Monday, November 26, 2012
“ကရင်လူမျိုးနှင့် ဖားစည်”
Saw Lin shared Manh Lay's photo.
သူငယ်ချင်းတစ်ယောက်ရဲ့ဖေ့ဘုတ်ပေါ်မှာ  ဖားစည်ကို မှီဖို့ အတွက်ဘဲ ထားထားတာလားဆိုတဲ့အမေးတခုဖတ်ရလို့ ဖားစည်နဲ့ပတ်သတ်တဲ့ အကြောင်း အရာတခု မျှဝေချင်စိတ်ဆန္ဒပြင်းပြလာခဲ့သည်နှင့်အမျှ...
“ကရင်လူမျိုးနှင့်  ဖားစည်”  
ဆိုတဲ့ ကရင့်ကြေးမုံစာစောင်အား တဆင့်ပြန်လည်မျှဝေလိုက်ပါမယ်။
ကရင်အမျိုးသားအပေါင်းတို့ သည် ဖားစည်ကို အမျိုးသားယဉ်ကျေးမှုအထိမ်းအမှတအနေဖြင့်အထဋ့် အမြတ်ထားပြီး လေး စားတန်ဖိုးထားကြပါတယ်။ စည်ရဲ့မျက်နှာပြင်ပေါ်မှာ ဖားရုပ်တွေရှိတဲ့အတွက် မြန်မာတွေက ဖားစည်လို့  ခေါ်ခြင်းဖြစ်ပါတယ်။အရှေ့ ပိုးကရင်ဘာသာစကားဖြင့် က္လေါဟ် (ကလူး) လို့ ခေါ်ကြပါတယ်။အဓိပာယ်ဖွင့်ဆိုရလျှင်  အလေးထားဏီးညွတ်ခြင်းမြတ်နိုးတန်ဖိုးထားခြင်း နှင့်အလေးအနက်လေးစားလိုက်နာခြင်းလို့  အဓိပာယ် ဆောင်ပါတယ်။
ရှေးကရင်တို့ သည် တောတောင်အတွင်း ရွာတည်ပီးနေထိုင်ကြသည်မှာ တစ်အိမ်နှင့်တအိမ် တစ်ရွာ နှင့်တစ်ရွာ အလှမ်းဝေးကွာလှပါသည်။ ရွာသူရွာသားများ စုဝေးစေချင်သည့်အခါ ဖားစည်ကို အား ရိုးရိုးတီးခတ်ပေးပြီး စုရုံးကြပါသည်။ အရေးကြီးသည့်ကိစ္စပေါ်လာသည့် အချိန်တွင်ဖြစ်စေ၊ရန်သူဘေးနှင့်ကြုံတွေ့ ရသည့်အချိန်တွင်ဖြစ်စေဖားစည်ကို အမှတ်အသားဖြင့် တီးခတ်ကြပြီး လူစုကြပါသည်။ရွာသူရွာသားများက အချက်ပေးသံအမှတ်အသားနှင့် တီးခတ်သံကိုနားထောင်ပြီး ကိစ္စ၏အကြောင်းရင်းကို နားလည်သဘောပေါက်ကြသည်။
တခါတရံ ရွာတွင် ရောဂါဘယထူပြောသည့်အခါ အဓိဌာန်ဖြင့် ဖားစည်ကိုတီးခတ်ပြီး ရွာကို ပတ်ကြသည်။ မကောင်းဆိုးဝါးများကိုနှင်ထုတ်ကြသည်။ ဖားစည်၏စူစူးရှရှမြည်ဟိန်းသည့်အသံသည် မကောင်းဆိုးဝါးများထွက်ပြေးပြီး ရောဂါဘယတို့ ကိုပျောက်ကင်းစေနိုင်သည်ဟု ရှေးယခင်က ကရင်လူကြီးများသည် ယုံကြည်သည့်အတိုင်းလုပ်ဆောင်ကြပါသည်။ ဖားစည်သည်အထဋ်အမြတ်ထားရသော ပစ္စည်းဖြစ်သောကြောင့် အတိတ်နိမိတ်များလည်းပြတတ်ပါသည်။ ဖားစည်မှ ထွက်ပေါ်လာသည့်အသံအား နားထောင်ပြီး အတိတ်နိမိတ်ကောက်တတ်၊နားလည်သော လူကြီးများကပြောပြသည့်အခါ ရွာသူရွာသာူးများက လုပ်ဆောင်စရာရှိသည်များကို ချက်ချင်းလုပ်ဆောင်ကြခြင်း၊ပူဇော်ကြခြင်း တို့ ပြုလုပ်ကြပါသည်။တခါတရံတွင် ဖားစည်မျက်နှာပြင်မှ အရည်များထွက်ကျ ယိုစီးလေ့ ရှိတတ်ပါသည်။ ထိုသို့ြုဖစ်ခြင်းကိုဖားစည်ငိုသည်၊ ဖားစည်မျက်ရည်ကျသည်၊မကောင်းသောနိမိတ်ဟုယူဆပြီး ဖားသ်ာကိုပူဇော်ပသခြင်းပြုကြပါသည်။ထို့ အပြင် ဖားစည်ကိုမည်သူမျှမတီးဘဲနှင့် အလိုလိုနေရင်း အသံမြည်သည်ကိုကြားရလျှင်လည်းမကောင်းသော အတိတ်နိမိတ်ပင်။ ရွာအတွင်းဒုက္ခ ရောက်တော့ မည်ဟု ယူဆကြပြီး ဖားစည်ကို ပူဇော်ပသကြရပြန်ပါသည်။
ကရင်လူမျိုးများသည် စည်ကို ဖားရုပ်များဖြင့် အဘယ်ကြောင့် ပုံသွင်း သွန်းလုပ်ကြရပါသနည်း?
 အကြောင်းစုံ ဆိုရသော်...
ကရင်လူမျိုများသည် ဖားပြုတ်အား နှစ်လိုဖွယ် သတ္တဝါအဖြစ် အသိအမှတ်ပြုကြပါသည်။ ဖားပြုတ်ဟူသည် သူတပါးအား ရန်မူလေ့ မရှိ ၊ ရန်ငြိမ်းသည့်သတ္တဝါဖြစ်ပြီး မိမိအားမခံမရပ်နိင်အေင်ရန်မူလာသည့် အခါမှသာလျှင် ရန်ပြုလာသည့်ထိုသတ္တဝါအား ၄င်း၏အရေခွံ မှထွက်လာသည့်အဆိတ်စေးများဖြင့် ပြန်လည်ခုခံ တိုက်ခိုက်လေ့ ရှိသောသဘောရှိ ပါသည်။ဖားပြုတ်တို့ ၏မူလဗီဇ သဘာဝ စိတ်နေစိတ်ထားမှာ ရောင့်ရဲ တင်းတိမ်တတ်ခြင်း၊အေးဆေးစွာနေလိုကြခြင်း၊ရိုးသားမှု ရှိပြီး အရေးကြုံလာပါက ရဲရင့်စောစိတ်၊သတ္တိထူးများရှိခြင်း၊ ခံနိုင်ရည်ရှိခြင်းတို့ ပင်ဖြစ်ပါသည်။ထို အရည်အချင်းမျးကိ မှီပြုကာ -ကရင်လူမျိုးများ၏ ရိုးသားဖြူစင်သောစိတ်သဘောထား၊အေးချမ်း   စွာနေထိုင် တတ်သောစရိုက် တို့ ကိုနှိုင်းယှဉ် ထားကြောင်းလေ့ လာ မှတ်သားခဲ့ရပါသည်။
ဖားအမျိုးမျိုးတွင် ဖားပြုတ်မသည် တန်ခိုးထက်ပြီး သစ္စာတည်သည်။ ဖားပြုတ်အော်လျှင် မလွှဲမသွေမိုးရွာသည်။ဖားပြုတ်မတွင် ဥနှင့် ကလေးများကိုပြန်မစာချေ။ ဖာုးပုတ်၏ ဥနှင့် အရေခွံကိုစားမိလျှင်လည်း မူးဝေအော့ အန်ပြီး သေဆုံးသွားနိုင်ပေသည်။သို့ သော်  ဖားပြုတ်၏အရေခွံသည် ဆေးဘက်ဝင်၏ ။ပွေး၊ဝဲ၊ယားနာနှင့် မီးလောင်ကွက်များဖြစ်လျှင်  ဖားပြုတ်၏်အရေခွံဖြင့်အုပ်ပေးလိုက်သောအခါ တခဏအချိန်တွင်ပင် ပျောက်ကင်းသွားနိုင်သည်။ ဖားရုပ်ကလေးများဖြင့် သွန်းလုပ်ထားသော ဖားစည်ကိုကား မည်သည်အချိန်တွင် ထုလုပ်အသုံးပြုခဲ့ကြသည်ကိုမူကား ယနေ့ တိုင် တိတိကျကျမသိရသေးချေ။ ( နောင်တချိန်တွင်မျိုးဆက်သစ်များသုတေသနပြု ဖော်ထုတ်နိုင်လျှင်ကောင်းပါ သည်။)ဖားစည်နှင့်ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိကြသော်လည်း ဖားစည်ကိုတန်းဖိုးထားကာ ကရင်လူမျိုးတို့ ၏ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ်  သတ်မှတ်ထားကြပါသည်။ (ထို့ ကြောင့်ဖားစည်အားထိပါးစော်ကား ရေးသားပြောဆိုသူမည်သူမဆို ကျနော်တို့ လက်မခံနိုင်ကြပေ။)ကရင်လူမျိုးတို့ ၏မူလအစ ပိုင်ဆိုင်ခဲ့သော တူရိယာ ပစ္စည်းတစ်ခုအနေဖြင့်လည်း ကရင်တစ်မျိုးသားလုံးတညီတညွတ်တည်း အားလုံးလက်ခံထားကြပါသည်။
ရှေးခောတ်ကရင်လူမျိုးများသည် တစ်ချိန်က  ကဝ လူမျိုးများနှင့်နေထိုင်ခဲ့စဉ် ဖားစည်ကို သွန်းလောင်းသောအတတ်ပညာကိုရခဲ့သည်ဟုသိရသည်။ကရင်လူမျိုးတို့ ၏ တေး၊လင်္ကာ ၊သီချင်းများအရ လွန်ခဲ့သော နှစ်တစ်ထောင်ကျော် ကတည်းကပင် ဖြစ်ကြောင်း လေ့လာသိရှိရပါသေးသည်။ရှေးက ဖားစည်ကိုသွန်းလုပ်သောအတတ်ပညာမှာ အမျိုးသားရော အမျိုးသမီးပါသွန်းလုပ်နိုင်ကြောင်း ဖားစည်အားခေါ်ဝေါ်သည့်အခေါ်ဝေါ် များမှာပင် လေ့လာသိရှိနိုင်ပါသည်။ယနေ့ ကာလတွင် ကဝနှင့် ကရင်လူမျိုးတို့ သွန်းလုပ်ခဲ့သောဖားစည်(၇)မျိုးမှာ -
(၁) က္လို ယူမူး - မဲခေါင်မြစ် ဖျားတွင် နေထိုင်သည့် အမျိုးသမီးများ သွန်းလုပ်ခဲ့သည့်ဖားစည်။
(၂) က္လိုမူ ခွါး - မဲခေါင်မြစ် ဖျားတွင် နေထိုင်သည့် အမျိုးသားများ သွန်းလုပ်ခဲ့သည့်ဖားစည်။
(၃) က္လို ကဝါမူး - ကဝ အမျိုးသမီးများသွန်းခဲ့သောဖားစည်။
(၄) က္လို ကဝါခွါ့ - ကဝ အမျိုးသားများသွန်းခဲ့သောဖားစည်။
(၅) က္လူး ယှို့  ဝေမူး - ပိုးကရင်အမျိုးသမီးများသွန်းလုပ်ခဲ့သောဖားစည်။
(၆) က္လူး ယှို့  ဝေခွါ့  - ပိုးကရင်အမျိုးသားများသွန်းလုပ်ခဲ့သောဖားစည်။
(၇) က္လူး ယူ့ ကဝ်တယ် -လွမ်းအောင်ဖန်သည့်ဖားစည် ဟူရ်ျဖြစ်ပါသည်။
ဖားစည်အားပဉ္စ လောဟာ ဟုခေါ်သော ပစ္စည်း(၅) မျိုးတို့ ဖြင့် သွန်းလုပ်လေ့ ရှိပါသည်။ရွှေ၊ငွေ၊ကြေးနီ၊ခဲနှင့် သတ္တု တို့ ကို အချိုးကျကျ မှန်ကန်စွာရောစပ်သွန်းလုပ်ပါမှ ဖားစည်၏သည်လည်း အသံသာယယာ စူးရှ မှာဖြစ်ပါသည်။ ၄င်းအပြင် ဖားစည်၏ အသံသည် သုံးယူဇနာ ထိပြေးသည် အဝေးကပင်ကြားနိုင်သည်ဟုဆိုထားသည်။ ဖားစည်များမှာမျက်နှာပြင် ပိတ်ပြီး ဖင်ပိုင်းတို့ တွင် ဖွင့်ထားရသည်။ကိုယ်ထည်မှာ ခပ်သွယ်သွယ်လေးသိမ်ပြီး ဖင်ပိုင်းတွင် နည်းနည်းလေးစွင့်ကားသွားသည်။ဖားစည်၏မျက်နှာပြင်အလယ်တည့်တည့်တွင် နေမင်းကြီး၏အလင်းရောင် သဏ္ဍန်  ဖြာထွက်နေသော အသံလှိုင်း တို့ အားတုန်ခါနေသောအမှတ်အသား များပါရှိသည်။ရောင်ခြည်မှာ ၆စွယ်မှ ၁၂ သွယ်အထိ ပါရှိပါသည်။တချို့ မှာ  ၁၈ သွယ် အထိရှိ ပါသည်။ရောင်ခြည်ဖြာ သန်းနေသော အပေါ်ဘက်နားတွင်  စက်ဝိုင်းအရစ်များပါရှိပါသည်။ ထိုစက်ဝိုင်းအရစ်များမှာ ၆ ခုမှ ၉ ခုအထိရှိ ကြပါသည်။ စက်ဝိုင်းတစ်ခုနှင့်တစ်ခုကြားတွင်  ငါးရုပ် ၊ငှက်ရုပ်၊ ပန်းပွင့်ရုပ်များဖြင့် သဘာဝ ကိုအမှီပြုဟန် ပုံဖော်ထားသည်။
ဖားစည် မျက်နှာပြင် ထောင့်စွန်းများတွင်  ၄ နေရာတွင် အချိုးကျနစွာ စီထားခြင်းကိုတွေ့ ရသည်။ဖားရုပ်များကို လက်ျာရစ် အနေအထားဖြင့် တစ်ကောင်၏နောက်ကိုတစ်ကောင်လိုက်နေသော ပုံ သဏ္ဍန်ဖြင့်သရုက်ဖော်ထားကြောင်းတွေ့ မြင်ရမှာဖြစ်ပါသည်။ဖား တစ်ကောင်ထပ်၊နှစ်ကောင်ထပ်၊ သုံးကောင်ထပ်ဆိုပြီး ဖား အမျိုးမျိုးရှိပါသည်။
    ပထမတန်းစာဖားစည် မှာ အချက် ၇ ချက် ဖြင့်စံထားကြပါသည်။
(၁) မျက်နှာပြင်တွင် ဖားရုပ်သုံးကောင်ထပ်ပြီး ( လေးမျက်နှာဆိုတော့  ဖား 
၁၂ကောင်) ရှိပါသည်။
(၃) မျက်နှာပြင်၏ အကျယ်မှာ (လူကြီး)လက်သီးဆုပ် (၆)ဆုပ်ရှိရပါမည်။
(၄) မျက်နှာပြင်၏အသံလှိုင်းများသည်၁၂သွယ်သော  ရောင်ခြည်
   ဖြာနေရပါမည်။
(၅) မျက်နှာပြင်ပိုင်းသည်အစိတ်အကျဲ မှန်ကန်ပြီး အနည်းဆုံးစက်ဝိုင်း ၆ 
ခုရှိရပါမည်။
(၆) ဖားစည်ကိုယ်ထည် ၏ နရဂါးပေါက်သည် 
ကိုယ်ထည်တွင်ဆင်သုံးကောင် ၊ခရုသုံးကောင်အရုပ်များရှိရပါမည်။
(၇) ဖားစည်၏အသံသည် အေးမြမြနှင့် တလွင်လွင်စူးရှရပါမည်။
ဖားစည်တို့ တွင် အဖိုနှင့်အမဟူရ်ျ လည်း ခွဲခြားထားပါသေးသည်။ဖားစည်အဖိုမှာ အထက်တွင်ဖော်ပြပါ အချက် ၇ ချက်ဖြင့် ပြည့်စုံသည့်ဖားစည် ပင်ဖြစ်သည်။ ဖားစည်အမမှာ ကိုယ်ထည်ပိုင်းပြတ်နေပြီး မျက်နှာပြင်တွင် ဖားရုပ်တစ်ကောင်တည်းသာရှိတတ်ပါသည်။  ခါးပိုင်းနှင့် ကိုယ်ထည်တွင် လည်း ဆင်ရုပ်နှင့် ခရုရုပ်မှာတစ်ကောင်တည်းသာဖြစ်ပါသည်။၎င်းအပြင် အသံမှာလည်း တလွင်လွင် စူးရှမှု မရှိဟုလည်း ဆိုထားသည်။ဖားစည်အဖိုကိုမူ ရိုးရိုးတီးခတ်ခြင်းသာမက စစ်ထွက်ရာတွင်လည်း တီးခတ်ကြကြောင်းသိရသည်။ 
ဖားစည်တွင် မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည်ဟူရ်ျလည်း ခွဲခြားထားပါသေးသည်။ မင်္ဂလာဖားစည်သည် ဖား၏ကြန်အင်လက္ခဏာနှင့်ပြည့်စုံသော ဖားစည်ဖြစ်သည်။ ဖားစည်ပေါ်ရှိဖားတို့ မှာ တစ်ကောင်နှင့်တစ်ကောင်ကျောပိုးကြလျှက်  တစ်ဖွဲ့နောက်တစ်လိုက်ကြလျှက် စည်းလုံးမှုညီညွတ်မှုကိုပြသ လျှက်ရှိသည်။မင်္ဂလာရှိသော နေ့ ထူးနေ့ မြတ်များဖြစ်ကြသည့် ကောက်သစ်စားပွဲ ၊အိမ်သစ်တက်ပွဲ ၊ နှစ်သစ်ကူးပွဲတော်၊ထိမ်းမြားမင်္ဂလာပွဲ ၊စစ်အောင်နိုင်ပွဲများတွင်  အထိမ်းအမှတ်အဖြစ် တီးခတ်ကြပါသည်။ 
အမင်္ဂလာဖားစည်၏ဖားရုပ်များသည်  မျက်နှာချင်းဆိုင်ရန်စောင်နေသည့် ပုံဖြစ်ပြီး သွေးကွဲနေသည့်ပုံကိုဆောင်ပါသည်။၎င်းဖားစည်ကိုကား -  အသုဘကိစ္စ၊ အရိုးကောက်ပွဲ ၊ရွာနှင်ဒဏ် ပေးသည့်အခါများတွင် တီးခတ်ကြသည်။  
 (ရှေူးအခါက ကရင်လူမျိုးမျိုးများတွင်လူမှုရေးအကျင့်သီလဖောက်ပြန်ခဲ့ပါက ရွာကိုကြီးမားစွာထိခိုက်စေသည်ဟုအယူရှိပြီးလူမှုရေးဖောက်ပြန်ကျူးလွန်သူအား ရွာနှင်ဒဏ်ပေးကြပါသည်။)
မင်္ဂလာဖားစည်ကို ဖားစည်အေးဟုခေါ်ပြီး အမင်္ဂလာဖားစည်ကိုမူ ဖားစည်ပူဟုသတ်မှတ်ခေါ်တွင်ကြသည်။ ရွှေဖားစည် ၊ငွေဖားစည်များလည်းရှိပါသေးသည်။ ရွှေဖားစည်ဟုခေါ်ဆိုသော်လည်း ရွှေ ချည်းသက်သက် သွန်းလုပ်ထားခြင်းမဟုတ်ပါ။ အသံလှိုင်းအတွက် အရစ်ဖော်ရာတွင် အရစ်စက်ဝိုင်းကို ရွှေဖြင့်ဖော်ထားခြင်း ၊ငွေဖြင့်ဖော်ထားခြင်းကြောင့် ရွှေဖားစည်ငွေဖားစည်ဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ယခုခောတ်တွင်မူ သိပ်မတွေ့ ရတော့ ပေ။ 
 ဖားစည်အားတီးခတ်ပုံ
ဖားစည်ကို တီးခတ်မည်ဆိုလျှင် လက်နှစ်ဖက်လုံးကိုအသုံးပြုပြီး တီးခတ်ရပါသည်။ ညာဘက်လက်ဖြင့် ဖားစည်၏ မျက်နှာပြင်ကိုထုပြီး ဘယ်ဘက်လက်ဖြင့်တုတ် ပါးပါးလေးတစ်ချောင်း(သို့ ) နှီး စည်းဖြင့်ဖြစ်စေ ဖားစည်ထဲသို့  လျှိုသွင်းရ်ျတီးခတ်ရပါသည်။ဖားစည်ကိုတီးခတ်သည့်အခါ  နည်းလမ်းမှန်ဖြင့် မတီးခတ်လျှင် လူကိုထိခိုက်စေနိုင်သည်ဟု အယူအဆလည်းရှိပါသည်။
ဖားစည်ကိုအကြောင်းမဲ့မည်သူမျှ မတီးခတ်ရ ဟုလည်း တားမြစ်ထားကြသည်။ဖားစည်ကိုအဓိကထားပြီး လင်းကွင်း ၊နှဲ ၊ မောင်း၊ အိုးစည်တို့ ဖြင့် တွဲဖက်ရ်ျ တီးခတ်ခြင်းလည်းရှိပါသည်။
ဖားစည်ကို ရိုးရာအမွေအနှစ် အထိမ်းအမှတ် အနေဖြင့် ကျန်ုပ်တို့  ဆက်လက်ပြီးထိမ်းသိမ်းရပေမည်။ကရင်ပြည် ၊ဖားအံမြို့ ၊ အထင်ကရနေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းဆုံရှိရှိ ကျောက်တိုင်ထိပ်တွင် ဖားစည်ရုပ်ထုကို လေးစားတန်းဖိုးထားစွာဖြင့် ထုလုပ်ထားသည်သညမက ရန်ကုန်မြို့  တိုင်းရင်းသားရွာရှိ  ကရင်ရွာ တွင်လည်း ဖားစည်ရုပ်ထုဖြင့်အိမ်ရှေ့ ပန်းခြံအတွင်း အထွဋ်အမြတ်ထားကာပြုလ်ုထားသလို အိမ်ဘေးတွင်လည်း ဖားစည်ပုံ ကြီးကြီးဖြင့်ဝမ်းဗိုက်အတွင်းကရင့်ရိုးရာအဝတ်အထည်များ ရောင်းချရာဆိုင် ခန်း ပြုလုပ်ထားသည်မှာ လည်း ခမ်းနားထည်ဝါလျှက်ရှိနေပါတော့ သည်။
ထို့ ကြောင့် ကျန်ုပ်တို့ ၏ရိုးရာသင်္ကေတ အမွေအနှစ် ဖြစ်သည့်ဖားစည်ကို ကရင်အမျိုးသား ၊အမျိုးသမီးများ၏အထွဋ် အမြတ်ထားသော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဆက်လက်ရ်ျ လက်ဆင့်ကမ်းထိန်းသိမ်း ကြပါစို့  ဟု တိုက်တွန်းရင်း.... ကရင်လူမျိုးများမိမိတို့  ယဉ်ကျေးမှုအမွေအနှစ်အကြောင်းကိုပိုမိုသိရှိနားလည်သဘောပေါက်လာပြီး တန်ဖိုးထားလေးစားကာ ဝိုင်းဝန်း ထိန်းသိမ်းတတ်စေရန်မျှဝေအပ်အ်သည်။
က်ျအကြောင်းအရာအားပြန်လည်မျှဝေနိုင်စေရန် ကရင့်ကြေးမုံ စာစောင်အားထိမ်းသိမ်းထားသူများနှင့်ထုတ်ဝေသူအားလုံးကို အထူးကျေးဇူးတင်လျှက်...။
(ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးအဖြစ် ထည်ဝါစွာ ရပ်တည်နိုင်ရန် မိမိတို့ ၏ ရိုးရာ၊ဓလေ့ထုံးတမ်းအစဉ်အလာများ နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မကွယ်ပျောက် မတိမ်ကောသွားစေရန် လူမျိုးတိုင်း ထိန်းသိမ်းစောင့်ရှောင့် တတ်ရန်အထူးလိုအပ်ပေသည်။)
စဝ်. အဲဆိုဒ်ဖေါဟ် (တ်ုဏီ့ စာရီ =ခေါဟ်လံင် ခါန့် ဆံင်.)
သူငယ်ချင်းတစ်ယောက်ရဲ့ဖေ့ဘုတ်ပေ
ါ်မှာ ဖားစည်ကို မှီဖို့ အတွက်ဘဲ ထားထားတာလားဆိုတဲ့အမေးတခုဖတ်ရလို့ ဖားစည်နဲ့ပတ်သတ်တဲ့ အကြောင်း အရာတခု မျှဝေချင်စိတ်ဆန္ဒပြင်းပြလာခဲ့သည
်နှင့်အမျှ...
“ကရင်လူမျိုးနှင့် ဖားစည်”
ဆိုတဲ့ ကရင့်ကြေးမုံစာစောင်အား တဆင့်ပြန်လည်မျှဝေလိုက်ပါမယ်။
ကရင်အမျိုးသားအပေါင်းတို့ သည် ဖားစည်ကို အမျိုးသားယဉ်ကျေးမှုအထိမ်းအမှတအနေဖြင့်အထဋ့် အမြတ်ထားပြီး လေး စားတန်ဖိုးထားကြပါတယ်။ စည်ရဲ့မျက်နှာပြင်ပေါ်မှာ ဖားရုပ်တွေရှိတဲ့အတွက် မြန်မာတွေက ဖားစည်လို့  ခေါ်ခြင်းဖြစ်ပါတယ်။အရှေ့ ပိုးကရင်ဘာသာစကားဖြင့် က္လေါဟ် (ကလူး) လို့ ခေါ်ကြပါတယ်။အဓိပာယ်ဖွင့်ဆိုရလျှင် အလေးထားဏီးညွတ်ခြင်းမြတ်နိုးတန်ဖိုးထားခြင်း နှင့်အလေးအနက်လေးစားလိုက်နာခြင်းလို့  အဓိပာယ် ဆောင်ပါတယ်။
ရှေးကရင်တို့ သည် တောတောင်အတွင်း ရွာတည်ပီးနေထိုင်ကြသည်မှာ တစ်အိမ်နှင့်တအိမ် တစ်ရွာ နှင့်တစ်ရွာ အလှမ်းဝေးကွာလှပါသည်။ ရွာသူရွာသားများ စုဝေးစေချင်သည့်အခါ ဖားစည်ကို အား ရိုးရိုးတီးခတ်ပေးပြီး စုရုံးကြပါသည်။ အရေးကြီးသည့်ကိစ္စပေါ်လာသည့် အချိန်တွင်ဖြစ်စေ၊ရန်သူဘေးနှင့်ကြုံတွေ့ ရသည့်အချိန်တွင်ဖြစ်စေဖားစည်ကို အမှတ်အသားဖြင့် တီးခတ်ကြပြီး လူစုကြပါသည်။ရွာသူရွာသားများက အချက်ပေးသံအမှတ်အသားနှင့် တီးခတ်သံကိုနားထောင်ပြီး ကိစ္စ၏အကြောင်းရင်းကို နားလည်သဘောပေါက်ကြသည်။
ကိုမိုးသီး ၊ ဦးနု ၊ မဟာဗမာ နှင့် ဘင်္ဂါလီကုလား ပြဿနာ by Bo K Nyein on Sunday, November 25, 2012 at 10:23pm · ကိုမိုးသီး ၊ ဦးနု ၊ မဟာဗမာ နှင့် ဘင်္ဂါလီကုလား ပြဿနာ
အပိုင်း (၁)
ဒီဆောင်းပါးကို မရေးချင်ဖူး
အကြောင်း က စာရေးသူ ဟာ (၈၈) တွေ အထဲမှာ  ကိုမိုးသီးကိုအခင်ဆုံး
ကိုမိုးသီး နဲ့ ညီအကို လိုဖြစ်နေလို့
လူတိုင်းဟာ ပုဂ္ဂိုလ် ရေး သံယောဇဉ် ဆိုတာ ရှိစမြဲ ပဲ
ဒါပေမဲ့ နိုင်ငံရေး မှာ နေရာတိုင်းမှာ (အားနာ) လို့ မရ
(အားနာ) ရင် (အားပါ) သွားတတ်တာမို့ ပါ
မနေသာ လွန်းလို့ရေးရတာပါ
ဗိုလ်မိုး ၊ စာရေးသူ ရဲ့ စေတနာ ကို နားလည် ပေးနိုင် ပါစေလို့ ဆုတောင်းရင်း
စိတ်လေးလေး နဲ့ ရေးရတော့မယ်
အဓိက အကြောင်း က လူငယ်လေးတွေ (အတွေး) မမှားစေချင်လို့ပါ။
စာရေးသူ အထင် (၈၈) တွေ အထဲ မှာ ကိုမိုးသီး ဟာ
ကိုမင်းကိုနိုင် နဲ့ အတူ Charisma  အရှိဆုံး လို့ ပြောလို့ ရမယ်လို့ ထင်မိတယ်။
ဒါပေမဲ့ လောကမှာ Nature နဲ့ Nurture ဆိုတာရှိပါတယ်
ဗမာစကား မှာ လည်း တံငါ နားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုတဲ့ စကားရှိတယ် မဟုတ်လား
ကိုမင်းကိုနိုင် တို့က ထောင်ထဲဝင်ကြပြီး ၊ ပြည်သူ့ ရင်ခွင်မှာ ကျန်ခဲ့ကြတယ်
မိုးထဲလေထဲမှာ ၊ နိုင်ငံရေး ခံယူချက်တွေ ပို ခိုင်(မာ) ခဲ့ကြရတယ်
ကိုမိုးသီးကတော့ အဝေးကို ရောက်ခဲ့ရတယ်
ရလဒ် က နိုင်ငံရေး maturity နဲ့ Principle တွေမှာ ခြားနားသွား ကြတယ်
အဓိက က ကိုမိုးသီး ခမြာ Base ပျောက်သွားတယ်
Base ကိုလိုက်ရှာရင်း ပေါ်ပြူလာနိုင်ငံရေး ဖက် နယ်ကျွန်သွားရှာတယ်
ကိုမိုးသီးရဲ့ အဓိက အားနဲချက် က Detail Oriented မဟုတ်ဖူး
Vision ကိုပြောရင် Charisma ရှိတဲ့ သူမို့ နားထောင်လို့ကောင်းတယ်
မသိတဲ့ သူတွေ အဖို့ ဟုတ်လိုက်တာဗျာ ဆိုပြီး
ပါးစပ် ဟောင်းလောင်း နဲ့ ကျန်ခဲ့ပေမဲ့
(သိ) တဲ့သူအဖို့ (ဟောင်းလောင်း) ကြီးဖြစ်နေတတ်တယ်
စိတ်မကောင်းစရာ က ပေါ်ပြူလာနိုင်ငံရေး ဖက် နယ်ကျွန် သွားတဲ့ အတွက်
လူအထင်ကြီး အောင် (အပို) တွေ သိပ်များလာ ရာက (မူ) (principle) ပျောက်သွားတယ်
မောဟ တွေကြားမှာ (Honesty) ဆိုတာ ပျောက်ကွယ် သွားရတယ်
စိတ်မကောင်း စရာပါ
ဥပမာ နိုင်ငံရေး နားလည်သူတိုင်း ၊ ဒေါ်စု အတွ့ မခံဖူး ဆိုတာ သိ ကြတာပဲ
ဒေါ်စု (သတိ)  ရှိတာ နိုင်ငံရေး အမြင်ရှိတဲ့ လူတိုင်း သိကြတာပဲ။
ထိုင်းလာတုန်း က လည်း လူတိုင်းကို အတွေ့မခံ လို့ ၀ိုင်းတွန်းပို့ကြသေးတယ် မဟုတ်လား
NY Times မှာ တောင် ဝေဖန်ခံ ရသေးတယ်
ဒါကို (သိ) လျှက်နဲ့ စာစောင်တွေက မေးတော့ နောက်အပတ် လောက်တွေ့ မယ်ဆိုတာ
အမှန်တွေး တတ်ရင် (Honest) မဖြစ်တာပဲ။
မသွားခင် ကတည်း က ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ်
ဟိုလူနဲ့ တွေ့ မယ် ၊ ဒီလူနဲ့ တွေ့မယ် ဆိုပြီး ကြိမ်းမောင်းလာလိုက်ကြတာ
တကယ် မတွေ့ရတော့ … (ရှက်) စရာကြီး
ငြိမ်းချမ်းရေး မစ်ရှင် တို့ ဘာတို့ ဆိုတာတွေ ဟာလည်း
တကယ် စဉ်းစား တတ်တဲ့ သူတွေ အဖို့
ဘာအဓိပ္ပါယ်မှ မရှိဖူး
ငြိမ်းချမ်းရေး ကို ကူနိုင်ဖို့ က
ကိုယ့်မှာ အဖွဲ့ အစည်း လည်း မရှိ
တပ်လည်း မရှိ
နယ်မြေ လည်းမရှိ
ဘာမှ မရှိပဲ ဘယ် လက်နက်ကိုင် အဖွဲ့ အစည်းကမှ
ကိုယ့် စကားကို လာနားထောင်မှာလဲ
ကီစင်ကာ (Kissinger) လည်းမဟုတ်
လူအထင်ကြီးအောင် လုပ်တာသက်သက် လို့ တွေးလို့ရတယ်
အဆိုးဆုံက
နိုင်ငံရေးမှာ (မိမိ) လူမျိုးအကြောင်း ကို (သိ) ရမယ်
မော်စီတုံး တော်လှန်ရေး အောင်မြင်တာ တရုတ် အကြောင်း (သိ) လို့
အင်တာနက် ခေတ်မှာ အရင် လို လွယ်လွယ် (ရွှီး) လို့ မရတော့ဖူး
ကမ္ဘာကြီး ဟာ (ပြား) သွားပြီ ၊ မဟုတ်လား
ကိုမိုးသီး က မြန်မာနိုင်ငံ က ခွဲရတာကြာတော့
ဗမာ တွေ အကြောင်းမေ့ သွားပုံရတယ်။
ရေအေးအေး အစား ရေချမ်းချမ်း အတွေးတွေ ၀င်သွားပုံရတယ်
မြန်မာ သတင်းထောက် လူငယ် တွေကို အထင်သေးလို့ မရဖူး
အပြိုင်အဆိုင် သိပ်များ တော့ အလွန် (ကြိုးစား) ကြတယ်
ဇပ်ဇပ်ကျဲ တွေချည်းပဲ
တချက်မှားလို့ ကတော့ (အချွန်) နဲ့ (ကလော်) ခံရပြီ မှတ်
ဝိုင်း သမ ကြမှာ
မေသကြန်လို အင်တာဗျူး စပယ်ရယ်လစ် နဲ့ တွေ့တော့
ကြောကော့ အောင် (ခံ) ပေတော့ပဲ
နိုင်ငံရေးမှာ (မူ) ရှိရတယ်။
အာရပ် တွေက သမ္မတဘုရ် ကို
ဘိနပ် နဲ့ ပေါက်တော့ ၊ နံမည်ကျော်သွားတယ်
ကိုမိုးသီး က
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို
နယူရောက်မှာ ဘိနပ် နဲ့ ပေါက်ခဲ့တယ်
နံမည်ကျော် ခဲ့ရတယ်
ဟော ဗိုလ်ချုပ်ကြီးသိန်းစိန် ကနေ
သမ္မတကြီး ဦးသိန်းစိန် ၊ ဖြစ်လာတော့
(ဂ) ကွေ့ ၊ ကွေ့သွားပြန်ရော
မလေးရှားမှာ ဘင်္ဂါလီ တွေနဲ့ တွေ့တာ
 ဗီဒီယို မှာ တန်းလန်းကြီး ပါနေရော
ပြည်တွင်းမှာ မေးကြတော့ ၊ အစိုးရကို စိတ်ဆိုးနေုတုန်းမို့ပါတဲ့
နိုင်ငံရေးဆိုတာ emotion အရ လုပ်ချင်တာ ထ လုပ်လို့မရ
နယူးရောက်ပြန်ရောက်တော့
ဘုန်းကြီးတွေကို ဆဲ လို ဆဲ
ဟော အိုဘားမား ရဲ့ မိန့်ခွန်းကို သုံးသပ်ရာမှာ
(မဟာဗမာ) ပါတဲ့
အိုဘားမားက နိုင်ငံရေး သမား စစ်စစ်
ဒေါ်စု နဲ့ တွေ့တော ဘားမား
ဦးသိန်းစိန်အရှေ့ကြတော့ မြန်မာ
ဒီလို လူမျိုးက ဘယ်တော့မှ (မဟာဗမာ) ဆိုတာ ကို မသုံးပါ။
ဒီ (မဟာဗမာ) ဆိုတာ ကိုမိုးသီး ရဲ့ အသုံးအနှုံး ဆိုတာ ထင်ရှားပါတယ်။
တိုင်းရင်းသားတွေ (မဟာဗမာ) လို့ ခေါ်ဝေါ် ကြတာ နားလည်နိုင်တယ်
ဗမာ အချင်းချင်း (မဟာဗမာ) ဆိုတာ ဗမာကို သက်သက် စော်ကားတာပဲ
ဗမာ ဘယ်နှစ်ယောက် ၊ မဟာဗမာ စိတ် ရှိမယ် ၊ ထင်ပါသလဲ
စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ
Thein Moe and 2 other friends shared Thet Ko Oo's photo.
စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ
သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ  ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။
ရေကူးပါ
ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
ရေစိမ်ချိုးပါ
ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ  လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။
ရေသောက်ပါ
ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။
ရေပက်ဖျန်းပါ
စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ရေပက်ဖျန်းပါ
ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။
ဇွန် Ref:By Good Health Originally
စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ
သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှ
ိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။
ရေကူးပါ
ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
Sunday, November 25, 2012
အကျဉ်းထောင်တွင်းဘ၀ သရုပ်ဖော်ပုံများ (၁)
အကျဉ်းထောင်တွင်းဘ၀ သရုပ်ဖော်ပုံများ (၁)
~~~~~~~~~~~~~~~~~~~~~~~~
ဒီပုံက ... ထောင်ထဲ စ၀င်ဝင်ချင်း ဗူးလို့ ခေါ်တဲ့ တံခါးရှေ့မှာ
တန်းစီထိုင်ကြရတဲ့ပုံကို သရုပ်ဖော် ထားတာပါ။
'၅ယောက်တတွဲတန်းစီ၊ ဆောင့်ကြောင့်ထိုင်၊ လက်တွေပိုက်ထား၊
ခေါင်းတွေငုံ့ထား၊ လုံးဝခေါင်းမဖော်နဲ့' ဆိုတဲ့ အော်ဟစ်ကြိမ်းမောင်းသံတွေ
ခုထိ အထိတ်တလန့် ကြားယောင်နေဆဲ။
လူတစ်ယောက်ကို ထောင်ထဲစ၀င်လိုက်တာနဲ့
ဦးချိုးလိုက်တဲ့သဘော ဖြစ်ပါတယ်။
တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကို လူဖြစ်တယ်ဆိုတဲ့အကြောင်း
မေ့လျော့သွားအောင် Brainwash လုပ်လိုက်တာ ဖြစ်တယ်။
ဒါကြောင့် ကျနော်ထောင်ထဲက ထွက်လာစက တင်တဲ့ကဗျာလေးမှာ
ငါ့ကိုယ်ငါ လူဖြစ်တဲ့အကြောင်း အတင်းကြိတ်မှိတ်မေ့ဖျောက်ထားတဲ့ရတယ်
... လို့ ရေးခဲ့တာဖြစ်ပါတယ်။
စကားနဲ့ နာကျည်းအောင် ပြောမိရုံနဲ့ လူတစ်ယောက်ကို
ထောင်ဆိုတဲ့ ငရဲထဲ ဆွဲသွင်းတယ်ဆိုတာ အင်မတန်အပြစ်ကြီးပါတယ်။
ထောင်ဆိုတဲ့ ငရဲဘယ်လောက်ကြီးတယ်ဆိုတာ လက်တွေ့သိအောင်
ထောင်ထဲမှာ နေရတဲ့ဘ၀တွေ ဘယ်လောက်ဆိုးတယ်ဆိုတာ
သရုပ်ဖော်ပုံတွေနဲ့တကွ ပြပါ့မယ်။
ဒါမှ လူတစ်ဘက်သားကို မတရား ထောင်ထဲထည့်သူတွေ
ကိုယ်ပြုတဲ့ အကုသိုလ်အတိမ်အနက်ကို ကိုယ်နားလည်အောင်ပါ။
ဒီလို ဗူးဝမှာ မဟားဒယား ဆက်ဆံခံရတာဟာ အစပဲ ရှိပါသေးတယ်
အထဲမှာ ဒီ့ထက်ဆိုးတဲ့ ရက်စက်မှုပေါင်းများစွာက စောင့်ကြိုနေလေရဲ့။
Saturday, November 24, 2012
ဦးအောင်မင်း ပြောသွားတဲ့ တရုတ်ကို ကြောက်ရတယ်
စိတ်ဝင်စားဘို့ ကောင်းတယ်
ဦးအောင်မင်း ပြောသွားတဲ့ တရုတ်ကို ကြောက်ရတယ်ဆိုတာလည်း ဟုတ်ပါတယ်..... အခုလက်ရှိ မြန်မာနိုင်ငံက တရုတ်နဲ့ ကျွံဝင်ထားတာတွေ အများကြီးမို့လို့ပါပဲ..... တရုတ်က နည်းနည်းလေး လှုပ်ရုံနဲ့ မြန်မာတော်တော် လှုပ်ထွက်သွားမယ့် ကိစ္စတွေ များတယ် ဆိုရမယ်.....
နောက်တစ်ခုက လက်နက်ကိုင် အဖွဲ့အစည်း..... အခုလက်ရှိမှာ ၀ နဲ့ ကေအိုင်အေနှစ်ခုမှာ ၀ က
တရုတ်ထက် သူ့အားသူကိုးဖို့ လုပ်နေတာတွေ များတယ်.... နောက်တစ်ခုက ၀ က သူ့ပြည်နယ်ထဲမှာ ၀ တွေ အများစု ရှိတယ်... အဲ့ဒိတော့ သူ့ပြည်နယ်သူ ပြည်နယ်သားကိုပဲ ကြည့်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ၀ နဲ့က စစ်ဖြစ်နိုင်ချေက ကိုယ့်ဘက်က သွားမစသရွေ့၊ မကြပ်သရွေ့ မကျစ်သရွေ့တော့ လောလောဆယ် နည်းတယ် ဆိုရမယ်....
ကေအိုင်အေကတော့ တရုတ်နဲ့ ပါတ်သက်မှုက ငြင်းလို့မရဘူး..... နောက်ပီး ကေအိုင်အေက ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ အားလုံးကို ကိုယ်စားမပြုဘူး.... ဘာလို့လည်းဆိုတော့ ကချင်ပြည်နယ်မှာပဲ အခုလက်ရှိ နယ်ခြားစောင့်တပ် ဖွဲ့ထားတဲ့ NDKA က ဦးစခုန့်တိန့်ယိန်းတို့ရှိတယ်.... အဲ့လိုပဲ ကချင်ပြည်နယ်မှာ ရှမ်းတွေလည်း ရှိတယ်၊ ဗမာတွေလည်း ရှိတယ်....
အဲ့ဒိတော့ ၀ နဲ့ ကေအိုင်အေမှာ ကေအိုင်အေက သူ့အုပ်ချုပ်မှုအောက်က ပြည်သူပြည်သားတွေကို ၀ လောက်ငဲ့စရာမရှိတော့ ကေအိုင်အေက ပိုသတိထားရမယ့် သဘောရှိတယ်.... အခုလက်ရှိလည်း တရုတ်ကြီးစီက ပံ့ပိုးမှုနဲ့ ကေအိုင်အေ စွာလာတာတွေ ရှိနေတော့ ဖြစ်နိုင်ချေက သူပဲ...... အဲ့ဒိတော့ ဦးအောင်မင်းပြောသလို စစ်တိုက်နေရင် တိုင်းပြည်တိုးတက်ဖို့က နှောင့်နှေးနေမှာပဲ..... ဒါ့ကြောင့် သူတရုတ်ကို ကြောက်တယ် ဆိုတာ ဒီလိုလုပ်လာမှာတွေကို ကြိုတွေးလို့ ပြောတယ်လို့ သတ်မှတ်လို့ရတယ်.....
အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ 23 November 2012
Zaw Lin shared Aye Chan Mon's photo.
အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ
    23 November 2012   
အမျိုးသားများ၏ ဆီးလမ်းကြောင်းပြဿနာအဖြာဖြာဆီးကျိတ်ဆိုတာဟာ သစ်ကြားသီး ပုံသဏ္ဌာန် အကျိတ် တစ်ခုဖြစ်ပြီး ဆီးအိမ် အောက်ဘက် ဆီပြွန်နဲ့
ကပ်လျက် စအိုအရှေ့မှာ တည်ရှိ နေပါတယ်။ ဆီးကျိတ် ရဲ့တည်နေရာ ကို အောက်မှာ ပုံနဲ့တကွ ဖော်ပြလိုက် ပါတယ်။
Q. အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦးအနေနဲ့ ဆီးကျိတ်ရောဂါဖြစ်နိုင် ပါသလား၊ ရောဂါဖြစ်ရင် ဘယ်လိုဝေဒနာ တွေခံစားရနိုင်ပါသလဲ။
A. အသက်ကြီးသူတစ်ယောက်အနေနဲ့ ဆီးကျိတ်ရောဂါဖြစ်ပေါ်နိုင်ပါတယ်။ ဆီးကျိတ်မှာ ရောဂါဝင်တာကို လိင်ဆက်ဆံ တာကို တက်ကြွမှုရှိနေတဲ့ ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ အတွေ့များလေ့ရှိ တတ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် နဲ့ ယခုအချိန် နှိုင်းယှဉ်ရင် ဆီးကျဉ်တာနဲ့ သွေးထဲမှာ ဆီးပါတာတွေကြောင့် ဆရာဝန်ကို လာရောက်ပြသတဲ့ လူနာတွေ ပိုများပါတယ်။ အခုအချိန်မှာမူ ဆီးလမ်း ကြောင်း ပိုးဝင်တာကြောင့် ဆေးခန်းကို လာပြသူတွေ ပိုများကြပါတယ်။
Q. ဆီးကျိတ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ဖော်ပြပါ။
A. ဆီးကျိတ်ဟာ မျိုးပွားနိုင်ဖို့ သုက်ပိုး တွေအတွက် အာဟာရတွေ ထုတ်လုပ် ပေးတာကြောင့် သုက်ရည်အတွက် အ ရေးကြီးပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ဟာ ၃၅ နှစ်အရွယ်မှာ စတင်ပြီး ကြီးလာနိုင်ပါတယ်။ ဒီလိုကြီးလာတဲ့ ပြောင်းလဲမှုကို မှန်ပြောင်းနဲ့ ကြည့်ရှုရင် မြင်ရနိုင်ပေမယ့် ဆီးလမ်းကြောင်းနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ မပေါ်ပေါက်သေး ပါဘူး။ ဆီးအိမ်က ဆီးကျိတ်ကြီးလာတဲ့ ပြောင်းလဲမှုကို ထိန်းညှိနိုင်လို့ပါ။ ဆီးကျိတ်ကြီး လာတာဟာ အမျိုးသား လိင်ဟော်မုန်း တက်စတိုစတီရုန်းနဲ့ အကျိတ်ရဲ့ ဆဲလ်အစိတ်အပိုင်းနဲ့ သွေး ကြောအစိတ်အပိုင်းတွေ ကြီးထွား လာတာကြောင့်ပါ။ ဒီလိုကြီးထွားလာတဲ့ဖြစ် စဉ်ဟာ တစ်ခုနဲ့တစ်ခု အချိုးအစား မညီမျှတာကြောင့် တစ်ယောက်နဲ့တစ် ယောက်ကြားမှာလည်း ဆီးကျိတ်ကြီးထွား မှုဟာ တူညီမှုမရှိနိုင်ပါဘူး။
Q. ဆီးကျိတ်ကြီးတဲ့ ဖြစ်စဉ်ဟာ ဆီး ကျိတ်ရဲ့ဘယ်နေရာက စတင်ဖြစ်ပေါ် တတ်ပါသလဲ၊ ဘာလက္ခဏာတွေပြတတ် ပါသလဲ။
A. BPH ခေါ်တဲ့ ဆီးကျိတ်ကြီးထွားတဲ့ ဖြစ်စဉ်ဟာ ဆီးကျိတ်ရဲ့အလယ်ပိုင်းနေရာ မှာ ပိုမိုကြီးထွားတတ်တာကြောင့် ဆီးပြွန် ကို ဖိထားနိုင်ပြီး ဆီးလမ်းကြောင်းပိတ်ဆို့ တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာမှာမူ အကျိတ်ရဲ့ ဘေးနေရာမှာ ပိုမိုကြီးထွားတတ်ပါတယ်။ ဒါကြောင့် ဆီးပြွန်ကို ဖိထားနိုင်တဲ့အပြင် ဘေးပတ်ဝန်းကျင်မှ အစိတ်အပိုင်းတွေ ကိုလည်း ဖိထားနိုင်တဲ့အတွက် အဲဒီနေရာ တစ်ဝိုက်မှာ False capsule ဖြစ်ပေါ် တတ်ပါတယ်။
Q. BPH ရောဂါဟာ ဘယ်အသက်အရွယ်မှာ စတင်ဖြစ်ပေါ်တတ်ပါသလဲ။ ဘာကြောင့်အသက် ကြီးသူတွေမှာပဲ ဆီးလမ်းကြောင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေ တွေ့ရှိရပါသလဲ။
A. BPH ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ ရော ဂါဟာ အမျိုးသားတွေမှာ အစောဆုံး အသက် ၃၀ အရွယ်မှာ စတင်ဖြစ်ပေါ် တတ်ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၃၀ အရွယ်မှာ ၂၅ ရာခိုင်နှုန်း၊ အသက် ၄၀ အရွယ်မှာ ၃၅ ရာခိုင်နှုန်း၊ အသက် ၅၀ အရွယ်မှာ ၅၀ ရာခိုင်နှုန်း နဲ့ အသက် ၈၀ အရွယ်မှာ ၈၀ ရာခိုင်နှုန်း ဟာ BPH ဖြစ်တတ်ပါတယ်။ ဆီးကျိတ်အနည်းငယ်ကြီးရုံနဲ့ ဆီး လမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ မပေါ်ပေါက်နိုင်သေးပါဘူး။ ဆီးကျိတ် အနေနဲ့ ဆီးအိမ်ထက်ကြီးမားလာမှသာ အောက်ပိုင်းဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ စတင်ပေါ်ပေါက်တတ် ပါတယ်။ ဒီအခြေအနေကို Clinical BPH လို့ ခေါ်ပါတယ်။ Clinical BPH က များသောအားဖြင့် အသက်၅၀ကျော် သူတွေမှာသာ ဖြစ်တတ်ပါတယ်။ လေ့ လာမှုအရ အသက် ၅၀ ကျော်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ အသက် ၆၀ ကျော်သူ တွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ Clinical BPH ဖြစ်ပေါ်တတ်ပါတယ်။
SM
အေးချမ်းမွန်မှ  Good Health  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Good Health
အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ
23 November 2012
အမျိုးသားများ၏ ဆီးလမ်းကြောင်းပြဿနာအဖြာဖြာဆီးကျိတ်ဆိုတာဟာ သစ်ကြားသီး ပုံသဏ္ဌာန် အကျိတ် တစ်ခုဖြစ်ပြီး ဆီးအိမ် အောက်ဘက် ဆီပြွန်နဲ့
ကပ်လျက် စအိုအရှေ့မှာ တည်ရှိ နေပါတယ်။ ဆီးကျိတ် ရဲ့တည်နေရာ ကို အောက်မှာ ပုံနဲ့တကွ ဖော်ပြလိုက် ပါတယ်။
Q. အသက် ၅၁ နှစ်အရွယ် အမျိုးသား တစ်ဦးအနေနဲ့ ဆီးကျိတ်ရောဂါဖြစ်နိုင် ပါသလား၊ ရောဂါဖြစ်ရင် ဘယ်လိုဝေဒနာ တွေခံစားရနိုင်ပါသလဲ။
A. အသက်ကြီးသူတစ်ယောက်အနေနဲ့ ဆီးကျိတ်ရောဂါဖြစ်ပေါ်နိုင်ပါတယ်။ ဆီးကျိတ်မှာ ရောဂါဝင်တာကို လိင်ဆက်ဆံ တာကို တက်ကြွမှုရှိနေတဲ့ ငယ်ရွယ်တဲ့ အမျိုးသားတွေမှာ အတွေ့များလေ့ရှိ တတ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် နဲ့ ယခုအချိန် နှိုင်းယှဉ်ရင် ဆီးကျဉ်တာနဲ့ သွေးထဲမှာ ဆီးပါတာတွေကြောင့် ဆရာဝန်ကို လာရောက်ပြသတဲ့ လူနာတွေ ပိုများပါတယ်။ အခုအချိန်မှာမူ ဆီးလမ်း ကြောင်း ပိုးဝင်တာကြောင့် ဆေးခန်းကို လာပြသူတွေ ပိုများကြပါတယ်။
Q. ဆီးကျိတ်ရဲ့ လုပ်ငန်းဆောင်တာ တွေကို ဖော်ပြပါ။
ကျေးဇူးခံ၊ ကျေးဇူးစား ပြဿနာ ရှင်းတမ်း
ကျေးဇူးခံ၊ ကျေးဇူးစား ပြဿနာ ရှင်းတမ်း
တရုတ်က မြန်မာပြည်ကို ငတ်တုန်းကျွေးထားခဲ့တဲ့ ကျေးဇူးတွေ ရှိတယ် ဆိုတဲ့ စကားဗျာ တနုံ့နုံ့ဖြစ်ရလွန်းလို့၊ သမိုင်းနဲ့ချီပြီး သုံးသပ်မိတယ်။
၁၉၆၂ မတိုင်မီတုန်းက ကျနော်တို့တိုင်းပြည်ဟာ ဘာကြွေးမြီမှ မရှိရုံမက၊ ကမ္ဘာ့ဘဏ်ထဲ အရန်ရွှေတွေ တောင် ရှိခဲ့တယ်။
အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်၊ အကောင်းဆုံးဆေးရုံ၊ နဲ့ အချမ်းသာအကြွယ်ဝဆုံး တိုင်းပြည်။
လွတ်လပ်ရေး ဆုံးရှုံးခဲ့သည်တိုင် ထိုင်း ကိုတောင် ပို့ကုန်တဘက်သတ်နဲ့၊
ရွှေကျီးနိုင်လွန်၊ ဟံသာအေးနိုင်လွန်၊ ကြက်ဆင်ဖဲထီး၊ ပွင့်ကောင်း ငပိငံပြာရည်တို့ နိုင်ငံခြားပို့ကုန်တွေ ဖြစ်ခဲ့ရ။
ခေါင်းဆောင်တွေဆိုလည်း ဦးနု ဟာ အရှေ့တောင်အာရှမှာ သြဇာရှိတဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့သလို(အင်ဒိုနီးရှားလွတ်လပ်ရေးအတွက် တောင် ထောက်ပံ့ခဲ့တယ်)၊ ဦးသန့်ဟာ နိုင်ငံတကာ က လေးစားလွန်းရတဲ့ ကမ္ဘာ့ ခေါင်းဆောင် တဦးဖြစ်ခဲ့တယ်။
စင်္ကာပူ ထူထောင်သူ လီကွမ်ယု က မြန်မာပြည်ကို စံပြုခဲ့တယ်၊ မြန်မာပြည်လို ဖြစ်အောင် ကြိုးစားမယ်လို့ ပြောခဲ့တယ်။ ဒီကနေ့ စင်္ကာပူဟာ ချမ်းသာကြွယ်ဝသော်ငြား ဒီမိုကရေစီရေး နဲ့ လူ့တန်ဖိုးရှိမှု၊ နိုင်ငံသား တဦးချင်း ထူးချွန်ထက်မြက်မှုတို့မှာ အဲဒီခေတ်မြန်မာပြည်ကို မမီသေးပါဘူး (ရဲရဲ ကိုပြောရဲတယ်)။
ဒီလို တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်တလုံး အလို လို့ အကြောင်းပြပြီး ကယ်တင်ရှင်လုပ် အာဏာသိမ်းခဲ့တဲ့ ဦးနေ၀င်းနဲ့ စစ်အုပ်စု တသိုက် ရဲ့
လက်ထဲမှာ တိုင်းပြည်ဟာ တဖြည်းဖြည်း ချွတ်ခြုံကျ ဆင်းရဲနိမ့်ပါးလိုက်တာ
၁၉၈၇ မှာ အဆင်းရဲဆုံးတိုင်းပြည်စာရင်း L.D.C ၀င်ခဲ့ရတယ်။
သကြားထက်ချိုသောအရာ (ဖတ်ဖြစ်အောင်ဖတ်ပါကျန်တော်လည်းရင်ထဲထိသွားလိုပြန်မျှဝေလိုက်တာပါ) Posted by သန်းထိုက်ဝင်း on November 24, 2012 at
သကြားထက်ချိုသောအရာ (ဖတ်ဖြစ်အောင်ဖတ်ပါကျန်တော်လည်းရင်ထဲထိသွားလိုပြန်မျှဝေလိုက်တာပါ)
Posted by သန်းထိုက်ဝင်း on November 24, 2012 at
အသက်ရနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေးတစ်ခုပေါ်မှာ ထိုင်နေပါ
တယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွားလမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှအရေးတယူ မရှိကြ......
ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ
ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ.ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့သူ့ကုတ်အင်္ကျီ
အဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့
အမှန်ပါ…
ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာပလက်ဖောင်းလေးအတိုင်း လမ်းလျှောက်
လာနေပါတယ်.. လျှောက်လာရင်းနဲ့အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်
လိုက်ကာ“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..ကြည့်လိုက်တာနဲ့
အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာအဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ
လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကိုဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊
ဆာလောင်ခြင်းဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီးတစ်ယောက်က သူနဲ့ လာပြီး
စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့
ကို ရယ်စရာလုပ်ဖို့စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲအမျိုးသမီးကို “
ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်းနေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..
ရေသောက်သုံးမှုနည်းသည့်ပြဿနာမှာသွေးချို ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက်ရှိ Posted by Thi Thi Cho on နိုဝင်ဘာ 24, 2012 at
ရေသောက်သုံးမှုနည်းသည့်ပြဿနာမှာသွေးချို ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက်ရှိ
Posted by Thi Thi Cho on နိုဝင်ဘာ 24, 2012 at
နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့ အလားအလာ ပိုမိုမြင့်မား နိုင်တယ်လို့ သိရပါသည်။ေ သွးတွင်းသကြား ဓာတ်ဟာေ သွးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားလောက်အောင် မမြင့်မားပေမယ့် သာမန်ထက် သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားတဲ့သူေ တွ ၊ သွေ
းချို ၊ ဆီးချိုရောဂါအကြို ဖြစ်ပွားနေသူတွေ ဖြစ်ပါသည်။
ယခုပြုလုပ်တဲ့ လေ့လာမှု အသစ်အရ ရေလီတာဝက်သာ သောက်သုံးတဲ့ အရွယ်ရောက်ပြီး သူတွေဟာ သွေးချို ၊ ဆီးချိုရောဂါ အကြို ဖြစ်ပွားတဲ့ အဆင့်
မှာ သွေးတွင်းသကြားဓာတ် ပိုမိုမြင့်မား လာကြောင်း သိရပါသည်။ ဒါ့ပေမယ့်လည်း ပုံမှန်ရေ သောက်သုံးသူ တွေဟာ သွေးတွင်း သကြားဓာတ် မြင့်မားမှု အန္တရာယ်ကို လျှော့ချနိုင်မှု ရှိ ၊ မရှိ ဆိုတာကိုတော့ ဆက်လက် လေ့လာလျက် ရှိပါသည်။ အဆိုပါ လေ့လာချက် အသစ်ကို စတင် လေ့လာချိန်က သွေး တွင်း သကြားဓာတ် ပုံမှန်ရှိတဲ့ အသက်(၃၀)နဲ့ (၆၅)နှစ်ကြား အရွယ်ရှိ ပြင်သစ်လူမျိုး(သုံးထောင့်ခြောက်ရာတစ်ဆယ့်ငါး)ဦးကို လေ့လာမှုတွေ လုပ်ခဲ့ တာ ဖြစ်ပါသည်။ လေ့လာမှုမှာ ပါဝင်သူတွေ အနက် (၁၉)ရာခိုင်နှုန်းဟာ တစ်နေ့ ရေလီတာဝက်ထက် နည်းပြီး သောက်သုံး သူတွေဖြစ်ပြီး ကျန်(၈၉)ရာခို င်နှုန်းကတော့ ရေတစ်လီတာ နဲ့အထက် သောက်သုံးသူတွေ ဖြစ်ပါသည်။
လေ့လာမှုမှာ ပါဝင်သူတွေကို (၉)နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ပါဝင်သူ တွေအနက်(၅၆၅)ဦးဟာ သွေးတွင်း သကြားဓာတ် မြင့်မားလျက်ရှိပြီး (၂၀၂)ဦးကေ တာ့ သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားနေတာကို တွေ့ရပါသည်။ နောက်ထပ်တွေ့ရှိ မှုတွေအရ ရေသောက်သုံးမှု နည်းပါးသူတွေဟာ ရေအစား အချိုရည်ေ သာက်သုံးမှု များပြားတာကြောင့် ကိုယ်အလေးချိန်နဲ့ သကြားဓာတ် မြင့်တက်တာကို တွေ့ရပါသည်။ သုတေသီ တွေကတော့ အချိုရည် သောက်သုံးမှု ကို လျှော့ချပြီး သောက်ရေသန့် သောက်သုံးခြင်ဟာ သွေးချို ၊ ဆီးချိုရောဂါ ဖြစ်ပွားမှု တားဆီးဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ အကြံပေးထားေ ကြာင်း သိရှိရပါသည်/
http://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A84178&xgs=1&xg_source=msg_share_post
ရေသောက်သုံးမှုနည်းသည့်ပြဿနာမှာသွေးချို ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက်ရှိ
soneseeyar.ning.com
နေ့စဉ် ရေ(၂)ခွက်ထက် နည်းပြီး သောက်သုံးတဲ့ သူတွေဟာ သွေးတွင်းသကြားဓာတ် မြင့်မားဖို့
ကာမေသုမိစ္ဆာစာရကံ
ကာမေသုမိစ္ဆာစာရကံ
လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ
မှားနေကြပါတယ်။တချို့အမှားလေးတွေကျတော့မိမိဘက်က မှန်တယ်ထင်ရပေမဲ့အများအမြင်မှာတော့ မှားတဲ့အရာဖြစ်
နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊မမှားသင့်တဲ့အရာလား
ဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို
ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။
ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်
နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။
တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုး
ကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်းလေ့လာဆင်ခြင်စဉ်းစားမယ်ဆိုရင်ဒီကာမေသု
မိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန်နှစ်ဘ၀လုံးအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်
မယ်။