Tuesday, June 26, 2012

သစ်ဆွေးအိမ်

“မိမိတို့၏ အန္တိမရည်မှန်းချက်မှာ အိုးအိမ်ပြောင်းရွှေ့ထွက်ပြေးရသူများ၊ အိုးအိမ်မဲ့နှင့် မျှော်လင့်ချက်မဲ့သူများ မရှိသည့် ကမ္ဘာကြီးတခု၊ မည်သည့်အရပ်တွင်ပင်ဖြစ်စေ မှီခိုနေထိုင်ကြသူများကို ကာကွယ်လုံခြုံစေမည့်၊ လွတ်လပ်စွာနေထိုင်နိုင်မည့်၊ အရည်အသွေးကို ပြနိုင်မည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတခု ဖန်တီးကြရန်ပင် ဖြစ်ပါသည်။ တွေးခေါ်မှုတခုချင်းစီ၊ စကားလုံးတခုချင်းစီ၊ လှုပ်ရှားမှုတခုချင်းစီတိုင်းသည် အပြုသဘောဆောင် ပေါင်းစည်းစေရမည်ဖြစ်ပြီး အလုံးစုံ ပေါင်းစည်းပါက ငြိမ်းချမ်းရေးကို ဦးတည် အထောက်အကူပြုစေကြရမည် ဖြစ်ပါသည်။ မိမိတို့ တဦးချင်းက ယခုကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရန် တတ်စွမ်းကြပါသည်။ မိမိတို့လက်များ တွဲဆက်၍ မိမိတို့ အိပ်နေစဉ် လုံခြုံ၍ နိုးထသည့်အချိန်တွင် ပျော်ရွှင်ချမ်းမြေ့စွာ နိုးထရသော ငြိမ်းချမ်းသည့် ကမ္ဘာကြီးကို ဖန်တီးကြပါစို့” (ဒေါ်အောင်ဆန်းစုကြည်)

Wednesday, August 10, 2011


သစ်ဆွေးအိမ်

သစ်ဆွေးအိမ်
ညိုခက်ကျော်

မှောင်မည်းတိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲမှာ အသက်ကို တပင်တပန်း ရှူရှိုက်နေရစဉ် ညတိုင်း ချောက်ချားနေရမြဲဖြစ်သော အသံတို့က တဖျတ်ဖျတ်နှင့် နားထဲသို့ ဆိုးဆိုးရွားရွား ၀င်ရောက်လာသည်။ ဒါ ... အဲဒီအသံ။ ဘုရား ဘုရား ... လူ့ဘ၀မှာ အသက်ရှင်နေထိုင်ရစဉ် ခဏလေးမှာ အဲဒီအသံတွေက ဘာဖြစ်လို့ ညစဉ်လို လိုက်ပြီး နှိပ်စက်နေရတာလဲ။ လူတဦးတယောက် ဒဏ်ရာတွေ ဗရပွနဲ့ ဒယိုင်းဒယိုင် ပြိုလဲနေတဲ့အ ချိန်မှာ အဲဒီသတ္တ၀ါတွေက ဒီလောက် နားဝင်ဆိုးလှတဲ့ အသံတွေမျိုးစုံ အော်ဟစ်ပြပြီး ပျော်ရွှင်မြူးထူးပြနေဖို့ မကောင်းဘူးဟု ထင်ပါသည်။ သူတို့မှာ ဦးနှောက်လည်းမရှိ၊ နှလုံးသားလည်း မရှိ၊ ဒါကြောင့် ကိုယ်ချင်းစာတ ရားရှိကြောင်းလည်း စိုးစဉ်းမျှ မျှော်လင့်နေစရာမလို။

ထို့အပြင် သူတို့မှာ (သူတို့ကိုလည်း ရန်မပြုပါဘဲနှင့်) လူတွေကို ရောဂါပိုးပေါင်းများစွာ လှလှပပလေး မသိမ သာကလေး ဖြန့်ဝေပေးနိုင်စွမ်းလည်းရှိကြသေးသည်။ သူတပါး ပင်ပန်းကြီးစွာ ချက်ပြုတ်ထားသော အစားအ စာပေါင်းများစွာကို ခိုးယူတမျိုး၊ ပြောင်တမျိုးနှင့် မြိန်ရေရှက်ရေ တ၀တပြဲ စားသောက်ပြီးနောက် အဲဒီပန်းကန် အိုးခွက်ထဲမှာပဲ မစင်စွန့်ခဲ့ကြ၊ ဥတွေ ဥချခဲ့တတ်ကြတဲ့ သူတို့ဟာ ဟောဒီလောကကြီးထဲက ၃၁ ဘုံ သတ္တ၀ါ တွေထဲ စာရင်းရှိနေဖို့ မကောင်းပါ။ “သားရေပေါ်အိပ် သားရေနားစား” ဆိုတဲ့ စကားပုံဟာ သူတို့တွေအတွက် အထိုက်တန်းဆုံး ဆုလာဘ်တခုဖြစ်မည်။

တိမ်တောက်ချိန်

 

Saturday, January 22, 2011


တိမ်တောက်ချိန်

တိမ်တောက်ချိန်
မောင်ရင့်မာ (ကျောင်းကုန်း)

“သေချာရဲ့လားဗျ၊ ခင်ဗျားအဖေက ဘာမှ မမျှော်လင့်ခဲ့ဘူးဆိုတာ”

ကျနော့်တွင် အလွန်သံသယဖြစ်တတ်၍ အလွန်လည်း အငြင်းသန်တတ်သော သူငယ်ချင်းတို့ တယောက်မက ရှိနေခဲ့ခြင်းမှာ ကံကောင်းသောအချက်တချက် ဖြစ်နိုင်ပါသည်။ သူတို့သည် ရေးမိရေးရာ ကျနော် ရေးသည့် စာ တညှိုတထွာလေးတွေကို တွေ့ရသည့်အခါ “ဒို့သူငယ်ချင်း ရေးတာ” ဟူ၍ တခုတ်တရ ဖတ်ကြသည်။ တ ခုတ်တရ ပြောကြသည်။ ဘ၀င်မကျ သဘောမမျှနိုင်သည်များ တွေ့လျှင်လည်း နီးဝေးနေ့ညဥ့်မဟူ တခုတ်တရ ငြင်းခုံတတ်ကြသည်။

ခုကြည့်၊ သန်းယံလွန်မြောက် တမိုးသောက်လုနီးနီး အချိန်သို့ရောက်ခါမှ အော်မြည်လာသော တယ်လီဖုန်း မြည်သံက ကျနော်နှင့် မိုင်ငါးရာကျော် ကွာဝေးသော ဇာတိမြို့ကလေးဆီမှ သူငယ်ချင်းကဗျာဆရာ၏ ငြင်းခုံ သံပဲ ဖြစ်နေလေသည်။ ကျနော်၏ ရသစာတမ်း စုစည်းမှုစာအုပ်တအုပ်တွင် ရည်ညွန်းရေးသားခဲ့သော စာတ ပိုဒ်ကို သဘောမတူနိုင်ပါဟု သူက ဆိုသည်။

“ဆွတ်ယူစားသုံးခွင့် မရနိုင်မည်ကို သိတန်ကောင်းပါလျက် ထွန်ယက်ခဲ့၊ စိုက်ပျိုးခဲ့၊ ပေါင်းသင်ခဲ့၊ မြေဆွခဲ့ ဘ ၀ခရီးတလျှောက်လုံး မမောမနွမ်း ပင်ပန်းစွာ ရုန်းကန်၊ အနစ်နာခံ သန့်စင်စွာ အသက်ရှင်သန် နေထိုင်သွားခဲ့ လေသော ဖေဖေသို့ ...”

ဘ၀တွင် ပင်ပန်းဆင်းရဲခြင်းတွေကိုသာ ခံစားခဲ့ရပြီး ချမ်းမြေ့ကြည်သာခြင်းတွေကို မစံစားရဘဲ ကွယ်လွန်ခဲ့ ရှာသော ကျေးဇူးရှင်ဖခင်ကြီးအား ကျနော့်အဓိပ္ပာယ်နှင့် ကျနော် ရည်ရွယ်လွမ်းဆွတ်ခဲ့ခြင်းဖြစ်သည်။ သူငယ် ချင်းက သူ့အဓိပ္ပာယ်နှင့်သူ အနက်ကောက်၍ ငြင်းခုံလိုက်ခြင်းဖြစ်သည်။ ဘ၀င်မကျ သဘောမမျှနိုင်ပါဟု ဆို သည်။ သူ့အတွေ့အကြုံနှင့် အညီအညွတ်မရှိဟုဆိုသည်။ အင်္ဂုတ္ထိုရ် ပါဠိတော်လာ ‘ပုတ္တသုတ်’ နှင့် အညီအ ညွတ်မရှိဟု ဆိုသည်။ သို့သော် သူ၏ ငြင်းခုံချက်က စိတ်ဝင်စားဖို့ ကောင်းပါသည်။


*****

သူ၏ ဖခင်သည် ကျောင်းကုန်းနှင့် အိမ်မဲကြားက ဘုရားကြီးကုန်းရွာသား ဖြစ်သည်။

“ခင်ဗျားလည်း သိသားပဲ၊ အဖေက အင်မတန် စကားနည်းတာ။ သူ ဘာဖြစ်ချင်နေတာလဲဆိုတာ သိရတာမ ဟုတ်ဘူး”

ကျနော် သိရှိမှတ်မိသလောက်ဆိုလျှင် သူ့ဖခင်သည် ကျောင်းကုန်းတဘက်ကမ်းရှိ ‘တာဦး’ ၌ ရောင်းပန်းဝယ် ပန်းတို့ ပွင့်လန်းလာသောအခါ ကိုးတန်းအောင်သော သားကို ရန်ကုန်သို့ ပို့၍ ကျောင်းထားပေးခဲ့သည်။ သူ ငယ်ချင်းက စမ်းချောင်းမှာ မပျော်ပိုက် ဆိုသည်နှင့် လသာကျောင်းသို့ ချက်ချင်း ပြောင်းထားပေးခဲ့သည်။ မြို့ ၌ အပျော်လွန်၍ ဆယ်တန်းတနှစ်ကျလိုက်သောအခါ “စက်မှုတက္ကသိုလ် အမှတ်မမီမှာ စိုးလို့ ခြစ်ပစ်ခဲ့တာ” ဟု သူငယ်ချင်းက ခပ်တည်တည် အကြောင်းပြခဲ့သည်။

သူ့ဖခင်ကလည်း ယုံပစ်လိုက်သော အမူအရာနှင့် “နောက်နှစ်ပေါ့ သားရာ” ဟု ခပ်အေးအေးပဲ တုံ့ပြန့်ခဲ့သည်။ အဲသည်တနှစ် စိတ်လေလွင့်ပြီး ကုန်ကားနောက် လျှောက်လိုက်နေတော့လည်း မမြင်မကြားသလို တုံဏှိဘာ ဝေ နေခဲ့သည်။ နောက်တနှစ် ဆယ်တန်းအောင်၍ ပုသိမ်ကောလိပ်တွင် ဘော်လီဘော ယောင်ယောင်၊ က ဗျာယောင်ယောင် လုပ်နေတော့လည်း ဖခင်ကြီးက ဆိတ်ဆိတ်ပဲနေခဲ့သည်။ မြ၀ါးရုံတော ပျော်မောရင်း လေး နှစ်မြောက်တော့ ကျောင်းပြီးခဲ့သည်။ အဖေ့ဇာတိ ဘုရားကြီးကုန်းသို့ ပြန်၍ ဆီစက်တည်တော့လည်း ဘာမှမ ဆို ဘာမှမပြောခဲ့ဟု ဆိုသည်။ ဘွဲ့နှင်းသဘင် ခေါ်ပြီ။

သူငယ်ချင်းက ဘွဲ့တက်မယူလိုပါ ဆိုသောအခါတွင်မှ ဖခင်ကြီးက တုံဏှိဘာဝေ ဆိတ်ဆိတ်မနေနိုင်ပါလေ တော့။ “စာတွေ အကြာကြီး သင်လာပြီးမှ ရတဲ့ဘွဲ့ မင်းမယူရင် အဖေတက်ယူမယ်” ဟု ဆိုလေသောအခါ သားအဖနှစ်ယောက် ရန်ကုန်သို့ အတူတကွ တက်ခဲ့ကြပါသည်။

“ဘွဲ့ယူမယ့်နေ့က ၀တ်ရုံကြီး တကားကားနဲ့ ကျနော်ကသာ စိတ်အိုက်နေတာ၊ အဖေက တမနက်လုံး တက် ကြွနေတာဗျ။ ပါမောက္ခချုပ်က ကျနော့်ကို ဘွဲ့လက်မှတ်ပေးပြီး လက်ဆွဲနှုတ်ဆက်တော့ ပရိသတ်ထဲကနေ ကိုယ်တပိုင်းလောက်ပေါ်အောင် ဖင်ကြွကြည့်နေတဲ့ အဖေ့ကို မျက်လုံးထောင့်စွန်းကနေ မြင်လိုက်တယ်။ အ ဖေ တော်တော်ပျော်နေတာပါလားလို့ တွေးလိုက်မိတာနဲ့ ရင်ထဲ ၀မ်းနည်းသလိုလိုကြီး ဖြစ်သွားတယ်ဗျာ”