Tuesday, July 5, 2011
မလွယ်တော့ ဘူး....အင်တာဗျူး.. by Kyaing Tun on Sunday, June 26, 2011 at 10:52am
အလုပ်ရဖို့ မလွယ်တော့ ဘူး..လူတိုင်းလိုလိုပြောကြတယ်၊အလုပ်လက်ရှိအရေအတွက်နဲ့ အလုပ်လက်မဲ့ အရေအတွက်ကိုနှိုင်းစာကြည့် ရင်
အလုပ်လက်မဲ့ အရေအတွက်ကပိုများလာတယ်၊အလုပ်ရုံ၊စက်ရုံတွေ..တချို့ ပိတ်လိုက်ကြလို့အလုပ်လက်မဲ့ တွေပေါများလာတာပါ၊ဒီနှစ်တွေ
ထဲမှာ..စီပွါးရေးကျဆင်းလာတာကြောင့် ..အလုပ်ရုံ..စက်ရုံ..တွေမှာ အလုပ်သမားလျော့ တာတွေ..အသစ်ပြန်ခေါ်တာတွေ..စစ်တုရင်
ကစားသလိုလုပ်လာတယ်..အကဲခတ်မိတာက..အရင်ကအလုပ်အင်တာဗျူးတွေမှာ..အင်္ဂလိပ်စာနည်းနည်းပါးပါးတတ်ရင်အလုပ်ရတယ်၊
ခုချိန်မှာတော့ ပြောင်းလဲသွားတာသိရတယ်၊ကျနော်လက်ရှိအလုပ်ကနေ .နောက်အလုပ်တခုကိုထပ်ရှာတော့ ..ကြုံတွေ့ ရတဲ့ အင်တာဗျူးက
ခက်ခက်ပါပဲ..၊ အင်္ဂလိပ်လည်းကောင်းကောင်းပြောနိုင်သူ..ရေးနိုင်..ဖတ်နိုင်သူ..ဖြစ်ပါမှအလုပ်ရတော့ မဲ့ အခြေအနေရောက်နေပါပြီး..။
ကျနော်..မြန်မာပြည်မှာ..ဒုတိယနှစ်၊ကောလိပ်ကျောင်းသားတယောက်ပါ၊အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ သိပ်အညံ့ စားကြီးမဟုတ်ပါဘူး..အင်
တာဗျူးမအောင်ခဲ့ ဘူး..ဆိုပါတော့ ၊အလုပ်ရှာဖွေပေးနေတဲ့ အေဂျင်စီတွေကပြောင်းလဲလိုက်တဲ့ စည်းကမ်း..တခုလို့ ထင်ပါတယ်၊ အလုပ်သမား
တိုင်း အရည်အသွေးပြည့် မှီဖို့ အတွက်ရယ်၊ကျန်တဲ့ အခြားစည်းကမ်းတွေ..အတွက်ကြောင့် ဖြစ်မယ်၊အဓိကပြောပြချင်တာက..ဒီလိုအခြေအနေ
လိုအပ်နေပြီးလိုပြောပြချင်တယ်၊
အမေရိကန်နိုင်ငံက..အထက်တန်းကျောင်းပြီးသူတွေ..ဘွဲ့ ရပြီးသူတွေနဲ့ အပြိုင် အင်တာဗျုး ရမယ်၊အရင်က..သူတို့ တွေတနာရီ(၈.ဒေါ်လာ)
လုပ်အားခကို မလုပ်နိုင်ဘူး..ခုတော့ အပြိုင်အဆိုင်လုနေကြပြီး၊ ကျနော်လုပ်နေတဲ့ အလုပ်ရုံမှာ..လူသစ်တွေရောက်လာတယ်..နောက်ဝင်
လာတဲ့ သူတွေက..အနည်းဆုံးအထက်တန်းကျောင်းပြီးသူတွေ..အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်တယ်..၊
အခြေအနေက...မလွယ်တော့ ဘူး...အင်တာဗျူး..၊ ဆိုပါတော့ ..။
No comments:
Post a Comment
mr.kyaingtun@gmail.com