Sunday, December 25, 2011
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ .. by Kyaing Tun
ကရင်အမျိုးသားများနှစ်သစ်ကူးနေ့ သည်အခြားသောတိုင်းရင်းသားများ၊အမျိုးသားများ၏နှစ်သစ်ကူးနေ့ လို ပင်ဖြစ်ပေသည်၊ကောင်းမြတ်သောနှစ်၏ပထမနေ့ ဖြစ်သည်၊ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို မြန်မာသက္က ရာဇ်ပြာသိုလဆန်း(၁)ရက်၊ကရင်သက္ကရာဇ် "သလေးလ" ရောက်တိုင်းနှစ်စဉ်နှစ်သစ်ကူးနေ့  ကိုကျင်းပကြ သည်၊ နှစ်သစ်တွင်ကရင်အမျိုးသားတို့ သည်အိမ်များကိုအသစ်တည်ဆောက်ကြသည်၊ပစ္စည်းအသစ်များဝယ် ကြသည်၊တောင်ယာအသစ်များသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန်သတ်မှတ်ကြသည်၊ထိုနေ့ တွင်ယုံကြည်ကိုးကွယ် မှု့ အလိုက်ဘာသာရေးပွဲတော်များကိုပြုလုပ်ကြသည်၊ကရင်လူမျိုးတို့ သည် လယ်ယာလုပ်ငန်းများပြီးစီးကြ သောအခါကောက်ဦးသီးနှံများစားသောက်ပြီးလျှင် ပျော်ပွဲရွှင်ပွဲများကျင်းပကြခြင်းဖြင့်  နှစ်သစ်ကူးမင်္ဂလာ ကို ကျင်းပကြခြင်းဖြစ်သည်၊သို့ ဖြစ်၍ ကရင်အမျိုးသားတို့ ၏သမိုင်းတွင်ဤနေ့ များ သည်လည်းအကြီးကျယ်ဆုံး သောပျော်ပွဲရွှင်ပွဲနေ့ များဖြစ်လာပေသည်။
ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံ။       ။၁၈၈၁ခုနှစ်တွင်ဒေါက်တာတီသံပြာကဦးဆောင်၍ကရင်တမျိုးသားလုံး ကိုကိုယ်စားပြုသော"ဒေါကလု"ခေါ်ကရင်အမျိုးသားအစည်းအရုံးကိုဖွဲ့ စည်းနိုင်ခဲ့ သည်၊ ၁၉၃၆ခုနှစ်၊ဒေါက် တာဘမော်အစိုးရလက်ထက်တွင်''ဒေါကလု"ခေါ်ကရင်အမျိုးသားအဖွဲ့ ချုပ်၏ ဆုံးဖြတ်ချက်အရကရင်အမတ်
များကကရင်အမျိုးသားများအတွက်နေ့ ထူးနေမြတ်နှင့် အခွင့် အရေးများရရှိရန်ကရင်မျိုးသားနှစ် သစ်ကူးနေ့ သတ်မှတ်ပေးရေးကိုပါလီမန်တွင်တောင်းဆိုခဲ့ သည်၊သမိုင်းဝင်ကရင်နှစ်သစ်ကူးနေ့ အဖြစ်တင် သွင်း ရာမှာ ပထမဦးစွာအောက်လွတ်တော်မှစတင်သွင်းရသည်ဖြစ်၍ကရင်အမတ်(၁၅)ဦး၏ဒုတိယဥက္ကဋ္ဌဖြစ်သောစောဂျွန် ဆင်ဒီဖိုးမင်းသည်တောင်ငူမြို့ ရှိသက်ကြီးဝါကြီးကရင်ပုဂ္ဂိုလ်တချို့ ကိုခေါ်ယူဆွေးနွေးခဲ့ သည်၊ဆရာမိုးလိုအား ဆက်လက်တာဝန်ပေးခဲ့ သည်၊ဆရာမိုးလိုသည်ကရင်အမျိုးသားတို့ ၏နှစ်သစ်ကူးနေ့ သည့် မည်သည့် နေ့ လတွင်ဖြစ်ကြောင်းရှာဖွေသုတေသနပြုလုပ်ပြီးပြန်လည်တင်ပြခဲ့ သည်၊ကရင်သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ၏သ ဘောတူညီသတ်မှတ်လိုက်သည့် နေ့ သလေးလဆန်း(၁)ရက်နေ့ ကိုဥပဒေပြုအောက်လွတ် တော်တွင်တင် သွင်းရန်စောဂျွန်ဆင်ဒီဖိုးမင်းကလက်မှတ်ရေးထိုးခဲ့ ပြီးအောက်လွတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ သည်၊ ၁၉၃၇၊သြဂုတ်လ၂၃ ရက်နေတွင်ပြုလုပ်သောဥပဒေပြုလွတ်တော်အစည်းအဝေးမှတ်တမ်းတင်ချက် အရကရင်အမတ်များသည်ဝန်ကြီးစောဖေသာနှင့် ညှိနိုင်းကာဒေါက်တာဘမော်အစိုးရအဖွဲ့ သို့ တင်ပြ၍ဘု ရင်ခံ၏သဘောတူညီချက်ကြောင့် ၁၉၃၇ ဒီဇင်ဘာလတွင်ပြည်ထဲရေးဋ္ဌာနမှကရင်အမျိုးသားနှစ်သစ် ကူးနေ့ ကိုတရားဝင်ကြေညာ ၍ အစိုးရအသိအမှတ်ပြုရုံးပိတ်ရက်အဖြစ်ရရှိခဲ့ သည်၊
ကရင်လူမျိုးတို့ ဆင်းသက်လာပုံ။        ။ကရင်တို့ ၏မှုလဒေသမှာအာရှတိုက်အလယ်ပိုင်းတရုတ်ပြည်အ
နောက်ဖက်ရှိမြင့် မားသောတောင်ကုန်း၊ကုန်းမြင့် ကြီးဟုယူဆကြသည်၊ကရင်လူမျိုးတို့ ၏ဒဏ္ဏရီပုံပြင်များ
အရ၎င်းတို့ မှာ"ထီးဆဲ့ မက်ယွာ"သို့ မဟုတ်"ထီဆေမေ့ ယွာ"ဟုခေါ်ဆိုသောသဲကန္တာရကိုမြစ်ချောင်းဖြတ်စီး
သောဒေသ၊မှဆင်းသက်လာကြောင်းကိုအလွန်ရှေးကျသောကရင်ကဗျာလင်္ကာများအရယူဆကြသည်။ခရစ်
တော်မပေါ်မှီ ဘီစီ-၁၃၈၈ခုနှစ်တွင်တိဘက်ပြည်မှထွက်ခွါလာကြပြီး၊ဘီစီ-၁၃၈၅-ခုနှစ်၊တရုပ်ပြည်စီချွမ်နယ် တွင်နေထိုင်ခဲ့ သည်၊ဘီစီ-၁၁၃၄-ဘီစီ၁၁၂၂)ခုနှစ်များအတွင်းတရုတ်နိုင်ငံဘုရင်(ဂျော်စင်း-Ghaw Hsin)
သည်တိုင်းသူပြည်သားအပေါ်တွင်ရက်စက်စွာအုပ်ချုပ်သဖြင့် ကရင်မျိုးနွယ်စုများသည်ဘီစီ-၁၂၂၈ခုနှစ်တွင်
တရုတ်ပြည်တောင်ဖက်နှင့် အနောက်တောင်ဘက်ရှိအင်ဒိုနီးရှား၊ထိုင်း၊မြန်မာနိုင်ငံဖက်သို့ ဘီစီ-၁၁၂၅ခုနှစ်
တွင်ဝင်ရောက်လာကြသည်၊တရုတ်ပြည်မှကရင်မျိုးနွယ်စုသည်တောင်ဖက်သို့ လမ်းသုံးသွယ်ဖြင့် ဆင်းလာခဲ့ ကြသည်၊ထိုင်း၊ကမ္ဘောဒီးယား၊ပင်လယ်ကမ်းအထိလမ်းကြောင်းတကြောင်း၊ယူနန်မှမြန်မာနိုင်ငံအတွင်းသို့ ရွှေ
လီမြစ်ကြောင်၊ဧရာဝတီမြစ်ကြောင်းအတိုင်းတကြောင်း၊သံလွင်မြစ်ကြောင်းအတိုင်းတကြောင်း၊ဆင်းသက်လာခဲ့ ကြသည်၊ယေဘူယျအားဖြင့် ကရင်လုမျိုးတို့ သည်မွန်ဂိုအနွယ်ဝင်ဖြစ်ပြီးမွန်ဂိုးလီးယားကုန်းမြင့် ဒေသမှ တောင်ဖက်သို့ တိဗက်ပြည်၊တရုတ်ပြည်၊မြန်မာပြည်၊ထိုင်း၊ကမ္ဘောဒီးယား၊လော၊ဘော်နီယို ကျွန်းအထိ ပျံနှံပုံ ရပေသည်၊အစဦးဆုံးဆင်းသက်လာသည့် ကရင်အုပ်စုမှာ-မုထိ(မိနွယ်)များဖြစ်ပြီး၊ပအို့ ၊ပဒေါင်း(ကယန်း)၊ဂဲ ခို၊မိုပွါ၊များဖြစ်ဟန်တူသည်၊ဒုတိယဆင်းသက်လာသည့် ကရင်အုပ်စုမှာ-ပါထိ(ဖနွယ်)ဖြစ်ပြီး၊ရွှေလီမြစ် ကြောင်းအတိုင်းဆင်းသက်လာပြီး၊ရှမ်းပြည်၊စစ်တောင်းမြစ်ဝှမ်း၊ပေါင်းလောင်းတောင်တန်း၊တောင်ငူ၊ဖာပွန်၊တ
နင်္သာရီ၊ပဲခူးရိုးမ၊ပြည်ခရိုင်တောင်ပိုင်း၊မြစ်ဝကျွန်းပေါ်ဒေသတို့ တွင်နေကြလေသည်၊နောက်ဆုံးဝင်လာသော
ကရင်အဖွဲ့ မှာကယားအနွယ်များဖြစ်ပြီး၊ကယားပြည်နယ်၊ထိုင်း၊မဲယောင်ဆောင်ဒေသများတွင်နေကြလေ
သည်၊ကရင်မျိုးနွယ်(၁၇)မျိုးရှိသည်ဟု၁၉၃၁ ခုနှစ်၊မြန်မာပြည်လူဦးရေသန်းခေါင်စာရင်းအရအောက်ပါအ
တိုင်းဖေါ်ပြပါသည်၊၁။သီးခြားဖေါ်ပြမထားသောကရင်(ယင်းတလဲ၊မနူးမနှော)၊၂။စကောကရင်၊၃။ပကူးကရင်၊
၎။ဝေဝေါ်ကရင်(ရှိခို)၊၅။မိုနေပွာကရင်၊၆။ဘွဲကရင်၊၇။ယင်းဘော်ကရင်၊၈။ဘရဲကရင်၊၉။ပိုးကရင်၊၁၀။မိုပွာကရင် ၊၁၁။ပအိုဝ့် ကရင်၊၁၂။ပဒေါင်ကရင်၊၊၁၃။ကရင်နီ(ကယား)၊၁၄။ကရင်ဖြူ(မဲပုကရင်)၊၁၅။ဂယ်ခိုဂယ်ဘား၊၁၆။ဇ ယိမ်းကရင်(ပဒေါင်ခေါင်းတို)၊၁၇။တလိုင်းတလဆီကရင်၊ တို့ ပင်ဖြစ်ပါသည်။
ကရင်အမျိုးသားအလံတော်။          ။ ကရင်အမျိုးသားအလံတော်သည်တက်သစ်စနေဝန်း၊ရောင်ခြည်ကိုး
သွယ်ကြားတွင်ဖားစည်နှင့် ဖြူနီပြာသုံးရောင်ခြယ်၊အလံတော်ပင်ဖြစ်လေသည်၊၁။အနီရောင်မှာကရင်အမျိုး သားတို့ ၏ရဲရင့် ခြင်းနှင့် သူရသတ္တိပြည့် စုံခြင်းကိုဖေါ်ဆောင်သည်၊၂။အဖြူရောင်မှာကရင်အမျိုးသားတို့ ၏ဘ
မှုကိုဖော်ဆောင်သည်။
ကရင်အမျိုးသားတို့ ၏ဖားစည်။           ။ဖားစည်သည်ကရင်အမျိုးသားတို့ အတွက်ရှေးဘေး၊ဘိုး၊ဘီ၊ဘင်တို့ 
ထားခဲ့ သောရှေ့ ဟောင်းအမွေအနှစ်တရပ်အဖြစ်အမြတ်တနိုးတန်ဖိုးထားသည့် အပြင်၎င်းတို့ ၏ကိုယ်စားပြု
သောတူရိယာတစ်မျိုးဖြစ်သည်၊ဖားစည်မှာ၊၁။ဖားရုပ်သုံးရုပ်တပ်ပြီးကိုယ်ထည်ပေါ်တွင်ဆင်သုံးကောင်၊ခရုသုံး
ကောင်၊ဖားရုပ်နှစ်ရုပ်ထပ်လျှက်ဆင်နှစ်ကောင်၊ခရုနှစ်ထပ်ရှိသည်၊၂။ဖားရုပ်များသည်လက်ဝဲရစ်ပြီးစုစုပေါင်းဖား
၁၂ကောင်ရှိရမည်၊၃။အထက်နားပေါက်နှင့် တန်းလျှက်ကိုယ်ပေါ်တွင်ဆင်သုံးကောင်၊ခရုသုံးတန်းရှိရမည်၊ ၄။ ဖြာထွက်နေသောနေရောင်ခြည်ဖြာတန်းသည်၁၂ဖြာရှိနေရမည်။
ရှာဖွေတင်ပြသူ-
မန်းကြိုင်ထွန်း
အောက်ကလန်မြို့ ၊ကယ်လီဖိုးနီးယားစတိတ်၊အမေရိကန်ပြည်တောင်စု။
-ရည်ညွန်းကိုးကားချက်များ-
-တိုင်းရင်းသားကရင်လူမျိုးများ၏သမိုင်းကြောင်း၊ယဉ်ကျေးမှု့ နှင့် ကရင်ပြည်နယ်သမိုင်းဖြစ်စဉ်အကျဉ်း။
   စောအောင်ချိန်(ယဉ်ကျေးမှု့ )
-History and Traditional Judicial System of the Karen People.
   ကရင့် သမိုင်းနှင့် ရိုးရာဖြတ်ထုံးများ၊
   Drum Publication Group,Thailand.
No comments:
Post a Comment
mr.kyaingtun@gmail.com