Wednesday, September 26, 2012

ခွဲထွက်ခွင့် (by Bo K Nyein) by မဟာကြောင် on Tuesday, September 25, 2012 at 1:49am ·



Constitution ဆိုတာ အလွန် သိမ်မွေ့ သလို  ၊ consequence လည်းရှိတာမို့
Constitution အရပြောတော့မယ် ဆိုရင် နက်နက် တွေး ၊ အဖက်ဖက် ကတွေးပြီးမှ
ပြောသင့်တယ်လို ထင်မိတယ်။

နံမည်ရအောင် ၊ လက်ဦးမှု ရအောင် ၊ အားလုံး ( ခွဲထွက်ခွင့် ) ပေးဆိုပြီး
အရမ်း ပြောလို့ မရ သလို ၊
ခြိမ်းခြောက်ဖို့ လက်နက် ပါလို့ လွယ်လွယ်ပေါ့ပေါ့ တွေးလို့ မရဖူး လို့ထင်မိလို့ပါ။

Constitution ဆိုတာ Binding Document ။
ဒါကြောင့် စကားလုံး တိုင်းကိုစဉ်းစဉ်းစား ၊ ရွေးပြီးမှ သုံးရတာ။
ဒါထောင် ပညာတတ်တွေပဲ ၊ အမျိုးမျိုး Interpret လုပ်နေကြတာပဲ မဟုတ်လား

Constitution မှာ နိုင်ငံရေး အရ စဉ်းစားရင် ၊ ရိုက်ခပ်မဲ့ Consequence ကိုအရင် စဉ်းစားရမယ်။
ပြီးမှ ဥပဒေ အရ အကျိုးသက်ရောက်မှု ဆိုတာကို သုံးသပ်ရမယ်။

အမေရိကန် Constitution ကိုရေးခဲ့ တဲ့ လွပ်လပ်ရေးဖခင် တွေဟာ
နောက်ဆက်တွယ် ပြဿနာတွေကို သိလို့
(ခွဲထွက်ခွင့်) ဆိုတာကို ထဲ့မရေးခဲ့ကြတာပေါ့။

ဗိုလ်ချုပ်တို့ကလည်း ပေးချင်လို့ပေးခဲ့ကြတာမှ မဟုတ်တာ။
ပဒေသရာဇ် (၂) ဦးက အင်္ဂလိပ်ကို ဗိုလ်ချုပ်အောင်ဆန်း ဟာ သူတို့ကိုကိုယ်စားမပြုပါဖူးလို့
ဗိုလ်ချုပ်တို့ လန်ဒန်မှာ ဆွေးနွေးနေတုန်း သံကြိုးရိုက်ပြီး ဖိအားပေးတယ်
ဒါကြောင့် တိုင်းရင်းသား တွေပါဝင်ကြောင်း ပင်လုံ ကိုခေါ်ပြီး သက်သေ ပြရတယ်။
ဒီလို အကြပ်အတည်းမှာ ( ခွဲထွက်ခွင့် ) ပါရမယ်ဆိုလို့
ရှမ်း နဲ့ ကယား ကိုပဲ ပေးခဲ့ရတယ်။
ဗိုလ်ချုပ်တို့ က အားလုံးကို ပေးခဲ့တာမဟုတ်
အန္တရာယ်ကို နားလည် ကြတယ်။

(၁၀) နှစ်ပြည့်တော့ ပိုင်ပြီဆိုပြီး ( ခွဲထွက်ခွင့် ) ကိုတင်လာတော့
(ကင်း) ရပြီဆိုပြီး ရွှေ့လိုက်တာ ၊ ကိုယ်ပါအစားခံ လိုက်ရတယ်။
တကွက်မှားသောကျား ၊ သာဓက ဟာ ၁၉၆၂ ခုမှာ ဖြစ်ခဲ့ရတာပဲ။

နိုင်ငံရေးဆိုတာ သတိမရှိ ၊ (အသိ) မရှိပဲ
အစာ ဆိုပြီး (ဟပ်) လိုက်ရင် ၊ ငါးမြှားဂျိပ်မှာ ပါသွားသလို
အကျိုးနဲ တတ်တယ်။

မြန်မာပြည်နဲ့ပါတ်သက်တဲ့စဉ်းစားဖွယ်ရာအတွေး။ by Tun Kyaw Nyein on Monday, September 24, 2012 at 10:57am · ဖရက်(ခ)တယ်(Fractal)http://drtunkyawnyein.wordpress.com/



Fractals are a fairly new mathematical concept introduced by French-American mathematician, Benoît Mandelbrot in 1975.

A fractal is a geometric pattern that is repeated at ever smaller scales to produce irregular shapes and surfaces that cannot be represented by classical geometry.


ဖရက်(ခ)တယ်ဆိုတာသင်္ချာဘာသာမှာမကြာသေးမှီကာလကလေ့လာတွေ့ရှိခဲ့တဲ့အတွေးအ
မြင်တရပ်ပါ။၁၉၇၅မှာသင်္ချာပညာရှင်Benoit Mandelbrotကတွေ့တင်ပြခဲ့ပါတယ်။

ဖရက်(ခ)တယေိုတ်ာသဘာဝမှာသက်ရှိသက်မဲ့တွေဟာပုံသဏ္ဌာန်အားဖြင့်    

ကြီးရာမှသေး၊သေးရာမှသွယ၊်အရွယ်ရွယ်အစားစားအဆင့်ဆင့်တူညီကိုယ်ပွား(self-same)ပုံစံ
ဒီဇိုင်းကိုဆိုလိုပါတယ်။ 

ဒေါင်းအတောင်တွေကိုကြည့်ပါ။ပုံစံဒီဇိုင်းအရဒေါင်းတကောင်လုံးရဲ့ကိုယ်ပွါးဆင်တူပါဘဲ။
 http://www.oddee.com/_media/imgs/articles/a302_f1.jpg



သစ်ပင်တွေကိုကြည့်ပါ။ဲFractalပါဘဲhttp://www.oddee.com/_media/imgs/articles/a302_f7.jpg

ဲသစ်ရွက်သည်လဲFractal
 http://www.oddee.com/_media/imgs/articles/a302_f8.jpg

၂၁ရာစု ပင်လုံဆိုတာ ဘာလဲ?? by ခွန် ဒီးယမ် on Wednesday, September 26, 2012 at 1:32am ·


"၂၁ရာစု ပင်လုံလို့ ကျမတို့ပြောတာ ဘာရည်ရွယ်ချက် နဲ့ ပြောတာလဲ သိပ်ပြီးတော့ သဘောပေါက်ပုံမရဘူး။ အဓိက ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်တစ်ခုကို မွေးမြူဖို့ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ အခြေခံအားဖြင့် ဘာလဲဆိုတော့ ကျမတို့ ကြားထဲမှာ မတူညီတဲ့ဟာတွေ ဘာပဲရှိရှိ ဒီ မတူညီမှုတွေ အပေါ်မှာ အခြေခံပြီး ညီညွတ်မှုရအောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ပင်လုံ စိတ်ဓာတ်လို့ ကျမပြောချင်တယ်" (Aung San Suu Kyi) (ဖို့ဝိန်း၊ အမေရိကန်ပြည်ထောင်စု) (25-9-2012)





အမေဒေါ်စုပြောသွားတာကို အရပ်စကားနဲ့ ပြောရရင် "မတူတူအောင် အတင်းလိုက်လုပ်ဖို့ ကျိုးစားမနေနဲ့၊ မတူတဲ့ဟာတွေရှိတဲ့ကြားထဲက ညီညွှတ်အောင်ပဲ လုပ်ကြ" လို့ ဘာသာပြန်လို့ရလိမ့်မယ်။ အမေရိကန်မှာ ကားတစ်စီးရဲ့ အမြင့်ဆုံးအရှိန် သတ်မှတ်ချက်တောင် တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူဘူး။ သေနတ်ကိုင်ခွင့်ပေးတဲ့ ပြည်နယ်လဲရှိသလို မပေးတဲ့ပြည်နယ်လဲ ရှိတယ်။ လိင်တူ လက်ထပ်ထိမ်းမြားခွင့်ရှိတဲ့ ပြည်နယ်လဲရှိသလို လူမှုကြင်ဖော်ဆိုတဲ့ အဆင့်လောက်ထိပဲ ခွင့်ပြုထားတာလဲ ရှိတယ်။ သေဒဏ်ကို ကျင့်သုံးတဲ့ပြည်နယ်တစ်ချို့လဲ ခုထက်ထိအောင် ကျန်သေးတယ်။ ကိုယ်ဝန်ဖျက်ချခွင့် တရားဝင်ပေးထားတဲ့ ပြည်နယ်ရှိသလို တရားမဝင်တဲ့ ပြည်နယ်လဲရှိတယ်။ တရားဝင် ခွင့်ပြုထားတဲ့ ပြည်နယ်အချင်းချင်းမှာတောင်မှ သန္ဓေသား ဘယ်နှစ်လသားအထိ တရားဝင် ဖျက်ချနိုင်တယ်ဆိုတဲ့နေရာမှာ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ခွင့်ပြုထားတာခြင်း မတူဘူး။ အသက်ဘယ်လောက်ကစပြီး အရက်စရောင်းခွင့်၊ ဆေးလိပ်စရောင်းခွင့် ရှိတယ်ဆိုတာလဲ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူဘူး။ အမေစု အခုရောက်နေတဲ့ နယူးယောက်လိုမြို့ဆို အဆောက်အဦးအတွင်း ဆေးလိပ်သောက်ခွင့်မရှိပေမယ့် တခြားပြည်နယ်တွေမှာဆို ဓာတ်လှေကားထဲမှာတောင် သောက်ချင်ရင်သောက်ခွင့်ရှိတယ်။ ဘယ်သူမှ တားလို့ မရဘူး။ အမေရိကန်မှာ ပြည်နယ်အစိုးရဆိုတာ မြန်မာပြည်ထောင်စုအစိုးရလောက်နီးနီး အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ သူ့ပြည်နယ်ကို ဖြတ်ပြီး ရေနံပိုက်လိုင်းသွယ်မှာကိုတောင် ပြည်နယ်အစိုးရမကြိုက်ရင် ပြည်ထောင်စုအစိုးရက သွားလုပ်လို့မရဘူး။ ခု မြန်မာကို စလွယ်သိုင်းဖြတ်ပြီး တရုတ်က ဓာတ်ငွေ့ပိုက်လိုင်းဖောက်တော့ လက်ရှိအစိုးရ တားနိုင်စွမ်းရှိလို့လား??


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးနဲ့ တိုင်းရင်းသားလူမျိုးအချို့ရဲ့အမြင် by Ven Ravika on Wednesday, September 19, 2012 at 10:10am ·



အမေရိကန်နိုင်ငံကို ရောက်ရှိနေတယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ့်နေရာမှာ စိတ်တဝမ်းတည်း ရှိကြဖို့ လိုပုံကို အထူးပြောစရာမလိုပါ။ နိုဘဲလ်ဆုရှင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ ကြိုဆိုရမှာဖြစ်တယ်။ ကော့မှူးအမတ်တစ်ဦးဆိုတယ့်အမြင်ကိုလည်း စွန့်လွှတ်ထားရမှာဖြစ်တယ်။ ဒီချုပ်ဟာ အစိုးရမဖြစ်သေးတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်က အစိုးရခေါင်းဆောင်မဟုတ်တာရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မဟုတ်တာရယ် ရှင်းအောင် မြင်ရမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က စိုးမိုးအေးချမ်းဥက္ကဋ္ဌဖြစ်လို့ ဥပဒေစိုးမိုးရေးအကြောင်း၊ နယ်မြေအေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးအကြောင်း အပြောများပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသိန်းစိန် ဘယ်လိုကွာခြားလဲ။ တိုင်းရင်းသားအချို့က စပ်စုကြပါတယ်။ ဗွီအိုအေအကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အင်တာဗျူးကို ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတသိန်းစိန်ကိုယ်စားလှယ်တစ်ဦးထက် မပိုပါလို့ မြင်သူရှိသလို တိုင်းရင်းသားအရေးအခင်များကို အရင်ကလောက် မလေးစားတော့ဘူးဆိုပြီလည်း ဝေဖန်ကြတာကို တွေ့ရပါတယ်။ ဝေဖန်တိုက်ခိုက်တယ်လို့ မမြင်ဘဲ သတိထားစရာတွေအနေနဲ့ အောက်ပါအချက်များကို လေ့လာကြည့်ပါ။

၁။ ဆုလက်ခံရရှိဖို့ လာရောက်ခြင်းဖြစ်တယ်။
၂။ မြန်မာပြည်ပြောင်းလဲနေပြီဖြစ်ကြောင်း အသိပေးဖို့ လာရောက်ခြင်းဖြစ်တယ်။
၃။ စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးဖို့ လာရောက်ခြင်းဖြစ်တယ်။
၎။ သမ္မတသိန်းစိန်အတွက် လမ်းရှင်းပေးဖို့ လာရောက်ခြင်းဖြစ်တယ်။
၅။ အမေရိကန်မှာ သူ့ထောက်ခံသူ၊ ကန့်ကွက်သူများကို သွေးတိုးစမ်းဖို့ လာရောက်ခြင်းဖြစ်တယ်။
၆။ သိန်းစိန်က ၉၀-ရာခိုင်နှုန်း၊ ဒေါ်အောင်ဆန်းစုကြည်က ၁၀-ရာခိုင်နှုန်းပဲ အကျိုးအမြတ်ရရှိမယ့်ခရီး ဖြစ်တယ်။

Tuesday, September 25, 2012

သမိုင်းပါးစပ်တွေ ဘယ်တော့မှ မပိတ်ဘူး ဦးဝင်းတင် Facebook စာမျက်နှာများပေါ်မှ-



၂၀၀၆ မှာ ကျုပ်ကို ထောင်ကလွှတ်တယ်။ ထောင်ဘူးရောက်တယ်။
ကိုယ်အင်္ဂါအမှတ်အသားတွေ စစ်တယ်။ လွှတ်ဝရမ်းပေးတယ်။
အခြားအကျဉ်းသား ၁၀၀ ကျော်နဲ့ အတူ အကျဉ်းဦးစီးညွှန်ချုပ်ရဲ့ 
နှစ်သိမ့်စကား၊ မျက်ဖြေစကား၊ ထောင်ဘူးဝ ညွှန်မှူးရုံးမှာ နားပူရတယ်။
ကျန်တဲ့သူတွေကို လွှတ်လိုက်တယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသား
၉ ယောက်ကို ၀န်ကြီးက တွေ့ ချင်တယ်၊ စောင့်ပါဦးတဲ့။ နာရီဝက်
ကြာတယ်။ နောက်ကျုပ်ကို သံတိုင်ခန်းထဲ ပြန်သွင်းတယ်။
ကျုပ်ကို ဘယ်တရားသူကြီး၊ ဘယ်ထောင်အရာရှိကမှ ဘာပုဒ်မသစ်မှ
မကပ်ဘူး။ ဘာပြစ်မှုသစ်မှ မစွဲဘူး။ ဖဆပလ ခေတ်က ပြည်တဲရေးဝန်ကြီး
ဗိုလ်ခင်မောင်ကလေးက သတင်းစာဆရာကြီး လူထုဦးလှတို့ ကို
လွှတ်ဝရမ်းပေး၊ ပုဒ်မသစ်ကပ်၊ ထောင်ထဲပြန်ထည့်တာမျိုး မဟုတ်။
ကျုပ်နဲ့ တစ်တိုက်တည်း အတူတူနေတဲ့ ပြည်သူ့ တိုးတက်ရေးပါတီက
ဦးခင်မောင်မြင့်တို့ ၊ ဗကပ က ကိုသက်ခိုင်တို့ ကို လွှတ်ဝရမ်းပေး၊
၁၀ (ဃ) ပုဒ်မသစ် ကပ်တာမျိုးနဲ့ လည်း မတူဘူး။

ကျုပ်ကို စတုတ္ထအကြိမ် ထောင်ပြန်ချပုံကတော့ အသားလွတ်ကြီးဗျ။
ဗြောင်ကြီးဗျ။ ဘလိုင်းကြီးဗျ။ အဲဒီအချိန်က စစ်အာဏာရှင်အစိုးရ
အကြီးအကဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဗျ။ အစိုးရ၀န်ကြီးချုပ်က
ဘယ်သူဆိုလားဘဲ။ ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်မောင်ဦးဗျ။
အကျဉ်းဦးစီး ညွှန်ကြားရေးမှူးချုပ်က ဗိုလ်မှူးကြီးဇော်မင်းဗျ။
အဲဒီ လူ့ ငရဲ ယမမင်းတွေထဲမှာ ဘယ်သူတွေက ကျုပ်အတွက်
တာဝန်ယူမှာလဲ။ ကျုပ်က အခုထိ အသည်းနာတုန်းဗျို့ ။ ထောင်သောင်းချီရှိတဲ့
လူ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ အရိုးတွန်ကိစ္စတွေ၊ သမိုင်းကြွေးတွေ၊
သမိုင်းတရားခွင်တွေကိစ္စက မပြီးသေးရုံမဟုတ်ဘူးဗျာ။ မဆုံးသေးဘူးဗျ။
တာဝန်ရှိသူတွေ ဒဏ်ယူရမယ်ဗျ။ ဒဏ်ခံရမယ်ဗျ။ တော်တန်တိတ်ခိုင်းလို့ 
မရဘူးဗျ။ သမိုင်းပါးစပ်တွေက ဘယ်တော့မှ မပိတ်ဘူးဗျ။

ပြည်ထောင်စုမှ ခွဲထွက်ခွင့် . . .ဆိုတာနဲ့ပါတ်သက်လို့. . ./Posted by ချိုတူးဇော်။



အဲဒီမြေပုံကို ကြည့်ပါ။
တကယ်တမ်းခွဲထွက်ကြမယ် ဆိုရင် အဲဒီလောက်တောင် ကပါ့မလား လို့ တွေးမိတယ်။
အဲဒီမြေပုံမျိုးကို ခင်ဗျားတို့ တကယ်မလိုချင်ဘူး ဆိုရင်ဖြင့်. .
ဒီလို အစိတ်စိတ်အမွှာမွှာ မကွဲဖို့ဆိုရင်ဖြင့်၊
တိုင်းရင်းသားတွေကို တန်းတူညီမျှ အခွင့်အရေးတွေနဲ့
သူတို့ကျေနပ်စေမယ့် အဆင့်အတန်းတွေနဲ့ တွေ့ဆုံးဆွေးနွေးမှုတွေနဲ့
နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ် ဆိုတာကို သိဖို့ပဲ မျှော်လင့်ပါတယ်။

မွေးရာပါ အခွင့်အရေး ဆိုတာ
လူတဦးချင်းအနေနဲ့ပဲ ဖြစ်ဖြစ်၊
လူမျိုးစု တစုချင်းအနေနဲ့ပဲ ဖြစ်ဖြစ်. . .ရှိပါတယ်။ ဒါကို အရင်ဆုံး အသိအမှတ်ပြု လေးစားဆက်ဆံမှ စကားပြောလို့ရမှာပါ။

နိုင်ငံသားတယောက်ကို အာဏာပိုင်တယောက်က ဘာပြစ်မှုတစုံတရာမှ မရှိဘဲ ချုပ်ချယ်
ဖိနှိပ်ဆက်ဆံလို့မရသလိုဘဲ၊
ပြည်ထောင်စု ဆိုတာလည်း လူမျိုးစုတစုစီကို ဖိနှိပ်ချုပ်ချယ်ထားရာ မဖြစ်စေရပါဘူး။
လူမျိုးစုတိုင်းကို အခွင့်အလန်းတွေ တန်းတူညီမျှ ဆောင်ကြဉ်းပေးရာ ပဲ ဖြစ်ရပါစေမယ်။

အမွေဆိုင်အိမ်လို့ သဘောထားရင် သူတို့ရဲ့ အမွေရပိုင်ခွင့်ကို တရားဝင်အသိအမှတ်ပြု
ရမှာက သပ်သပ်၊ ဥမကွဲသိုက်မပျက်အဲဒီအိမ်ကြီးထဲ တမိုးအောက်ဆက်နေကြဖို့ ဆုံးဖြတ်တာကသပ်သပ်၊ သပ်သပ်စီပါ။

ပို့စ်အဟောင်းမှာတုန်းက အဓိကထောက်ပြခဲ့တာလေးတွေကို သိသာမြင်သာအောင် ပြန်
ကောက်နှုတ်တင်ပြပါတယ်။

Monday, September 24, 2012

မြန်မာပြည်နှင့်ခွဲထွက်ခွင့်ကိစ္စ by Socretes Athensian on Saturday, July 16, 2011 at 10:26am · Friday, November 9, 2007





ဖက်ဒရေးရှင်းဟူသည် (federation) လက်တင်ဘာသာစကား(foedus)မှ ဆင်းသက်လာပြီး သဘော တူညီမှု ပဋိညာဉ်(သို့) သဘောတူညီမှု စာချုပ်ဟု အဓိပ္ပါယ်ရသည်။ တချို့ကတော့ ဖက်ဒရယ်ဟု ပြောလိုက် သည်နှင့် ခွဲထွက်ခွင့်နှင့် ယှဉ်တွဲပြေးမြင်မိကြသလို ခွဲထွက်ခွင့်မပါဘဲနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ၍ မရပါဟုဆိုကြသည်။ အမေရိကန် နိုင်ငံသား (David William) ကမူ ခွဲထွက်ခွင့်မပါဘဲနှင့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်၍ရပါသည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ တဆက်တည်းမှာပင် “တူညီတဲ့ အကျိုးစီးပွားတွေကို ဘယ်လိုပေါင်းစပ်မလဲဆိုတာ ဖက်ဒရယ်ရဲ့ အနှစ်သာရဖြစ်ပြီး ခွဲထွက်ခွင့်မပါရှိပါက ဖက်ဒရယ်ဖွဲ့စည်းမှုမှာ အဓိပ္ပါယ်မဲ့ဖြစ်သည်ဆိုခြင်းမှာ မှားယွင်းပါသည်။ ဖက်ဒရေးရှင်းဟူသော သတ်မှတ်ချက် ဘောင်အတွင်းမှ ခွဲထွက် ခြင်းသည် တရားဝင်မှုမရှိပါ”ဟု ပြောခဲ့သည်။
ခွဲထွက်ခွင့်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အမြင့်ဆုံးလုပ်ပိုင်ခွင့်ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက် ပြီး လေ့လာသူအားလုံးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အစမှာ ဥရောပအင်ပါယာနိုင်ငံကြီးများ လက်ထက်ကစခဲ့သည် ဟု လက်ခံကြသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အရှိန်ကောင်းလာသောကာလ ပထမကမ္ဘာစစ်အပြီး အမေရိကန် သမ္မတ ၀ီ(လ်)ဆင် အဆိုပြုသော ကိုလိုနီနိုင်ငံများအား လွတ်လပ်ရေးမပေးမီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရန် တင်ပြခဲ့သည်။ ခွဲထွက်ခွင့်နှင့်ပတ်သက်ပြီး တချို့ကကောင်းသည့်ဘက်က ပြောကြသလို တချို့ကလည်း ဆိုးသည့်ဘက်ကပြောကြပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ကိုဖီအာနန်ကမူု ခွဲထွက်ခွင့်နှင့်ပတ်သက် ပြီး မထည့်ရင် ကမ္ဘာကြီးအတွက် အေးချမ်းတယ်ဟု ပြောခဲ့သည်။
လူမျိုးစုတချို့ကတော့ ပါးအနေဖြင့်မသုံးပါ။ ဒိုင်းအနေဖြင့် သုံးရန်အတွက်တော့ ခွဲထွက်ခွင့်ကို ထည့်သင့်သည်ဟု ဆိုကြသည်။ ခွဲထွက်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၏ ကွာခြားချက်မှာ ခွဲထွက်ခွင့်၌ သီးခြား လုံးဝလွတ်လပ်ခြင်းရဲ့ အစုအဝေးဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၌ အတူတကွ နေထိုင်ကြပြီး ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်မှုကောင်းတို့ဖြစ်သည်။
တကယ့်ဖက်ဒရယ်စစ်စစ်နှင့် အာဏာခွဲဝေအုပ်ချုပ်ကြပါက ခွဲထွက်ခွင့်ထည်ရန်မလိုဘဲ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရကြား တည်ဆောက်မည့် ယုံကြည်မှုကသာ အရေးကြီးပါသည်။ ဖက်ဒရယ်ကို အဓိကဖော်ဆောင်ရာ၌ အဓိကအရေးကြီးဆုံးမှာ အဖွဲ့ဝင်ပြည်နယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရာတွင် မည်သည့်ပြည်နယ်တခုခုကမှ လွှမ်းမိုးမှုမရှိသည့် သဘောကိုဆောင်သည်။
တနည်းဆိုရသော် ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် ပြည်နယ်များ၊ လူမျိုးများ၊ အုပ်စုများ စုစည်းရာတွင် အာဏာကို ခွဲဝေကျင့်သုံးသည့် သဘောတရားတရပ်လည်းဖြစ်သည်။ ဖက်ဒရယ်၏ အဓိက ကျသော အခြေခံမှုမှာ စေ့စပ်ညှိနှိုင်းမှုဖြစ်ပြီး အလွန်အရေးကြီးပါသည်။ စေ့စပ်ဆွေးနွေးပြီး တူညီမှုများကို တူညီသလို အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုသလို မတူညီမှုများကို တူညီမှုရအောင် လုပ်နိုင်ဖို့ လိုသည်။
စေ့စပ်ညှိနှိုင်းမှတဆင့် ဥပဒေ မပြဋ္ဌာန်းခင် ညီညွတ်မှုကို အရင်ပြဋ္ဌာန်းသင့်သည်။ ၄င်းစေ့စပ် ညှိနှိုင်းမှုအပေါ် အခြေပြု၍
(က)ရေးသားထားသော အခြေခံဥပဒေရှိခြင်း၊
(ခ)အခွင့်အာဏာများကို ဗဟိုဦးစီးထိန်းချုပ်မှုမရှိခြင်း၊
(ဂ)နယ်မြေဒေသအလိုက် အာဏာခွဲဝေအုပ်ချုပ်ခြင်း တည်းဟူသော အနိမ့်ဆုံးစံသတ်မှတ်ချက် (၃) ခုဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပါသည်။
မည်သည့်အတွက်ကြောင့် ဖက်ဒရယ်ကျင့်သုံးကြသနည်းဟုဆိုလျှင်
(က) မတူကွဲပြားသော ယဉ်ကျေးမှုများကို ဖော်ထုတ်ရန်၊
(ခ)အခွင့်အရေးများ တန်းတူရန်၊
(ဂ)လူမျိုးကြီးဝါဒနှင့် ကြီးနိုင်ငယ်ညှင်းဝါဒကို ကာကွယ်နိုင်ရန်အတွက်နှင့်
(ဃ)ဒေသ၏ လိုအပ်ချက်ဖြစ်ပျက်မှုကိစ္စများကို ပြည်ထောင်စုအစိုးရထက် ဒေသဆိုင်ရာအစိုးရက ပိုမိုသိရှိပြီး လူထုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကျင့်သုံးကြသည်။
ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် အရေးကြီးသောအချက် (၃)ချက်ရှိပါသည်။

Thursday, September 20, 2012

ဒုက္ခသည်ခရီးစဉ်အတွင်း …. အနှစ်သက်ဆုံး ကဗျာနှစ်ပုဒ် Posted by on July 16, 2008

အို …. ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့် ….

ရှင်တော်မြတ်ဘုရားက ဟောကြားတယ်
ပိယေဟိ ၀ိပ္ပယောကော ဒုက္ခော
အပိယေဟိ သမ္ပယောကော ဒုက္ခော … တဲ့
အစက နားမလည်
ဒါလေးများ …
ဘာမီတွန်သောက် ပျောက် … ပေါ့နော် .. ။
အရိုးစင်းဆုံးသော လောကဒဏ် ကဗျာကို ရေးဖွဲ့လိုက်တဲ့သူက ကဗျာဆရာရဲထွဋ်ပါ။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကဆောင်ရွက်ပေးနေတဲ့ ဒုက္ခသည်တွေအတွက် ဘ၀သစ်ထူထောင်ရေး … ပြန်လည်နေရာချထားရေးအစီအစဉ်တွေဟာ အခုဆိုရင် ထိုင်း – မြန်မာနယ်စပ်က ဒုက္ခသည်စခန်း (၉) ခုမှာကျယ်ကျယ်ပြန့်ပြန့်စတင်ဆောင်ရွက်နေပါပြီ။
နိုင်ငံရေးလှုပ်ရှားမှုတွေ … ဘာသာရေးဖိနှိပ်မှု၊ လူမျိုးရေးနှိပ်ကွပ်မှုတွေ … ပေါ်တာနဲ့ မုဒိန်းမှုတွေနဲ့ ကင်းဝေးရာ အရပ်တခု ကမ္ဘာပေါ်မှာ ရှိနေသတဲ့ …
နောက်ပြီးတော့လည်း … အဲဒီအရပ်မှာ အလုပ်ကြမ်းသမားတွေလိုအပ်နေပြီးတော့ ဒုက္ခသည်တွေမှာတော့ လုပ်အားကလွဲရင် ဘာမဆိုလိုအပ်နေတဲ့အတွက် အပေးအယူမျှမျှနဲ့ပဲ ခေါ်သူကခေါ် သွားသူကလည်းသွား ကြနဲ့ ဒုက္ခသည်စခန်းတခုလုံး သက်ဝင်လှုပ်ရှားနေကြတယ်။
အိုပီအီး ပီးပီလား
ဒါဆို ဒီအိပ်ခ်ျအက်စ် ကတော့လိုပါသေးတယ်။
ကာချာရှော့မရအောင်
စီအို တက်ရမယ်တဲ့
တက်ကြွစွာသူတို့နှုတ်ဖျားက
အဟုတ်စကားကြွယ်လှ
ဆီမန်း မန်းမလို မန်းနေကြ
ခိုငြီးသံတွေကြားနေရ
ဂရုဏာသက်ရမှာလား
ဥပက္ခောပြုရမှာလား …. ။
အိုပီအီး … Overseas Processing Entity (OPE) ဆိုတာ ဒုက္ခသည်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက စခန်းထဲအရောက် လာရောက်ပြီးစုံစမ်းမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။
ယူအန်အိပ်ခ်ျစီအာကနေ ထိုင်းနိုင်ငံ အာဏာပိုင်များကို တရားဝင်လွှဲပြောင်းပေးအပ်လိုက်ပြီး ဒုက္ခသည် စခန်းရှိရာကို ကားတွေတသီတတန်းနဲ့ပို့ခဲ့ပြီးတဲ့နောက် … စခန်းတွင်းမှာ ဒုက္ခသည်ဖြစ်ကြောင်း တရားဝင် မှတ်ပုံတင်ပြီးတဲ့နောက် …. ဒါဟာ ဒုက္ခသည်များ မျှော်လင့်တောင့်တနေတဲ့ တတိယနိုင်ငံရောက်ရှိရေး အစီအစဉ်လည်း ပိုမိုနီးကပ်လာနေပြီဖြစ်ကြောင်း သိသာထင်ရှားစေတဲ့ အမှတ်သညာတခုဆိုရင်လည်း မမှားတဲ့ အခေါ်အဝေါ်တခုဖြစ်ပါတယ်။
ဒီအိပ်ခ်ျအက်စ် (Department of Homeland Security) ဆိုတာကတော့ ဒုက္ခသည်များက အိုပီအီးတုန်းက ပြောဆိုဖြေကြားချက်တွေကို ထပ်မံအတည်ပြုမေးမြန်းစုံစမ်းခြင်းနဲ့ကျန်းမာရေးဆေးစစ်ခြင်းတို့ကို တဆက် တည်းဆောင်ရွက်ပေးချိန်ပါပဲ။
ဒီအိပ်ခ်ျအက်စ်မှာ စစ်ဆေးသူများရဲ့ စိတ်ကြိုက်ဖြေဆိုပေးနိုင်ရင် အထူးသဖြင့် တီဘီပိုးရှိတယ်လို့လည်း သံသယအဖြစ်မခံရဘူးဆိုရင် … ဒီပတ်ချာဒိတ် (Departure Date) စောင့်နေယုံပါပဲ။
အရှေ့နဲ့ အနောက်ရဲ့ ဆန့်ကျင်ဘက်ပေါင်းစုံဖြစ်တဲ့
ယဉ်ကျေးမှု …
ကိုးကွယ်ယုံကြည်မှု …
ပေါင်းသင်းဆက်ဆံရေး …
ဘ၀နေထိုင်ပုံနည်းစနစ်တွေ …
တောထဲမှာ မျှစ်ချိုးစားနေရသူတွေ ချက်ခြင်းစားရတော့မယ့် ဒိန်ခဲနဲ့
ထောပတ်အပြောင်းအလဲကာလများ ….
တောထဲမှာ တပိုတပါးသွားကျင့်ရှိနေသူများ လေယာဉ်အိမ်သာခန်းထဲမှာ ကြုံတွေ့ရမယ့်
ဒုက္ခတွေအတွက်
ကြိုတင်ပြင်ဆင်ထားရန် စည်းကမ်းချက်တွေ …
ရေပူ ရေနွေးနဲ့ ရေချိုးရန်နည်းစနစ်ပါမကျန် …
ရက်တို သင်တန်း (၃) ရက်နဲ့ ဘ၀တပါးကို
အရှင်လတ်လတ်ကူးပြောင်းရေးကျင့်စဉ်များသင်ကြားပေးခြင်းကိုတော့
(စီအို) လို့ လူသိများပါတယ်။ အဲဒီသင်တန်းကို လူတိုင်း စိတ်ဝင်တစားသွားတက်ကြတယ်၊
( မတက်ရင် လေယာဉ်လက်မှတ်မရနိုင်လို့ပါ … )
ဒုက္ခသည်စခန်းကို နိုင်ငံရေးအသိုင်းအ၀ိုင်းကလူတွေကို ဒုက္ခသည်စာရင်းတင်ထားတဲ့ နံပါတ် (၂၀၈၆) ယောက်ကိုသွင်းစဉ်က ကဗျာဆရာ အေအမ်တီရဲ့ နို့ဖိုး …ဆိုတဲ့ ကဗျာလေးတပုတ်ထွက်လာခဲ့တာကိုလည်း အခုတခါပြန်ပြီးသတိရမိတယ်။
သနားကြပါခင်ဗျာ
သနားကြပါ
နိုင်ငံအဟောင်းလေး တခုလောက်ဆိုပြီး
စားစရာ … နေစရာ
လုပ်စရာတွေ … ကိုင်စရာတွေထားရစ်လို့
ဖုတ်ပူမီးတိုက်
ငါတို့
ဒီနေရာကိုရောက်ရှိခဲ့တယ်။
ဟောဒီ ဘဒ္ဒကမ္ဘာမှာ
ဒုက္ခ ဆိုတာ အတုမရှိဘူး
ဒုက္ခသည်ပဲ အတုရှိတယ်.
တော်လှန်ရေးဆိုတာ အတုမရှိဘူး
တော်လှန်ရေးသမားပဲ အတုရှိတယ်။
တော်လှန်ရေးနယ်ပယ်ထဲမှာ ဒဏ်ခံနိုင်သူတချို့တလေက တတိယနိုင်ငံဆိုတဲ့စကားကို ကြားချင်လေ့ မရှိကြဘူး။ ဒဏ်မခံနိုင်သူအတော်များများကတော့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့…. ဆိုပြီး တတိယနိုင်ငံကို အသွင်ကူးပြောင်းရေးရေယာဉ်ကျောထဲ အလိုက်သင့်ပေါလောပေါ်နိယာမနဲ့ …. အဲဒီထဲက တချို့ တချို့ သောသူတွေကတော့ အနီးဆုံးလက်တွဲဖော်အဖြစ် မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမလေးတွေ လက်ကိုတွဲလို့ ထွက်ခွာခဲ့ကြတယ်။
တချို့ကတော့လည်း တတိယနိုင်ငံကို စရိတ်ငြိမ်းသွားနိုင်ဖို့ I swear to tell the truth…. လို့ …. လက်ယာဘက်လက်ကိုထောင်ပြီး ကျိန်ဆိုထားသည့်တိုင် အစိုးရက နှိပ်စက်လို့ မနေ၀ံ့ တော့လို့ပါ … ဆိုတဲ့ မုသာဝါဒကံနဲ့အတူတူ…
တချို့ကျတော့လည်း အမှန်ကိုသာပြောပါ … လို့ သတိပေးထားတဲ့ အဲဒီ အင်တာဗျူးတာဝန်ရှိသူတွေ ကိုယ်တိုင်ကိုက သူတို့လိုချင်တဲ့အဖြေမရမချင်း ဘောင်သွင်းမေးလွန်းလို့ မလိမ်ချင်ဘဲလည်း လိမ်ပေး လိုက်ရတဲ့သူတွေလည်း ရှိသေးရဲ့။
ဥပမာ တယောက်ကိုထုတ်ပြပေးရမယ်ဆိုရင် –
တော်လှန်ရေးနယ်ထဲမှာနေတဲ့ တယောက် နာတာရှည်ရောဂါဖြစ်တော့ သူ့ညီမက သူ့ကိုစောင့်ရှောက်ဖို့ ဒီဘက်ကို လိုက်လာရတယ်။ အင်တာဗျူးတဲ့အချိန်ရောက်တော့ ထုံးစံအတိုင်း ပုံစံမေးခွန်းတခုကို မေးပါတယ်။ ဘာလို့ထွက်လာရတာလည်း …. ဆိုတာရယ် …. ဘာကြောင့်ပြန်လို့မရတော့ တာလည်း … ဆိုတာရယ် …
အကို့ကို ပြုစုဖို့လာရပါတယ် … ဆိုတဲ့အဖြေကို သူတို့မကြိုက်။ အကိုနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှု မရှိဘူးလား … ဆိုတာကို ထပ်ခါထပ်ခါမေးလာတဲ့အခါ …. ဖြေရတာအာညောင်းလာတော့ ရှိပါတယ် လို့ဖြေလိုက်ရ …. ဘယ်လိုစစ်လည်းမေးတော့ မညာတတ်သူပီပီ မုသားလွတ်အောင် သန်းကောင် စာရင်းခဏ ခဏစစ်တယ်ဖြေလိုက်ပေမယ့် မေးသူကစိတ်တိုင်းမကျ။ အကိုနဲ့ပတ်သက်ပြီး အဖမ်းခံရ သေးလားဆိုတာကို လိုချင်သည့်အဖြေမရမချင်း ထပ်ခါတလဲလဲမေးနေတယ်။
”နောက်ဆုံးကျတော့ အတွေ့အကြုံရနေတဲ့ စကားပြန်က “ကဲပါ ညီမရယ်။ ဒီပုံအတိုင်းဆိုရင် နောက် တရက်ဆက်မေးခံနေရလိမ့်မယ်။ အကို မရှိလို့ ဘယ်သွားလဲမေးတာ မဖြေနိုင်လို့ (၃) ရက်လောက် အချုပ်ခံခဲ့ရတယ်။ အဲဒါကြောင့်ထွက်လာရတယ်လို့ပဲ ကျနော်ပြောလိုက်တော့မယ်နော် … လို့ခွင့်တောင်းပီး ကျနော့်ကို အချုပ်ထဲ သုံးရက်လောက်ထည့်ပေးလိုက်တယ်အမရယ်“ လို့ အင်တာဗျူးကအပြန် မှာအတွေ့ အကြုံရှင်းလင်းပွဲလုပ်ခဲ့တာကို သတိရမိတယ်။
မလိမ်ညာပါဘူး။ အမှန်ကိုပဲပြောပါ့မယ်လို့ … လက်ထောင်ကျိန်ခိုင်းပြီးတော့မှ လိုချင်တဲ့အဖြေရသည့်အထိ မလိမ်မချင်း ချောင်လိုက်ပိတ်နေတာကတော့ စိတ်ခံစားချက်ကို တမျိုးဖြစ်စေတာအမှန် …
တကယ်တန်းက အလုပ်သမားဖြစ်ချင်သူတွေနဲ့ ….. အလုပ်သမားလိုအပ်နေသူတို့ရဲ့တွေ့ဆုံပွဲမှာ သူတို့ ဘက်က ဘာမှ ကျိန်စာတိုက်နေဖို့မလိုပါဘူး။
မြန်မာပြည်ထဲက အဓိကအထွက်အများဆုံးအကြောင်းအရင်းကတော့ အစိုးရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ ကြောင့် လူလိုမနေရတဲ့ဘ၀တွေထဲက ရုန်းကန်ပြေးထွက်လာကြခြင်းပါပဲ။
သည်ထဲမှာမှ စီးပွားဖြစ်လုပ်စားချင်သူ တချို့တလေ ရောနှောညပ်ပါနေတာတော့ ဘယ်နှယ်လုပ် ရွေးထုတ် နိုင်ပါ့မလဲ။ ဒုက္ခသည်အတု တော်လှန်ရေးသမားအတု … တွေရဲ့ အမေရိကန်သို့ စရိတ်ငြိမ်းခရီးစဉ်မှာ လိမ်ညာတာကို ဒါလေးများ …. ဒါလေးများလို့တောင် သီချင်းဆိုနေကြမည့်သူတွေ….. ရှိနေတတ်တာ ဟောဒီဘဒ္ဒကမ္ဘမှာ လူ .. ဆိုတာဖြစ်တည်ကတည်းက ဒွန်တွဲပါလာပြီးသား ကံကြမ္မာတခုလို ….
အို … ဒုက္ခသည်များဆိုင်ရာနတ်
ပဋိပက္ခဆိုင်ရာနတ်
ငတ်မွတ်ခေါင်းပါးဘေးဆိုင်ရာနတ် ..
မျိုးသုဉ်းသတ်ဖြတ်ဘေးဆိုင်ရာနတ် …
ဗဟုသုမဂ္ဂဆိုင်ရာနတ်
အဲန်ဂျီအိုရေးရာ နတ်အပေါင်းတို့ ….
ကြည့်လော့…ရှုလော့ …
ဤပစ္စတရာဇ်သားတို့ရဲ့
ကံကြမ္မာကို …… ။
ဆိုတဲ့အတိုင်း ကူညီလိုတယ် ဆိုသူတွေက ခေါ်နိုင်သလောက်လူတွေကို ခေါ်သွားဖို့ပါပဲ။
အကြောင်းအမျိုးမျိုးနဲ့ …. အမိမြန်မာပြည်ကိုပဲဖြစ်ဖြစ် .. အမိမြေနဲ့အနီးစပ်ဆုံးတော်လှန်ရေးနယ်မြေကပဲ ဖြစ်ဖြစ် … တော်လှန်ရေးနယ်မြေက စီးပွားရေးနယ်မြေသစ်တခုကိုရည်ရွယ်လို့ပဲဖြစ်ဖြစ် … အဲဒီ ပြန်လည် နေရာချထားရေးယဉ်ကျေးမှုစီးကြောင်းထဲမှာ အလိုက်သင့်မျှောပြီး လိုက်ချင်သူတွေက လိုက်ပါသွားကြ ပါလိမ့်မယ်။
ကျန်ရစ်သူတွေထဲမှာတော့ သားတကွဲ … မယားတကွဲတွေရဲ့ နာကျင်မှုတွေ …. မိတ်ဆွေသင်္ဂဟတွေရဲ့ ရွေ့လျားဝေးကွာရတဲ့ အထီးကျန်ဝေဒနာတွေ …. မြန်မာ့အရေးလုပ်စရာတွေတပုံကြီးနဲ့ လုပ်မယ့်သူတွေရဲ့ တကယ့်လက်တွေ့အလုပ်ပုံကြီးအောက်က အနားမရတဲ့နေ့ရက်တွေကြားမှာ …. ထွက်ခွာသွားနိုင်ရေး လုံ့လပြုနေသူတွေအပေါ်မှာလည်း အပြစ်မတင်သာ …. ထွက်ခွာသွားမှာကိုလည်း မလိုလား .. ကျပ်တည်း ခက်ခဲတဲ့အခြေအနေအရပ်ရပ်ကိုလည်း နားလည်နိုင်သော်ငြားလည်း
တဖြေးဖြေးလျော့ပါးလာတဲ့ နိုင်ငံရေးအင်အားစုတွေကို ပြန်လည်အားကောင်းလာအောင်မျှော်လင့်ရင်း ……
အို …. ဖ ဘုရားသခင်
ဘာကြောင့်များ “ကပ္ပတိန်ကွတ်” ကို
ဘယ်အတွက်များ “ကိုလံဘတ်” ကို
သမိုင်းစာမျက်နှာများမှာ
နေရာပေးခဲ့ပါလိမ့်
စွန့်ဦးတည်ထွင်သူတွေထဲမှာ
အမုန်းဆုံးသူ “တစ်” နဲ့ “နှစ်” ဟာ
သူ နဲ့ သူပေါ့
အခုတော့
သူတို့ကြောင့် …. ။
ခွာညို

ရွှာပြင်ထုတ်ခံရသူများ

ငယ်ငယ်က ပုံပြင်တစ်ပုဒ်ကြားဖူးခဲ့တယ်။ ရွာထဲမှာဖြစ်ပျက်နေတာတွေကို သူ့အမြင်အတိုင်းပြောလေ့ရှိတဲ့ အဘွားအိုကြီးတစ်ယောက် ရှိသတဲ့။ သူပြောတာတွေက ဒဲ့ဒိုးဆန်လွန်းတော့ ကြာတော့ သီးမခံနိုင်ကြတော့ပဲ သူ့ကို ရွာသူ ရွာသားတွေက ရွာပြင်ထုတ်ထားလိုက်ပါရောတဲ့ကွယ်။တစ်နေ့မှာတော့ မျက်နှာစိမ်းခရီးသွား တစ်ယောက်ရောက်လာသတဲ့။ အဘွားကြီးဆီက ရေတောင်းသောက်ရင်းနဲ့ အဘွားရယ် တစ်ယောက်တည်းများ ဘာဖြစ်လို့ ရွာပြင်မှာ ထွက်နေရသလဲဆိုတော့ ငါကကွယ် အမှန်တွေချည်းပြောတော့ ရွာကလူတွေမခံနိုင်ကြတော့လို့ ငါ့ကိုရွာပြင်ထုတ်ထားကြတယ်တဲ့။ အကြောင်းမသိသေးတဲ့ ခရီးသွားက တယ် ဒီလူတွေ တော်တော်မဟုတ်တာပဲ နေဦး အဘွား ကျတော်ရွာထဲရောက်မှ အဘွားကို ဒီလိုလုပ်ထားတာ ပြောဦးမယ်ဆိုပြီး အလောတကြီး ထထွက်သွားတဲ့အခါ သူပါလာတဲ့ ထီးလေးကျန်ခဲ့သတဲ့။ အဲ့ဒီ့မှာတင် အဘွားကြီးက ဟေ့ သူငယ် ဟေ့ သူငယ် ဟယ် မျက်စိစောင်းစောင်း လက်ပြင်ကုန်းကုန်း ခြေခွင်ခွင်နဲ့ သူငယ် မင့် ထီးကျန်ခဲ့တယ်လို့ ဟစ်လည်း ဟစ်ရော ခရီးသွားက ဟင် တယ် ဒီအဘွားကြီး ရွာပြင်တင်ထုတ်သင့်တာမဟုတ်ဘူး သတ်ပါသတ်သင့်တယ်လို့ ကြိမ်းဝါးပြီး ဝေးဝေးကို ခြေကုန်သုတ်နှင်ပါလေရောတဲ့ကွယ်။ အဲ့ဒီ့ပုံပြင်လေး ကြားခါစက ရယ်မောမိတယ်။ နောက်စဉ်းစားမိတာက အော် အဘွားက တော်တော်အမှန်ပြောလို့ရွာပြင်ထုတ်ခံရတာပဲလို့ သနားစိတ်ဝင်မိတယ်။

အဲ့ဒီ့လိုနဲ့ လူ့လောကကြီးထဲ လူပ်ရှားသက်ဝင်ကြီးပြင်းရင်း လူမူ့ဝန်းကျင်မှာ ရုန်းကန်ပါဝင်လာရတဲ့အခါ အဲ့ဒီ့အဘွားကြီးလို လူမျိုးတွေကို အများကြီး တွေ့လိုက်ရပါလေရောကွယ်။ "ဟင်းနော် ငါတို့က မလိမ်တတ်ဘူး ဒဲ့ပဲပြောတတ်တာ စကားကို မမှန်တာမပြောဘူး ငါတို့က အမှန်ပြောတာ ငါတို့ကဘွင်းဘွင်းပဲပြောတတ်တယ်။ ငါတို့ကတော့ အရှိကိုအရှိအတိုင်းပဲဟေ့ " စသဖြင့်ကိုယ့်ကောင်းကြောင်းတွေကို မာန်ပါပါ ဟန်ပါပါနဲ့ ဂုဏ်တင်ပြီး သူများရဲ့ မကောင်းကြောင်းတွေကို မိန်ရည်ရှက်ရည်ပြောတတ်တဲ့ အမှန်ပြောသူများဆိုသူတွေကို လူတွေကြားထဲမှာ လက်မတထောင်ထောင်နဲ့ ၀ံ့ကြွားနေတာကို ရှာဖွေတွေ့ရှိလိုက်ပါလေရောကွယ်။
အဲ့ဒီ့လိုလူတွေအတွက် ရွာပြင်ထုတ်ခံရတဲ့ခေတ်မဟုတ်လေတော့ သူပြောသမျကို ဇာတ်လမ်းပမာ နားဆင်စရာလို သဘောထားပြီး အပျင်းပြေ နားအရသာခံပြီး အထူးသဖြင့် သူများအကြောင်းကို စိတ်ဝင်စားသူတွေဖြစ်တဲ့ ထောက်ခံနားထောင်သူတွေပဲများလာ ဒါကိုပဲအခြွေအရံများလှပြီလို့ထင်ပြီး နောက်ဆုံးမှာတော့ သူ့ကိုယ်ပိုင်စိတ်ကုးနဲ့ သူများဘ၀တွေကို ကိုယ်ပိုင်ဇာတ်လမ်းလေးတွေ ဆင်ပြီးပြောနေတတ်ပါလေရောတဲ့။ အဲ့တာကို တချို့ကလည်း ဇတ်လမ်းထဲမှာပါတဲ့ ဇာတ်လိုက်ကျော်တွေကို အဟုတ်ကြီးထင် ချစ်ကြ မုန်းကြ သနားကြ ရွံကြ စကားတင်းဆိုကြပေါ့။ လောကကြီးမယ် အဲ့သလို အတင်းအဖျင်းဖွယ်ဖွယ်ရာရာ စုံဆီနဖာပြောပြီးတော့မှ ရမယ့် အပေါင်းအသင်းတွေထဲမှာ ထွန့်ထွန်းလူးပြီး မြူးတူး ကျင်လည်ပျော်ပါးနေတဲ့သူတွေရှိသတဲ။ အဲ့လိုလူမျိုးတွေကျတော့ ခရီးသွားတောင် အနားသီလို့မရတဲ့ တစ်ရွာလုံး ကိုယ့်ဘာသာကိုယ် ရွာပြင်ထုတ်ပြီးနေတဲ့သူတွေလို့ ခေါ်လို့ရမယ်ထင်ရဲ့။

အဲ့သလို လူတွေရှိသလို တချို့ကျပြန်တော့ လူတွေကြားထဲဝင်လို့မှ ကိုယ်ပြောတဲ့စကား ဖင်မှန်းခေါင်းမှန်းမသိ အမြီးအမောက်မတည့် လူဝင်ကလည်းမဆံ့ လူပါးကလည်းမ၀ လူရည်ကလည်းမလည် ပြောလိုက်ရင်လည်း ဒုတ်ထိုးအိုးပေါက် ကိုယ်ပြောတဲ့စကား ဘယ်ရောက်လို့ရောက်မှန်းမသိ အပေါင်းအသင်းမျိုးမ၀င်ဆံ့လေတော့ ပုဆိုးခြုံထဲကနေ လက်သီးပုန်းပြ ပြပြီး "ဟယ် ငါကတော့လေ လူတွေနဲ့မပေါင်းဘူးသိလား လူတွေနဲ့ပေါင်းရင် သိပ်အပေါက်အစများလွန်လွန်းလို့ ပေါင်းကိုမပေါင်းဘူး ပြီးတော့ ငါတို့လူမျိုးတွေကလေ သိပ်ပြီးတော့မှ မနာလိုစိတ်များတာ ငါဒီလိုနေတာ ဒီလိုစားတာ ဒီလိုဝတ်တာ ဒီလိုသွားနေတာကိုလေ ကြိတ်ပြီး မနာလိုဖြစ်နေတာ ငါဖြင့်ဒီလို လူမျိုးတွေကိုပေါင်းမယ့်အစား ဟိုလိုလူမျိုးတွေကိုသာ ပေါင်းလိုက်တော့တယ် တကယ်။ ကိုယ့်ဘာသာပဲ တစ်ယောက်တည်း ပဲ ထမင်းကြမ်း ယတ်ခတ်စားတော့မယ် အာရုံတွေနောက်လွန်းလို့" ဆိုတဲ့သူမျိုးတွေကိုလည်း တွေ့ရပြန်ပါရော။ အယ့် အဲ့လိုလူမျိုးတွေကျပြန်တော့ ကိုယ့်ဘာသာရွာပြင်ထုတ်နေတာလို့ဆိုရမယ်ထင်တယ်။

အဲ့ဒီလိုလူမျိုးမှာကျတော့ သူရှိနေတဲ့နေရာ ဒါမှမဟုတ် ကိုယ်ရှိနေတဲ့နေရာကို ယောင်မှားပြီးတစ်ခါတစ်လေ မျက်စိလည်ပြီးရောက်လာမိတဲ့ ခရီးသွားကို ဆုံမိတာနဲ့ ကြောက်ခမ်းလိလိ စကားလုံးအကြီးကြီးတွေနဲ့ ကြွားလုံးထုတ်တာခံရပါလေရောရှင်။ "ဟင်းဟင်း တို့ကလေ လူတွေနဲ့မပတ်သတ်ချင်လို့ ကင်းကင်းနေတာ တို့ကိုများ လာထိလို့ကတော့ သိတယ်မဟုတ်လား အရင်းကပိုင်းပြီး အဖျားကိုကင် အမြစ်ကိုဖုတ် ခေါင်းကို သုတ်စားပစ်မှာဆိုတာက တမျိုး အူကိုနူတ် အသည်းကိုထုတ်ပြီး အတွင်းအပြင်ကို ပြောင်းပြန်လှန်ပီး ဆားနဲ့ပက် နနွင်းသိပ်ပြီးကင်ပစ်လိုက်မှာ သိတယ်ဟုတ်လား တို့က မပြောရင်မပြောဘူး ပြောလို့ကတော့ အားလုံး အီတွန့်ဘွမ်သွားမယ်။ ပါးစပ်နဲ့မပြောဘူး တို့ကသိတယ်ဟုတ်လား ဘယ်တုန်းက ဘယ်လူကို ဘယ်လို လုပ်ထည့်လိုက်တာ ဘယ်သူကတော့ ဘယ်လိုဂွမ်းသွားတာ မလုပ်ရင် မလုပ်ဘူး လုပ်ရင်တော့ တဆုံးပဲ"ဆိုတဲ့ မစားရ၀ခမ်းစကားတွေ နားထောင်လိုက်ရတော့ ကြားရတာ သူတောင် သတ္တိတွေ တဖွားဖွားပေါ်လာပြီး ဟ သူက တကယ်သတ္တိကောင်းတာပဲ တကယ်ဖိုက်တာပဲ ငါတောင် သူ့လောက် ပြောရဲ လုပ်ရဲပါ့မလားမသိဘူးလို့ ကြိတ်ပြီး ခိုက်နေမိလောက်အောင်ကို စကားလုံးတွေက မိုးပေါ်မှာပျံနေတာကို နားဆင်ခဲ့ရဖူးတယ်။
ဒါပေမယ့် တကယ့်တကယ်တမ်း ရှင်းကြလင်းကြဟေ့ ပြောကြဆိုကြဟေ့လည်းဆိုရော ခုနင်က လက်သီးလက်မောင်းတန်းပြီး မာန်ပါပါဟစ်ခဲ့ဖူးတဲ့သူက သူမဟုတ်သလို ရူးသလိုကြောင်သလို ရူးကြောင်မူးကြောင်နဲ့ မခုတ်တတ်တဲ့ကြောင်လို အမြီးကုတ်နေတာတွေလည်း မြင်ခဲ့ဖူးတယ်။

အင်း လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ.။ ကြုံရ ဆုံရ ဘုံဘ၀မှာဖြင့် တစ်ခါတစ်လေ ကိုယ်ကလူကြမ်းဖြစ် တစ်ကွက်တစ်လေမှာ ကိုယ်က လူကောင်းဖြစ် သူများခင်းတဲ့ဇာတ်ကွက်တွေမှာ ကိုယ်ဆိုတာ အိုးကင်းပူတိုက်ခံရတဲ့ နံပြားကိုဖြစ်လို့။ အေးလေ လူဆိုတာလည်း လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းလူ့လောကနဲ့ကင်းလို့ကွာလို့မှရတာမှမဟုတ်ပဲ။ ကိုယ်တိုင်ကလည်း ရွာရောက်နေတဲ့သူဆိုတော့ ပျော်ရင် ရွာထဲနေ ဇာတ်လိုက်လို နေပြ မပျော်ရင် ရွာပြင်ထွက် ဘီးလူကွက်နဲ့ ကပြ ဒီလိုပဲ လူ့ဘ၀ဇတ်ခုံ နိမ့်တုန်မြင့်တုန်မှာ ရယ်ငိုပျော်သလိုသာနေလိုက်တော့တာပဲ အကောင်းသားကလား။ အခုတလော ရွာပြင်ထုတ်ခံရသူတွေနဲ့ ရွာပြင်ထွက်နေသူတွေကိုတွေ့နေမိလို့ ရေးမိတဲ့ပို့စ်လေးပါ တိုက်ဆိုင်မူရှိရင် ထိုသူကိုသာ ပြောတာသာဖြစ်ကြောင်း။

Read More...

Saturday, September 15, 2012

ကျွန်တော်ဖြတ်သန်းခဲ့ရသော ဒုက္ခသည်စခန်းနေ့ရက်များ by Yangon Press International on Saturday, September 8, 2012 at 3:35am ·

ဟန်လင်းရေးသားသည်။
သြဂုတ် ၂၀၁၂
ကျွန်တော်ဆယ်တန်းအောင်ပြီးစ ဘ၀ကိုအလွယ်တကူဖြင့် ဖြတ်သန်းရင်း အိပ်မက်များနှင့်သာ ပျော်ရွှင်နေခဲ့သော်လည်း တစ်နေ့တွင် ကျွန်တော့်ဘ၀အတွက် အလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပေသည်။
          ထိုအပြောင်းအလဲမှာ ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ ဒုက္ခသည်စခန်း တစ်ခုမှာရောက်နေသည့် ကျွန်တော့်အဒေါ်ဖြစ်သူနှင့် အဆက်အသွယ် ရလိုက်ခြင်းဖြစ်သည်။

          ကျွန်တော့်အဒေါ်သည် ကျွန်တော်၏ ဦးလေးဝမ်းကွဲ (အမေရိက တွင် နေထိုင်သူ)နှင့်အဆက်အသွယ်ရပြီး ၄င်း၏လမ်းညွှန်မှုဖြင့်  ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကသို့သွားရန် ပြင်ဆင်နေသူ ဖြစ် သည်။ ဒေါ်လေးကဆက်သွယ်လာခြင်းမှာ ကျွန်တော့်ကိုလည်း သူ့လိုပင် ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကကိုသွားဖို့ သူနှင့်အတူလာနေရန် လှမ်းခေါ် ခြင်းဖြစ်သည်။
          ထိုနေ့မှစပြီး ကျွန်တော်၏အိပ်မက် များကို အမေရိကဆိုတာချည်းကပဲ စိုးမိုး ထားခဲ့လေသည်။ အဒေါ်ဖြစ်သူ၏ အွန် လိုင်းမှတစ်ဆင့်ပြောပြချက်အရ ထိုင်း နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် ခြောက်နှစ် ကြာနေထိုင်ပြီးပါက အမေရိကသို့ အလွယ်တကူ ရောက်ရှိနိုင်မည်ဟု သိရလေရာ ကျွန်တော်သည်လည်း ထိုသို့သွားရန် ဆုံးဖြတ်ချက်ချခဲ့လေသည်။
          ထိုအချိန်က ကျွန်တော့်တွင် မှတ်ပုံ တင်မရှိသေးပေ။ ထို့ကြောင့် မှတ်ပုံတင် အမြန်ဆုံးရရှိရန် ကျပ်ငွေ ၇၀,၀၀၀ ဖြင့် ပြုလုပ်ခဲ့ရလေသည်။ မှတ်ပုံတင်လုပ်ပြီး နောက်တစ်ရက်အကြာတွင် ကျွန်တော့် အစ်ကိုဝမ်းကွဲတစ်ဦး၊ ညီမ၀မ်းကွဲတစ်ဦး တို့နှင့်အတူ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း များသို့သွားရန် မြ၀တီသို့ လိုင်းကားဖြင့် သွားခဲ့ကြသည်။
          မြ၀တီမြို့သို့ သွားရာလမ်းတစ် လျှောက် စစ်ဆေးရေးဂိတ်များစွာတို့၏ မေးမြန်းချက်၊ စစ်ဆေးချက်များစွာတို့ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသည်။ မြ၀တီ သို့ ညနေစောင်းမှသာ ရောက်ခဲ့ကြပြီး ကျွန်တော်တို့သည် ထိုင်းနိုင်ငံ မဲဆောက် မြို့သို့ ကူးခဲ့ကြသည်။
          မဲဆောက်သို့ ရောက်သောအခါ ကျွန်တော့်အဒေါ်အား ဖုန်းဖြင့် အကြောင်း ကြားကာ ကျွန်တော်တို့အား လာရောက် ခေါ်ယူရန် ပြောလိုက်သည်။
          အဒေါ်က ဒုက္ခသည်စခန်းများသို့ပို့ဆောင်ပေးသူသုံးဦးအား စေလွှတ်ပြီး ခေါ် ခိုင်းလိုက်သည်။ ၎င်းတို့က ကျွန်တော်တို့ အား ၎င်းတို့နေထိုင်ရာအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။
          ယင်းအိမ်တွင် ထိုလူများက အစီ အစဉ်ဆွဲပြီး ကျွန်တော်တို့အား ထပ်မံခေါ် ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက် တွင် ကျွန်တော်သည် ထိုလူများဆိုင်ကယ် မောင်းနေသည်ကို လမ်းပြောင်းပြန်ထင် ပြီး တစ်ချိန်လုံး ကြက်သီးထနေခဲ့သည်။ မြန်မာနိုင်ငံက လမ်းများမှာ ညာမောင်း စနစ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဘယ်မောင်း စနစ်ဖြစ်သည်ကို ကျွန်တော် မသိခဲ့ပေ။
          ထိုသို့ဆိုင်ကယ်စီးလာရာ သုံးနာရီ ကျော်အကြာတွင် ကျွန်တော်တို့ စက်ရုံ တစ်ရုံသို့ ရောက်သည်။ ထိုစက်ရုံနောက် ကျောရှိ အခန်းတွင် ကျွန်တော်တို့အား ညအိပ်ခိုင်းခဲ့သည်။ နောက်နေ့မနက် လေးနာရီခန့်တွင် ထိုလူများက ကား တစ်စီး၊ ဆိုင်ကယ်တစ်စီးဖြင့် ပြန်ရောက် လာခဲ့ကြပြီး ကျွန်တော်တို့ကို ခရီးဆက်ရ ဦးမည်ဟု ပြောသည်။
          ထိုစက်ရုံနောက်မှတစ်ဆင့် ဆိုင် ကယ်တစ်စီးက ကျွန်တော်တို့စီးနင်းလာ သော ကား၏အရှေ့မှ လမ်းပြရှေ့ပြေး အဖြစ် သွားနှင့်သည်။ တစ်နာရီခွဲခန့် ကား စီးပြီးသောအခါတွင် ကျွန်တော်တို့ ရောက် ချင်နေခဲ့သော ဒုက္ခသည်စခန်းကို တောင် ကုန်းပေါ်မှ စတင် မြင်တွေ့ခဲ့ရသည်။
(Photo: Metta Dhammavadi's gallery)
အုန်းပြန့်ဒုက္ခသည်စခန်း                              
ကျွန်တော်တို့ စီးနင်းလာသော ကားသည် ယင်းဒုက္ခသည်စခန်းသို့ မသွား ရဲပေ။ အကြောင်းမှာ ဒုက္ခသည်စခန်း ပတ်ပတ်လည်တွင် ထိုင်းစစ်သား အစောင့် များ ရှိနေခြင်းကြောင့်ဖြစ်သည်။
          ကျွန်တော့်ညီမ၀မ်းကွဲကိုမူ ဆိုင် ကယ်ဖြင့် ဒုက္ခသည်စခန်းထဲအထိ ခေါ် ဆောင်သွားကြသည်။ ထိုစဉ်တွင် ကျွန် တော်တို့နှစ်ယောက်သည် စခန်းထဲသို့ မည်သို့ဝင်ရမည်မသိ ဖြစ်နေသည်။ ဒုက္ခ သည် စခန်းပတ်ပတ်လည်တွင်လည်း ခြံစည်းရိုးများကာထားပြီး ဂိတ်ကြီး၊ ဂိတ် ငယ်များဖြင့် ထိုင်းစစ်သားများ ၀ိုင်းရံ လျက် ရှိလေသည်။
          ထိုကဲ့သို့ ယောင်ချာချာဖြစ်နေချိန် တွင် ဘုန်းတော်ကြီးတစ်ပါး စခန်းအတွင်း မှထွက်လာကာ ကျွန်တော်တို့အား မေး မြန်းပြီး စခန်းအတွင်းလမ်းပြကာ ကျွန် တော်တို့အဒေါ်ရှိရာအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ယင်းအိမ်သို့ ရောက်ရောက် ချင်း ကျွန်တော်တို့ ခရီးပန်းလာသော ကြောင့် အိပ်ရာထဲသို့သာ ပစ်ဝင်ခွေနေခဲ့ တော့သည်။
          ထိုနေ့ညနေတွင် အဒေါ်ဖြစ်သူပြော သော စကားတစ်ခွန်းကြောင့် ကျွန်တော် တို့ အထူးပင် အံ့သြခဲ့ရသည်။
          ၎င်းစကားမှာ ဧည့်စာရင်းတိုင်ပြီး စာရင်းသွင်းရန်ဖြစ်သည်။ ထို့ကြောင့်      ကျွန်တော်တို့ မောင်နှမသုံးယောက်မှာ ရပ်ကွက်မှူးနေအိမ်သို့ ဧည့်စာရင်းတိုင်ပြီး စာရင်းသွင်းရန် သွားခဲ့ရသည်။
          ရပ်ကွက်မှူးနှင့် ဧည့်စာရင်းကိစ္စပြီး သောအခါ ၎င်းမှ ဒုက္ခသည်စာရင်းဝင်ရန် တစ်ယောက်လျှင် ထိုင်းဘတ် ငွေ ၃,၀၀၀ ပေးရန် ပြောလေသည်။
          ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲ၌ အတွေးတစ်မျိုး ၀င်မိသွားသည်။ ပိုက်ဆံ မရှိသော ဒုက္ခသည်တွေ မည်သို့စာရင်း သွင်းကြမည်နည်း။
          စခန်းအတွင်းသို့ ရောက်သွားချိန် တွင် ကျွန်တော်တွေးမိခဲ့သော စခန်းအ တွင်းပုံစံနှင့် အားလုံး ကွဲပြားခြားနားနေ တော့သည်။ ရန်ကုန်တွင်နေထိုင်ခဲ့သော အချိန်က ကျွန်တော်တွေးထင်ခဲ့သော ဒုက္ခ သည်စခန်းသည် လူများအား အဆောင် ကြီးတစ်ခုတွင် ထားပြီးလျှင် ထမင်းကို အားလုံးသောသူများအတွက် ချက်ကျွေး သည်ဟု ထင်ခဲ့မိသည်။
          အမှန်တကယ်မှာမူ ဒုက္ခသည်စခန်း ဆိုသည်မှာ အကျယ်ချုပ် ထောင်တစ်ခုနှင့် သာ တူလေသည်။ လူများအား နေရာ အကျယ် အ၀န်းတစ်နေရာတွင် ကိုယ်ပိုင် အိမ်များဖြင့်ထားကာ လစဉ်ရိက္ခာများအ ဖြစ် လူတစ်ဦးလျှင် ဆန်၊ ဆီ၊ မီးသွေး၊ ပဲ နှင့် အခြားအသုံးအဆောင်ပစ္စည်းတို့ကို လစဉ်ပေးဝေလျက်ရှိသည်။
          အရေးကြီးသော အဆောက်အအုံ ဆောက်ရန် သက်ကယ်၊ ၀ါးနှင့် သစ်တို့ကို တော့ တစ်နှစ်တစ်ခါမှသာ ဖြန့်ဝေလေ့ရှိ သည်။ သို့သော် ၎င်းအရာများနှင့် ရိက္ခာ များသည် ဒုက္ခသည်များအဖို့ လုံ လောက် ခြင်းမရှိချေ။ ထို့ကြောင့် လူအများစုသည် ဒုက္ခသည်စခန်း ပြင်ပသို့ခိုးထွက်ပြီး အလုပ် ကြမ်းများကို ထိုင်းလူမျိုးများထံတွင် လုပ်ခ လစာ အနည်းအကျဉ်းနှင့် လုပ်ကိုင်စား သောက်နေကြရသည်။
          ကျွန်တော် လေးနှစ်ကြာနေထိုင်ခဲ့ သော ထိုစခန်းအမည်မှာ အုန်းပြန့်ဒုက္ခ သည်စခန်းဖြစ်ပြီး ထိုင်းနိုင်ငံရှိဒုက္ခသည် စခန်းကိုးခုအနက် ဒုတိယအကြီးဆုံးစခန်း ကြီးဖြစ်သည်။ တက်ခရိုင်၊ ဖုတ်ဖတ်မြို့ တွင်တည်ရှိသော အဆိုပါ ဒုက္ခသည်စခန်း မှာ လူဦးရေ ၄၀,၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။
          ကျွန်တော်တို့၏စခန်းသည် တောင် ကုန်းပေါ်တွင်တည်ရှိသောကြောင့် လေ တဟူးဟူးတိုက်လေ့ရှိသည်။
          မနက်စောစောအချိန်များတွင် လူ အများစုမှာ ထမင်းကို သူ့ထက်ငါ အလျင် စလိုချက်ပြုတ်နေကြသောကြောင့် စခန်း အတွင်းရှိ အိမ်တိုင်းလိုလိုမှ ထွက်သော မီးခိုးများကို မြင်ရသည်။ အကြောင်းမှာ မိုးလင်းလျှင် အလုပ်သို့ ထမင်းထုပ်ယူသွား ရန် ပြင်ဆင်နေကြခြင်းကြောင့်ဖြစ်သည်။
          ဒုက္ခသည် စခန်းအတွင်းရှိ ယောက်ျား အများစုမှာ စခန်းပြင်ပတွင် လုပ်ကိုင်စား သောက်နေကြရပြီး အမျိုးသမီးအများစု မှာဈေးသည်များအဖြစ်လုပ်ကိုင်ကြရ သည်။ ထို့ကြောင့် နေ့လယ်နေ့ခင်းများ တွင် ဈေးသည်မများ၏ အပြိုင်အဆိုင် ရောင်းချနေသောအသံများကိုပါ ကြားနိုင် ပေသည်။
          ညနေခင်းတွင် အလုပ်မှပြန်လာ သော ယောက်ျားသားများ၊ ဈေးရောင်း ပြန်လာသော မိန်းမများနှင့် ကျောင်းမှပြန် လာသော ကလေးငယ်များဖြင့် မိသားစု စုံစုံလင်လင် ညနေစာ စားသောက်နေ ကြသည်ကိုလည်း မြင်နိုင်သည်။
          သို့နှင့် နေ၀င်ပြီးမိုးချုပ်ကာ ည ဘက်တွင်မူ အသံများ တိတ်ဆိတ်နေ သည်။ လမ်းမီးများလည်း မရှိပေ။ သို့သော် လည်း ပိုက်ဆံရှိသောလူအချို့မှ မီးစက် များမောင်းကာ အခြားသောအိမ်များကို အခကြေးငွေဖြင့် ညနေ ၆ နာရီမှ ည ၉ နာရီထိ ဖြန့်ဝေသောကြောင့် အလင်း ရောင်အနည်းငယ်ကို မြင်တွေ့နိုင်ပေ သည်။ အခကြေးငွေအဖြစ် မီးချောင်းတစ် ချောင်းလျှင် လစဉ် ဘတ် ၉၀ (၃,၀၀၀ ကျပ်ဝန်းကျင်)နှင့် တီဗီနှင့် အောက်စက် အတွက် တစ်လ ဘတ် ၄၀၀ (၁၂,၀၀၀ ကျပ်ခန့်) ပေးရသည်။                       
          သို့သော်လည်း ဆင်းရဲသောမိသား စု အချို့မှာမူ မီးမယူနိုင်ကြဘဲ ဖယောင်း တိုင်ကိုသာ သုံးစွဲနေကြရသည်။ စခန်းသူ စခန်းသားများအားလုံးတို့သည် ည ၉ နာ ရီထက်ကျော်လွန်ပါက ရပ်ကွက်တစ်ခုမှ တစ်ခုသို့မသွားရန် စခန်းဥပဒေရှိသော ကြောင့် လူအများစုမှာ မိမိတို့နေအိမ်များ တွင်သာ နေထိုင်ကြပြီး လမ်းမပေါ်တွင် ခွေးများနှင့် ရပ်ကွက်အတွင်းရှိ ရပ်ကွက် လုံခြုံရေးများသာလျှင်ရှိပေသည်။ ညဥ့်နက် ပိုင်းတွင် စခန်းတစ်ခုလုံးသည် မှောင်မည်း ပြီး ကြောက်စရာ အလွန်ကောင်းလှသည်။
          ကျွန်တော်မကြာခဏ ကြားရတတ် သည့် သတင်းတစ်ခုရှိသည်။ ယင်းမှာ ထိုင်း လူမျိုးများမှ မြန်မာများအပေါ် မတရားပြု ကျင့် အနိုင်ယူခြင်းများဖြစ်သည်။ ဒုက္ခ ပေါင်းစုံရောက်နေသည့်ကြားထဲမှ မြန်မာ အချင်းချင်း လှည့်ပတ်ခြင်းများလည်း ရှိ ပေသည်။
          ဥပမာ- ငွေတိုးထုတ်ချေးသူများ ငွေတိုးမပေးနိုင်သောကြောင့် ရရာရိက္ခာ များကို မတရားသိမ်းယူခြင်းများလည်း အမြဲ မပြတ် ဖြစ်နေသော အကြောင်းအရာများ ပင်ဖြစ်သည်။
          ထိုသို့သော အခြင်းအရာများကို နေ့ စဉ်နှင့်အမျှ မြင်တွေ့လာခဲ့ရသော ကျွန်တော့် အဖို့ တတိယနိုင်ငံသို့ သွားရောက်ခွင့်ရရေး အတွက် သည်မှာလာနေနေရသည့်ဘ၀ကို စိတ်ပျက်လာသည်။ ကျွန်တော့်အဒေါ် ပြောသလောက် မလွယ်မှန်းလည်း ကျယ် ကျယ်ပြန့်ပြန့် နားလည်သဘောပေါက် လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော်ကျွန်တော် သည် တရားဝင်ဒုက္ခသည်စာရင်းမ၀င် သေးချေ။ ထိုသို့စာရင်းဝင်နိုင်ရန် ရပ်ကွက် မှူးလည်း မကူညီနိုင်ပေ။
(Photo: Metta Dhammavadi's gallery)
ဒုက္ခကိုအရောင်ဆိုးထားတယ်
          ထိုလူများထဲမှအများစုမှာ တတိယ နိုင်ငံသို့သွားရန် ကြိုးပမ်းနေသူများသာ ဖြစ်ကြခြင်းကြောင့် ကျွန်တော်အလှည့် မည်သည့်အခါမှ ကျရောက်မည်ကိုသာ တွေးနေမိတော့သည်။
          ကျွန်တော်နေသော ဒုက္ခသည်စခန်း တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ပေါင်းစုံနှင့်အတူ တရုတ်နှင့် အိန္ဒိယနွယ်ဖွား အချို့ကိုလည်းတွေ့ခဲ့သည်။ ကရင်ဒုက္ခသည်  များကတော့ လူဦးရေ အများဆုံးဖြစ်သည်။