Saturday, March 26, 2011
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၅) by Kyaing Tun on Saturday, March 26, 2011 at 3:39pm
မော်လမြိုင်အကျဉ်းထောင်၊အချိန်ကမနက်(၄)နာရီ၊ထောင်ပိုင်ကြီး၊ထောင်ပိုင်လေး၊ထောင်မှုးကြီး၊ထောင်မှုး၊အရာခံဗိုလ်၊တပ်ကြပ်ကြီး၊တပ်ကြပ်၊တပ်သား၊ စတဲ့ ထောင်ဝန်ထမ်းများ၊အဖြူရောင်ပိတ်ဝတ်စုံဝတ်ထားတဲ့ အကျဉ်းသားဝန်ထမ်းများအပြင်အရပ်ဖက်က တရားရုံးအရာရှိ၊ စစစသုံးလုံးအရာရှိ များ၊ရဲ  အရာရှိများ၊ စစ်အရာရှိများ၊ ဆရာဝန်များ၊ က သူတို့ နဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေ ပထဦးဆုံးလုပ်ကြတယ်၊လက်ထိပ်တွေ၊ သံကြိုးတွေ
ွဖြုတ်ပြီး၊  ကျုပ်တို့ ကို ထောင်ပုံစံ ဆံပင်ညှပ်ပါတယ်၊ ထောင်ပုံစံဆံပင်ဆိုတာက ဂတုံးပြောင်အောင် ဆံပင်ညှပ်စက်နဲ့ ညှပ်တာပါ၊ ဆံပင် ညှပ်ပြီးတာနဲ့  အ ရပ် ဝတ် ကိုချွတ် ရပြီး အဖြူရောင်ထောင်ပုံစံ အင်္ကျီ၊လုံချည်တွေ လှဲဝတ်ရတယ်၊ ပြီးတော့ အလေးချိန်(၁၆)ပေါင်လောက် လေးတဲ့ထောင်အခေါ် တော့ ခြေ ချင်း လို့ ခေါ်တယ်၊သံခြေချင်းကိုခတ်ပါတယ်၊ပြီးတာနဲ့ ထောင်ပုံစံစသင်ပေးပါတော့ တယ်၊  ထိုင်တဲ့ ပုံစံ၊ မတ်တပ်ရပ်တဲ့ ပုံစံ၊ ပုံစံ ဆိုတာထောင်ထဲမှာနေတဲ့ အချိန် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ စည်းကမ်းပေါ့ ၊ ထောင်ကျရုံးမှာမှတ်ပုံတင်ပြီးတာနဲ့ ကြိုးတိုက်ကိုပို့ ပါတော့  တယ်၊  ကြိုးတိုက်ဆိုတာသေဒါဏ်အမိန်ကျခံရတဲ့ သူတွေကို ထားတဲ့ နေရာဖြစ်ပါတယ်၊ ၆ ပေ×၈ ပေ တိုက်အခန်း ကျဉ်းလေးပါ၊ သေဒါဏ်ကျခံ ရတဲ့ သူတွေ(၆)ဦးကိုတယောက်တခန်းစီထားပါတယ်၊ အဲဒီအခန်းထဲမှာ ဖျာတချပ်၊ စောင်တထည်၊ အညစ် အကျေးစွန့် ဖိုပလပ်စတစ်ခွက် တလုံး၊   ဝတ်စုံအပိုတစုံ၊ ထောင်ဝါဒါ(ထောင်ဝန်ထမ်း)ကအခန်းတံခါးကိုသော့ ခတ်ပြီးပိတ်လိုက်တဲ့  အချိန် ကစပြီးတော့ လောကကြီးတခုလုံးနဲ့ အဆက်အသွယ်ပြတ်သွားပါပြီး၊အခန်း  မျက်နှာကြက်နားမှာ လေဝင်ပေါက်/အလင်းရောင်ရတဲ့  အပေါက် တော့ ရှိပါတယ်၊အဲဒီအပေါက်က နေ့ လား/ညလားဆိုတာသိရ တယ်၊ကြိုးသမား တယောက် ရဲ့ တနေ့ တာအချိန်ဇယားကတော့ မနက်(၇း၀၀)နာရီ   မျက်နှာသစ်/မိလ္လာချ(ကိုယ်စွန့် ထားတဲ့အညစ်အကြေးကိုသတ်မှတ်ပေးထားတဲ့  နေရာမှာသွားပစ်ရတာပါ)/ ဆန်ပြုတ်တခွက် သောက်/(၁၀)မိနစ်၊အခန်းတံခါးကိုတကြိမ်လာဖွင့် တယ်၊မနက်(၉း၀၀)နာရီ ထမင်းကျွေးချိန်၊ညနေ(၃)နာရီရေချိုးချိန်၊အခန်းတံခါတကြိမ်လာဖွင့့်ပါတယ်၊ကြိုးသမားတွေ တဦးနဲ့ တဦးအဆက်အသွယ်မရှိတော့ ဘူး၊ ပြင်ပကထောင်ဝင်စာလာတွေ့ ခွင့် ၊မိသားစုနဲ့ တွေ့ ဆုံခွင့် ၊ဘာဆိုဘာမှမရှိ
ဘူး၊အခန်းကျဉ်းလေးမှာပဲတယောက်ထဲပေါ့ ၊ သေဒါဏ်ချခံရတဲ့ သူဆိုတော့ ဘယ်နေသေရမလဲ၊ ဘယ်လိုသတ်မလဲ၊ရောက်တတ်ရာရာတွေး
နေတာပေါ့ လေ၊ စကားလည်းပြောဖေါ်မရှိ၊ တတ်သလောက်လေးဘုရားကိုအာရုံပြုတာပေါ့ ၊ ဘုရားရှိခိုး၊ ဝင်သက်ထွက်သက်မှတ်တယ်၊ မတည်ငြိမ်တဲ့ စိတ်တွေကိုတည်ငြိမ်မှုရအောင်ကြိုးစားတယ်၊ တခါတလေ ကျန်းမာရေးလေ့ ကျင့် ခန်းတွေလုပ်တယ်၊ အခြားအဖေါ်တွေဘယ်လို
နေလဲသိချင်တယ်၊အိမ်အကြောင်းသိချင်တယ်၊ အိမ်မက်ဆိုးတွေမက်တယ်၊ အခန်းကတိုက်ခန်းဆိုတော့ အေးတဲ့ အထဲ၊ သံခြေချင်းပါခတ်ထား
သေးတယ်၊ အသားနဲ့ အမြဲတမ်းထိကပ်နေတဲ့ သံခြေချင်းအအေးဒါဏ်က ခြေအောက်ပိုင်းကိုထုံကျင်စဖြစ်လာတယ်၊ ဘာမှမတတ်နိုင်တော့ ဘူး၊
ကယ်တင်ရှင်ကိုမျော်လင့် နေတာပေါ့ ၊ သံမန်တလင်းပေါ်မှာ ရက်ရှည်ကြာအိပ်ရတဲ့ အခါကျတော့ အဆုပ်အအေးပတ်တဲ့ ရောဂါ စရခဲ့ တယ်၊
ခုချိန်ထိအအေးဒါဏ်ကိုမခံနိုင်တော့ ဘူး၊ နှာရည်ယိုတတ်တာလည်းအမြဲတမ်းလိုလိုပါပဲ၊ အဆုတ်မကောင်းတော့ လို့ ဖြစ်မယ်ထင်တယ်၊ သေ
ဒါဏ်ဘဝနဲ့ (၃)နှစ် တိုက်ခန်းထဲမှာကြာခဲ့ ပါတယ်၊ (၁၉၉၀၊ ၁၉၉၁၊ ၁၉၉၂၊ ၁၉၉၃၊)။ သေကံမရောက်အသက်ပပျောက်ခဲ့ ဘူး၊ ဘာကြောင့် လဲ
ဆိုတာကို ထောင်ပိုင်ကြီးကရှင်းပြလို့ သိလိုက်ရပါတယ်၊ ၁/၉၃ ကြေညာချက်အရနိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် ကိုခံစားရလို့ ပါပဲ၊ သေဒါဏ်
မှ အနှစ်(၂၀)သို့ ပြောင်းလဲ သွားတယ်၊ တသက်တကျွန်းသမားတွေက (၁၀)နှစ် ခံစားခွင့် ရပါတယ်၊ ကျုပ်ဘဝမှာတော့ ဝမ်းသာရဆုံးနေ့ တနေ့ က သေဒါဏ်ကလွတ်မြောက်တဲ့ နေပါပဲ၊ ကျုပ်တို့ ကိုသေဒါဏ်တိုက်ခန်းကနေ နှစ်ကြီးသမားတွေနေတဲ့ တိုက်ကြီးကိုပြောင်းလိုက်တယ်၊ ကျုပ်
တို့ အမှုတွဲတွေဖြစ်ကြတဲ့ တသက်တကျွန်းသမားတွေကတော့  သာမန်အကျည်းသားများကို ထားတဲ့  အိပ်ဝင်းဆောင်(ပင်မဆောင်)ကိုပြောင်း
သွားကြပါတယ်၊မော်လမြိုင်အကျဉ်းထောင်ထဲမှာရှိတဲ့ အဆောင်တွေကတော့ ၊ အိပ်ဝင်းဆောင်၊ တိုက်ကြီးဆောင်၊တိုက်ကလေးဆောင်၊ နှစ်ကြီး
ဆောင်၊ အချုပ်ဆောင်၊ဆေးရုံဆောင်၊အလုပ်ဖက်ဆောင်၊ မီးဖိုဆောင်၊ ရိက္ခာဆောင်၊ သီးသန့် ဆောင်(အမှောင်ခန်း/ထောင်တွင်းပြစ်မှုများကို ကျူးလွန်သူများကိုတိုက်ပိတ်အပြစ်ပေးလျှင်ထားသည့် အဆောင်)၊ မိန်းမဆောင်၊ ထောင်ဝါဒါအဆောင်၊ ထောင်ကျရုံးဆောင် တို့ ဖြစ်ပါတယ်၊
တိုက်ကြီးဆောင်ရောက်မှပဲ အမှုတွဲဖြစ်တဲ့ ဆန်နီသိန်း၊ ကျော်ဟိန်း၊ ရန်ကြီးအောင်၊ မြင့် ဦး၊ ဝင်းထူး၊ ကျုပ်ရယ်၊ပြန်တွေ့ ကြတော့ တယ်၊
Wednesday, March 23, 2011
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၄) by Kyaing Tun on Wednesday, March 23, 2011 at 5:09pm
အရှေ့ တောင်တိုင်းစစ်ဋ္ဌာနချုပ်၊ စစ်ခုံရုံးနဲ့  ဒီနေ့ အမိန့် ချမယ်လို့ သိလိုက်ရတယ်၊ဒီသတင်းကို ကျုပ်တို့ တရားခံ အမှုကိုင်ဒုရဲအုပ်မြင့်လွင် ကပြောပြ  လို့ သိရတယ်၊ မဆလတစ်ပါတီစနစ်ပြုတ်ကျအောင်လုပ်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကျုပ်တို့ ကိုအသေသတ်ပြစ် ချင်တဲ့ မဆလပါတီက လူကြီးတွေကနောက်ကွယ်ကနေ ကျုပ်တို့ ကျောင်းသားတွေ မှတ်သားလောက်အောင် အပြစ်ပေး ဖို့တွန်းအားပေး ကြတယ်၊ ၊ ည(၈း၀၀)နာရီ၊ နေရာက ပြည်နယ်ကောင်စီရုံးမှာ စစ်တပ်၊ ရဲ လုံခြုံရေးအပြည့်နဲ့ ပါ၊ တရားခံ(၁၃)ဦးက ဆန်နီသိန်း(စက်မှု)၊ ကျော်ခင်(စက်မှု)၊ရန်ကြီးအောင်(ဓါတု)၊ကြိုင်ထွန်း(ပထဝီ)၊ဝင်းထူး၊ကျော်ဟိန်း၊ စန်းကို၊မြင့် ဦး၊ ဦအေးနွဲ(စည်ပင်)၊ဦးသောင်းလွင်၊ ဦးတင်မောင်၊ ဦးသောင်းမြင့် ၊ဦးလုံထော်၊ ဖြစ်တယ်၊ ထွက်ပြေးတရားခံ (၁၂)ဦး က သမန်းကျား၊ ဒစ္စကို၊ကျန်(၁၀)ဦးကို မမှတ်မိတော့ ပါ၊လက်ရှိ  တရားခံ(၁၃)ဦး ထဲမှတဦးဖြစ်တဲ့  လုံထော်ဆိုသူသာလျင်အပြစ်ရှိကြောင်းဝန်ခံတယ်၊ ကျန်သူများ ဘယ်လိုဖြောင့် ချက်ပေးတာ ကိုတော့ မသိပါ၊ အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝတ်ပိပြားရေးမှ တာဝန်ယူထားတဲ့ အချိန်ဖြစ်တယ်၊ စစ်ခုံရုံး ဥက္ကဋ္ဌ က အမိန့် မချခင် ဘာပြောစရာ များရှိသလဲမေးတယ်၊ တယောက်ချင်းစီတွက်ဆိုချက်များကို၊ စစ်ထောက်လှမ်းရေး၊ ရဲ ထောက်လှမ်းရေး၊ မြို့ နယ်တရားရုံးများမှ လာရောက် နားထောင်ပြီး မှတ်တမ်းယူကြတယ်၊အဓိကစွဲတဲ့ အမှုက အရေး အခင်း လူသတ်မှုဖြစ်တယ်၊ တရားလိုကပြည်သူရဲပါ၊ တရားရုံုးမှာတရားလိုရဲ့ စွပ်စွဲချက်တွေမှန်မမှန်ဆိုတာကိုတရားခံဖက်ကရှေ့ နေဋ္ဌားပိုင်ခွင့် အပြင်တရားဥပဒေအရရင်ဆိုင်ဖြေရှင်းဖို့ အခွင့် အရေးကိုတရားခံ တွေကမရ ကြ ဘူး၊ မပေးပဲနဲ့ တဖက်သတ်အမိန့်ချလိုက်တယ်၊ တရားခံ(၁၃)ဦး မှာ(၁၂)ဦးကအပြစ်မရှိကြောင်း အလီဘိုင်ပြတယ်၊ လုံထော်တဦးသာလျှင် ဒီအမှုမှာသူကိုယ်တိုင်သတ်သူဖြစ်တယ်၊ ကျန်တဲ့ သူ(၁၂)ဦးစလုံးဟာဒီအမှုမှာပါဝင်ခြင်း မရှိကြောင်၊ သူမတွေ့ ဘူးကြောင်း၊သူတို့တွေကိုသူမသိ ကြောင်းတရားရုံးမှာပြောပါတယ်၊ တရားရုံး ဥက္ကဋ္ဌ က အခုဖမ်းထားတဲ့ တရားခံတွေဟာ၊ လူသတ်မှုမှာမပါကြောင်းကိုသိတယ်၊ ဒါပေမဲ့လွတ်ပေး လိုက်ရင် သူ့ ထမင်းအိုးကွဲမှာဖြစ်တယ်လို့ ပြောတယ်၊ တရားစီရင်ရေးအမိန့်ကအထက်ကပေးပို့ ထားတဲ့ (ကကကြီး)ချိတ်ပိတ်ထားတဲ့ အတိုင်း
ဖတ်ကြားပေးမှာဖြစ်ကြောင်းပြောပါတယ်။
အမိန့် ချမယ်..ဆိုတဲ့ အသံကိုကြားတော့ နှလုံးခုန်မြန်လာသလိုခံစားရတယ်၊ လက်အစုံကိုနောက်ပြန်လက်ထိပ်ခတ်ထားတဲ့ အပြင် သံကြိုးအ
ရှည်ကြီးနဲ့ တန်းလန်းတွဲချည်ထားသေးတယ်၊ တကယ့် ရာဇဝတ်သားတွေပုံအတိုင်းပါပဲ၊ ဇောချွေးတွေက နဖူးကနေကြနေတယ်၊ ပထမဦးဆုံး
အလှည့် ကျသူကတော့ ၊ ဆန်နီသိန်း၊ သူမတ်တပ်ရပ်ပြီးသူရဲ့ ပြစ်မှုထင်းရှားချက်တွေကိုဖတ်ပြတယ်၊ (သေဒါဏ်ပြစ်ဒါဏ်)၊ သူမတ်တပ်ရပ်ရင်း
ကနေ ဝုန်းကနဲ့ ခုန်ပေါ်လဲကျသွားတယ်၊ ကျုပ်လည်းဒီလောက်ဖြစ်သွားလားအံ့ သြမဆုံးဘူး၊ ပြီးတော့  ရန်ကြီးအောင်(သေဒါဏ်)၊ ကြိုင်ထွန်း(သေဒါဏ်)၊ကျော်ဟိန်း(သေဒါဏ်)၊မြင့် ဦး(သေဒါဏ်)၊ဝင်းထူး(သေဒါဏ်)၊ ကျော်ခင်(တသက်တကျွန်း)၊စန်းကို(တသက်တကျွန်း)၊
ဦးသောင်းလွင်(တသက်တကျွန်း)၊ဦးတင်မောင်(တသက်တကျွန်း)၊ဦးသောင်းမြင့် (တသက်တကျွန်း)၊ဦးအေးနွဲ့ (တသက်တကျွန်း)၊ လုံထော် (၅)နှစ်။
နားထဲမှာတော့ ငိုသံတွေဆူညံသွားတယ်၊ကျုပ်တော့ မျက်ရည်တစက်မှမကျခဲ့ ဘူး၊ ရန်ကြီးအောင်ကိုကြည့် တော့ သူကပြုံးပြီးတော့ ဟား
တိုက်ရယ်မောနေတယ်၊ ကျုပ်ထင်တာတော့ ရန်ကြီးအောင်ချွက်ချင်းရုးသွားတာပဲထင်တယ်၊ ဝင်ထူးကတော့ ပေါက်ကရတွေပြောနေလေရဲ့ 
ဘာတွေပြောနေသလဲမသိဘူး၊သဲသဲကွဲကွဲကြားလိုက်တာတော့ ၊ ခွပ်ဒေါင်းအသဲ၊ဘယ်တော့ မှအရုံးမပေးဘူး၊ဘယ်တော့ မှမကျဆုံးဘူး၊ဘယ်
တော့ မှမသေဘူး၊ မငိုကြနဲ့ ၊မင်းတို့ ယောံကျားတွေမဟုတ်လား၊ပြီးတော့ (ကမ္ဘာမကြေဘူး)သီချင်းကိုသူတယောက်ထဲအော်ဆိုနေတယ်၊ သူ
လည်းချက်ချင်းရုးသွားတာဖြစ်မယ်၊ စစ်သားတွေကလာပြီး ကျူပ်တို့ ကိုခေါ်ထုတ်သွားတယ်၊ အခန်းအပြင်ကိုရောက်တာနဲ့ ပြည်နယ်ကောင်
စီရုံးရဲ့ အပြင်ဖက်မှာလူအုပ်ကြီးက(၁၀၀)ကျော်လောက်ရှိမယ်၊ စစ်တပ်ကလူအုပ်ကြီးကိုလမ်းဖယ်ပေးဖို့ လောစပီကာနဲ့ ပြောနေတယ်၊အပြင်က
လူတွေဟာ ကျုပ်တို့ ဆီကမိသားစုတွေရယ်၊ ကျန်တဲ့ သူက ကျုပ်တို့ လွတ်မြောက်အောင်ပြန်လုဖို့ ကြိုးစားနေတဲ့သူတွေပါ၊ဘယ်သူတွေလဲ၊ ဆိုတာတော့ မသိဘူး၊အချိန်ကည(၉း၃၀)လောက်ရှိမယ်ထင်တယ်၊အဲဒီကနေတဆင့် ကားနဲ့ ထွက်လာတဲ့ လမ်းမှာလူအုပ်ကြီးကခေါ်သံ၊ငိုသံ
သားရေ...မောင်လေးရေ...အကိုကြီးရေ..စသည်ဖြင့် ပေါ့ သက်ဆိုင်ရာနာမည်လေးတွေတပ်ပြီးခေါ်ကြတဲ့ အသံတွေ မိုးပြိုသလိုပါပဲ၊ ခေါ်သံ
လေးနှစ်သံက..ကျုပ်ရဲ့ နာမည်ကိုခေါ်နေတဲ့ အသံပါ၊ကျုပ်မှတ်မိတာပေါ့ ၊ကျုပ်တို့ ကိုသယ်ဆောင်လာတဲ့ အချုပ်ကားကလဲလူအုပ်ကြားထဲမှာ
ဖြေးဖြေးချင်းမောင်းထွက်လာနေတယ်၊ အရှေ့ ကစစ်သားတွေကလည်းလူတွေကိုကားသွားလို့ ရအောင်လမ်းရှင်းပေးနေတယ်၊ ကားရဲ့ အရှိန်က
နှေးရာကနေတဖြေးမြန်လာတယ်၊ ကျုပ်ကိုအင်မတန်ချစ်တဲ့ အကိုကြီး စောလှထွန်းဖြူ ၊ သူရဲ့ အသံမှာ ဒေါသ၊ကြေကွဲဆွေးမြေ့ နေတဲ့ အသံပါနေတယ်၊
Saturday, March 19, 2011
ဘဝတိုက်ပွဲ များ အပိုင်း(၂) by Kyaing Tun on Saturday, March 19, 2011 at 4:22pm
အမေရိကန်မှာအလုပ်ရဖို့ မလွယ်ဘူး၊အလုပ်ပြုတ်ဖို့ တော့ လွယ်ပါတယ်၊အလုပ်လုပ်မှ အဆင်ပြေရုံလေးရှိမယ်၊လက်ရှိအလုပ်လေးပြုတ်မသွား
ထိမ်းသိမ်းထားရတာလဲအမောပါပဲ၊ ရုတ်တရက်အလုပ်ပြုတ်သွားရင်တော့ အိမ်လခမပေးနိုင်ရင်အိမ်ပေါ်ကဆင်း၊လမ်းပေါ်ရောက် ဘဝပျက်သွား
တာပါပဲ၊ဒုက္ခသည်စခန်းကသူငယ်ချင်းတွေက ကျနော်ကိုအထင်ကြီး အကူအညီလှမ်းတောင်းကြတယ်၊ကူညီနိုင်သလောက်ကူညီပေးပါတယ်၊
သူတို့ ရောက်တဲ့ ဒုက္ခကထမင်းငတ်ပြီးမသေနိုင်ဘူး၊နေစရာရှိသေးတယ်၊ အမေရိကန်မှာအလုပ်ပြုတ်သွားလို့ ဒုက္ခရောက်ရင်နေစရာမရှိဘူး၊
ကူညီဖို့ လူလည်းမရှိဘူး၊ အလုပ်ပြန်ရတော့ ဝမ်းသာခဲ့ တယ်၊ ကျနော်အသက်က(၅၀)ရှိပြီးဆိုတော့ လူငယ်တွေလိုမြန်အောင်အားစိုက်လုပ်ရ
ပါတယ်၊မုန့် လုပ်တဲ့ စက်ရုံပါ၊တနာရီ(၈)ဒေါ်လာနဲ့ မတန်အောင်လုပ်ရပါတယ်၊မုန့် ဖျော်တဲ့ နေရာပေါ့ ၊ ချော်ကလက်အိပ်ကအလေးချိန်(၅၀)ကီ
လိုရှိပါတယ်၊တနေ့ ကိုအိပ်(၁၀၀)လောက် မချီကိုင်တွယ်ရတယ်၊ ထောပတ်တုံးလည်း(၅၀)ကီလိုပဲ တနေ့ ကို(၁၀၀)လောက်မချီနေရတယ်၊စက်
နဲ့ ဖျော်ပြီးသားမုန့် ကို မီးဖိုဆီပို့ ပေးရတယ်၊ အသက်(၅၀)လောက်လူတွေကအလုပ်ရုံ၊စက်ရုံတွေမှာအလုပ်ရဖို့မလွယ်တော့ ဘူး၊ အသက်(၄၀)
ကျော်သွားရင်အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ ဘူးလို့ စက်ရုံတိုင်းလိုလိုဒီသဘောထားကြတယ်၊ငါတော့ ဒီအလုပ်မှာအမြဲတမ်းလုပ်ပြီး၊
အဆင်ပြေပြီးလို့ ပုံသေတွက်ထားပြီး မာန်တက်နေလို့ မရဘူး၊ ဘာကိုမှပုံသေတွက်ထားလို့ မရဘူး၊ လွန်ခဲ့ တဲ့ (၂)လောက်ကကျနော်တို့ စက်
ရုံမှာရုတ်တရက်ကြီးလူ(၃၀)လောက်အလုပ်ထုတ်လိုက်တယ်၊ကျနော်တော့ ပါမသွားဘူး၊ဘာကြောင့် လဲဆိုတာလည်းမသိဘူး၊ကျန်တဲ့ အလုပ်
သမားတွေကကောက်ချက်အမျိုးချတယ်၊ စီးပွါရေးကျဆင်းလို့ ၊ လူလျော့ တယ်ဆိုလား၊ အဲဒီလူတွေကိုကြည့် တော့ လည်း၊ လုပ်သက်တွေက
(၄)နှစ်လောက်ရှိကြပြီ၊လူဟောင်းတွေကိုဖြုတ်ပြီးလူသစ်တွေပြန်ခေါ်တာတွေ့ ရတယ်၊ ဒါဆိုလူလျော့ တာမဟုတ်ဘူး၊ကျနော်ကအတွေ့ အကြုံ
မရှိတော့ ၊ဒီနည်းစနစ်ကိုမသိဘူး၊ အတွေ့ အကြုံရှိတဲ့ လူဟောင်း မြန်မာတယောက်က အခုလိုသူထင်မြင်ချက်အတိုင်းရှင်းပြတာကိုတွေး
ကြည့် မိတယ်၊ ဖြစ်နိုင်တယ်ပေါ့ ၊ အရင်းရှင်စီးပွါးရေးစနစ် တဲ့ ၊ ကျနော်က အရင်းရှင်စီးပွါးရေးတို့ ဘာတို့ ဆိုတာနားလည်တာမဟုတ်ဘူး၊သူ့ 
တို့ ပြောတာကို မှတ်လိုက်တာပါ၊ လူဟောင်းတွေကိုပေးရတဲ့ လုပ်ခက(၁၁)ဒေါ်လာနဲ့ အထက်၊ လူဟောင်းဆိုတော့ အတွေ အကြုံရှိတယ် ဆိုပေမဲ့ ရေရှည် သုံးမရတော့ ဘူး၊
ဘဝတိုက်ပွဲ များ အပိုင်း(၁) by Kyaing Tun on Friday, March 18, 2011 at 9:05pm
အမေရိကန်နိုင်ငံကိုကျနော်ရောက်တာ ၂ နှစ်လောက်ရှိပြီး၊ ကျနော်နေတာက ကယ်လီဖိုးနီယားပြည်နယ်၊ အုတ်ကလန်မြို့ ၊မှာပါ၊ ဒုက္ခသည်ဘဝနဲ့ လာတာမို့ ကျနော်မိသားစုကို I.R.C လို့ ခေါ်တဲ့ ဒုက္ခသည်များကို ကူညီပေးကြတဲ့ NGO အဖွဲ့ က၊  အိမ်ခန်းဋ္ဌားပေးတယ်၊ ပြီးတော့ စရောက်ရောက်ချင်း လ ကစပြီး(၄)ပဲ ထောက်ပံပေးပါတယ်၊ထောက်ပံ့ မူတွေကတော့ ၊ ကျနော်နဲ့ ကျနော်မိန်းမ(၂)ဦးဘဲ ဆိုတော့ ၊ တယောက်ကို ငွေတရာ၊ နှစ်ယောက်ဆိုတော့ ငွေ နှစ်ရာပေါ့ ၊ ပြီးတော့  Foodstamp လို့ ခေါ်တာ တလကို (၂၀၀) ရပါတယ်၊ ထောက်ပံ့ ပေးချိန်မှာတော့ အဆင်ပြေပါတယ်၊ှုI.R.C က အလုပ်ရအောင်ရှာပေးပြီးထောက်ပံ့ မူ မရတော့ တဲ့ နောက်ပိုင်းမှာ ဘဝတိုက်ပွဲ စခဲရတယ်ဆိုပါ တော့ ။
အလုပ်မှာမြဲနေဖို့ အတွက်လိုအပ်ချက်တွေဟာ-
၁။ အင်္ဂလိပ်စကား အနည်းငယ်ပြောနိုင်ရမယ်၊ အင်္ဂလိပ်စာမပြောနိုင်၊ ဘာခိုင်းမှန်းလဲမသိဆိုရင်တော့ အလုပ်ပြုတ်တယ်၊
၂။ အလုပ်ကို ခဏခဏပျက်ရင်အလုပ်ပြုတ်တယ်၊
၃။ အလုပ်ချိန် နောက်ကျရင် အလုပ်ပြုတ်တယ်၊
အလုပ်ပြန်ချိန်မှာတော့ အမြဲတမ်းသတိထားနေရတာက လုယက်ကြတဲ့ လူတွေနဲ့ မတိုးမိအောင်ရှောင်ဖို့ ပဲ၊ ကျနော်နေတဲ့ မြို့ က လူမဲတွေများ
တယ်၊ ဒီလူတွေက ဓါးပြ၊သေနပ်ပြပြီး လုယူတယ်၊ ခုခံတဲ့ သူကတော့ သေပြီးပဲ၊ မြို့ လယ်ခေါင်၊လူတွေအများကြီးကြားထဲမှာ နေရော၊ညပါ လုပ်
ရဲနေကြတာ၊ ဘေးရပ်ကြည့် သူတွေကလည်းကူညီပြီးလုယက်ခံရသူကို ကာကွယ်ပေးဖို့ မပြောနဲ့ မဆိုင်သလိုရပ်ကြည့် နေကြတာပဲ၊ ကျနော်
ကိုယ်တိုင်လည်းညဖက်အလုပ်ကအပြန်မှာ(၂)ကြိမ်လုယက်ခံရတယ်၊ကျနော်ကျတော့ ပြန်ခံချပြစ်လိုက်တယ်၊ ခံရတာကကိုယ်ပါပဲ၊ဘာကြောင့်
လဲဆိုတော့ လူချင်းအကောင်ချင်းကကွာတယ်၊သူ့ တို့ ကနှစ်ယောက်၊ကိုယ်ကတယောက်ဆိုတော့ ဘယ်လိုပြန်ချနိုင်မှာလဲ၊မြန်မာပြည်မှာနေခဲ့ 
တုံးက သိုင်း၊ ကရတေး၊ လက်ဝှေ့ တွေ မသင်ခဲ့ ရကောင်းလားဆိုပြီးတောက်တခေါက်ခေါက်နဲ့ အိမ်ရောက်မှ မိန်းမအရှေ့ မှာ သတ္တိပြရုံပေါ့ ၊
ဖူးဟောင်လာတဲ့ ဒါဏ်ရာတွေကို မိန်းမခမျာ စိုးရိမ်တကြီးနဲ့ ကြပ်ထိုးပေးရှာတယ်၊ မိန်းမကနောက်တခါဆိုပြန်မခုခံပါနဲ ၊တောင်းတာအကုန် ပေးလိုက်လို့  ပြောတယ်၊ တောက်...မြန်မာပြည်မှာဆို ဒီလိုအနိုင်ကျင့် တာမျိုး ဘေးကလူတွေ ရပ်ကြည့် နေကြမှာမဟုတ်ဘူး၊ အိမ်ပြန်ေ၇ာက်
တာပဲ ကံကောင်းတယ် ပြောရမယ်၊ ကျနော်ပြောတာထက်ဆိုးတဲ့ နေရာပါ၊ သေနပ်နဲ့ ပစ်သတ်နေကြတာလဲ မကြာခဏ ဆိုသလိုပါပဲ၊ ငွေကြေး
အခက်အခဲကြောင့် ဒီနေရာကနေပြောင်းဖို့ မဖြစ်သေးတာပါ၊ အလုပ်ကလည်းပင်ပန်းတဲ့ အထဲဒီလိုအခြေအနေတွေကြောင့် အလုပ်ကထွက်ပြီး
နောက်အလုပ်တခုကိုပြောင်းလိုက်တယ်။
ဒုတိယအလုပ်က ပလပ်စတစ်ခွက်လုပ်တဲ့ စက်ရုံပါ၊အလုပ်ချိန်ကညဖက်၊မနက်မှအလုပ်ပြန်ရတယ်၊ ဒီအလုပ်ကပိုပြီးတော့ တောင်ပင်ပန်းသေး
တယ်၊ အိပ်ရေးပျက်တဲ့အတွက် အားတဖြေးဖြေးယုတ်လာတယ်၊ စက်ရုံအလုပ်ဆိုတော့  စက်နဲ့ အပြိုင်လုပ်ရတယ်၊ လူတယောက်က အနည်း
ဆုံးစက်(၃)လုံး၊ တခါတလေကြရင်စက်(၄)(၅)လုံးကိုင်ရတယ်၊ စက်တလုံးမှာ စက်ခဏခဏပျက်လို့ ပြန်ပြင်ပေးရတာ၊ ခွက်ကောင်းမကောင်း
စစ်ပေးရတာ၊ ခွက်တံဆိပ်ကအရောင်တွေကောင်းမကောင်းစစ်ရတာ၊ စက်ကထွက်လာတဲ့ ခွက်တွေကိုကောက်ပြီး ပါကင်ထည့် ရတာ၊ အဲဒီလို
အလုပ်တွေနဲ့  စက်(၃၊၄၊၅)လုံးရတာပါ၊ လူနောက်ကိုကျားလိုက်သလို၊ စက်(၄)လုံးအကွာအဝေးက ကိုက်(၅၀)လောက်ရှိတယ်၊ တညလုံးပြေး
နေရတာကိုတွေးကြည့် ပါ၊ ဒီကြားထဲ စိက်ဓါတ်ကျစရာက အလုပ်ခေါင်းဆောင်က၊ ခဏခဏလာပြီး မြန်မြန်လုပ်ပါ ဆိုတာကြီးပဲ ပြောနေတယ်၊
မခံချင်ဘူးဗျာ၊ တသက်လုံး ဒီလိုမြန်တဲ့ အလုပ်မလုပ်ခဲ့ ဘူးဘူး၊ အိမ်ကမိန်းမမျက်နှာကိုပြန်ကြည့် ပြီး အားတင်းလုပ်ခဲ့ ပါတယ်၊ အလုပ်လုပ်ရင်း
ခါးနာသွားတဲ့ အတွက်အလုပ်ကထွက်လိုက်ပါတယ်၊ မိန်းမက အလုပ်မမြဲတဲ့ ယောံကျာင်္းကိုကြည့် ပြီး သူရှေ့ ရေးအတွက်စိုးရိမ်နေတဲ့ အကြည့် 
နဲ့ ကြည့် မှန်းသိပါတယ်၊ ဘာကြည့် နေတာလဲ၊ မင်းကငါကိုအထင်သေးတာလား၊ ငါလည်းအလုပ်လုပ်တဲ့ နေရာမှာဒီလောက်မနှေးပါဘူးကွာ၊
Tuesday, March 8, 2011
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၃) by Kyaing Tun on Monday, February 28, 2011 at 3:01am
ကျူပ်ရယ်၊စန်းမြင့် အောင်၊ကျော်သူ(၃)ဦးဟာ နားခိုတဲ့ တောင်ယာတဲ့ ကနေ(၃)ရက်မြောက်နေမှာဘဲ ထွက်ခွါခဲ့ကြတယ်၊ ပထမ ဆုံးဖြတ်ခဲ့တဲ့ရွှာက မြဝတီမြို့ မြောက်ဖက်က ထီချားရာ လို့ သိလိုက်ပါတယ်၊ နောက်တရွှာအမည်က  ဝါးစကင်းရွှာ လို့ သိရတယ်၊ ဝါစကင်းရွှာကိုရောက်မှပြည်သူ့ စစ်တွေက ကျူပ်တို့ ကို တားပြီးစစ်တပ်ထောက်လှမ်ရေးလက်ထဲအပ်လိုက်တယ်၊ ကျုပ်တို့ ကံဆိုးပြီးဆိုတာသိလိုက်ပါတယ်၊ ကျုပ်တို့ ကိုစစ်ထောက်လှမ်းရေး(၂၅)ကမြဝတီအချုပ်ထဲ ထိမ်းသိမ်းထားတယ်၊  ကျနော်ကို မစစ်ဆေးခင်ကျော်သူ၊စန်းမြင့် အောင်တို့ ကိုစစ်တယ်၊ သူတို့ အမှန်အတိုင်းပြောလိုက်တော့  ကျုပ်မှာပြောစရာမရှိတော့ ဘူး၊ မြဝတီအချုပ်ထဲ(၁၅)ရက်နေခဲ့ ပြီးတော့ ကျုပ်တို့ ကိုလွတ်ပေးလိုက်တယ်၊ တချိန်လုံးအိမ်ကိုလွမ်းခဲ့တာ ခုတော့ အိမ်ပြန်ရောက်ခဲ့ ပါပြီး၊  အိမ်ပြန်ရောက်တော့ အမေနဲ့ မောင်နှမတွေက ငိုပြီးပွေ့ ဖက် ဆီးကြိုခဲ့ ကြတယ်၊ ကျုပ်လည်း မျက်ရည်ကျခဲ့ ပါတယ်၊အမေက... ဖိုးခွါး..ဘယ်ကိုမှအိမ်ကနေထွက်မသွားပါနဲ့ တော့ နော်လို့ ပြောရှာတယ်၊ သားကိုလွမ်းတယ်၊တပတ်လောက်အိမ်မှာနားနေ လိုက်ရပါတယ်။
ဇွန်လ၊၁၉၉၀၊ စစ်တပ်ထောက်လှမ်းရေးအမှတ်(၂၅)(၅)၊ရဲအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ က မေးမြန်းစရာရှိလို့ ခဏလိုက်ခဲ့ ပါလို့ လာခေါ်ပါတယ်၊ ခဏ လို့ ဆိုတော့ ဒီအချိန်ကစပြီး (၁၆)နှစ် အိမ်နဲ့ ဝေးခဲ့ ပြန်ပါတယ်၊ ( သားကိုခွင့် လွတ်ပါမေမေ၊ သားကအမေနဲ့ အတူမနေချင်လို့ မဟုတ်ဘူး၊အမေကိုနားလည်အောင်ပြောပြချင်တယ်၊အမေကနှလုံးရောဂါသည်၊ မောင်နှမတွေ၊ ပတ်ဝန်းကျင်က ကျနော်နဲ့ ပတ်သက်ပြီအမေကို လိမ်ညာပြီးပြောပေးကြတယ်၊ ကျုပ် ထိုင်းနိုင်ငံ သွားပြီးအလုပ်သွားရှာတယ် ပေါ့ ၊)  ဘားအံအချုပ်ထဲမှာ ချုပ်ထားပြီးစစ်ဆေးခဲ့ တယ်၊အမှုစစ်အိုင်အို မြင့် လွင်၊ အမှတ်(၂၅)၊(၅)၊စစ်ဆေးတဲ့ မေးခွန်းကိုကျုပ်မဖြေနိုင်ခဲ့ ဘူး၊ မသိတာကို ဘယ်လိုပြောမလဲ၊ သူတို့ ကကျုပ်တို့ ကို ကျောင်းသားအဖွဲ့ က ယူဂျီ အဖြစ်ပြန်ဝင်လာပြီး၊ဖေါက်ခွဲ  ဖျက်ဆီးဖို့ တာဝန်ယူထားသူတွေလို့ ထင်နေတယ်၊ မင်းတို့ သိကိုသိရမယ်၊ အသားမနာချင်ဘူးဆိုရင်အမှန်အတိုင်းပြောပါ၊ မေးခွန်းတွေက
(၁)  မေးခွန်း။           ။ ပြည်တွင်းထဲ ပြန်ဝင်လာတဲ့ ယူဂျီများ အမည်စာရင်း။
(၂)  မေးခွန်း။           ။ ယူဂျီတာဝန်ခံအမည်။
(၃)  မေးခွန်း။           ။ ဖေါက်ခွဲ လက်နက်တွေဘယ်မှာဖွက်ထားသလဲ။
(၄)  မေးခွန်း။           ။ ပြည်တွင်းက ယူဂျီ နဲ့ ဆက်သွယ်သူအမည်စာရင်း။
ဝဋ်ကြွေး၊ဘယ်ဘဝကလဲ၊ဒီဘဝမှာတော့ ဘယ်သူကို ဒုက္ခမပေးခဲ့ ဘူးဘူး၊ ကျုပ်အသက် အရေးအခင်းတုန်းကဆို( ၂၆)နှစ်၊ကျုပ်က
ကျောင်းသားတယောက်ပါ၊ နိုင်ငံရေးနားမလည်ဘူး၊ ဘောပင်နဲ့ စာအုပ် ကိုင်ပြီးတော့ နေ အခြေအနေတခုကြောင့်  လူသေနိုင်တဲ့ 
သေနပ်ကိုကိုင်ခဲ့ ရတယ်၊ ဖေါက်ခွဲရေးသင်တန်းလည်းမတက်ခဲ့ ပါဘူး၊ ကျုပ်တို့ ခေတ်တုန်းကလည်း လက်နက်ကိုင်ရတယ်ဆိုတာ
က ကျောင်းသားတွေအားလုံးလက်နက်ကိုင်ရသေးတာမဟုတ်ဘူး၊ သင်တန်းတွေတောင် မပြီးခင် ကျောင်းသားစခန်းတွေကျကုန်တာ
ABSDF ကျောင်းသားအဖွဲ့ ဆိုတာတော့ ကြားဘူးနေတယ်၊ နယ်မြေချင်းဝေးနေတော့ ဒီအကြောင်းတွေမသိဘူး၊မဟာမိတ်လုပ်ပြီးတဲ့ 
ကာလမှာပဲရှိသေးတယ်၊ နိုင်ငံရေးလုပ်ရင်ထောင်ကျမယ်ဆိုတာလည်းမသိဘူး၊အချုပ်၊ထောင် ဆိုတာလည်း ရှိမှန်းတောင်မသိခဲ့ ပါဘူး၊
အထက်ကမေးခွန်းတွေနဲ့ ပတ်သက်ပြီးကျုပ်ဘယ်လိုဖြေနိုင်မှာလည်း၊ ကျုပ်ကို အမျိုးမျိုး ထုနှက်၊စစ်ဆေးခဲ့ ပါတယ်၊ ကျူပ်တယောက်
ထဲမကဘူး၊အချုပ်ထဲမှာပြန်ဆုံရတဲ့ ကျောင်းသားခေါင်းဆောင်တွေက ရန်ကြီးအောင်၊ကျော်ခင်၊ကျော်ဟိန်း၊မြင့် အောင်၊ သန်းချို(ဒေါက်
တာမြင့် ချိုရဲ့ ညီ)၊ဇော်ထွန်း၊ဆန်နီသိန်း၊ဆရာမောင်ချိန်၊ ဆရာရဲချစ်၊ဆရာတင်အေး၊ဦးစန်းမောင်၊ဦးအေးနွဲ့ ၊ဦးဝင်းမြင့် ၊ ဝင်းထူး၊မြင့် ဦး၊ဦး
တင်မောင်၊ဦးသောင်းလွင်၊ဦးသောင်းမြင့် ၊ဦးလုံထော်၊စန်းကို တို့ လည်း ကျုပ်လိုပဲစစ်ဆေးခံရတယ်၊
ဘယ်လိုစစ်ဆေးညင်းပန်းနှိပ့်ဆက်ခဲ့ သလဲဆိုရင်တော့ ၊အမျိုးအစားကိုအမှတ်စဉ်နဲ့ ပြောမှရှင်းလိမ့် မယ်၊
ညင်းပန်းနှိပ့် ဆက်ပုံများ။
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၂) by Kyaing Tun on Sunday, February 20, 2011 at 1:08pm
အပြင်းထန်ဆုံးတိုက်ပွဲနောက်ဆုံး(၄)ရက်ရဲ့ ပထမနေ့  မှာပေါ့ ၊ နအဖ ဖက်က လက်နက်ဆန်းတွေသုံးလာတယ်၊  ကိုယ်တိုင် ခံစားရတဲ့ လက္ခဏာပြတာက ခေါင်းမှုးလာတယ်၊ မျက်လုံးတွေပူပြီးအမြင်မှုန်ဝါးလာတယ်၊ ရေငတ်တယ်၊ အသက်ရု ဖို့ ခက်လာတယ်၊ အရင်နေ့ တွေမှာ
ဒီလိုမဖြစ်ခဲ့ ဘူး၊ လေယာဉ်နဲ့ ဗုန်းကြဲတယ်၊ လေယာဉ်ထိပ်မှာအနီရောင်ပါတာတော့ တွေ့ တယ်၊ ကျုပ်တို့ ထိပ်တိုက်မှာဖုတ်(၂၀)ကျော်ရှိတယ်၊
တဖုတ်နဲ့ တဖုတ်က ကိုက်(၂၅)လောက်ကွာတယ်၊ဆက်သွယ်ရေးတူးမြောင်းတွေနဲ့ ဆက်သွယ်ထားတယ်၊ ပထမနေ့မှာဖုတ်(၃)လုံးကျသွား တယ်၊နေ့ ရောညပါ မနားတမ်းတိုက်ပွဲဖြစ်နေတယ်၊ကျုပ်တို့ မှာ ထမင်းခြောက်နဲ့ ရေ ပဲစားနေရတယ်၊လက်နက်ကြီးကနောက်တန်းရှေ့ တန်း
ဆက်သွယ်ရေးလမ်းပေါ်တရစပ်ကျနေလို့ ရိက္ခာလမ်းကြောင်းပြတ်နေတယ်၊
ဒုတိယနေ့ ၊ ကျသွားတဲ့ ဖုတ်(၃)လုံးကိုပြန်ယူနိုင်ခဲ့ တယ်၊ကျုပ်တို့ ဖက်က လက်နက်ကြီးပစ်အားမကောင်းဘူး၊ လက်နက်ကြီးကျည်ကကုန်
သွားလိုက်၊ ရောက်လာလိုက်၊ရပ်လိုက်၊ပစ်လိုက်နဲ့ နအဖ စစ်တပ်ကလက်နက်ကြီးကျတာတော့ မိုးရွှာသလိုပါ၊ ကျုပ်နားတော့ ဖြင့် လေထွက်
ပြီးကြားရတာ မသဲကွဲတော့ ဘူး၊ နာကသွေးတွေထွက်လာနေတယ်၊စက်ထဲကလည်းဆဲသံ၊ပြောသံတွေဆူညံနေတယ်၊နအဖ တပ်က နားလိုက်
တက်လာလိုက်လုပ်နေတယ်၊ တက်လာပြီးဆိုရင်ဝီစီသံတွေကဆူညံသွားတယ်၊ နှင်းကွဲ ဆလိုက်မီးကိုတယောက်က ကွန်ထရိုပေးတယ်၊ မီးထိုး
တာနဲ့ မဲမဲမြင်တာနဲ့ ပစ်တော့ တာပဲ၊နအဖ တပ်တွေ့  စည်းရိုး(၃)ထပ်လောက်မှာပဲရပ်နေတယ်၊ဆက်မတိုးနိုင်ကြပါဘူး၊
တတိယနေ့ ၊ ဝီစီသံကြားလို့ မှေးကနဲ့ အိပ်ပျော်ရာကနေလှန့်နိုးတယ်၊ နအဖတပ်က တကိုယ်စာ သစ်လုံးအပိုင်းတွေဖြတ်ပြီး အကာအကွယ်ယူ
ပြီးတက်လာနေပါလား၊ လက်နက်ငယ်ပစ်တာ လျော့ ပြီး လက်ပစ်ဗုံးနဲ့ ပစ်ရပြန်တယ်၊ RPG-5 ၊ RPG-7 တွေနဲ့ ပစ်တော့ ရပ်သွားကြတယ်၊ ကျုပ်တို့ ဖုတ်ကမော်ဖိုကေ စခန်းရဲ့ ဘယ်ဖက်ခြမ်းမှာပါ၊ ညာဖက်ခြမ်းက ဖုတ်တွေ(၆)လုံးကျပြန်ပြီးလို့ စက်ထဲကကြးရပြန်တယ်၊ကျသွားတဲ့ 
ဖုတ်ကိုပြန်လုတယ်၊ မရသေးဘူး၊ စက်ထဲကနေစစ်ကူတောင်းတယ်၊ ကွန်မန်ဒိုပေးဖို့ ၊ စစ်ကူကတော်တော်ကြာရောက်မလာဘူး၊ လက်နက်
ကြီးကျလာပုံကတော့ ၊ အော်တို စက်သေနပ် ပစ်သလိုပါ၊ နအဖတပ်တွေ လက်နက်ကြီးပစ်တာ မဆိုးဘူးလို့ ပြောနိုင်တယ်၊ ကျုပ်တို့ အပြင်ကို
ထွက်ချိန်မရဘူး၊လက်နက်ကြီးအပစ်ရပ်တာနဲ့  နောက်တခါလာပြန်ပြီးဟေ့ လို မှတ်ပါတော့ ။
နောက်ဆုံးနေ့ ၊ကျုပ်ဘေးက ကျောင်းသားရဲဘော် စောကျော်ဝင်း အာ့ ကနဲ့ အော်ပြီးကျသွားတယ်၊ သူထိချက်ကခေါင်းကို သွေးတွေပန်းထွက်
နေတယ်၊ သူကိုဆွဲထူလိုက်တယ်၊ အမေ..အမေ..လို့ နှစ်လုံးဘဲကြားလိုက်တယ်၊ သူဇက်ကြိုးသွားပြီး၊ နအဖ တပ်ကအသေခံပြီးတော့ ကိုတက်
လာနေတယ်၊ ရဲဘော်ကျော်ဝင်းအတွက် အံကြိတ်ပြီး၊ သေနပ်ကိုတင်းတင်းဆုပ်ပြီး ကျည်တဘောက်ပြီးတဘောက် ပစ်လိုက်တယ်၊ အေကေ
ကျည်တဘောက်မှာ ကျည်ဆံ ၃၁ တောင့် ရှိတယ်၊ ကျည်တပုံးမှာတော့ ကျည်ဆံ ၄၅၀ တောင့် ရှိတယ်၊ အော်တို ပစ်နေတာကျည်တဘောက်
ကို တမိနစ် ပဲ၊ မဲကနဲ တက်လာတဲ့ ရန်သူတွေ ပစ်မလောက်ဘူး၊တပ်ကြပ် စေးဟဲ ကျသွားပြန်ပြီး စက်ထဲကကြားတယ်၊ ရန်သူကို ပစ်တာအားမ
ရလို့  RPG-7 နဲ့ ဖုတ်ပေါ်ကတက်ပြီးမတ်တပ်ရပ်ပစ်တာ လို့ စက်ထဲ ကကြားတယ်၊ ကေအင်ယူ ရဲဘော်တွေ သတ္တိရှိပုံများ ကျုပ်မြင်ရကြားရ
တာတွေက အံသြစရာပါ၊
နအဖ တပ်က စခန်းသိမ်းတိုက်ပွဲအတွက်အသေခံပြီး တက်နေတယ်၊သေနပ်သံ၊လက်နက်ကြီးသံ၊လေယာဉ်ပေါ်ကစက်သေနပ်သံများ၊လူအင်
အား၊လက်နက်အင်အား အဆမတန်ကွာတယ်၊ ကျုပ်တို့ ဘက်က စစ်ကူတောင်းသံ စက်ထဲကကြားတယ်၊ ကေအန်ယူဗဟိုသ/ဝ/ခ မှ ကွန်
မန်ဒိုတွေ ရောက်လာတယ်၊ကျသွားတဲ့ ဖုတ်တွေ ကွန်မန်ဒိုအဖွဲ့ ကပြန်ယူနိုင်ခဲ့ တယ်၊ စစ်ကူတွေ ယိုးဒယားကမ်းမှာအများကြီးရောက်လာတယ်၊
လည်ကို ပိုင်းပြီး ပစ်နေတယ်၊ စစ်ကူတက်ဖို့ မလွယ်ဘူး၊
၈၈၈၈ ကျောင်းသား ပေးဆပ်မှု တစိတ်တပိုင်း (၁) by Kyaing Tun on Monday, January 24, 2011 at 4:12am
ဒီအကြောင်းတွေကို မေ့ ပြစ်လိုက်ချင်တယ်၊ ဒါပေမဲ့  သူတို့ က(၈၈၈၈ အရေးအခင်းတွင်ကျဆုံးသွားသောကျောင်းသား ရဲဘော်များ) ဒီသမိုင်းကြောင်းကို ရေးပေးဖို့ ကျုပ်ကို ပြောနေသလို ခံစားနေရလို့ ရေးတော့ မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ လွန်ခဲ့ တဲ့  ၁၀ နှစ်ကအဖြစ်တွေပါ၊  သူတို့ အတွက်မှတ်တမ်းလေးအဖြစ်ထားခဲ့ တယ်ဘဲဆိုပါတော့ ။၁၉၈၈ ခုနှစ်၊သြဂုတ်လ၊လောက်မှာ၊
 ကျနော် ဒုတိယနှစ၊် ပထဝီဘာသာနဲ့ကောလိပ်တက်နေတယ်၊ကျနော်တို့မြို့ကော်လိပ်ကျောင်းသား
များကဦးဆောင်ပြီး အရေးအခင်းစဖို့ ၊မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်ကသူငယ်ချင်းများက စည်းရုံးရေးဆင်းလာကြတယ်၊ ကျနော်တို့  သူငယ်ချင်းတွေ စုပြီး အရေးအခင်းစဖို့ ဆွေးနွေးတိုင်ပင်ခဲ့ ကြတယ်။အရေးအခင်းစဖို့ ကျောင်းသားခေါင်းဆောင်(၉)ဦးဟာ၊ လက်မောင်းသွေး တွေဖေါက်၊  သစွာ ရေတွေသောက်ပြီး ကျိန်ဆိုသစွာဆိုခဲ့ တယ်၊အဲဒီနေ့ ရက် တွေကစပြီးအိမ်ပြန်မအိပ်ဖြစ်တော့ ပါဘူး၊  ထောက်လှမ်းရေး တွေကလည်းကျုပ်တို့ (၉)ဦးကို အပူတပြင်းလိုက်ရှာဖမ်းဖို့ ကြိုးစားပြီးတယ်၊ ကျုပ် တို့ ကနေ့ ဖက် ပုန်းနေပြီး ညဖက် လှုပ်ရှားတယ်၊  ကျုပ်တို့ မိသားစုကိုလည်း ပါတီ၊ကောင်စီ လူကြီးများက အရေးအခင်း မလုပ်ဖို့ ၊ကိုယ် သားသ္မီးတွေကို ထိမ်းသိမ်းဖို့ ဖိအားပေးတယ်လေ၊ ကျုပ် တို့ မိသားစုတွေမှာတော့  စိုးရိမ်တကြီး နေ့ ရောညပါ ရှာနေကြတာကို သူငယ်ချင်းတွေကပြောလို့ ပြန်သိတယ်၊ကျုပ် တို့ ကောလိပ်ကျောင်းက ကျောင်းအုပ်ကြီး နဲ့  မော်ကွန်းထိန်းပါ မကျန်ဘူး ၊ကျုပ်တို့ က ဘယ်သူနဲ့ မှအတွေ့ မခံတော့ ဘူး၊  နေ့ ဖက်ဆို အရေးအခင်း ဒိုင်တို စာရွက်ပေါ် နိုးဆော်စာတွေရေး၊ (တော်တော်ခက်ခက်ခဲခဲပါပဲ)၊ ၂ ပေ မီးကျောင်းနဲ့ စာပုံနိုပ်တာကို အဲဒီကစ သိခဲ့ ရတယ်၊ ညဖက်ဆို နေရာအနံ့  လိုက်ဖြန့် တယ်၊ ၈`၊ ၈ ၊ ၈၈ ။ရက်နေ့ မြန်မာတပြည်လုံးအရေးအခင်း၊ သပိတ်မှောက်မယ်ကုန်သွားတယ်၊ထမင်းတောင်မစားကြပါဘူး၊ အံသြစရာကောင်းတယ်၊ အဲဒီတုန်းက အဟာရသိဒ္ဓိ တကယ်ပြီးခဲ့ တယ်၊ မစား၊မအိပ် နေနိုင်တယ်၊သပိတ်ဘယ်လို့ စမလဲ ဆိုတာဘဲနေ့ စဉ် ဆွေးနွေးနေရင်း အဖြေမရကြဘူး၊  ဒီကနေ့ ညမှာသပိတ်စမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်၊
ရန်ကုန်ဖက်မှာတော့ စနေကြပြီး၊ ကျုပ်တို့ ဖက်မှာစရတာခက်တယ်၊ နေ့ ရော ညပါ ထောက်လှမ်းရေး၊ ပါတီကောင်စီက မျက်ခြေမပြတ် စောင့် ကြည့် နေတယ်၊  ပြည်နယ်ကျောင်းသားသမဂ္ဂ ၊ မြို့ နယ်ကျောင်းသားသမဂ္ဂ၊ ဖွဲ့ စည်းကြတယ၊် ကျုပ်ကို မြို့ နယ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ အဖြစ်တာဝန်ပေးခဲ့ ကြတယ်။ကျုပ်တို့ မြို့ မှာ ၈၈၈၈ အရေးအခင်း
ဖြစ်အောင်ဦးဆောင်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ 
(၁)  ကျော်ခင်                          (စက်မှုတက္ကသိုလ်၊ တတိယနှစ်၊ရန်ကုန်)
(၂)  ဆန်နီသိန်း                       (စက်မှုတက္ကသိုလ်၊ တတိယနှစ်၊ရန်ကုန်)
(၃)  လှစိုး                                (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်     )
(၄)  ထွန်းအောင်                      (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်    )
(၅)  ရန်ကြီးအောင်                    (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်   )
(၆)   အောင်လင်း                      (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်   )
(၇)   ဗခန့် စိုး                            (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်   )
(၈)   ကြည်စိုး                            (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်   )
(၉)   စော ကြိုင်ထွန်း                  ( ဘားအံကော်လိပ်၊ဒုတိယနှစ်           )
(၁၀)  စ ဗိုလ်ဝင်း                       (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်   )
(၁၁)  စောသန်းထူး                    ( မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်  )
(၁၂)  ပဲတီ                                 ( မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်  )
(၁၃) အောင်ခိုင်ကြည်                 (မော်လမြိုင်တက္ကသိုလ်၊တတိယနှစ်   )
(၁၄) ကျော်လေးသွယ်                 (ဆေးတက္ကသိုလ်၊တတိယနှစ်၊ရန်ကုန်)
တို့ ဖြစ်ကြတယ်၊
(မှတ်ချက်။      ။ ကျန်သောကျောင်းသား ခေါင်းဆောင်များရှိပါသေးသည်၊မမှတ်မိတော့ ပါ ၊ )
ကျုပ်တို့ သပိတ်စခန်းဖွင့် လိုက်တယ်၊ ဘုရားကြီးဝင်း တခုမှာပါ၊ သပိတ်ကို ဦးဆောင်ပေးကြတဲ့  ဦးဆောင်ကော်မီတီတွေကတော့ ၊
(၁) ဦးစန်းမောင်          (စစ်မှုထမ်းဟောင်း)
(၂) ဦးစိုးမြင့် 
(၃) ဆရာ ဦးယုနွယ်     (  အ.ထ.က(၁)     )
(၄) ဒေါက်တာမြင့် ချို
(၅) ဦးအေးနွဲ့             ( စည်ပင်သာယာရေး)
(၆) ဆရာမောင်ချိန်
(၇) ဦးစောထွဋ်
(မှတ်ချက်။         ။ကျန်ရှိသော သပိတ် ဦးဆောင်သူများကို မမှတ်မိတော့ ပါ။)