တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)
Tuesday, April 10, 2012
Monday, April 9, 2012
ကုလားအုပ်နှင့် ၀ံပုလွေ နိုင်းနိုင်း(စနေ)။
အပြောကျယ်တဲ့ သဲကန္တာရလွင်ပြင်မှာ ကုလားအုတ်ရဲ့အကြီးမားဆုံးရန်သူဆိုလို့ ဝံပုလွေပဲရှိတယ်။
ကုလားအုတ်က ဝံပုလွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကုလားအုတ်မှာ ပရိယာယ်တစ်မျိုးရှိတယ်။ ကုလားအုတ်ရဲ့ ပရိယာယ်က ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ ထွက်ပြေးတာဖြစ်တယ်။
ကုလားအုတ်နဲ့ ဝံပုလွေရင်ဆိုင်တိုးတဲ့အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲအလျင်လိုတယ်။ ကုလားအုတ်ကို ချက်ချင်းတိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတယ်။ ကုလားအုတ်က ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက်သုံးချက်လောက် အော်ပြီး သုတ်ခြေတင်ပြေးတော့တယ်။ ပါးစပ်နားရောက်ခါနီးတဲ့ အစာကို ဝံပုလွေက ဘယ်လက်လွတ်ခံမလဲ! ကုလားအုတ်ကပြေးရင် သူနောက်က လိုက်တယ်။ ဒီလို နောက်က အပြေးလိုက်တာဟာ ကုလားအုတ်ရဲ့ပရိယာယ်ကွက်ထဲ ရောက်သွားပြီဆိုတာကို ဝံပုလွေ မသိခဲ့ရှာဘူး။
ပြေးစမှာ ကုလားအုတ်က ဝံပုလွေလောက် အပြေးမသန်ဘူး။ ပြေးရင်းရှောင်ရင်း ဝံပုလွေရဲ့အပြေး တဖြေးဖြေးနှေးလာတယ်။ ဝံပုလွေနှေးရင် ကုလားအုတ်လည်း လိုက်နှေးတယ်။ ဒါဟာ ဝံပုလွေကို မျှော်လင့်ချက်လေးပေးတာဖြစ်တယ်။ ကုလားအုတ်နှေးတာကိုတွေ့တော့ ဝံပုလွေက ဆက်လိုက်တယ်။ ကုလားအုတ် ဆက်ပြေးတယ်။ အားကုန်လုဟန်ဆောင်ပြီး ပြေးတယ်။ တကယ့် အားကုန်နေတာက ဝံပုလွေပါ။ သဲကန္တာရမှာကျင်လည်တဲ့ ကုလားအုတ်က လွယ်လွယ်နဲ့ ဘယ်အားကုန်ခမ်းနိုင်မလဲ!
ဒါဟာ ကုလားအုတ်က ဝံပုလွေကို သဲကန္တာရနက်နက်ထဲရောက်အောင် မျှားခေါ်သွားတာဖြစ်တယ်။ နောက်ဆုံးမှာ ဝံပုလွေခမျာ ခြေကုန်လက်ပန်းကျပြီး ပါးစပ်အမြုပ်ဖြူထလို့ ကန္တာရလွင်တီးခေါင်ခေါင်မှာ အားပြတ်လဲကျရတယ်။ ဒါဟာ ရန်သူကိုအလဲဖြိုတဲ့ ကုလားအုတ်ရဲ့ ပရိယာယ်ဖြစ်တယ်။
တကယ်တော့ ကုလားအုတ်က ရန်သူကိုလက်ရုံးအားနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ဉာဏ်အား၊ သည်းခံနိုင်အားနဲ့ အလဲဖြိုအနိုင်ယူလိုက်တာဖြစ်တယ်။
မူရင်း--- http://www.gushi365.com/info/ 6459.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Wednesday, March 28, 2012
သစ္စာဖောက်၊ by Ter tee.
"သစ္စာဖောက်"
" The Mother of a Traitor " by M. Gorky
ဘာသာပြန်ဆိုသူ - ညွန့်ကြူး
မိခင်များအကြောင်းသာပြောရလျှင် ဆုံးနိုင်မည်မထင် ။
ရန်သူတပ်များသည် ရက်သတ္တပတ်ပေါင်းများစွာ သံမဏိကွင်းကြီးပမာ မြို့ ကို
ဝိုင်းပတ်ပိတ်ဆို့ထားလေသည် ။ ညအချိန်များတွင် ရန်သူတပ်များဆီမှ မီးရောင်များသည်
မည်းမှောင်နက်ကြုတ်နေသောမြို့ ရိုးကို မျက်လုံးနီနီရဲရဲ အထောင်အသောင်းဖြင့်
စူးစိုက်ကြည့်နေသည်လား ထင်မှတ်ရသည် ။ မျက်လုံးနီနီရဲရဲကြီးများက အငြိုးကြီးစွာ
ကြည့်နေသည်ဟု ထင်ရလေလေ ၊ အ၀ိုင်းခံမြို့ တွင်းရှိ မြို့ သူမြို့ သားများအဖို့
စိတ်ဓါတ်ကျဆင်းလေလေ ဖြစ်ရသည် ။
မြို့ ရိုး၏ သူရဲပြေးလမ်းမှကြည့်လျှင် ရန်သူဝိုင်းပတ်မှုကွင်းသည် တဖြည်းဖြည်း
ကျဉ်းသထက်ကျဉ်းလာသည်ကို မြင်နေရ၏ ။ ရန်သူတပ်သားများ၏ အရိပ်များကိုလည်း
မီးရောင်ကြောင့် ကွဲပြားစွာ မြင်နိုင်၏ ။ ၀၀လင်လင်ကျွေးမွေးထားသော စစ်မြင်းကြီးများ၏
ဟည်သံများ ၊ လက်နက်များထိခတ်၍ တချွင်ချွင်မြည်သံများ ၊ အောင်ပွဲမုချခံရတော့မည်ဟု
ယုံကြည်စိတ်ချနေသော စစ်သူရဲများ၏ ကျယ်လောင်သောရယ်မောသံ ၊ သီချင်းအော်ဟစ်
ဆိုသံတို့ကိုလည်း ကြားရသည် ။ ရန်သူ၏ သီချင်းသံ ရယ်မောသံများထက် နားမခံသာသော
အသံသည် အဘယ်မှ ရှိပါအံ့နည်း ။
ရန်သူများသည် မြို့ သူမြို့ သားများ သောက်သုံးသော ၊ မြို့ ထဲသို့စီးဝင်သော
စမ်းချောင်းများတွင်အလောင်းများကို မျှောချ၏ ။ မြို့ ရိုးပတ်လည်ရှိ စပျစ်ခင်းများကို
မီးရှို့ ပစ်လိုက်ကြ၏ ။ လယ်ခင်းယာခင်းများကို စိစိညက်ညက် ဖျက်ခြေပစ်ကြ၏ ။
စားသုံးပင်များကို ခုတ်လှဲပစ်ကြ၏ ။ ယခုသော်မြို့ ကြီးတစ်ခုလုံးသည် မြေပြင်ပေါ်တွင်
အကာအကွယ်မဲ့ ဟာလာဟင်းလင်း အထင်းသား ပေါ်နေရကား ၊
ရန်သူ အမြောက်ကျည်ဆံများသည် မြို့ တွင်းသို့ အဆီးအတားမရှိ ၀င်ရောက်လာ၏ ။
စစ်ပန်းနေပြီး အစာရေစာ မ၀တ၀ဖြစ်နေရှာသော စစ်သားတပ်စုများသည်
မြို့ တွင်းလမ်းများတွင်တိတ်ဆိတ်ငြိမ်သက်စွာ လှုပ်ရှားသွားလာလျက်ရှိ၏ ။ အိမ်ပြတင်းဝများဆီမှ
ဒါဏ်ရာရသူတို့၏ ညည်းညူသံများ ၊ ဆောက်တည်ရာမရ သွေးပျက်လုခမန်း အော်ဟစ်လိုက်သံများ ၊
မိန်းမများ၏ ဆုတောင်းဝတ်ပြုသံများ ၊ကလေးများ အစာတောင်း ငိုဟစ်သံများ ထွက်ပေါ်ပျံ့ လွှမ်းနေ၏ ။
မြို့ တွင်းက လူများသည် စကားကို ကျယ်ကျယ်လောင်လောင်မပြောဝံ့ဘဲ လေသံဖြင့်သာ ပြောကြ၏ ။
ပြောသောအခါတွင်လည်းဝါကျတစ်ခုကိုပင် ပြည့်စုံအောင်မပြောကြ ။ ရန်သူတွေ ရှေ့ တိုးလာနေပြီလားဟူသော
စိုးရိမ်မှုသည် သူတို့တစ်ကိုယ်လုံး တောင့်တင်းခက်မာစေသည် ။ အကြောအခြင်များကို ဆိုင်းတွစေသည် ။
ညများကား ခြောက်ခြားစရာတည်း ။ ညည်းတွားသံများ ၊ ငိုကြွေးသံများသည် ပို၍
ကျယ်လောင်လာသည် ။ တပိုင်းတစ ပြိုပျက်နေသော မြို့ ရိုးဆီသို့ ခပ်လှမ်းလှမ်းမှ တောင်ရိပ်သည်
တအိအိ ၀င်ရောက်လာခဲ့ရာ ၊ ရန်သူစခန်းကိုပင် မမြင်နိုင်တော့ပေ ။ အတန်ကြာမှ မည်းမှောင်နေသော တောင်စွယ်တန်း၏ နောက်ကွယ်မှ လမင်းထွက်ပြူလာသည် ။
လမင်းကြီးသည် တိုက်ပွဲတွင် ဓါးချက်များစွာ ထိုးခုတ်ခြင်းကိုခံရသည့် ဒိုင်းကြီးနှင့်ပင်တူလှချေ၏ ။
မြို့ တွင်းရှိလူအပေါင်းတို့သည် ရှုံးနိမ့်မှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည် ။
ငတ်မွတ်ခေါင်းပါးမှုကြောင့် ပင်ပန်းနွမ်းရိနေသည် ။ ဘေးဒုက္ခအပေါင်းမှ လွတ်ထွက်ရန်
အခွင့်အလမ်းသည်လည်း တနေ့တခြားမှေးမှိန်လာသည် ။ သူတို့သည် လမင်းကြီးကိုလည်းကောင်း ၊
လွှသွားများလိုချွန်ထွက်နေသည့်  ချွန်ထွက်နေသည့်  တောင်ထွတ်များကို လည်းကောင်း ၊
တောင်ရိပ်များကိုလည်းကောင်း ၊ ကြောက်လန့် စိုးထိတ်ခြင်း အတိပြီးသောမျက်လုံးများဖြင့်
ကြည့်နေကြရသည် ။ သူတို့ပြောဆိုသော အကြောင်းအရာကား သေရေးအပြင် အခြားမရှိ ။
သူတို့၏ နှလုံးသားကို ဖြေသိမ့်နိုင်မည့်  ကြယ်ကလေး တစ်ပွင့်သည်ပင် အပြောကျယ်သော
ကောင်းကင်ပြင်၌ မလင်း ။ မလက် ။ မရှိ ။
ညဉ့် မှောင်သော်လည်း အိမ်များတွင် မီးမထွန်းရဲ ။ ထို့ကြောင့် မြို့ တွင်းလမ်းမများအပေါ်တွင်
အမှောင်ထုသည် သိပ်သည်းစွာ ကျရောက်နေသည် ။ ဤအမှောင်သည်းသည်းမှာပင်
မိန်းမအိုကြီးတစ်ယောက်သည် အ၀တ်နက်ကို ခြေဆုံးခေါင်းဆုံးဝတ်ကာ အသံမမြည်အောင်
ညင်သာစွာ လျှောက်လာသည် ။ လူများကသူ့ကိုတွေ့ သောအခါ တီးတိုးစကားဆိုကြသည် ။
"သူ.. မဟုတ်လား"
"သူပေါ့ ..သူပေါ့ ..."
တချို့ လူများက သူ့ကိုတွေ့ သောအခါ အိမ်တွင်းသို့ ၀င်သွားသည် ။ တချို့ ကမူ ခေါင်းကိုငုံ့ကာ
သူ့ကိုဖြတ်ကျော်သွားကြသည် ။ ကင်းလှည့် နေသောတပ်စုခေါင်းဆောင်ကမူ ...
" မော်နာ မာရီယားနား ပါလား ၊အပြင်ထွက်လာပြန်ပြီ ၊ သတိနဲ့သွားနော် အခုနေခင်ဗျား အသတ်ခံရရင်
ဘယ်သူကမှ တရားခံ လိုက်ရှာပေးမှာမဟုတ်ဘူး " ဟု သတိပေးစကားပြောသည် ။ သို့သော်
မိန်းမအိုကြီး မာရီယားနားသည် သူ့ကိုကင်းလှည့် တပ်စုက ဖြတ်ကျော်သွားသည်အထိ ရပ်စောင့်နေသည် ။
ကင်းလှည့် စစ်သားများသည် မာရီယားနားကို မည်သို့မျှ အန္တရာယ်မပေးကြ ။ လူသေကောင်တစ်ကောင်လို ရှောင်ကွင်း၍သာသွားကြသဖြင့် အမှောင်ထုထဲတွင်
သူတစ်ယောက်တည်း ထီးထီးမားမားဖြစ်နေသည် ။ မာရီယားနားသည် တကိုယ်တည်းပင်
တလမ်းဝင်တလမ်းထွက် သွားလာနေသည် ။ သူအသံမမြည်ဘဲ သွားလာလှုပ်ရှားနေပုံ ၊ အမှောင်ထဲတွင်
အ၀တ်နက် ၀တ်ထားပုံတို့မှာ မြို့ တော်၏ ဂြိုလ်ဆိုး ကြမ္မာဆိုး လှုပ်ရှားသွားလာနေသည်နှင့်ပင် တူနေသည် ။
ညဉ်းတွားသံ ၊ ငိုဟစ်သံ ၊ ရှုံးနိမ့်၍ စိတ်ပျက်ပျက်နှင့် ညဉ်းညူသံတို့သည်ြ၈ိုလ်ဆိုး ကြမ္မာဆိုးနှင့်တူနေသော
မာရီယားနား၏ နောက်ပါးမှ တပါတည်းကပ်၍လိုက်နေသည်လား ထင်မှတ်ရ၏ ။
မော်နာ မာရီယားနားသည် ဤမြို့ သူဖြစ်သည့်အပြင် ၊ မိခင်တစ်ဦးလည်းဖြစ်သည် ။
ထို့ကြောင့်မာရီယားနား၏ ခေါင်းထဲ၌ သူ့မြို့ တော်အကြောင်းနှင့် သူ့သားအကြောင်းတို့မှာ တွဲ၍ပေါ်နေသည် ။
သူ့မြို့ တော်ကို ချေမှုန်းဖျက်ဆီးပစ်မည် တကဲကဲ ဟန်ပြင်နေသော လူစုလူဝေးကြီး၏ ခေါင်းဆောင်မှာ သူ့သား ။
ရုပ်ရည် ချောမောသော ၊ အသည်းနှလုံး မရှိသောသူ့သား ။ နှစ်များစွာ မကြာခင်က ဤသားကို မွေးရသည့်အတွက်
ဂုဏ်ယူမိသည် ။ သူသည် သားကိုမွေး၍ သူ့နိုင်ငံ၏ ကျေးဇူးကိုဆပ်ရသည်ဟု ထင်မှတ်ခဲ့သည် ။
သူ့သားသည် မာရီယားနား မွေးဖွားကြီးပြင်းခဲ့သောမြို့ တော် ၊ သူကိုယ်တိုင်လည်း မွေးဖွားကြီးပြင်းခဲ့သော
ထိုမြို့ တော်နှင့် မြို့ တော်သူမြို့ တော်သားများအတွက် အထောက်အကူ ဖြစ်မည်ဟုလည်း မှတ်ယူခဲ့သည် ။
မာရီယားနားအဖို့ ဤမြို့ သည် သူ့ အဖိုးအဖွား အဘေးအဘီတို့ ချွေးနှင့်သွေးနှင့်ရင်းကာ ဆောက်တည်ခဲ့သောမြို့  ။
ဤမြို့ တော်တ၀ိုက်မှမြေကြီးသည် သူ့သွေး သူ့သား အရင်းအခြာများ မြှုပ်နှံထားရာ မြေကြီး ။ ဤဒေသရှိ ပုံပြင်များ ၊
တေးသီချင်းများ ၊ မျှော်လင့်ချက်များသည် သူ့ဆွေသူ့မျိုးများ၏ ပုံပြင် ၊ သီချင်း ၊ မျှော်လင့်ချက်များပင်ဖြစ်ရကား ၊
သူ့နှလုံးသားသည် ထိုထိုသော အရာတို့နှင့် သံယောဇဉ် အမျှင်ပေါင်းထောင်သောင်းမက သွယ်တန်းယှက်နွယ်
ပူးစပ်နေသည်သာဖြစ်၏ ။ ထိုသို့ သံယောဇဉ် အမျှင်များ သွယ်တန်းနေသော အသည်းနှလုံးသည်
ချစ်ရသောသူတစ်ဦး ဆုံးရှုံးသွားခဲ့ရပြီဖြစ်၏ ။ ထို့ကြောင့် အသည်းနှလုံးသည် ပူဆာငိုကြွေးနေတော့၏ ။
မာရီယားနားသည် သူ့အသည်းပေါ်တွင် သူချစ်ရသောသားနှင့်သူချစ်ရသောဇာတိမြေကိုတင်ကာချိန်စက်မိ၏ ။
ဘယ်သင်းက အလေးသာသည်ကိုသူမပြောနိုင် ။
ဒွိဟသံသယတွေ ၀င်လေလေ ၊ မာရီယားနားသည် ညစဉ်လိုလို လမ်းတကာ လျှောက်မိလေလေ
ဖြစ်နေသည် ။ သူ့ကိုမမှတ်မိသောသူများက ညအခါ မာရီယားနားကို တွေ့ ရလျှင် ၊ ရုတ်တရက်
ကြောက်လန့်တကြီးထွက်ပြေးကြ၏ ။ ညအမှောင်မည်းမည်းတွင် အ၀တ်နက်နှင့် မိန်းမအိုကြီးသည်ကား
သူတို့ဆီသို့ တိုးသထက်တိုးဝင်လာသော သေမင်း၏ တမန်ပင်လားဟု ထင်မှတ်မိသောကြောင့် ဖြစ်သည် ။ မာရီယားနားကိုမှတ်မိသူတို့ကလည်း မာရီယားနားသည် သစ္စာဖောက်တစ်ဦး၏ အမေဖြစ်နေသဖြင့်
ဝေးဝေးကရှောင်ကြ၏ ။
တစ်ရက်တွင် မာရီယားနားသည် မြို့ စွန် တစ်နေရာရှိ မြို့ ရိုးအနား၌ မိန်းမတစ်ဦးကိုတွေ့ရ၏ ။
ထိုမိန်းမသည် အလောင်းတစ်လောင်း၏ဘေးတွင် ဒူးထောက်ထိုင်ကာ ၀မ်းနည်းကြေကွဲရိပ်များ သမ်းနေသည့်
မျက်နှာကို ကြယ်များဆီသို့မော့လျက် ဆုတောင်းသမှုပြုနေ၏ ။ မြို့ ရိုးပေါ်က စစ်သားများသည်
အနှောက်အယှက်မဖြစ်အောင် စကားကိုတိုးညင်းစွာပြော၏ ။
သစ္စာဖောက်၏ အမေကမေးသည် ။
" ရှင့် ခင်ပွန်းလား "
" မဟုတ်ပါဘူး"
" ရှင့် မောင်လား "
" ကျွန်မသားပါ ၊ ကျွန်မခင်ပွန်းက လွန်ခဲ့တဲ့ ၁၃ ရက်က ကျဆုံးသွားပြီ ။ ဒီကနေ့

Friday, March 23, 2012
မိုးမခ မီဒီယာ - MoeMaKa News NLD ပါတီအား အမြစ်ပြတ် ခြေမှုန်းပစ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့ မိုးမခအထောက်တော် အမှတ် ၀၀၇ ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၂
စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရ NLD ပါတီဝင်များကို အပြစ်ရှာ နှိမ်နင်းခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတပ်ဖွဲ့တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို မကြာသေးမီက ပြောလိုက်သည်။
၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။
၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။
ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။
ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။
“စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။
သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။
“ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။
“တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။
ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။
ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် သံတမန်တစ်ဦးအဖြစ် ဦးအောင်လင်းထွဋ် တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးအရာရှိများကို မြန်မာပြည်တွင် ဖမ်းဆီးအကျဉ်းချသည့် ၂၀၀၅ ခုနှစ်တွင် ဦးအောင်လင်းထွဋ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။
ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

Wednesday, March 14, 2012
ဘဝတိုက်ပွဲ၊နိဂုံးချုပ်၊ အပိုင်း(၁) By Kyaing Tun · Monday
တနေ့ မှာ၊အလုပ်လုပ်နေရင်းညာဖက်လက်မောင်းကနာလာတော့ ၊လက်နာတဲ့ အကြောင်း၊ မန်နေဂျာကိုသွားပြောတယ်၊ မန်နေဂျာက ဆရာဝန် သွားပြခိုင်းတယ်၊ဆရာဝန်ကစစ်ဆေးပြီး၃ပေါင်ထက်ပိုတဲ့ အလေး မ မရဘူးဆေးလက်မှတ်ရေးပေးလိုက်တယ်၊ အဲဒီဆေးလက် မှတ်ကိုမန်နေဂျာကိုပြန်သွားပေးတယ်၊မန်နေဂျာက၊ဆေးစာဖတ်အပြီး၊ကျနော်ကို၊Production လိုင်းကအလုပ်ကိုမခိုင်းတော့ ဘဲ၊ Packing လိုင်းမှာ၊လုပ်နိုင်သ လောက်လုပ်ကြည့် ၊မလုပ် နိုင်ရင်သူ့ ကိုလာပြောလို့ ပြောပါတယ်၊ကျနော်လည်းလုပ်နိုင်သလောက်လုပ်မယ်လို့ အား တင်းပြီးလုပ်တယ်၊မုန့့်ဘူး တွေကိုတံဆိပ်ကပ်၊ပလပ်စတစ်မုန့် ခွက်တွေကိုနေရာထားပေး၊မုန့် တွေကိုကောက်ယူပြီးပလပ်စတစ် ခွက်ထဲ ထည့် ရတာ၊ပေါ့ ပေါ့ ပါးပါးဆိုပေမဲ့  လက်နာနေတော့ မြန်မြန်မလုပ်နိုင်ဘူး၊မုန့် တွေကြမ်းခင်းပေါ်ကြကုန်ရော၊ဒီနေရာမှာမလုပ်နိုင်တော့ နောက်တနေရာလုပ်ခိုင်းပြန်တယ်၊အဲဒီနေ ရာက၊မုန့် ဘူးတွေစက်ထဲကနေတစက္ကန့် ကိုတဘူး နှုန်းနဲ့ ထွက်လာတာ၊မုန့် ဘူးတွေကို ကောက်ပြီး မုန့် ဖါထဲထည့် ရမှာလေ၊ အဲဒီမုန့် ဘူးတဘူး က(၃)ပေါင်မရှိဘူးဆိုပေမဲ့ ၊ညာသန်တယောက်၊ညာဖက်လက်နာနေတော့ ၊မလုပ် နိုင်ပြန်ဘူး၊ စူပါဗိုက်ဆာကလည်းကျနော်ကိုတကြည့် ကြည့် နဲ ပေါ့ ၊သူစိတ်အတွေးထဲမှာတော့ သူခိုင်းတဲ ့ အလုပ်ကတရားပါတယ်လို့ ယုံကြည်နေမှာပါ၊ဆရာဝန်က(၃)ပေါင်ထက်ပိုတဲ့ အလေးကိုပဲမလုပ် ခိုင်း တာလေ၊ ဒီအလုပ်ကမလေးပေမဲ့ လက်မနားရဘဲ၊အဆက်မပြတ် လုပ်ရတဲ့ အလုပ်၊ ဒီအလုပ်ကို Repetitive လို့ ခေါ်တယ်၊လက်ကလုပ်လေနာ လေဖြစ်လာတာနဲ့ မန်နေဂျာကို၊ ကျနော်လက်အရမ်းကိုက် လာလို့ သွားပြန်ပြောတယ၊် မန်နေဂျာကဆရာဝန်သွားပြန်ထပ်ပြ ပါ၊နောက်နေအလုပ် မလာနဲ့ တော့ လို့ ပြောတယ်။
အိမ်အပြန်လမ်းမှာ၊အတွေးများယောက်ယှက်ခပ်နေတယ်၊စိုးရိမ်စိတ်တခုကရပ်တည်ရေး၊အခုလိုဖြစ်တော့ နောင်ရေးဘယ်လိုလဲ၊အိမ် ရောက်တော့ မိန်းမကိုပြောပြလိုက်တယ်၊ ကျနော်မိန်းမက၊အလုပ်မလုပ်နိုင်တော့ ရင်အိမ်လခဘယ်လို့ ပေးရမလဲလို့မေးလာတယ်၊ ရုတ် တရက်သူ့ အမေးကိုမဖြေနိုင်ခဲ့ ဘူး၊နောက်တနေ့ မှာ Human Resources Manager ကဖုန်းဆက်တယ်၊သူနဲ့ လာတွေပါ တဲ့ ၊ အဲဒီနေ့ ကစပြီးအိမ်မှာနားနေ၊ဆေးစား၊လေ့ ကျင့် ခန်းလုပ်နေတာ ပါ၊ အလုပ်လုပ်နေရင်းက၊လက်မောင်းအဆစ် ကနာလာတာကိုတော့ သတိထား မိတယ်၊ဘယ် လက်နဲ့ ညာလက်ကအလုပ်လုပ်ခြင်းအတူတူဘယ်လက်ကဘာမှမဖြစ်ဘူး၊ ကျနော်ကညာ သန် ၊ ခုဆို ဒီညာဖက်လက်က တခုခုကိုကိုင်လိုက်ရင်၊မမြဲတော့ ၊အပေါ့ ပါးဆုံးအလုပ်၊မျက်နှာ သစ်၊သွားတိုက်၊တာတောင်လက်ကနာနေတယ်၊ခုတော့ ညာလက်နဲ့ မကိုင် နိုင်တဲ့ ပစ္စည်းကို ဘယ်လက်နဲ့ ကိုင်တယ်၊ ပကတိအတိုင်းဒီလက်ပြန်ကောင်းနိုင်ပါ့ အုံးမလားတွေးနေမိတယ်၊ကျနော်သူငယ်ချင်း တ ယောက်ပြောတယ်။
ဒီလိုရောဂါ မျိုးဖြစ်တဲ့ လူတွေအများကြီး ၊ဒီရောဂါ မျိုးကအဆစ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ဘယ် တော့ မှ မပျောက်ဘူးတဲ့ ၊ဆေးသောက်ချိန် ခဏတော့ သက်သာသလိုထင်ရပေမဲ့ တကယ် တော့ ရောဂါကရှိနေမြဲပဲတဲ့ ၊ကျနော်လို့ အလေးအပင်၊မရတာမျိုးမဟုတ်ပဲနဲ့ တချို့ လူတွေ မှာလည်းဖြစ်တယ်၊ သူ့ သူငယ်ချင်းတယောက်ဆိုတံတားဂိတ်တခုမှာ၊ကားခကောက်တယ်၊လက် တဖက်နဲ့ ပိုက်ဆံပေး/ယူလုပ်ရတယ်၊ ကြာလာတော့ ၊အဲဒီလူလက်မောင်းပြုတ်သွားပြီးဆေးနားလိုက်ရတယ်တဲ့ ၊ ကျနော်တောင်အံ့ သြသွားတယ်။
ကျနော်လုပ်ခဲ့ တဲ့ အလုပ်တွေက၊ပထမပီဇာမုန့် လုပ်ငန်း၊ ဒုတိယ ပလပ်စတစ်ခွက်လုပ်ငန်း၊ တတိယ ချောကလက်မုန့် လုပ်ငန်းတွေပါ၊ ပထမအလုပ်ကဖီဇာမုန့် လုပ်တဲ့ ဆိုင်၊တနာရီ(၈) ဒေါ်လာ၊ ကျနော်အိမ်နဲ့ အလုပ်က(၅)မိုင်လောက်ဝေးပါတယ်၊ စက်ဘီးတစီးအမြန်ဝယ်ပြီး အ လုပ်ဆင်းပါတယ်၊အလုပ်ပြန်ချိန်ကည(၁၀)နာရီ၊ဒုတိယအလုပ်ကပလပ်စတစ်ခွက်လုပ်တဲ့ စက် ရုံပါ၊အလုပ်ချိန်ကညဖက်၊မနက်မှအ လုပ် ပြန်ရတယ်၊တတိယအလုပ်(ယခု)ကချော်ကလက်မုန့်  ထုတ်လုပ်တဲ့ စက်ရုံပါ၊ အမေရိကန်ကို ၂၀၀၈ ခုနှစ်ကစရောက်ခဲ့တယ်၊အလုပ် နဲ့ ပတ်သက်ပြီး ကျနော်ကံမကောင်းဘူးလို့ သူငယ်ချင်းတယောက်ကိုပြောပြတယ်၊ သူကိုအလုပ်ရကံကောင်း တယ်လို့ ကျနော်မြင်တယ်၊ အေးအေးဆေးဆေးထိုင်ပြီးလုပ်ရတာ၊သူကဘယ်ကံကောင်းမလဲ သူငယ်ချင်းရာ၊ငါမှာတနေကုန်ထိုင်ရလို့ ခါးတွေနာ၊မျက်စိတွေကိုက်တာ တဲ့ ၊ ခုသူလည်းမျက်မှန်ပါဝါတွေတိုးနေရပါပြီး၊အလုပ်ကကွန်ပြူတာနဲ့ လုပ်ရတာကိုး၊အိမ်ကကွန်ပြူတာကိုမကြည့်  ချင်လောက်အောင်မုန်း တယ်လို့ သူပြောတယ်၊မျက်စိကိုက်တဲ့ ရောဂါတဲ့ သူဆေးစားနေရ တယ်။ကျနော်ကိုဆေးကုသနေကာလမှာ၊ တလကို(၁၀၀၀ Insurance Co, ကပြန်ပေးပါ တယ်၊(၄)လကြာပြီးတဲ့ အထိဆေးစားပေမဲ့ လည်းလက်ကအရင်လိုပဲ၊ မသက်သာခဲ့ ဘူး၊အဲဒီတော့ ဆရာဝန်ကဆေးထိုး မယ်၊ မပျောက်ရင်ခွဲစိပ်မယ်လို့ ပြောတယ်၊ကျနော်လည်း ဆေးထိုးဖို့ ကိုလိုက်ပြီးလေ့ လာပြန်တယ်၊ ဆေးထိုးခံခဲ့ ဘူးတဲ့ သူငယ်ချင်းတွေ ကအကြံပေးတယ်၊ သူတို့ တုံးကလည်းဆေးထိုးခဲ့ ပေမဲ့ တနှစ်လောက်သက်သာခဲ့ ပြီးနောက်မှာဒဏ်ရာကပြန်ပေါ်လာတယ်၊ဆေးထိုးလို့  မပျောက်ဘူး၊ ဆရာဝန်ထိုးမဲ့ ဆေးဟာအကိုက်အခဲပျောက်ဆေးထိုးမှာ၊ဒီ ဆေးဟာအနာကိုခေတ္တသက်သာစေတယ်၊လုံးဝပျောက်သွားတာ မဟုတ်ဘူး၊ဆိုးကျိုးကရိုးတွင်းချဉ်ဆီတွေကိုခမ်းချောက်စေတာပဲ၊အကြိမ်များများဆက်ထိုးနေရင်အရိုးတွေကရိုးတွင်းချဉ်ဆီတွေခမ်းချောက် ပြီး၊အရိုးတွေကျွတ်ဆတ်စေတယ်၊တခုခုနဲ့ အဲဒီနေရာကိုထပ်ပြီးထိခိုက်ခဲ့ ရင်အ ရိုးကျိုးပျက်ပြီး၊သုံးမရတဲ့ လက်အခြေအနေကိုရောက်သွား မယ်၊ ဆိုတော့ ကျနော်ကိုဆေးမထိုး ဖို့ အကြံပေးပါတယ်၊ကျနော်ဆေးထိုးခံလိုက်ရင်ကျနော်လက်က နောက်ဆုံးအဲဒီလိုဖြစ်မှာကိုစိုးရိမ်မိ တယ်၊ ဆရာဝန်ကိုမေးကြည့် တော့ ၊ဆေးထိုးကုသမှုက အနာကိုလုံးဝပျောက်သွားရမယ်လို့ သူဂတိမပေးဘူး၊ဆေးထိုးလို့ မှမပျောက်ရင် ခွဲစိပ်ရပါမယ်။ဆေးထိုးလို့ လက်ကပိုဆိုးသွားကိုစိုးရိမ်မိတယ်၊တသက်လုံးအလုပ်မလုပ်နိုင်တော့ ရင်အခက်၊ဒါကြောင့် လည်းဆေးထိုးဖို့ 
ကိုငြင်းလိုက်ပါတယ်၊ဆေးထိုးဖို့ငြင်းလိုက်တဲ့ နေ့ ကစပြီးInsurance Co, ကထောက်ပံ့ ကြေးဖြတ်လိုက်ပါတယ်၊ဆေးမထိုးတာကိုလူနာ တယောက်ကငြင်းပိုင်ခွင့် ရှိတယ်၊Insurance Co,ရဲ့ ပေါ်လစီမှာကျတော့ ၊ ပေါ်လစီအတိုင်းလိုက်နာမှုမရှိတဲ့ အတွက်၊ ထောက် ပံ့ ကြေး မပေးတော့ ဘူး။
ဆေးထိုးဖို့ ငြင်းဆိုတဲ့ လူနာတယောက်အဖို့ အခြားရွှေးချယ်ခွင့် ဘာမှမရှို၊ဆိုတဲ့ Insurance Co, ရဲ့ ပေါ်လစီကိုတော့ မတရားဘူးလို့ ထင် တယ်၊သူတို့ ဆုံးဖြတ်ချက် ကို သဘောမတူရင်၊ဆက်လုပ်နိုင်တဲ့ လူနာရဲ့ အခွင့် အရေးတွေကိုလမ်းကြောင်းပေးလာတယ်၊(၄)လကြာတဲ့  အထိ Insurance Co, က၊ဆေးကုသခိုင်းတဲ့ ဆေးခန်းမှာကုသခံခဲ့ တယ်၊ကျနော်အထင်တော့ ၊ကျနော်ကိစ္စကို မြန်မြန်ဖြတ်ချင်ပုံရတယ်၊ ဆရာဝန်က Insurance Co,ကဌားထားတာဆိုတော့ ၊ Insurance Co,ရဲ့ အလိုကျလုပ်ပေးနေပုံရတယ်၊လူနာအခြေအနေကိုထည့် မစဉ်း စားပေးတော့ ဘူး

Wednesday, January 25, 2012
Sunday, January 22, 2012
Monday, January 16, 2012
Sunday, December 25, 2011
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ .. by Kyaing Tun
ကရင်အမျိုးသားများနှစ်သစ်ကူးနေ့ သည်အခြားသောတိုင်းရင်းသားများ၊အမျိုးသားများ၏နှစ်သစ်ကူးနေ့ လို ပင်ဖြစ်ပေသည်၊ကောင်းမြတ်သောနှစ်၏ပထမနေ့ ဖြစ်သည်၊ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို မြန်မာသက္က ရာဇ်ပြာသိုလဆန်း(၁)ရက်၊ကရင်သက္ကရာဇ် "သလေးလ" ရောက်တိုင်းနှစ်စဉ်နှစ်သစ်ကူးနေ့  ကိုကျင်းပကြ သည်၊ နှစ်သစ်တွင်ကရင်အမျိုးသားတို့ သည်အိမ်များကိုအသစ်တည်ဆောက်ကြသည်၊ပစ္စည်းအသစ်များဝယ် ကြသည်၊တောင်ယာအသစ်များသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန်သတ်မှတ်ကြသည်၊ထိုနေ့ တွင်ယုံကြည်ကိုးကွယ် မှု့ အလိုက်ဘာသာရေးပွဲတော်များကိုပြုလုပ်ကြသည်၊ကရင်လူမျိုးတို့ သည် လယ်ယာလုပ်ငန်းများပြီးစီးကြ သောအခါကောက်ဦးသီးနှံများစားသောက်ပြီးလျှင် ပျော်ပွဲရွှင်ပွဲများကျင်းပကြခြင်းဖြင့်  နှစ်သစ်ကူးမင်္ဂလာ ကို ကျင်းပကြခြင်းဖြစ်သည်၊သို့ ဖြစ်၍ ကရင်အမျိုးသားတို့ ၏သမိုင်းတွင်ဤနေ့ များ သည်လည်းအကြီးကျယ်ဆုံး သောပျော်ပွဲရွှင်ပွဲနေ့ များဖြစ်လာပေသည်။
ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံ။ ။၁၈၈၁ခုနှစ်တွင်ဒေါက်တာတီသံပြာကဦးဆောင်၍ကရင်တမျိုးသားလုံး ကိုကိုယ်စားပြုသော"ဒေါကလု"ခေါ်ကရင်အမျိုးသားအစည်းအရုံးကိုဖွဲ့ စည်းနိုင်ခဲ့ သည်၊ ၁၉၃၆ခုနှစ်၊ဒေါက် တာဘမော်အစိုးရလက်ထက်တွင်''ဒေါကလု"ခေါ်ကရင်အမျိုးသားအဖွဲ့ ချုပ်၏ ဆုံးဖြတ်ချက်အရကရင်အမတ်
Tuesday, July 5, 2011
မလွယ်တော့ ဘူး....အင်တာဗျူး.. by Kyaing Tun on Sunday, June 26, 2011 at 10:52am
အလုပ်ရဖို့ မလွယ်တော့ ဘူး..လူတိုင်းလိုလိုပြောကြတယ်၊အလုပ်လက်ရှိအရေအတွက်နဲ့ အလုပ်လက်မဲ့ အရေအတွက်ကိုနှိုင်းစာကြည့် ရင်
အလုပ်လက်မဲ့ အရေအတွက်ကပိုများလာတယ်၊အလုပ်ရုံ၊စက်ရုံတွေ..တချို့ ပိတ်လိုက်ကြလို့အလုပ်လက်မဲ့ တွေပေါများလာတာပါ၊ဒီနှစ်တွေ
ထဲမှာ..စီပွါးရေးကျဆင်းလာတာကြောင့် ..အလုပ်ရုံ..စက်ရုံ..တွေမှာ အလုပ်သမားလျော့ တာတွေ..အသစ်ပြန်ခေါ်တာတွေ..စစ်တုရင်
ကစားသလိုလုပ်လာတယ်..အကဲခတ်မိတာက..အရင်ကအလုပ်အင်တာဗျူးတွေမှာ..အင်္ဂလိပ်စာနည်းနည်းပါးပါးတတ်ရင်အလုပ်ရတယ်၊
ခုချိန်မှာတော့ ပြောင်းလဲသွားတာသိရတယ်၊ကျနော်လက်ရှိအလုပ်ကနေ .နောက်အလုပ်တခုကိုထပ်ရှာတော့ ..ကြုံတွေ့ ရတဲ့ အင်တာဗျူးက
ခက်ခက်ပါပဲ..၊ အင်္ဂလိပ်လည်းကောင်းကောင်းပြောနိုင်သူ..ရေးနိုင်..ဖတ်နိုင်သူ..ဖြစ်ပါမှအလုပ်ရတော့ မဲ့ အခြေအနေရောက်နေပါပြီး..။
ကျနော်..မြန်မာပြည်မှာ..ဒုတိယနှစ်၊ကောလိပ်ကျောင်းသားတယောက်ပါ၊အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ သိပ်အညံ့ စားကြီးမဟုတ်ပါဘူး..အင်
တာဗျူးမအောင်ခဲ့ ဘူး..ဆိုပါတော့ ၊အလုပ်ရှာဖွေပေးနေတဲ့ အေဂျင်စီတွေကပြောင်းလဲလိုက်တဲ့ စည်းကမ်း..တခုလို့ ထင်ပါတယ်၊ အလုပ်သမား
တိုင်း အရည်အသွေးပြည့် မှီဖို့ အတွက်ရယ်၊ကျန်တဲ့ အခြားစည်းကမ်းတွေ..အတွက်ကြောင့် ဖြစ်မယ်၊အဓိကပြောပြချင်တာက..ဒီလိုအခြေအနေ
မျိုးဆိုရင်..အင်္ဂစာမတတ်တဲ့ သူတွေ..အမေရိကန်နိုင်ငံကိုပြောင်းရွှေ့ အခြေချလာမဲ့ ဒုက္ခသည်စခန်းကသူတွေ..အင်္ဂလိပ်စာသင်ကြားကြဖို့ 
လိုအပ်နေပြီးလိုပြောပြချင်တယ်၊

Subscribe to:
Posts (Atom)