Saturday, December 29, 2012

သမိုင်းတရားခံ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ပြည်သူက ဆုံးဖြတ်မှာပါဟု NLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

သမိုင်းတရားခံ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ပြည်သူက ဆုံးဖြတ်မှာပါဟု NLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၈) by Myat Thu on Friday, December 28, 2012 at 4:52am ·

ပွဲတွေ့ကျောင်းသား

၉၂ အစောပိုင်းလောက် ဒု-ရင်းမှူးကိုခင်ထွန်းကြည် ဇီးပြောင်းတိုက်ပွဲမှာ ကိုယ့်အချင်းချင်းမှားပစ်မိပြီး ခြေ ထောက်မှာဒဏ်ရာရတော့ ကျနော် ရဲဘော်လေးငါးယောက်နဲ့ တက်ပြီးကြိုတယ်။ ဟိုရောက်တော့ ကိုခင် ထွန်းကြည်ကို လန်းလန်းဆန်းဆန်းတွေ့ရတယ်။ ငါ့ပေါင်မှာမှန်တာပါကွာ။ ငါတို့က ဖြစ်ဖြစ်ချင်း တစ်ဟုန်ထိုး တက်သိမ်းပစ်လိုက်တာ။ အဲဒါ တဲပေါ်ကဆင်းလာတော့ နောက်ကတက်လာတဲ့ မဟာမိတ်ရဲဘော်လေးက လူမှားပြီးပစ်လိုက်တာလေ။ ငါတို့ကလည်း တက်ထရက်ယူနီဖောင်းနဲ့ ဂျန်းဂဲဟက်ကြိုက်တော့ လူမှားတာ ပေါ့တဲ့။ ဟုတ်တယ် ကျနော်တို့က တက်ထရက်က ရေစိုရင်လည်းခဏနဲ့ခြောက်တယ်။ ပူအိုက်တဲ့ရာသီမှာ လည်း အေးတယ်ဆိုတော့ တက်ထရက်စစ်စိမ်းရောင်ယူနီဖောင်းတွေကိုကြိုက်ကြတာ။ တစ်ခါတစ်လေ ရွာတွေက ကျနော်တို့ကျောင်းသားစစ်ကြောင်းကို ရန်သူ စစ်တပ်စစ်ကြောင်းနဲ့မှားပြီးထွက်ထွက်ပြေးကုန်ကြ လို့ ထမင်းငတ်ကြရတာလည်း အကြိမ်ကြိမ်။ ဆေးရုံကလူနာတွေထဲမှာ အသက်ကြီးကြီးအဖိုးကြီးတစ် ယောက်ကိုတွေ့တော့ နှုတ်ဆက်ပြီး၊ အလာပသလာပပြောလိုက်ဦးမယ်ဆိုပြီး အဘက နေမကောင်းဘူး လား၊ ဘာဖြစ်လို့ဆေးရုံတက်နေလဲ ဆိုတော့ ကျနော့ကိုမျက်မှောင်ကုတ်ကြည့်ပြီး တဘက်ကိုလှည့်သွား တယ်။ ဟာ… ဒီအဖိုးကြီး မာနကြီးလှချည့်လားပေါ့။ ဒါနဲ့ နောက် တခြားလူနာတစ်ယောက်ကိုမေးကြည့် တော့ ဒီအဖိုးကြီးက ညနေစောင်း သစ်ပင်ပေါ်မှာပျားအုံတွေ့လို့ ပျားတက်ဖွတ်တယ်တဲ့။ အဲဒါကို ဖြတ်သွား တဲ့ ကရင်ရဲဘော်တစ်ယောက်က လှမ်းကြည့်တော့ ၀က်ဝံကြီးပျားဖွတ်နေတာကိုမြင်တယ်။ အဲဒါနဲ့ပစ်ချ လိုက်တာ “အား” ဆိုတဲ့အသံကြားမှ သတိရပြီးသွားကြည့်တော့ ခါးမှာသေနတ်မှန်ထားအဖိုးကြီးဖြစ်နေ တာတဲ့။ ညီအစ်ကိုမသိတစ်သိအချိန် တောမှောက်တယ်ဆိုတာ ဒါဘဲဖြစ်ရမယ်။ သူက သူ့အဖြစ်ကိုသူ စိတ် တိုနေတာ ကျနော်ကသွားမေးမိတော့ ဒေါကန်ပြီးပြန်မဖြေတာနေမှာ။

Wednesday, December 26, 2012

ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း by တို့ဗမာအစည်းအရုံး Dobama Asiayone on Wednesday, August 29, 2012 at 10:08am ·

ဖက်ဆစ်တော်လှန်ရေးလို့ ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ရဲဘော်သုံးကျိပ်တို့အကြောင်း၊ ဗမာ့တပ်မတော် အကြောင်း၊ တိုက်ပွဲများအကြောင်း အစရှိသည့်တို့ကိုသာ ရေးသားခဲ့ကြ၊ ပြောဆိုခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ ဖက် ဆစ်တို့ကို တော်လှန်လိုစိတ်ရှိလာအောင်၊ ဖက်ဆစ်တို့ရဲ့ အတွင်းသရုပ်နဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေကို ပြည်သူလူထု နားလည်လာအောင်၊ တော်လှန်ရေးသဘောတရာကို သိရှိလာအောင် ဟောပြောပို့ချမှု၊ စနစ်တကျစည်းရုံးတတ်မှု၊ တော် လှန်တတ်မှုတို့ကို ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ရေးသားဖော်ပြမှုဟာ အင်မတန် နည်းပါးနေပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးလက်အောက်ခံပါပဲ။ စစ်ရေးကိုဦးဆောင်သွားတာ နိုင်ငံရေး ပါပဲ။ ၁၉၄၅ ခုနှစ်မှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပြည်သူလူထုကို ဖက်ဆစ် ဆန့်ကျင်ရေး သဘောတရားတွေးကို နားလည်လာအောင်၊ စနစ်တကျတော်လှန်တတ်လာအောင် နိုင်ငံရေးနည်းအရ စည်းရုံးပို့ချလမ်းညွန်ပြခဲ့တဲ့ သခင်ဗဟိန်းရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါတယ်။

သခင်ဗဟိန်းကို စစ်ကိုင်းခရိုင် အင်းဝမြို့မှာ မြန်မာသက္ကရာဇစ် ၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၉ ရက် ဗုဒ္ဓဟူးနေ့ တွင် အဘ ပွဲစားကြီးဦးမှင်၊ အမိပွဲကတော် ဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့ပါတယ်။ ငယ်စဉ်အခါက အင်းဝမြို့မူလတန်းကျောင်းမှ လေး တန်းအောင်မြင်ခဲ့ပြီး မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းကနေ အင်္ဂလိပ်မြန်မာ ဆယ်တန်းစားမေးပွဲကို အင်္ဂ လိပ်၊ မြန်မာစာ၊ ရာဇဝင် ဘာသာရပ်များနဲ့ ဂုဏ်ထူးဆွတ်ခူး အောင်မြင်ခဲ့ပါတယ်။ အထက်တန်း ကျောင်းသား ဘဝက တည်းက ကျောင်းသားများရဲ့ ချစ်ကြည်လေးစားမှုကိုခံရပြီး ပေါ်ပေါက်လာသမျှ ကျောင်းသားအရေးတော်ပုံများမှာ ရှေ့ တန်းကနေ မားမားမတ်မတ် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီးတဲ့နောက် မန္တလေးမြို့ စိုက်ပျိုးရေး ကောလိပ်သိပ္ပံကျောင်းကို ပြောင်းရွှေ့ပြီးပညာသင်ကြားခဲ့တယ်။

အိုင်အေစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး ပထမရပြီး ပါဠိ ဘာသာ ဂုဏ်ထူးဆွတ်ခူးခဲ့ပါတယ်။ အိုင်အေ အထက်တန်းပညာများကို သင်ကြားနေစဉ် မန္တလေးမြို့ စိုက်ပျိုးရေး ကော လိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်မှာ ကိုဗဟိန်းတယောက် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ် ရန်ကုန် တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ်  ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရခဲ့ပါတယ်။

မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်မှာ အထက်မြန်မာနိုင်ငံ ရေနံမြေမှာ လူတန်းစားတိုက်ပွဲ အသွင်ကူးပြောင်းပြီး ရေနံမြေ အလုပ်သမားသပိတ်ကြီး ဖြစ်ပွားခဲ့တယ်။ ရန်ကုန်ကို ချီတက်အရေးဆိုအောင်ပွဲခံနိုင်ရေးအတွက် ကိုဗဟိန်း ခေါင်းဆောင် တဲ့ ကျောင်းသားတွေက ဝင်ရောက်ကူညီခဲ့ပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ကိုဗဟိန်းကို မကွေးမြို့ ရေနံ မြေ အလုပ်သမားသပိတ်တပ်သားများကို တရားဟောနေစဉ် “မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရ မယ်” လို့ ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။ ကိုဗဟိန်း ပြောခဲ့တဲ့အတိုင်းပါပဲ၊ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ပေါ် ပေါက်လာပြီး သပိတ်မီးဟား တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်သွားတဲ့အထိ ပြန့်ပွားသွားခဲ့ရပါတယ်။

ဗဟိန်း (သို့မဟုတ်) ညီညွတ်ရေးဗိသုကာ (အပိုင်း-၁) by တို့ဗမာအစည်းအရုံး Dobama Asiayone on Saturday, September 1, 2012 at 7:14am ·

(၁)
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော် ...။ စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင်အာဏာမသိမ်းမီကာလ နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။ မန္တလေးတက္ကသိုလ်ပုရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ်မရှိသေး - ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင်အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက်လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူကျောင်းသားများ လန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။ ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။

အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။ နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်းတွေကိုလေ့လာကြည့် လိုက်နှင့် နောက်ဆုံး ပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက်-အထက် တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသောလူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထားကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။

အခန်းထောင့်စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။ “ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ..ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...” ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။ ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။

လမ်းပေါ်က ဒိုင်ယာလော့ခ်များ.... by James Mint on Thursday, December 8, 2011 at 5:07am ·

ဒီနေ့ လိုင်းကား ရှားတဲ့ လမ်းမပေါ်က ရုံးခွဲမှာလုပ်စရာရှိတာ သွားလုပ်ပီး ပြန်မယ်ဆိုတော့ မှောင်စပျိုးနေပါတယ်။ လိုင်းကားစီးလည်း စွယ်တော် ပိတ်နေတာနဲ့ မကြားချင်ပဲ စွယ်တော်ကြွတာကို မုဒိတာပွားတဲ့ ဗုဒ္ဓဘာသာ ကားသမား၊ စပါယ်ယာတွေ စကားကြားမိရင်ဖြင့် ကိုယ်လည်း ရောယောင်ထောက်ခံမိမှာစိုးလို့၊ အိပ်စိုက် ကားငှားလို့ အိမ်ပြန်ဖို့ကို စိုင်းပြင်းပါတော့တယ်။ ကားငှားဖို့ ကားတားမယ်ဆိုမှ နံပါတ်ပြားကို ကြည့်ပီး တားဖို့လုပ်တော့ အမယ် ၃၃၃၃ ပူးခင်ဗျ။ အဲ့ဒါနဲ့ ဆက်ငှားဖို့ကြိုးစားနေတုန်း ၅၅၅၅ ပူးခင်ဗျ။ ကားတွေကလည်း သွားမဲ့နေရာ ပြောလိုက်တာနဲ့ ကမ္ဘာအေး လမ်းကြောကို ဖြတ်ရမယ်လို့ပဲ စိတ်ထဲဆွဲပီး ခေါင်းတစ်ခါခါနဲ့ ထားရစ်ခဲ့လို့ နောက်ဆုံးမတန်တဆ ဈေးနဲ့ ကားကိုငှားလို့ ပြန်ခဲ့ရပါတယ်။ ကားပေါ်မှာ ကားဆရာနဲ့ စကားလက်ဆုံကြရင်း ကားနံပါတ်တွေ ပူးနေတဲ့ ကိစ္စပြောနေတုန်း ဘေးကနေ ဖြတ်သွားတဲ့ကားက ၉၉၉၉ ပူးခင်ဗျ။ အဲ့ဒါနဲ့ အခုထိတော့ ကျွန်တော် ၈၈၈၈ ပူးမတွေ့ဘူးသေးဘူးနော်လို့ ပြောလိုက်တော့ ရှိတယ်ခင်ဗျတဲ့၊ ပြောနေတုန်း ဘေးက ဖြတ်သွားတဲ့ကားက ၇၈၈၈ ဖြစ်နေလို့ အံ့သြနေသေးရဲ့။ တိုက်ဆိုင်လိုက်တာများကွာ ဒီဇင်ဘာ ၇ ရက်လို့ ပြောင်းပြောရမလို ဖြစ်နေတယ်။

ကားစီးရင်းနဲ့ ကားဆရာနဲ့ ပြောမိပုံများကတော့ အောချလောက်ပါတယ်။ စကားပြောရင်းဆိုရင်း အလုပ်အကိုင် အဆင်မပြေကြောင်း ပြောမိလေတော့ ညီလေး မင်း အလုပ်အကိုင် မအိုကေရင် မုန့်ဟင်းခါး ရောင်းစားကွ အဲ့ဒါကိုက်တယ် ဆိုပဲ။ ဘယ်လိုဘယ်လို မုန့်ဟင်းခါးရောင်းတာ ဘယ်လောက် ကိုက်လို့လဲဆိုတော့ ငါတောင်မိန်းမရသွားလို့ နောက်မို့ မုန့်ဟင်းခါးရောင်းစားတယ်ကွ၊ မုန့်ဟင်းခါက ခေါက်ချိုးမြတ်တယ်။ ငါးသောင်းရင်းရင် တစ်သိန်းမြတ်တယ်ဆိုပဲ။ ဒါနဲ့ စပ်စုလေတော့ ထွက်လာသမျှ ဝေမျှပါတယ်။ မုန့်ဟင်းခါ တစ်ပွဲ ၂၀၀၊ ပွဲ ၅၀၀ ရောင်းရင် တစ်သိန်းရမယ်တဲ့။ အဲ့လို ရောင်းရဖို့အတွက် အစပိုင်း အရင်းအနှီးက သုံးသောင်းလောက်ဆို ရတယ်ကွ။ ဟင်းရည်က နှစ်သောင်းလောက် ကုန်မယ်ကွာ၊ ကျန်တဲ့ တစ်သောင်းနဲ့ ပွဲ ၅၀၀ ဖိုး မရဘူးလေ၊ အဲ့တော့ မုန့် နည်းနည်း၊ အကျော်၊ နံနံပင် ဘာညာ ပွဲ ၂၀၀ ဖိုးလောက် အရင်ဝယ်ပြီး လိုက်ရောင်းကွာ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၁) ဆောင်ပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

Khin Mgoo shared Myu Shayi's photo.
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၁)

ဆောင်ပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

ယနေ့ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် သတင်းများကို သတင်းဌာနများမှ ကြားသိနေရသည့် အတွက် ဂတိမတည် ၊ သစ္စာမရှိ ၊ အောက်တန်းကျသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒေါသ ဖြစ်မိခဲ့ပါသည်။ ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ခဲ့ရခြင်းအပေါ် အထူး စိတ်မကောင်း ၀မ်းနည်းနေရသလို စာရေးသူ ကိုယ်တိုင်လဲ အလိမ်ခံခဲ့ရ၍ မခံချိမခံသာ ဖြစ်နေရပါသည်။ စာရေးသူသည် မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်နောက်ပိုင်း န၀တ၊ နအဖ လက်ထက် တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဓိက ဆောင်ရွက်ပေးခဲ့ရသော တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးရုံး၊ နောင်တွင်တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ (ယခင်လှမ်း - ၁ ) တွင် စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ဖြင့် ၁၉၉၂ ခုနှစ် မေလ မှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ အထိ အမှုထမ်းခဲ့ပါသည်။ စာရေးသူ တာဝန်ထမ်းဆောင်ခဲ့စဉ်အချိန် ကာလအတောအတွင်း ကချင် ၊ မွန် ၊ ကရင် ၊ ကရင်နီ ၊ ကယန်း ၊ ခွန်ဆာ ၊ ဒီကေဘီအေ ၊ ဖဒိုအောင်ဆန်း ၊ ဖုန်ကြားရှင်-ရန်မိုးလျံ ကိုးကန့် အရေးအခင်း အစရှိသည့် ဖြစ်စဉ်များတွင် အနီးကပ် အမှုထမ်းခဲ့ပါသည်။

စာရေးသူ ကိုယ်တိုင် လူသာဓု နတ်သာဓု ခေါ်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခွင့် ရခဲ့သည့်အတွက်လဲ ထိုစဉ်က ၀မ်းသာပီတိ ဖြစ်မိခဲ့ပါသည်။ ကိုယ်တိုင် တိုင်ရင်းသား နယ်မြေများ၌ နှစ်အတန်ကြာ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ခဲ့ဘူးသဖြင့် ဖြောင့်မတ်ရိုးသားသော တိုင်းရင်းသား လူမျိုးများ၏ စိတ်စေတနာကောင်းများ သိရှိနားလည်သူ ဖြစ်သည့် အတွက်ကြောင့်လည်း တာဝန်အပြင် ခံစားမှုဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပါသည်။ တိုင်းရင်းသားဒေသများသည် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် အသင့်ခံခဲ့ရခြင်းကြောင့်လဲ ဖွံ့ဖြိုးမှုများစွာ နောက်ကျလျက် ရှိပါသည်။

စာရေးသူတို့အား မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းမှုမရှိလျှင် နိုင်ငံရေး ၊ စီးပွားရေး တည်ငြိမ်မှု မရနိုင်သလို တိုင်းပြည် ဖွံ့ဖြိုးရေး နှောင့်နှေးသွားမည် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းသည့် အခါတွင် ယခင် ခေတ်အဆက်ဆက် အစိုးရများနှင့်မတူ လက်နက်ချခိုင်းခြင်း မူကို ရှောင်ရှားပြီး လက်နက်ကိုင်၍ ငြိမ်းချမ်းရေး လုပ်မည်ဆိုသည့် မူကို ချမှတ်ခဲ့ပါသည်။ တကယ်တမ်းစစ်အာဏာရှင် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ စိတ်ထဲတွင် တိုင်းရင်းသားများအပေါ် မယုံသင်္ကာ အရိုးစွဲနေပြီး လက်နက်ချခိုင်းရေးစိတ် အမြဲတမ်းကိန်းဝပ်နေသည်။ သူတို့နှစ်ဦးက လေးလပတ် အစည်းအဝေး ကျင်းပတိုင်း မကြာခဏဆိုသလို ဗကပ အသွင်ပြောင်း ကိုးကန့်နှင့် UWSA တို့၏ မိုင်းယောင်းနှင့် မိုင်းယန်းတိုက်ပွဲလိုမျိုး၊ နေ့မြင်ညပျောက် 106 စကားပုံတွင်သွားသည့် တိုင်းရင်းသားလက်နက်ကိုင် တို့၏ လက်သံပြောင်တိုက်ပွဲများ (ခမရ 106 တပ်ရင်းတစ်ရင်းလုံး ညပိုင်း ခြုံခိုတိုက်ခံရလို့ ဖွဲ့စည်းပုံပျက်ကာ အကျအဆုံးများခဲ့ရသည်)၊ အင်းစိန်တိုက်ပွဲကဲ့သို့ KNU တိုက်ပွဲများတွေကို ပြန်ပြောင်း ပြောဆိုနာကြည်းနေဟန်ရှိနေကြောင်း ကြားသိရပါသည်။

လုပ်ငန်းစဉ်အနေဖြင့် ပထမဦးစွာ အပစ်အခတ် ရပ်စဲရေးအတွက် ဒို့တာဝန် အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် လက်ခံလျှင် စတင်၍ နှစ်ဦးနှစ်ဘက် စကားပြောမည်။ ဒုတိယ အချက်အနေဖြင့် တပ်မတော်သည် ပြည်သူလူထုက ရွေးချယ်ထားသော ပြည်သူ့အစိုးရ မဟုတ်သည့် အတွက်ကြောင့် မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် မဆုံးဖြတ်နိုင်ပါ။ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုကို မလုပ်နိုင်သဖြင့်၊ နောင်တက်လာသော ပြည်သူ့အစိုးရနှင့်သာ ဆွေးနွေးရန်ပါရှိပါသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရလာပြီးနောက် အမျိုးသားညီလာခံတွင် ဆွေးနွေးခွင့်ပြုမည် ဟု ထပ်မံလမ်းညွှန်ခဲ့သည်။ တတိယ အချက်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော် မှားယွင်းပစ်ခတ်မှု မဖြစ်စေရေး နယ်မြေသတ်မှတ်ရမည်၊ နယ်မြေသတ်မှတ် ပြီးပါက နှစ်ဦးနှစ်ဘက် လက်နက်ကိုင်အဖွဲ့များ ဖြတ်သန်းခြင်း သို့မဟုတ် ၀င်ရောက်မည် ဆိုပါက ကြိုတင်ခွင့်ပြုချက် ယူရမည်။ စတုတ္ထ အချက်အနေဖြင့် တိုင်းရင်းသားနယ်မြေ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အထူးစီးပွားရေး လုပ်ပိုင်ခွင့်များ ချပေးပြီး ရရှိသော ၀င်ငွေများဖြင့် မိမိတို့၏ နယ်မြေများတွင် မိမိတို့လူမျိုးများ ဖွံ့ဖြိုးရေးဆောင်ရွက်သလို တပ်မတော် မှလည်း သင့်တော်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်။ ပဉ္စမ အချက်အနေဖြင့် ယုံကြည်မှု တည်ဆောက်စဉ် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မတော် ထောက်လှမ်းရေး ဌာနဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန်တို့ ဖြစ်ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၁)

ဆောင်ပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

ယနေ့ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် သတင်းများကို သတင်းဌာနများမှ ကြားသိနေရသည့် အတွက် ဂတိမတည် ၊ သစ္စာမရှိ ၊ အောက်တန်းကျသော စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒေါသ ဖြစ်မိခဲ့ပါသည်။ ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ခဲ့ရခြင်းအပေါ် အထူး စိတ်မကောင်း ၀မ်းနည်းနေရသလို စာရေးသူ ကိုယ်တိုင်လဲ အလိမ်ခံခဲ့ရ၍ မခံချိမခံသာ ဖြစ်နေရပါသည်။ စာရေးသူသည် မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်နောက်ပိုင်း န၀တ၊ နအဖ လက်ထက် တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဓိက ဆောင်ရွက်ပေးခဲ့ရသော တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးရုံး၊ နောင်တွင်တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနခွဲ (ယခင်လှမ်း - ၁ ) တွင် စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ဖြင့် ၁၉၉၂ ခုနှစ် မေလ မှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ အထိ အမှုထမ်းခဲ့ပါသည်။ စာရေးသူ တာဝန်ထမ်းဆောင်ခဲ့စဉ်အချိန် ကာလအတောအတွင်း ကချင် ၊ မွန် ၊ ကရင် ၊ ကရင်နီ ၊ ကယန်း ၊ ခွန်ဆာ ၊ ဒီကေဘီအေ ၊ ဖဒိုအောင်ဆန်း ၊ ဖုန်ကြားရှင်-ရန်မိုးလျံ ကိုးကန့် အရေးအခင်း အစရှိသည့် ဖြစ်စဉ်များတွင် အနီးကပ် အမှုထမ်းခဲ့ပါသည်။

စာရေးသူ ကိုယ်တိုင် လူသာဓု နတ်သာဓု ခေါ်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခွင့် ရခဲ့သည့်အတွက်လဲ ထိုစဉ်က ၀မ်းသာပီတိ ဖြစ်မိခဲ့ပါသည်။ ကိုယ်တိုင် တိုင်ရင်းသား နယ်မြေများ၌ နှစ်အတန်ကြာ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ခဲ့ဘူးသဖြင့် ဖြောင့်မတ်ရိုးသားသော တိုင်းရင်းသား လူမျိုးများ၏ စိတ်စေတနာကောင်းများ သိရှိနားလည်သူ ဖြစ်သည့် အတွက်ကြောင့်လည်း တာဝန်အပြင် ခံစားမှုဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ပါသည်။ တိုင်းရင်းသားဒေသများသည် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် အသင့်ခံခဲ့ရခြင်းကြောင့်လဲ ဖွံ့ဖြိုးမှုများစွာ နောက်ကျလျက် ရှိပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂) ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

Khin Mgoo shared Myu Shayi's photo.
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

အဆိုပါ မူဝါဒများအရ စာရေးသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး တက်ကြွစွာ ပါဝင်အမှုထမ်းခဲ့ပါသည်။ ထို့အတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ၊ ဗိုလ်ချုပ်ကျော်ဝင်း ၊ ဗိုလ်မှူးချုပ်ကျော်သိန်း ၊ ဒုဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး - ၀ါရှင်တန်နှင့် အလုပ်သမားဝန်ကြီးဟောင်း) ၊ ဗိုလ်မှူးကြီးသန်းအေး (ကွယ်လွန်) ၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုဗိုလ်မှူးကြီး ဥာဏ်လင်း ၊ ဗိုလ်မှူးအောင်လင်းထွဋ်(စာရေးသူ)၊ ဗိုလ်မှူးသက်တင်စိန် တို့ ဖြစ်ကြပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားများ၏ အလောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၏ အလောင်းပေါင်းပြီး ဆက်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ တောင်မှမြောက် အထိ ဆက်နေမည် ဖြစ်သည်။ မည်သူတစ်ဦး တစ်ယေက်အတွက်မှ အကျိုးမရှိ ၊ယခင်အစိုးရ အဆက်ဆက် လက်နက်ချရေး မူကို ကိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ မအောင်မြင်ခဲ့၊ ထို့ကြောင့် လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ကာ ယုံကြည်မှု တည်ဆောက်သည့် နည်းလမ်းကို လမ်းညွှန်ခဲ့ပါသည်။ နှစ်ဘက်ယုံကြည်မှု ရလာသည့်အခါတွင် လက်ထဲ၌ ကိုင်ဆောင်ထားသော လက်နက်များသည် တုတ်လောက်ပင် တန်ဖိုးမရှိ ဖြစ်လာလိမ့်မည်။ မိမိဘက်မှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုရအောင် ရိုးသားမှုဖြင့် စည်းရုံးရမည်ဆိုသည့် သဘောထားရှိသူ ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့်မူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ပေးခဲ့သော ကတိက၀တ်များကိုမတည်၊ သစ္စာမရှိသော မင်းတစ်ပါး ဖြစ်ခဲ့သည်ကို ယနေ့ကာလတွင် မြင်တွေ့နေရပြီ ဖြစ်ပါသည်။

စာရေးသူတို့အနေဖြင့်လဲ အားလုံးလောက်နီးပါး ငြိမ်းချမ်းရေး ရပြီးသောအခါမှ မင်းသားအယောင်ဆောင်ထားသောဘီးလူး ကို သိလိုက်ရသည့်အခါ များစွာ တုန်လှုပ်မိခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက် ဆောင်ရွက်ခဲ့သော ဗကပ လက်အောက်နေခဲ့ကြသော ကိုးကန့် ၊ ၀ ၊ အခါ ၊ ရှမ်း ၊ ကချင် တို့နှင့် သဘောတူခဲ့သော ငြိမ်းချမ်းရေး အချက်အလက်များအပေါ် သူ့အနေဖြင့် မနှစ်မြို့ခဲ့သော်လည်း ထိုစဉ်က မကန့်ကွက်ရဲသလို ၀င်ရောက်စွက်ဖက်ပိုင်ခွင့်လည်း မရှိခဲ့ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထားကို နောက်ပိုင်းမှ သိခဲ့ရသည်မှာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များအား သွေးခွဲပြီး အားအင်ချိနဲ့သွားအောင် လုပ်ရမည် ဟု သိခဲ့ရပါသည်။ ထိုကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း နှစ်အကြာဆုံး လူလက်နက်အင်အား အကောင်းဆုံး ဗမာပြီးလျှင် အင်အားအများဆုံးလူမျိုး နိုင်ငံရေးလမ်းစဉ်ရှိသော နိုင်ငံခြား တိုင်းပြည်များနှင့် ဆက်ဆံတတ်သော ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သော Karen National Union (KNU) ကိုအခြားငြိမ်းချမ်းရေး အဖွဲ့များကဲ့သို့ အခွင့်အရေး မပေးနိုင်၊ လက်နက်ချခိုင်းရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ၁၉၉၆ - ၁၉၉၇ KNU ဆွေးနွေးပွဲ အောင်မြင်ခါနီးတွင် ကပ်၍ ဟန့်တားခဲ့ပါသည်။

၎င်းအနေဖြင့် နိုင်ငံရေး အမြတ်ထုတ်ခဲ့သည်မှာ KNU ကို ဖြိုခွဲရန် ပထမဦးစွာ ဒေါက်တိုင်များဖြစ်သော ဦးဘရန်ဆိုင်း ခေါင်းဆောင်သော Kachin Independence Organization (KIO) နှင့် ဦးနိုင်ရွှေကျင် ခေါင်းဆောင်သော New Mon Stae Party (NMSP) ကို Democratic Alliance of Burma (DAB) နှင့် National Democratic Front (NDF) တို့မှ ငြိမ်းချမ်းရေး အဖွဲ့အနေဖြင့် ခွဲထုတ်နိုင်လျှင် KNU ၏ ဘယ်၊ ညာ လက်ရုံးပြုတ်သွားမည်။ ပြီးမှ KNU အဖွဲ့အတွင်းမှ အမြင်မတူသောသူများကို တစ်စစီ ဆွဲထုတ်ပြီး သိမ်းသွင်းသွားနိုင်လျှင် KNU အင်အားချိနဲ့သွားမည်ဟု တွေးခေါ်ပြီး လုပ်ခဲ့ခြင်းအပေါ် ဘုမသိ ဘမသိဖြင့် စာရေးသူတို့ ကိုယ်တိုင်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိမ်ခံခဲ့ရပါသည်။

စစ်ရေးအရ အမြတ်ထုတ်ခဲ့သည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အင်အားစာရင်း ကောက်ခံတောင်းဆိုပြီး အင်အား ထပ်မံမတိုးချဲ့ရန် ပြောကြားခဲ့၍ တစ်ဖက်မှ အပစ်အခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး တပ်မတော်အင်အားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေအစပ်များတွင် တိုးချဲ့၍ တပ်ရင်းအသစ်ပေါင်းများစွာ တည်ဆောက်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးရာပါ လိမ်ညာ ကောက်ကျစ် လှည့်စားတတ်သော အကျင့်ဆိုးသည် ပြည်သူလူထုအား ဒုက္ခ ဖြစ်စေပါတော့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ တစ်ခုလုံးကို `ဥပဒေ၏ အထက်မှာ ဘယ်သူမှ မရှိရ´ ဆိုသော ဆောင်ပုဒ်ဖြင့် ဖမ်းဆီးထောင်ချ ဖျက်သိမ်းခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များအပေါ် ယခင် ဂတိက၀တ် ပေးထားခဲ့သော စာချုပ်ပါ အချက်အလက်များကို စစ်အာဏာရှင် အစိုးရအနေဖြင့် စတင်ချိုးဖေါက်ခဲ့ပါသည်။ စာချုပ်တွင် ပါရှိသော နိုင်ငံရေးကိစ္စ ဆွေးနွေးမှုကို လစ်လျူရှုကာ စာချုပ်တွင်မပါသော နယ်ခြားစောင့်တပ်လုပ်ရန် အတင်းအဓမ္မ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များကို နည်းမျိုးစုံသုံး အကြပ်ကိုင် ဖိအားပေးခဲ့ပါသည်။ စစ်အာဏာရှင်တို့သည် တပ်နေရာ သတ်မှတ်ချက် သဘောတူညီမှုများကို ချိုးဖေါက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများအတွင်း စစ်တပ်များ ၀င်ရောက်ပြီး တိုက်ခိုက်သိမ်းပိုက်ခြင်း ပြုလုပ်ခဲ့ပါသည်။ ဒေသဖွံ့ဖြိုးရေး သဘောတူညီချက်ကို အပေါ်ယံသဘောသာလုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွင်း သွေးကွဲစေရန် စီးပွားရေး အကြောင်းပြ၍ ငွေကျည်ဆံဖြင့် လုပ်ကြံခဲ့ပါသည်။

အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို လက်ရှိ သမ္မတ ဦးသိန်းစိန်မှအပ ကျန်သူများ ဂဃနဏ မသိပါ။ ယခုကဲ့သို့ ဂတိမတည် သစ္စာမဲ့သည့် လုပ်ရပ်များသည် ကောင်းမွန်သန့်ရှင်းသော အစိုးရ ဖြစ်ရမည် ဟူသော စကားကို ပြောခဲ့သော အခြေအနေအားလုံးကို သိနေသည့် သမ္မတဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် ငြိမ်းချမ်းရေးကို မြတ်နိုးဖို့ လိုပါမည်။ သမ္မတကြီး၏ ပင်ကိုစိတ်ရင်း စေတနာကောင်းဖြင့် ကျွန်တော်တို့ နိုင်ငံကို ကယ်တင်ဖို့ အချိန်ရောက်နေပါပြီ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်မှလည်း ရုန်းထွက်ပါတော့လို့ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံ အေးချမ်းပြီး သာယာသော နိုင်ငံဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ကလိမ်ဥာဏ်များသော စစ်အာဏာရှင်ကြီး၏ လက်အောက် သြဇာခံ ဘ၀မှလဲ လွတ်မြောက်ပါစေလို့လဲ ဆုတောင်းလိုက်ပါသည်။
—
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

အဆိုပါ မူဝါဒများအရ စာရေးသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး တက်ကြွစွာ ပါဝင်အမှုထမ်းခဲ့ပါသည်။ ထို့အတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ၊ ဗိုလ်ချုပ်ကျော်ဝင်း ၊ ဗိုလ်မှူးချုပ်ကျော်သိန်း ၊ ဒုဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး - ၀ါရှင်တန်နှင့် အလုပ်သမားဝန်ကြီးဟောင်း) ၊ ဗိုလ်မှူးကြီးသန်းအေး (ကွယ်လွန်) ၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုဗိုလ်မှူးကြီး ဥာဏ်လင်း ၊ ဗိုလ်မှူးအောင်လင်းထွဋ်(စာရေးသူ)၊ ဗိုလ်မှူးသက်တင်စိန် တို့ ဖြစ်ကြပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားများ၏ အလောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၏ အလောင်းပေါင်းပြီး ဆက်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ တောင်မှမြောက် အထိ ဆက်နေမည် ဖြစ်သည်။ မည်သူတစ်ဦး တစ်ယေက်အတွက်မှ အကျိုးမရှိ ၊ယခင်အစိုးရ အဆက်ဆက် လက်နက်ချရေး မူကို ကိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ မအောင်မြင်ခဲ့၊ ထို့ကြောင့် လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ကာ ယုံကြည်မှု တည်ဆောက်သည့် နည်းလမ်းကို လမ်းညွှန်ခဲ့ပါသည်။ နှစ်ဘက်ယုံကြည်မှု ရလာသည့်အခါတွင် လက်ထဲ၌ ကိုင်ဆောင်ထားသော လက်နက်များသည် တုတ်လောက်ပင် တန်ဖိုးမရှိ ဖြစ်လာလိမ့်မည်။ မိမိဘက်မှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုရအောင် ရိုးသားမှုဖြင့် စည်းရုံးရမည်ဆိုသည့် သဘောထားရှိသူ ဖြစ်ပါသည်။

ချောကလက်သည် အသက်ရှည်စေ

KhingKhing Su shared International news for myanmar's photo.
ချောကလက်သည် အသက်ရှည်စေ

ချောကလက်က သဘာဝ အသက်ရှည်ဆေး ဖြစ်တယ်လို့ ဆေးပညာရှင်တို့ တင်စားခေါ်ဝေါ်ပါတယ်။ 

သူ့မှာ ပါဝင်တဲ့ Antioxidant ဟာ နှလုံးနဲ့ ဆက်စပ်ရောဂါတွေကို ဖြစ် မလာအောင် ကာကွယ်ပေးပါတယ်။ အနက်ရောင် ချောကလက် မှာ စတော်ဘယ်ရီသီးထက် Antioxidant  ၈ ဆ ပိုမိုပါဝင်ပါတယ်။ အခြားသော အာဟာရဓာတ်များနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ချောကလပ်တစ်ခုဟာ နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ထုတ်လုပ်မှုကောင်းပြီး သွေးဖိအား (Blood pressure) ကို ပုံမှန်အတိုင်း ရှိအောင် လျော့ချပေးပါတယ်။ ဒါကြောင့် သွေးနဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ ရောဂါလည်း ဖြစ်ဖို့ အလားအလာ နည်းသွားပါတယ်။ 

ဒါကြောင့် ချောကလပ်ကို ပုံမှန်စားသုံးခြင်းဖြင့် အသက် ရှည်နိုင်ကြောင်း ဆေးပညာရှင်နဲ့ လေ့လာသူများက ဆိုထားပါတယ်။ 
--
ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_60.html

အတ္တနောမတိများ (ဖေမြင့်) by ပြည်သူ့ခေတ် on Wednesday, December 26, 2012 at 12:52am ·

အကူးအပြောင်းကို စမ်းသပ်သည့် ပြဿနာတစ်ရပ်

ဒီမိုကရေစီ အကူးအပြောင်းကို စောင့်ကြည့်ကြသူများအတွက် ရတက်မအေးစရာ ပြဿနာ တစ်ခု မကြာမီက ပေါ်ပေါက်ခဲ့သည်။
          လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြု၍ ဖြစ်ပေါ်သော ပြဿနာ။
          ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများ၊ ၎င်းင်းတို့အား ထောက်ထားစာနာကာ ရိုင်းပင်းကူညီကြသူများ၊ ပွင့်လင်းမြင်သာမှု မရှိသော သယံဇာတ ရောင်းချမှု ကိစ္စကို မလိုလား မနှစ်သက်သူများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန့်ကျင် သူများနှင့် အခြားတက်ကြွလှုပ်ရှား သူများက ကန့်ကွက်တောင်းဆို ဆန္ဒပြကြသည်။ ယင်းအား အာဏာပိုင်တို့က အကြမ်းပတမ်း နှိပ်ကွပ်ရာ ရုပ်ပျက်ဆင်းပျက် အနေအထားများ ဖြစ်ပေါ် ခဲ့သည်။
          ယခုအခါ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးထားပြီး၊ ထိခိုက်ဒဏ်ရာ ရသော သံဃာတော်များအားလည်း တာဝန်ရှိသူတို့ဘက်က ၀န်ချတောင်းပန်ခဲ့၍ ပဋိပက္ခသည် ယာယီ ငြိမ်းအေးလျက်ရှိသည်။ သို့သော်  ပြဿနာကား မပြီးသေးပေ။
          စုံစမ်းရေး ကော်မရှင်ထံမှ ပြဿနာ၏ အကြောင်းရင်းခံများကို ပြည့်စုံစွာ ရှင်းလင်း ဖော်ထုတ် တင်ပြချက်များ၊ ယင်းတို့ကို ဖြေရှင်းနိုင်မည့် အမြော်အမြင်ရှိသော အကြံပြုချက်များ ထွက်ပေါ်လာ ပြီးနောက်၊ အစိုးရကလည်း ယင်းနှင့် လျော်ညီသော အရေးယူ ဆောင်ရွက်မှု များ ပြုနိုင်မှသာ ရှင်းလင်း ပြီးပြေမည် ဖြစ်သည်။
          စင်စစ်၊ ယနေ့ ကြေးနီတောင် ပြဿနာသည် နိုင်ငံအ၀န်း၌ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ် လတ္တံ့ဖြစ်သည့် အလားတူ မြေယာသိမ်းပိုက်ခံရမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြဿနာများကို ကိုယ်စားပြုထင်ဟပ်လျက် ရှိရာ ၎င်းအား မည်သို့ ဆက်လက် ဖြေရှင်းသနည်းဟူသည် လာလတ္တံ့သော ကိစ္စရပ်များအတွက် နမူနာပြ ဖြစ်ပေမည်။

ကြေးနီတောင် ကိစ္စကို ပြန်ကြည့်လျှင် ယင်းမှနေ၍ စိုးရိမ်ကြောင့်ကြမှု သုံးရပ် သို့မဟုတ် သုံးမျိုး ထွက်ပေါ်ခဲ့ကြောင်း တွေ့ရသည်။
          တစ်ခုသည်၊ လူထုအကြားမှ ဆန္ဒပြမှုများ မည်သည့် အတိုင်းအတာအထိ ပေါ်ပေါက် လာမည်နည်း၊ ဆန္ဒပြ သူတို့၌ မည်မျှကြီးမားသော ရည်ရွယ်ချက်များ ရှိနေသနည်းဟူ၍ အာဏာပိုင်တို့ ဘက်က စိုးရိမ်ကြောင့်ကြမှု ဖြစ်သည်။
          နောက်တစ်ခုက အစိုးရသည် ဒီမိုကရေစီသို့ ကူးပြောင်းနေသည် ဆိုပါလျက် ဆန္ဒပြသည့် ကိစ္စကို ဖြေရှင်းရာ၌  ဒီမိုကရေစီနှင့် ဖီလာဆန့်ကျင်သည့် ယခင် စနစ်ဟောင်းက အကြမ်းဖက် နှိပ်ကွပ် နည်းကို အဘယ်ကြောင့် သုံးစွဲခဲ့သနည်း၊ နှုတ်က ဒီမိုကရေစီ ပြောသော်လည်း တကယ်လက်တွေ့၌ အာဏာရှင်စနစ် အကျင့်အကြံများကို စွန့်လွှတ်မည့် အစီအစဉ်  မရှိကြောင်း   ပြသလိုက်ခြင်းလား၊ ဟူသော စိုးရိမ်ကြောင့်ကြမှု ဖြစ် သည်။