Monday, December 24, 2012

ပြည်ထောင်စုတပ် ဆိုတာ ကချင်ပြည်မှာ ဗမာ စစ်တပ် ရှိနေတာမျိုးမဟုတ်ပါ။

Khin Mgoo shared Duwa Kachin's photo.
ပြည်ထောင်စုတပ် ဆိုတာ ကချင်ပြည်မှာ ဗမာ စစ်တပ် ရှိနေတာမျိုးမဟုတ်ပါ။
*********************************

ပြည်ထောင်စုတပ် ကို ဖွဲ့ရအောင်လို့ ပြောတိုင်း လက်ရှိတပ်မတော်မှာလဲ လူမျိုးပေါင်းစုံ ပါပြီးသား လို့ ပြောတတ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် စစ်တပ်မှာလဲ လူမျိုးပေါင်းစုံပါသော်လည်း အင်္ဂလိပ်စစ်တပ်လို့ပဲသုံးပြီး ဂျပန်စစ်တပ်မှာလဲ လူမျိုးပေါင်းစုံးပါသော်လည်း ဂျပန်တပ်လို့ပဲ သုံးပါတယ်။

တိုင်းရင်းသားတွေကို ကလေးလေး တစ်ယောက်လို အပြောမျိုးတွေနဲ့ ပြောချင်ရာပြောပြီး စကားနိုင်လုနေမဲ့ အချိန်မဟုတ်ပါ။

မြန်မာ နိုင်ငံရဲ့ ပြည်ထောင်စု သမိုင်းဟာ အမေရိကန် ပြည်ထောင်စု ဖြစ်လာခဲ့တဲ့ သမိုင်းနဲ့လဲ မတူ သလို၊ အိန္ဒိယ သမိုင်းနဲ့လဲ မတူပါ။ မြန်မာပြည်ရဲ့ ဖက်ဒရယ် စနစ်သည် ဥရောပ ယူနီယံ ပုံစံ နှင့် ခတ်ဆင်ဆင် ဖြစ်သည်။

ဥရောပ ယူနီယံ လို၊ လူမျိုးကို အခြေခံတဲ့ နိုင်ငံဖြစ်သည်။ ဥရောပ ယူနီယံ နိုင်ငံတွေ ကြားမှာ နယ်စပ်ဂိတ်မရှိ၊ စစ်ဆေးရေးဂိတ်မရှိ၊ သူ့နယ် ကိုယ့်နယ် လွတ်လပ်စွာသွားလာ နေထိုင် နိုင်ခွင့် ရှိနေပေမယ့်လဲ သူ့လူမျိုးနဲ့ ဆိုင်တဲ့ အချုပ်အချာ အာဏာကို ထိပါးလို့ မရပါ။ ဂျာမဏီ နဲ့ ပြင်သစ်ဟာ လူများပြီး၊ စီးပွါးရေး၊ စစ်တပ် အင်အားရှိပေမယ့် ဒိန်းမတ်နိုင်ငံလို လူနည်းတဲ့ နိုင်ငံတွေကို နိုင်ထက်စီးနင်းလုပ်လို့မရ၊ အချင်းချင်း လေးစားမှု နဲ့သာ ဆက်ဆံသည်။ ဥပဒေကိုသာ အဓိက ထားတဲ့ ဖက်ဒရယ် ဖြစ်သည်။ ဆွတ်ဇာလန်နိုင်ငံမှာ ဂျာမဏီလူမျိုးများလို့ ဂျာမဏီ နိုင်ငံ ဖြစ်မသွားသလို၊ ဂျာမဏီ စစ်တပ်လဲ မထားပါ။ နယ်သာလန် နိုင်ငံမှာလဲ ဂျာမဏီလူမျိုး အများအပြားရှိသည်။ 

နိုင်ငံအတွင်းက လူမျိုးစုများကိုလဲ ဖက်ဒရယ် ပေးထားသည်။ ဖင်လန်နိုင်ငံ၊ ဆွိဒင် နိုင်ငံ၊ နော်ဝေး နိုင်ငံတွေကြားမှာ ခွနေတဲ့ လူမျိုးစုများကို သူတို့နယ်၊ သူတို့အုပ်ချုပ်ပိုင်ခွင့် ပေးထားသည်။ လွတ်လပ်စွာ သူတို့ အသိုင်းအ၀န်းကို တည်ဆောက်ခွင့် ပေးထားသည်။ ထို့ကြောင့် ဘာတော်လှန်ရေးမှ မလိုပါ။ နယ်သာလန်နိုင်ငံထဲမှာလည်း မြောက်ပိုင်း လူမျိုးစုများကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပေးထားသည်။ နယ်သာလန်နိုင်ငံဟာ တကယ်တော့ အားလုံးပေါင်းမှ ကချင်ပြည်နယ်လောက်ပဲ အကျယ်အ၀န်းရှိတာပါ။ သို့သော် သူတို့ စစ်တိုက်စရာမလို၊ အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကြီးပွါးချမ်းသာ နေကြသည်။ ကမ္ဘာ အရပ်ရပ်မှ စစ်ပြေးဒုက္ခသည်များ နှင့် ကရင်စစ်ပြေးဒုက္ခသည် အများအပြားကိုပင် ခေါ်ယူ နေရာချထားနိုင်သည်။ နှစ်စဉ် ၀င်လာသော နိုင်ငံရေး ခိုလုံခွင့်တောင်းသူ သောင်းဂဏန်း ရှိသေးသည်။

မြန်မာ့ပြည်ထောင်စု ဖွဲ့စည်းရေး ပြဿနာမှာ အဓိက ပြဿနာသည် ဗမာ တမျိုးထဲ အုပ်စိုးရေး ကြိုးပမ်းမှု ပြဿနာ ဖြစ်သည်။ ဗမာ တမျိုးထဲ အုပ်စိုးရေး မူကို တပ်မတော်က အကောင်အထည်ဖေါ်သည်။ ထို့ကြောင့် တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ ဆိုသည်မှာ ဗမာလူမျိုး အုပ်စိုးရေး တိုင်းပြည် တည်ထောင်ရေး အင်အားကို ဆိုလိုခြင်း ဖြစ်သည်။ ကျန်လူမျိုးများကို လူမျိုးတုန်းသွားအောင် နည်းမျိုးစုံ နှင့် လုပ်ဆောင်ဖို့ စစ်တပ်က အဓိက အခန်ကဏ္ဍ မှ လုပ်ဆောင်သည်။

စားဝတ်နေရေး အခက်အခဲ နှင့် ကျေးရွာများကို အတည်တကျ မရပ်တည်နိုင်အောင် နည်းမျိုးစုံ လုပ်လာသည်။ ကျေးရွာ အနီးအနားအထိ လယ်ယာမြေများကို သိမ်းယူခြင်း၊ ကျေးရွာများကို အတင်းအဓမ္မ ရွေ့ပြောင်း စေခြင်း၊ ဗဟိုအစိုးရနှင့် နီးပစ်သူများကို ဦးစားပေးသောနည်းဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များကို နည်းမျိုးစုံ နှင့် စီးပွါးကျသွားအောင် လုပ်ဆောင်ခြင်း၊ အမျိုးသမီးများကို သွေးနှောစေခြင်း၊ စသည်များကို အစိုးရ လျှို့ဝှက် အက် ဥပဒေ ထုတ်ပြန်ပြီး လုပ်ဆောင် စေသည်။ တိုင်းရင်းသား နယ်မြေများတွင် အောက်ပိုင်းမှ လုပ်ငန်းရှင်များကို နေရာချပေးပြီး အောက်ပိုင်းမှ ဗမာလူမျိုးများကို သီးသန့်ခေါ်ယူ အလုပ်ခန့်သည်။ (ဒါကတော့ တရုတ်လူမျိုးများ ပြုမူတဲ့ နည်းဖြစ်သည်) ပူတာအိုမှာ အကျဉ်းထောင် လုပ်ခြင်းအားဖြင့်၊ အောက်ပိုင်းမှ အကျဉ်းသားများကို ပို့စေသည်။ အကျဉ်းထောင်မှ လွတ်ခါနီးတွင် လွတ်လပ်စွာ အပြင်ထွက်ခွင့် ပေးပြီး နယ်ခံ အမျိုးသမီးများကို ကျင်ဖေါ်ရှာစေခြင်း နှင့် အလုပ်အကိုင် ရှာစေသည်။ အကျဉ်းထောင်မှ လွတ်ပြီး ဌာနေပြန်တဲ့ အကျဉ်းသား နည်းသထက်နည်းအောင် လုပ်ဆောင် စေသည်။ 

ဌာနေပြန်ဖို့ကလဲ လေယဉ်အခက်အခဲ ကြောင့် ဖြစ်တဲ့ နည်းနဲ့ အလုပ်ရှာလုပ်ရင်း စိုက်ပျိုး၊ မွေးမြူရေး လုပ်ရာမှ မပြန်ဖြစ်တာ များသွားသည်။

ဒီလို ဖြစ်အောင် ဘယ်သူက လုပ်ဆောင်သနည်း? ဘယ်သူက ဆုံးဖြတ်သနည်း? ကချင်လူမျိုးများ အပါအ၀င် ဘယ် တိုင်းရင်းသားများ အနေနဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ 
ထို့ကြောင့် အစစ်အမှန် ပြည်ထောင်စု တပ် လိုအပ်သည်။ စစ်ဦးစီးချုပ် တစ်ယောက်ပဲ ရှိသင့်တယ် ဆိုတာ အာဏာရှင် စနစ်မှာပဲ ရှိတာပါ။ ဒီမိုကရေစီ စစ်စစ်နိုင်ငံတွေမှာ စစ်ဦးစီးချုပ်များ ကောင်စီ ဥက္ကဌ ဆိုတာပဲ ရှိတာပါ။ လေတပ်၊ ရေတပ်၊ ခြေလျှင်တပ်တောင် သူ့ ဦးစီးချုပ်နဲ့သူ ဖြစ်တယ်။ အားလုံးရဲ့ စစ်သေနာပတိချုပ် ဆိုသည်မှာ ပြည်သူက ခန့်အပ်တဲ့ သမ္မတ ပဲ ဖြစ်တယ်။ 

ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ချင်းလူမျိုး၊ ကရင်လူမျိုး၊ ရခိုင်လူမျိုး၊ မွန်လူမျိုး၊ ကယားလူမျိုး များကို ပြည်ထောင်စုသား အဖြစ် လက်ခံထားတယ် ဆိုရင် ကချင်ပြည်မှာ ကချင်တပ်၊ ရှမ်းပြည်မှာ ရှမ်းတပ်၊ ချင်းပြည်မှာ ချင်းတပ်၊ ကရင်ပြည်မှာ ကရင်တပ်၊ ရခိုင်ပြည်မှာ ရခိုင်တပ်၊ မွန်ပြည်မှာ မွန်တပ်၊ ကယားပြည်မှာ ကယားတပ် ရှိနေရမှာ သဘာဝပါ။ ဒါကို ဗမာလူမျိုး တမျိုးထဲက လက်မခံဘူး ဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာ ဘယ်လူမျိုးအတွက်လဲ? အထင်အရှားပါ။ ဘာမှ မြန်မာ နိုင်ငံပါ၊ ဗမာ နိုင်ငံ မဟုတ်ဘူးလို့ မျက်လှည့်ပြနေလဲ မထူးပါ။ လက်တွေ့အရ လုပ်ဆောင်မှသာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာမှာပါ။

မြန်မာပြည်ရဲ့ ပြဿနာသည် တိုင်းရင်းသားဒေသတွေမှာ ဗမာ စစ်တပ်ရှိနေခြင်း ဖြစ်သည်။
ပြည်ထောင်စုတပ် ဆိုတာ ကချင်ပြည်မှာ ဗမာ စစ်တပ် ရှိနေတာမျိုးမဟုတ်ပါ။
******************************
***

ပြည်ထောင်စုတပ် ကို ဖွဲ့ရအောင်လို့ ပြောတိုင်း လက်ရှိတပ်မတော်မှာလဲ လူမျိုးပေါင်းစုံ ပါပြီးသား လို့ ပြောတတ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် စစ်တပ်မှာလဲ လူမျိုးပေါင်းစုံပါသော်လည်း အင်္ဂလိပ်စစ်တပ်လို့ပဲသုံးပြီး ဂျပန်စစ်တပ်မှာလဲ လူမျိုးပေါင်းစုံးပါသော်လည်း ဂျပန်တပ်လို့ပဲ သုံးပါတယ်။

တိုင်းရင်းသားတွေကို ကလေးလေး တစ်ယောက်လို အပြောမျိုးတွေနဲ့ ပြောချင်ရာပြောပြီး စကားနိုင်လုနေမဲ့ အချိန်မဟုတ်ပါ။

မြန်မာ နိုင်ငံရဲ့ ပြည်ထောင်စု သမိုင်းဟာ အမေရိကန် ပြည်ထောင်စု ဖြစ်လာခဲ့တဲ့ သမိုင်းနဲ့လဲ မတူ သလို၊ အိန္ဒိယ သမိုင်းနဲ့လဲ မတူပါ။ မြန်မာပြည်ရဲ့ ဖက်ဒရယ် စနစ်သည် ဥရောပ ယူနီယံ ပုံစံ နှင့် ခတ်ဆင်ဆင် ဖြစ်သည်။

ဥရောပ ယူနီယံ လို၊ လူမျိုးကို အခြေခံတဲ့ နိုင်ငံဖြစ်သည်။ ဥရောပ ယူနီယံ နိုင်ငံတွေ ကြားမှာ နယ်စပ်ဂိတ်မရှိ၊ စစ်ဆေးရေးဂိတ်မရှိ၊ သူ့နယ် ကိုယ့်နယ် လွတ်လပ်စွာသွားလာ နေထိုင် နိုင်ခွင့် ရှိနေပေမယ့်လဲ သူ့လူမျိုးနဲ့ ဆိုင်တဲ့ အချုပ်အချာ အာဏာကို ထိပါးလို့ မရပါ။ ဂျာမဏီ နဲ့ ပြင်သစ်ဟာ လူများပြီး၊ စီးပွါးရေး၊ စစ်တပ် အင်အားရှိပေမယ့် ဒိန်းမတ်နိုင်ငံလို လူနည်းတဲ့ နိုင်ငံတွေကို နိုင်ထက်စီးနင်းလုပ်လို့မရ၊ အချင်းချင်း လေးစားမှု နဲ့သာ ဆက်ဆံသည်။ ဥပဒေကိုသာ အဓိက ထားတဲ့ ဖက်ဒရယ် ဖြစ်သည်။ ဆွတ်ဇာလန်နိုင်ငံမှာ ဂျာမဏီလူမျိုးများလို့ ဂျာမဏီ နိုင်ငံ ဖြစ်မသွားသလို၊ ဂျာမဏီ စစ်တပ်လဲ မထားပါ။ နယ်သာလန် နိုင်ငံမှာလဲ ဂျာမဏီလူမျိုး အများအပြားရှိသည်။

သမိုင်းရန်ကြွေးဆပ်ဖို့ သာရှိပါတော့သည်။

Zaw Myo Lwin and Khin Mgoo shared N'gun Ja Wa's status update.
လူမျိုးကြီးစစ်ဝါဒစွဲကိုင်သော လက်တစ်စုပ်စာလူတန်းစားတရပ်ကြော
င့် ကချင်နှင့်လူမျိုးကြီးဝါဒီ တို့ နှင့်ပေါင်းစီးရေး မဖြစ်နိင်တော့ပီ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါးစပ်ကတဖွဖွ ပြောနေသော်ညားလည်း လက်တွေ့ မှာ မြန်မာစစ်ဝါဒီတို့ လက်နက်အင်အား အားကိုးပီးဖြေရှင်းဖို့ လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ သမိုင်းရန်ကြွေးဆပ်ဖို့ သာရှိပါတော့သည်။

(ကချင်မျိုးချစ်စစ်သည်ဟောင်းတစ်ဦး ရေးထားသောစာမူကို မူရင်းအတိုင်းတင်ပြလိုက်ပါသည်။)

"Kachin civil society, religious groups တွေသာမက KIO ခေါင်းဆောင်များမှ ဗမာ့သတ်မတော် ဖက်မှစတင်ပြီး အနိုင်ကျင့်တိုက်ခိုက် လာသည့် အချိန် 2012 June/July အတွင်း စစ်အင်အားကို အားကိုးပြီး နိုင်ငံေ၇းပြဿနာ ကိုစစ်ေ၇းနည်းဖြင့်အသုံးမပြုပါ၇န် အကြိမ်ကြိမ်ညှိနှိုင်း တင်ပြခဲ့ ကြသော်လည်း၊ ဗမာ့သတ်မတော် ခေါင်းဆောင်များနှင့် သိန်းစိန်အစိုး၇ နားမ၀င်ခဲ့ကြပါ၊ KIA/KIO နှင့် ဗမာအစိုး၇တို့ အနှစ်(၅၀)ကျော် တိုက်ခဲ့ကြသည့် ခါးသီးသော သမိုင်းအတွေ့ အကြုံများကိုလည်း လက်ရှိ မင်းအောင်လှိုင် - သိန်းစိန် အစိုး၇ အနေနဲ့ မည်သို့  အဓိပ္ပါယ်ဖေါ်(INTERPRET) ယူကြသည် ကိုလည်း နားမလည်နိုင်ပါ၊ ယခုထိ အပြောတမျိုး လက်တွေ့ တမျိုး လုပ်နေသော ဗမာ့သတ်မတော် ၏ ထိုးစစ်ကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင် - သိန်းစိန်အစိုး၇ဟာ ကချင်အမျိုးသား များ၇ဲ့  political equality (နိုင်ငံေ၇း တာတူညီမျှေ၇း) တောင်းဆိုနေမှုတွေကို တကြော့ ပြန် မ၇မက ရိုက်ချိုး မယ်ဆိုတဲ့ အသွင် လုံးဝဆောင်နေပါတယ်။

ကချင်လူငယ်တဦးရဲ့ ဘ၀ခံစားချက်

New MyanmarFoundation and Khaing Moe Naing shared အဖြူရောင်စာမျက်နှာ's photo.
ကချင်လူငယ်တဦးရဲ့ ဘ၀ခံစားချက် 


“ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာကတော့ ကိုယ်ပိုင် ပြဌာန်းခွင့်ပဲ။ ကိုယ်ပိုင် ပြဌာန်းခွင့် ရမှသာ ကျနော်တို့လည်း ကျနော်တို့ ပြည်နယ်ကောင်းဖို့ လုပ်နိုင်မယ်။ ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲနိုင်မယ်။ ကိုယ်ပိုင် ပြဌာန်းခွင့်ကသာ ငြိမ်းချမ်းရေးရဲ့ လမ်းစလို့ ကျနော်ယုံကြည်တယ်” လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်....
ကချင်လူငယ်တဦးရဲ့ ၂၉ နှစ်တာ ဖြတ်သန်းမှု

=======================
ပင်လယ်ရေပြင်အထက် ပေ ၅ ထောင်ကျော်မြင့်တဲ့ တောင်စောင်းတခုပေါ် ဖြစ်သလို တည်ဆောက်ထားတဲ့ ယာယီတဲငယ်အတွင်းမှာ ထင်းမီးဖို အရှိန်နဲ့ နွေးထွေးနေပါတယ်။ ထင်းမီးဖို ဘေးမှာတော့ ပခုံးပေါ်မှာ အပွင့် သုံးပွင့်ပါ စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ တိုင်းရင်းသား လူငယ်တဦးက သူ့ဖြတ်သန်းလာရတဲ့ ဘ၀နဲ့ ဖြစ်ချင်မြင်ချင်နေတဲ့ ဘ၀ကို ပြောပြဖို့ ပြင်ဆင်နေပါတယ်။

လွန်ခဲ့တဲ့ ၂၉ နှစ် နီးပါးက အခုလို ရာသီ၊ အခုလိုကာလမျိုးမှာ အင်မုဏ်ဂါဏ်ဆိုတဲ့ ကချင်တိုင်းရင်းသား လူငယ်တဦးကို ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် တောတွင်းစခန်းတခုမှာ မွေးဖွားခဲ့တယ်။ လက်ရှိအချိန်မှာတော့ အဲဒီလူငယ်လေးဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှာ ဗိုလ်ကြီးအဖြစ်ရော၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ မဟာဗျူဟာ လေ့လာရေးဌာနမှာ အရာရှိတဦးအဖြစ်ပါ တာဝန်ထမ်းဆောင် နေပါတယ်။

“ကျနော့်ကို စစ်ဘေး ဒုက္ခသည်စခန်းမှာ မွေးခဲ့တာ။ မွေးပြီးတော့ ကျနော့်အသက် ၂ လသားမှာ ရွာပြန်ရတယ်လို့ ကျနော့်အဖေက ပြောဖူးတယ်။ ဒုက္ခသည်စခန်းဆိုတာက အခုခေတ်လို မိုးကာတဲနဲ့၊ လှူမယ့်တန်းမယ့်သူနဲ့ ရှိတာ မဟုတ်ဘူး။ ရွာထဲမှာ စစ်ဖြစ်လို့ တောထဲ ၀င်ပုန်းရတာ” လို့ ဗိုလ်ကြီး အင်မုဏ်ဂါဏ်က ပြောပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အစိုးရတပ်နဲ့ KIA တို့ ဖြစ်ပွားခဲ့ကြတဲ့ တိုက်ပွဲတွေမှာ အင်ဂျန်းယန်မြို့နယ်၊ မှော်ဘုံတိုက်နယ်၊ လီရှန်ကျေးရွာမှာ နေထိုင်ကြတဲ့ အင်မုန်ဂါဏ်ရဲ့ မိဘတွေဟာ တိုက်ပွဲအခြေအနေ ဆိုးလာတိုင်း ရွာအနီးအနားက တောတောင်တွေထဲကို စစ်ဘေးပုန်းရှောင်ခဲ့ရတယ်။ ၁၉၈၀-၈၁ ခုနှစ် KIA နဲ့ မဆလ အစိုးရတို့ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးယူခဲ့ကြပေမယ့် KIA က ကိုယ်ပိုင် ပြဌာန်းခွင့် တောင်းဆိုခဲ့တဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

မွေးချင်းမောင်နှမ ၉ ယောက်ရှိတဲ့ အင်မုဏ်ဂါဏ်ဟာ စစ်ဘေး ရှောင်တိမ်းရင်းအသက် ၈ နှစ်အရွယ် ၁၉၉၂ ခုနှစ်မှ အင်ဂျန်းယန်မြို့နယ် ဒူဂန်ကျေးရွာမှာရှိတဲ့ ကျေးရွာကျောင်းမှာ ကျောင်းစတက်ခဲ့ရတယ်။

“အစိုးရကျောင်းနဲ့ အတော်ဝေးတယ်။ ၂ ရက်လောက် လျှောက်ရမှာ။ အဲဒီတော့ ရွာသုံးရွာကို ပေါင်းပြီး မူလတန်း ကျောင်းလေး ဖွင့်တယ်။ ရပ်ရွာလူကြီးတွေ ဖွင့်တဲ့ မူလတန်းကျောင်းလေးမှာ လေးတန်းအထိ တက်ခဲ့ရတယ်။ လေးတန်းအောင်တော့ KIO ကျောင်းတက်ရတယ်။ KIO ကျောင်းက ရွာကနေ ၂ နာရီလောက် လျှောက်ရတယ်။ ကလေးတွေ ဆိုတော့ ပြေးလွှားပြီး ကျောင်းသွားခဲ့ကြတာပဲ။ မနက်စောစောထ ကျောင်းကို ပြေး၊ မနက် ၈ နာရီခွဲလောက်ဆို ကျောင်းကို ရောက်တာပဲ” လို့ အင်မုဏ်ဂါဏ်က ငယ်စဉ် ကျောင်းသားဘဝကို ပြန်ပြောပြပါတယ်။

ကချင်ပြည်နယ်ဟာ တောင်တန်းထူထပ်ပြီး အသွားအလာ ခတ်ခဲတဲ့အတွက် ကချင်ကလေးငယ် အများစုဟာ KIO က ဖွင့်တဲ့ကျောင်းတွေနှင့် ခရစ်ယာန် သာသနာရေးကျောင်းတွေမှာ ပညာသင်ခဲ့ရတယ်လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်။

“မူလတန်းကျောင်းတက်တော့ ကျောင်းပိတ်တဲ့ ရက်တွေမှာ ကျောင်းရန်ပုံငွေ ရှာပေးရတယ်။ ကျောင်းအတွက် ရန်ပုံငွေ မရှိဘူး။ လှူမယ့်သူလည်း မရှိတဲ့အတွက် ကျောင်းပိတ်ရက်တွေမှာ ကျနော်တို့ ကျောင်းသားတွေက ရွှေကျင်ပေးရတယ်။ ကျနော် ၉ နှစ်သားလောက် ပထမတန်း စတက်တော့ ရာသီဥတု အရမ်းဆိုးလို့ ရွှေမကျင်နိုင်ဘူး။ ကျောင်းသား တယောက်ကို ရွှေ တရွေးပေးရမယ်၊ ပိုက်ဆံဆိုရင် ၁၀၀ တောင်းတယ်။ ကျောင်းပြန်ဖွင့်တော့ အဲဒါကို ကျနော် မပေးနိုင်ဘူး။ ရွှေလည်း မကျင်နိုင်ခဲ့ဘူး။ ပိုက်ဆံလည်း မပေးနိုင်တော့ ကျောင်းဆက်မသွားဘဲ နားလိုက်ရတယ်။ အဲဒီလို မပေးနိုင်လို့ စာဆက်မသင်ရတဲ့သူတွေ အများကြီးရှိတယ်။ ကျနော်ကတော့ ရအောင် ပြန်တက်ခဲ့တယ်” လို့ အင်မုဏ်ဂါဏ်က ပြောပြပါတယ်။

ကချင်ပြည်နယ်မှာ တချို့တိုက်နယ်အဆင့် ဒေသတွေမှာတောင် မူလတန်းကျောင်း မရှိတဲ့အတွက် ပညာရေးမှာ အခုချိန်ထိ အခက်အခဲ ဖြစ်နေရဆဲလို့ သူက ပြောတယ်။ KIO ကျောင်းတွေမှာ မြန်မာအစိုးရကျောင်းတွေက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေအပြင် ကချင်စာ၊ ကချင်သမိုင်းနဲ့ တရုတ်စာတွေကိုလည်း သင်ပေးနေကြောင်း သိရပါတယ်။

“အခုလည်း ဘာမှ မထူးဘူး။ ကလေးတွေက ဒုက္ခသည် စခန်းတွေ ရောက်နေတယ်။ စခန်းတွေမှာ KIO က လွှတ်ပေးတဲ့ ဆရာမတွေနဲ့ လုပ်အားပေး ဆရာမတွေပဲ ရှိတယ်။ မူလတန်းပြီးရင် ဆက်တက်စရာ မရှိတော့ဘူး။ ဘယ်လောက် တော်တော် အတန်းကို တက်စရာမရှိတော့တာ” လို့ အင်မုဏ်ဂါဏ်က ပြောပြပါတယ်။
KIA တပ်ရင်း (၇) တည်ရှိရာ ပူတာအို ခရိုင်အတွင်းက အင်ဂွန်းလ KIO အထက်တန်းကျောင်းမှာ ၆ တန်းကနေ ၁၀ တန်းအထိ ပညာသင်ယူခဲ့ပြီး ဆယ်တန်းစာမေးပွဲကို KIO ကျောင်းသားအဖြစ် မြစ်ကြီးနား အထက (၂) မှာ ဖြေဆိုခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ KIA နဲ့ နအဖ အစိုးရရဲ့ အတွင်းရေးမှူး (၁) ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့အကြား အပစ်အခတ်ရပ်ရေး သဘောတူညီချက် ရရှိပြီးနောက် ကချင်ပြည်နယ်တွင်းရှိ KIO ကျောင်းများရှိ ဆယ်တန်းကျောင်းသားများကို မြစ်ကြီးနား အထက်တန်းကျောင်းများမှာ စာမေးပွဲ ၀င်ရောက်ဖြေဆိုခွင့်များ ပေးထားခဲ့တာပါ။

အသက် ၁၂ နှစ်အရွယ်မှာ ကျောင်းရန်ပုံငွေ မပေးနိုင်လို့ ကျောင်းနားထားရတဲ့အချိန် KIO တိုက်နယ်ရုံးက အင်မုဏ်ဂါဏ်ကို လာခေါ်သွားပါတယ်။ သူက ကျောင်းပြန်တက်ချင်လို့ KIO က ထွက်ပြေးလိုက်၊ ပြန်လာခေါ်လိုက် ဖြစ်ပြီးတဲ့နောက် သူတက်နေတဲ့ ကျောင်းက ဆရာတွေရဲ့ ထောက်ပံ့မှုနဲ့ ကျောင်းပြန်တက်ခွင့် ရသွားပါတယ်။

“ကျနော်တို့ ကလေးဘ၀ ၁၅-၁၆ နှစ်အထိ KIA ဆိုတာ လူဆိုးလို့ပဲ ထင်မှတ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ထဲရွာထဲ သေနတ်တပြပြနဲ့ တဒိန်းဒိန်း တဒိုင်းဒိုင်း လုပ်နေတာကိုး။ KIA ၀င်လာပြီဆိုကတည်းက အိမ်ရှိတဲ့ကြက် သတ်ပေးရမယ် ဆိုတာမျိုး။ ကျနော်တိုက်နယ်ရုံးက ထွက်ပြေးလာတော့ ကျနော်တက်ရမယ့် ကျောင်းကို ကျနော့်ကို တက်ခွင့်မပေးဖို့ အမိန့်စာ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ဆရာတွေကောင်းလို့ ကျနော် စာသင်ခွင့်ရခဲ့ပါတယ်။ ပြောလို့တော့ မကောင်းဘူးပေါ့” လို့ ပြောပြနေတဲ့ သူ့မျက်နှာမှာ အလိုမကျတဲ့ အရိပ်အယောင် တချို့ထင်ဟပ်နေပါတယ်။

“ကိုယ်က ပညာကောင်းကောင်းမွန်မွန် မတတ်ဘဲနဲ့ KIA စစ်သားလုပ်ရမှာကိုပဲ ကြောက်ခဲ့တယ်။ အရင်တုန်းက လူကြီး လုပ်ခဲ့ကြ၊ တာဝန်ထမ်းဆောင် ခဲ့သူတွေ တော်လှန်ရေးကို ဦးဆောင်သူတွေလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို အခု ကျနော် ပြန်သုံးသပ်ကြည့်ပါတယ်။ ပြင်သင့်ပြင်ထိုက်တဲ့ဟာတွေ အများကြီး ရှိတယ်။ ပညာမတတ်ခဲ့လို့ အမြင်မရှိလို့ ဖြစ်ခဲ့တယ်၊ အမြင်မကျယ်လို့ ဖြစ်တယ်လို့ ကျနော်ထင်တယ်။ ကောင်းတာတွေလည်း အများကြီး လုပ်နိုင်ခဲ့ပါတယ်။ KIO ဟာ ကချင်အမျိုးသား အားလုံးရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျနော် ယုံကြည်ခဲ့တယ်။ ယုံကြည်နေဆဲပဲ” လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်။

ဆယ်တန်းအောင်ချိန်မှာ မုံရွာ စီးပွားရေး တက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ တက္ကသိုလ်တက်ဖို့ မုံရွာကို သွားရတဲ့ခရီးဟာ အင်မုဏ်ဂါဏ်အတွက် ကချင်ပြည်နယ်ပြင်ပကို ထွက်တဲ့ ပထမဆုံးခရီးလို့ သူက ဆိုပါတယ်။ တက္ကသိုလ် တက်ခွင့်ရဖို့ ရွှေမှော်တွေမှာ အလုပ်သွားလုပ်ပြီး ငွေစုခဲ့ရတယ်။ စီးပွားရေး တက္ကသိုလ်ကို အဝေးသင်မဟုတ်ဘဲ နေ့ကျောင်း တက်ဖို့အတွက် KIO အနေနဲ့ မထောက်ပံ့နိုင်ခဲ့ပါဘူး။

“ငယ်ငယ်တုန်းက မြင်ဖူးခဲ့တာ နိုင်ငံရေးတွေ၊ စစ်ရေးတွေ နားမလည်ခင်က ဗမာဆိုတာ အားလုံးက မကောင်းဘူး၊ မကောင်းတဲ့ လူမျိုးလို့ ထင်ခဲ့တယ်။ လူကြီးတွေက ဗမာဆိုတာ မကောင်းဘူး။ ဒို့လူမျိုးကို အမြစ်ပြတ်အောင် တိုက်နေတာ၊ လူမျိုးကြီး အားကိုးနဲ့ ဒို့လူမျိုး၊ လူမျိုးစု ငယ်တွေရဲ့ သမိုင်းအစဉ်အလာတွေကို ဖျောက်ဖျက်ချင်တယ်။ သူတို့လူမျိုး လုပ်ချင်တယ်။ ဗမာ မကောင်းတဲ့ အကြောင်းတွေပဲ ပြောပြခဲ့တယ်။ ကြီးလာချိန်မှာ တက္ကသိုလ်တွေ ဘာတွေရောက်၊ နည်းနည်းပါးပါး ခွဲခြားတတ်လာတော့ တကယ်တမ်းဆိုရင် မကောင်းတာ ဗမာ မဟုတ်ဘူး။ အစိုးရ မကောင်းလို့ ဗမာမကောင်းတာ ဖြစ်သွားတယ်” လို့ သူ့ရဲ့ ဖြတ်သန်းခဲ့မှုနဲ့ ယှဉ်ပြီး ပြောပါတယ်။

တက္ကသိုလ်တက်စဉ် ကာလမှာ ကချင်စာပေနဲ့ ယဉ်ကျေးမှုအသင်း၊ ကချင်မိသားစု အသင်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ကျောင်းပြီးချိန်မှာ KIO ထဲ ၀င်ရောက်ခဲ့တယ်။

“ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာကတော့ ကိုယ်ပိုင် ပြဌာန်းခွင့်ပဲ။ ကိုယ်ပိုင် ပြဌာန်းခွင့် ရမှသာ ကျနော်တို့လည်း ကျနော်တို့ ပြည်နယ်ကောင်းဖို့ လုပ်နိုင်မယ်။ ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲနိုင်မယ်။ ကိုယ်ပိုင် ပြဌာန်းခွင့်ကသာ ငြိမ်းချမ်းရေးရဲ့ လမ်းစလို့ ကျနော်ယုံကြည်တယ်” လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်။

အခုအချိန်မှာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်မုဏ်ဂါဏ်ဟာ ကချင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ ခံယူထားသူ ဖြစ်ပါတယ်။ လူပုံ ပိန်ပိန် ပါးပါးနဲ့ သဘောကောင်းပုံရတဲ့ မျက်နှာ၊ အသံတော်တော် ၀ဲဝဲနဲ့ စကားပြောတတ်တဲ့ သူဟာ မုံရွာ စီးပွားရေး တက္ကသိုလ်မှာ ဆုံတွေ့ခဲ့ရတဲ့ ဆရာ၊ ဆရာမနဲ့ သူငယ်ချင်းတွေ အားလုံးကို သတိရနေတယ်လို့ ပြောပါတယ်။

KIA နဲ့ မြန်မာ့အစိုးရ အဆက်ဆက်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ မွေးဖွားကြီးပြင်းလာတဲ့ အင်မုဏ်ဂါဏ်လို လူငယ်တွေဟာ ကချင်ပြည်နယ် တ၀ှမ်းလုံးမှာ ရှိနေပါတယ်။ တချို့လူငယ်တွေက သူတို့ မွေးဖွားလာတာဟာ KIO အတွက်လို့ ခံယူထားသလို တချို့လူငယ်တွေကတော့ ကချင်ပြည်နယ်နဲ့ ဝေးရာကို စွန့်ခွာ ထွက်ပြေးသူတွေလည်း ရှိကြပါတယ်။

ကချင်ပြည်နယ်မှာ မွေးဖွားတဲ့ ကလေးတွေအတွက် ကျောင်းမရှိပါဘူး၊ ဆေးခန်း၊ ဆေးရုံ မရှိပါဘူး။ အဆက်မပြတ် ဖြစ်နေတဲ့ တိုက်ပွဲတွေကြားမှာ တောထဲ တောင်ထဲ ရှောင်တိမ်းရင်း မွေးဖွားလာကြ၊ ပြေးလွှားရင်း စာသင်ကြနဲ့ ကြီးပျင်းလာရတာပါ။

၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ရရှိခဲ့တဲ့ ၁၇ နှစ်တာ အပစ်အခတ် ရပ်စဲရေးကာလမှာ အပြေးအလွှား ခတ္တခဏ ရပ်ခဲ့ရပေမယ့် ခိုင်မြဲတဲ့ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေး အနေအထားတခုကို မဖန်တီးနိုင်ခဲ့ကြပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးစားနေပေမယ့် KIA နဲ့ အပစ်အခတ်ရပ်စဲဖို့ အခုချိန်အထိ သဘောတူညီချက် မရရှိသေးပါဘူး။ တခြား တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ် သဘောတူ လက်မှတ်ထိုးထားပေးမယ့် KIA နဲ့ အစိုးရတပ်တွေကတော့ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ကချင်လူငယ်တဦးရဲ့ ဘ၀ခံစားချက်


“ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာကတော့ ကိုယ်ပိုင် ပြဌာန်းခွင့်ပဲ။ ကိုယ်ပိုင် ပြဌာန်းခွင့် ရမှသာ ကျနော်တို့လည်း ကျနော်တို့ ပြည်နယ်ကောင်းဖို့ လုပ်နိုင်မယ်။ ကိုယ့်ဒေသကိုယ် စီမံခန့်ခွဲနိုင်မယ်။ ကိုယ်ပိုင် ပြဌာန်းခွင့်ကသာ ငြိမ်းချမ်းရေးရဲ့ လမ်းစလို့ ကျနော်ယုံကြည်တယ်” လို့ အင်မုဏ်ဂါဏ်က ဆိုပါတယ်....
ကချင်လူငယ်တဦးရဲ့ ၂၉ နှစ်တာ ဖြတ်သန်းမှု

=======================
ပင်လယ်ရေပြင်အထက် ပေ ၅ ထောင်ကျော်မြင့်တဲ့ တောင်စောင်းတခုပေါ် ဖြစ်သလို တည်ဆောက်ထားတဲ့ ယာယီတဲငယ်အတွင်းမှာ ထင်းမီးဖို အရှိန်နဲ့ နွေးထွေးနေပါတယ်။ ထင်းမီးဖို ဘေးမှာတော့ ပခုံးပေါ်မှာ အပွင့် သုံးပွင့်ပါ စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ တိုင်းရင်းသား လူငယ်တဦးက သူ့ဖြတ်သန်းလာရတဲ့ ဘ၀နဲ့ ဖြစ်ချင်မြင်ချင်နေတဲ့ ဘ၀ကို ပြောပြဖို့ ပြင်ဆင်နေပါတယ်။

ကချင်တို့ ၏ တော်လှန်ေ၇းကို ပို၍ ပို၍ ကြီးမားအောင် လုပ်ပေး နေခြင်း

Khin Mgoo shared Lachid Kachin's photo.
Tu Lum Um
Kachin civil society, religious groups တွေသာမက KIO ခေါင်းဆောင်များမှ ဗမာ့သတ်မတော် ဖက်မှစတင်ပြီး အနိုင်ကျင့်တိုက်ခိုက် လာသည့် အချိန် 2012 June/July အတွင်း စစ်အင်အားကို အားကိုးပြီး နိုင်ငံေ၇းပြဿနာ ကိုစစ်ေ၇းနည်းဖြင့်အသုံးမပြုပါ၇န် အကြိမ်ကြိမ်ညှိနှိုင်း တင်ပြခဲ့ ကြသော်လည်း၊ ဗမာ့သတ်မတော် ခေါင်းဆောင်များနှင့် သိန်းစိန်အစိုး၇ နားမ၀င်ခဲ့ကြပါ၊ KIA/KIO နှင့် ဗမာအစိုး၇တို့ အနှစ်(၅၀)ကျော် တိုက်ခဲ့ကြသည့် ခါးသီးသော သမိုင်းအတွေ့ အကြုံများကိုလည်း လက်ရှိ မင်းအောင်လှိုင် - သိန်းစိန် အစိုး၇ အနေနဲ့ မည်သို့  အဓိပ္ပါယ်ဖေါ်(INTERPRET) ယူကြသည် ကိုလည်း နားမလည်နိုင်ပါ၊ ယခုထိ အပြောတမျိုး လက်တွေ့ တမျိုး လုပ်နေသော ဗမာ့သတ်မတော် ၏ ထိုးစစ်ကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင် - သိန်းစိန်အစိုး၇ဟာ ကချင်အမျိုးသား များ၇ဲ့  political equality (နိုင်ငံေ၇း တာတူညီမျှေ၇း) တောင်းဆိုနေမှုတွေကို တကြော့ ပြန် မ၇မက ရိုက်ချိုး မယ်ဆိုတဲ့ အသွင် လုံးဝဆောင်နေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ၁၄၇က် တိုက်ပွဲမှာ ဗမာတပ်ဖက်က အနည်းဆုံး အင်အား(၅၀၀) ကျော်နဲ့  ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတခုဖြစ်ပါတယ်၊ အဲဒီစစ်ကြောင်းက စစ်ဦးကျိုးသလိုဖြစ်သွားတော့ ဗမာသတ်မတော် ခေါင်းဆောင်တွေ မခံချိမခံသာ ဖြစ်နေမယ် ဆိုတာ သံသယ ပွားစ၇ာ လိုမယ် မထင်ဘူး၊ ခုလဲဘဲ ဒီထိုးစစ်အတွက် နည်းဗျူဟာ အမျိုးမျိုး ညဏ်နီညဏ်နက်တွေနဲ့  စစ်ဆင် နေတဲ့အချိန် “ငါသွားမယ့်လမ်းမှာ ၇ပ်မနေနဲ့  တိုက်ပစ်လိုက်မယ်” ဆိုတဲ့စာဟာ သံခင်း တမန်ခင်း လေသံမဟုတ်မှန်း လူတိုင်းခန့် မှန်းနိုင် ပါတယ်၊

ဒီစစ်ပွဲ၇ဲ့  အခြေအနေကို လေ့လာ၇င် ဗမာသတ်မတော်ဖက်က အကြီးအကျယ် ရှုံးနေပြီ ပြီဆိုတာ အထင်အရှား တွေ့ နိုင်ပါတယ်။

၁။ စစ်ခွေးတွေ လုပ်တဲ့ Blog တခု Myanmar Express ဆိုလား .. အဲဒီမှာေ၇းတာမှန်၇င် .. KIA အယောက် ၂၀၀၀ တိုက်ပွဲမှကျတယ် ဆိုတော့ ဗမာသတ်မတော်ဖက်က ၂၀၀၀၀ ကျော် ဂန့် ပြီ ဆိုတာကို အလိုလို ၀န်ခံကြသလို ဖြစ်သွားပြီ။(real ground situation – 1:10)
၂။ တိုက်ပွဲ အေ၇အတွက် ၂၀၀၀ကျော် အတွက် သူဌေးနိုင်ငံဖြစ်တဲ့ ဗမာ့စည်းကမ်းရှိသော ဒီမိုကေ၇စီနိုင်ငံတော်ကြီးက ကျခံမဲ့ ငွေပမာဏက $1.7 billion (est.) ရှိနေပြီဖြစ်သည်။
၃။ ထစ်ကနဲဆို စစ်တပ်အားကိုး ဗိုလ်ကျ အနိုင်ကျင့်တဲ့ အတွေးအခေါ်ကြောင့် နဂိုကမှ မခိုင်တခိုင် တိုင်း၇င်းသား စည်းလုံးညီညွတ် ယုံကြည်မှု ပို၍ ပျက်စီးသွားသည်၊ ကချင်နှင့် လုံးဝပျက်စီးသွားပြီ ဖြစ်သည်။
၎။ စစ်မဖြစ်ခင် KIA/KIO အပေါ်ထောက်ခံမှု အခြေအနေမှာ ကချင်အမျိုးသားအားလုံး၏ ၆၅% ခန့်  သာရှိနေ၇ာမှ ယခုအချိန်တွင် ၉၇% သော ကချင်လူထု၏ ထောက်ခံမှု၇ရှိစေသည် သာမက ကချင်အမျိုး သားများ၏ သမိုင်းတွင်မကြုံဖူးသော စည်းလုံးညီညွတ်မှုကို ဖြစ်စေသည်။
၅။ ဤစစ်ပွဲကြီးကြောင့် မင်းအောင်လှိုင် - သိန်းစိန် တို့ သည် အာဏာရှင် နေ၀င်းကို ကျော်လွန်ကာ ကချင်အမျိုးသား တို့ ၏သမိုင်း၌ အဆိုးဝါးဆုံး အပြစ်မဲ့ကချင်ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်ခဲ့ သော ဗမာအမျိုးသား ခေါင်းဆောင်(၂)ဦး အဖြစ် ကမ္ဘည်းတင်ခဲ့ပြီဖြစ်သည်။

မတ၇ာအနိုင်ကျင့်စော်ကားမှုကို တွန်းလှန်နေသော ကချင်အမျိုးသားများ၏ နိုင်ငံေ၇း တာတူညီမျှမှု အခွင့်အေ၇း အတွက် တောင်းဆိုနေမှုတို့ ကို ဘယ်ပုဂ္ဂိုလ်၊ မည်သည့်အစိုး၇မျှ ရိုက်ချိုးတားဆီး နိုင်ကြမည်မဟုတ်ပါ၊ KIA လိုင်ဇာဌာနချုပ် ဆိုတာ ကချင်အမျိုးသားတို့ ၇ဲ့  ပန်းတိုင်မဟုတ်ပါ၊ လိုင်ဇာမြို့ ကျဆုံးကောင်းကျဆုံးလိမ္မည်၊ ဗမာသတ်မတော် အနေဖြင့် ယခုကဲ့သို့  စစ်ေ၇းနည်းဖြင့်သာ ဖြေရှင်းတတ်သော အလေ့အထကြောင့် ကချင်တို့ ၏ တော်လှန်ေ၇းကို ပို၍ ပို၍ ကြီးမားအောင် လုပ်ပေး နေခြင်းသာဖြစ်ကြောင်း တင်ပြ အပ်ပါသည်။

အညတြ ကချင်စစ်သည်ဟောင်း တစ်ဦး
24 December 2012
Tu Lum Um
Kachin civil society, religious groups တွေသာမက KIO ခေါင်းဆောင်များမှ ဗမာ့သတ်မတော် ဖက်မှစတင်ပြီး အနိုင်ကျင့်တိုက်ခိုက် လာသည့် အချိန် 2012 June/July အတွင်း စစ်အင်အားကို အားကိုးပြီး နိုင်ငံေ၇းပြဿနာ ကိုစစ်ေ၇းနည်းဖြင့်အသုံးမပြုပါ၇န် အကြိမ်ကြိမ်ညှိနှိုင်း တင်ပြခဲ့ ကြသော်လည်း၊ ဗမာ့သတ်မတော် ခေါင်းဆောင်များနှင့် သိန်းစိန်အစိုး၇ နားမ၀င်ခဲ့ကြပါ၊ KIA/KIO နှင့် ဗမာအစိုး၇တို့ အနှစ်(၅၀)ကျော် တိုက်ခဲ့ကြသည့် ခါးသီးသော သမိုင်းအတွေ့ အကြုံများကိုလည်း လက်ရှိ မင်းအောင်လှိုင် - သိန်းစိန် အစိုး၇ အနေနဲ့ မည်သို့  အဓိပ္ပါယ်ဖေါ်(INTERPRET) ယူကြသည် ကိုလည်း နားမလည်နိုင်ပါ၊ ယခုထိ အပြောတမျိုး လက်တွေ့ တမျိုး လုပ်နေသော ဗမာ့သတ်မတော် ၏ ထိုးစစ်ကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင် - သိန်းစိန်အစိုး၇ဟာ ကချင်အမျိုးသား များ၇ဲ့  political equality (နိုင်ငံေ၇း တာတူညီမျှေ၇း) တောင်းဆိုနေမှုတွေကို တကြော့ ပြန် မ၇မက ရိုက်ချိုး မယ်ဆိုတဲ့ အသွင် လုံးဝဆောင်နေပါတယ်။

နောက်ဆုံးရ ကချင်သတင်းတိုများ December 25, 2012 post by Myitkyina blog news

Khin Mgoo shared ခေတ်သတင်း's photo.
နောက်ဆုံးရ ကချင်သတင်းတိုများ

December 25, 2012 post by Myitkyina blog news

ဒီဇင်ဘာလ(၂၄)ရက် မနက်(၂)နာရီခွဲအချိန် မိုးမောက်မြို့မှ ယာဉ်(၂၃)စီးဖြင့် ချီတက်လာသော အင်အား (၄၀၀)ကျော်ပါ စစ်ကြောင်းသည် မနက်(၆)နာရီခွဲတွင် ဒေါ့ဖုန်းယန်သို့ ရောက်ရှိကာ၊ ယင်းမှတဆင့် တိန်လုံ (Ting Lung)ကျေးရွာသို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

ယခုအချိန်တွင် KIO ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ရန်အတွက် မြန်မာအစိုးရတပ်ဖွဲ့ဝင် အင်အား(၂၀၀၀)ခန့် လိုင်ဇာဘက်သို့ စစ်ဦးလှည့်ထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၂၄)ရက် ည(၇)နာရီအချိန်မှစတင်ကာ လွန်ခဲ့သည့်(၂)ရက်က မြန်မာအစိုးရတပ်ဖွဲ့က ၁၂၀ မမ (၂)လက် လာရောက်ဖြန့်ကျက်ထားသော မန်ဆိုင်း(Man Sai)မှနေ၍ KIA တပ်ဖွဲ့များရှိရာ မန်ဂေါ်ကောင် (Mangau Kawng)သို့ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်နေပြီဖြစ်ကြောင်း သိရှိရသည်။

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်

KhingKhing Su shared Thet Ko Oo's photo.
နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်


နွားနို့၊ နို့မှုန့်ကိုသောက်သုံးခြင်းအားဖြင့်အရိုးပွခြင်းနှင့်ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်ကြောင်း အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ပိုးသတ်ဆေးအသုံးပြုထားသောဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ စားသုံး ခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များရှူရှိုက်မိခြင်း ကြောင့်
ဖြစ်ပေါ်လာသည့် အဆုတ် ကင်ဆာများကို သာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်း ကင်ဆာနှင့် အဆုတ်ကင်ဆာ များအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံး ခြင်းဖြင့် ယင်းရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း သိရသည်။
နေ့စဉ် နို့တစ်ခွက် ပုံမှန် သောက်သုံးခြင်း အားဖြင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏရဲ့ သုံးပုံ တစ်ပုံကို ဖြည့်ဆည်း ပေးနိုင်ပါတယ်ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွား နိုင်ပြီး ပရိုတင်း ဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့ သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactoseနဲ့ လူတွေရဲ့ ခန္ဓာကိုယ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူဦးရေ သုံးပုံ တစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့ အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ ထို့ပြင် မွေးစမှ ခြောက်လ အရွယ်ထိ ကလေးများကို မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေး သင့်ကြောင်း၊ မိခင်နို့သည် အပူအအေး မျှတပြီး အစာချေ စနစ်ကို ကောင်းစွာ ဖွံ့ဖြိုးအောင် ဆောင်ရွက် ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေး နိုင်ကြောင်း သိရသည်။
“ကျွန်မသား ငယ်ငယ်တုန်းက နို့မှုန့်တိုက်တာ ဝမ်းချုပ် ဖူးတယ်။ ဝမ်းမချုပ်အောင် သကြား နည်းနည်းရော တိုက်ခဲ့ရတယ်။ လူနို့မှာ သကြားဓာတ် များများပါပြီး နွားနို့ကျတော့ ပရိုတင်းဓာတ် များများပါတယ်။ ပရိုတင်းဓာတ် များတဲ့ အခါကျတော့ ဝမ်းချုပ်တယ်။ အသား အများကြီး စားတဲ့သူ တွေလဲ ဝမ်းချုပ် နိုင်တာပဲ” ဟု ဒေါက်တာ အေးအေးသော် ဒုတိယ ညွှန်ကြားရေးမှူး အာဟာရ စီမံချက် မန်နေဂျာ အာဟာရဌာန၊ စိတ်ကျန်းမာရေး ဦးစီးဌာနက ဆိုသည်။
“နို့ကို ဖျော်တဲ့နေရာမှာ ဖျော်တဲ့ ရေသန့်ရှင်းဖို့နဲ့ ဖျော်တဲ့ လက်တို့၊ ခွက်တို့ သန့်ရှင်းဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ မသန့်ရှင်း ရင်တော့ အီကိုလိုင်ပိုး ပေါက်ပွားပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်နိုင်တယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ နို့ဆီ၊ နို့မှုန့် ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပြည်ပ ကနေ နို့မှုန့် တင်သွင်းပြီး ပြန်လည် ထုပ်ပိုး ရောင်းချတဲ့ လုပ်ငန်း တွေဆိုရင် FDA မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထောက်ခံချက် ယူရပါတယ်”ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန FDAက ပြည်တွင်း နို့ဆီနှင့် နို့မှုန့် လုပ်ငန်းရှင် များအား ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များ ဖြစ်သည့် Good Manufacturing Practice၊ Good Hygine Practice တို့နှင့်အညီ ထုတ်လုပ်ရန် ညွှန်ကြား ထားကြောင်း သိရသည်။
“ကလေး တစ်နှစ် ကျော်ပြီဆိုရင် ကျွန်တော်တို့ ဆီက နို့မှုန့်ကို ကောင်းကောင်း တိုက်လို့ ရပါပြီ။ နို့မှုန့်မှာ အမျှင်ဓာတ် Non-protein ပါတဲ့ အတွက် ဝမ်းမှန်မှန် သွားနိုင်ပါတယ်။ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက ညွှန်ကြားထားတဲ့ အတိုင်း ကျန်းမာရေးနဲ့ အညီ ထုတ်လုပ် ထားပါတယ်”ဟု Red Horse Industrial Group မှ ပိုင်ရှင် ဦးထွန်းထွန်းက ဆိုသည်။
Ref : The Flower News
နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်


နွားနို့၊ နို့မှုန့်ကိုသောက်သုံးခြင်းအာြး
ဖင့်အရိုးပွခြင်းနှင့်ကင်ဆာရောဂအမျိုးမျိုးကို ကာကွယ် ပေးနိုင်ကြောင်း အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ပိုးသတ်ဆေးအသုံးပြုထားသောဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ စားသုံး ခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များရှူရှိုက်မိခြင်း ကြောင့်
ဖြစ်ပေါ်လာသည့် အဆုတ် ကင်ဆာများကို သာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်း ကင်ဆာနှင့် အဆုတ်ကင်ဆာ များအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံး ခြင်းဖြင့် ယင်းရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း သိရသည်။
နေ့စဉ် နို့တစ်ခွက် ပုံမှန် သောက်သုံးခြင်း အားဖြင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏရဲ့ သုံးပုံ တစ်ပုံကို ဖြည့်ဆည်း ပေးနိုင်ပါတယ်ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွား နိုင်ပြီး ပရိုတင်း ဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Sunday, December 23, 2012

“ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။”

KhingKhing Su shared Lun Swe's photo.
“ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။”

စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။

စဉ်းစားကြည့်ပါ။ တခြားပါတီတခုခုက သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရင် ဘာတွေဖြစ်သွားမလဲ။ သူတို့ ဖုံးထားသမျှတွေ ပေါ်ကုန်မှာပဲ။ သူတို့လုပ်ထားတဲ့ နျူကလီးယားစီမံကိန်းဆိုတာတွေ လူသိကုန်မယ်။ ဦးပိုင်ကုမ္ပဏီ လုပ်ထားတာတွေ လူသိကုန်မယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လုပ်ထားတာတွေ လူသိကုန်မယ်။ တိုင်းရင်းသားတွေ အပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေ လူသိကုန်မယ်။ ၁၉၈၈ မှာ ကျူးလွန်ထားတာတွေ၊ ၂၀၀၇ မှာ ကျူးလွန်ထားတာတွေ လူသိကုန်မယ်။ နိုင်ငံပိုင် ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ သတ္တုတွေ၊ သစ်တောတွေ အားလုံး ခိုးဝှက်ထားတာတွေ လူသိကုန်မယ်။ ဒါမျိုးကို သူတို့ အဖြစ်မခံပါဘူး။ ဒီလိုအခြေအနေမျိုးသာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုရင် ဘီလူးခေါင်းပြန်ဖော်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဘဝပေးအခြေအနေပါ။ အကုသိုလ်နဲ့ အကြောင်းယှက် ပေါင်းဖက်ထားတဲ့ သူတို့ရဲ့ ဘဝပေး အခြေအနေတွေပါ။

ဒါတွေကို မေ့ထားပြီး စစ်အာဏာရှင်တွေဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှု လုပ်လာလိမ့်မယ်၊ နောင်တရလာလိမ့်မယ်၊ အမြင်မှန်ရလာလိမ့်မယ်လို့ တွေးတာဟာ စစ်အာဏာရှင်တွေရဲ့အကြောင်းကို ကောင်းကောင်း နားမလည်လို့ စိတ်ကူးယဉ်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ကောင်းရှိတာ မရှိတာ၊ ကြောက်တာ မကြောက်တာ စတဲ့ လူ့ရဲ့ စိတ်ခံစားချက်တွေအပေါ်မှာ တည်မှီပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မျှော်မှန်းချက်တွေပါ။

ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။

http://www.drlunswe.blogspot.com/2012/12/blog-post_3847.html

ဓာတ်ပုံ - ခွန်ဒီးယမ်
“ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။”

စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။

ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)

Mahn Koko and 3 other friends shared Ko Nyo Win's photo.
ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)

“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။
အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)
ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)

“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

"သူပုန်ကျောင်း" by Thein Myint Win on Sunday, December 23, 2012 at 4:53am

"သူပုန်ကျောင်း"

by Thein Myint Win on Sunday, December 23, 2012 at 4:53am ·
သူပုန်တွေ စားတဲ့ အစားအစာ
နွေးချင်နွေး၊ အေးချင်အေး၊
မေတ္တာပေါင်းကူးလေး ဖြစ်ချင်ဖြစ်မယ်

သူပုန်တွေ ဝင်တဲ့ အပေါက်ဟာ
ဆင်းရဲသားဖြစ်ဖြစ်၊ ဦးလူပေါဖြစ်ဖြစ်၊
လမ်းကြား နောက်ပေါက် ဖြစ်ချင်လည်း ဖြစ်မယ်

သူပုန်တွေ ပေးတဲ့ သြဘာ
နောက်သလိုလို၊ ပြောင်သလိုလို၊
ချောက်ကျတဲ့ လမ်းဖြစ်ချင်ဖြစ်မယ်

သူပုန်တွေ ဆွဲတဲ့ ပုံ
အတိုင်းအတာပါမယ်၊ အချိုးကိုက်မယ်၊
ထောင့်စုံချင်မှတော့ စုံမယ်

လူငယ်ဆိုတာက ပုန်ကန်မှ ပုံမှန်
အကုန် မှန်စရာလည်း မလိုပါဘူး
ခေတ်ဆန်ချင်လည်း ဆန်မယ်
ခေတ်ကိုလည်း ဆန်ချင်ဆန်မယ်

လူသားတွေဟာ ပညာမီးကို ပုန်ကန်ပြီး မွှေးခဲ့ရတာ
လူသားတွေဟာ ပညာခေတ်ကို ပုန်ကန်ပြီး ဆောက်ခဲ့ရတာ
ပုန်ကန်တယ်ဆိုပေမယ့် စုံကန်တာမဟုတ်တာ သေချာတယ်
ပညာဆိုတော့ အစုန်အဆန် ရှိတာသေချာတယ်

ဒါပေမယ့်
အဲဒီ တစ်ခါတုန်းကတော့
ခေတ်က တို့ကို ငြိုငြင်ခဲ့လေတယ်
သူပုန်အမည်တပ် မြိုင်ရပ်ကိုနှင်
တို့ တစ်မျိုးဆက် အောင်မြင်စွာ ကျဆုံးခဲ့တယ်
အဲဒီ စာမေးပွဲ
သူပုန်သမိုင်းမှာ ဂုဏ်ထူးနဲ့ အောင်တယ်
သူပုန်ကျောင်းခမျာတော့ ကျောင်းခေါ်ချိန် မပြည့်ရှာဘူး

ဒါ သူပုန်ကျောင်းရဲ့ သမိုင်း၊ သူပုန်တွေရဲ့ ရာဇဝင်
ဒီကျောင်းကို ဝင်လာရင်
သူပုန်နံ့ ရမယ်၊ သူပုန်စကား ကြားမယ်၊ သူပုန်စိတ် နိုးကြွမယ်
အကုန် မှန်စရာလည်း မလိုပါဘူး
သူပုန်ကျောင်းဆိုမှတော့ ပုန်ကန်မှ ပုံမှန်လေ ။   ။

သိန်းခေါင်ငြိမ်းသစ်
20121223

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၇) by Myat Thu on Sunday, December 23, 2012 at 3:20am ·




စားလို့ရတာအကုန်စား

တစ်ခါ ရှေ့တန်းမှာ ရဲဘော်တွေက ကုန်းလိပ်တစ်ကောင်ရှာလာပြီး ကျနော်တို့နေရာယူထားတဲ့ ရွှေကျင်မြို့ အနီးတစ်ဝိုက်က တောင်ကုန်းတစ်ခုမှာ ချက်စားကြတယ်။ မစားခင် စီနီယာကျတဲ့ရဲဘော်တွေက မင်းတို့ လိပ်သားစားရင် ရောဂါဟောင်းပြန်ပေါ်လာတတ်တယ်လို့ပြောလို့ ငါ့မှာ အရင်ကဘာရောဂါရှိလည်း ပြန်စဉ်း စားနေရသေးတယ်။ စားတော့လည်း သဲတွေပါလို့လားမသိ၊ သွားထဲမှာ ကျလိကျလိနဲ့။ အသားငတ်နေလို့ သာ စားတာ။ နို့မို့ မစားဘဲတောင်နေချင်တယ်။

တစ်ခါလည်း ကျနော့ရဲဘော်ကြီးဖိုးရခိုင်က တပ်ရင်းအနောက်ဖက်တောင်ကြောပေါ်က အမဲကွက်နဲ့ စပါး အုန်းမြွေကြီးတစ်ကောင် ဂျီပေါက်စတစ်ကောင်ကိုမြိုနေတုန်း ခေါင်းကိုသေနတ်နဲ့ပစ်ပြီး ဟင်းစားရှာလာ တယ်။ ဂျီပေါက်စအသားကို ဟင်းချက်၊ မြွေကိုအရေခွံဆုတ်ပြီး ငြုပ်သီးနဲ့ဗာလချောင်ကြော်ကြော်ပြီး ပုလင်း တွေနဲ့ထည့်သိမ်းပြီး စားကြတယ်။ မဆိုးဘူး။ စားလို့ကောင်းတယ်။ လိပ်ဥ၊ ဖွတ်ဥနဲ့ ဖွတ်သားအကုန်လိုလို စားခဲ့ဖူးတယ်လေ။

မှတ်မိသေးတယ် အဲဒီ တပ်ရင်းမှာရှိနေတဲ့အချိန်တွေက ဗဟိုဌာနချုပ်အထက်ဖက်မှာ တောင်ပေါ်ကကျပြီး သေတဲ့ ဆင်ကို ပိုင်ရှင်ကအစွယ်ဖြတ်ယူသွားပြီး ကျနော်တို့ရဲဘော်တွေကို ဆင်သားစားဖို့ပေးလို့ တစ်ဝကြီး စားလိုက်ရသေးတယ်။ ဆင်သားက အမျှင်ကြီးတော့ မနဲဝါးရတယ်။

လူတွေကလှုပ်ရှားသွားလာနေရတာဆိုတော့ ဘာနဲ့စားစား စားဝင်တာပါဘဲ။ တစ်ခါတစ်လေတော့ အသား ငတ်ပြီး အသားကလည်းစားချင်၊ အနားဝန်းကျင်မှာ တောကောင်လည်းမရှိတော့ ကြံရဖန်ရတယ်။ ကျနော် တို့ တစ်ခါ ရှေ့တန်းမှာ စစ်ကြောင်းလိုက် ရှေ့တန်းဆင်းတဲ့အချိန် ခြောက်ရက်လောက် အသားမစားရပဲ လမ်း လျှောက်နေရတာဆိုတော့ လူတွေကပင်ပန်းနေတယ်။ မျှစ်နဲ့ တစ်ခြားအရွက်တစ်ချို့လောက်နဲ့ ဟင်းစား လုပ်နေရတော့ အသားဟင်းရရင်ကောင်းမှာဘဲတွေးမိတယ်။ ကျနော်တို့မှာ ရွာတွေက ကြက်၊ ၀က် ၀ယ်စား နှိုင်လောက်တဲ့ ငွေမပါလာဘူး။ ပါလာတဲ့အချိန်တော့ လိုအပ်လာရင်ဝယ်စားလို့ရတာပေါ့။ ဒါတောင် ၀ယ် မစားတတ်ရင် ပြဿနာတက်သေးတာ။