ဗမာအမျိုးသား အစည်းအရုံး and နန္ဒ ထွန်း shared Knowledge Library .'s photo.
ကရင်လူမျိုးဆင်းသက်လာခြင်း=================
ကရင်ဟူသောအမည်ကို မြန်မာတို့က ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်နှင့် အရင်းအမြစ် အတိအကျကိုမှု မကြံဆနိုင်ပေ။ ''ကမ်းယံ'' ဟူသော ဝေါဟာရ ဗော်ညိုညွန်းရှိ ''ဒယက်'' လူမျိုးတစ်မျိုး၏အမည် ''ကယန်'' ဟူသောဝေါဟာရ တိဗက်မြန်မာအစုဝင်တို့ တရုတ်ပြည်တွင်ရှိစဉ် ခေါ်ဝေါ်သည့် ''ချန်'' ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် အမည်ဖြစ်လိမ့်မည်ဟု အသီးသီးယူဆကြသည်။
(မြန်မာစွယ်စုံကျမ်း အတွဲ-၁)
ကရင်လူမျိုးတို့၏ မူလအစမျိုးနွယ်ဆက်သွယ်ပုံများကိ
ဆာ အာသာဖဲယား (Sir Arthure Phayre) ဆိုသူက ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် လူမျိုးသုံးမျိုးအနက် ''ကမ်းယံ'' ဟူသော လူမျိုးအမည်မှာ ကရင်ဟူသောအမည်သို့ ပြောင်းလဲခေါ်ဆိုလာသည်ဟု ဆိုသည်။





