တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Wednesday, December 19, 2012
ဦးသိန်းစိန်ကပြောတယ်၊ဘုန်းကြီးတွေနိုင်ငံရေးမလုပ်ပါနဲ့တဲ့၊၀ိနည်းနဲ့မညီလို့ပါတဲ့၊ ဒါဆိုရင်ဦးသိန်းစိန်ရယ် စစ်သားတွေလည်းနိုင်ငံရေးမလုပ်နဲ့ပေါ့၊
Aung Oo · 818 subscribers
Monday at 8:18am ·
၁၀၂)
ဦးသိန်းစိန်ကပြောတယ်၊ဘုန်းကြီးတွေနိုင်ငံရေးမလုပ်ပါနဲ့တဲ့၊၀ိနည်းနဲ့မညီလို့ပါတဲ့၊
ဒါဆိုရင်ဦးသိန်းစိန်ရယ် စစ်သားတွေလည်းနိုင်ငံရေးမလုပ်နဲ့ပေါ့၊
ဒါလည်းဝိနည်းမညီဘူးလေ၊ သေနတ်ကိုင်ပြီးအပေါ်စည်းကနိုင်ငံရေး စကားပြောတာ
နိုင်ငံရေးမဟုတ်ဘူး၊အတိုက်အခံခေါင်းဆောင်တချို့ကလည်းပြောကြ
တယ်၊ သိပ်ပြီးတော့ကွန်ဖရမ်
တေးရှင်းမလုပ်ပါနဲ့တဲ့၊ လမ်းလွဲသွားပါလိမ့်မယ်၊
တကယ်ဆိုရင်အဲဒီကွန်ဖရမ်တေးရှင်းလို့ဆိုပြီး အဓိပါယ်ဖွင့်မှားနေတဲ့
အဲဒီလူထုတိုက်ပွဲမရှိပဲနဲ့ တွေ့ဆုံဆွေးနွေးဆိုတာ
အလိုအလျှောက်မပေါ်လာနိုင်ဘူးဆိုတာကတော့ကြိမ်းသေပါတယ်၊
ဘာဖြစ်လို့တွေ့ဆုံဆွေးနွေးရေးကိုအားဖြည့်ပေးနေတဲ့ လူထုတိုက်ပွဲကို
အနှောက်အယှက်လို့ယူဆနေကြပါလိမ့်၊ကျနော်(၈၈)တုန်းကတည်းကပဲ
မှားခဲ့ပြီလားဗျာ၊ထားလိုက်ပါတော့၊
ဦးသိန်းစိန်............
ဒီမှာအမေရိကန်စစ်သားဟောင်းတွေ နိုင်ငံရေးလုပ်ရင် အငြိမ်းစားယူ
ယူနီဖေါင်းချွတ်ပြီးမှာလုပ်ကြတယ်၊ သမတဖြစ်သွားတဲ့အမေရိကန်
စစ်သားဟောင်းတွေအများကြီးပဲ၊သာမန်စစ်သားလေးဘ၀ကနေသမတဖြစ်လာတယ်ထားဦးတော့
သမတ္တဖြစ်လာပြီဆိုရင် သူဟာစစ်သေနာပတိချုပ်ပဲ၊
ဗိုလ်ချူပ်ကြီးတွေကိုသူခန့်အပ်တယ်၊တာဝန်ပေးတယ်၊ အမိန့်ပေးတယ်၊
သူတာဝန်ပေးတဲ့စစ်ဗိုလ်ချုပ်တွေကလည်း သူအမိန့်ကိုလိုက်နာဆောင်
ရွက်ကြတယ်၊အဲဒါသူတတ်ထားတဲ့စစ်ပညာကြောင့်မဟုတ်ဘူး၊
ပြည်သူတရပ်လုံးကပေးလိုက်တဲ့ မဲကြောင့်ဖြစ်တယ်၊
ဦးသိန်းစိန်ကပြောတယ်၊ဘုန်းကြီးတွေနိုင်ငံရေးမလုပ်ပါနဲ့တဲ့၊၀ိနည်းနဲ့မညီလို့ပါတဲ့၊ ဒါဆိုရင်ဦးသိန်းစိန်ရယ် စစ်သားတွေလည်းနိုင်ငံရေးမလုပ်နဲ့ပေါ့၊ ဒါလည်းဝိနည်းမညီဘူးလေ၊ သေနတ်ကိုင်ပြီးအပေါ်စည်းကနိုင်ငံရေး စကားပြောတာ နိုင်ငံရေးမဟုတ်ဘူး၊အတိုက်အခံခေါင်းဆောင်တချို့ကလည်းပြောကြ
တယ်၊ သိပ်ပြီးတော့ကွန်ဖရမ်
တေးရှင်းမလုပ်ပါနဲ့တဲ့၊ လမ်းလွဲသွားပါလိမ့်မယ်၊ တကယ်ဆိုရင်အဲဒီကွန်ဖရမ်တေးရှင်းလို့ဆိုပြီး အဓိပါယ်ဖွင့်မှားနေတဲ့ အဲဒီလူထုတိုက်ပွဲမရှိပဲနဲ့ တွေ့ဆုံဆွေးနွေးဆိုတာ အလိုအလျှောက်မပေါ်လာနိုင်ဘူးဆိုတာကတော့ကြိမ်းသေပါတယ်၊ ဘာဖြစ်လို့တွေ့ဆုံဆွေးနွေးရေးကိုအားဖြည့်ပေးနေတဲ့ လူထုတိုက်ပွဲကို အနှောက်အယှက်လို့ယူဆနေကြပါလိမ့်၊ကျနော်(၈၈)တုန်းကတည်းကပဲ မှားခဲ့ပြီလားဗျာ၊ထားလိုက်ပါတော့၊
ဦးသိန်းစိန်............
ဒီမှာအမေရိကန်စစ်သားဟောင်းတွေ နိုင်ငံရေးလုပ်ရင် အငြိမ်းစားယူ ယူနီဖေါင်းချွတ်ပြီးမှာလုပ်ကြတယ်၊ သမတဖြစ်သွားတဲ့အမေရိကန် စစ်သားဟောင်းတွေအများကြီးပဲ၊သာမန်စစ်သားလေးဘ၀ကနေသမတဖြစ်လာတယ်ထားဦးတော့ သမတ္တဖြစ်လာပြီဆိုရင် သူဟာစစ်သေနာပတိချုပ်ပဲ၊ ဗိုလ်ချူပ်ကြီးတွေကိုသူခန့်အပ်တယ်၊တာဝန်ပေးတယ်၊ အမိန့်ပေးတယ်၊ သူတာဝန်ပေးတဲ့စစ်ဗိုလ်ချုပ်တွေကလည်း သူအမိန့်ကိုလိုက်နာဆောင် ရွက်ကြတယ်၊အဲဒါသူတတ်ထားတဲ့စစ်ပညာကြောင့်မဟုတ်ဘူး၊
ပြည်သူတရပ်လုံးကပေးလိုက်တဲ့ မဲကြောင့်ဖြစ်တယ်၊
ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများ Written by အာယု
Aung Oo shared Aye Chan Mon's photo.
ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းလွယ်ကူသော ဖြေရှင်းနည်းများWritten by အာယု
ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း
- ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန် ချင်တိုင်း သောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။
- စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ ဟာလည်း ပျို့အန်တာကို သက်သာစေနိုင် ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန် စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက် လည်း နို့ထွက်အား ကောင်းစေပါတယ်။
- နှိပ်နယ်နည်း
သင့်ညာ လက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ် ပေးနိုင်ပါတယ်။
- နံနက်တိုင်း အချဉ်ရည်သောက်ပါ
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန် သက်သာသွား နိုင်ပါတယ်။
အေးချမ်းမွန်မှ မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
Photo From : မြ၀တီသတင်း
ဒူးနာ သက်သာအောင် နာနတ်သီး စားပါ Written by အာယု
Aung Oo shared Aye Chan Mon's photo.
ဒူးနာ သက်သာအောင် နာနတ်သီး စားပါWritten by အာယု
နာနတ်သီးမှာ ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့ အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင် ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။
ဒါ့အပြင် ဘရိုမီလိန်း လို့ခေါ်တဲ့ အင်ဇိုင်း ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေ မှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။ လေ့လာမှုတွေအရ ဘရိုမီလိန်း ဒြပ်ပေါင်းဟာ ဒူးခေါင်း အရိုး အဆစ် ရောင်နာနဲ့ နာကျင်မှု ဝေဒနာပျောက် ကင်းဖို့အတွက် ထိထိ ရောက်ရောက် အကျိုး ရှိတယ်လို့ သိရပြီး စတီးရွိုက် မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး အသုံးပြု နိုင်တယ်လို့ သိရပါတယ်။
အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
Photo From :မြ၀တီ
လက်ပံတောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့ / အိမ်လွမ်းစိတ်
Aung Oo shared Aye Chan Mon's photo.
လက်ပံတောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့အိမ်လွမ်းစိတ်
"ခင်ဗျားတို့ အညာသားတွေက ဒေသစွဲ ကြီးတယ်နော် ..."၊ အောက်သား မိတ်ဆွေတွေ ပြောနေကျ စကား။ စာရေးသူ မတုံ့ပြန်ပါ။ ပြုံးလို့သာ နေလိုက်သည်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို စွဲလမ်း၊ တသ၊ သံယောဇဉ် ကြီးတတ်ကြသည်ကို စာရေးသူက အပြစ် လို့မမြင်။ သဘာဝကျသော လူဆန်မှုဟု ထင်သည်။ ပြောရလျှင် စာရေးသူတို့ “မုံရွာ” ကလည်း မမေ့ရက် စရာ။ အရှေ့တစ်ကြောတွင် အလယ်ရိုးမ အဆက် ရွှေမြင်တင်တောင်၊ ကျောက်ကာတောင် အနောက်တစ်ရိုးက ချင်းတွင်း ရေကြည်။ ချင်းတွင်း အလွန်တွင်ကား၊ လက်ပံတောင်းတောင်၊ ဖိုလ်ဝင်တောင်၊ ပုံတောင်ပုံညာတောင်တန်း။ အနောက်ရိုးမ၏ အဆွယ်အပွားများ။ ဤရိုးမကြီး နှစ်သွယ်ကြားမှ မြစ်ဝှမ်း လွင်ပြင်လေးမှာ ပူပြင်း ခြောက်သွေ့လှသော ကန္တာရထဲမှ အိုအေစစ် လေးပင်။
တိုင်းပြည်ဖြိုခွဲတဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်တယ်။(စာကို သေသေချာချာ ဖတ်ပြီးမှ ဝေဖန်ဆဲဆိုပါ။)
တိုင်းပြည်ဖြိုခွဲတဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်တယ်။(စာကို သေသေချာချာ ဖတ်ပြီးမှ ဝေဖန်ဆဲဆိုပါ။)
တခါတခါကျတော့ တိုင်းပြည်ပြိုကွဲမှာ စိုးလို့ ဆိုတဲ့စကားလုံးကို
တကမ္ဘာလုံးမှာ ရှိတဲ့ဘာသာစကားတွေကနေ မြန်မာပြည်အတွက် မသုံးဖို့
တားမြစ်ချင်တယ်။ သမိုင်းမသိဘဲ ပင်လုံစာချုပ်အကြောင်းတွေ
လျှောက်ပြောနေတယ်။ဘာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ၊ တိုင်းပြည်မပြိုကွဲရေး။ ပင်လုံ စာချုပ်မှာ ပါဝင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ
ဆိုတာကလည်း ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပါတ်သက် ရာ ပါတ်သက်ကြောင်း
တွေချည်းပဲ။ ဥပမာ ပေးရမယ်ဆိုရင် ကရင်မှာ ကရင့်ခေါင်းဆောင် အစစ်
စောဘဦးကြီး၊ မန်းဘဇံ မပါဘူး။ ဒီလိုပဲ တခြားလူမျိုးစုတွေရဲ့
ခေါင်းဆောင်အစစ်တွေမပါဘူး။ တိုင်းပြည် ဖြိုခွဲမဲ့သူ တို့ရန်သူ ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းကို တရားခံလုပ်လိုက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပဲ
တိုင်းရင်းသားတွေကို ကတိပေးခဲ့တာ ကျနော်တို့နဲ့ ၁၀
နှစ်လောက်တွဲလုပ်ကြည့်ပါ။ မကြိုက်ရင် မကျေနပ်ရင် ခွဲပေါ့တဲ့။ အခုတော့
ခင်ဗျားတို့ စစ်ခေါင်းဆောင်ချင်းကျ အပြစ်မပြောဘဲ၊ ကျနော်တို့
တိုင်းရင်းတွေကို လာပြောနေတော့ ခင်ဗျားတို့လဲ ဒီပုတ်ထဲက ဒီစုန်းပြူးက
ပိုမာတယ်လို့ ပြောရမလို ဖြစ်နေပြီ။
တိုင်းပြည်ဖြိုခွဲတဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်တယ်။(စာကို သေသေချာချာ ဖတ်ပြီးမှ ဝေဖန်ဆဲဆိုပါ။)
တခါတခါကျတော့ တိုင်းပြည်ပြိုကွဲမှာ စိုးလို့ ဆိုတဲ့စကားလုံးကို တကမ္ဘာလုံးမှာ ရှိတဲ့ဘာသာစကားတွေကနေ မြန်မာပြည်အတွက် မသုံးဖို့ တားမြစ်ချင်တယ်။ သမိုင်းမသိဘဲ ပင်လုံစာချုပ်အကြောင်းတွေ လျှောက်ပြောနေတယ်။ဘာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ၊ တိုင်းပြည်မပြိုကွဲရေး။ ပင်လုံ စာချုပ်မှာ ပါဝင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ
ဆိုတာကလည်း ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပါတ်သက် ရာ ပါတ်သက်ကြောင်း
တွေချည်းပဲ။ ဥပမာ ပေးရမယ်ဆိုရင် ကရင်မှာ ကရင့်ခေါင်းဆောင် အစစ်
စောဘဦးကြီး၊ မန်းဘဇံ မပါဘူး။ ဒီလိုပဲ တခြားလူမျိုးစုတွေရဲ့
ခေါင်းဆောင်အစစ်တွေမပါဘူး။ တိုင်းပြည် ဖြိုခွဲမဲ့သူ တို့ရန်သူ ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းကို တရားခံလုပ်လိုက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပဲ
တိုင်းရင်းသားတွေကို ကတိပေးခဲ့တာ ကျနော်တို့နဲ့ ၁၀
နှစ်လောက်တွဲလုပ်ကြည့်ပါ။ မကြိုက်ရင် မကျေနပ်ရင် ခွဲပေါ့တဲ့။ အခုတော့
ခင်ဗျားတို့ စစ်ခေါင်းဆောင်ချင်းကျ အပြစ်မပြောဘဲ၊ ကျနော်တို့
တိုင်းရင်းတွေကို လာပြောနေတော့ ခင်ဗျားတို့လဲ ဒီပုတ်ထဲက ဒီစုန်းပြူးက
ပိုမာတယ်လို့ ပြောရမလို ဖြစ်နေပြီ။
တခါတခါကျတော့ တိုင်းပြည်ပြိုကွဲမှာ စိုးလို့ ဆိုတဲ့စကားလုံးကို တကမ္ဘာလုံးမှာ ရှိတဲ့ဘာသာစကားတွေကနေ မြန်မာပြည်အတွက် မသုံးဖို့ တားမြစ်ချင်တယ်။ သမိုင်းမသိဘဲ ပင်လုံစာချုပ်အကြောင်းတွေ လျှောက်ပြောနေတယ်။ဘာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ကျုံဒိုးဝန်းကျင် အမြောက်ပဲ့တင်သံများ- ဗိုလ်ရွှေမင်းသိမ်း by Myanmar NAVY on Wednesday, December 19, 2012 at 5:44am ·
၁၉၉၂
ခုနှစ် တပ်မတော်(ရေ ) နှစ်လည်မဂ္ဂဇင်းတွင် ပါရှိခဲ့သော ဗိုလ်ရွှေမင်းသိမ်း
(ဗိုလ်မှူးချုပ် မင်းသိမ်းတင်) ရေးသားခဲ့သည့် မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) ၏
ကျုံဒိုးရွာဆိပ်တိုက်ပွဲ ဖြစ်ရပ်မှန် ဝတ္တုတို ဖြစ်ပါသည်။ ထိုအချိန်က
စစ်ရေယာဉ်မှူးမှာ ယခု ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေဖြစ်ပြီး
ယင်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ ကွပ်ကဲနိုင်ခဲ့ခြင်းကြောင့်
သူရဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရပါသည်။ (၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖော်ပြအပ်ပါသည်။ စနစ်တကျ စုဆောင်းထားရှိပြီး
ပေးပို့ပေးသော ကို Myo Thaik အား ကျေးဇူးအထူးတင်ရှိပါသည်။
၁၉၉၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ မှ အမိန့်ကြေငြာစာ အမှတ် ၃/၉၂ ဖြင့် သူရဘွဲ့ ချီးမြှင့်ခြင်း ခံရသည့် စစ်ရေယာဉ်မှူး ရေ/၁၂၈၂ ဗိုလ်ကြီးသက်ဆွေ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြင့်ခံရသော ဒု-စစ်ရေယာဉ်မှူး ရေ/၃၄၅၂ ဗိုလ်ကရင်လဂျာ နှင့် ကိုယ်ပိုင်အမှတ် ၁၉၇၉၉ ဆေးတပ်သား အောင်ကြီး အပါအ၀င် မြစ်တွင်းတိုက်ရေယာဉ် ၃၀၃ မှ စစ်သည်များအား ဂုဏ်ပြုလျက်............ဗိုလ်ရွှေမင်းသိမ်း
အွန်လိုင်းပေါ်မှ ကျင့်ဝတ်များ by Thanda Win on Tuesday, December 18, 2012 at 2:40am ·
(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။)
- အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။
- ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။
အပြေးကောင်းသော ကျွန်တော်နှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော လူမိုက်များ ရေးသားသူ- ဥက္ကာကိုကို
စစ်ထောက်လှမ်းရေးတွေနဲ
့ ရပ်ကွက်ကို အုပ်ချုပ်ခဲ့ပြီး အတိုက်အခံလို့ နာမည်တတ်ထားတဲ့ သူတွေကို
ဖမ်းဆီးတဲ့ အလေ့အကျင့်က ဒီလိုလူမိုက်တွေကိုမွေးထုတ်ပေးခဲ့တယ်
။ ဒီမိုကရေစီ အပြောင်းအလဲကာလမှာ လူငယ်တွေက စိတ်ဝင်စားတဲ့ ဘာသာရပ်တွေနဲ့ 
အုပ်စုဖွဲ့ သင့်တယ် ။ လူတွေက ဆင်းရဲတာနဲ့ ငွေနောက်လိုက်ရင် ခရိုနီ
တပည့်တွေဖြစ်သွားတတ်တယ် ။
အပြေးကောင်းသော ကျွန်တော်နှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသော လူမိုက်များရေးသားသူ- ဥက္ကာကိုကို
ရုတ်တရက် ရှေ့မှာ ထိုးရပ်လိုက်သည့် ကားနှစ်စီးပေါ်က ခုန်ဆင်းလာသော လူဆယ်ဦးခန့်ကို တွေ့လိုက်ရပြီး မရှေးမနှောင်းပင် ညာဘက်ပါးချိတ်ပေါ်သို့
ကျရောက်လာသည့် လက်သီးတစ်ချက်ကြောင့် ကျွန်တော်နောက်လန်ကျသွားသည်။ အချိန်က ညသန်းခေါင်ကို ကျော်လွန်ခဲ့ပါပြီ။
လူသွားလူလာ တိတ်ဆိတ်နေသည့် ညတစ်ညရဲ့ ပြန်နေကျ လမ်းပေါ်မှာ ကားစောင့်နေချိန် ၀ိုင်းဝန်းရိုက်နှက်ရန် ကြံစည်ခံရလိမ့်မည်ဟု
ကျွန်တော်မထင်မှတ်ထားခဲ့ဖူးပါ။ နောက်လန်ကျတဲ့ ခဏမှာ ချက်ချင်းပြန်ထပြီး ၀ိုင်းလာတဲ့ လူတစ်စုကြားထဲက တိုးထွက်နိုင်ခဲ့သည်မှာလည်း
ကံကြမ္မာကြောင့်မဟုတ်ဘဲ အပြေးမြန်ခြင်းကြောင့်သာလျှင်ဖြ
‘ဆေးမတိုးသည့် ငှက်ဖျား’
Drug Resistant Malaria
မြန်မာ သတင်းများ ဒီဇင်ဘာ ၁၉၊ ၂၀၁၂‘ဆေးမတိုးသည့် ငှက်ဖျား’ သုတေသန မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေ
အသက်ဆုံးရှုံးစေနိုင်သည် အထိ ပြင်းထန်ကာ ဆေးမတိုး
တော့သည့် ငှက်ဖျားရောဂါပျံ့ပွါးမှုနှင့် ပတ်သက်၍ဆန်းသစ် ထူးခြား သည့် သုတေသနကို အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသီများက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေကြကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စီစဉ်ဖွဲ့စည်းထားသည့်
နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခု၏ အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်လုပ်ကိုင်နေကြသော သိပ္ပံပညာရှင်များ က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်
ဆေးယဉ် ငှက်ဖျားရောဂါပိုး နောက်ဆုံး အမျိုးအစားသစ် ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးအတွက် စမ်းသပ်ချက်များပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အလားအလာရှိသည့် ဗီဇအမှတ်အသား (genetic markers) များစွာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း medicalxpress အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည်။
Subscribe to:
Comments (Atom)




![မြန်မာ သတင်းများ ဒီဇင်ဘာ ၁၉၊ ၂၀၁၂
‘ဆေးမတိုးသည့် ငှက်ဖျား’ သုတေသန မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေ
အသက်ဆုံးရှုံးစေနိုင်သည် အထိ ပြင်းထန်ကာ ဆေးမတိုး
တော့သည့် ငှက်ဖျားရောဂါပျံ့ပွါးမှုနှင့် ပတ်သက်၍ဆန်းသစ် ထူးခြား သည့် သုတေသနကို အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသီများက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေကြကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စီစဉ်ဖွဲ့စည်းထားသည့်
နိုင်ငံတကာ သုတေသန အဖွဲ့ကြီးတခု၏ အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်လုပ်ကိုင်နေကြသော သိပ္ပံပညာရှင်များ က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်
ဆေးယဉ် ငှက်ဖျားရောဂါပိုး နောက်ဆုံး အမျိုးအစားသစ် ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးအတွက် စမ်းသပ်ချက်များပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အလားအလာရှိသည့် ဗီဇအမှတ်အသား (genetic markers) များစွာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း medicalxpress အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည်။
မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံမှ သုတေသန ပညာရှင်များသည် အာတီမီဆီနင် (Artemisinin) ဆေးကို ခံနိုင်ရည်ရှိ သည့် ရောဂါပိုး ပျံ့ပွါးပုံကို ခြေရာခံ ဖော်ထုတ်ရေးနှင့် မြန်မာနိုင်ငံတွင် ငှက်ဖျား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုရေးအတွက် ဒေသတွင်း ပညာရှင်များအား မော်လီကျူလာနှင့် ဆေးဝါးသုတေသန ဓါတ်ခွဲခန်းများ တွင် နောက်ဆုံးပေါ် နည်းလမ်းများအား အသုံးပြုနိုင်စေရန် လေ့ကျင့်သင်ကြားပေးရန် အသစ်ရရှိသော ရန်ပုံငွေများကို အသုံးပြုသွားမည် ဖြစ်သည်။
နောက်ဆုံးပေါ် အာတီမီဆီနင် ဆေးကို ခံနိုင်ရည်ရှိသည့် ငှက်ဖျားပိုးကြောင့် ဖြစ်ပွါးသည့် ငှက်ဖျားရောဂါ အမျိုးအစား သည် ဆေးယဉ်ပါး ငှက်ဖျားရောဂါ အမျိုးအစားသစ် တခုဖြစ်ပြီး အာတီမီဆီနင် အုပ်စုဝင် ဆေးများဖြင့် ပြင်းထန်သော ငှက်ဖျားရောဂါကို ကုသရာတွင် တိုးတက်မှု နှေးကွေးနေသည်။
WHO ၏ ကိန်းဂဏန်းများအရ ၂ဝ၁ဝ ခုနှစ်တွင် တကမ္ဘာလုံး၌ ငှက်ဖျားဝေဒနာ ခံစားရသူပေါင်း ၂၁၆ သန်းခန့် ရှိခဲ့ပြီးဝေဒနာရှင် ၆၅၅,ဝဝဝ ခန့် သေဆုံးခဲ့ပြီး အများစုမှာ အာဖရိကမှ ကလေးငယ်များ ဖြစ်ကြသည်။ အာဖရိကတွင် ငှက်ဖျားရောဂါကြောင့် မိနစ်တိုင်း မိနစ်တိုင်းတွင် ကလေးတဦးစီ သေဆုံးလျက် ရှိနေသည်ဟု WHO က ဆိုသည်။
“မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အရှေ့တောင်အာရှ ဒေသကြီးရဲ့ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းပဲ ရှိပေမယ့် မြန်မာနိုင်ငံရဲ့ ငှက်ဖျားဝေဒနာရှင် အရေအတွက်ဟာ အရှေ့တောင်အာရှဒေသ ငှက်ဖျားဝေဒနာရှင် အရေအတွက်ရဲ့ ၂ဝ ရာခိုင်နှုန်းလောက် ရှိနေပါတယ်” ဟု ကူးစက်ရောဂါ၊ ပြည်သူ့ကျန်းမာရေး၊ အဏုဇီဝဗေဒ နှင့် ကိုယ့်ခံအားစနစ်လေ့လာရေး ဆေးပညာ ပါမောက္ခ တဦးဖြစ်ပြီး Howard Hughes ဆေးသုတေသီ ဒေါက်တာ Christopher Plowe က ဆိုသည်။
မာရီလန်း တက္ကသိုလ် ဆေးသိပ္ပံ၏ ကာကွယ်ဆေး ဌာနမှ ခေါင်းဆောင်တဦးလည်း ဖြစ်သူ သုတေသန အကြီးအကဲဒေါက်တာ Plowe သည် ထိုသုတေသန အတွက် Johns Hopkins Bloomberg School of Public Health မှ ပညာရှင်များနှင့် တွဲဖက်၍ လုပ်ဆောင်မည် ဖြစ်သည်။
“အာတီမီဆီနင်ဟာ ငှက်ဖျားတိုက်ဖျက်ရေး ဆေးတွေထဲမှာ ထိရောက်တဲ့ နောက်ဆုံး ဆေးအုပ်စု ဖြစ်တဲ့အပြင် ငှက်ဖျားပိုးတွေ ဆေးယဉ်ပါးလာမှုကြောင့် ထိရောက်မှု မရှိတော့တဲ့ သူ့အရင်က ဆေးတွေရဲ့ နေရာမှာ အစားထိုး အသုံးပြုနေတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။ အခု ဒီ အာတီမီဆီနင် ဆေးကို ယဉ်ပါးလာတဲ့ ငှက်ဖျား အမျိုးအစားဟာ တခြားငှက်ဖျားတွေနဲ့ ယှဉ်ရင် နည်းသေးပေမယ့် အာတီမီဆီနင် ဆေးကို ယဉ်ပါးလာတဲ့အတွက်ကြောင့် အဲဒီ့ ငှက်ဖျားရောဂါ အမျိုးအစား စတင်တွေ့ရှိခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်ဖျားကို တိုက်ဖျက်ကုသရာမှာ ကျရှုံးမှုတွေ ဖြစ်ပေါ် ခဲ့ပြီးပါပြီ။ ဒီဆေးရဲ့ ထိရောက်မှုတွေ ဆုံးရှုံးပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှာကို စိုးရိမ်နေကြပါတယ်” ဟု ဒေါက်တာ Plowe က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား အနောက်ပိုင်း အပြင် ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာနယ်စပ် အနီးတွင် လုပ်ကိုင်နေကြ သည့် သုတေသန ပညာရှင်များက အာတီမီဆီနင်ဆေး၏ ထိရောက်မှုနှင့် ပတ်သက်သည့် ကုသရေးဆိုင်ရာ စမ်းသပ်ချက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် နမူနာများကို ဒေါက်တာPlowe ၏ အသင်းသို့ပေးအပ်ခဲ့ကြသည်။
“ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ တွေ့ရှိရတဲ့ အတွက် ဆေးယဉ်ပါးမှုကြောင့် ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီး လေ့လာမှုတွေမှာ မြန်မာနိုင်ငံဟာ အထူးအရေးပါလှပါတယ်။ ဒါဟာ ထိုင်းနိုင်ငံနဲ့ ကွာခြားချက်ပါ။ ထိုင်းနိုင်ငံမှာဆိုရင် နိုင်ငံရဲ့ ဗဟိုအချက်အချာ ဒေသဟာ ငှက်ဖျားကင်းလွတ်တဲ့ ဒေသ ဖြစ်ပြီးတော့ ငှက်ဖျားပျံ့ပွါးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဒေသ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငှက်ဖျားဖြစ်ပွါးမှုနှုန်း မြင့်မားမှု ဟာ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေ အကြား ရောဂါပျံ့ပွါးအောင် လမ်းခင်းပေးသလို ဖြစ်နေပါတယ်” ဟု ဒေါက်တာ Plowe က ရှင်းပြသည်။
ထို ဆေးယဉ်ပါး ငှက်ဖျားပိုးများ အနေဖြင့် အခြားငှက်ဖျားပိုးများနှင့် မျိုးစပ်ကာ ပေါက်ဖွားကြသည်လား၊ သို့မဟုတ် ထိုမျိုးစုတူ အချင်းချင်း အတွင်းမှာပင် ဒေသတခုတည်း၌ ပြန်လည်မျိုးပွါးကြပြီး တခြားဒေသများသို့ မပျံ့ပွါးဘဲ နေကြ သည်လား ဆိုသည်ကို သိရှိရန် သုတေသီများ အနေဖြင့် လေ့လာကြမည်ဖြစ်သည်။
ထိုငှက်ဖျားပိုးမွှားများ၏ ဗီဇသဘောကို လေ့လာခြင်းအားဖြင့် သိပ္ပံပညာရှင်များသည် ဆေးဒဏ် ခံနိုင်သည့် ဗီဇများဒေသသစ်များသို့ မည်ကဲ့သို့ ပျံ့နှံ့သွားသည်ကို နားလည်လာမည် ဖြစ်ပြီး ထိုကဲ့သို့ ပျံ့နှံ့မှု ရပ်တန့်သွားရန် လုပ်ကောင်း လုပ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ဆေးဒဏ် ခံနိုင်သည့် ရောဂါပိုး ဗီဇများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းသည် အရေးကြီးလှသည်ဟု သူကဆိုသည်။အမေရိကန် အမျိုးသား ကျန်းမာရေး ဌာန NIH မှ ရရှိသည့် ဆု အသစ်များမှာလည်း ဒေါက်တာ Plowe ၏ သုတေသနအား ငွေကြေး အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ ဓါတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား သိပ္ပံ (NIAID) မှ ၁ နှစ်လျှင် ဒေါ်လာ ငါးသောင်းနှုန်းဖြင့် ၂ နှစ် ရရှိမည်ဖြစ်သည်။ ထို့ပြင် NIH ၏ Fogarty International Center မှ လက်ရှိ ထောက်ပံ့ထားမှုအား နောက်တကြိမ် ဖြည့်စွက်ပေးငွေ အဖြစ် ဒေါ်လာ ငါးသောင်း
ထောက်ပံ့မည်ဖြစ်သည်။ ထိုထောက်ပံ့ကြေးများဖြင့် မြန်မာနိုင်ငံအတွင်း သုတေသနလုပ်ငန်းများ အရှိန်မြှင့်ပြီး သင်တန်းများလည်း ပိုမိုပေးသွားနိုင်မည်ဖြစ်သည်။
ထိုစီမံကိန်း အားလုံးတွင် ဒေါက်တာ Plowe သည် Johns Hopkins Bloomberg School of Public Health မှ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါးသုတေသန လက်ထောက် ပါမောက္ခဖြစ်သူ မြန်မာ အမျိုးသမီး ဒေါက်တာ မြိုင်မြိုင်ညွန့် [M.D., Ph.D.] နှင့် တွဲဘက်၍ အလုပ်လုပ်မည် ဖြစ်သည်။
ဒေါက်တာ Plowe ၏ ဇနီးလည်းဖြစ်သည့် ဒေါက်တာ မြိုင်မြိုင်ညွန့်မှာ Open Society Institute ၏ အစီအစဉ်ဖြင့်မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူဖြစ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် Johns Hopkins တက္ကသိုလ်တို့ အကြား သုတေသနနှင့် သင်ကြားရေး လုပ်ငန်းများတွင် တွဲဖက်ဆောင်ရွက်ရန် အလုပ်လုပ်နေခြင်း ဖြစ်သည်။
အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင်ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်မည်
အကျဉ်းသားများ ပြစ်ဒဏ်ကျခံပြီးနောက် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာပါက အလုပ်အကိုင် ရရှိနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် အကျဉ်းသားများ အနေဖြင့် ရဟန်းဝတ်လိုပါက ခုနစ်ရက်မှ ရာသက်ပန်အထိ သာသနာ့ဘောင်သို့ ၀င်ရောက်နိုင်ရန် လှူဒါန်းမည့် အလှူရှင်များလည်း အသင့်ရှိနေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ထောင်အုပ်စု ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုပါသည်။
“အကျဉ်းကျခံရတဲ့သူတွေထဲမှာ အများစုကခိုး၊ ဆိုး၊ နှိုက် အမှုတွေများတယ်။ သူတို့တွေ ကံငါးပါး လုံသွားရင် သူတို့အတွက် ကောင်းသလို နိုင်ငံအတွက်လည်း ကောင်းမယ်။ ဒီတော့ သူတို့ကို အကျဉ်းထောင်က လွတ်တာနဲ့မေးတယ်။ ကိုရင်အရွယ်ဆို ကိုရင်ဝတ်မလား။ ရဟန်းအရွယ်ဆို ရဟန်းဝတ်မလား မေးတယ်။ တကယ်လို့ ၀တ်ချင်တယ်ဆိုရင် သင်္ကန်းစည်းချင်တယ်ဆိုရင် ခုနစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ ကြိုက်သလောက် ၀တ်နိုင်ပါတယ်။ အကယ်၍ ရာသက်ပန် ၀တ်ချင်တယ်ဆိုရင် ရာသက်ပန် သင်္ကန်းစည်းပေးမယ့် အလှူရှင်တွေက အဆင်သင့်ရှိပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။
“တကယ်လို့ ရဟန်းဝတ်ပြီးနောက် တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်ကြာ လို့ မနေချင်ရင် ထွက်ပြီး အလုပ်လုပ်ချင်လား။ ဒါကြောင့် အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ်ပါပေးမယ်။ ကုမ္ပဏီတွေမှာ အလုပ်ရှာပေးမယ်။ ချိတ်ဆက်ထားတာတွေရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်း ဘာသာပေါင်းစုံအတွက် ဘာသာရေး ပြုလုပ်နိုင်ရန် နေရာများ စီစဉ်ပေးထားကြောင်း၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ အစရှိသည့် ဘာသာပေါင်းစုံအတွက် ဘာသာရေး ဆောင်ရွက်နိုင်ရန် နေရာများ ထားရှိပေးထားကြောင်း သိရှိရသည်။
ပညာရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်မည့် အမျိုးသားပညာရေးဥပဒေ ပေါ်ထွက်လာရေးအတွက် ပညာရေးမူဝါဒ ရေးဆွဲရန် ပြင်ဆင်
ပညာရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်မည့် အမျိုးသားပညာရေးဥပဒေ ပေါ်ထွက်လာရေးအတွက် အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးရာ ကော်မတီမှ သိရသည်။
ထိုသို့ရေးဆွဲရန်အတွက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရေး လေ့လာသည့်အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပညာရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်းလည်း သိရသည်။
အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရာတွင် ပြည်သူလူထုနှင့် ပညာရေးနှင့် သက်ဆိုင်သူအားလုံး၏ အကြံဥာဏ်ကို ရယူသွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရာ ကော်မတီမှ ဒေါက်တာသိန်းလွင်က ဆိုသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပထမ သုံးလပတ်၌ ဒေသဆိုင်ရာနှင့် ဆက်သွယ်သည့် လုပ်ငန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဒုတိယ သုံးလပတ်တွင် ဒေသဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ကြောင်း၊ တတိယသုံးလတွင် ပညာရေးညီလာခံ ပြုလုပ်မည် ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ပြောပါသည်။
“ပြည်သူလူထုဆီက အကြံဥာဏ် ရယူဖို့နဲ့ သုတေသနအဖွဲ့ ဖွဲ့ဖို့ ပြင်ဆင်နေပါပြီ။ ခြောက်လအကြာမှာ ပထမ မူကြမ်းတစ်စောင် ရေးမယ်။ ပြီးရင် နောက်တစ်ကြိမ် ပြည်သူလူထုကို ချပြမယ်။ ပြည်သူလူထုဆီက တုံ့ပြန်ချက်ကို အခြေခံပြီး ဒုတိယမူကြမ်း ရေးမယ်။ အဲဒီမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်မယ်။ အခုကျွန်တော်တို့ မျှော်မှန်းတာတော့ ပညာရေး မူဝါဒရေးဆွဲဖို့ ပညာရေးနဲ့ သက်ဆိုင်သူအားလုံးရဲ့ အကြံဥာဏ် ပါဝင်စေချင်တယ်” ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။
အမျိုးသား ပညာရေးမူဝါဒ ရေးဆွဲရာတွင် လက်ရှိတွင် ပါတီအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သာ ပါဝင်ပြီးနောက်ပိုင်းတွင် ပါတီပေါင်းစုံမှ ပါဝင်လာမည်ဖြစ်ကြောင်းနှင့် ပညာရေးနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များလည်း ပါဝင်ရေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။
ပညာရေးအဆင့်အတန်း မြှင့်တင်ရန်အတွက် ပညာရေးကဏ္ဍ တစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် အမျိုးသား ပညာရေး ဥပဒေ National Education Act တစ်ခုကို ရေးဆွဲရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ငါန်းဇွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးက နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းနန်းတော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်မည်
ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်းတရားကြီး စိုးစံခဲ့သော အိန္ဒိယနိုင်ငံ မဟာရာဖတ်ပြည်နယ်၊ ရတနာဂီရိရှိ သီပေါစံအိမ်တော်ကို အိန္ဒိယအစိုးရမှ ငွေကြေးစိုက်ထုတ်ကာ အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ် နေကြောင်း အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad- hyay က ပြောကြားခဲ့သည်။
အဆိုပါ သီပေါမင်းတရားကြီး၏ စံနန်းတော်ကို အိန္ဒိယနိုင်ငံမှ ငွေကြေးစိုက်ထုတ်ကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Mr.A.K.Upad- hyay က ဒီဇင်ဘာလ ၁၃ ရက်နေ့၌ မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ်တွင် ပြုလုပ်သည့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
''ရတနာဂီရိမှာရှိတဲ့ မြန်မာပြည်က သီပေါဘုရင်ရဲ့ စံနန်းတော်ကို ကျွန်တော်တို့ အိန္ဒိယပါလီမန်ကနေ ငွေကြေးစိုက်ထုတ်ပြီးတော့ ခမ်းခမ်းနားနားနဲ့ အကြီးစားပြင်ဆင်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်မှုတွေ လုပ်လိုက်ခြင်း အားဖြင့် မြန်မာပြည်သူတွေအနေနဲ့ လေ့လာဖို့ရာ နေရာတစ်ခုဖြစ်သွားသလို ကျွန်တော်တို့နိုင်ငံအတွက်လည်း ဂုဏ်ယူစရာဖြစ်ပါတယ်။ကျွန်တော်တို့ နှစ်နိုင်ငံဟာဆိုရင် ကိုလိုနီရဲ့လက်အောက်မှာ အတူဖြတ်သန်းလာ ခဲ့ကြရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းက အနောက်နိုင်ငံတွေကို ကျွန်တော်တို့တစ်တွေ မျှော်ကြည့်ခဲ့ရပါတယ်။ အခုတော့ အရှေ့ဘက်က အာရှနိုင်ငံတွေကို မျှော်ကြည့်ရမယ့် အချိန်ကို ရောက်လာပါပြီ''ဟု အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Mr.A.K.Upad- hyay က ပြောကြားသည်။
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် နန်းတက်ခဲ့ပြီး နန်းစံနှစ်မှာ ၇ နှစ်ဖြစ်သည်။ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် (ခရစ်နှစ် ၁၈၈၅ ခုနှစ်၊နိုဝင်ဘာလ ၂၉ရက်) နေ့တွင် အင်္ဂလိပ်အစိုးရမှ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သမိုင်းမှတ် တမ်းများအရ သိရပါသည်။
စစ်ကိုင်းငလျင်ဒဏ်ခံ စာသင်ကျောင်းများအတွက် ဂျက်လီ လှူဒါန်းမည်
ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် တရုတ်မင်းသား ဂျက်လီသည် နိုဝင်ဘာလက စစ်ကိုင်းတိုင်း ရွှေဘိုကို ဗဟိုပြု လှုပ်ခတ်သွားသည့် အင်အားပြင်း မြေငလျင်ဒဏ်ခံဒေသများရှိ စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျက်လီက ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူကာ တည်ထောင်ထားသည့် One Foundation က မြေငလျင်ကြောင့် ပျက်စီးသွားသော စာသင်ကျောင်း ၃ ကျောင်းကို ပြန်လည် ဆောက်လုပ်ပေးရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံအခြေစိုက် တရုတ်ဘာသာနှင့် ရေးသားသည့် MMGP မီဒီယာ၌ လွန်ခဲ့တဲ့ သီတင်းပတ်က ဖော်ပြထားသည်။
ဂျက်လီ၏ ဖောင်ဒေးရှင်း အင်တာနက် စာမျက်နှာတွင် တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း မင်းသား ဂျက်လီက ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့် “ဘယ်လို အကူအညီတွေကို ပံ့ပိုးကူညီသွားရမယ် ဆိုတာတော့ ကျတော်တို့ အတိအကျဖြစ်ဖို့ ဆွေးနွေးနေဆဲပါ။ အဲဒီက ကလေးတွေကို ထိထိရောက်ရောက် ကျနော်တို့ ကူညီနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံတွင် အမျိုးသားရေးဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြီးဆုံး ဖောင်ဒေးရှင်းကြီး တခုဖြစ်သည့် One Foundation ၏ Rescue Alliance အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၁ ရက်နေ့က အင်အား ၆.၈ ရစ်ခ်ျတာ စကေး မြေငလျင် လှုပ်ခတ်ခဲ့သော ထိခိုက်မှုများသော ဒေသသို့ ပထမဆုံး နိုင်ငံခြား ကယ်ဆယ်ရေး အသင်းအနေဖြင့် သွားရောက်ခဲ့သည်။
အဆိုပါ မြေငလျင်ကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေ အိမ်များ၊ ဆေးရုံများ၊ တံတားများ ပြိုကျပျက်ဆီးသွားခဲ့ရပြီး လူပေါင်း ၇၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။ ထို့အပြင် ထောင်နှင့်ချီသော လူများလည်း အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့သည်။
ဂျက်လီ၏ ဖောင်ဒေးရှင်းအနေဖြင့် ကျောင်းသားဦးရေ အများဆုံးရှိပြီး ပျက်ဆီးမှု အများဆုံးဖြစ်သည့် စာသင်ကျောင်းများ ပြန်လည်ဆောက်လုပ် ကူညီပေးရေးကို အာရုံထား လုပ်ဆောင်သွားမည်ဟု MMGP တရုတ် သတင်း မီဒီယာတွင် ဖော်ပြထားသည်။
ဂျက်လီ ဖောင်ဒေးရှင်အနေဖြင့် အကူအညီပေးမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အတွင်းရှိ မြေငလျင်ဒဏ် အထိအနာဆုံး ဒေသရှိ စာသင်ကျောင်းများအတွက် ဖြစ်နိုင်ခြေများပြီး အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ကျောက်မြောင်းမြို့နယ်များရှိ ကျောင်းများအတွက်လည်း ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်မင်းသား ဂျက်လီကို မြန်မာ ရုပ်ရှင်ပရိသတ်များကလည်း အားပေးကြပြီး “Lethal Weapon 4” (၁၉၉၈)၊ “The Forbidden Kingdom” (၂၀၀၈) နှင့် “The Expendables” (၂၀၁၀) စသည်တို့သည် လူသိများသည့် သူ၏ ဇာတ်ကားများ ဖြစ်ကြသည်။
ဂျက်လီသည် ကျောင်းများ ပြန်လည်ဆောက်လုပ် လှူဒါန်းမှုများ လုပ်ဆောင်ပြီးနောက် ကျင်းပမည့် ဂုဏ်ပြု အခမ်းအနားတခုကိုလည်း တက်ရောက်ဖွယ်ရှိကြောင်း MMGP သတင်း အဆိုအရ သိရသည်။
“စာသင်ကျောင်းတွေ ဆိုတာဟာ မြန်မာနိုင်ငံမှာ အကောင်းဆုံး အဆောက်အဦလည်းဖြစ်တယ်။ ဒါပေမယ့် ဒါတွေက တော်တော်ကို ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားခဲ့တယ်” ဟု အဆိုပါ ဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့၏ တာဝန်ခံဖြစ်သူ Jiang Yili က တရားဝင် အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language](https://sphotos-a.xx.fbcdn.net/hphotos-ash3/s480x480/547538_400856379992120_706032031_n.jpg)