Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, February 2, 2013

ကျနော်စမ်းမိသော ဆင် ( Credit Score ) by Ye Min Tun on Friday, April 6, 2012 at 9:31am ·


 ခေါင်းစဉ်ကို " ကျနော်စမ်းမိသော ဆင်" လို့ အမည်ပေးရတာကို အရင်ရှင်းပြချင်သည်။  ကျနော်တို့ငယ်ငယ်က သင်ယူရတဲ့ မျက်မမြင်ပုဏ္ဏားကြီးတွေ ဆင်ကို ကိုင်တွယ်ပြီး မိမိစမ်းမိသော အပိုင်းကို ဆင်လို့ ပြောတာလေးကို သတိရမိပြီး။ ကျနော်တို့ အကြားက လူပြောများနေတဲ့ Credit Score အကြောင်းကို ကျနော်ကိုယ်ပိုင် အတွေ့အကြုံများရယ် မိတ်ဆွေ ဘဏ်က၀န်ထမ်း အချို့ ရှင်းပြချက်များရယ် လက်တလောသင်နေရတဲ့ အထဲက The American Character (မိသားစုဘ၀ ဘာသာရေး မွေးဖွါး လက်ထပ် သေဆုံးခြင်း) The Role of Government in the Economy (အမေရိကန်စီးပွါးရေးမှာ အစိုးရ၏ play role) စသည့် အခုနှစ် သင်ရိုးထဲမှာ သင်ရသော ခေါင်းစဉ်အောက်က သိရတာတွေရယ်၊ ကျနော်ကိုယ်တိုင် လိုက်လံလုပ်ကိုင်ပေးတဲ့ တမြို့ထဲသား မိတ်ဆွေများ၏ ပြဿနာများထဲက အတွေ့ကြုံတွေရယ်၊ Credit Bureau သုံးခု၏ ရှင်းလင်းချက်တွေရယ် ပေါင်းပြီး မသိသေးတဲ့လူတွေ သိအောင်ရေးလိုက်ပါတယ်။ အများကြီးသိတဲ့လူတွေက မရေးတော့လဲ နည်းနည်းလေးသိတဲ့ ကျနော်ကပဲ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလို မတောက်တခေါက်နဲ့ စုစည်းတင်ပြလိုက်ပါသည်။  အမှားနည်းအောင် အချိန်တော့ယူပြီး စုဆောင်းထားတာ ဖြစ်လို့ အမှားကင်းအောင် မျော်လင့်ထားသော်လည်း မှားယွင်းတာရှိရင်လဲ ၀ိုင်းဝန်းထောက်ပြနိုင်ပါသည်။ လေ့လာရန် အချိန်နည်းသော အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည်သား မိသားစုအားလုံး အတွက်နှင့် ပြည်ပက လေ့လာလိုသူ လူငယ်များ အတွက် ရည်ရွယ်ပါသည်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၁၁) by Myat Thu on Wednesday, January 30, 2013 at 9:45pm ·




ဒဏ်ရာများ

အမေထားခဲ့တဲ့ ကျနော့အတွက်ဒိုင်ယာယီလေးအကြောင်းပြီးသွားတော့ ကျနော် စိတ်ပန်းကျသွားသလိုဖြစ်ပြီး ဘာမှ ဆက်ရေးချင်စိတ်မရှိဖြစ်နေတယ်။ ကျနော်တို့လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအများကြီးရှိတယ်။ တကယ်တော့ ကျနော်တို့ အိပ်မက်ထဲမှာတောင် ထည့်ပြီးမမက်ခဲ့တဲ့ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေက ဒဏ်ရာတွေပေးခဲ့တာ။ တစ်ချို့က တိုက်ပွဲ တွေထဲမှာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ကြတယ်။ တစ်ချို့က အသက်ပေးခဲ့ကြတယ်။ တောထဲမှာရခဲ့တဲ့ ငှက်ဖျားလို သေဘေးနီးတဲ့ရောဂါတွေကလည်း တစ်ချို့ရဲဘော်တွေဆိုရင် အခုအထိ စိတ်မူမမှန်တာမျိုးတွေ ခံစားနေရတုန်း။ ရုပ်ပိုင်း၊ စိတ်ပိုင်းခံစားမှုတွေဟာ တစ်ဦးချင်း နည်းမျိုးစုံနဲ့ရှိနေတာ အမှန်။

တစ်ချို့ဆိုရင် ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့် အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းက ထွက်ခွာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ ဒါမှမဟုတ် နယ်စပ်မြို့တွေမှာ ရရာအလုပ်လုပ်ပြီး ရပ်တည်နေကြရင်းက ဒီအနှစ် ၂၀ ကျော်အတွင်း မျှော်လင့်တဲ့အခြေအနေတွေထက် မမျှော်လင့်တာတွေကိုပဲ ကြားရမြင်နေကြရတော့ စိတ်ပျက်လက်ပျက်နဲ့ အရက်အလွန်အကြွံသောက်ရင်း အသက်ဆုံးကုန်ကြတာတွေအထိပါ ရှိလာတယ်။ ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမေရိကန်က ၉-၁၁ (၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့) မှာ ဘင်လာဒင်တို့ရဲ့ လေယာဉ်ပျံနဲ့ အဆောက်အဦတွေကို ၀င်တိုက်တဲ့ စစ်ဆင်ရေးအပြီး Patriot Act ဆိုတဲ့ ဥပဒေကိုထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲမှာ ABSDF ကိုပါ ထည့်ထားတဲ့အတွက် ဒုက္ခသည်စခန်းကနေ တတိယပြည်ပနိုင်ငံတစ်ခုခုကို ဒုက္ခသည်အနေနဲ့ သွားကြမယ့် ကျောင်းသားရဲဘော်တွေဟာ အမေရိကန်နိုင်ငံသာမက တစ်ခြားအနောက်နိုင်ငံတွေကိုပါထွက်ခွာခွင့်တွေ ကြံ့ကြာခဲ့တယ်။ ဒုက္ခသည်စခန်းဆိုတာဟာလည်း ထားရာနေစေရာသွားလို အိမ်နီးခြင်းနိုင်ငံ အာဏာပိုင်တွေရဲ့ပေါ်လစီနဲ့ သဘောထားအတိုင်း နေကြရတာဆိုတော့ တစ်ခါတလေ အကျယ်ချုပ်ကျ နေသလိုခံစားရတဲ့ မွန်းကြပ်မှုတွေရှိနေတာပဲ။ ဆန်၊ ဆား၊ ငါးပိ၊ ငြုပ်သီးလို အခြေခံအစားအသောက် လောက်ပဲ ရာရှင်ရပြီး စခန်းအပြင်မှာလည်း အလုပ်လုပ်ခွင့်မပေးတော့ မြို့ပေါ်ကလာကြတဲ့ ကျောင်းသား သူပုန်တွေအတွက် အခက်အခဲ အတော်ဖြစ်ရတယ်လေ။ 

Thursday, January 31, 2013

လူမျိုးရှိပြီး အမည်ပျောက်နေသူများ

Nicky Shein and 2 other people shared Black Angle's photo.
လူမျိုးရှိပြီး အမည်ပျောက်နေသူများ

မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။  

ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။  

မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။  

စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံသားဖြစ်ခြင်းအပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြုံနေရသည်။


“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။  

အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထိုင်ကြသော ရှမ်းနီလူမျိုးများသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော်လည်း စာပေအရေးအသားတွင် သိကျွမ်းသူများ ယခုအခါတွင် အလွန်ရှားပါးနေပြီဖြစ်ကြောင်း မိုင်းနားရွာက ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစုများသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၆ အရ ပြည်နယ်သတ်မှတ်ခြင်း မခံခဲ့ရသဖြင့် နောက်ပိုင်းတွင် ၎င်းတို့စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသည်ဟု ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုး အစီရင်ခံစာတခုက ဖော်ပြသည်။  

မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သော  ဒေသခံရှမ်းအမျိုးအနွယ်များမှာ တိုင်းလိုင်(ရှမ်းနီ) တိုင်းခန္တီး (ခန္တီးရှမ်း)၊ တိုင်းနေ (ရှမ်းတရုတ်)၊ တိုင်းလုံ (ရှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာရှမ်း တို့ဖြစ်သည်။  

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။  

ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေကြောင်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စိုင်းခမ်းတီ ပြောသည်။

“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကားမတတ်တဲ့ရှမ်းတွေအားလုံး  ဗမာလို့ပဲထည့်ရတယ်” ဟု ပြောသည်။

သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက်  တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။  

မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိတိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသည် လူမျိုးနွယ်စုများ အမြတ်တနိုးထားသည့် စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ ပျောက်ကွယ်မည့် လမ်းစပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပေးသည်။  

အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။  

“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ်ကူးပွဲတော်တွေတောင်  မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။

သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ၇ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိုးလောက်ပဲရှိတော့တာပါ” ဟု အင်းတော်ကြီးဒေသက အခြေအနေကို ပြောပြသည်။    

ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့်  အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နည်းပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေးတာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ်လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလို့ ထင်တယ်လေ” ဟု ပြောသည်။  

ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအ၀တ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင်တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။  

“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေသင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။  

လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသတို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။  

၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင် ရှမ်းနီအမျိုးသားလက္ခဏာဖော်ဆောင်ခွင့်ပေးရန် ရှမ်းနီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုင်းထိန်လင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။  

စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ၀’ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသများအဖြစ် သတ်မှတ်ပေးထားသည်။http://burmese.bnionline.net
လူမျိုးရှိပြီး အမည်ပျောက်နေသူများ

မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။

ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။

မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။

အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )

John Glenn and Moe Aye shared Khaing Soelynn's photo.
အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )

အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်
ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။

အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့မူလအဓိပါယ်
သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ
ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။

တချို့ကတော့လဲ ခရိုနီရဲ့မူလပထမအဓိပ္ပါယ်ဟာ မိတ်ကောင်းဆွေကောင်း၊ 
ငယ်ပေါင်းရင်းချာ ဆိုတဲ့ အဓိပ္ပါယ်ရှိတာမို့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ မိတ်ဆွေဖြစ်ရေးကို ခရိုနီတွေအနေနဲ့ မဖြစ်မနေ  လုပ်လာရတယ်လို့ ယူဆ
ပါတယ်။ အတိုက်အခံဘ၀ကတဲက မိတ်ဆွေဖွဲ့ထားမှ အာဏာရလာချိန်မှာ 
ငယ်ပေါင်းရင်းချာ ဆက်ဆံရေးမျိုး ရနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အတိုက်အခံနဲ့ မဟာမိတ်လုပ်လာတာဟာ ခရိုနီဂုဏ်ပုဒ် ပျက်စီးစေဖို့ မဟုတ်ပဲ ခရိုနီရဲ့  အသွင်ကူးပြောင်းရေးအကြိုကာလ ရင်းနှီးမြုပ်နှံမူ
တခုသာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ခရိုနီနဲ့ အာဏာသံသရာ

အသွင်ကူးပြောင်းရေးရဲ့ တချိန်ချိန်မှာ အတိုက်အခံတွေလဲ အာဏာရ
လာနိုင်တယ် ဆိုတာကို ခရိုနီတွေက သဘောပေါက်ပါတယ်။ အာဏာရ
လာတဲ့ အတိုက်အခံနဲ့ ပေါင်းရသလို အတိုက်အခံပြန်ဖြစ်သွားတဲ့ အာဏာမဲ့
တွေနဲ့လဲ ပေါင်းပါတယ်။ အာဏာရှိသူရော အာဏာပြန်ရလာမဲ့ အတိုက်အခံ
တွေကိုရော မိတ်ဆွေကောင်းတွေလုပ် ပေါင်းသင်းရင်းပဲ ခရိုနီဂုဏ်ကို ဆက်လက်ထိမ်းသိမ်းသွားဖို့ ကြိုးစားကြလေ့ရှိပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာကတော့ ခရိုနီတိုင်း ခရိုနီဘ၀နဲ့ပဲ 
တစ်သက်လုံး ရပ်တည်သွားကြသလားဆိုတဲ့ မေးခွန်းပါ။

တချို့ခရိုနီလုပ်ငန်းရှင်တွေကတော့ ခရိုနီဂုဏ်ပုဒ်ကို လုံးဝဖျက်ဆီးလိုက်ပြီး အတိုက်အခံတွေနဲ့ပဲ တသက်လုံး ပေါင်းသွားတာတွေလဲ ရှိတတ်ပါတယ်။ ခရိုနီလုပ်ငန်းရှင်အဖြစ်ကနေ အသွင်ကူးပြောင်းရေး လူချမ်းသာဘ၀ကို
ပြောင်းလဲရပ်တည်ပါတယ်။ အာဏာရှိသူနဲ့ ခပ်ကင်းကင်းနေပြီး အတိုက် အခံမှန်သမျှကို ကူညီပံ့ပိုးပါတယ်။ ခေတ်ပျက်စဉ်က ချမ်းသာကြွယ်ဝလာမှု
တွေကို အသွင်ကူးပြောင်းရေးကာလ လိုအပ်ချက်တွေအတွက် ပြန်လည်
ပေးဆပ်ဖို့ ကြိုးစားပါတယ်။ အသွင်ကူးပြောင်းရေး လူချမ်းသာတွေထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ ရုရှားက ခေတ်ပျက်သူဌေး မီခိုလ်း 
(မီခေးလ်) ခိုဒေါ်-ကောဗ့်စကီး ဖြစ်ပါတယ်။

ခိုဒေါ်ကောဗ့်စကီး ဘယ်သူလဲ

ခိုဒေါ်ကောဗ့်စကီးဟာ ၁၉၆၃ ခုနှစ်မှာ မော်စကိုမြို့တော်မှာ မွေးဖွါးကြီးပြင်း
ခဲ့သူပါ။ ဖခင်ဖြစ်သူက ဂျူး-လူမျိုး အင်ဂျီနီယာတဦးဖြစ်ပြီး ခိုဒေါ်ကော့ဗ်
စကီးကိုယ်တိုင်လဲ ဓါတုအင်ဂျီနီယာဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ တက္က သိုလ်ကျောင်းသားဘ၀မှာပဲ ကွန်မြူနစ်ပါတီရဲ့ လူငယ်ခေါင်းဆောင် ဖြစ်
လာပါတယ်။ ၁၉၈၆ ခုနှစ် ဓါတုအင်ဂျီနီယာနဲ့ ဘွဲ့ရပြီးချိန်မှာ အဲဒီအချိန်က သမ္မတ ဂေါ်ဘာချော့ရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သဘောကျပြီး စီးပွါးရေးနယ်ထဲကို ၀င်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီ ထိပ်ပိုင်း
ခေါင်းဆောင်တွေ အကူအညီနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံဖို့ နိုင်ငံတော်ချေးငွေ အမြောက်အများရခဲ့သူပါ။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲ
ချိန်မှာ ခိုဒေါ်ကော့ဗ်စကီးဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်တဦး ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့  ပထမဆုံး ပုဂ္ဂလိကဘဏ် ထူထောင်ခွင့်ရခဲ့သလို မီလျှံနာသူဌေးတယောက် ဖြစ်လာပါတယ်။

၁၉၉၂-ခုနှစ်မှာ သမ္မတယဲ့လ်ဆင်က ခိုဒေါ်ကော့ဗ်စကီးကို စွမ်းအင်နဲ့ 
လောင်စာဆီဆိုင်ရာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကော်မတီရဲ့ ဥက္ကဌတာဝန်
ပေးအပ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတယဲ့လ်ဆင်အစိုးရ ခွင့်ပြုချက်နဲ့ ခိုဒေါ် ကော့ဗ်စကီးဟာ Yukos-ယူကိုစ့်ဆိုတဲ့ ရေနံကုမ္ပဏီ ထူထောင်ခွင့်
ရခဲ့ပါတယ်။ ခိုဒေါ်ကော့ဗ်စကီးရဲ့ စီမံခန့်ခွဲမူနဲ့ ယူကိုစ့်ကုမ္ပဏီဟာ နိုင်ငံတကာမှာ နာမည်ရလာပါတယ်။ ၂၀၀၀ ခုနှစ်မှာ ရုရှားရေနံထုတ်လုပ်မူ
ရဲ့  ၂၀ ရာခိုင်နှုန်းကို ယူကိုစ့်-ကုမ္ပဏီကပဲ တာဝန်ယူရတဲ့အဆင့်ထိ
အောင်မြင်မူရရှိလာပါတယ်။ ကမ္ဘာ့ပုဂ္ဂလိကပိုင် ရေနံကုမဏီတွေရဲ့ ထိပ်ဆုံးစါရင်းမှာ ပါဝင်လာပါတယ်။ အဲဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးကို နိုင်ငံတကာစီးပွါးရေး အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာရသလို ရုရှားရဲ့  အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

ခေတ်ပျက်သူဌေးရဲ့ ဒီမိုကရေစီအိပ်မက်

ခိုဒေါ်ကောဗ့်စကီးနဲ့ တခြားရုရှားခေတ်ပျက်သူဌေးတွေ မတူတာတစ်ခု
ကတော့ လူငယ်တွေအပေါ်ထားရှိတဲ့ အနာဂတ်ရည်မှန်းချက် ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမူတွေကို ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် တစုံတရာ ဖန်တီးပေးခဲ့ရမယ်၊ ရင်းနှီးမြုပ်နှံပေးခဲ့ရမယ်လို့ ခိုဒေါ်ကော့ဗ်
စကီးက ယုံကြည်ပါတယ်။ ရုရှားလူငယ်တို်င်းဟာ သူ့လိုမျိုး အခွင့်အရေး
ရခဲ့မယ်ဆိုရင် သူ့လိုပဲ ချမ်းသာ ကြွယ်ဝလာသူတွေ ဖြစ်လာမယ်လို့လဲ ယူဆသူပါ။ နိုင်ငံရေးအယူအဆနဲ့ ပတ်သက်ရင်လဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ လမ်းညွန်ဒီမိုကရေစီ ဆိုတဲ့ အယူအဆတွေကို ခိုဒေါ်ကော့ဗ်
စကီးက ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲဖြစ်တယ်လို့ ယုံကြည်သူပါ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေလဲ စစ်မှန်တဲ့ ဒီမိုကရေစီ
နိုင်ငံရေးစင်မြင့်ထက်မှာ ပါဝင်ခွင့် ရှိသင့်တယ်လို့ သူက ယူဆပါတယ်။ ရှုရှားရဲ့  အနာဂတ်နိုင်ငံရေးဟာ မျိုးဆက်သစ်တွေရဲ့ ပညာရေးအပေါ် 
လုံးဝ မှီတည်နေတယ်လို့လဲ ခိုဒေါ်ကော့ဗ်စကီးက ယုံကြည်သူပါ။ သူ ယုံကြည်တဲ့အတိုင်းပဲ ရုရှားမျိုးဆက်သစ်ခလေးတွေအတွက် ဒီမိုကရေစီ မျိုးစေ့ချနိုင်ဖို့ဆိုပြီး the-Open-Russian-Foundation ဆိုတဲ့ ဖေါင်ဒေးရှင်း ထူထောင်ပြီး နိုင်ငံရေး-လူမူရေး-လူ့အခွင့်အရေးနဲ့-နည်းပညာသင်တန်း
တွေကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးပါတယ်။ သူ့သားကြီးဖြစ်တဲ့ ပါဗယ်-ခိုဒေါ် ကော့ဗ်စကီးကို အမေရိကန်နိုင်ငံကို သွားရောက်ပညာသင်စေခဲ့သလို တခြားအရည်အချင်းရှိတဲ့ လူငယ်တွေကိုလဲ နိုင်ငံရပ်ခြားမှာ သွားရောက်
သင်ယူနိုင်ဖို့ ပညာသင်စားရိတ် ထောက်ပံ့ပေးတာတွေ လုပ်ပါတယ်။

ငွေကြေးမတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကို ခိုဒေါ်ကော့ဗ်စကီးက
နှောင်ကြိုးမဲ့ အကူအညီတွေ ပေးပါတယ်။ နိုင်ငံရေးပါတီတခုထဲကို ကူညီပေးတာမျိုးကိုတော့ သူက လုံးဝဆန့်ကျင်ပါတယ်။ နိုင်ငံရေးပါတီတွေ များများရှိလေ ရုရှားလူငယ်တွေကြားမှာ နိုင်ငံရေးအမြင် ပိုနိုးကြားလာ
လိမ့်မယ်လို့ ခိုဒေါ် ကော့ဗ်စကီးက ယုံကြည်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရအစိုးရကို စောင့်ကြည့်ဖိအားပေးရမဲ့ အတိုက်အခံတွေ၊ အစိုးရ
မဟုတ်တဲ့ လူမူအခြေပြုအဖွဲ့အစည်းတွေ များများလိုအပ်တယ်လို့လဲ သူက ယူဆပါတယ်။ ယူဆတဲ့အတိုင်းလဲ လိုအပ်တဲ့ အကူအညီမှန်သမျှကို ခိုဒေါ်ကော့ဗ်စကီးက ထောက်ပံ့ပေးပါတယ်။ သူနဲ့ခေတ်ပြိုင် ခေတ်ပျက်
သူဌေးတွေကိုလဲ လူ့အခွင့်အရေးဖေါင်ဒေးရှင်းတွေ လူသားချင်းစာနာ
ကူညီရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ရုရှားလူ့အဖွဲ့အစည်းကို တုန့်ပြန်ကျေးဇူး
ဆပ်ကြဖို့ စည်းရုံးခဲ့သူလဲဖြစ်ပါတယ်။

ခောတ်ပျက်သူဌေးတွေပဲ ကောင်းစားနေတယ်ဆိုပြီး အသွင်ကူးပြောင်းရေး
ကာလကို စိတ်ပျက်နေတဲ့ ရုရှားလူထုဟာ ခိုဒေါ်ကော့ဗ်စကီး ရပ်တည်
ချက်ကို အသိအမှတ်ပြု လေးစားခဲ့ကြပါတယ်။ သမ္မတယဲ့လ်ဆင်
လက်ထက်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့  စီမန်ကိန်းတွေ၊ ရည်ရွယ်ချက်တွေဟာ တစုံတရာ အနှောက်အယှက် မရှိခဲ့ပေမဲ့ သမ္မတ ဗလာဒီမာပူတင်
လက်ထက်မှာတော့ ပြသနာပေါင်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ခရိုနီလဲ ပါဝင်ခွင့်ရှိတယ်

၂၀၀၃-ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ ပူတင်ဟာ ခေတ်ပျက်သူဌေးတွေကို သမ္မတနန်းတော်ကို ခေါ်ယူပါတယ်။ ခရိုနီတွေဟာ ခရိုနီလိုပဲ ရပ်တည်ဖို့နဲ့ အတိုက်အခံတွေနဲ့ ကင်းကင်းနေဖို့၊ နိုင်ငံရေးနဲ့ ဝေးဝေးနေဖို့ ပူတင်က သတိပေးပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားရုပ်မြင်သံကြားက တိုက်ရိုက်
ထုတ်လွင့်ပြသဖို့ ပူတင်က စီစဉ်ခဲ့တာပါ။ ပူတင်ရဲ့ ရည်ရွယ်ချက်ကတော့
ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့ ခေတ်ပျက်သူဌေးတွေကို သူဘယ်လို အမိန့်ပေးညွန်ကြားတယ်၊ သြဇာဘယ်လိုညောင်းတယ် ဆိုတာကို ရုရှားပြည်သူတွေကို ပြသချင်တဲ့အတွက်ပါ။ အစည်းအဝေးတက်လာတဲ့ 
ခေတ်ပျက်သူဌေးအားလုံးက ပူတင် ပြောသမျှကို တစုံတရာ ပြန်မပြောရဲ
ခဲ့ကြပါဘူး။ ဒါပေမဲ့ ခိုဒေါ်ကော့ဗ်စကီးကတော့ ခရိုနီဟာ ခရိုနီပဲ ဖြစ်ရမယ်
ဆိုတဲ့ ပူတင်ရဲ့ အယူအဆကို လက်မခံပါဘူး။ ခရိုနီပဲဖြစ်ဖြစ် ဘယ်သူပဲ
ဖြစ်ဖြစ် ရုရှားနိုင်ငံရဲ့  ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံသားတိုင်း ပါဝင်ခွင့်ရှိသင့်တယ်လို့ ပူတင်ကို တုန့်ပြန်ပါတယ်။ ရုရှားရဲ့ အဓိကပြသနာဟာ ခရိုနီတွေဆိုတာထက် အစိုးရ၀န်ကြီးဌာနတွေရဲ့  အကျင့်ပျက်ခြားမူတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ် သမ္မတ ပူတင်အနေနဲ့ အကျင့်ပျက်ခြစားမူတွေကို ဘက်မလိုက်ပဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုတယ်လို့လဲ ခိုဒေါ် ကော့ဗ်စကီးက
ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ရုပ်သံကနေ တိုက်ရိုက်ကြည့်ရူနေရတဲ့ ရုရှားပြည်သူတွေဟာ ပူတင်ကို အချက်အလက်အတိအကျနဲ့ ပြန်ပြောရဲတဲ့ ခိုဒေါ်ကော့ဗ်စကီးကို သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ကို တုန့်ပြန်
ပြောဆိုခဲ့မူဟာ ခိုဒေါ်ကော့ဗ်စကီးအတွက်တော့ ကံကြမ္မာအလှည့်အပြောင်းတခု ဖြစ်လာစေပါတယ်။

နိုင်ငံခြားမသွားဘဲ ထောင်ထဲသွားဖို့ ရွေးချယ်ခဲ့သူ

ပူတင်နဲ့ အစည်းအဝေးပြီးချိန်ကစလို့ ရုရှားထောက်လှမ်းရေးတွေဟာ ခိုဒေါ်ကော့ဗ်စကီးနဲ့ ရင်းနှီးသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ လုပ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီး ဖေါင်ဒေးရှင်းအကူအညီနဲ့ ပညာသင်နေတဲ့ ခလေးမိဘတွေကို အကျပ်ကိုင်ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ တခြားခေတ်ပျက်သူဌေးတွေလို ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံကနေ ထွက်ပြေးသွားဖို့ နည်းမျိုးစုံနဲ့ ခိုဒေါ် ကော့ဗ်စကီးကို ဖိအားပေးပါတယ်။ ဒါပေမဲ့ ခိုဒေါ် ကောဗ့်စကီးဟာ တခြားလူတွေလို တိုင်းပြည်က ထွက်မသွားတဲ့အပြင် လူငယ်တွေ ပညာရေးအတွက်
နောက်ထပ် ဖေါင်ဒေးရှင်းအသစ်တွေ ထူထောင်ပါတယ်။ အတိုက်အခံပါတီတွေကိုလဲ အရင်အတိုင်း အကူအညီပေးပါတယ်။

၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ပူတင်ရဲ့  ထောက်လှမ်းရေး
အဖွဲ့က ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးပါတယ်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု စတာတွေနဲ့ စွဲချက်တင်ပြီး ထောင် ၈ နှစ် ချမှတ်ခဲ့
ပါတယ်။ သူ့ ဖက်က လိုက်ပါပေးတဲ့ ရှေ့နေတွေ ထောက်ခံသူတွေ အားလုံးကိုပါ ပူတင် ထောက်လှမ်းရေးက နည်းမျိုးစုံနဲ့ စွဲချက်တင် ဖမ်းဆီး
တာ ရှေ့နေလိုင်စင်ပိတ်တာတွေ လုပ်ခဲ့တာပါ။ ထောင်မချခင်မှာ ပူတင်ဟာ ခိုဒေါ်ကော့ဗ်စကီးကို အပြစ်ရှိကြောင်း ၀န်ခံပြောမယ်ဆိုရင် ပြန်လွှတ်
ပေးမယ်၊ ပိုင်ဆိုင်မူတွေနဲ့အတူ နိုင်ငံခြားကို ထွက်ခွါနေထိုင်ခွင့် ပေးမယ်
ဆိုပြီး နည်းမျိုးစုံနဲ့ စည်းရုံနားချဖို့ ကျိုးစားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ လူချမ်းသာတဦးလိုနေရမဲ့ ဘ၀ထက် ရုရှားမှာပဲ အကျဉ်းသားဘ၀နဲ့ နေရ
တာက အနာဂါတ်ရုရှားမျိုးဆက်သစ်တွေအတွက် စံနမူနာကောင်းဖြစ်တယ်
ဆိုပြီး ခိုဒေါ်ကော့ဗ်စကီးဟာ အပြစ်ရှိကြောင်း ၀န်ခံဖို့ ငြင်းဆိုပြီး အကျဉ်းသားဘ၀ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ခိုဒေါ်ကော့ဗ်စကီး

ခိုဒေါ်ကော့ဗ်စကီးဟာ အကျဉ်းထောင်ထဲကနေ ရုရှားနိုင်ငံတော် အနာဂါတ်
နဲ့ပတ်သက်လို့ သူ့အယူအဆ-အတွေးအခေါ်တွေကို ဆောင်းပါးပုံစံ  ရေးပြီး
ထောင်ပြင်ကို ခိုးထုတ်ပါတယ်။ ထောင်ထဲကနေ ဆောင်းပါးတွေရေးနေတဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အမိန့်နဲ့ အလုပ်ကြမ်းရဲဘက်စခန်းကို ပို့ပါတယ်။ ရဲဘက်စခန်းမှာပဲ ရုရှားရေနံထုတ်လုပ်မူနဲ့ပတ်သက်လို့ သူ့သဘောထား
အမြင် စီးပွါးရေးစာတမ်းတစောင် ရေးသားပြုစုခဲ့သူပါ။ လွတ်လပ်ခြင်း
အရသာနဲ့ ပတ်သက်လို့ ထောင်ထဲက ရေးပို့တာတွေကို ခိုဒေါ်ကော့ဗ်စကီး
ထောက်ခံသူတွေက စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်လာချိန်
မှာတော့ တခန်းထဲအတူနေ ရာဇ၀တ်အကျဉ်းသားတဦးက ခိုဒေါ်ကောဗ့်
စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပါတယ်။ ဒီလုပ်ကြံမူဟာ ပူတင်အစိုးရ
ရဲ့ လက်ချက်လို့ အများက ယူဆပါတယ်။ မတရားဖမ်းဆီး ထောင်ချထားတဲ့
အပြင် ထောင်ထဲမှာပါ လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးစားလာချိန်မှာတော့ နိုင်ငံတကာသတင်းမီဒီယာတွေက ပူတင်ကို ဝေဖန်ရေးသားလာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးကို ဖမ်းဆီးထားတာဟာ ပူတင်ရဲ့နိုင်ငံရေးလုပ်ကြံမူတစ်ခု
ဖြစ်တယ်လို့ ထောက်ပြလာပါတယ်။ အမေရိကန်မှာ ပညာသင်နေတဲ့
သားဖြစ်သူ ပါဗယ်ခိုဒေါ်ကော့ဗ်စကီးကို ပူတင်အစိုးရက ပြည်တော်ပြန်
ဝင်ခွင့်ပေးဖို့ ငြင်းဆိုပါတယ်။ အဖေကိုလဲဖမ်း သားကိုလဲ ပြန်လာခွင့် မပေး
ချိန်မှာတော့ ရုရှားမှာရော နိုင်ငံတကာမှာပါ ခိုဒေါ်ကော့ဗ်စကီး ပြန်လွှတ်
ပေးရေးတောင်းဆိုပွဲတွေ ပေါ်ပေါက်လာပါတယ်။ တချိန်က ခေတ်ပျက်
သူဌေးလို့ လူသိများခဲ့တဲ့ ခိုဒေါ်ကော့ဗ်စကီးဟာ ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံး အကျဉ်းသားတယောက် ဖြစ်လာပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ အကျင့်ပျက်ခြစားမူနဲ့ ဖမ်းဆီးထောင် ချခံရတာမဟုတ်ပဲ သူ့ယုံကြည်ချက်
ကြောင့် ဖမ်းဆီးခံနေရတာလို့ နိုင်ငံတကာကပါ အသိအမှတ်ပြုလာပါတယ်။
ခောတ်ပျက်သူဌေးကနေ ယုံကြည်ချက်ကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာပါတယ်။

ပူတင် အကြောက်ရဆုံး လူသား

ခိုဒေါ်ကော့ဗ်စကီးကို ချမှတ်ထားတဲ့ ပြစ်ဒဏ်အရ ၂၀၁၁ ခုနှစ်ထဲမှာ
ပြန်လွတ်ပေးရမှာပါ။ ဒါပေမဲ့ ပြန်လွတ်ပေးရမဲ့ရက် မတိုင်ခင်လေးမှာပဲ
နောက်ထပ် စွဲချက်အသစ်တွေနဲ့ ထောင် ၅ နှစ် ထပ်ချပါတယ်။ ပြန်လွှတ်
မပေးပဲ နောက်အမှုတပ် ထောင်ချတဲ့အပေါ် နိုင်ငံတကာအစိုးရတွေကရော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေကပါ ပူတင်ကို ဝေဖန်ကန့်ကွက်ခဲ့
ပါတယ်။ နိုင်ငံတကာဖိအားတွေ များလာသလို ခိုဒေါ်ကော့ဗ်စကီးကို 
ပြန်လွတ်ပေးရေး တောင်းဆိုပွဲတွေ အရှိန်မြင့်လာချိန်မှာ ထောင်ဒဏ် ၂ နှစ် လျော့ပေါ့ပေးပါတယ်။ ဆိုလိုတာကတော့ နောက်အမှု မတပ်ဘူးဆိုရင် သူဟာ ၂၀၁၄ ခုနှစ်ထဲမှာ ထောင်က ပြန်လွတ်လာတော့မှာပါ။ ခိုဒေါ်ကော့ဗ်
စကီး ထောက်ခံသူတွေကတော့ ပူတင်ကို အယုံအကြည် မရှိကြပါဘူး။ လွတ်ရက်စေ့ခါနီးမှာ နောက်ထပ်အမူတွေနဲ့ ထောင်ထပ်ချနိုင်တယ်လို့ ယူဆနေပါတယ်။ ပူတင်အနေနဲ့ ခိုဒေါ်ကော့ဗ်စကီးကို ပြန်လွတ်ပေးရတဲ့ သတ္တိမရှိဘူးလို့လဲသုံးသပ်ပါတယ်။ခိုဒေါ်ကော့ဗ်စကီးရဲ့ပုံရိပ်နဲ့အတွေးအခေါ်
တွေ ရုရှားလူငယ်ကြားမှာ ရေပန်းစားလာမူဟာ ပူတင်ကို အကြောက်တရား
တွေ ပိုဖိစီးလာတဲ့ အခြေအနေလို့လဲ တချို့က ယူဆပါတယ်။ အဲဒီလို
အခြေအနေမှာပဲ ထောင်ထဲကနေ ခိုဒေါ်ကော့ဗ်စကီ ရေးသားပေးပို့တဲ့
ဆောင်းပါးတွေ စုစည်းပြီး ပူတင်ရဲ့ အကျဉ်းသားဆိုတဲ့ စာအုပ်တအုပ် ထွက်ရှိလာပါတယ်။ လောလောဆယ် ရုရှားဘာသာနဲ့ ထုတ်ဝေထားပြီး ဘာသာစကား တော်တော်များများနဲ့ နိုင်ငံတကာကို ဖြန့်ချီဖို့ ပြင်ဆင်
နေပြီဖြစ်ပါတယ်။ ရုရှားမှာ ပူတင်ရဲ့ အကျဉ်းသားစာအုပ်ဟာ အရောင်းရ
အကောင်းဆုံး စာရင်းဝင်ခဲ့သလို စာအုပ်မိတ်ဆက်ပွဲကို 
ရုရှား စာပေလောကက အထင်ကရ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တာပါ။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။
ဒေါ်စုနဲ့ ပါဗယ်တို့ တွေ့ဆုံခဲ့တဲ့သတင်းဟာ ဥရောပသတင်းမီဒီယာတွေမှာ အထူးရေပန်းစားခဲ့တဲ့ သတင်းတပုဒ်လဲဖြစ်ပါတယ်)။

ဆက်တိုက်ဆိုသလိုပဲ ခိုဒေါ်ကော့ဗ်စကီးဘ၀ကို ရိုက်ကူးထားတဲ့ မှတ်တမ်း
ရုပ်ရှင်လဲ ထွက်ပေါ်လာပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ရုရှားမှာ ရုံတင်မပြဖို့ ပူတင်အစိုးရက ညွန်ကြားထားပါတယ်။ ခိုဒေါ်ကော့ဗ်စကီးဟာ နိုင်ငံတော်
ပိုင်တွေကို ခိုးယူထားတဲ့ ခေတ်ပျက်သူဌေး သူခိုးတယောက်အနေနဲ့ပဲ ပူတင်အစိုးရက ၀ါဒဖြန့်ချီနေဆဲပါ။

ခိုဒေါ်ကော့ဗ်စကီးတွေ များများလိုသလား

ခောတ်ပျက်သူဌေး ခရိုနီစီးပွါးရေးလုပ်ငန်းရှင်ဆိုတဲ့ဘ၀ကနေ ရုရှားနိုင်ငံရဲ့  နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်လာတဲ့ ခိုဒေါ်ကော့ဗ်
စကီးဖြစ်ရပ်ကို သုံးသပ်ကြည့်ရမယ်ဆိုရင် ...

အာဏာရှိသူနဲ့ လုံးဝမပေါင်းပဲ အတိုက်အခံတွေကိုပဲ ကူညီအားပေးသူတဦး။
ခောတ်ပျက်သူဌေးဘ၀က ချမ်းသာကြွယ်ဝလာမှုတွေကို မျိုးဆက်သစ် ခလေးလူငယ်တွေရဲ့ ပညာရေးအကူအညီတွေမှာ ပုံအောသုံးစွဲခဲ့သူ။ ရုရှားရဲ့ ကြောက်စရာအကောင်းဆုံးလူလို့ တင်စားတဲ့ ဗလာဒီမာပူတင်ကို ရဲရဲဝန့်ဝန့် ရင်ဆိုင်ခဲ့သူ။ နိုင်ငံရပ်ခြားကို ထွက်ပြီး စည်းဇိမ်ခံနေနိုင်တဲ့ဘ၀ကို စွန့်ပြီး ပူတင်ရဲ့ အကျဉ်းသားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့သူဆိုတာ တွေ့ရမှာပါ။ ခိုဒေါ်ကော့ဗ်စကီးဖြစ်ရပ်နဲ့ပဲ ရုရှားရဲ့  တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီး
နေတာ၊ ဒီမိုကရေစီတန်ဖိုး ကင်းမဲ့နေတာကို နိုင်ငံတကာကရော ရုရှားလူထုကပါ သဘောပေါက်လာတာပါ။

အသွင်ကူးပြောင်းရေးအကြိုကာလမှာ ရုရှားလူထုက ခေတ်ပျက်သူဌေး
တွေကို စက်ဆုပ်ရွံ့ရှာစရာ အကောင်းဆုံးလူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ သူတို့ လေးစားအားကျလာသူကတော့ တချိန်က ရွံရှာမုန်းတီးခဲ့သူတွေထဲမှာပါခဲ့တဲ့ ခေတ်ပျက်သူဌေးဟောင်း ခိုဒေါ်ကောဗ့်စကီး ဖြစ်လာပါတယ်။

ခိုဒေါ်ကော့ဗ်စကီးအနေနဲ့ ဖေါင်ဒေးရှင်းထောင်ပေးရုံ၊ ပညာတော်သင်ကြေး
ထောက်ပံ့ပေးရုံ၊ အတိုက်အခံတွေကို ကူညီပေးရုံသက်သက်နဲ့ အများရဲ့  ယုံကြည်လေးစားမူကို ရခဲ့တာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစားနေတဲ့ အစိုးရ ယန္တယားကြီးကို ပြုပြင်ဖို့၊ ပျက်စီးနေတဲ့ တရားစီရင်ရေးစနစ်ကို မီးမှောင်းထိုးပြဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို ဦးတည်နိုင်ဖို့ ပူတင်ရဲ့
အကျဉ်းသားဘ၀နဲ့ ပြတ်ပြတ်သားသား စံနမူနာပြ ရပ်တည်ပြနိုင်ခဲ့လို့ အများက လေးစားလာတာပါ။

ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအကြိုကာလမှာလဲ ခရိုနီပဲ
ခေါ်ခေါ်  ခေတ်ပျက်သူဌေးလို့ပဲ သုံးသုံး အသွင်ကူးပြောင်းရေး လူချမ်းသာလို့ပဲ အမည်တပ်တပ် ခိုဒေါ်ကော့ဗ်စကီးလို ပုဂ္ဂိုလ်မျိုးတွေ
ပေါ်မလာနိုင်ဘူးလို့ တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ထိတော့ မတွေ့ရသေးဘူးလို့ပဲ ပြောရမှာပါ။

မိုးအေး
(သစ္စာသတင်းဂျာနယ်မှ ...)

မှီငြမ်း

- Russia´s crony capitalism- the swing of the pendulum by Vladimir Gelman, 14 November 2011
- http://www.khodorkovsky.com
- http://www.kinolorber.com/khodorkovsky
- Khodorkovsky to be freed in 2014 after sentence cut (BBC- 20 December 2012)
- The Top of the World, Then Prison in Siberia by Stephen Holden , 29 November, 2011, The New York Times)
- Khodorkovsky, Seven magazine review by Jenny McCartney 06 March, 2012, the telegraph)
- Khodorkovsky Documentary (Filmed, directed and produced by Cyril Tuschi)
- The Oligarchs by David E. Hoffman
- http://www.khodorkovsky-movie.com

photo;အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဌနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ ခိုဒေါ်ကော့ဗ်စကီးရဲ့ သား ပါဗယ်ဒေါ်ကော့ဗ်စကီးက ပြင်သစ်နိုင်ငံမှာ လာရောက် တွေ့ဆုံနုတ်ဆက်ရင်း သူ့ဖခင် ရေးသားပြုစုထားတဲ့ စာအုပ်တွေကို လက်ဆောင်ပေးခဲ့ပုံ



Posted by ဒေါက်တာလွဏ်းဆွေ
အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )

အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်
ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။

အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ ပူးပေါင်းဖို့လိုတဲ့ ခရိုနီစီးပွါးရေးလုပ်ငန်းရှင်တွေဟာ အသွင်ကူးပြောင်းရေးအကြိုကာလ စပြီဆိုတာနဲ့ အာဏာရှိသူကိုရော၊ အာဏာရှိမယ်လို့ ယူဆရသူတွေကိုရော၊ တချိန်ချိန်မှာ အာဏာရှိလာနိုင်ချေရှိတဲ့ ထင်ရှားတဲ့ အတိုက်အခံတွေနဲ့ပါ ပူးပေါင်းဖို့ လိုလာပါတယ်။ အာဏာရှိသူတွေနဲ့ မဟာမိတ်လုပ်ရတာက ခရိုနီအစဉ်အလာမို့ ပြသနာမရှိပေမဲ့ အာဏာမရှိသူ တနည်းအားဖြင့် အတိုက်အခံတွေနဲ့ မဟာမိတ်လုပ်ရချိန်မှာတော့ ခရိုနီရဲ့မူလအဓိပါယ်
သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ
ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။

Monday, January 28, 2013

လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ/by ကိုထိုက်

နိုင်ငံရေးစကားလုံး ဗဟုသုတ အချို့ပါ။ စိတ်ဝင်စားသူတွေအတွက် ...

နိုင်ငံရေး စကားလုံးတွေမှာ လက်ဝဲ၊ လက်ယာ ဆိုပြီး ခွဲခြား ပြောဆိုမှုတွေ ရှိသလို .. ဒီလူက လက်ဝဲ ဝါဒီ၊ ဒီလူက လက်ယာ ဝါဒီဆိုပြီး ပြောဆိုကြတာ ရှိပါတယ်။

လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ ... စိတ်ဝင်စားစရာပါ။

တချို့က လက်ယာကို .. ရှေးရိုးစွဲဝါဒီ တွေလို့ ခေါ်ကြပြီး၊ လက်ဝဲကို တော်လှန်သူတွေလို့ ခေါ်ကြပါတယ်။ ဒါလည်း မမှားပါဘူး။ တချို့ကတော့ ... လက်ယာကို လူချမ်းတွေနဲ့ စီးပွားရေး တစ်ခုကိုပဲ မျက်နှာသာပေးတဲ့ နိုင်ငံရေးမူဝါဒ စွဲကိုင်သူများနဲ့ လက်ဝဲကို လူအများ တန်းတူရေး (ဆိုရှယ်လစ်၊ ကွန်မြူနစ်) ဝါဒ စွဲကိုင်သူများလို့ သတ်မှတ်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ လက်ဝဲ၊ လက်ယာ ဝါဒတွေမှာ သူတို့ စွဲကိုင်တဲ့မူဝါဒတွေက ကွဲကြပါတယ်။ (ဝါဒအကြောင်း ပြောတာ မဟုတ်လို့ ဒီနေရာမှာ ဝါဒကိစ္စ အရှည် မရှင်းတော့ပါ။)

ဘယ်က ပေါ်ပေါက်လာတာလဲဆိုတာ ကတော့ (ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ် အခင်းအကျင်းကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့) ... ပြင်သစ် တော်လှန်ရေးကာလကနေ ထွက်ပေါ်လာတဲ့ စကားလုံး ဖြစ်ပါတယ်။

Friday, January 25, 2013

ဒီမိုကရေစီဆိုင်ရာ....... သိမှတ်ဖွယ်ရာနှင့် စဉ်းစားစရာများ....။






- ဒီမိုကရေစီဆိုသည်မှာ ဂရိ ဘာသာစကားဖြင့် Demos (ပြည်သူ) + Kratos (အာဏာ Power /အုပ်ချုပ်ရေး Rule) )
ထို့ကြောင့်ဒီမိုကရေစီဆိုသည်မှာ....
ဒီမိုကရေစီဆိုသည်မှာ People's Power of Authority
(ပြည်သူ့အာဏာဖြင့် စိုးပိုင်မှု)

- ``အများညီလျှင် ဤ ကို ကျွဲလုပ်´´ ဆိုခြင်းကို စနစ်တစ်ခုပမာ လူအများက ထင်ယောင်ထင်မှား ရှိလာကြသည်။ ၅၀+၁=၅၁ မဲ ဆိုသည့် ရလာဒ်ဖြင့် အရေးနိမ့်သူ(၄၉)ဦး၏ဆန္ဒအား နိုင်လိုမင်းထက်ချိုးနှိမ်ခြင်းသည်
ဒီမိုကရေစီမဟုတ်။ ထိုအချင်းအရာကို "လူအုပ်စုဖြင့်အနိုင်ကျင့်ခြင်း"ဟု
ပြင်သစ်လူမျိုး နိုင်ငံရေးသိပ္ပံပညာရှင်တော့ကီးလ်(၁၈၀၅-၁၈၉၅)က ဆို...

- ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် Democratization သည် ခေတ်မှီရေး
(Modernization) အပေါ် တည်မှီနေခြင်းကြောင့်ပင်ဖြစ်...

- Cultural Change ရမည်စိုး၍ Modernization ကို လက်မခံနိုင်သော နိုင်ငံများမှာ Democratic Consolidation ကိုရောက်ရန်
ကြန့်ကြာတတ်.....။

- ထိုအဆင့်မရောက်မီ နိုင်ငံရေးပိတ်ဆို့မှု (Political Deadlock)ဖြစ်ပြီး အထက်မရောက် အောက်မကျသည့် ဇော်ကန့်လန့်ဒီမိုကရေစီ
(Partial Democracy)လည်းဖြစ်နိုင်....။

“လှကြစမ်းဗျာတို့” by Soe Min on Friday, January 25, 2013 at 9:55am ·


          ဂင်္ဂါငါးနဲ့ ယမုံနာငါး အလှပြိုင်ကြတဲ့အခါ ခုံသမာဓိအဖြစ် ဦးရွှေလိပ်ကို အဆုံးအဖြတ်ပေးခိုင်းတော့ “မင်းတို့နှစ်ကောင်စလုံး ငါ့လိုဝိုင်းဝိုင်းစက်စက် တင့်တင့်တယ်တယ်မှ မရှိပဲနဲ့။ ငါကသာ အလှဆုံး။ ဒါတောင် ရေချိုးရသေးတာ မဟုတ်ဘူး” လို့ ပွဲသိမ်းလိုက်သတဲ့။ ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မျိုးဆိုတာ အဲဒီပုံပြင်ကလာတယ်လေ။ ဟိုးအရင်တုန်းက ဆရာမြို့မငြိမ်းရေးခဲ့တဲ့ အလှပြိုင်ပွဲဆိုတဲ့ သီချင်းကလေးကို ရေးတင်ခဲ့ဖူးသေးတယ်။ ဦးဝင်းဦးကြီးရဲ့ အဆိုနဲ့ပါ။ အခုတစ်ခါ ဒီအကြောင်းကို အစပြန်ဖော်ရတဲ့အကြောင်းကတော့ အရင်တုန်းကနဲ့မတူပဲ အမြင်တစ်မျိုးပြောင်းလာတာကိုး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ အလှဆုံး အချောဆုံးထင်ကြတာပဲ ဆိုတာ ဟုတ်ပါ့မလား။ မခံချင်စိတ်နဲ့ အနိုင်ယူပြောနေပေမယ့် အတွင်းစိတ်ထဲမှာ ကိုယ့်ထက်သာတယ်ထင်တဲ့သူကို မနာလိုဖြစ်ရင်း ကိုယ့်ရုပ်ရည်ကိုယ် အားမလိုအားမရ ဖြစ်နေတတ်တာ ခုမှပဲ သေချာပြန်စဉ်းစားမိတော့တယ်။ ဂရိဒဏ္ဍာရီထဲက နာဆစ်ဆပ်လို ရေထဲမှာပေါ်နေတဲ့ ကိုယ့်ရုပ်ကလေးကိုယ်ပြန်ချစ်သွားပြီး မျက်နှာမလွှဲနိုင်အောင် ဖြစ်သွားတယ်ဆိုတာ လက်တွေ့ဘ၀မှာတော့ ရှားပါလိမ့်မယ်။ လူတိုင်းမှန်ကြည့်တတ်တယ်။ အကြည့်တန်မှ မှန်ကြိုက်တာ မဟုတ်ဘူး။ လှတဲ့သူတွေလည်း လှလေ မှန်ကြိုက်လေ ရှိကြတာပဲ။ ဒါပေမယ့် မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ရုပ်သွင်ကို ကိုယ်ကျေကျေနပ်နပ် ရှိနေတာမဟုတ်ပဲ ကိုယ့်စိတ်ထဲမှာ ကိုယ့်ထက်သာတယ်လို့ထင်တဲ့ တခြားတစ်ယောက်ယောက်ကို အတုခိုးဖို့ စဉ်းစားနေတဲ့သူတွေလည်း ရှိမှာပဲ။ ဒါကြောင့်မို့ ဒီတစ်ခါတော့ အမကြီးနန်းအိအိဇာတို့၊ ဒေါ်တူးတူးမြင့်သိန်းတို့လို အလှအပရေးရာ အဖြေရှာဖို့ တွေးကြည့်လိုက်ပါတယ်။ (ဒါမှ နောက်ဆို ကာယအလှမယ်ပြိုင်ပွဲမှာ ဒိုင်လူကြီးများ လုပ်ရမလားလို့)

Thursday, January 24, 2013

သူယုတ်လက္ခဏာ- လင်းထင် by Lin Htin on Thursday, January 24, 2013 at 4:42am ·


သူယုတ်လက္ခဏာဆို အစဉ်အလာ ညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘ၀င်မကျချင်ဘူး။

ပထမ- ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာ ကပ်လိုက်တဲ့ ဟာမျိုးတွေ (ဥပမာ- ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲက စူဇကာပုဏ္ဏား အဖွဲ့) ရှေးစာထဲပါပြီး၊ နှောင်းလူတို့ ပြဌာန်းစာသဖွယ် အသင်ခံရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့ အရေးအသားကို လေ့လာရမယ့် အဖြစ်နဲ့ ဆောင်သင့် ရှောင်သင့်သော စာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ ရောထွေးကုန်ကြတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့ စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့ အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင်ဂျာတွေကို ပင်လယ်ထဲ ပြန်လွှတ်တဲ့ နောက်ဆက်တွဲ ဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝင်ရဲ့ ရိုဟင်ဂျာဆိုတာ အသားမည်းတယ် ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ် ဆိုတဲ့ နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ Racism စွဲဝင်မှန်းမသိ စွဲဝင်နေတဲ့ အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။

ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော ဌာနေဖြစ်မှုရော မျိုးနွယ်စုဖြစ်မှုအပေါ်မှာပါ အများနဲ့ အသားရောင် ဘာသာစကား ဘာသာတရား တူညီမညီ စမ်းစစ်လိုတဲ့ အခြေခံကလွဲတဲ့ တင်ကြိုပြဌာန်းနှင့်ပြီး သဘောထားတို့ စမ်းပေါက်ရာပဲ။

Wednesday, January 23, 2013

သူတို့ခေါ်တော့ဒုက္ခသည်၊ကိုယ့်ကိုယ်ကိုတော့တော်လှန်ရေးသမား။ အပိုင်း(၇) by Ko Nyo on Wednesday, January 16, 2013 at 4:00pm ·


သူတို့ခေါ်တော့ဒုက္ခသည်၊ကိုယ့်ကိုယ်ကိုတော့တော်လှန်ရေးသမား။
                                                                                     အပိုင်း(၇)

“ကြိတ်ထားဟ..ကြိတ်လိုက်စမ်း“.
“၀က်ကြီးကွ”….“ညိုကြီးကွ.”
“၀ါးမနေနဲ့မြိုချလိုက်.မြိုချလိုက်”..
“ရော့..နောက်တတုံး”
“မောင်ညိုအရှုံးမပေးနဲ့..ကြိတ်ထား..ဘိုက်ကလေးလှုပ်ပြီးဝါး”
“ဝေး၊ဝေး၊ဝေး၊ဝေး…”
ကျနော့စားပွဲခုန်ရှည်ကြီးမှာမျက်နှာချင်းဆိုင်မတ်တပ်ရပ်ပြီးဝက်ဆီတုံးကြီးတွေ
ပလုတ်ပလောင်းမြိုနေတဲ့ဝက်ကြီး(ဇော်နိုင်မန်းဆေးတက္ကသိုလ်)ရဲ့အခြေအနေ
ဘယ်လိုနေမယ်မသိ၊ကျနော်ကတော့ခေါင်းတွေမူးပြီးမျက်လုံးတွေဝါးနေပြီ၊
ဘိုက်လည်းပြည့်လျှံပြီးအီလည်လည်ဖြစ်နေပြီ။
ဒါပေမဲ့ဝက်ကြီးကိုတော့အရှုံးပေးလို့မဖြစ်၊
သူက၀က်သားကိုဘယ်နှစ်ပိဿာကုန်အောင်တထိုင်ထဲအပြတ်စားနိုင်တယ်ဘာညာနဲ့
အသားငတ်ရတဲ့အထဲတချိန်လုံးကြွားခဲ့တာ။
တကယ်လည်းသူကတရုတ်လူမျိုးပီပီဝက်သားကကြိုက်သလိုဖြူဖြူ၀၀နဲ့အသကုန်ဆွဲနေတယ်။
ကျနော်ကလည်းငယ်ငယ်ကတည်းက၀က်သားကြိုက်။ဝက်သားဆိုရင်အဆီတုံးမှဝါးတာ။
ဘေးကလူတွေအကုန်လုံးကျနော်တို့၂ယောက်အကြိတ်အနယ်ဝက်ဆီတုံးအစားပြိုင်နေတာကို
လက်ခုတ်လက်ဝါးတီးဝိုင်းအားပေးနေတယ်။
ဟိုကဒီကတယောက်ပြီးတယောက်စားမကုန်လို့ပစ်ထည့်ပေးနေတဲ့လက်သီးဆုတ်လောက်
ဝက်ဆီတုံးကြီးတွေကတတုံးပြီးတုံးသူ့ပန်းဂံရော၊ကိုယ့်ပန်းဂံမှာရောပြည့်နေတယ်။
တချို့အတုံးတွေကအခေါက်တောင်ပါမလာ၊အဆီချည်းသက်သက်ဖွေးလို့။
၂ယောက်လုံးအလျော့မပေးဖူး။ပန်းဂံထဲကအဆီတုံးအပုံလိုက်ကိုကြည့်ပြီး
တတုံးပြီးတတုံးဖြိုနေတယ်။
ဘေးကလည်းကျနော်တို့ဝက်ဆီတုံးတွေအီလည်လည်ဝါးနေတဲ့မျက်နှာတွေကြည့်ပြီး
ဟားတိုက်နေကြတယ်။
နောက်ဆုံးတော့ဝက်ကြီး“အေ့”ကနဲတချက်ပျို့တက်လာပြီး၊
“မရတော့ဖူးဗျာ..ကျနော်အရှုံးပေးတယ်”လို့ပြောပီးအစားရပ်လိုက်တယ်။
ကျနော်ကတော့မဆလစစ်တပ်ကြီးကို(ရမ်ဘိုလို)တကိုယ်တော်ချေမှုန်းအောင်နိုင်တဲ့ဟန်နဲ့..
ဝက်ဆီတုံးအပြည့်ပန်းဂံ၂ချပ်လုံးကိုပင့်မြှောက်ပြီးအောင်ပွဲခံလိုက်ပါတယ်။
“ဝေး..ဟေး..ညိုကြီးကွ၊မန္တလေးသားဝက်ကြီးကိုအလဲထိုးပြီး
ဝက်ဆီဖတ်ချန်ပီယံဆုဆွတ်ခူးသွားပါပြီခင်ဗျား”
ကိုကျော်ကြီး(ကျောက်မဲကျော်ကြီး)ကကျယ်လောင်တဲ့အသံကြီးနဲ့
ဝက်ဆီဟဲဗီးအစားပြိုင်ပွဲကြီးကိုအဆုံးသပ်ပေးလိုက်ပါတယ်။

1989 ခုနှစ်၊ သာယာဝတီအကျဉ်းထောင် Anti Labour တိုက်ပွဲ

Khun Saing shared Ko Maung's photo.
1989 ခုနှစ်၊ သာယာဝတီအကျဉ်းထောင် Anti Labour တိုက်ပွဲ
ညှဉ်းပန်းခဲ့သူနဲ့ အညှဉ်းပန်းခံခဲ့ရသူ နှစ်ဦး ဆုံတွေ့စဉ် တယောက်ကို တယောက် မမှတ်မိကြတော့။ အချိန်ကာလ အားဖြင့် အနှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် မျက်နှာများ၊ ပုံသဏ္ဍန်များ၊ အနေအထားများ အားလုံး ပြောင်းလဲခဲ့ပြီ။
ထိုစဉ်က ကျွဲပေါက်ကြီးတကောင်လို သန်မာကြံ့ခိုင်သူက အခု ရှုနာရှိုက်ကုန်း ရောဂါသည် ပုံစံ၊ ထိုစဉ်က ဂျစ်ကန်ကန် မာကျောကျော မဟုတ်မခံ ပုဂ္ဂိုလ်တယောက်က အခု အရာရာကို သည်းခံခွင့်လွှတ်စိတ်ဖြင့် ကြည့်တတ်သည့် သံဃာတော် တပါး၊ ထိုစဉ်က ပျော်ပျော်ရွှင်ရွှင်နှင့် လူငယ်ဘဝ မျှော်လင့်ချက်တို့ လင်းလက်တောက်ပနေမည့် မျက်နှာ ပိုင်ရှင်က အခု လောကဓံ၏ အထုအထောင်းကို ပြင်းထန်စွာခံခဲ့ရသည့် မှိုင်းရီရီ မျက်ဝန်းများဖြင့် စကားကို သတိထားပြောနေသူ၊ ထိုစဉ်က … အာဏာရှင်၏ ပါးကွက်သားအဖြစ် ရက်စက်ခဲ့သူက ယခု နာမည်ရ အစိုးရ အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုတွင် ဝင်ရောက် လှုပ်ရှားနေသူ … ထိုစဉ်က …၊ ထိုစဉ်က စသည်ဖြင့်။
သူတို့ ဆုံတွေ့ခဲ့သည်က သာယာဝတီ ငရဲစခန်းဟူ၍ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော သာယာဝတီ အကျဉ်းထောင်တွင်၊ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဖြစ်သည်။ ကောင်းသော ဆုံတွေ့ခဲ့ခြင်းတော့မဟုတ်၊ တဦးက နိုင်ငံရေး အကျဉ်းသား အဖြစ်နှင့် တဦးက ထောင်အာဏာပိုင် အဖြစ်နှင့် ဆုံတွေ့ကြခြင်းသာ။
မကြာသေးခင်ကတော့ သူတို့နှစ်ဦး အိမ်တအိမ်တည်းတွင် ဧည့်သည် နှစ်ဦးအဖြစ် အမှတ်တမဲ့ ဆုံခဲ့ကြသည်။
“သူငယ်ချင်းက ဖုန်းဆက်တော့ မင်း အဲဒီမှာ အဘိုးကြီးတယောက်နဲ့ မတွေ့ခဲ့ဘူးလား၊ အဲဒီအဘိုးကြီးက ထောင်မှူးကြီး —-လေဆိုမှ ကျနော် တော်တော် အံ့သြသွားတာ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်မြင့်က ဆိုသည်။
ကိုဇော်မြင့် ဆိုသည်မှာ ၁၉၈၉ ခုနှစ်က တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တဦး ဖြစ်သည်။ ၉ ရက် ၈ လ ၁၉၈၉ ခုနှစ် ၈ လေးလုံး နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်စဉ် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်အချမှတ်ခံခဲ့ရသည်။ ထိုစဉ်က နဝတ အစိုးရ၏ ပထမဆုံး ထောင်ပြောင်းစာရင်းတွင် ပါဝင်ခဲ့ပြီး အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူ ဖြစ်သည်။
“နိုဝင်ဘာ ၁၇ ရက်နေ့ညမှာ ထောင်အာဏာပိုင်တွေ သံချောင်းခေါက်ပြီး ဝင်လာတယ်။ ထုံးစံအတိုင်း ထောင်ပုံစံထိုင်၊ လှုပ်ရင် အရိုက်ခံရမယ် ပြောပြီးတော့ ဦးစောဘုရားရှိတဲ့ မိန်းထောင်ကြီးမှာ နှစ်ယောက်တွဲ ခြေကျင်းရိုက် သံကြိုးတွဲခံရတာ” ဟု ကိုဇော်မြင့်က သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပုံကို ပြန်ပြောပြသည်။
ကိုဇော်မြင့်နှင့် သံကြိုးတွဲချည်ခံရသူမှာ ခြေတဘက် သိမ်နေသူဖြစ်ပြီး ချိုင်းထောက်နှင့် လျှောက်နေရသူ ဖြစ်ကြောင်း သိရသည်။
၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ညက သာယာဝတီအကျဉ်းထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသူများထဲတွင် ယခု ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုကျော်ကျော်ထွေး (ခေါ်) ကိုမာကီလည်း ပါသည်။ ကိုမာကီက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် တစ်နှစ်ပြည့် နှစ်ပတ်လည်တွင် စာဖြန့်ဝေမှု၊ ဆူပူဆန္ဒပြရန် ပြင်ဆင်မှုဆိုသည့် စွပ်စွဲချက်များဖြင့် ထိုစဉ်က အင်းစိန်ထောင်တွင် ၁ နှစ်ခွဲ အကျဉ်းချ ခံခဲ့ရသူ ဖြစ်သည်။
“ကျနော်တို့တွေကို ထုတ်လာပြီး ခြေကျင်းရိုက်၊ ဆံပင်တွေကို စက်နဲ့ ပုံမကျပန်းမကျထိုးပြီး သာယာဝတီကို ပို့လိုက်တာ” ဟု ကိုမာကီက ဆိုသည်။
ထိုစဉ်က သာယာဝတီထောင်ကို စံပြအကျဉ်းထောင် ဖြစ်စေရန် ပြုပြင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် နဝတ အစိုးရက နိုင်ငံရေး အကျဉ်းသား အတော်များများကို ပို့လိုက်ခြင်းလည်း ဖြစ်သည်ဟု သိရသည်။
သာယာဝတီထောင်ရောက် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းလုပ်ရန် ထောင်အာဏာပိုင်များက ခိုင်းစေရာ နိုင်ငံရေး အကျဉ်းသားများက ငြင်းဆန် ဆန္ဒပြရာမှစ၍ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တိုက်စပိတ်ခဲ့သည်။
“တိုက်ဝ ရောက်တာနဲ့ ပါလာတဲ့ အဝတ်အစားအပို အကုန်ထားခဲ့ရတယ်။ ပါလာတဲ့ ပစ္စည်းပို မှန်သမျှလည်း အကုန်ချန်ထား ခဲ့ရတယ်။ ပြီးတာနဲ့ မိချောင်းသွား သွားခိုင်းပြီး နောက်ကနေ ဝိုင်းရိုက်ကြတော့တာပဲ” ဟု ကိုမာကီက ဆိုသည်။

သာယာဝတီ ငရဲစခန်းဟု သူတို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ခေါ်တွင်ခဲ့သည့် ထို အကျဉ်းထောင်သည် ထိုစဉ်ကာလက အရက်စက်ဆုံးနှင့် အဆိုးရွားဆုံး အကျဉ်းထောင်ဟု နာမည်ထွက်ခဲ့သည်။ အလုပ်လုပ်ရန် ငြင်းဆန် ဆန္ဒပြသဖြင့် တိုက်ပိတ်သည်၊ ရိုက်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသော်လည်း ထောင်ဖောက်ရန် ကြိုးစားသဖြင့် တိုက်ပိတ်သည်ဟု သတင်းလွှင့်ခဲ့ကြောင်း သိရသည်။
“လူ ၁၀ ယောက်လောက်ကို အယောက် ၅၀ လောက်က ဝိုင်းရိုက်တာ။ ထပြေးတော့လည်း ပြေးစရာ နေရာက မရှိဘူး။ ဘယ်လောက်ထိ ဝရုန်းသုန်းကား နိုင်လဲဆိုရင် သူတို့အချင်းချင်း ရိုက်မိကြတာတွေတောင် ရှိတယ်” ဟု ကိုမာကီက ပြောသည်။
ထိုစဉ်က သာယာဝတီ အကျဉ်းထောင်တွင် အရိုက်ခံခဲ့ရပြီး နံရိုးကျိုးသွားသည့် သူရိန်နေမင်းဦး ဆိုသူမှာ ထောင်ကလွတ်ပြီး တပတ်အကြာတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က အရိုက်ခံခဲ့ရသူ၊ တိုက်ပိတ် အကျဉ်းချ ခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၉၅ ဦးရှိသည်။(၉၅ ဦးဟု ဆိုသော်လည်း တဦး၏ အမည်စာရင်းပျောက်နေသည်)။ ထိုဒဏ်များကြောင့်ဟု မဆိုနိုင်သော်လည်း သူတို့ထဲက ကွယ်လွန်သူ ၇ ဦးရှိသည်၊ မကျန်းမာသူများလည်း ရှိသည်။ အခု လက်ရှိတွင်တော့ အားလုံး ထောင်က လွတ်ခဲ့ပြီ ဖြစ်သည်။
“ဒါ နဝတ လက်ထက် ထောင်ထဲမှာ ပထမဆုံး အစုလိုက် အပြုံလိုက် အရိုက်ခံခဲ့ရတာပဲ။ ဒီဒဏ်တွေကြောင့် တချို့ဆို အလေးအပင် မမနိုင်တော့တာမျိုးတွေ ရှိတယ်” ဟု ကိုဇော်မြင့်က ဆိုသည်။
ထိုစဉ်က သာယာဝတီ ထောင်ထဲတွင် ဝက်များ မွေးမြူထားသောကြောင့် သူတို့ကို ရိုက်နေချိန်တွင် တဘက်ခန်းက ဝက်များကိုလည်း ရိုက်သည်ဟု သိရသည်။
“ဝက်တွေက အော်တော့ ကျနော်တို့ အော်သံတွေကို တခြားသူတွေ မကြားရတော့ဘူးပေါ့” ဟု ထိုစဉ်က ၉၅ ဦးထဲတွင် ပါခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်မျိုးထွဋ်က ပြောသည်။
ယခုလက်ရှိ ဦးပဉ္ဇင်း ဦးပဏ္ဍိတလည်း ထိုစဉ်က လူဝတ် ဦးမြင့်စိုးအဖြစ် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့သည်။ သာယာဝတီ ထောင်တွင် အရိုက်ခံရသူများထဲ ဦးပဉ္ဇင်းလည်း ပါဝင်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ အဖြစ် အလုပ်မလုပ်နိုင်ကြောင်း ငြင်းဆန်သဖြင့် တိုက်ပိတ်မခံရခင် အာဏာပိုင်များက “ဒူးထောက်၊ ခွေးလိုလျှောက်” ဟု အမိန့်ပေးကာ မြင်ရာကို ဝိုင်းရိုက်ခဲ့ကြောင်း ဦးပဏ္ဍိတ မိန့်သည်။
“မိတဲ့နေရာကို ရိုက်တာပဲ။ အရပ်ထဲမှာ ခွေးရူးတကောင်ကို လူတွေ လိုက်ရိုက်တာ မြင်ဖူးလိမ့်မယ်၊ အဲဒီလိုကို ဝိုင်းရိုက်ကြတာ” ဟု သူက ဆိုသည်။
သူတို့အားလုံး ၁၇ ရက်တိတိ ရေချိုးခွင့်မရှိ၊ ဆီးအိုး၊ မစင်အိုး သွန်ခွင့်မရှိ။
“ကြိမ်ကို ရာဘာစွပ်ထားတဲ့ တုတ်နဲ့ အချက် ၂၀၀ ကျော် အရိုက်ခံထားရတာ၊ စဉ်းစားကြည့်တော့၊ အရက် ၂၀ နီးပါး မထနိုင်ဘူး” ဟု ဦးဉ္ဇင်း ဦးပဏ္ဍိတက ဆိုသည်။ သူက အရိုက်ခံခဲ့ရစဉ် လက်သည်း ၁၀ ခုစလုံး ကျွတ်ထွက်ခဲ့ရသည်။
နံရိုးကျိုးသူအပြင် အရိုက်ခံရစဉ် မစင်အတောင့်လိုက် ထွက်ကျသူပင်ရှိသည်ဟု ကိုမာကီနှင့် ကိုဇော်မြင့်တို့က ရယ်မောရင်းဆိုသည်။ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က အဖြစ်အပျက် ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ရယ်နိုင်နေသော်လည်း အဖြစ်အပျက်က ရယ်စရာ တစ်ကွက်မှမရှိ၊ သူတို့အားလုံး မမေ့နိုင်ကြဟု ကိုဇော်မြင့်က ပြောသည်။
“အဲဒီလို ဖြစ်တော့လည်း ကိုယ့်မစင်ကြောင့် အဝတ်လဲစရာမရှိဘူး။ ဒီတိုင်းကြီးပဲ တိုက်ထဲမှာနေရတယ်။ တိုက်ခန်းတွေက အရင်က ဝက်မွေးခဲ့တဲ့ အခန်းတွေ။ ဝက်သန်းတွေ တရွရွနဲ့၊ ညဘက်မှာ အရိုက်ခံရတဲ့ဒဏ်နဲ့ ဘယ်သူမှ မအိပ်နိုင်ဘူး” ဟု ကိုမာကီက ဆိုသည်။
အခုတော့ သာယာဝတီ ငရဲစခန်းတွင် ဆုံတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံး ပြန်ဆုံကြရန် စီစဉ်နေကြပြီ။ စာရင်းအရ တစ်ယောက်၏နာမည် ကျန်နေသောကြောင့် ၉၄ ဦး တိတိရှိမည်။ ထိုကဲ့သို့သော အချိန်တွင်မှ တိုက်ဆိုင်စွာ ကိုဇော်မြင့်က သူတို့ကို အုပ်စုလိုက် ဝိုင်း၍ ရိုက်နှက်ရန် စနစ်တကျ စီစဉ်ခဲ့သူနှင့် ရုတ်တရက် ဆုံတွေ့ဖြစ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော် သူဆိုတာ သိလိုက်ချိန်မှာ အရမ်းတွေ့ချင်သွားတယ်။ အဲဒါနဲ့ စုံစမ်းလိုက်တော့ တောင်ငူမှာလို့ သိရတာနဲ့ တောင်ငူကို လိုက်သွားလိုက်တယ်” ဟု ကိုဇော်မြင့်က ဆိုသည်။
ထောင်အာဏာပိုင် ဟောင်းကြီးက ယခုလက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် 
(NLD) ပါတီ၏ မြို့နယ်အဆင့် တခုတွင် ပါဝင်ဆောင်ရွက်နေသူ ဖြစ်နေပြီ။
“သူ့ကို အဖြစ်အပျက်တွေ ပြောပြပြီး မိတ်ဆက်လိုက်တော့ မျက်နှာနည်းနည်း ပျက်သွားတယ်” ဟု ကိုဇော်မြင့်က ဆိုသည်။
သာယာဝတီငရဲခန်း ဝင်ခဲ့ရသူအားလုံး ထိုထောင်အာဏာပိုင် ဟောင်းကြီးကို မမေ့ကြသေး၊ ဖြစ်နိုင်လျှင် ဝန်ချတောင်းပန် ခိုင်းစေချင်ကြသည်ဟု ပြောကြသည်။
“တောင်းပန်စေချင်တယ် ဆိုတာက သူလည်း သူ့သမိုင်းရှင်းအောင်၊ ကျနော်တို့ သမိုင်းလည်း ခိုင်အောင်ပါ” ဟု ကိုဇော်မြင့်က ဆိုသည်။
ယခု အသက် ၆၀ ကျော်နေပြီ ဖြစ်သည့် သာယာဝတီထောင် အာဏာပိုင် ဟောင်းကြီးကို ပြန်လည်ဝန်ချ တောင်းပန်ခိုင်း စေချင်သည် ဆိုရာတွင် အညှိုးအတေးကြောင့် လက်စားချေလိုသည့် စိတ်ဖြင့် မဟုတ်ကြောင်း၊ လူအများကို အစုလိုက်အပြုံလိုက် ညှဉ်းပန်းနှိပ်စက်ခြင်းမှာ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သည့် နိုင်ငံများတွင်သာ ဖြစ်လေ့ရှိကြောင်း၊ စနစ်ကြောင့် ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အပေါ်တွင် ပုံမချလိုကြောင်း၊ ဦးပဉ္ဇင်း ဦးပဏ္ဍိတက ရှင်းပြသည်။
“မှားခဲ့တဲ့သူက မှန်ခဲ့တဲ့သူတွေအပေါ် ကျူးလွန်ခဲ့သမျှ ပြန်တောင်းပန်တယ်ဆိုတာ ယဉ်ကျေးမှု တရပ်ကို ထူထောင်တာပဲ။ ဒီလို ယဉ်ကျေးမှုတရပ်ကို ထူထောင်ဖို့ ဦးဇင်းတို့ အနေနဲ့ သူ့ကို တောင်းပန်စေချင်တာ” ဟု ဦးပဉ္ဇင်းက မိန့်သည်။
ယခင်က အာဏာရှင် စနစ်တခုမြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ပြီး ယင်းစနစ်မျိုး နောင်တွင် ထပ်မံ မကျင့်သုံးမိစေရန် အရေးကြီးသည်၊ ထို့အတွက် ယခင် အဖြစ်အပျက်များကို သင်ခန်းစာယူရမည်ဟု သူက ဆိုသည်။
လက်ရှိတွင် ကိုမာကီ၊ ကိုဇော်မြင့်၊ ဦးပဏ္ဍိတ အပါအဝင် သာယာဝတီ အကျဉ်းထောင် ငရဲစခန်းတွင် ဆုံခဲ့သူအားလုံး ပြန်လည်ဆုံတွေ့ကာ ထိုစဉ်က ငရဲခန်း အဖြစ်မှန်ကို ပြန်ပြောင်းပြောကြတော့မည်။ သူတို့၏ အဆိုအရ နောင်တွင် ဒါမျိုး ထပ်မဖြစ်ရန်၊ သင်္ခန်းစာယူရန် ဖြစ်သည်။
“တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည် ဖြစ်စေ အားလုံးကို ခွင့်လွှတ်တယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ကြီးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု ကိုမာကီက ပြောသည်။

     သတင်း - Irrawaddy
‎1989 ခုနှစ်၊ သာယာဝတီအကျဉ်းထောင် Anti Labour တိုက်ပွဲ
ညှဉ်းပန်းခဲ့သူနဲ့ အညှဉ်းပန်းခံခဲ့ရသူ နှစ်ဦး ဆုံတွေ့စဉ် တယောက်ကို တယောက် မမှတ်မိကြတော့။ အချိန်ကာလ အားဖြင့် အနှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် မျက်နှာများ၊ ပုံသဏ္ဍန်များ၊ အနေအထားများ အားလုံး ပြောင်းလဲခဲ့ပြီ။
ထိုစဉ်က ကျွဲပေါက်ကြီးတကောင်လို သန်မာကြံ့ခိုင်သူက အခု ရှုနာရှိုက်ကုန်း ရောဂါသည် ပုံစံ၊ ထိုစဉ်က ဂျစ်ကန်ကန် မာကျောကျော မဟုတ်မခံ ပုဂ္ဂိုလ်တယောက်က အခု အရာရာကို သည်းခံခွင့်လွှတ်စိတ်ဖြင့် ကြည့်တတ်သည့် သံဃာတော် တပါး၊ ထိုစဉ်က ပျော်ပျော်ရွှင်ရွှင်နှင့် လူငယ်ဘဝ မျှော်လင့်ချက်တို့ လင်းလက်တောက်ပနေမည့် မျက်နှာ ပိုင်ရှင်က အခု လောကဓံ၏ အထုအထောင်းကို ပြင်းထန်စွာခံခဲ့ရသည့် မှိုင်းရီရီ မျက်ဝန်းများဖြင့် စကားကို သတိထားပြောနေသူ၊ ထိုစဉ်က … အာဏာရှင်၏ ပါးကွက်သားအဖြစ် ရက်စက်ခဲ့သူက ယခု နာမည်ရ အစိုးရ အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုတွင် ဝင်ရောက် လှုပ်ရှားနေသူ … ထိုစဉ်က …၊ ထိုစဉ်က စသည်ဖြင့်။
သူတို့ ဆုံတွေ့ခဲ့သည်က သာယာဝတီ ငရဲစခန်းဟူ၍ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော သာယာဝတီ အကျဉ်းထောင်တွင်၊ လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဖြစ်သည်။ ကောင်းသော ဆုံတွေ့ခဲ့ခြင်းတော့မဟုတ်၊ တဦးက နိုင်ငံရေး အကျဉ်းသား အဖြစ်နှင့် တဦးက ထောင်အာဏာပိုင် အဖြစ်နှင့် ဆုံတွေ့ကြခြင်းသာ။


Sunday, January 13, 2013

SAW BA U GYI die/ သမိုင်းဆိုတာ မမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆောင်းပါး - ကညောကော်

Saw Nyein Nyein Aung likes a link.

Thweet Htoo shared Hteeset Maeywa's photo.
SAW BA U GYI die
 သမိုင်းဆိုတာ မမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း

ဆောင်းပါး - ကညောကော်

ဒီ ဆောင်းပါး ကို ဒီနေ့ ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့် လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို့ သောသူများက အမြင်ကျဉ်းသူ၊ လူမျိုးရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့ သို့ သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့ လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာဝယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..တ မြေ့ မြေ့ နှင့် မကြေနပ်အညိုးအတေးထားကာ ကလဲ့စားခြေလို သောသဘောထား ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့ လာသုံးသပ် ကာ နောင်တစ်ခါဒီ လို သမိုင်းမျိုးနှင့် ဒဏ်ရာအသစ်တစ်ခုကိုထပ်ထပ်မံမရစေလိုသောကြောင့်ဖြစ်ပါသည်။

ကရင်လူမျိုးများသည် ဟိုးယခင် မဟာဗမာ လူမျိုးရေး ၀ါဒီ ဗမာမင်းများအဆက်ဆက်ကနေ ယခုအချိန်ထိ ထိုဗမာ လူမျိုးရေးဝါဒီများ၏ နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခဲ့မှုများကို ခံခဲ့ ရ ခံနေရဆဲဖြစ်ပါသည်။ (မဟာဗမာလူမျိုးရေးဝါဒီဆိုရာဝယ်..ဗမာတစ်မျိုးသားလုံးကိုမဆိုလိုပါ။အချို့ အချို့ သောငါတို့ သာလူ၊ ငါတို့ သာမင်း၊ ငါတို့ သာသခင်၊ စသည်ကဲ့သို့ သော လူ့ အသိုင်းအ၀ိုင်းနှင့် ဘယ်သမာသမတ်ကျသည့် လူ့ အဖွဲ့ အစည်းမှလက်မခံနိုင်သည့် ၀ါဒီများကိုသက်ဝင်ယုံကြည် ခါးဝတ်ပုဆိုး သဖွယ်ကိုင်စွဲထားပြီး အခြားသောတစ်နိုင်ငံတည်းနေမည်သည့်တိုင်းရင်းသားကိုမှ လူမထင် အနိုင်ကျင့်ဗိုလ်ကျနေသော
သူများအချို့ ကိုသာဆိုလိုပါလိုပါသည်။ ထိုသူများနှင့် ထိုသို့ အတွေးအခေါ်ရှိနေသူများကို ယနေ့ အချိန်အခါထိ ရှိနေကြောင်း သိရသောအခါ ကျနော်သည်သည် ဆောင်းပါးကလေးကို ရေးဖြစ်လာခဲ့ ရပါသည်။

ထိုကဲ့သို့ သောမဟာ လူမျိုးရေးဝါဒီများ၏ ခေတ်အဆက်ဆက်အနိုင်ကျင့်မှူများကြောင့် ကရင်လူမျို့ များသည် အခွင့်အခါရလာသောအချိန်တစ်ခါ ဟုထင်မြင်ခဲ့သော ဗြိတိသျှစစ်တပ်များမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသောအချိန်တွင် မိမိတို့ ၏အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် မဟာမိတ်တပ်အနေဖြင့် ဗြိတိသျှတို့ ဘက်မှ ဖက်ဆစ်၈ျပန်များကို တိုက်ခိုင်ရာတွင် ရွှံရွှံ ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင်ဖက်ဆစ်ဂျပန်များကိုတိုက်ထုတ်သော ကရင်အမျိုးသားတို့ ၏ပါဝင်မှုမှာ ထိပ်ဆုံးမှဖြစ်ခဲ့ပါသည်။(သို့ သော် ထိုအကြောင်းအရာများကို မြန်မာနိုင်ငံအတွင်းတွင်ကြီးပြင်းခဲ့သော နောက်တတ်ကရင်လူငယ်များနှင့် အခြားသောတိုင်းရင်းသားလူငယ်ကျောင်းသားများ သမိုင်း ဘာသာရပ်တွင် ဗမာအစိုးရ၏သမိုင်းဝါးမျိုမှုများကြောင့်သင်ကြားခဲ့ရခြင်းမရှိ ခဲ့ပါ။

ဗမာများမှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကိုဝင်ရောက် ပြီး အာဏာကြီးစိုးခဲ့ချိန်တွင် အင်္ဂလိပ်လက်အောက်တွင်အမှုထမ်းပြီးပူးတွဲ လုပ်ဆောင် ခဲ့သော်လည်း ဖက်ဆစ်ဂျပန် ၀င်လြာ့ပီး အာဏာကြီးစိုးကာ အင်္ဂလိပ် တို့  ထွက်ပြေးသောအချိန်ကာလတွင် ဂျပန်နှင့်တစ်ခါပေါင်းကာဂျပန်လူဖြစ်သွာ့းပြန်သည်။
သူ တို့ လုပ်သလိုဘက်မပြောင်းတတ်၊ တစ်စုတစ်ဖွဲ့တည်းအပေါ်တွင် သစ္စာရှိခဲ့သော ကရင်လူမျိုးများမှာ ဂျပန်ဘက်ပြောင်းသွားသောဗမာများ၏ အင်္ဂလိပ်သူလျှို ၊အင်္ဂလိပ်စစ်သား..စသည်ကဲ့သို့ သော ခြေထိုး မှုများကြောင့် ကရင်ပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ တစ်ရွာလုံးကိုဖမ်းဆီးချူပ်နှောင် တစ်ရက်ကိုအယောက် ၅၀ ထုပ်ပြီးသတ်ဖြတ် မှုကဲ့သို့ သော ဧရာဝတီတိုင်းမှ (BIA)တပ်များ၏ သတ်ဖြတ်မှုလိုမျိုးတွင် လုံးဝလွန်လွန်းသောကြောင့်ဂျပန် ဗိုလ်မှူးကြီး မိုးကြိုး (ဆူဇကီး) ကတောင်ကြားဝင် တားဆီးခဲ့ရသောအဖြစ်များ၊ ကရင်ရွာတွေမီးရှို့  ..ဘုရားကျောင်းတက် ၀တ်ပြုနေသူများကို ဘုရားကျောင်းအားအပြင်မှသော့ခတ်က တစ်အုပ်လုံးမီးလောင်တိုင်သွင်းခဲ့သော အဖြစ်မျိုးမှာ လုံးဝမမေ့နိုင်မမေ့အပ်စရာတွေပါ။ သို့ သောကရင်တွေဟာ ဗြိတိသျှတွေ ကိုသစ္စာရှိစွာယု့ံ့ကြည်စွာဖြင့် ထိုအဖြစ်များကို ခါးစီးခံခဲ့ပါတယ်။

ဒီလိုနဲ့အင်္ဂလိပ်တွေမြန်မာနိုင်ငံအတွင်းကိုတစ်ကျော့ပြန်ဝင်လာပြီး ဂျပန်တွေကိုတိုင် ထုပ်ဘို့  စည်းရုံးပြန်တယ်။ကရင်တွေလည်းအနည်းငယ်တွန့် သွားခဲ့ပေမည့် အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့ ရဲ့လွတ်လပ်ရေးရရင် ကရင်ပြည်ရရှိရေး ၊ကရင့်အခွင့်အရေးအတွက် လုပ်ပေးမည် ပြောပေးမည် ကရင်ပြည်ရရမည်ဆိုသော အာမခံချက်၊ ကတိပေးမှုများကြောင့် လွတ်လပ်စွာနှင့် ကိုယ်ရသင့်သောအခွင့် အရေး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်တိုင်းပြည်လွတ်လပ်ရေးဆိုသော တောင့်တသည့်စိတ်နှင့် ကရင်တွေဟာ အင်္ဂလိပ်နှင့်တစ်ဖန်ပေါင်းကာ ဖက်ဆစ်ဂျပန်တွေကို လုံးဝအပြီးအပိုင်တိုက်ထုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့နောက်ဆုံးလွတ်လပ်ရေးပေးသည့်အခါ.. ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ဟာ အင်္ဂလိပ်နန်းရင်းဝင် မောင့်ဘက်တန် ကို ဘယ်လို နားကျအောင်စည်းရုံးခဲ့သည်မသိပါ.. ကရင်ခေါင်းဆောင်များက အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့ ၏အပေးအယူ ကတိက၀တ်ပြုခဲ့သောစကားနှင့် မိမိရသင့်ရ ထိုက်သောအခွင့်အရေးကို သွားရောက်တောင်းဆိုခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ပါ။ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့  ကိုသာအာဏာလွဲပေးခဲ့သည်။ အဲဒီဗိုလ်ချူပ်အောင်ဆန်းနှင့်(BIA) တပ်များအာဏာရလာပြီးတဲ့နောက်မှာ (BIA)ရဲ့ကရင့်အမျိုးသားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျသတ်ဖြတ်မှုတွေကို တစ်ခါးစီးခံ ခဲ့ရပြန်ပါတယ်။ ဒါကြောင့်ကရင်တွေဟာကိုယ့်တိုင်းပြည်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမှသာ လုံခြုံမှရှိမည်လို့ တစ်စိုက်မက်မက်ပို မို ယုံကြည်လာကြသည်။ ထိုနောက်ဗမာအစိုးရတွေဆီသွားက ကရင်ပြည်ကိုတောင်းဆိုပြန်ပါတယ်။ ဒါနဲ့ဗမာက မင်းတို့ တိုင်းပြည်တောင်းတာ မင်းတို့ လူထုအင်အားဘယ်လောက်ရှိလို့ လဲ... ပြပါ ဆိုတော့ ကရင်ပြည်သူမြို့ နေ တောသူတွေပါအကုန်လုံးငြိမ်းချမ်းစွာနှိင့်ကရင်ပြည်ရဖို အတွက် အိမ်တွေထဲကနေထွက်ပြီးအင်အားပြသခဲ့ပါတယ်။ အဲဒီမှာ
ဗမာတွေဟာကရင်အမျိုးသားတွေကိုစပြီးအကြမ်းဖက်ပါတော့တယ်။ မင်းတို့ ကရင်ပြည် လိုချင်ရင် တိုက်ယူ ဆိုပြီး စိမ်ခေါ်ခဲ့ပါတယ်။
ဘိုးဘွားတွေလက်ထက်ကတည်းကစစ်ကိုမလိုလား ငြိမ်းချမ်းစွာနေလိုခဲ့တဲ့ကရင်တွေဟာ အင်္ဂလိပ်ခေတ်မှာမိမိတို့ ရသင့်ရထိုက်တဲ့အခွင့်အရေးရဖို့ အတွက် မတတ်သာဘဲလက်နက်ကိုင်ပြီးဖက်ဆစ်ကိုတော်တိုက်ခိုက်ခဲ့ရပေမည့် အခုတစ်ခါတော့ မလွဲမသေ လက်နက်ကိုင်မှ ကိုယ့်အတွက်လုံခြုံပြီး ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကိုရတော့မည်ဆိုသော အသိစိတ်ကြောင့် လွတ်လပ်ရေးရအပြီး အင်္ဂလိပ်တို့ အပြန် လက်နက်အပ်ခဲ့ပေမည့် .. ဗမာတွေကိုမယုံ ကရင်တွေအတွက်အရေးကြုံရင် ပြန်လည်ခုခံနိုင်ဖို့ အတွက် ဆိုပြီး အင်္ဂလိပ်စစ်ဗိုလ်တစ်ချို့ က ဖွက်ထားပေးခဲ့သော ဂူတွေထဲမှာဖုံတတ်နေသောသေနပ် တွေကို ပြန်လည်ကိုင်ဆောင်လာခဲ့ရပါသည်။

ဒါပေမည့် ဥကဠ ကြီးစောဘဦးကြီးဟာ ငြိမ်းချမ်းရေးသမားဖြစ်ပြီး စစ်ပွဲကိုမလို
လား ဘဲ ကရင်ပြည်ကိုငြိမ်းချမ်းစွာနှင့်ဘဲ ပြန်လည်ရယူနိုင်မည်၊ ပြန်လည်ရယူမည်ဟုယုံကြည် နေခဲ့ဆဲဖြစ်ပါသည်။ ဒါကြောင့်မအူပင် က အစိုးရဘဏ်ကို ကရင်တွေကစစ်ပွဲကာလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို လည်းသူ ကရှုံ့ ချပြီး သူ့ ဘို့ ဘွားပိုင် လယ်ယာမြေတွေရောင်းချကာ အဲဒီဘဏ်ကငွေတွေကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ ဥက္ကဌ ကြီး စောဘဦးကြီးဟာ နိုင်ငံသားအချင်းချင်းသတ်ဖြတ်မှုနှင့်စစ်ကို ဘယ်လောက်အထိမလိုလားခဲ့သလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးကို ကရင်တွေက သိမ်းပိုက်ခဲ့ပြီး ၇ မိုင် လောက်အင်းစိန် ဧရိယာလေးသာကျန်တော့တာတောင် ဗမာအစိုးရက အပစ်အခတ်ရပ်စဲရေးအစည်းအဝေးခေါ်တာကို လိပ်ပြာသန့်သန့်နှင့် ဗမာတွေကိုသံသယကင်းစွာနှင့်သွားတွေ့ ခဲ့ပါတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက အပစ်အခတ်ရပ်စဲရေးဆိုတာ ရန်သူ ကကိုယ့်ကိုဝိုင်းထားပြီး အင်အားတစ်အားကြီးမားသောကြောင့် ကိုယ်ကအင်အားနည်းပြီး လုံးဝရန်သူ ကိုခုခံဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေမှာမှ လုပ်ရတာမျိုးပါ။ဒါပေမည့်ဥက္ကဌ ကြီး ဟာ ကိုယ်က တစ်နိုင်ငံလုံးနီးပါးသိမ်းထားပြီးအင်အားသာနေခဲ့ပေမည့် ဗမာတွေရဲ့အပစ်ရပ်စဲရေး ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ပါတယ်။ သူ ကိုယ်တိုင်ကိုသွားခဲ့ပါတယ်။ဘာကြောင့်လည်း ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးလို့ ပါ၊ ဗမာကိုယုံခဲ့မိလို့ ပါ၊ စစ်ကိုမလိုလားလို့ ပါ။
ဒါပေမည့် ဗမာတွေဟာဥက္ကဌကြီးနှင့် ငြိမ်းချမ်းရေးဆိုပြီးစကားပြောနေ ပေမည့် ဥက္ကဌကြီးကို ကာဗာယူ က တစ်ဘက်မှာတော့ စစ်အကူအညီတွေ လိုက်တောင်း လက်နက်အင်အားလူးအင်အားစု ဆောင်းပြီး ကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့  ကြံစည်နေခဲ့ပါတယ်။ ဒါတွေကိုကရင်တွေကမြင်ပေမည့် ကိုယ့်ခေါင်းဆောင်က သူတို့ ဆီရောက်နေတော့ဘာမှ လုပ်လို့ မရခဲ့ပါဘူး။

ဥက္ကဌကြီးဗမာတွေဆီကပြန်လာတော့ ဗမာတွေကကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့  အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ မန်းဘဇန် ဟာ ဥက္ကဌကြီး လက်မှတ်ထို့း လာခဲ့သော အပစ်အခတ်ရပ်ဆဲရေးစာချုပ်ပ်ကို ကြည့်လိုက်တဲ့အခါမှာအပစ်ရပ်စဲရေးစာချုပ် ဆိုသောစာမှာ ဗမာတွေက လိမ်ကောက်ပြီး ရေးထားတဲ့ ကရင်တွေကလက်နက်ချရမည့်စာချုပ်ကြီးဖြစ်နေတာတွေ့ ရပါတယ်။ မန်းဘဇန်ဟာဥက္ကဌကြီးကိုရှင်းပြအပြီး ပြန်လည်သုံးသပ်ပြီးနောက် ဥက္ကဌကြီး က ဟာ ဟုတ်သားဘဲ ဒါပေမည့် ငါကလက်မှတ်ထိုးခဲ့ပြီဆိုတော့ ငါဖြတ်လို့ မရဘူး မင်းက (KNDO) ခေါင်းဆောင် အခုပြသာနာက ကေအန်ဒီအို နဲ့ ထိပ်တိုက်ဖြစ်နေတာဆိုတော့ မင်းဘဲသွားဖြတ်လိုက်ဆိုပြီး မန်းဘဇံ ကိုတာဝန် ပေးခဲ့ပါတယ်။ ဒါနဲ့မန်းဘဇံဟာ ဗမာတွေက မင်းတို့ ငါတို့ ဥက္ကဌကြီးကို လိမ်ညာပြီးလက်မှတ်ထို့ ခိုင်းတာငါတို့ လက်မခံဘူးဖြစ်တယ်ဆိုပြီးဖြတ်သိမ်းခဲ့ပါတယ်။

ဒါပေမည့်ဥက္ကဌကြီး သူတို့ ဆီမှာရှိတုံ့း ကာလ အင်အားစုထားပြင်ဆင်ထားလို့ အင်အားတောင့် ပြီးအဆင်သင့်ဖြစ်နေတဲ့ဗမာတွေဟာ ဗမာတွေကိုယုံပြီး ပေါ့ လျော့စွာနေခဲ့သော ကရင်တွေကို တစ်ဆင့်ပြီးတစ်ဆင့်တိုက်ထုတ်ခဲ့ပါတယ်။ အဲဒီမှာ ဗမာတွေဆီက တို့ ရသင့်တဲ့အခွင့်အရေးနှင့်တို့တိုင်းပြည်ကို ငြိမ်းချမ်းစွာ တောင်းယူလို့ ငြိမ်းချမ်းသည့်နည်းနှင့်ယူလို့ မရတော့ဘူးလို့သဘောပေါက် နားလည်သွားတဲ့ ဥက္ကဌ ကြီး စောဘဦးကြီးဟာ သူ့ ရဲ့စကားကြီးလေးချက်ကိုချထားပေး
ခဲ့ပါတယ်..

1.FOR US SURRENDER IS OUT OF THE QUESTION
2.WE SHALL RETAIN OUR ARMS
3.THE RECOGNITION OF THE KAREN STATE MUST BE COMPLETED
4.WE SHALL DECIDED OUR OWN POLITICAL DESTINY

ထို့ နောက် ဗမာတွေကိုပြန်လည်တိုက်ခိုက်ဘို့ အတွက်ပြင်ဆင်ရန် အထွက် ထိုကော့ကိုးမှာ ကရင် သစ္စာဖောက် တွေရဲ့အကူအညီနဲ့ ဗမာတွေဟာ ဥက္ကဌ ကြီး နှင့်အဖွဲ့ ကိုပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရာအပြင်းအထန်ရပြီးလမ်းမလျှောက်နိုင်တဲ့ဥက္ကဌကြီး ကိုဗမာတွေက ဖမ်းဆီးထုရိုက်ပြီး ဒရွတ်တိုက်လွဲခေါ်ခဲ့ပါတယ်။ ဥက္ကဌကြီးဟာရင်ပူပြီးရေဆာနေခဲ့ပေမဲ့ ဗမာပေးတဲ့ရေကို လုံးဝမသောက်ဘဲငြင်းဆန်ရင်းအသက်ထွက်ခဲ့ပါတယ်။ ထို့ နောက် သူတို့ ဟာဥက္ကဌကြီးကို မြို့ သယ်သွားပြီး ကော့ကရိတ်ဂါတ်အရှေ့ မှာထား ထားရာတွင် ဗမာတွေ က လာရောက်ကြည့် ရှု ကာ တံတွေးနှင့်ထွေး ခြေထောက်နှင့်ကန်ခဲ့ကြပါသည်။ ပြီးနောက် ဥက္ကဌကြီးရဲ့ အလောင်းကို ကျိုက်ခမီသို့ သယ်ဆောင်သွားပြီး မင်းတို့ လိုချင်တဲ့ ကရင်ပြည်မပြောနဲ့ မင်းကိုမြုပ်ဖို့ မြေတစ်ကွက်တောင်မပေးနိုင်ဘူးဆိုပြီး အလောင်းကို မြစ်ထဲပစ်ချခဲ့ပါတယ်။ ထိုစဉ်ကဥကဠကြီးရဲ့အလောင်းကိုဗမာ့ခေတ်သတင်းစာမှာ အကျယ်တစ်ဝင့်ဖော်ပြခဲ့ပါတယ်။

ဥက္ကဌကြီးဘဦးကြီးဆုံးသွားပြီး နောက်ပိုင်းမှာလည်း ကရင်ခေါင်းဆောင်တွေဟာ ဗမာအစိုးရအဆက်ဆက်နှက့် အပစ်အခတ်ရပ်စဲရေးနှင့်ြုငိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဗမာအစိုးရ အဆက်ဆက်က မရိုးးသားဘဲ အရင်လူတွေနည်းတူ ကရင်တွေကိုလိမ်လည်လှည့်စားခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ ဒီ နေရာမှာစဉ်းစားစရာက အခုတစ်ကြိမ် ကေအန်ယူနှင့် ဗမာအစိုးရ ပြုလုပ်တဲ့ အပစ်ရပ်နှင့်ြုငိမ်းချမ်းရေးဟာတစ်ကယ်ဖြစ်မှာလား ဖြစ်ခဲ့ရင်တောင် တစ်ကယ်စစ်မှန်တဲု့ငြိမ်းချမ်းရေးလားဆိုတာပါ၊ ဗမာတွေကကရင်တွေအပေါ်တစ်ကယ် အရင်လို မလိမ်ညာဘဲ ကရင်တွေအပေါ့် မှာရိုးသားမှာလား၊ စစ်မှန်သော.အပစ်အခတ်ရပ်စဲရေးဆိုရာတွင်ပထမ တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှုတည်ဆောက်ရပါမည်။

ယုံကြည်မှု
တည်ဆောက်မှုတည်ဆောက်မှုဆိုရာတွင်လည်း ကရင်ဒေသထဲတွင်တပ်စွဲထားသော ဗမာအစိုးရ၏စစ်တပ်များကို ပြန်လည်နေရာချထားရေး( ရုပ်သိမ်းရေး) ကစရမှာဖြစ်ပါသည်။ သို့ မှမဟုတ် ပါးစပ်က အပစ်ရပ်ရေး..ငြိမ်းချမ်းရေးကို ပြောနေပေမည့် အစားအသောက်၊ စစ်လက်နက်ရိပ်ခါတွေ ကိုလိုတာထက်ပိုပို့ ၊ စခန်းတွေတိုးချဲ့ ၊ အခိုင်အမာတည်ဆောက် စစ်အတွက်အသုံးပြုမည့် လမ်းကြောင်းတွေကို ဆောက် ပြီး အဆင့်ကျော်ကာ စီးပွားရေးကုမ်ပဏီတွေ company၊ စစ်ထောက်လှန်းရေးတွေ ..လောင်းကစားတွေကို ကရင်ပြည်နယ်ထဲသယ်ဆောင်လာမည်ဆိုရင်တော့ လုံးဝယုံကြည်လို့ မရသော မရိုးသားသည့်အပြုအမူတွေပါ။
ဦးအောင်မင်း နှင့် ဦးသိန်းစိန် ကိုယ်တိုင်က သတင်းထောက်တွေကို တ့ရားဝင်ဖြေကြားခဲ့ပါတယ်။ ( တိုင်းရင်းသားတွေဟာ စားရမဲ့သောက်ရမဲ့ အလုပ်မရှိ အကိုက်မရှိလို့ လက်နက်ကိုင်တာပါတဲ့။ စက်ရုံတွေ company တွေဆောက်ပြီးအလုပ်ပေးလိုက်ရင် သူ့ အလို လိုလက်နက်စွန့် သွားမှာပါတဲ့၊ ကရင်က အင်အားအကြီးဆုံးဆိုတော့ ကရင်လက်နက်စွန့် ရင် ကျန်တဲ့အဖွဲ့တွေ အလို လို လက်နက်စွန့် သွားမှာပါတဲ့၊ လုံးဝ ကို စိတ်မကောင်းစရာကောင်းတဲ့ တရားဝင်ကြီး ပျော့ ပျာ့လေးနဲ့ အသည်းထဲထိဝင်အောင် စော်ကားလိုက်တာပါဘဲ။

ထားပါတော့လေ..ကျနော် ပြောချင်တာက သမိုင်းနှင့် ဒဏ်ရာဟောင်းကို လုံးဝမမေ့ပါနှင့် အရင်လိုသမိုင်းဆိုးတွေနှင့်ဒဏ်ရာအသစ်တစ်ခုဆက်ပြီးမရစေ
ချင်သော ဆန္ဒ ရယ်ပါ။ တစ်ကယ်ဖြစ်လာရင် အခက်အခဲ နှင့် ရင်ဆိုင်ပြီးဒုက်ခရောက်ရသူ နပန်းလုံးရသူဟာ မျိုးချစ်စိတ်ဓာတ်ရှိပြီး တစ်ကယ်တော်လှန်ရေးလုပ်တဲ့ရဲဘော်များနှင့် ကရင်ပြည်သူလူထုရယ်ပါ...

ကရင်တော်လှန်ရေးရဲဘော်များအားလုံးကိုလေးစားလျှက်

ကညောကော်
08/01/2013
xxxxxxxxxxxxx
အီးမေးမှလက်ခံရရှိသည့်မူရင်းအတိုင်းတင်ပေးလိုက်ပါသည်။
SAW BA U GYI die
သမိုင်းဆိုတာ မမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း

ဆောင်းပါး - ကညောကော်

ဒီ ဆောင်းပါး ကို ဒီနေ့ ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့် လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို့ သောသူများက အမြင်ကျဉ်းသူ၊ လူမျိုးရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့ သို့ သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့ လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာဝယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..တ မြေ့ မြေ့ နှင့် မကြေနပ်အညိုးအတေးထားကာ ကလဲ့စားခြေလို သောသဘောထား ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့ လာသုံးသပ် ကာ နောင်တစ်ခါဒီ လို သမိုင်းမျိုးနှင့် ဒဏ်ရာအသစ်တစ်ခုကိုထပ်ထပ်မံမရစေလိုသောကြောင့်ဖြစ်ပါသည်။

ကရင်လူမျိုးများသည် ဟိုးယခင် မဟာဗမာ လူမျိုးရေး ၀ါဒီ ဗမာမင်းများအဆက်ဆက်ကနေ ယခုအချိန်ထိ ထိုဗမာ လူမျိုးရေးဝါဒီများ၏ နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခဲ့မှုများကို ခံခဲ့ ရ ခံနေရဆဲဖြစ်ပါသည်။ (မဟာဗမာလူမျိုးရေးဝါဒီဆိုရာဝယ်..ဗမာတစ်မျိုးသားလုံးကိုမဆိုလိုပါ။အချို့ အချို့ သောငါတို့ သာလူ၊ ငါတို့ သာမင်း၊ ငါတို့ သာသခင်၊ စသည်ကဲ့သို့ သော လူ့ အသိုင်းအ၀ိုင်းနှင့် ဘယ်သမာသမတ်ကျသည့် လူ့ အဖွဲ့ အစည်းမှလက်မခံနိုင်သည့် ၀ါဒီများကိုသက်ဝင်ယုံကြည် ခါးဝတ်ပုဆိုး သဖွယ်ကိုင်စွဲထားပြီး အခြားသောတစ်နိုင်ငံတည်းနေမည်သည့်တိုင်းရင်းသားကိုမှ လူမထင် အနိုင်ကျင့်ဗိုလ်ကျနေသော
သူများအချို့ ကိုသာဆိုလိုပါလိုပါသည်။ ထိုသူများနှင့် ထိုသို့ အတွေးအခေါ်ရှိနေသူများကို ယနေ့ အချိန်အခါထိ ရှိနေကြောင်း သိရသောအခါ ကျနော်သည်သည် ဆောင်းပါးကလေးကို ရေးဖြစ်လာခဲ့ ရပါသည်။

Thursday, January 10, 2013

အဆုတ်ထဲ ထိုးဖောက်ဝင်ရောက်မယ့် ကိုယ့်အနီးနားက အဆိပ်ဝတ်မှုန်

တို့ဗမာ Dobama's photo.
အဆုတ်ထဲ ထိုးဖောက်ဝင်ရောက်မယ့် ကိုယ့်အနီးနားက အဆိပ်ဝတ်မှုန်

The Voice Weekly Vol. 8/No. 48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂ OPINION အပိုင်းမှာ ပါတဲ့ ဦးအုန်းမြင့် (မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း) ရဲ့ ပေးစာကို ဖတ်လိုက်ရလို့ ဒီဆောင်းပါးကို ထရေး မိတယ်။ လွန်ခဲ့တဲ့ လများက ချယ်ရီ
ကားတွေရဲ့ အင်ဂျင်နှင့် အိတ်ဇော အပိုင်းတွေမှာ အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ Asbestos ပါဝင်နေတယ် ဆို တဲ့ သတင်းတွေကြောင့် ချယ်ရီကား ဝယ်ထားသူတွေ၊ ငှားစီးသူတွေ စိုးရိမ်မှုတွေ ဝေခဲ့ရတယ်။

တကယ် တွေ့ရှိတာက ကျွန်တော်တို့ နိုင်ငံမှာ မဟုတ်ဘူး။ နည်းပညာတွေ တိုးတက်တဲ့ သြစတြေးလျမှာ။ သြစတြေးလျ ပိုင်နယ်မြေ အတွင်း Asbestos ပါဝင်တဲ့ ပစ္စည်းများ ရောင်းချဖြန့်ဝေ၊ အသုံးပြု တာကို သူ့နိုင်ငံတွင်း ဥပဒေအရ တားမြစ် ပိတ်ပင်ထားတယ်။ (ဂျပန်၊ အီးယူနိုင်ငံတွေ အားလုံးနဲ့ ဖွံ့ဖြိုးပြီး ၅၅ နိုင်ငံတို့ကလည်း Asbestos ပါဝင်တဲ့ အဆောက်အအုံတွေ၊ ကားအစိတ်အပိုင်းတွေ မထုတ်လုပ်ဖို့ တားမြစ်ထားပါတယ်။) အဲဒါနှင့် ပတ်သက်ရင် သြစတြေးလျဥပဒေ အရ တစ်စီး ဒဏ်ငွေ ၁၁၀ç၀၀၀ ဒေါ်လာဖြစ်လို့ မီလီယံနှင့်ချီပြီး ဒဏ်ငွေ တပ်ခံရမှာဖြစ်တယ်။

တချို့ကားတွေမှာ Asbestos ပါတဲ့ Gasket တစ်ခုစ နှစ်ခုစသာ ပါပေမယ့် တချို့ကားကျတော့ ရှစ်ခုထိ တွေ့ ရတယ်ဆိုတယ်။ မျိုးမတူတဲ့ Asbestos ပါ ဂတ်စကက်ပေါင်း ၃၀ တွေ့တယ် ဆိုတယ်။

ဒါ့အပြင် နောက်ထပ် ငါးနိုင်ငံ (ချီလီ၊ ဥရုဂွေး၊ အာဂျင်တီးနား၊ ဘရာဇီးနှင့် စင်ကာပူ) မှာလည်း ဂရိတ်ဝေါ မော်တော် ကုမ္ပဏီနှင့် ချယ်ရီအော်တို မိုဘိုင်းကုမ္ပဏီထုတ် ကားအင်ဂျင်နှင့် အိတ်ဇောအစိတ် အပိုင်းတွေမှာ Asbestos တွေ သုံးထားတာ တွေ့ရှိတယ်လို့ ဆိုပါ တယ်။ တွေ့ရှိတဲ့ ကားတွေက Great Wall's SA 220, V240 , X240, V200 and X 200 Models; Chery J11 and J3. လို့ ACCC'S Website မှာဆိုတယ်။

အဲဒီသတင်းကို ကျွန်တော်တို့ နိုင်ငံက ဂျာနယ်တွေက ဖွတော့ လွှတ်တော်အထိ ရောက်ရော။ ဒါနဲ့ပဲ စက်မှု ဝန်ကြီး
ဌာနက Take response action အနေနှင့် ကျွမ်းကျင်အင်ဂျင်နီယာ ဦးအုန်းမြင့်၊ ဦးခင်မောင်ချို၊ ဦးသီရိဦးနှင့် မီဒီယာ
အုပ်စုမှ သတင်းထောက်များ ဖြစ်တဲ့ ဦးအောင်မျိုးလှ (ရန်ကုန် မီဒီယာ)၊ ဦးဝင်းလွင်ခိုင် (The Voice Weekly) တို့ ငါးဦးပါ အဖွဲ့ဖွဲ့ပြီး QQ3 နှင့် ချယ်ရီကား ထုတ်တဲ့ တရုတ်ပြည်ထိ သွားရောက် လေ့လာ စစ်ဆေး စေခဲ့တယ်လို့ ဦးအုန်းမြင့် ရဲ့ပေးစာ Letter to Editor အရ သိရတယ်။ လက်ရှိ အစိုးရဟာ မီဒီယာတွေ အပေါ် ဘယ်လောက် အလေးပေး တန်ဖိုးထားလဲ ဆိုတာ ထင်ရှားပါတယ်။ လှုပ်ရှား လုံ့လပြုကြသူ အားလုံးကို ဂါရဝပြုပါတယ်။

ဒါပေမဲ့ ကျွန်တော်တော့ ဘဝင်မကျဘူးဗျ။ မြန်မာပြည်ကိုတင်ပို့တဲ့ ကားတွေမှာ Asbestos ပါသလားလို့ ကားထုတ်
လုပ်တဲ့ ကုမ္ပဏီကို လှမ်းမေးရင် မပါဘူးပဲဖြေမှာ သေချာတယ်။ သံသယရှင်းအောင်သွားရောက် စစ်ဆေးချင်လား။
လာခဲ့လေ။ Asbestos မသုံးကြောင်း Certificate ထုတ်ပြမယ်။ Asbestos ပါတဲ့ အစိတ်အပိုင်းတွေ မှန်သမျှ တွက်
ထားမှာပေါ့။

ရိုးရိုးလေး တွေးကြည့်လို့ ရတယ်။ ဒါကြောင့် ဦးအုန်းမြင့်ရဲ့ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သော Chery QQ 3, M Mini ကားများတွင် Asbestos လုံးဝ မပါ ရှိကြောင်း တင်ပြချက်ကို မအံ့သြ တော့ပါဘူး။

အံ့သြတာက Chery Automobile Co., Ltd. သည် စနစ်တကျ နိုင်ငံတကာ စံချိန်မီ ထုတ်လုပ်လျက် ရှိသော နိုင်ငံ
ပိုင် စက်ရုံ ဖြစ်ခြင်းကြောင့် ဆိုတဲ့ တင်ပြသူရဲ့ အရေးအသားပါ။ စနစ်တကျ နိုင်ငံတကာ စံချိန်မီ ဆိုရင် ကားထဲမှာ Asbestos ပါဝင်မှုကို တားမြစ်ထားတဲ့ နိုင်ငံတွေဆီ တင်ပို့တာကို ဘယ်လိုပြောမလဲ။ နိုင်ငံခြောက်ခုမှာ တင်ပို့ခဲ့တဲ့ Cherry ကားတွေမှာတော့ Asbestos ပါဝင်ပြီး မြန်မာနိုင်ငံကိုပို့တဲ့ကားမှာ Asbestos မပါဘူးဆိုတာယုတ္တိရှိရဲ့လား။

ဟိုစဉ်က တာဝန်ရှိ လူကြီးတွေ ငြင်းဆို ခဲ့ကြတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ထမင်းငတ်သူ မရှိဘူးတို့၊ အေအိုင်ဒီအက်စ်
ဝေဒနာသည် မရှိဘူးတို့၊ သူများနိုင်ငံ တွေမှာ ဆာ့ရောဂါဆန်း တွေ့ရှိနေချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီ ရောဂါ
ဆိုး မရှိဘူးတို့၊ သူများနိုင်ငံ တွေမှာ မုန်တိုင်းတွေတိုက်၊ ရေတွေ ကြီး စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်
နေတယ်၊ ကိုယ့်နိုင်ငံကတော့ အဲဒီဘေးတွေကလွတ်နေ သယောင်ယောင်။ နောက်ဆုံး ဖုံးမရ ဖိမရတော့မှအနည်း
ဆုံးပမာဏကို မလွှဲသာမရှောင်သာ ဖော်ပြတယ်။

အတိတ်မှာ အဲလိုချည်းပဲဆိုတော့ ပြည်သူတွေ ယုံပါ့မလား။

ပြည်သူတွေ ယုံလာအောင် ဘယ်လိုလုပ်ပြရမလဲ။ လက်ရှိ လမ်းပေါ်မှာ ပြေးနေတဲ့ QQ3 နှင့် ချယ်ရီ အချို့ကို 3rd Party ဖြစ်တဲ့ ကြားနေ အဖွဲ့အစည်းတစ်ခုခုက ဝင်ပြီးစစ်ရင်ကောင်းမလား။ အဲဒီကားတွေ အစီး ၄၀၀၀ သွင်းထားရင် ၁ ရာခိုင်နှုန်းပဲ စစ်ဦး။ ရန်ကုန်မြို့က QQ3 နှင့် ချယ်ရီအစီး ၄၀ ကို စစ်ပေးရမှာ။ Asbestos ပါဝင်နိုင်ခြေ ရှိတဲ့ ဘရိတ်တွေ၊ အိတ်ဇောတွေ၊ အင်ဂျင်အပိုင်းက ဂက်စကက်တွေဖြုတ်ပြီး ဓာတ်ခွဲ စစ်ဆေး ကြည့်ရမှာ။ စစ်ဆေး တွေ့ရှိချက်ကို အစိုးရက တရားဝင် ကြေညာရမှာ။
ဒီနေရာမှာ တစ်ခုတော့ပြောစရာရှိတယ်။ ကျွန်တော်တို့ နိုင်ငံက Asbestos ပါဝင်တဲ့ လူသုံးကုန် ပစ္စည်းတွေ မတင်သွင်းရလို့ ဥပဒေနဲ့ တားမြစ် ပိတ်ပင်ထားသလား။ မရှိရင်တော့ ပြောဖို့ ခက်ပါလိမ့်မယ်။

Asbestos အကြောင်း ကျွန်တော် ဖတ်ထားသလောက် ဆွေးနွေး ကြည့်ရအောင်။ Asbestos ကို ဗမာလို သိကြတာက ကျောက်ဂွမ်း။ အမျှင် ပါတဲ့ စီလီကိတ်ကျောက်ပဲ။ အတိအကျ ဆိုရင်တော့ Chrysotile, Mg 3Si205 (OH) 4, Magnesium Silicate Mineral Serpentine ပဲဗျ။ Amphibole အုပ်စုဝင် အခြားမျိုးကွဲ ငါးခုရှိသေးတယ်။ Anthophyllite , Amosite (Grunerite), Crocidolite (Riebeckite), Tremolite, and Actinolite တဲ့။ ကနေဒါနိုင်ငံ ကွိဘက်နှင့် ရုရှားက အများဆုံးထွက်တယ်။ ဘီစီ ၄၀၀၀ ခေတ်ကတည်းက သုံးခဲ့ကြတယ်။ ရောမ အင်ပါယာ တန်ခိုးထွားစဉ် ဟိုရှေးရှေး ကတည်းက အဆောက်အအုံ တွေ၊ အဝတ်အထည်တွေ၊ မီးပူဒဏ်ခံ ပစ္စည်း အနေနှင့် သုံးခဲ့ကြပေမယ့် ၁၉ ရာစု အထိတော့ စီးပွားဖြစ် မသုံးသေးဘူး။

စက်မှုတော်လှန်ရေးခေတ် ရောက်လာတော့ အဆောက်အအုံ အကြီးကြီးတွေ၊ စက်ရုံတွေ၊ သင်္ဘောတွေ၊ မီးရထားတွေမှာသုံး လာတယ်။ နောက်ပိုင်းမှာ ရေနံချက်ရုံ တွေမှာပါ သုံးလာတယ်။ ၂၀ ရာစုရောက်တော့ ပိုပြီး အသုံးတွင်ကျယ် လာတယ်။ ကားရဲ့ အင်ဂျင် ဂက်စကက်တွေ၊ ကလပ်တွေ၊ ဘရိတ်ရှူးတွေ၊ အိတ်ဇောတွေမှာ သုံးတယ်၊ ပျော့ပျောင်းတယ်၊ ကျစ်လျစ် မာကျောတယ်၊ ကြားခံ သတ္တိ ကောင်းတယ်၊ အပူခံတယ်၊ အသံကို စုပ်ယူအားကောင်းလို့ မိုးပျံ အဆောက်အအုံ တွေမှာ Asbestos တွေ ပါဝင်မှုများ လာတယ်။ သူ့ရဲ့ ဖိုင်ဘာအမျှင်ဟာ လူဆံတစ်ပင်ရဲ့ အပုံ ၁၂၀၀ ပုံ တစ်ပုံထိ ဆွဲဆန့် ရက်လုပ်လို့ရတယ်။ ဒါကြောင့် ကော်၊ ဘိလပ်မြေ၊ ပလတ်စတာ၊ ပုံသွင်း ကျောက်ပြား၊ ဂဟေဆော်တဲ့ သံချောင်း၊ အလွယ်တကူ ကွေးကောက် လိပ်သိမ်းလို့ ရတဲ့ ဘုတ်ပြား၊ ဗီနိုင်းစက္ကူ၊ ရေနွေးငွေ့ပိုက်လိုင်းတို့၊ ဆီပူပိုက်လိုင်း တို့မှာ ပတ်ထားတဲ့ အပူခံအဝတ်၊ အဆောက်အအုံတွေ၊ အခင်းပြား၊ မျက်နှာကြက် အပူခံပြားတွေ၊ လျှပ်စစ်ပစ္စည်းတွေမှာ လျှပ်ကာ၊ မီးဖိုတွေ မီးပူတွေရဲ့ မီးခံပြားတွေမှာ အများဆုံး သုံးတယ်။ ဒါ ကျွန်တော် လက်လှမ်း မီသလောက်နှင့် သတိရသလောက်ပါ။ Asbestos ပါဝင်တဲ့ လူသုံးပစ္စည်းတွေ ဘယ်လောက်များလည်း သိချင်ရင် Internet မှာ Asbestos Products လို့ ရိုက်ထည့်ကြည့်ပါ။ ဗြဲဆိုပြီး တစ်ထမ်းကြီး ကျလာ ပါလိမ့်မယ်။

၁၉၇၀ ရောက်တော့ ကျောက်ဂွမ်းမျှင်တွေက လူတွေကို အသက်ရှူ လမ်းကြောင်းနှင့် အဆုတ်ရောဂါ ရလာတာ တွေ့ရှိလာ တယ်။ အဲဒါတွေက ဒုတိယ ကမ္ဘာစစ်တုန်းက ကျောက်ဂွမ်းပါတဲ့ စက်ရုံတွေမှာ အလုပ်ဝင်သူတွေမှာ အတွေ့များတယ်။ ရောဂါနာမည် ပေးလိုက်တာက Asbestos တဲ့။ Mesothelioma Disease ပါပဲ။ ကျောက်ဂွမ်းပါတဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေမှာ အလုပ်ဝင် သူတွေဟာ အလွန်သေးငယ်တဲ့ ကျောက်ဂွမ်း အမျှင် လေးတွေကို နေ့စဉ် ရှူရိုက်နေရတော့ အဆုတ်မှာ သွားရောက်ကပ်ငြိပြီး နှစ်ကြာလာတော့ အဆုတ် ကင်ဆာဖြစ်တာပါ။

ကမ္ဘာတစ်လွှားရှိ လူသားတွေဟာ ကျောက်ဂွမ်း ကုန်ကြမ်းတွေ နှင့် ရင်းနှီး ထိတွေ့ခဲ့ကြ ပြီးပါပြီ။ Asbestos စက်ရုံတွေမှာ အလုပ်လုပ် ခဲ့ကြတဲ့ သူတွေ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်း ရောဂါတွေလည်း ရရှိ ခံစားခဲ့ရ ပြီးပါပြီ။
ဒါကြောင့် လူတွေအတွက် ဆိုးကျိုးဖြစ်စေတဲ့ ကျောက်ဂွမ်း ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းမှုကို နိုင်ငံအချို့က နည်းဥပဒေနှင့် ပြဋ္ဌာန်း ပိတ်ပင်နေပါပြီ။ အသစ်ထုတ်လုပ်ထားတဲ့ လူသုံးပစ္စည်းများ မှာ Asbestos မပါဝင်ရဘူး။ မဖြစ်မနေ ထည့်ရလျှင်လည်း ၁ ရာခိုင်နှုန်း ထက် မကျော်ရလို့ ဥပဒေအရ သတ်မှတ် ပြဋ္ဌာန်းလာတယ်။

၁၉၈၄ မှာ နယူးဇီလန်က အညိုနှင့် အပြာရောင်ကျောက်ဂွမ်း (Raw Amphibole) တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၀၂ မှာ အဖြူရောင်ကျောက်ဂွမ်း (Chrysotile) တင်သွင်းမှုကို ပိတ်လိုက် တယ်။ ၁၉၈၅ မှာ ယူကေက အညိုနှင့် အပြာရောင် ကျောက်ဂွမ်း တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၁၂ မှာ စက်ရုံနှင့် ရုံးဝန်ထမ်း တွေကို Asbestos နှင့် ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေ နှစ်စဉ် သင်တန်းပေးရမယ်လို့ ပြဋ္ဌာန်းတယ်။

၁၉၈၉ မှာ အမေရိကန်က EPA 947, Cir.1991 နဲ့ ကျောက်ဂွမ်း ပါတဲ့ ပစ္စည်း ထုတ်လုပ်မှုကို တားမြစ် ပိတ်ပင် လိုက်တယ်။ ၁၉၉၁ မှာ သြစတြေးလျက Asbestos ပါတဲ့ Materials တွေ တင်သွင်းမှုကို ပိတ်လိုက်တယ်။ ၂၀၀၄ မှာ ကားရဲ့အစိတ်အပိုင်းတွေမှာ Asbestos ပါတဲ့ Materials တွေ တင်သွင်းမှု ကို ပိတ်လိုက်တယ်။

ဂျပန်က ၂၀၀၄၊ ကိုရီးယားက ၂၀၀၉ နဲ့ တူရကီက ၂၀၁၁ မှာ အသီးသီး Asbestos ပါတဲ့ Materials တွေ တင်သွင်းမှုကို ပိတ်လိုက်တယ်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ IMO ကလည်း နောက်ပိုင်း ဆောက်တဲ့ သင်္ဘောအသစ် တွေရဲ့ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ ကိုယ်ထည် ပိုင်းတွေမှာ Asbestos တွေ မတပ်ဆင်ရ၊ မသုံးရတော့ဘူးလို့ SOLAS, 2009 Edition မှာ နည်းဥပဒေနှင့် ပြဋ္ဌာန်း တားမြစ်ထားတယ်။

၂၀၀၉ ဧပြီတုန်းက ကျွန်တော် ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်း သင်္ဘောသင်္ချိုင်းကို ရောက်ခဲ့တယ်။ အလုပ်လုပ်နေတဲ့ ဘင်္ဂါလီတွေ ဟာ ကြောက်စရာ အလွန်ကောင်းတဲ့ ရောဂါဆိုး ဆီတိုး ဝင်နေတယ်ဆို တာ သိကြဟန်တောင် မတူပါဘူး။ Steam Line ရေနွေးငွေ့ပိုက်မှာ အပူအကာ အဖြစ် ပတ်ထားတဲ့ ကျောက်ဂွမ်း တွေကို တဗျင်းဗျင်းဆွဲ ခွာနေတယ်။ ပင်လယ်လေက ကျောက်ဂွမ်းအမျှင် အမှုန့်တွေ လေထဲ ဆွဲဝှေ့ပြီပေါ့။ အန္တရာယ် ကာကွယ်တဲ့ ဝတ်စုံမဝတ်၊ ဦးထုပ်ဗလာ၊ လက်အိတ်တောင် မပါဘူး။ ခန္ဓာကိုယ်ကို ကျောက်ဂွမ်းမှုန့် ထိရင် အင်မတန်ယားပါတယ်။ ထိဖူးသူတိုင်း သိမှာပါ။

ဒီနေရာမှာ သတိထားစရာ တစ်ခု တွေ့မိ၊ တွေးမိတယ်ဗျ။ ချမ်းသာတဲ့ တိုင်းပြည်တွေ အကျိုးစီးပွား အတွက် ဆင်းရဲတဲ့ တိုင်းပြည် တွေက လိမ့်နေအောင် ခံကြရတာ။

၂၀၀၂ တုန်းက အဖြစ်အပျက် တစ်ခုကိုကြည့်။ 'Sea Beirut' ဆိုတဲ့ သင်္ဘောကို ပြင်သစ်ကနေ တူရကီ သင်္ချိုင်းဆီ သယ်လာတယ်။ ဂရင်းပိစ် အဖွဲ့က အဲဒီသင်္ဘောနောက်က တကောက်ကောက် လိုက် သွားတယ်။ ဒီသင်္ဘောပေါ်မှာ လူ၊ တိရစ္ဆာန်နှင့် သဘာဝ ပတ်ဝန်း ကျင်ကို ဒုက္ခပေးမယ့် အန္တရာယ်ရှိ အဆိပ်သင့် အမှိုက်တွေ ပါလာတယ်။ အဲဒီသင်္ဘောကို သူတို့ပြင်သစ်မှာပဲ သံရည်ကျို ဖျက်သိမ်းမယ် ဆိုရင် အရင်ဆုံး အဆိပ်သင့်စေတဲ့ Materials တွေ ရှင်းထုတ်ရမှာ။ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေမှာ အဲဒီအတွက် Requirements တွေ၊ Rule and Regulations တွေ က အလွန် တင်းကျပ်သလို လုပ်အားခတွေ ကလည်း သိပ်များတယ်။ ဒါကြောင့် အဲသလို မတင်းကျပ်တဲ့၊ လုပ်အားခလည်း သက်သာတဲ့ တူရကီကို လာတာပေါ့။ တပ်ကီ Shipyard မှာ အနောက် ဥရောပ နိုင်ငံတွေကလာပြီး Scrapped လုပ်တဲ့ သင်္ဘောက ၅၀ ရာခိုင်နှုန်း ရှိတယ်။ အဲဒီလိုပဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့ရဲ့ Shipyards တွေမှာလည်း ကမ္ဘာအရပ် ရပ်က သင်္ဘောတွေ လာဖျက်ကြတယ်။ ဒီနိုင်ငံတွေမှာ လူ၊ တိရစ္ဆာန် နှင့် သဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခပေးမယ့် အန္တရာယ်ရှိ အဆိပ်သင့် အမှိုက်တွေ စွန့်ပစ်တာကို ထိထိရောက်ရောက် မတားမြစ်ကြဘူးလေ။

တူရကီ ရေပိုင်နက် ရောက်တော့ ဂရင်းပိစ် သင်္ဘောက တပ်ကစ် အာဏာပိုင်ကို 'Sea Beirut' သင်္ဘောမှာ အဆိပ်သင့် အမှိုက်တွေပါ လာတယ်လို့ သတင်းပို့တယ်။ တပ်ကီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့က သင်္ဘောကို ဝင်ရောက် စစ်ဆေးတယ်။ မသင်္ကာတဲ့ အစိတ် အပိုင်းတွေ နမူနာယူကြည့်တော့ Asbestos တွေ တွေ့လို့ လာရာလမ်း ပြင်သစ်ကို ပြန်ပို့လိုက်တယ်။ ဒါကို အကြောင်းပြုပြီး ၂၀၀၂ ခုနှစ် မေလ ၂၁ ရက်နေ့ ဂျနီဗာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ စည်းဝေးပွဲ ကျင်းပဖြစ်တယ်။ Greenpeace က "သင်္ဘောပိုင်ရှင်ဟာ အဆိပ်သင့် အမှိုက်တွေ အားလုံးကို စာရင်းပြုစုပြီး သင်္ဘောဖျက်ဆီး (Scrapped) မယ့် Shipbreaking Yards မရောက်မီ ရှင်းလင်း ဖယ်ရှား ပစ်ရမယ်" လို့ တောင်းဆို ခဲ့တယ်။

အခြားတိုင်းပြည်က သင်္ဘော ဖြစ်ဖြစ်၊ ကိုယ့်ဆီက သင်္ဘော ဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံရဲ့ Shipyard ကို Scrapped လာလုပ်ရင် လည်း အဆိပ်သင့် အမှိုက်တွေ ဘယ်လို ရှင်းကြမလဲဆိုတာ ဥပဒေဆွဲ ထားမယ်ထင်ပါတယ်။

ဆင်းရဲတဲ့တိုင်းပြည်ကလူတွေ Right ဆိုတာ ဘာမှန်းမသိတဲ့ အချိန် အမေရိကန်တွေကတော့ လူ့အခွင့်အရေး အပြည့်အဝ ခံစားကြ ရတာဗျ။ ပြီးခဲ့တဲ့ ၂၀၁၂ မတ်လတုန်းက နိုင်သွားတဲ့ အမှုတွဲလေး ကြည့်ရအောင်။ ရေတပ်သား ရောဘတ်ဟတ်ဒစ် အဆုတ်ကင်ဆာနှင့် သေသွား တာကို သူ့ဇနီး မာဂရက်ဟတ်ဒစ်က ကျောက်ဂွမ်းပါတဲ့ ဂတ်စကက်တွေကြောင့် အဆိပ်မိတာဆိုပြီး အင်ဂျင်နှင့် စက်ပစ္စည်း တွေ ထုတ်လုပ်တဲ့ကုမ္ပဏီ (John Crane Inc., JCI) အပေါ် တရားစွဲ လျော်ကြေး တောင်းတယ်။

တရားရုံးက နှစ်ဖက် လျှောက်လဲချက်ကို ကြားနာ စစ်ဆေးပြီး ရေကြောင်း ဥပဒေဆိုင်ရာ ပင်လယ်ပြင်သေဆုံးမှု အက်နှင့် (under the general maritime law, Death on the High Seas Act, or DOHSA.
)ဆုံးဖြတ်လိုက်တယ်။ JCI ကုမ္ပဏီက တရားလို အပေါ် မသေမီ ရောဂါဝေဒနာ ခံစား နေခဲ့ရတဲ့ ရေတပ်သား အတွက် နှစ်မီလီယံ။ ကျန်ခဲ့တဲ့ ဇနီးက မုဆိုးမ ဖြစ်သွားလို့ လူမှုရေး ဆုံးရှုံးမှုအတွက် ၁ ဒသမ ၁၅ မီလီယံ ပေးလျော်လိုက်ရတယ်။

ဟာ့ဒစ်ဟာ အမေရိကန် ရေတပ်က သင်္ဘောသား၊ ၁၉၅၇ ကနေ ၁၉၇၆ အထိ ရေတပ်သင်္ဘော အမျိုးမျိုး၊ ပြည်တွင်းပြည်ပ ခရီးစဉ် အမျိုးမျိုး တာဝန်ထမ်း ခဲ့တယ်။Fitter ရာထူး (အင်ဂျင် အစိတ် အပိုင်းတွေ ဖြုတ်တယ်၊ တပ်ဆင်တယ်။ ဘားတွေ ဂတ်စကက်တွေ ပျက်ရင် လဲတယ်။ ပိုက်တွေဖြတ်တောက်၊ အပူခံ အင်ဆူလေတာတွေ ခွာထုတ်၊ ဝယ်ဒင်ဆော်၊ ပြန်ဆက်စတဲ့ အလုပ်) နှင့် Machinery Repair man
စက်ပြင် ရာထူးလုပ်ခဲ့တယ်။ သူ့ရဲ့အလုပ်က Asbestos
ပါဝင်တဲ့ Valve Seals, အင်ဂျင် ဂတ်စကက်၊ အပူပေး ရေနွေးငွေ့ ပိုက်ကို ပတ်ရံထားတဲ့ Asbestos Cloths တွေနဲ့ အမြဲထိတွေ့နေခဲ့ရ တယ်။ အဲဒီပစ္စည်းတွေ ထုတ်လုပ်ဖြန့်ချိတာက JCI ဖြစ်တယ်။

၂၀၀၇ ဖေဖော်ဝါရီကျတော့ သူ့မှာဆိုးရွားတဲ့ အဆုတ်ကင်ဆာ ရှိနေတာတွေ့ရတယ်။ ၂၀၀၉ မတ်လမှာဆုံးတယ်။ ရေတပ်မှာ နှစ် ၂၀ လောက် အမှုထမ်းစဉ်က ကျောက်ဂွမ်းမှုန်တွေ အဆုတ်မှာ တဖြည်းဖြည်း စုပုံ တွယ်ငြိခဲ့လို့ ဆိုတဲ့ အဖြေတွေ့တယ်။

JCI ကလည်း ဟာ့ဒစ်ဟာ နှစ် ၂၀ လောက် Navy စစ်သင်္ဘော တွေမှာ အလုပ်လုပ်စဉ် ထိတွေ့ ခဲ့ရတဲ့ Asbestos တွေဟာ သူတို့ပစ္စည်း ချည်းပဲ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုတယ်။ မာဂရက်ဟာ့ဒစ်က သူ ယောက်ျား အလုပ်လုပ်ခဲ့တဲ့ သင်္ဘောတွေမှာရှိတဲ့ Asbestos ပါဝင်တဲ့ ပစ္စည်းတွေဟာ JCI နှင့် Garlock ကထုတ်လုပ်တာပါလို့ သက်သေ နဲ့ အတိအကျ ပြောနိုင်ခဲ့တယ်။ နောက်ဆုံး အမှု နိုင်ခဲ့တယ်။

လက်ရှိ အချိန်မှာ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာပဲ Asbestos ပါဝင်တဲ့ပစ္စည်းအမျိုးပေါင်း ၃၀၀၀ ကျော်ကို အိမ် သန်း ၃၀ နှင့် အဆောက်အအုံကြီးတွေမှာ သုံးနေဆဲလို့ တရားဝင် ထုတ်ပြန် ထား တယ်။ Asbestos ပါဝင်တဲ့ ပစ္စည်းတွေ ဖယ်ထုတ်မယ် ဆိုရင် ကျွမ်းကျင်တဲ့ လိုင်စင်ရ ကန်ထရိုက်တာ တွေကိုသာ အသုံးပြု ငှားရမ်း ရမယ်လို့ နည်းဥပဒေနဲ့ ပြဋ္ဌာန်း ထားတယ်။ သူတို့တစ်တွေ ရှင်းလင်း ဖယ်ထုတ် အမှုန်တွေ စုပ်ပြီးရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က လေထု သန့်ရှင်းမှု အရည်အသွေးကို လာရောက် စစ်ဆေးတဲ့ စနစ်ရှိတယ်။
နိဂုံး ပိတ်ရရင်တော့ ကျွန်တော်တို့ဟာ အန္တရာယ်တွေကြားမှာ မသိနားမလည်စွာ ကြီးပြင်း နေထိုင်ခဲ့ကြတာ။ ကျွန်တော့်ဆောင်းပါး ဖတ်ပြီး သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့နိုင်တဲ့ အိမ်မျက်နှာကြက်တွေ၊ ဗီနိုင်းတွေ၊ အပူခံပြား အမျိုးမျိုးတွေ၊ ကားဟောင်းက ဘရိတ်တွေ၊ ဂတ်စကက်တွေ၊ အပူကာတွေ စတာတွေကို ကိုင်တွယ် မယ်၊ ဖယ်ထုတ် စွန့်ပစ်မယ် ဆိုရင် အကာအကွယ်ပစ္စည်း (PPE, Personal Safety Equipment) မဖြစ်မနေ သုံးကို သုံးရမှာ ဆိုတဲ့ အသိ ဝင်သွားရင် ရေးရကျိုးနပ်ပါပြီ။ နောက်အလျဉ်းသင့်ရင် Asbestos အန္တရာယ်တွေ အကြောင်းရေးပါဦးမယ်။

ဘီနို

9th December 2012

ကိုးကားသောဆောင်းပါးများ

1.QQ3. M.Mini မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံသို့ လေ့လာရေးတစ်ခေါက်? The Voice Weekly, Vol.8/No.48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂? OPINION
2. Asbestos From Wikipedia, the free encyclopedia
3. AMES F. EARLY, LLC, a law firm specializing in asbestos injury litigation. Copyright c 2012 by the Mesothelioma Cancer Alliance at Mesothelioma.com.
4. Recycling shipbreaking experts clean up polluted shipyards.
5. Va. SC reinstates $ 2 M pre-death suffering award in asbestos case Posted By John O'Brien
6. Australia's Customs (Prohibited Imports) Regulations 1956 REG-4C [that restricts the importation of asbestos]
7. SOLAS Consolidated edtion, 2009, IM
8. Turkish Enviroment Minister confirms presence of asbestos following Greenpeace action
9. ABC News Chinese cars recalled over asbestos concerns

The Voice Weekly မှကူးယူမျှဝေသည်။
အဆုတ်ထဲ ထိုးဖောက်ဝင်ရောက်မယ့် ကိုယ့်အနီးနားက အဆိပ်ဝတ်မှုန်

The Voice Weekly Vol. 8/No. 48 ဒီဇင်ဘာ ၃-၉၊ ၂၀၁၂ OPINION အပိုင်းမှာ ပါတဲ့ ဦးအုန်းမြင့် (မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း) ရဲ့ ပေးစာကို ဖတ်လိုက်ရလို့ ဒီဆောင်းပါးကို ထရေး မိတယ်။ လွန်ခဲ့တဲ့ လများက ချယ်ရီ
ကားတွေရဲ့ အင်ဂျင်နှင့် အိတ်ဇော အပိုင်းတွေမှာ အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ Asbestos ပါဝင်နေတယ် ဆို တဲ့ သတင်းတွေကြောင့် ချယ်ရီကား ဝယ်ထားသူတွေ၊ ငှားစီးသူတွေ စိုးရိမ်မှုတွေ ဝေခဲ့ရတယ်။

တကယ် တွေ့ရှိတာက ကျွန်တော်တို့ နိုင်ငံမှာ မဟုတ်ဘူး။ နည်းပညာတွေ တိုးတက်တဲ့ သြစတြေးလျမှာ။ သြစတြေးလျ ပိုင်နယ်မြေ အတွင်း Asbestos ပါဝင်တဲ့ ပစ္စည်းများ ရောင်းချဖြန့်ဝေ၊ အသုံးပြု တာကို သူ့နိုင်ငံတွင်း ဥပဒေအရ တားမြစ် ပိတ်ပင်ထားတယ်။ (ဂျပန်၊ အီးယူနိုင်ငံတွေ အားလုံးနဲ့ ဖွံ့ဖြိုးပြီး ၅၅ နိုင်ငံတို့ကလည်း Asbestos ပါဝင်တဲ့ အဆောက်အအုံတွေ၊ ကားအစိတ်အပိုင်းတွေ မထုတ်လုပ်ဖို့ တားမြစ်ထားပါတယ်။) အဲဒါနှင့် ပတ်သက်ရင် သြစတြေးလျဥပဒေ အရ တစ်စီး ဒဏ်ငွေ ၁၁၀ç၀၀၀ ဒေါ်လာဖြစ်လို့ မီလီယံနှင့်ချီပြီး ဒဏ်ငွေ တပ်ခံရမှာဖြစ်တယ်။

တချို့ကားတွေမှာ Asbestos ပါတဲ့ Gasket တစ်ခုစ နှစ်ခုစသာ ပါပေမယ့် တချို့ကားကျတော့ ရှစ်ခုထိ တွေ့ ရတယ်ဆိုတယ်။ မျိုးမတူတဲ့ Asbestos ပါ ဂတ်စကက်ပေါင်း ၃၀ တွေ့တယ် ဆိုတယ်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၉) by Myat Thu on Thursday, January 10, 2013 at 4:15am ·

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၉)

by Myat Thu on Thursday, January 10, 2013 at 4:15am ·

စောထခံစစ်

၉၂ အကုန်လောက် တပ်ရင်းကရဲဘော်တွေအများစုရှေ့တန်းလှုပ်ရှားစစ်ကြောင်းနဲ့ အတူရှိနေတဲ့အချိန် ဗဟို က အရေးပေါ်အထူးစစ်ကြောင်းအတွက် လူလိုတယ်ဆိုပြီးခေါ်ပြန်တယ်။ အဲဒီအချိန် ကိုယ့်တပ်ရင်းက တပ်စိတ်တစ်စိတ်တောင်လူမပြည့်လို့ တပ်ရင်းမှူးကို ကျနော်ပါလိုက်သွားမယ်လို့ ခွင့်တောင်းတော့သူက ခွင့်ပြုတယ်။ တပ်ရင်း ၂၁၀ တပ်ရင်းမှူး ကိုဆန်းလင်းနဲ့အတူ ကိုကျင်သန်းဦးနဲ့ ရဲဘော်သစ်တွေပါ ပါလာ တယ်။ အထူးတပ်သာဖြစ်တာ အားလုံးပေါင်းမှ လူ ၄၀ တောင်မပြည့်ဘူး။ ကျနော်မှတ်မိသလောက် ကျနော် တို့ ၃၆ ယောက်ပဲရှိတယ်။ စောထဒေသဖက်ကို နွားသယ်တဲ့လှေကြီးနဲ့တက်သွားပြီး ကမ်းကပ်တာနဲ့ နောက် ကျောဖက်က တောင်ပေါ်ကိုချက်ချင်းတက်ပြီး နေရာယူရတော့တယ်။ စောထရွာထဲက ရွာသားတွေကတော့ ထိုင်းဖက်ကမ်းကို တစ်ရွေ့ရွေ့ရွှေ့နေကြပြီ။ ရန်သူစစ်ကြောင်းတစ်ကြောင်းပျောက်နေတယ်လို့ ရှမ်းတပ်တွေ က ကရင်ကို သတင်းပို့ထားတယ်တဲ့။ ကိုဆန်းလင်းလည်း ကျနော်တို့ကို သူ့ရဲဘော်သစ်တွေကိုပါ ညှပ်ပြီး ထိမ်းပေးဖို့ မေတ္တာရပ်ခံတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော်တို့ရောက်လို့ ၀ပ်ကျင်းတွေတူး၊ ထမင်း စားပြီး ဘာမှမကြာလိုက်ဘူး၊ အဲဒီညနေ ရန်သူတပ်တက်လာတယ်။