Wednesday, March 14, 2012
ဘဝတိုက်ပွဲ၊နိဂုံးချုပ်၊ အပိုင်း(၁) By Kyaing Tun · Monday
ဒီလိုရောဂါ မျိုးဖြစ်တဲ့ လူတွေအများကြီး ၊ဒီရောဂါ မျိုးကအဆစ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ဘယ် တော့ မှ မပျောက်ဘူးတဲ့ ၊ဆေးသောက်ချိန် ခဏတော့ သက်သာသလိုထင်ရပေမဲ့ တကယ် တော့ ရောဂါကရှိနေမြဲပဲတဲ့ ၊ကျနော်လို့ အလေးအပင်၊မရတာမျိုးမဟုတ်ပဲနဲ့ တချို့ လူတွေ မှာလည်းဖြစ်တယ်၊ သူ့ သူငယ်ချင်းတယောက်ဆိုတံတားဂိတ်တခုမှာ၊ကားခကောက်တယ်၊လက် တဖက်နဲ့ ပိုက်ဆံပေး/ယူလုပ်ရတယ်၊ ကြာလာတော့ ၊အဲဒီလူလက်မောင်းပြုတ်သွားပြီးဆေးနားလိုက်ရတယ်တဲ့ ၊ ကျနော်တောင်အံ့ သြသွားတယ်။
ကျနော်လုပ်ခဲ့ တဲ့ အလုပ်တွေက၊ပထမပီဇာမုန့် လုပ်ငန်း၊ ဒုတိယ ပလပ်စတစ်ခွက်လုပ်ငန်း၊ တတိယ ချောကလက်မုန့် လုပ်ငန်းတွေပါ၊ ပထမအလုပ်ကဖီဇာမုန့် လုပ်တဲ့ ဆိုင်၊တနာရီ(၈) ဒေါ်လာ၊ ကျနော်အိမ်နဲ့ အလုပ်က(၅)မိုင်လောက်ဝေးပါတယ်၊ စက်ဘီးတစီးအမြန်ဝယ်ပြီး အ လုပ်ဆင်းပါတယ်၊အလုပ်ပြန်ချိန်ကည(၁၀)နာရီ၊ဒုတိယအလုပ်ကပလပ်စတစ်ခွက်လုပ်တဲ့ စက် ရုံပါ၊အလုပ်ချိန်ကညဖက်၊မနက်မှအ လုပ် ပြန်ရတယ်၊တတိယအလုပ်(ယခု)ကချော်ကလက်မုန့်  ထုတ်လုပ်တဲ့ စက်ရုံပါ၊ အမေရိကန်ကို ၂၀၀၈ ခုနှစ်ကစရောက်ခဲ့တယ်၊အလုပ် နဲ့ ပတ်သက်ပြီး ကျနော်ကံမကောင်းဘူးလို့ သူငယ်ချင်းတယောက်ကိုပြောပြတယ်၊ သူကိုအလုပ်ရကံကောင်း တယ်လို့ ကျနော်မြင်တယ်၊ အေးအေးဆေးဆေးထိုင်ပြီးလုပ်ရတာ၊သူကဘယ်ကံကောင်းမလဲ သူငယ်ချင်းရာ၊ငါမှာတနေကုန်ထိုင်ရလို့ ခါးတွေနာ၊မျက်စိတွေကိုက်တာ တဲ့ ၊ ခုသူလည်းမျက်မှန်ပါဝါတွေတိုးနေရပါပြီး၊အလုပ်ကကွန်ပြူတာနဲ့ လုပ်ရတာကိုး၊အိမ်ကကွန်ပြူတာကိုမကြည့်  ချင်လောက်အောင်မုန်း တယ်လို့ သူပြောတယ်၊မျက်စိကိုက်တဲ့ ရောဂါတဲ့ သူဆေးစားနေရ တယ်။ကျနော်ကိုဆေးကုသနေကာလမှာ၊ တလကို(၁၀၀၀ Insurance  Co, ကပြန်ပေးပါ တယ်၊(၄)လကြာပြီးတဲ့ အထိဆေးစားပေမဲ့ လည်းလက်ကအရင်လိုပဲ၊ မသက်သာခဲ့ ဘူး၊အဲဒီတော့ ဆရာဝန်ကဆေးထိုး မယ်၊ မပျောက်ရင်ခွဲစိပ်မယ်လို့ ပြောတယ်၊ကျနော်လည်း ဆေးထိုးဖို့ ကိုလိုက်ပြီးလေ့ လာပြန်တယ်၊ ဆေးထိုးခံခဲ့ ဘူးတဲ့ သူငယ်ချင်းတွေ ကအကြံပေးတယ်၊ သူတို့ တုံးကလည်းဆေးထိုးခဲ့ ပေမဲ့ တနှစ်လောက်သက်သာခဲ့ ပြီးနောက်မှာဒဏ်ရာကပြန်ပေါ်လာတယ်၊ဆေးထိုးလို့   မပျောက်ဘူး၊ ဆရာဝန်ထိုးမဲ့ ဆေးဟာအကိုက်အခဲပျောက်ဆေးထိုးမှာ၊ဒီ ဆေးဟာအနာကိုခေတ္တသက်သာစေတယ်၊လုံးဝပျောက်သွားတာ မဟုတ်ဘူး၊ဆိုးကျိုးကရိုးတွင်းချဉ်ဆီတွေကိုခမ်းချောက်စေတာပဲ၊အကြိမ်များများဆက်ထိုးနေရင်အရိုးတွေကရိုးတွင်းချဉ်ဆီတွေခမ်းချောက်  ပြီး၊အရိုးတွေကျွတ်ဆတ်စေတယ်၊တခုခုနဲ့ အဲဒီနေရာကိုထပ်ပြီးထိခိုက်ခဲ့ ရင်အ ရိုးကျိုးပျက်ပြီး၊သုံးမရတဲ့ လက်အခြေအနေကိုရောက်သွား မယ်၊ ဆိုတော့ ကျနော်ကိုဆေးမထိုး ဖို့ အကြံပေးပါတယ်၊ကျနော်ဆေးထိုးခံလိုက်ရင်ကျနော်လက်က နောက်ဆုံးအဲဒီလိုဖြစ်မှာကိုစိုးရိမ်မိ တယ်၊ ဆရာဝန်ကိုမေးကြည့် တော့ ၊ဆေးထိုးကုသမှုက အနာကိုလုံးဝပျောက်သွားရမယ်လို့ သူဂတိမပေးဘူး၊ဆေးထိုးလို့ မှမပျောက်ရင် ခွဲစိပ်ရပါမယ်။ဆေးထိုးလို့ လက်ကပိုဆိုးသွားကိုစိုးရိမ်မိတယ်၊တသက်လုံးအလုပ်မလုပ်နိုင်တော့ ရင်အခက်၊ဒါကြောင့် လည်းဆေးထိုးဖို့ 
ကိုငြင်းလိုက်ပါတယ်၊ဆေးထိုးဖို့ငြင်းလိုက်တဲ့ နေ့ ကစပြီးInsurance  Co, ကထောက်ပံ့ ကြေးဖြတ်လိုက်ပါတယ်၊ဆေးမထိုးတာကိုလူနာ တယောက်ကငြင်းပိုင်ခွင့် ရှိတယ်၊Insurance Co,ရဲ့ ပေါ်လစီမှာကျတော့ ၊ ပေါ်လစီအတိုင်းလိုက်နာမှုမရှိတဲ့ အတွက်၊ ထောက် ပံ့ ကြေး မပေးတော့ ဘူး။
ဆေးထိုးဖို့ ငြင်းဆိုတဲ့ လူနာတယောက်အဖို့ အခြားရွှေးချယ်ခွင့် ဘာမှမရှို၊ဆိုတဲ့ Insurance Co, ရဲ့ ပေါ်လစီကိုတော့ မတရားဘူးလို့ ထင် တယ်၊သူတို့ ဆုံးဖြတ်ချက် ကို သဘောမတူရင်၊ဆက်လုပ်နိုင်တဲ့ လူနာရဲ့ အခွင့် အရေးတွေကိုလမ်းကြောင်းပေးလာတယ်၊(၄)လကြာတဲ့  အထိ Insurance Co, က၊ဆေးကုသခိုင်းတဲ့ ဆေးခန်းမှာကုသခံခဲ့ တယ်၊ကျနော်အထင်တော့ ၊ကျနော်ကိစ္စကို မြန်မြန်ဖြတ်ချင်ပုံရတယ်၊ ဆရာဝန်က Insurance Co,ကဌားထားတာဆိုတော့ ၊ Insurance Co,ရဲ့ အလိုကျလုပ်ပေးနေပုံရတယ်၊လူနာအခြေအနေကိုထည့် မစဉ်း စားပေးတော့ ဘူး
 Insurance Co,က ထောက်ပံ့ ကြေးကိုသူတို့ ဖြတ်တာမဟုတ်ဘူး၊ကျနော်က၊ဆေးမထိုးဘူးလို့ ငြင်းလိုက်လို့ ၊ကျနော်က၊သူတို့ ပေးတဲ့  ထောက်ပံ့ ကြေးကိုဖြတ်တာတဲ့ ၊ ဆေးထိုးရင်လက် ပျက်စီးသွားမှာစိုးရိမ်တဲ့ ၊ကျနော်ရဲ့ ဆုံးဖြတ်ချက်၊သာမန်အကြောယောင်တယ်ဆို (၄) လကြာဆေးစားပြီး၊စားလိုက်တဲ့ အကိုက်အခဲပျောက်ဆေး၊ခေါင်းတွေမှုးပြီးထိုင်းမှိုင်းနေ၊အိပ်ရင်းပြီးအိပ်တရားဝင်ဆေးနားခွင့် မပေးချင်တဲ့ သဘော၊ကိုယ်အနာကိုတော့ ကိုယ်မလိမ်ဘူး၊လျော်ကြေးကြာကြာမပေးချင်တဲ့  Insurance Co၊အင်္ဂလိပ်လိုရွှတ်ကနဲ့ မပြောတတ်လို့ ၊အ နိုင်ကျင့် တာ၊(ဘာမှပြောမတတ်၊ ဘာမှမသိတဲ့ အလုပ်သမားတွေကိုရသလိုလုပ်၊လုပ်သလိုရတဲ့ သဘော)၊ ဒီလိုပဲနစ်နာသွားရတဲ့ သူတွေ အများကြီး၊ပညာတတ်သူတွေ၊ဥပဒေနားလည်သူတွေကိုတော့  ရသလိုမလုပ်ရဲကြ၊လုပ်သလိုလည်းမရ။ အလုပ်ကချော်ကလက်မုန့် ထုတ် လုပ်တဲ့ စက်ရုံပါ၊ကျနော်ကမုန့် ဖျော်ဆရာလေ၊တနေ့ ကို ပေါင်(၅၀)ရှိတဲ့ ချော်ကလဲ့ မုန့် အိတ်ပေါင်း (၁၀၀)၊ ဒီလက်နှစ်ဖက်နဲ့ ကုန်းမ ပြီး စက်ထဲထည့်  ဖျော်ရတာ၊ ခုချိန် ထိဆို(၂)နှစ်တိတိ၊ညာဖက်လက်တဖက်အကြောနာသွားတာ၊ ဆရာဝန်ကဆေးထိုးမှာကိုငြင်းလိုက်လို့(ထိခိုက်၊နစ်နာရတဲ့ လက်တဖက်အတွက်)၊နောက်ဆုံးအခြေအနေ၊ဖေဖေါ်ဝါရီလ(၈)ရက်နေ့ ။
အဲဒီနေနောက်ပိုင်းရပ်တည်ရေးအဆင်မပြေတော့ ၊ကျနော်စိတ်တွေလေနေတဲ့ ကာလ၊အဲဒီလအတွက်အိမ်လခ (၈၅၀)ကို၊ဘယ်လိုဖြေရှင်း မလဲ မသိ၊၊ဇန်နဝါရီလ(၂)ရက်ကတည်းက၊အိမ်ခန်းပြောင်းသွားတဲ့ အတွက်၊အင်တာနက်မရ၊ ဖေ့ ဘွတ်ပေါ်လည်းမရောက်တော့ ၊ အင်တာ နက်ရမှပဲ ကျနော်ထံဆက်သွယ်မရတဲ့ ၊သူငယ်ချင်းတွေကိုတောင်းပန်ရတော့ မှာပဲ။
ဘဝကို ပုံသေမတွက်နဲ့ ..တဲ့ ၊ဒီအလုပ်တော့ မြဲပြီးလို့ တွက်ခဲ့ တယ်၊ခုလိုဖြစ်လာတော့ လည်းဘာတတ်နိုင်မလဲ၊ကျနော်အလုပ်နားနေတဲ့  အချိန်မှာ၊အားငယ်မိတာအမှန်၊ပိုပြီးသိသာတာကကျနော်မိန်းမ၊သူလည်းပညာမတတ်၊အမေရိကန်ရောက်မှ အင်္ဂလိပ်စာသင်၊ သူဘဝနဲ့ သူ၊ ကျနော်လည်းဒီလိုအဖြစ်ရောက်တော့ ၊သူ့ သူငယ်ချင်းတွေနဲ့ မျက်နှာငယ်နေရ၊အရင်ကဆို ဒီလိုမျက်နှာမဟုတ်၊ ငါအလုပ်တခုပြန် ရှာလုပ် မှာပါစိတ်ညစ်မနေပါနဲ့ ကွာ၊ လို့ သူ့ ကိုအားပေးပါ တယ်၊ နင်အလုပ်လုပ်မှာကနောက်၊ ခုလောလောဆယ်ဆယ်အိမ်လခဘယ်လိုပေးမလဲ၊ ဒီမေးခွန်းကဖြေရအခက်ဆုံး၊ ကိုယ်နိုင်ငံမှာဆို၊နေစရာတော့ ခက်မယ်မထင်၊နောက်ဆုံးဘယ်သူမှမကူညီ တော့လည်း၊တောထဲသွားပြီး ဝါးတဲ ထိုးနေလို့ ရနိုင်သေး၊ခုချိန်တော့ ရမရမသိ။
ကျနော် မိန်းမက SSI ရတယ်၊ (Social Security Income)သူအလုပ်မလုပ်နိုင်ဘူး၊သူညာဖက်ခြေတောက်ကအရိုးနာလို့ အမေရိကန် ရောက်မှထပ်ခွဲစိပ်ခံခဲ့ တယ်၊ သူရဲ့ူDisability လစဉ် ထောက်ပံ့ ကြေးကလည်းပုံမှန်မရှိ၊(၄၀၀)ရလိုက်၊(၅၀၀)ရလိုက်နဲ့ ၊ကျနော်ဝင်ငွေကို တွက်ပြီးသူဝင်ငွေကိုအတိုးအလျှော့ လုပ်ပေးတယ်၊ကျနော်ဝင်ငွေမရှိတော့ ၊သူဝင်ငွေ  ဘယ်လောက်ရမယ်မသိ။
ထွက်ငွေကိုတွက်ပြရရင်၊ အခန်းလခ(၈၅၀)၊ အင်တာနက်(၁၅)၊ အိမ်ဖုန်း(၈)၊ ဟမ်းဖုန်း (၁၀၀)၊မီးခ(၂၅)၊ထိုင်းမှအမေရိကန်လာတုန်းက လေယာဉ်ပျံ အကြွေးတလ(၅၀)၊ဒါကပုံမှန်လတိုင်းကုန်ကျငွေ၊ ထွက်ငွေအားလုံးပေါင်းက(၁၀၄၈)။
တရားစွဲပါလား၊သူငယ်ချင်းတယောက်ကပြောလာတော့ ၊ နောက်သူငယ်ချင်းတယောက်ကနံရံကိုလက်သီးနဲ့ ထိုးသလိုမျိုးဖြစ်နေမယ်၊ ရပ်တည်ဖို့ တောင်မရေရာတော့ တဲ့ ဘဝ၊ရပ်တည်နိုင်ဖို့ အရင်လုပ်၊တရားနိုင်ရင်တောင်ရမဲ့ လျော်ကြေးရှေ့ နေခပေးပြီး၊တပြားမှကျန်မှာ မဟုတ်ဘူး၊အခမဲ့ လိုက်ပေးနေတဲ့ ရှေ့ နေတွေရှာဖို့ ကြတော့ ထင်သလောက်မလွယ်၊ကျောမွဲအလုပ်သမားတယောက်၊တရားရှုံးသွားရင် တရားရုံးကုန်ကျစရိတ်ကို၊ကုန်ကျခံရတာပဲအဖတ်တင်မယ်၊
၂၀၀၈ ကအမေရိကန်စရောက်ချိန်ကလို၊ဘဝကိုပြန်စဖို့ ပတ်ဝန်းကျင်ကိုကိုယ်တွေ့ ပြန်လေ့ လာတယ်၊ပထမဆုံးခြေလှမ်းက၊ကျောင်းပြန် တက်ဖို့ ၊Laney Collage ကိုသွားခဲ့ တယ်၊၂၀၁၀တုံးကတခါကျောင်းတက်ခဲ့ ဘူးတယ်၊ကျောင်းသူတယောက်ကကူညီပြီး၊ On Lineက လျှောက်ပေးပါတယ်၊Financial Aid လည်းပြန်လျှောက်တယ်၊ကျောင်းစရိတ် ၅၀၀၀ ရမယ်လို့ သူပြော တယ်၊အတိုချုပ်ပြောတော့ မယ်၊ အားလုံးလျှောက်ပြီးသွားပြီး၊နောက်ဆုံးAssessment&OrientAtion Schedule အဆင့် ရောက်တော့ ၊ကျောင်းသားပြည့်သွားပြီး၊နောက်ဖွင့် မဲ့  အတန်းတခုဖွင့် ချိန်ရောက်မှပြန်လျှောက်ပါတဲ့ ၊စိတ်ရှုပ်တယ်၊ကျောင်းတက်ဖို့ သွားတော့ လည်းတရက်ပြီးတရက်၊ဟိုမှာသွားတွေ့လိုက်၊ ဒီမှာ သွားတွေ့ ရ၊ဘောလီဘောပုတ်သလိုအပုတ်ခံရတာနဲ့ စိတ်ကုန်သွားတာပဲ၊အရင်တုံးကလည်းဒီလိုပါပဲ။
Adult School ကျောင်းရှိရင်သိပ်ကောင်းမှာ၊Adult School ကျောင်းတွေကိုအစိုးရကပိတ်လိုက် တယ်၊ ဘတ်ဂျက်မပေးနိုင်လို့ ၊ Adult School ကျောင်းတွေရှိနေရင်၊နေ့ ဖက်အလုပ်လုပ်၊ည ဖက်ကျောင်းတက်၊ ကျနော်လိုအလုပ်သမားတွေအင်္ဂလိပ်စာတိုးတက်တာပေါ့ ။
ဒုက္ခသည်စခန်းမှာနေတုံးက၊အမေရိကန်ကသူငယ်ချင်းတွေဆီမှာ၊ဒုက္ခရောက်လို့ ပိုက်ဆံတောင်းပြီးနေခဲ့ ရတယ်၊အဲဒီတုံးကသူငယ်ချင်း တွေ အပေါ်နားမလည်ခဲ့ ဘူး၊သူငယ်ချင်းတွေကမကူညီချင်လို့ မဟုတ်ဘူး၊အဆင်မပြေဘူးလို့ ပြောတာကို၊စိတ်ဆိုးခဲ့ တယ်၊မင်းကကောင်း  စားသွားတော့ ငါကိုမေ့ လိုက်ချင်တာပေါ့ ၊ဟုတ်လား၊မင်းနဲ့ ငါနဲ့ ကသေဖေါ်သေဖက်၊ရဲဘော် ရဲဖက်တွေလေကွာ၊အဲဒီလိုပြောတော့ သူငယ် ချင်းက၊ မင်းအမေရိကန်ရောက်မှသိလိမ့် မယ်တဲ့ ။
ခုတော့ ..ကျနော်အမေရိကန်ရောက်တာ(၃)နှစ်ရှိပြီး၊အမေရိကန်ကသူငယ်ချင်းတွေက၊အဆင်ပြေလားနေကောင်းလား၊မေးလာတယ်၊
ပိုက်ဆံအကြွေးတော့ ၊ တယောက်မှပြန်မတောင်းဘူး၊ငါအဆင်ပြေရင်မင်းကိုပေးမှာပါဆိုတော့ ၊မလိုဘူးသူငယ်ချင်းရာ၊မင်းအဆင်ပြေ အောင် ကြိုးစားပါတဲ့ ၊တကယ်လို့ အကြွေးပြန်တောင်းရင်လည်းပေးစရာမရှိ၊ဟိုတုံးကသူငယ်ချင်းတွေအားလုံးကကူညီပေးတဲ့ ငွေပေါင်း ပြန်ပေါင်းကြည့် ရင်(ဒေါ်လာ ၁၀၀၀) အထိ၊ အမေရိကန်မှာအလုပ်(၃)နှစ်လုပ်ခဲ့ ပြီးပြီး၊ တပြားမှမဆုရ၊တလစာဝင်ငွေနဲ့ ထွက်ငွေ က၊ ကွက်တိ။
ကိုယ်ဘဝကိုအမှန်အတိုင်းပြောတာ၊တခြားသူတွေတော့ မသိ၊ခလေး(၅)ယောက်လောက်ရှိတဲ့ သူငယ်ချင်းတယောက်တော့ ၊ အဆင်ပြေ လို့ ၊ဒီနှစ် Tax Claim တော့ သူက(၈၀၀၀)ရတယ်တဲ့ ၊ နောက်ခလေးတယောက်ထပ်ရတော့ မယ်၊မွေးခါနီးနေပြီး၊သူလိုဆိုရင်တော့အဆင် ပြေတယ်လို့ ပြောမှာပဲ၊ခလေးထောက်ပံ့ ကြေးတွေရတာကိုး၊ကိုယ်ဘဝကျတော့ မပြောချင်တော့ ။
Insurance Co,က လစဉ်ကြေးမပေးတော့ ၊ဇန်နဝါရီလ၊ဖေဖေါ်ဝါရီလ(၂)လအတွက်ကိုအိမ်လခပေးဖို့ အတွက်အခက်အခဲဖြစ်တယ်၊ကျ နော်မိန်းမကဘယ်ကရှာပြီးပေးလဲမသိချင်တော့ ၊အိမ်လခအတွက၊် G.A လို့ ခေါ်တယ်၊ အလုပ်မရှိသူတွေကိုငွေချေးပေး၊ထောက်ပံ့ ပေးတဲ့ အစိုးရဋ္ဌာနမှာအိမ်လခကိုသွားလျှောက်ထားတယ်၊စားစရိတ်က ၂၀၀ ရတယ်၊ အိမ်လခက၃၀၀နှုန်းနဲ့ (၃)လအထိထောက်ပံ့ ပေးမယ် ဆို တဲ့ အကြောင်း၊Case Worker ကပြောပါတယ်၊ အဲဒီချေးငွေကိုကျနော်အလုပ်ပြန်လုပ်တဲ့ အခါပြန်ဆပ်ပါ့ မယ်လို့ လက်မှတ်ထိုးထားခဲ့ ပါ တယ်၊ဒီကာလမှာတော့ ကျနော်အရမ်းစိတ်ပန်းနေတဲ့ ကာလပါ၊မတ်လအတွက်အိမ်လခပေးဖို့ အဆင်ပြေပါ့ မလားစိုးရိမ်နေတာပါ၊ G.A ချေးငွေကတင်ထားတာ(၁)လရှိပြီး၊ဘာသံမကြားရသေးဘူးလေ။
ဒီကြားကာလမှာပဲအိမ်ခန်းပြောင်းရွှေ့ သွားတာကြောင့် ၊ အင်တာနက်ပြန်မတင်ရသေးတာကြောင့် ၊ ဖေ့ ဘွတ်ပေါ်မတက်ခဲ့ ဘူး၊နေ့ တိုင်း နည်းပါး၊ဆေးခန်းနဲ့ အခြားရုံးချိန်းတွေနဲ့ ပဲအလုပ်များနေရတယ်၊လက်အကြောနာတဲ့ အခြေအနေကလည်း၊ပိုပြီးကောင်းမလာတဲ့ အပြင်
ဒီကြားကာလမှာ၊ကျနော်တို့ မြို့ ရောက်ရှိလာတဲ့ ဒုက္ခသည်မိသားစုတွေဆီအကူအညီသွားပေးခဲ့ တယ်၊သူတို့ မှာလည်းအမေရိကန်ရောက် စ ကာလမှာပဲစိတ်ဆင်းရဲနေကြလို့ ၊အားပေးပြောဆိုနေရသေးတယ်၊ရောက်စမှာဒီလိုကြီးပဲ၊အားမငယ်ကြနဲ့ ၊အခက်အခဲရှိရင်ပြောပါ၊ ကူညီ ပေးပါမယ်၊..စသည်ဖြင့် ပေါ့ ၊တကယ်တော့ ကိုယ်အခြေအနေတောင်မှ ကိုယ်မပြောရဲ၊ ဒုက္ခသည်စ ခန်းမှာဒုက္ခရောက်နေတာနဲ့ နှိုင်းစာ ရင်တော့ ၊အမေရိကန်ကိုရောက်လာတာနည်းနည်းတော့ သာတယ်လို့ ပြောရမယ်၊ ပညာရေးရှိတယ်၊အင်္ဂလိပ်လိုပြောနိုင်တယ်၊ အလုပ် လုပ်နိုင်တဲ့ လူငယ်တွေအဖို့ ကောင်းတယ်၊ပညာရေးလည်းမရှိ၊အင်္ဂလိပ်လိုလည်းမတတ်၊အသက်ကြီးတဲ့ လူကြီးတွေအဖို့ မကောင်း ဘူး။
ကျနော်တို့ မြို့ မှာပေါ့ ၊အသက်(၅၀)အရွှယ်၊အလုပ်ရှာရခက်တယ်၊အင်္ဂလိပ်လိုမတတ်တဲ့ သူ တွေကိုပြောတာ၊အိမ်မှာနေပြီးစာသင်ရမယ်၊ စာသင်နေပါတယ်ဆိုတဲ့ ထောက်ခံစာပြမှအစိုးရက၊စားစရိတ်၊အိမ်လခ၊ပေးတယ်၊ဦးလေး..တယောက်ဆိုရင်၊ အလုပ်ပဲရှာပေးပါ၊ ငါအလုပ် လုပ်နိုင်တယ်၊လို့ အလုပ်ရှာပေးတဲ့ ရုံးမှာသွားပြောတယ်၊အဲဒီရုံးက..ဦးလေး..ဦးလေးကအသက်ကြီးပြီး၊အင်္ဂလိပ်စာလည်းမတတ်ဘူး. .ဘာ အလုပ်ရှာပေးရမလဲ၊လို့ ပြောတယ်တဲ့ ၊အဲဒီလို့ ပြောခံရလို့ အဲဒီဦးလေးကစိတ်ဓါတ်ကျနေတာ၊ကျနော်နဲ့ တွေ့ တော့ ဒီလိုရင်ဖွင့် ပါတယ်၊ အစိုးရကလည်းစားစရိတ်၊အိမ်လခတွေဖြတ်လိုက်ပြီးတဲ့ ၊သူကျောင်းတက်မမှန်လို့ တဲ့ ၊ကျောင်းလည်းမတက်ချင်ပဲတက်နေရတယ်၊ကျောင်း တက်တာ၊တနှစ်ရှိပြီး၊A.B.C.D တောင်မရသေးဘူးတဲ့ ၊ငါကျောင်းမတက်ချင်ဘူး၊ သူကိုကြည့် ပြီးဘာပြောရမှန်းကျနော်မသိတော့ ။
အပိုင်း(၂)ကိုဆက်ရေးပါမည်။
No comments:
Post a Comment
mr.kyaingtun@gmail.com