ခေါင်းစဉ်ကို
" ကျနော်စမ်းမိသော ဆင်" လို့ အမည်ပေးရတာကို အရင်ရှင်းပြချင်သည်။
ကျနော်တို့ငယ်ငယ်က သင်ယူရတဲ့ မျက်မမြင်ပုဏ္ဏားကြီးတွေ ဆင်ကို ကိုင်တွယ်ပြီး
မိမိစမ်းမိသော အပိုင်းကို ဆင်လို့ ပြောတာလေးကို သတိရမိပြီး။ ကျနော်တို့
အကြားက လူပြောများနေတဲ့ Credit Score အကြောင်းကို ကျနော်ကိုယ်ပိုင်
အတွေ့အကြုံများရယ် မိတ်ဆွေ ဘဏ်က၀န်ထမ်း အချို့ ရှင်းပြချက်များရယ်
လက်တလောသင်နေရတဲ့ အထဲက The American Character (မိသားစုဘ၀ ဘာသာရေး မွေးဖွါး
လက်ထပ် သေဆုံးခြင်း) The Role of Government in the Economy
(အမေရိကန်စီးပွါးရေးမှာ အစိုးရ၏ play role) စသည့် အခုနှစ် သင်ရိုးထဲမှာ
သင်ရသော ခေါင်းစဉ်အောက်က သိရတာတွေရယ်၊ ကျနော်ကိုယ်တိုင်
လိုက်လံလုပ်ကိုင်ပေးတဲ့ တမြို့ထဲသား မိတ်ဆွေများ၏ ပြဿနာများထဲက
အတွေ့ကြုံတွေရယ်၊ Credit Bureau သုံးခု၏ ရှင်းလင်းချက်တွေရယ် ပေါင်းပြီး
မသိသေးတဲ့လူတွေ သိအောင်ရေးလိုက်ပါတယ်။ အများကြီးသိတဲ့လူတွေက မရေးတော့လဲ
နည်းနည်းလေးသိတဲ့ ကျနော်ကပဲ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလို
မတောက်တခေါက်နဲ့ စုစည်းတင်ပြလိုက်ပါသည်။ အမှားနည်းအောင် အချိန်တော့ယူပြီး
စုဆောင်းထားတာ ဖြစ်လို့ အမှားကင်းအောင် မျော်လင့်ထားသော်လည်း
မှားယွင်းတာရှိရင်လဲ ၀ိုင်းဝန်းထောက်ပြနိုင်ပါသည်။ လေ့လာရန် အချိန်နည်းသော
အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည်သား မိသားစုအားလုံး အတွက်နှင့် ပြည်ပက
လေ့လာလိုသူ လူငယ်များ အတွက် ရည်ရွယ်ပါသည်။
တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Saturday, February 2, 2013
ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၁၁) by Myat Thu on Wednesday, January 30, 2013 at 9:45pm ·

ဒဏ်ရာများ
အမေထားခဲ့တဲ့ ကျနော့အတွက်ဒိုင်ယာယီလေးအကြောင်းပြီးသွားတော့ ကျနော် စိတ်ပန်းကျသွားသလိုဖြစ်ပြီး ဘာမှ ဆက်ရေးချင်စိတ်မရှိဖြစ်နေတယ်။ ကျနော်တို့လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအများကြီးရှိတယ်။ တကယ်တော့ ကျနော်တို့ အိပ်မက်ထဲမှာတောင် ထည့်ပြီးမမက်ခဲ့တဲ့ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေက ဒဏ်ရာတွေပေးခဲ့တာ။ တစ်ချို့က တိုက်ပွဲ တွေထဲမှာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ကြတယ်။ တစ်ချို့က အသက်ပေးခဲ့ကြတယ်။ တောထဲမှာရခဲ့တဲ့ ငှက်ဖျားလို သေဘေးနီးတဲ့ရောဂါတွေကလည်း တစ်ချို့ရဲဘော်တွေဆိုရင် အခုအထိ စိတ်မူမမှန်တာမျိုးတွေ ခံစားနေရတုန်း။ ရုပ်ပိုင်း၊ စိတ်ပိုင်းခံစားမှုတွေဟာ တစ်ဦးချင်း နည်းမျိုးစုံနဲ့ရှိနေတာ အမှန်။
တစ်ချို့ဆိုရင် ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့် အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းက ထွက်ခွာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ ဒါမှမဟုတ် နယ်စပ်မြို့တွေမှာ ရရာအလုပ်လုပ်ပြီး ရပ်တည်နေကြရင်းက ဒီအနှစ် ၂၀ ကျော်အတွင်း မျှော်လင့်တဲ့အခြေအနေတွေထက် မမျှော်လင့်တာတွေကိုပဲ ကြားရမြင်နေကြရတော့ စိတ်ပျက်လက်ပျက်နဲ့ အရက်အလွန်အကြွံသောက်ရင်း အသက်ဆုံးကုန်ကြတာတွေအထိပါ ရှိလာတယ်။ ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမေရိကန်က ၉-၁၁ (၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့) မှာ ဘင်လာဒင်တို့ရဲ့ လေယာဉ်ပျံနဲ့ အဆောက်အဦတွေကို ၀င်တိုက်တဲ့ စစ်ဆင်ရေးအပြီး Patriot Act ဆိုတဲ့ ဥပဒေကိုထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲမှာ ABSDF ကိုပါ ထည့်ထားတဲ့အတွက် ဒုက္ခသည်စခန်းကနေ တတိယပြည်ပနိုင်ငံတစ်ခုခုကို ဒုက္ခသည်အနေနဲ့ သွားကြမယ့် ကျောင်းသားရဲဘော်တွေဟာ အမေရိကန်နိုင်ငံသာမက တစ်ခြားအနောက်နိုင်ငံတွေကိုပါထွက်ခွာခွင့်တွေ ကြံ့ကြာခဲ့တယ်။ ဒုက္ခသည်စခန်းဆိုတာဟာလည်း ထားရာနေစေရာသွားလို အိမ်နီးခြင်းနိုင်ငံ အာဏာပိုင်တွေရဲ့ပေါ်လစီနဲ့ သဘောထားအတိုင်း နေကြရတာဆိုတော့ တစ်ခါတလေ အကျယ်ချုပ်ကျ နေသလိုခံစားရတဲ့ မွန်းကြပ်မှုတွေရှိနေတာပဲ။ ဆန်၊ ဆား၊ ငါးပိ၊ ငြုပ်သီးလို အခြေခံအစားအသောက် လောက်ပဲ ရာရှင်ရပြီး စခန်းအပြင်မှာလည်း အလုပ်လုပ်ခွင့်မပေးတော့ မြို့ပေါ်ကလာကြတဲ့ ကျောင်းသား သူပုန်တွေအတွက် အခက်အခဲ အတော်ဖြစ်ရတယ်လေ။
Thursday, January 31, 2013
ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း
Myat Khine shared Aye Chan Mon's photo.
ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူမျိုးရှိပြီး အမည်ပျောက်နေသူများ
Nicky Shein and 2 other people shared Black Angle's photo.
လူမျိုးရှိပြီး အမည်ပျောက်နေသူများမြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။
ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။
မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။
ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန် Written by ဇင်မင်း
Lu Bo shared Miraculous Master For English Language's photo.
ထိုင်ဝမ်ပညာရေးစနစ် ကမ္ဘာ့အဆင့် ၄ တွင်ရှိကြောင်းထုတ်ပြန်Written by ဇင်မင်း
ထိုင်ဝမ်နိုင်ငံပညာရေးစနစ်သည် ၂၀၁၂ Legatum Prosperity Index စာရင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့အဆင့် ၄ ၌ရှိနေကြောင်း လီဂါတမ် တက္ကသိုလ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ ပညာရေး စနစ်သည် အဆင့် ၉ တွင် ရှိခဲ့ရာမှ ၂၀၁၂ တွင် အဆင့် ၄ သို့တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဖင်လန်နိုင်ငံများနောက်တွင်လိုက
လင်ဝမ်တန်းက ထိုင်ဝမ်ပညာရေးတွင် တက်ရောက်သင်ကြားသည့် ကျောင်းသားဦးရေမှာ ၂၀၁၂ အတွင်း ၈၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်မားလာကြောင်း၊ ကမ္ဘာ့ပညာသင်ကြားသူဦးရေ တိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ၂၀၁၂ အတွင်း မြင့်မားလာသည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်တွင် အခြေခံပညာရေးတစ်ခုတည်းတွင် တက်ရောက်သင်ကြားလာသည့်နှုန်းမှာ ၂၀၁၂ အတွင်းက ၉၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ကြောင်း ပြောကြားခဲ့ သည်။
အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )
John Glenn and Moe Aye shared Khaing Soelynn's photo.
အသွင်ကူးပြောင်းရေးနဲ့ ခရိုနီ ( မိုးအေး )အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်
ကူးပြောင်းရေး အကြိုကာလတွေမှာ အတိုက်အခံတွေအနေနဲ့ ရှောင်လွဲလို့
မရထိတွေ့ဆက်ဆံရမဲ့သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့
ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီးတွေပဲ ဖြစ်ပါတယ်။
အာဏာရှင်လက်ထက်မှာ အုပ်စိုးသူအ၀န်းအပိုင်းနဲ့ပဲ
သတ်မှတ်ချက်နဲ့ ခရိုနီရဲ့ဂုဏ်ပုဒ် ပုံပျက်သွားတယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရိုနီဆိုတာဟာ အာဏာရှိသူတွေနဲ့ပဲ
ပေါင်းသင်းရပ်တည်သူတွေဆိုတဲ့ ယူဆချက်ကြောင့်ပါ။
ကွန်ပြူတာသုံးစွဲသူများသတိပြုရန်အချက်များ
Lu Bo shared 2mz (နည်းပညာစုစည်းမှု) နှင့် လှုမှုကွန်ယက်'s photo.
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။
Tuesday, January 29, 2013
Subscribe to:
Posts (Atom)