Wednesday, October 24, 2012

ပြည်သူ့ခေတ်ကြီး ရောက်ချိန်နီးမှသာ (မောင်ဝံသ) by Maung Wuntha on Tuesday, October 23, 2012 at 2:50am ·



ပြည်သူ့ခေတ်ဂျာနယ် ၂၄ ၁၀ ၂၀၁၂ တွင် ဖော်ပြမည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။



ပြည်သူ့ခေတ်ကြီး ရောက်ချိန်နီးမှသာ

ကျွန်တော့်ကျန်းမာရေးနဲ့ပတ်သက်လို့ ခုလောလောဆယ်တော့ ကျွန်တော် ရန်ကုန်ကို ပြန်ရောက်နေပါပြီ။ စင်ကာပူမှာ နှစ်ကြိမ် ကီမိုဆေးသွင်းခဲံ့ပါတယ်။ ကြားဖူးထားတဲ့အတိုင်း အတော်ကလေးတော့ ခံရပေသပေါ့။ သို့သော် ကျွန်တော် သည်းခံကျော်လွှားနိုင်ခဲံ့ပါတယ်။ စင်ကာပူမှာ ရှိနေတဲ့ သားသမီးများနဲ့ မိတ်ဆွေ သင်္ဂဟများရဲ့ ၀ိုင်းဝန်းအားပေးမှုကြောင့်လည်း အားရှိခဲ့ပါတယ်။ ယခု အောက်တိုဘာ ၂၅နဲ့ နိုဝင်ဘာ ၁ ရက်မှာ ရန်ကုန်မှာ ဆေးသွင်းပါမယ်။ ပြီးရင် နိုဝင်ဘာ လဆန်းမှာပဲ စင်ကာပူပြန်သွားပြီး ပြန်လည်ဆေးစစ်ပါမယ်။ နောက် ရန်ကုန်ပြန်လာပြီး ဆက်လက်ပြီး ရက်အလိုက် ဆေးသွင်းစရာများ ဆက်လက် ပြုလုပ်ပါမယ်။ ဒီလိုပဲ ဟိုမှာ ဆေးပြန်စစ်လိုက် ဒီမှာ ဆေးပြန်သွင်းလိုက်နဲ့ လာမည့် ဖေဖော်ဝါရီလောက်အထိ လုပ်သွားရဖို့ ရှိပါတယ်။ ဒါ ကျွန်တော့်ကျန်းမာရေးအတွက် အကြမ်းဖျင်း လျာထားချက် လုပ်ငန်းစဉ်များဖြစ်ပါတယ်။

ပြည်သူ့ခေတ်ဂျာနယ်အတွက် ပြောချင်လွန်းလို့ ကော်လံဆောင်းပါးများကိုတော့ နုံးခွေနေတဲ့အချိန်များကို ကျော်ပြီး ခေါင်းကြည်တဲ့ အချိန်ကျမှ ရေးနိုင်ပါမယ်။ ယခုအပတ်အတွက်ကတော့ သက်တမ်းစေ့ နေရဖို့ မသေချာတော့တဲ့ ရောဂါဝေဒနာတစ်ခု ကျွန်တော့်မှာ စွဲကပ်နေပြီဆိုတာကို သိလိုက်ရတဲ့နောက်ပိုင်း ယခု သီတင်းပတ် သုံးပတ်လောက်အတွင်း အဖန်တလဲလဲ ဆင်ခြင်သုံးသပ်မိတဲ့ ကျွန်တော်ချစ်သော မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေများကို အကျဉ်းချုပ် တင်ပြလိုက်ပါတယ်။ မောင်ဝံသရဲ့ သူ့မှာတမ်းလို့ ယူလိုကလည်း ယူနိုင်ပါသည်။

မြန်မာ စစ်အစိုးရ၏ မဟာဗျူဟာမြောက်အစီအစဉ်တွင် ဒေါ်စု ကဏ္ဍ by Duwa Kachin on Tuesday, October 23, 2012 at 8:47pm ·


စစ်အစိုးရ၏ လျှို့ဝှက်အစီအစဉ်တွင် ဒေါ်စု ပါဝင်ပတ်သက်မှု ကဏ္ဍ အကြောင်းကို စာရေးသူအနေနဲ့ နောက်ကြောင်း အဖြစ်အပျက်များ နှင့် လက်ရှိဖြစ်ပေါ်မှု နိုင်ငံရေး အခင်းအကျင်းများအပေါ် သုံးသပ်ထားခြင်းဖြစ်ပါတယ်။

တော်လှန်ရေး အဖွဲ့များတွင် နိုင်ငံရေး နှင့် စစ်ရေး အခိုင်မာ ဆုံးနှင့် ဘာသာရေး အရ ထိတွေ့ဆက်ဆံမှု အများဆုံးမှာ ကရင် နှင့် ကချင်ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော ၁၉၉၀ ခုနှစ် နောက်ပိုင်းမှ စ၍ KNU နှင့် KIO ကိုသီးသန့်စီ ခွဲထုတ်ပြီး ထိုးစစ်ဆင်ရန် စစ်အစိုးရရဲ့ အဓိက ပစ်မှတ် ဖြစ်လာသည်။

၁၉၉၀ ကျော် တုန်းက KNU နှင့် KIO နှစ်ဖွဲ့စလုံး အပစ်ရပ်အတွက် ဆွေးနွေးခဲ့သည်။ KNU ဆိုရင် ရန်ကုန်ထိတောင် သွားရောက်ဆွေးနွေးခဲ့သေးသည်။ သို့သော် အပစ်ရပ် လက်မှတ်ထိုးတဲ့ အဆင့် အရောက်မခံခဲ့ပါ။ နောက်တော့ KNU ကိုအကြီးကျယ်ဆုံး ထိုးစစ်ဆင်ခဲ့သည်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထိုင်းနယ်စပ် တလျှောက် စစ်ပြေးဒုက္ခသည် စခန်းပေါင်းမြောက်များစွာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၄င်း ဒုက္ခသည် စခန်းများပြင်လျှင် ကေအိုင်ယူ အတွက် အထောက်အပံ့ ဖြစ်နေခဲ့သည်။

၂၀၀၈ ခုနှစ်မှ စ၍ KIO ဖက် ပစ်မှတ်ပြောင်းသွားသည်။ အမှန်ဆိုရင် KIO ဟာ ၂၀၀၈ အခြေခံဥပဒေကို အပြည့်အ၀ မထောက်ခံခဲ့ပေမယ့်၊ နောက်နောင်အခါ ပါတီ နိုင်ငံရေးအရ ပြုပြင်နိုင်ဖို့ မျော်လင့်ခဲ့သည့်နည်းတူ၊ ပါတီဖွဲ့ရန် စတင်ခဲ့သည်။ သို့သော် နိုင်ငံရေးအရ စိတ်ချနိုင်တဲ့ အနေအထားအဆင့် မရောက်သေးပဲ လက်နက်ဖြုတ်သိမ်းဖို့လောက်ထိ အတင့်မရဲခဲ့ပါ။ ထို့အတူ ကေအိုင်အေ အပါအ၀င် ကချင် ခေါင်းဆောင် အစစ်အမှန်များ ပါဝင် ဖွဲ့စည်းခဲ့သော KSPP ပါတီလဲ မှတ်ပုံတင် ကျမလာပါ။ (အခုမှ ပါတီနိုင်ငံရေး ကို လက်ခံဖို့ ကေအိုင်အေ ကို ၀ိုင်းပြောနေကြပါတယ်၊ ကေအိုင်အေ အနေနဲ့ အစကတည်းက လက်ခံပြီးသား ဆိုတာ နိုင်ငံရေးလေ့လာသူများ သိပါတယ်။)

ထို့ကြောင့် ၂၀၀၈-၂၀၁၁ ကြား ကေအိုင်အိုကို BGF လက်ခံရန် နောက်ဆုံးရက်သတ်မှတ်ချက် ရာဇသံ အကြိမ်ကြိမ်ပေးခဲ့သည်။ ကေအိုင်အို အနေနဲ့ နယ်ခြားစောင့်တပ် လက်ခံမှာမဟုတ်မှန်းလဲ ကြိုတင်တွက်ထားပြီး ဖြစ်၍ ၂၀၀၉ ခုနှစ်မှ စစ်ရေး ပြင်ဆင်လာသည်။ ကရင်၊ ၀ နှင့် ကချင်တော်လှန်ရေးကြား ဆက်သွယ်ထားသော လမ်းဖြစ်သည့် ကိုးကန့် နယ်ကို အကြောင်းရှာပြီး သိမ်းလိုက်သည်။ ၂၀၁၀ ခုနှစ် ဧပြီလအတွင်း လက်နက်ကြီးအများအပြား မန္တလေး-ဗန်းမော်လမ်းမှ တဆင့် လိုင်ဇာအနီးမှ ဖြတ်ပြီး ပို့လိုက်သည်။ ချိန်းချောက်တဲ့ သဘောလဲ ဖြစ်သည်။ ထိုချိန်က ဗန်းမော်တွင် ကချင် နှစ်ခြင်းခရစ်ယာန် ဓမ္မ ညီလာခံ ကျင်းပ နေချိန် လူထု သောင်းချီ စုဝေးရာ အနီးမှ ဖြတ်ပြီး လက်နက်ကြီးများ ပို့ဆောင်ပြသလိုက်ခြင်းဖြစ်သည်။ ထိုစဉ်ကတည်းက ကေအိုင်အေလဲ ခံစစ်အတွက် ပြင်ဆင်နေခဲ့သည်။သတင်းများမှာလဲ လိုင်ဇာကို ထိုးစစ်ဆင်ရန် အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သော မိသားစုများထံမှ ခိုင်လုံတဲ့ သတင်းများအရသိရသည်။ တချိန်ထဲမှာ အရပ်သားစီး ရထားမှ စစ်ကူအများအပြားကို ပို့ဆောင်လာသည်။

Saturday, October 20, 2012

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား by စတုထ္ထလှိုင်း on Friday, October 19, 2012 at 7:13pm ·


တရက်မှာ ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အစ္စရေး-ပါလက်စတိုင်း သတင်းလေးတပုဒ် ဘာသာပြန်ပြီး ဖော်ပြထားတာ ဖတ်ရတယ်။ သတင်းနဲ့ သတင်းဓာတ်ပုံကို ဖတ်ရှုကြည့်အပြီးမှာ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်တခုကို သွားအမှတ်ရမိသလို တပြိုင်နက်တည်းမှာ ဗီအိုအေ ဦးကျော်ဇံသာနဲ့ ရုပ်သံအင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့ အဖြေစကားကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။

*******

အစ္စရေး-ပါလက်စတိုင်း သတင်းလေးကို ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့အတိုင်း ဖတ်ကြည့်ရအောင် …

Israel အမျိုးသမီးတယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့လူသား သန်းပေါင်းမြောက်မြားစွာကို အမြင်သစ် ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေးဆေးတခွက်လည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့ ဂျေရုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုဆလင်နေ့ (Jerusalem day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ရောက်တိုင်း ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွှင့်ထူပြီး နိုင်ငံတော်သီချင်းများ ဆိုကြပါတယ်။

အဲဒီနေ့ မတိုင်ခင် နေ့များမှာ ပါလက်စတိုင်းလူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာစီမံကိန်းများကို သပိတ်မှောက်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်းကောင်လေးတယောက်ဟာ ပါလက်စတိုင်းအလံ ကိုင်လျက် ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီတယောက်က သူ့အလံကို လုယူပြေးခဲ့ပါတယ်။ ကောင်လေးက ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲတယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို လိုက်ဖမ်းပါတယ်။


ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမတာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေးတက္ကသိုလ်ကျောင်းသူတယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေးစေခဲ့ပါတယ်။

အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုးဆိုတာ ရာဇ၀င်လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလည်း ပြောဆိုလာကြပါတယ်။

သို့သော်လည်း သူ့လူမျိုး (အစ္စရေး) အချင်းချင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းများကိုလည်း ခံရပါတယ်။ ဘာပဲဖြစ်ဖြစ် ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီအမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေးတယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။

လူတဦးတယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းဟာ လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေးအားမြှောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ်တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူတယောက်အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။

ဘယ်နေရာမဆို အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတယောက်ရဲ့ တန်ဖိုးပါပဲ။

မူရင်း သတင်းလင့်ခ် - http://972mag.com/armed-border-officer-chases-10-year-old-palestinian-boy-for-holding-flag/46412/

*******

Friday, October 19, 2012

Google Adsense ကြော်ငြာ 07/05/2012


Google Adsense
Google..AdsenseဆိုတာGoogleကုမဏ္ဍီကနေသတ်မှတ်ချက်အရည်အသွေးနဲ့ပြည့်မှီတဲ့ဝက်ဆိုဒ်ဘလော့များအတွက် ပေးထားတဲ့
ကြော်ငြာများပဲဖြစ်ပါတယ်။ကမ္ဘာမှာအရမ်းခေတ်စားပါတယ်၊၀က်ဆိုဒ်ဘလော့တွေမှာAdsense ကြော်ငြာတွေကိုခနခဏတွေ့နေပေမဲ့လို့..
အဲဒါတွေကို ကြော်ငြာတွေလို့ သိပ်မသိကြဘူး..တကယ်တော့ Google ကုမဏ္ဍီက ကြားခံဝန်ဆောင်မှု့ပေးတာပါ။ Google Adwords ဆိုတာနဲ့ လုပ်ငန်းရှင်တွေ ၊ ကြော်ငြာရှင်တွေကို လက်ခံပါတယ်။ ကြော်ငြာရှင်များက Google ကုမဏ္ဍီကိုကျသင့်တဲ့ငွေကြေးပေးရပါတယ်။ တခါ Google ကုမဏ္ဍီက ပြန်ပြီး ၀က်ဆိုဒ် ဘလော့ပိုင်ရှင်များဆီကိုကြော်ငြာများထဲ့သွင်းစေပြီး ပိုက်ဆံပြန်ပေးတဲ့စနစ်ပါ။သို့သော် ၀က်ဆိုဒ်များပေါ်မှာကြော်ငြာရှိနေယုံသက်သက်နဲ့ ၀က်ဆိုဒ်ပိုင်ရှင်များအဖို့ဝင်ငွေမရပါဘူး..အဲဒီကြော်ငြာကိုစိတ်ဝင်စားလို့ ပရိတ်သတ်များက ၀င်ရောက် ကလစ်ကြည့်ရှုမှာသာလျှင် ၀င်ငွေရပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်းထင်စရာအကြောင်းရှိပါတယ်..ဒါဆို တနေကုန်ထိုင်ပြီး ကြော်ငြာတွေကို ကလစ်နေရင် ပိုက်ဆံရမှာပေါ့လို့ ထင်စရာအကြောင်းရှိပါတယ်။ မရပါဘူး။ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် Google Adsense အကောင့်ကို ရာသက်ပန်အပိတ်ခံရမှာဖြစ်ပါတယ်။ သူတို့မှာ အဆင့်မြင့် software တွေတတ်ဆင်ထားပါတယ်။ ဒါ့ကြောင့် ၀က်ဆိုဒ်ပိုင်ရှင်များ အနေဖြင့်လည်း မိမိကို မလိုသူများက လုပ်ကြံမခံရလေအောင် ကာကွယ်တဲ့ software များတတ်ဆင်ထားသင့်ပါတယ်။ အဲဒီ ဆော့ဝဲများတတ်ဆင်ထားခြင်းဖြင့် မလိုသူများက ဘယ်လိုပဲ လုပ်ကြံ လုပ်ကြံ Google ပင်မ ဆော့ဖ်ဝဲများဆီသို့ မရောက်တော့ပဲ ကြားခံ ဆော့ဖ်ဝဲများက ဖျက်ချပေးသွားမှာဖြစ်ပါတယ်။

အသွားမှာ ညစ်ပတ် အပြန်ကျ နံဆော် by တကျော့ ပြန်ဟစ် တလာ on Friday, October 19, 2012 at 10:23am ·





By မင်းစိုးစံ
October 19, 2012

ညစ်နေတာအမှန်ပဲ။ စိတ်။
ညစ်တယ်ဆိုတာ မသန့်ရှင်းလို့ပေါ့နော်။ မသန့်ရှင်းဘူးဆိုတော့ ညစ်ပတ်တာပေါ့။
အခုတလော ကျုပ် စိတ်တွေညစ်ပတ်နေတာအမှန်ပဲ။
ဘယ်လိုတွေဖြစ်လို့ ဘာတွေညစ်ပတ်နေသလဲဆိုတာ ကျုပ်မသိဘူး။ မသိတာကို က ပိုညစ်ပတ်နေတာ။ သိနေတယ်ဆိုလျင် ညစ်ပတ်တယ်လို့ မပြောဘူး။
သေခြာတာတခုကတော့ ကျုပ် လမ်းလျှောက်နေရတာကို မကြိုက်ဘူး။

သစ်ရွက်တွေ ကားလမ်းဘေးနဲ့ လူသွားလမ်းပေါ်မှာ ပိုးစိုးပက်စက် ကြွေနေတာကြောင့်လား။ အရွက်တွေမရှိတော့တဲ့ သစ်ပင်တွေကို မကြေမနပ်ဖြစ်နေတာလား။
အေးစိမ့်စိမ့်ဖြစ်နေတဲ့ ခပ်ပြင်းပြင်းတိုက်လာကြတဲ့ လေကိုလား။
လေအဝှေ့မှာ လမ်းတလျှောက် ရှပ်တိုက်ပြေးနေတဲ့ သစ်ရွက်တွေရဲ့ အသံကိုလား။
ဒါမှမဟုတ် အားနည်းနေတဲ့ ခြေအစုံကို အကူပေးနေတဲ့ တုတ်ကောက်ကိုလား။
ကိုက်ခဲနေတဲ့ တုတ်ကောက်ကိုင်ထားတဲ့ လက်ကိုလား။
တုတ်ကောက်နဲ့ လူသွားလမ်း ဖိတိုက်လို့ ထွက်လာတဲ့ အသံကိုလား။
အဲဒါတွေကြောင့်ဆိုလျင် ကျုပ် လမ်းဆက်မလျှောက်ပဲ အိမ်မှာ ပြန် နားလို့ရသားပဲ။
ကျုပ်ခြေလှမ်းတွေ လှမ်းနေတာ မတားဖြစ်ဘူး။ တခုခုကို လုပ်ချင်နေသလိုပဲ။

ရိုက်ချင်တယ်။
ဟုတ်ပါတယ်၊ ကျုပ်ရိုက်ချင်တာအမှန်ပဲ။
တုတ်ကောက်နဲ့တော့ ဟုတ်မယ်မထင်ဘူး။
တုတ်ကောက် က အင်မတန်ပေါ့ပါးတဲ့အတွက် ကျုပ်ရိုက်ချင်တာ လူတစ်ယောက်ယောက် မဟုတ်သလို၊ မှန်ပြူတင်းတစ်ချပ်လည်းမဖြစ်နိုင်ဘူး။
တိရိစ္ဆာန်လားဆိုတော့ ခွေးလည်း ခွေးနေရာနဲ့ခွေး။ ကြောင်လည်း ကြောင်အခွင့်အရေးနဲ့ ကြောင်။
ဒီနိုင်ငံက လူမပြောနဲ့ တိရိစ္ဆာန် တွေတောင် သူ့အခွင့်အရေးနဲ့ သူ့ဥပဒေနဲ့။

နိုင်ငံရေးလုပ်စား အဲလေ လှုပ်ရှားသူတွေပြောသလိုပြောမယ်ဆိုလျင် တရား ဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ဒါပဲဖြစ်
မယ်။ ကျုပ်ရိုက်ချင်တာ နိုင်ငံရေးလှုပ်ရှားသူကိုလား။ မသေခြာဘူး။
နိုင်ငံရေး လှုပ်ရှားသူတွေဆိုတာ အင်မတန် ပါးရည်နပ်ရည်ရှိတာ။
ပြီးတော့ ကျုပ်လက်ထဲမှာရှိတဲ့တုတ်က လူရိုက်တဲ့ တုတ်မဟုတ်ဘူး။ ရိုက်စရာလူလည်း ကျုပ်မှာမရှိဘူး။ ရိုက်ချင်စရာကောင်းတဲ့ လူတွေတော့ ကျုပ်စိတ်ထဲမှာ ရှိကောင်းရှိနေမလား ဆိုတာကိုတော့ ကျုပ်လည်းမသိဘူး။ ကျုပ်လည်း လူလေဗျာ။ တဦးချင်းအရ ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် မတရားလုပ်တာ ခံရဖန်များလာတော့ မကြေနပ်
မှု ခံပြင်းမှု နာကျည်းမှု မချင့်မရဲဖြစ်မှု ဆိုတာတွေကို စုထားတာများလာတဲ့နောက် ပေါက်ကွဲချင်တာပေါ့ဗျာ။

ပေါက်ကွဲချင်နေတာကို မဖေါက်နဲ့ မဖေါက်နဲ့လို့ တားလို့မရသလို၊ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲလို့ မဖြစ်တာတွေက အများကြီး။

ဒါကြောင့် ဗမာစစ်အစိုးရ ပြောပြောနေတဲ့စကားတခွန်းရှိတယ် ဘာတဲ့ စည်းကမ်းရှိ ဒီမိုကရေစီ ဆိုလား။
ဒီဗမာစစ်အစိုးရကတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားဘို့သာ မတတ်ရှာတာ။ လျှာအရိုးမရှိတိုင်း ပြောဘို့များကျတော့ ကြံကြံဖန်ဖန်ကို ပြောတတ်တယ်။
ရှိပါသေးတယ်။
မိုးလုံးပြည့် မုသားဝါဒ ဆိုတာ။ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ် ဆိုတာတို့။
တော်တော်တတ်နိုင်တယ်။

အခုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကသုံးခဲ့ဘူးတဲ့ စကားတခွန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အမြုတေပါတီမှ ပြည်သူ့ပါ
တီဖြစ်အောင်လုပ်မယ်ဆိုလား ဘာလား။
အဲဒါ မဆလ လို့ ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကိုအကောင်အထည်ဖေါ်ခဲ့တုန်းက အမြုတေပါတီ မှ ပြည်
သူ့ပါတီသို့ ဆိုပြီးလုပ်ခဲ့တာ။
မြန်မာ့အသံကတောင် သီချင်းတွေလွှင့်လိုက်သေး မြန်မာ့နည်းမြန်မာ့ဟန် လမ်းစဉ်အောင်ရမည် ဆိုတာ။
အောင်သလားမမေးနဲ့ ဗမာအောင်ပြီ တို့ဗမာအောင်ပြီ ဆိုတဲ့သီချင်းတောင် ဆိုလိုက်သေး။
အခုတော့ တရုတ်အားကိုး ခေါက်ရိုးမကျိုး ဖြစ်ကုန်ပါရောလား။
နိုင်ငံတကာကိုတော့ မရိုးမသားတဲ့မျက်ခွက်နဲ့ နောက်ပြန်မဆုတ်ပါဘူး။ နောက်ပြန်မလှည့်ဘူးတဲ့။
လျှော့ပေးတာလည်း ခံရရော အကြွေးတွေ ပြန်ဆပ်ဘို့မလိုတော့ဘူး ဆိုတာနဲ့ မျက်နှာဖုံးက ကွာကျလာပြီ။
ခွေးမြီးကောက် ကျည်ထောက်စွပ်.....။ မနှိုင်းတော့ပါဘူး။ ခွေးကို အားနာလို့။

ဆရာဗမော်တင်အောင်ကို ဘားလမ်း အချူပ်မှာ သွားတွေ့တဲ့မြင်ကွင်းအကြောင်း


ဒီတစ်ခါလည်း ကိုမြတ်သူ (Myat Thu) message နဲ့ ပို့ထားတဲ့ စာသားလေးပါပဲ။
ဆရာဗမော်တင်အောင်ကို ဘားလမ်း အချူပ်မှာ သွားတွေ့တဲ့မြင်ကွင်းအကြောင်းကို
ဆရာဒဂုန်တာရာ ရေးထားတဲ့စာတချို့ပါ……. ဖတ်ကြည့်ကြပါဦး .....
------------------------------------------
---------------------------------------
ဆရာဗမော်တင်အောင် ထောင်ကျတဲအချိန်မှာ ဆရာ့ကိုတွေ့ရတဲ့ မြင်ကွင်းလေးကို ဆရာဒဂုန်တာရာ ဆောင်းပါတစ်ခုမှာရေးထားတာတွေ့ရပါတယ်… စာဖတ်သူများ အားလုံး စိတ်ထိခိုက်ရပါတယ် ။ ဆရာ့ကို ဘားလမ်းက အချူပ်မှာ သွားတွေ့တာပါ.. ဆရာဗမော်တင်အောင်ရဲ ရုပ်ပုံလွာကို ဆရာဒဂုန်တာရာက …….

.............သေနတ်ကိုင်ထားသော ပုလိပ်သားတွေ ကျွန်တော်တို့ကြားမှ တိုးဝင်လာကာ သံတိုင်မှသော့ကို လာဖွင့်သည်.. ကိုတင်အောင်သည် သံတိုင်ကိုမှီထားရာမှ မတ်လိုက်ကာ သွားရတော့မယ်ဟု တစ်ချက်ပြောပြီး မျတ်နှာညှိုးသွားသည်။ သံချိပ်တွင်ချိတ်ထားသော ပိုးအနက်အပေါ်အင်္ကျီ င်္အနွမ်းကလေးကို ကောက်ဝတ်လိုက်သည်။ ပြည်မှ ဆင်းလာကာစသို့ သေသပ်တောက်ပစွာ မဟုတ်။ ထိုအခါကသူသည် လမ်းလျှောက်ရင်း သူတောင်းစားနှင့်တွေ့ရင် ဟေ့ညီလေးဟုခေါ်ပြီး ပိုက်ဆံပေးတတ်သူ တစ်ခါတရံ
စကားထိုင်ပြောတတ်သူ။ အခု စာပေအကျဉ်းသား ကိုတင်အောင်ဟာ..... ပုလိပ်က တံခါးသော့ကို ဖွင့်ပြီးသောအခါ ဘေးမှထမင်းချိုင့်လေးကို ကောက်ဆွဲလိုက်သည်။ ကျွန်တော့်ရင်ထဲ တမျိုးဖြစ်သွားသည်။ ကျွန်တော်တို့ကိုမကြည့်ဘဲ သေနတ်ကိုင်ပုလိပ်ရှေ့မှ စိုက်စိုက် စိုက်စိုက်နဲ့ ထွက်သွားသည်။
ပုလိပ်များ ဘေးမှခြံရံကာ ပုလိပ်ရုံးကြီးမှ အချုပ်ကားရိုရာသို့ သွားသည်။ မည်သူမှ စကားမပြောနိင်ကြ .....
…..လှမိုးသူဇာ ဒေ၀စ္ဆရာ ပြည်တော်သာခင်ခင်ဦးကသူပုန်တပ်သားကြီးဇေယျအား မြလတ်စွပ်ချွပ်ပေးသော ရူခင်းမဟုတ် ….
……လှပသောသူ၏ စိတ်ကူးထဲမှာကဲ့သို့ ကြည်ပြုံးကာ ချစ်စဖွယ်ကောင်းလှသော ပဒေသရာဇ်အလျာ မျိုးချစ်မယ် ခင်ခင်ဦး၏ နူးညံ့သောလက်က ကမ်းမလာ …
နက်ပြာရောင် ကာကီဝတ် အစောင့်ပုလိပ်က အချုပ်ကားပေါ်ဆွဲတင်လိုက်သည်။ ထို့နောက် နှစ်ယောက်တွဲလက်ထိပ်ခတ်ထားသော အခြားရာဇ၀တ်ကောင် နှစ်တွဲကိုလည်း ကိုတင်အောင်နှင့်အတူ အချုပ်ကားထဲ ထည့်လိုက်သည်။ သံဇကာကြားမှ ကိုတင်အောင်သည် မည်သူ့ကိုမှ မကြည့်ဘဲ ခေါင်းငုံ့ကာ ထိုင်နေသည်ကို လှမ်းမြင်ရ၍ စိတ်ထဲတွင်ထိခိုက်သွားသည်။
စာအရေးအသားကြောင့် ဖဆပလအစိုးရ၏ အကျဉ်းသားအဖြစ် ပထမဦးဆုံး အဖမ်းခံရသည့် စာရေးဆရာ အယ်ဒီတာ ကိုတင်အောင်ကို တင်ဆောင်သော အချုပ်ကားသည် ရန်ကုန်ဗဟိုထောင်ကြီးသို့ မောင်းနှင်ရန် စက်နှိုးနေပြီ ……………….။ (ဆရာဒဂုန်တာရာရေးထားသော ဆောင်းပါးထဲက စာပိုဒ်လေးပါ)

တောင်တန်း၏ဒဏ်ရာများ (ဒေါက်တာမြန်အောင် (ဆေး-၂)) by Zaw Khun Naw on Thursday, October 18, 2012 at 11:31pm ·

ဒေါက်တာမြန်အောင် (ဆေး-၂)၏ ဆောင်းပါးအား ကူးယူဖော်ပြအပ်ပါသည်..။

အရပ်ဘက်အစိုးရ၀န်ထမ်းဖြစ်တဲ့ အဖေပြောင်းတဲ့နောက်လိုက်ရင်းနဲ့၊ ကရင်ပြည်နယ်၊ ခရိုင်မြို့တစ်မြို့မှာ အလယ်တန်းကျောင်းသားဘ၀က ၃နှစ်လောက် နေခဲ့ဖူးပါတယ်..။ မကြာခဏ ဗုန်းသံ၊ သေနတ်သံတွေကြားမှာ ခေါင်းပုနေခဲ့ရတဲ့ဘ၀ကို ခုထိအမှတ်ရနေဆဲပါပဲ..။ ကျနော်တို့နေတဲ့ ရုံးဝင်းကလဲ တပ်ရင်းနားမှာဆိုတော့ မတော်တဆ ဗုန်းဆံလာကျမှာ တွေးပူရတာကို မှတ်မိပါသေးတယ်..။ ကံကောင်းထောက်မစွာ တစ်ခါမှတော့ မှားပစ်တယ်လို့ မရှိခဲ့ပါဘူး..။ မှတ်မှတ်ရရ၊ မြို့ပြင်လယ်ကွင်းထဲတော့ ဗုန်းဆံလာကျဖူးတယ်..။ (ပြောသာပြောရတယ်..၊ ဗုန်းဆံလို့ခေါ်လား၊ အမြောက်ဆံ လို့ပဲခေါ်လား ကျနော်မသဲကွဲပါဘူး.။) မြို့ပြင်က ဒေါနတောင်တန်းရဲ့ တောင်ကုန်းတိုင်းမှာရှိနေနိုင်တဲ့ ကရင်တော်လှန်ရေးတပ်တွေကိုလဲ ကျနော်စိတ်ကူးနဲ့ ပုံဖော်ကြည့်ဖူးပါတယ်..။ မေးခွန်းလဲ ထုတ်ဖူးပါတယ်. “ဘယ်သူက ဘာကြောင့်ပစ်နေကြသလဲ”လို့။

“အဖေ..၊ အဖေက အစိုးရ၀န်ထမ်းဆိုတော့ ကရင်တပ်တွေနဲ့ တွေ့လို့မဖြစ်ဘူးပေါ့နော်။ သူတို့အဖေ့ကို ဖမ်းမှာပေါ့.၊ ဟုတ်လား..။”

ကျနော် အဖေ့ကိုလဲ မေးဖူးတယ်..။ အဖေက အစပိုင်းမှာတော့ ခပ်ပြုံးပြုံးပဲ..။

“ဖမ်း၊ မဖမ်းတော့ မသိဘူးကွ..။ ဒါပေမဲ့ ကရင်တော်လှန်ရေးသမားတွေနဲ့တော့ နေ့တိုင်းတွေ့နေတာပဲ..။ မင်းကြည့်လိုက်ကွာ..၊ ခုတို့ရုံးမှာ ထွန်စက်မောင်းနေတဲ့ ဖိုးခွားကနေ သင်းအုပ်ဆရာ ဦးလူးရွှေအဆုံး ကရင်လူမျိုးတိုင်းကို ကြည့်လိုက်..၊ အေး သူတို့ကိုယ်တိုင်ကတော့ သေနတ်ကိုင်ထားချင်မှ ကိုင်ထားလိမ့်မယ်..။ ဒါပေမဲ့ ကရင်လူမျိုးတိုင်းက သူတို့စိတ်ထဲမှာ သူတို့ဆိုင်ရာအဖွဲ့အစည်းကို ထောက်ခံကြမှာပဲ..။ တော်လှန်ရေးကို..၊ တော်လှန်ရေးသမားတွေကို ထောက်ခံကြမှာချည်းပဲ…။ လူမျိုးခြားထက်စာရင် ကရင်အချင်းချင်းပဲ ပိုယုံကြမှာ သေချာတယ်..။”

“တကယ်လား အဖေ…၊ သူတို့က ဘာကြောင့် တော်လှန်နေရတာလဲ..။”

“အို..၊ တော်လှန်ပါတယ်ဆိုမှတော့ လွတ်လပ်ချင်လို့ပေါ့…။”

“ဒါဆို ခုကျတော့ မလွတ်လပ်တာကျနေတာပဲ..။ မြန်မာနိုင်ငံလဲ လွတ်လပ်ရေးရပြီပဲ။”

“လွတ်လပ်လား၊ မလွတ်လပ်ဘူးလားတော့ မင်း ကြီးလာမှ လိုက်မေးကြည့်တော့ကွာ..၊ ငါလဲ အဲဒီတော့မှ မင်းကို ထောင်ဝင်စာလာတွေ့မယ်..။ တော်တော်စကားများတဲ့ကောင်…။”
နောက်ပိုင်းကျတော့ အဖေစိတ်မရှည်တော့ဘူး…။

အဲဒီတုန်းက သေချာနားမလည်ပေမဲ့..၊ တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်..။ ကရင်လူမျိုး အယောက်တိုင်းဟာ တန်းတူညီမျှမှုတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဆိုတာကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်..။ ဖက်ဒရယ်စနစ် ဆိုတာကိုလဲ သိချင်မှသိပါလိမ့်မယ်..။ သူတို့သိတာ တစ်ခုတည်းရှိပါတယ်..။ အဲဒါကတော့ မလွတ်လပ်မှုပါပဲ..။ ဖိနှပ်ခံရမှုပါ..။ ရွာတွေစုစည်းခံရတယ်..၊ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်ကြရတယ်..။ ကလေးသူငယ်ကအစ ဒုက္ခိတဘ၀ရောက်ကြရတယ်..။ ကိုယ့်ပြည်နယ်မှာ ကိုယ်နေပေမဲ့ အကြောင်တရားကင်းကင်း
မနေရဘူး..၊ သူများမျက်နှာကိုကြည့်နေရတယ်..။ ကရင်ပြည်နယ်လို့ အမည်သတ်မှတ်ထားပေမဲ့၊ ကရင်အမျိုးသား အဖွဲ့အစည်းတွေက သူပုန်လို့အခေါ်ခံနေရတယ်…။ သူတို့မျက်စိအောက်မှာတင် တောတွေ၊ တောင်တွေ ပြုတ်ပြုတ်ပြုန်းကုန်တယ်..။ ဘာမှ မတတ်နိုင်..၊ ဒီအတိုင်း ငြိမ်နေခဲ့ရတယ်..။ လွတ်လပ်သော နိုင်ငံသားအဖြစ်၊ လူအခွင့်အရေးအပြည့်.၊ အကြောက်တရားကင်းမဲ့စွာ မနေခဲ့ရဘူး…။ တကယ်ပဲ လွတ်လပ်ရေး မရခဲ့ကြပါဘူး..။

နောက်ပိုင်း တက္ကသိုလ်ဝင်တန်းတက်ခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မှာလဲ ရိုးသားတဲ့.၊ သိမ်မွေ့တဲ့.၊ တည်ကြည်တဲ့.၊ အားနာတတ်တဲ့ မွန်အမျိုးသားတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဖြစ်ခဲ့ပါတယ်.။ သူတို့စိတ်ထဲက ခံစားချက်တွေကိုလဲ ထဲထဲဝင်ဝင်ခံစားမိခဲ့ပါတယ်..။ သူတို့ ရင်ထဲမှာ ဘာတွေရှိနေလဲ ကျနော်အထိုက်အလျောက် မြင်ခဲ့ရတယ်..။ ကိုယ့်ဒေသမှာ ကိုယ်နေ၊ ကိုယ့်ထမင်းကိုယ်ရှာစားနေကြပေမဲ့ တစ်ခါတစ်လေ အချုပ်အခြာအာဏာ ပိုင်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ပုံစံမျိုးမရှိတာ တွေ့မိပါတယ်..။

Thursday, October 18, 2012

Thet Zaw တိုင်းသူပြည်သား၊ လူထုညီညွတ်ရေး၊





တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့ မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ် လိုနိုင်ငံမျိုးဖြစ်နေမှာပဲဆိုတ
ာ ခင်ဗျားတို့အတိအလင်းနားလည်ထားစေချင်တယ်။ အားမှမရှိသေးတော့ အဲဒီလိုပဲဖြစ်နေမှာပဲ။ အဲဒီတော့က အင်မတန်ကို ကျွန်တော်တို့ တစ်ခါတည်း ကျွန်တော်တို့တိုင
်းပြည်မှာရှိတဲ့လူတွေ စည်းစည်းရုံးရုံးရှိနေပါမှ ဖာသယ်သဘောမျိုး၊ နိုင်ငံမျိုးမဖြစ်စေရမှာ။
အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား၊ လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲဆိုတာ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့မပျက်ပြားစေပါနဲ့။ ဘယ်သူကဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန်အရေးကြီးတယ်။

(အောင်ဆန်း)

အရှင်ဧသက ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း) လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန် www.ashinayethaka.com (မြတ်ပဋ္ဌာန်း)

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁-၂) အရှင်ဧသက

by Ye Min Tun on Wednesday, October 17, 2012 at 8:11pm ·
ကျနော်ကို ဘုန်းဘုန်းကပေးပို့လို့ ၂၀၁၀ တုန်းက ကျနော်ဘလောက်မှာ တင်ထားပေးပါတယ်။ အခု FaceBook ပေါ်မှာ စိတ်ဝင်စားကြတာတွေ့လို့ အကုန်ဖတ်ရအောင် ပြန်တင်ပေးလိုက်တယ်။


အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။
သူ့ဘ၀သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ ဘ၀ခရီးလျှောက် လှမ်းနိုင်ဖို့ ဆိုတဲ့ လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက်ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။


သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ကလူသုံးရာကျော်  စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်
တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွား မယ်ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်းမှာ စားသောက်ဆိုင် လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။ ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။ တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။
ဆိုင်မှာ အလှအပ အဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့်အစွမ်း ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်၊၊
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ကျူးကျော်သူ by Myat Thi Ha on Thursday, October 18, 2012 at 5:10am ·



  ခရိုနီတွေရဲ့ မလိမ့် တပတ် ကျူးကျော်မှု တွေကျ တော့ နှာစေးပြီး
ရူးချင်ယောင် ဆောင်ကာ အကာအကွယ် ပေးနေကြတယ်။


ပြည်တွင်းကလာတဲ့ သတင်းတွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ဆင်းရဲသားပြည်သူတွေနဲ့ တောင်သူလယ်သမား တွေကို ရဲ၊စစ်တပ်နဲ့  စည်ပင်သာယာတို့က ကျူးကျော်သူတွေလို့  သတ်မှတ်ပြီး အတင်း မောင်းထုတ်နေတဲ့ သတင်းတွေ ဘူဒိုဇာတွေနဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကော်ထိုး ဖျက်ဆီးနေတာတွေ၊ ခပ်စပ်စိပ် ဖတ်ရှုလာရ၊ ကြားနေရတယ်။တော်တော့်ကို စိတ်မချမ်းမြေ့ စရာပါ။

 အဲဒါနဲ့ ကျူးကျော်သူဆိုတဲ့ စကားရပ် ရဲ့  အဓိပ္ပာယ်ကို နားလည်ဖို့ ကြိုးစားမိတယ်။ ကျွန်တော် တွေးမိသလောက် ကတော့ ကိုယ်မပိုင်ဆိုင်တဲ့ (သို့) ၀င်ထွက်သွားလာခွင့် မရှိတဲ့ အဆောက်အဦး၊ မြေယာ၊ နယ်နိမိတ် အပိုင်းအခြား၊ လုပ်ငန်းတစ်ခုကို တရားမ၀င်(သို့) မူလဌာနေ ပိုင်ရှင် ဇာတိသားတို့ရဲ့ နှစ်လို လက်ခံမှု မရယူဘဲ ဝင်ရောက်နေထိုင်သူ၊ ဖြတ်သန်းသွါးလာ အသုံးပြုသူလို့ အများအားဖြင့် သတ်မှတ်လေ့ ရှိကြတယ်။

 ဒါပေမယ့် ထပ်ပြီးအငြင်းပွါးစရာက တရားဝင်မှု၊ မဝင်မှု၊ မူလ ပိုင်ရ၊ှင် မှန်မှု၊ မမှန်မှု တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာတွေ ရှိလာတာပါပဲ။လက်ရှိတည်ဆဲ ဥပဒေတွေကိုလည်း မှန်ကန်မှု ရှိမရှိ၊ အများပြည်သူရဲ့ ကိုယ်ကျိုးကို ကိုယ်စားပြုမှု ရှိမရှိ၊ လူနည်းစု(သို့) လူတစ်ဦးချင်းစီရဲ့ လူဖြစ်တန်ဖိုးကို အသိအမှတ်ပြု၊ မပြု စတာတွေနဲ့ ဆန်းစစ်ကြည့်ဖို့ လိုလာပါပြီ။ ဥပဒေဆိုတာ လူတြွေဲပဌာန်း ထားတာ ဖြစ်လို့ အခြေအနေနဲ့ မကိုက်ညီတော့ရင် ပြုပြင်ပြောင်းလဲ ပစ်ကြရမှာပါ။

ကျူးကျော်သူနဲ့ ပတ်သက်ပြီး ရှေ့က စကားကို ဆက်ရရင် နယ်မြေ ကျူးကျော်သူ၊ စစ်ရေး ကျူးကျော်သူ၊ စီးပွါးရေး ကျူးကျော်သူ၊ နိုင်ငံရေး ကျူးကျော်သူ စသည်ဖြင့် အများအပြား ရှိပါတယ်။နိုင်ငံ တနိုင်ငံဟာ ကျူးကျော်သူ ဖြစ်နိုင်သလို၊ ကျူးကျော် ခံရသူလဲ ဖြစ်နိုင်ပါတယ်။

ဖက်ဆစ်ဂျပန်၊ နယ်ချဲ့ ဗြိသျှ၊ တရုပ် မန်ချူးရီးယား၊ မွန်ဂိုနဲ့ နန်ချောင်တွေဟာ မြန်မာ နိုင်ငံအတွက် ကျူးကျော်သူတွေ ဖြစ်သလို၊ ဗမာက ထိုင်းကို အကြိမ်ကြိမ် ဝင်ရောက်သိမ်းပိုက်တာတွေ ရှိခဲ့တယ်။ မြန်မာ ပြည်ထဲမှာတောင် ရခိုင်၊ရှမ်း၊မွန် စတဲ့ တိုင်းရင်းသား တွေအမြင်မှာ မြန်မာ(ဗမာ) လူမျိုးဟာ ကျူးကျော်သူတွေ ဖြစ်ခဲ့ဖူးတာလို့ လူမျိုးလိုက် သမိုင်းမှာ သာဓကတွေနဲ့ ပြောဆိုကြတာ ရှိခဲ့ပါတယ်။ သမိုင်းကို ဖုံးကွယ်စရာ၊ လိမ်ညာ စရာ အကြေင်း မရှိပါဘူး။