရှမ်း နွယ်ကြတယ်။ ကျနော့ဘဘရဲ့အဖေ၊ ကျနော့အဘေးကို ကျနော် ၂ နှစ်သုံးနှစ်သားလောက်က ရွာကိုသွား လည်ရင်း တွေ့ခဲ့ဖူးတယ်။ အရပ် ခုနစ်ပေလောက်ရှိတယ်။ သူက ထိုင်ပြီးကွမ်းတမြုံ့မြုံ့နဲ့ နှီးထိုးနေတာ။ ဆံပင်ကို ရောင်တစ်စောင်းချထားပြီး ကိုယ်လုံးကိုယ်ပေါက်အတော်တောင့်တယ်။ တကိုယ်လုံးမှာလည်း ဆေးမှင်ကျောင်တွေအပြည့်ထိုးထားတာ သူ့ဒူးအောက်အထိရောက်တယ်။ အမေတို့ဖက်က မြန်မာ စစ်စစ်တွေ။ ပညာရေးမျိုးရိုးတွေလို့ပြောရမယ်။ အမေဘက်ကအဖိုးက အရင်ကခေတ်က ခရိုင်ပညာဝန် တစ်ယောက်လုပ်ခဲ့ဖူးတယ်။ ကျနော့ဦးလေးနှစ်ယောက်နဲ့အဒေါ်က ကျောင်းဆရာဆရာမတွေ။ ဦးလေး တစ်ယောက်ဆိုရင် တက္ကသိုလ်တစ်ခုမှာမော်ကွန်းထိမ်းလုပ်ခဲ့တာရှိတယ်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၄) by Myat Thu on Wednesday, December 5, 2012 at 1:35am ·




ဗဟိုဌာနချုပ် 

ရောက်ပြီးတာနဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးအောင်ထူးနဲ့တွေ့တယ်။ တပ်ဖွဲ့ဝင်လျှောက်လွှာ စာရွက်တွေ မှာ ကျနော်တို့ရဲ့အချက်အလက်တွေကိုဖြည့်ပြီး လျှောက်ထားကြတယ်။ ဖောင်တွေဖြည့်နေကြတုန်း ဗဟိုမှာ ရောက်နေနှင့်တဲ့ တပ်ရင်းတစ်ခုက ရဲဘော်တစ်ယောက်က “ဖောင်ဖြည့်တာများ။ လွယ်လွယ်လေးဗျာ။ ပညာအရည်အချင်း - အတော်တတ်လို့ရေးပေးလိုက်။ ခေသူမဟုတ်ဆိုရင်လည်းရတယ်” တဲ့။ ကျနော် ဒီလူ တွေကိုသဘောကျသွားတယ်။ နောက်ပိုင်းအဲဒီ ပညာအရည်အချင်း - အတော်တတ်တို့၊ ခေသူမဟုတ်တို့ဆို တာ ကျနော်တို့ရဲဘော်အချင်း ချင်း ရီစရာပြောနေကျထဲမှာ ပါလာတာတွေပေါ့။

ဌာနချုပ်ကဗဟိုကော်မတီဝင်တွေနဲ့ ဆရာဦးအောင်ထူးကဦးဆောင်ပြီး မိတ်ဆက်ပေးခဲ့တယ်။ နောက်ပြီး ကျနော်တို့အတွက် အခြေခံစစ်ပညာသင်တန်းကို အရင်ကဗမာ့တပ်မတော်ကနေ ရှစ်ဆယ့်ရှစ်အရေး တော်ပုံအပြီး ကျောင်းသားတွေနဲ့အတူတောခိုလာခဲ့ကြတဲ့ ဆရာကိုငြိမ်းနဲ့ကိုအောင်အောင်တို့နှစ်ယောက် ပေါင်းပြီးပေးကြတယ်။ ခဲလုံးသေးသေးလေးတွေပေါ်မှာ ခရာမှုတ်တိုင်း ဒိုက်ဗင်ထိုးရတာလေးငါးခါလောက် ရှိတော့ တံတောင်တွေဒူးတွေပေါက်ပြဲကုန်ပြီး နောက်ထပ်ခရာသံကြားရမှာကြောက်နေကြရသေးတယ်။ တစ်ချိန်ထဲမှာဘဲ နိုင်ငံရေးအတွေးအခေါ်နဲ့ တခြားအဌာရသ (၁၈) ရပ်ထဲက တပ်အပ်တဲ့ပညာတွေလည်း ပါတာပေါ့။ နေ့လည်ဘက်ထမင်းစားပြီးတဲ့အချိန် ပင်ပန်းလွန်းတော့ အိပ်ငိုက်ကြတယ်။ သင်တန်းဆရာတွေ ညိုငြင်မှာစိုးလို့ မနဲကိုမျက်လုံးကိုဖြဲထားကြရတယ်။ အဲဒီအခြေခံစစ်သင်တန်းက သုံးပတ်လောက်ကြာမယ် ထင်တယ်။ ကျနော်တို့တော်လှန်ရေးစစ်သားတွေဖြစ်ပြီ။ အေးစက်မာကြောတဲ့ လူသတ်လက်နက်ဖြစ်တဲ့ သေနတ်တွေကို ကိုယ်တိုင်ထိတွေ့ကိုင်တွယ်ခွင့် စပြီးရခဲ့ကြတယ်။ ဘယ်လိုအသုံးချရမယ်ဆိုတာကို လေ့လာသင်ယူကြတယ်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၅) by Myat Thu on Saturday, December 8, 2012 at 10:24pm ·




ရဲဘော်တို့နဲ့တူပျော်ပျော်

ဗဟိုမှာရှိနေတဲ့အချိန်မှာ ကျနော့ကို သူ့ညီအရင်းလိုအရမ်းခင်တဲ့ ကိုတိုက်ဂါးဆိုတာ လာလာလည်လေ့ ရှိတယ်။ သူက သူ့ဆီမှာစားစရာရှိတိုင်း ကျနော့ကိုမျှကြွေးတယ်။ သူက မြန်မာ့လက်ဝှေ့ထိုးတာလည်း ၀ါသနာပါတယ်။ မာနယ်ပလောမှာ ပွဲတွေလမ်းတွေရှိတဲ့အချိန် လက်ဝှေ့ပွဲတွေရှိပြီဆိုရင် သူက လက်ဝှေ့ သွားထိုးပြီး ကျနော့ကိုလ္ဘက်သုတ်လိုက်ဝယ်ကြွေးတယ်။ လ္ဘက်ရည်လည်းတိုက်တယ်။ အဲ… တစ်ခုဘဲ.. သူလက်ဝှေ့ထိုးပြီးကျနော့ဆီဝင်လည်တော့ “ဟေ့… တို့တွေ မာနယ်ပုလောမှာ လ္ဘက်ရည်သွားသောက်ကြရ အောင်၊ ငါလက်ဝှေ့ထိုးလာတော့ ပိုက်ဆံနဲနဲရလာတယ်ကွ” လို့ခေါ်တယ်။ ကျနော်သူ့မျက်နှာကို ကြည့် လိုက်တော့ အထိုးခံထားရတာအဖုအပိန့်တွေနဲ့။ မျက်လုံးတစ်လုံးကလည်းပိတ်တော့မယ်။ ဟာဗျာ… ခင်ဗျားပုံကိုကြည့်တာနဲ့တင် ခင်ဗျားကြွေးတာမစားရက်တော့ဘူးလို့ပြန်ပြောဖြစ်တော့ သူက “ညီလေး ကလည်းကွာ အဲဒါတွေခနနေပျောက်သွားမှာပါတဲ့”။ တကယ်တော့ ကိုယ့်အပေါ်မှာ အဲဒီလောက်ကောင်း တဲ့ ရဲဘော်ညီအကိုမောင်နှမတွေ အများကြီးတွေ့ခဲ့တာ ကျနော့အတွက် အမြတ်ပါဘဲ။

Saturday, December 8, 2012

ကျောကော့ခံလယ်သမားများ

ကျောကော့ခံလယ်သမားများ
မောင်ပိန်ရဲ့ မျက်လုံးတွေက ၀ိုင်းနေရာက ကျယ်လာတယ်၊ ကျယ်နေရာက ပြူးလာတယ်၊ ပြူးလာရာက ဆူလာတယ်၊ ဆူလာရာက အခိုးတွေထွက်လာတယ်၊ အခိုးတွေကနေ လက်ပံတောင်းမှာလို မီးတော့ မထွက် လာပါဘူး ဒေါသတွေက တရုတ်ဗျောက်အိုးတွဲပေါက်လို အဆက်မပြတ် ဒလစပ်ပေါက်ကွဲလာနေတော့တယ်။ အသိမိတ်ဆွေတွေက “ ဘာပစ္စည်းမဲ့ ဒေါသတွေ ဒီလောက်ပေါက်ကွဲနေတာလဲ
” လို့မေးတော့ ၊ မောင်ပိန်က အမှန်တရားပေါ် အခြေခံတဲ့ အမုန်တရားအပြည့်နဲ့ “ ကြည့်စမ်းပါဗျာ - လုပ်ရက်တယ် ၊ တပြည်လုံး မြေသိမ်းမှုက တထောင်ကျော်တောင်ရှိတာတဲ့ ဗျ ” လို့ အသံကို အမြင့်ဆုံးတင်ပြီးအော်ပြော လိုက် တယ်။လက် သီး ပိန်ပိန်လေးကို ကျစ်ကျစ်ပါအောင်ဆုတ် လက်ကို ဆန့်တန်းလိုက်တယ်။ ဒင်းတို့တော့ တွေ့ကို တွေ့ရမယ်။ မောင်ပိန်အ ကြောင်း သိသွားစေရမယ်။ မောင်ပိန်တဲ့ ဟေ့ တပိန်ဘဲ ရှိတယ် လို့။ ဒါးမရှိတဲ့ မောင်ပိန်က ဒါးကြိမ်း မကြိမ်းနိုင်တော့ လျှာကြိမ်းဘဲ ကြိမ်းလိုက်ရတာပေါ့။

အမေရိကန် စကားပုံများ by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Saturday, December 8, 2012 at 6:01pm ·


အမေရိကန် စကားပုံများ

All stratagems are fair in war.
ပရိယာယ်များအားလုံးကို စစ်ပွဲ၌ ကျင့်သုံးခြင်းသည် တရာမျှတသည်။

At the working man's house; hunger looks in but dares not enter.
ဆာလောင်မွတ်သိပ်မှုသည် အလုပ်လုပ်နေသောသူ၏ အိမ်ထဲသို့ လှမ်းမျှော်၍ ကြည့်သော်လည်း အတွင်းသို့ မ၀င်ရဲချေ။

A grain of prevention is worth a ton of remedy.
အနည်းငယ်မျှသော ကြိုတင်ကာကွယ်မှုသည်အလေးချိန်တစ်တန်ရှိသည့် ကုသမှုထက် ပို၍ တ
န်ဖိုးရှိသည်။

In love and war no time should be lost.
အချစ်နှင့်စစ်ပွဲတို့၌ အချိန်ကို လုံးဝ အကုန်မခံသင့်။