Maung Lwin shared Ye Yint Nge's status update.
![](https://fbcdn-profile-a.akamaihd.net/hprofile-ak-snc6/s34x34/202883_1271325398_279784_q.jpg)
ရှင်းရှင်းလေးပါဘဲ ။ မြန်မာနိုင်ငံလူ့ အခွင့်ရေးကော်မီတီ ရှိလေတော့ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ မရှိတော့ဘူးပေါ့ ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ အကောင်းဆုံးအကြံတွေ သမ္မတကို ပေးနိုင်ကြပြီပေါ့ ။ တရားဥပဒေစိုးမိုးရေးကော်မီတီဖွဲ
ရားတာတွေ
လုပ်ကြမှာ မဟုတ်တော့ဘူးပေါ့ ။ ပြောရအုံးမယ် ။ ဒေါ်အောင်ဆန်းစုကြည်က
ကမ္ဘာပတ်တော့ မြန်မာနိုင်ငံအစိုးရက နာမည်ကောင်းရလိုက်တာ
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့  အစိုးရတွေ လက်ဖျားခါလောက်အောင်
ချီးကြူးကြရပြီပေါ့ ။ နိုဗယ်ငြိမ်းချမ်းရေးဆုကိုတောင်
သမ္မတ ဦးသိန်းစိန်က နာမည်တစ်ပေးခံရပြန်တော့ ဟုတ်သားဘဲလို့  ပြောရတာပေါ့ ။
ငြိမ်းချမ်းရေးကောင်စီ ဖွဲ့ တော့ မြန်မာနိုင်ငံမှာ ငြိမ်းရေးလမ်းစတွေ
ပေါ်ပြီး စစ်မှန်တဲ့  ငြိမ်းချမ်းရေး ရကြပြီပေါ့ ။
ပြောစရာတွေ တပုံကြီး ရှိသေးပေမဲ့ ဆက်မပြောတော့ဘူး ဒေါ်မာမာအေးရယ် - ဒီလောက်ကလေးကိုဘဲ ပြန်လည်ဆန်းစစ်ကြည့်ပါရစေတော့ လို့  ပြောရတော့မှာပါ ။
မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မီတီရှိတော့ တကယ်ဘဲ လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပပျောက်သွားပြီလား ။ ကျုပ်မထင်ဘူး ။ ကြားနေရတဲ့  သတင်းတွေက နားနဲ့ မဆန့်  ကြားနေရတုံး ။ သမ္မတအကြံပေးအဖွဲ့ တွေ ရှိလာတော့ လက်ပံတောင်းတောင် ဆန္ဒပြပွဲကို နှိပ်ကွပ်ဖို့ ဟာကို တိတိကျကျ လုပ်ဖို့  အကြံတွေ ပေးလိမ့်မယ်လို့  ကျုပ်မထင်ပါရစေနဲ့ ။ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌ ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုကို တရားသူကြီးအရာကနေပြီး ဆုံးဖြတ်ဖို့  မရတော့ဘဲ ပုလိပ်အလုပ်ကို လုပ်ဖို့  စုံစမ်းရေးကော်မရှင် အလုပ်ကို လက်ခံလိုက်တာ ပွဲက ကြည့်မကောင်းပါဘူးလေ ။