Sunday, February 10, 2013

Facebook Account များ Hack အလုပ်မခံရစေရန်

Ye Yint Nge shared အမျိုးကောင်းသား's status update.
Facebook Account များ Hack အလုပ်မခံရစေရန်
******************************
*****
၁. Window Lincense Version ကို သုံးပါ . . Account ကို Password နဲ့ ဝင်ပါ
၂. ပုံမှန် Update , Upgrade များလုပ်ပါ
၃. Security ကို Recommanded Setting မှာ ထားပါ
၎. Antivirus နဲ့ Internet Security တစ်ခုခုတင်ထားပါ
၅. Virus Update ပုံမှန်လုပ်ပါ
၆. System အောက်က Remote Setting ထဲက Remote အောက်က Allow Remote Assistant connection ကို uncheck လုပ်ထားပါ
၇. Your-Freedom ကဲ့သို့သော Proxy surf တစ်ခုခုကိုသုံးပါ
၈. Brower ရဲ့ Peoxy refer ကို 127.0.0.1 နဲ့ Port 8080 ကို အမြဲထားပါ
၉. Facebook ကို Https://facebook.com/ နဲ့ ဝင်ပါ
၁၀. Account Name နဲ့ Password ကို တစ်ခါဝင်တိုင်းတစ်ခါ ရိုက်ထည့်ပါ
၁၁. ဖြစ်နိုင်ရင် onscreen keyboard ကို သုံးပါ
၁၂. Facebook သုံးမယ့် System ကို အခြားမလိုအပ်တဲ့ Browser Add-ons တွေ Extension တွေ Plug-ins တွေ Install မလုပ်မိပါစေနဲ့

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

Htun Gla shared Aye Chan Mon's photo.
ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေ တ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

၂။ မွေးမြူရေးကြက်ဥ

မွေးမြူရေးကြက်ဥတွေမှာ ပဋိဇီဝဆေးဝါးတွေ၊ ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတေ၊ ဆာမိုနဲလားနဲ့ တခြား ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်တတ်ပါတယ်။ အကယ်၍ ကြက်ဥ စားတော့မယ်ဆိုရင် အိမ်မွေးကြက်ဥနဲ့ သြဂဲနစ်နည်းပညာနဲ့ မွေးမြူထားတဲ့ ကြက်ဥတွေကို စားပါ။

၃။ မာဂျရင်းနှင့် ထောပတ်

မာဂျရင်းမှာ ထပ်ပြန်ကြော်ဆီတွေနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ထောပတ်မှာ တိရစ္ဆာန်မှရရှိတဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်တာကြောင့် နှလုံးကို ပျက်စီးစေနိုင်ပါတယ်။ နှစ်မျိုးစလုံးမှ ကယ်လိုရီ အများအပြား ရရှိနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

၎။ မေရိုးနိစ်

မေရိုးနိစ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်အဆီတွေ ပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာတွေဟာ မြုံတာ၊ မွေးကင်းစကလေး သေဆုံးတာတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မေရိုးနိစ်ရဲ့ သွင်ပြင်သဏ္ဌာန်ဟာလည်း အဆီအခဲပျစ်ပျစ်တွေနဲ့ တူညီနေတာမို့ အဆီပါဝင်မှု များပြားနေမယ်ဆိုတာ အမှန်အကန်ပါ။ ဒီအစာတွေ စားတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုဆောင်းမှုတွေလည်း များပြားနိုင်ပါတယ်။

၅။ Ketchup (ဆော့စ်အမျိုးမျိုး)

Ketchup တွေမှာ ဖရုတို့စ် ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည် (High-frutose corn syrup, HFCS) နဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ သစ်သီးတွေမှာ HFCS ဟာ အနည်းငယ် ပါဝင်ပေမယ့် သူတို့မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းမှာ ဖရုတို့စ်ကို ထိရောက်စွာ ချေဖျက်နိုင်ပါတယ်။ HFCS ပါဝင်မှု များပြားတဲ့ အစားအစာတွေကိုမူ အသည်းမှ ချေဖျက်နိုင်စွမ်း အရမ်းခက်ခဲသွားပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာ၊ ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ အစရှိတဲ့ ပြဿနာတွေအပြင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်ကို အချက်ပြတဲ့ စနစ်တွေပါ ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ Metabolic Syndrome ဖြစ်နိုင်ခြေလည်း မြင့်မားသွားပါတယ်။

၆။ စူပါမားကက်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Salad Dressings)

ဒီ Dressings တွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ သကြား၊ HFCS ၊ နို့ထွက်ပစ္စည်းနဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစာတွေ ပါဝင်ပါတယ်။ ရှလကာရည်၊ သံလွင်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်စားပါ။

၇။ အသားလွှာ

အဆီပါဝင်မှုနည်းတဲ့ အသားလွှာမှာတောင် ပါဝင်တဲ့ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ အသားလွှာတွေ ပါးစပ်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားစေနိုင်ဖို့ ဆား၊ သကြားနဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရလို့ပါ။ တာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးပစ္စည်းတွေကိုလည်း အသုံးပြုထားပါတယ်။

၇။ ပြုပြင်ထားသည့် အသားများနှင့် ဝက်ပေါင်ခြောက်

ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက်လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ လေ့လာမှုတစ်ခုအရ ပြုပြင်ထားတဲ့ အစာတွေ စားတာကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

၈။ ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်ဟာ ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့မှာ Lactose နဲ့ Casein တွေအပြင် နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အရာတွေအားလုံး ပါဝင်ပါတယ်။

၉။ တိုဟူး

အသားကို စားမယ့်အစား တိုဟူးကို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်တယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ တိုဟူးဟာ ပဲပိစပ် ထုတ်ကုန်တစ်မျိုးပါ။ အမေရိကန်မှ ထုတ်လုပ်တဲ့ ပဲပိစပ်တွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲပိစပ်ဟာ တချို့ ကင်ဆာရောဂါ၊ သိုင်းရွိုက်ရောဂါ၊ မြုံတာ အပါအဝင် ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာတွေ စားပေးရင် အသားဓာတ်ကို အများအပြား ရရှိနိုင်ပါတယ်။

၁၀။ ဖျော်ရည်

ဖျော်ရည်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်ပြီး ကယ်လိုရီ အများအပြားလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ စူပါမားကက်မှာ တင်ရောင်းထားတဲ့ ဖျော်ရည်တွေဟာ ပိုးသတ်ထားတာတွေ ဖြစ်တာကြောင့် အာဟာရဓာတ်တွေ အများအပြား ဆုံးရှုံးပြီးသား ဖြစ်ပါတယ်။

၁၁။ ဆော်ဒါ

ဆော်ဒါဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို ဖြစ်စေတဲ့အပြင် သူ့မှာလည်း HFCS တွေ အများအပြား ပါဝင်ပါတယ်။ Diet ဆော်ဒါမှာ ဆေးသကြားတွေ ပါဝင်တာကြောင့် အဲဒီနှစ်မျိုးစလုံးဟာ ကိုယ်အလေးချိန် ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေခဲသေတ္တာအတွင်း ထည့်သင့်သည့် အစားအစာများ

- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံများ
- သြဂဲနစ် သစ်သီးများ
- ရှလကာရည်
- သြဂဲနစ် ကြက်ဥ
- ဗာဒံစေ့
- ထောပတ်သီး
- ပဲအမျိုးမျိုး
- လတ်လတ်ဆတ်ဆတ် အသားများ

ဒေါက်တာခင်မိုးမိုး
ACM Re-post Time: 2013 Feb 11 9:20
News from: Myawady News

အေးချမ်းမွန်
ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေ တ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

Saturday, February 2, 2013

မြ၀တီ - “ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့

မြ၀တီ - “ကျား” ရော “မ” ပါ ကျန်းမာဖို့ ထိပ်ဖြတ် ကြပါစို့

“ စစ်ပွဲ ” by မြသွေးနီ

July Moe shared မြသွေးနီ's photo.
“ စစ်ပွဲ ”

အလျှင်အမြန်နီးလာတယ်..
တဖြည်းဖြည်း ဝေးသွားတတ်တယ် ..
ဘယ်သူ့ဘယ်သူမှ နားစွင့်စရာ…
မလိုဘူး..။

အကြိမ်ကြိမ်အံကြိတ်ရမယ်..
တစ်ခါတစ်ရံမကငိုကြွေးရလိမ့်မယ်..
ပြီးတော့…
အဆုံးသတ်ကို မျှော်လင့်ပြန်တယ်..။

အပျက်အစီးဆိုတာယဉ်ပါးတတ်လာတော့
မပျက်စီးတာတွေ မရိုင်းစိုင်းအောင်
အကာအကွယ်တွေ ပေးဆပ်ရင်း..
အမုန်းတွေအပြိုင်းအရိုင်းအဖြစ်
အဲ့ဒါကြီးကို…
မြင့်မြင့်မားမားထူထောင်ကြတယ်..။

မုန်းစရာကောင်းတာက
ပန်းတိုင်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ဘာကိုမျှော်မှန်းရမှန်းမသိခင်
အသက်၀၀ရှူခွင့်
ဆက်လက်ရှိနိုင်ဖို့…

အဲ့ဒါကြီးကြောင့်ဘဲ..
တခြားသူတွေ အသက်ကို နင်းခြေပစ်ရတယ်..။
အားလုံးမဟုတ်တောင်..
အများစုကတော့….
အဖေနဲ့အမေကိုဝေးကွာစေတဲ့…
အဖေနဲ့အမေဆီက..
သား…သမီး..ကို…
ပျော်ရွှင်ခွင့်မဲ့စေတဲ့….
ချစ်သူတွေချင်းကို
ကွာဝေးစေတဲ့
…….စေတဲ့
…….စေတဲ့ ။

ဘာဘဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးရဲ့ချစ်သူတွေ..
ကျခဲ့တဲ့မျက်ရည်တွေအတွက်
အဲ့ဒါကြီးကို…
သက်ဆိုးမရှည်စေချင်ဘူး..။

မြသွေးနီ
www.myathwayni.com

( ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေ အမြန်ဆုံး ငြိမ်းပါစေ..)

(Photo was taken at Vietnam War and Credit to http://photo-icio.ru)
“ စစ်ပွဲ ”

အလျှင်အမြန်နီးလာတယ်..
တဖြည်းဖြည်း ဝေးသွားတတ်တယ် ..
ဘယ်သူ့ဘယ်သူမှ နားစွင့်စရာ…
မလိုဘူး..။

အကြိမ်ကြိမ်အံကြိတ်ရမယ်..
တစ်ခါတစ်ရံမကငိုကြွေးရလိမ့်မယ်..
ပြီးတော့…
အဆုံးသတ်ကို မျှော်လင့်ပြန်တယ်..။

အပျက်အစီးဆိုတာယဉ်ပါးတတ်လာတော့
မပျက်စီးတာတွေ မရိုင်းစိုင်းအောင်
အကာအကွယ်တွေ ပေးဆပ်ရင်း..
အမုန်းတွေအပြိုင်းအရိုင်းအဖြစ်
အဲ့ဒါကြီးကို…
မြင့်မြင့်မားမားထူထောင်ကြတယ်..

မုန်းစရာကောင်းတာက
ပန်းတိုင်မရှိတဲ့ ယှဉ်ပြိုင်ပွဲမှာ
ဘာကိုမျှော်မှန်းရမှန်းမသိခင်
အသက်၀၀ရှူခွင့်
ဆက်လက်ရှိနိုင်ဖို့…

အဲ့ဒါကြီးကြောင့်ဘဲ..
တခြားသူတွေ အသက်ကို နင်းခြေပစ်ရတယ်..။
အားလုံးမဟုတ်တောင်..
အများစုကတော့….
အဖေနဲ့အမေကိုဝေးကွာစေတဲ့…
အဖေနဲ့အမေဆီက..
သား…သမီး..ကို…
ပျော်ရွှင်ခွင့်မဲ့စေတဲ့….
ချစ်သူတွေချင်းကို
ကွာဝေးစေတဲ့
…….စေတဲ့
…….စေတဲ့ ။

ဘာဘဲဖြစ်ဖြစ်
တစ်ကမ္ဘာလုံးရဲ့ချစ်သူတွေ..
ကျခဲ့တဲ့မျက်ရည်တွေအတွက်
အဲ့ဒါကြီးကို…
သက်ဆိုးမရှည်စေချင်ဘူး..။

မြသွေးနီ
www.myathwayni.com

( ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေ အမြန်ဆုံး ငြိမ်းပါစေ..)

(Photo was taken at Vietnam War and Credit to http://photo-icio.ru/)

ကရင်လူမျိုးဆင်းသက်လာခြင်း

ဗမာအမျိုးသား အစည်းအရုံး and နန္ဒ ထွန်း shared Knowledge Library .'s photo.
ကရင်လူမျိုးဆင်းသက်လာခြင်း
=================
ကရင်ဟူသောအမည်ကို မြန်မာတို့က ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်နှင့် အရင်းအမြစ် အတိအကျကိုမှု မကြံဆနိုင်ပေ။ ''ကမ်းယံ'' ဟူသော ဝေါဟာရ ဗော်ညိုညွန်းရှိ ''ဒယက်'' လူမျိုးတစ်မျိုး၏အမည် ''ကယန်'' ဟူသောဝေါဟာရ တိဗက်မြန်မာအစုဝင်တို့ တရုတ်ပြည်တွင်ရှိစဉ် ခေါ်ဝေါ်သည့် ''ချန်'' ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် အမည်ဖြစ်လိမ့်မည်ဟု အသီးသီးယူဆကြသည်။
(မြန်မာစွယ်စုံကျမ်း အတွဲ-၁)

ကရင်လူမျိုးတို့၏ မူလအစမျိုးနွယ်ဆက်သွယ်ပုံများကို သုတေသီတို့က အမျိုးမျိုးအဖုံဖုံ မှန်းဆပြောဆို ကောက်ချက်ချကြသည်။ ဘာသာစကားပြောဆိုမှု ရိုးရာဓလေ့ ယုံကြည်မှုဆိုင်ရာ အယူဝါဒ ရှေးဟောင်းတေးကဗျာ၊ လင်္ကာနှင့် တေးသီချင်း၊ ပုံပြင်၊ ဒဏ္ဍာရီများ ရှေးလူကြီးများ ဆိုစမှတ်စကားအပေါ်တွင် အခြေခံ၍ လေ့လာပြီး တွေးခေါ်မှန်းဆကြသည်။

ဆာ အာသာဖဲယား (Sir Arthure Phayre) ဆိုသူက ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် လူမျိုးသုံးမျိုးအနက် ''ကမ်းယံ'' ဟူသော လူမျိုးအမည်မှာ ကရင်ဟူသောအမည်သို့ ပြောင်းလဲခေါ်ဆိုလာသည်ဟု ဆိုသည်။

အမေရိကန် သာသနာပြု ဒေါက်တာ ဖရန့်မေဆန် (Dr. Francis Manson) က ကရင်လူမျိုးတို့သည် ဟေဗြဲ (Hebure) လူမျိုးနှင့် ဆက်သွယ်ပြီးပျောက်ဆုံးနေသော ဟေဗြဲအနွယ်ဝင်များ ဖြစ်ဟန်တူသည်ဟု အဆိုပြုသည်။ ထိုအယူအဆကိုဒေါက်တာ မေဆန်ကပင် ပယ်ဖျက်ခဲ့ပြန်ပြီး ကရင်လူမျိုးတို့၏ ပြောဆိုသောစကားကို ဆန်းစစ်ပြန်ရာ ကရင်လူမျိုးတို့သည် တရုတ်လူမျိုးတို့၏ အကိုင်းအခက်ဖြစ်မည်ဟု မူလအယူအဆကို ပြင်ဆင်ခဲ့ပြန်ပါသည်။

မစ္စတာ ဂျေအာလိုဂန် (Mr, J.R Logan) က ကရင်လူမျိုးတို့၏ ပြောဆိုသောစကားသည် ဧရာဝဒို ဗြမ္မာပုတ်တရန် စကားအုပ်စုတွင် ပါဝင်ပြီး တောင်ပိုင်းသို့အရောက်တွင် တရုတ်ဘာသာစကား လွမ်းမိုးခြင်းခံရသည်ဟု အဆိုပြုပြန်ပါသည်။

တစ်ဖန် မစ္စတာကားလ်ဘုန်း (Mr.Colrnhoun) က သူရေးသည့် (Amongest The Shans) စာအုပ်တွင် ကရင်လူမျိုးများသည် အာရှတိုက် အလယ်ပိုင်းရှိ ရှေးဟောင်း ''တိတ်'' (Tek) သို့မဟုတ် တုတ် (Tok) လူမျိုးမှ ဆင်းသက်လာသည်ဟု ဆိုပြန်ပါသည်။

သာသနာပြု မစ္စတာ ခရော့စ် (Mr.Cross) ကလည်း ကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မုတ္တမပင်လယ်ကွေ့ တစ်ဝိုက်တွင် နေထိုင်ကြသော မူလတိုင်းရင်းသားဖြစ်သည်ဟု အဆိုပြုထားပြန်ပါသည်။

တစ်ဖန်မေဂျာအင်ရီကေ (Maj Enriquez) ကလည်း ကရင်လူမျိုးများသည် ထိုင်းတရုတ်အနွယ်မှ ဆင်းသက်လာခဲ့သည်ဟု မြန်မာနိုင်ငံ လူမျိုးများအကြောင်း စာအုပ်တွင် ရေးသားထားပြန်ပါသည်။

ဤသို့ဖြင့် အနောက်တိုင်း သုတေသီတို့က မှန်းဆ၍ မိမိတို့စိတ်ဆန္ဒသန်သူလို အဆိုပြုကြသည်။ သို့ရာတွင် ၁၉၁၆ ခုနှစ် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့သော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ''ယောဝ်'' နှင့် မြှောင်လူမျိုးနှင့်လည်းကောင်း ဆက်နွယ်ကြောင်း ဖော်ပြပါရှိပါသည်။

မည်သို့ပင်ဖြစ်စေ မျက်မှောက်ခေတ် သုတေသီပညာရှင်ကြီးများသည် ကရင်လူမျိုးတို့အား မွန်ဂိုလူမျိုးများမှ ဆင်းသက်လာကြပြီး တိဗက်တရုတ် ဘာသာစကား အနွယ်ကြီးတွင် ပါဝင်သော တိဗက်မြန်မာ စကားအစုဝင်ဖြစ်ကြောင်း လက်ခံအတည်ပြုထားခြင်းမှာ တိကျသောအဆိုနှင့် ခိုင်လုံသောအတည်ပြုခြင်းပင်ဖြစ်သည်။

ကရင်လူမျိုးတို့၏ မူလဒေသသည် အာရှတိုက်အလယ်ပိုင်း မြင့်မားသော တောင်တန်းကြီးများ ခြံရံသည့် ကုန်းပြင်မြင့်ကြီးတွင် နေထိုင်ကြပြီး ထိုကုန်းပြင်မြင့်မှ အရှေ့ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ်နှင့် သံလွင်မြစ်နှစ်သွယ်ကြားမှ ဆင်းသက်လာကြရာ မြန်မာနိုင်ငံသို့ ဦးစွာရမည်းသင်းနှင့် တောင်ငူဒေသအရှေ့ဘက်မှ ၀င်ရောက်နေထိုင်ကြောင်းနှင့် ကရင်လူမျိုးသည် တိဗက်မြန်မာစကားအစုဝင် မွန်ဂိုလူမျိုးအနွယ်ဝင် ဖြင်ကြောင်းမှာ ယနေ့အချိန်အခါတွင် ခိုင်လုံလျက်ရှိနေသည်။

မျက်မှောက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့သည် မွန်ဂိုအမျိုးအနွယ်များဖြစ်ကြပြီး တိဗက်မြန်မာ မွန်ခမာနှင့် ထိုင်းတရုတ်အနွယ် လူမျိုးကြီးသုံးခုမှ ဆင်းသက်ပေါက်ဖွားလာကြ၍ ရှေးပဝေသဏီကပင် သွေးတူ သားတူ ဆွေမျိုးတော်စပ်နေကြောင်း ယုံမှားဖွယ်မရှိနိုင်ပေ။

ထို့အတူ ကရင်လူမျိုးတို့သည်လည်း မွန်ဂိုလူမျိုးအနွယ်ဝင် ထိုင်းတရုတ်အုပ်စုတွင် ပါဝင်ပြီး တိဗက်မြန်မာ စကားအစုဝင်ဖြစ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသားတို့၏ မိသားစုဝင် လူမျိုးတစ်မျိုး ဖြစ်ခြင်းကိုကား ပို၍ ယုံများဖွယ်မရှိနိုင်ပေ။

ကရင်လူမျိုးများ ဆင်းသက်လာခြင်းခရီးကို အရှေ့ပိုးကရင်တို့က ရှေးကဗျာ လင်္ကာ တေးသီချင်းတို့ဖြင့် မှတ်တမ်းပြုထားကြသည်။ ကရင်လူမျိုးများသည် အရှေ့တောင်အရပ်သို့ ဘီစီ ၅၀၀၀ ခန့်လောက်တွင် မြေပြန့်အရပ်သို့ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ထိုသို့ ဆင်းသက်လာရာတွင် ဂိုဘီသဲကန္တာရကို ဖြတ်ကျော်၍ ဂိုဘီသဲကန္တာရအလယ်ရှိ ရေပူအိုင်ကြီးများနှင့် သစ်ရွက်ခူးပြီးချလျှင် ချက်ချင်းနွမ်းလျော်သွားသည် ဆိုသည်။ ထိုနေရာကို အရှေ့ပိုးကရင်တို့က (ပီကျောင်းကိုက်) ဟူ၍ ခေါ်ဆိုပြီး ရေပူအိုင်ကြီးများနှင့် ကြုံတွေ့ခဲ့ရကြောင်းကို ရှေးသီချင်း ကဗျာ လင်္ကာများတွင် စပ်ဆိုသီကုံးထားလေသည်။ ထိုမှ ရေပူအိုင်ကြီးများကို မဖြတ်ကျော်နိုင်၍ ကွေ့ရှောင်ပြီး အချိန်ကြာမြင့်စွာ ဖြတ်ကျော်လာရသည် ဆိုသည်။

ဂိုဘီသဲကန္တာရကို ဖြတ်ကျော်ရာတွင် ဟိမ၀န္တာတောင်၏ မနီးမဝေးအရပ်သို့ ရောက်ရှိသောအခါ ဟိမ၀န္တာတောင်ထိပ်မှ အရည်ပျော်ပြီး ကျလာသောသဲချောင်းကို ဖြတ်ကျော်လာရပြန်သည်။ ထိုနေရာကို ကရင့်အခေါ် ထီ့ဆေမေးရွာ ဟူ၍ တေးသီချင်းဖြင့် သီဆိုမှတ်တမ်းတင်ထားလေသည်။ အချို့က ထီ့ဆေမေးရွာ သည် ကရင်လူမျိုးတို့၏ အခြေချ နေထိုင်ခဲ့ဘူးသော ဒေသဖြစ်ခဲ့ဘူးပြီး ယနေ့တိုင် ကရင်မျိုးနွယ်စုများ ရှိသေးကြောင်း ဆိုကြသည်။

ဂိုဘီသဲကန္တာရကို ဖြတ်သန်းလာရာတွင် အမျိုးမျိုးသော ဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး လေမုန်တိုင်းတိုက်ခတ်သော ဒဏ်ကိုလည်း ရင်ဆိုင်ခံခဲ့ရပြန်သဖြင့် အမြောက်အများ သေဆုံးခဲ့ရသည်ဆိုသည်။ ထို့အပြင် မကောင်းဆိုးဝါးများဖြစ်သည့် ကရင်အခေါ် နောင်လော့် နောင်ခလော့် (နာန်ၟလ၀့် နာန်ၟခႜ၀့်) ဖြားယောင်းလှည့်စားခြင်းကို ခံရပြန်သဖြင့် အသာရေစာငတ်ပြတ်ပြီး အမြောက်အများသေဆုံးရပြန်သည်။ ထိုမကောင်းဆိုးဝါး နောင်လော့် နောင်ခလော့် တို့၏ ညွတ်ကွင်းမှလွတ်ကင်းသွားသူတို့က နောင်အခါ လက်ချည်နှောင်၍ ချည်ဖြူမင်္ဂလာဖွဲ့ လိပ်ပြာခေါ်ရာတွင် ဏယ်္ဘးနာန်ၟလ၀့်လ်ုဟှေဝ် ဏယ်္ဘးနာန်ခႜ၀့်လ်ုဟှေဝ် ဟူ၍သတိပေးစကား လိပ်ပြာခေါ်ခြင်း ချည်ဖြူဖြင့် လက်ချည်မှတ်သားခြင်း ဖြစ်ပေါ်လာခဲ့သည်ဟု ရှေးလူကြီးများက ဆိုစကားပြုထားလေသည်။

ကရင်လူမျိုးအနွယ်စုတွင် ပါဝင်သော အရှေ့ပိုးကရင်တို့သည် ကရင်လူမျိုးတို့၏ မူလဇာစ်မြစ် နေထိုင်ရာဒေသကို စာပေများဖြင့် ရေးသားမှတ်တမ်းတင်ခြင်း မရှိသော်လည်း ကရင်လူမျိုးတို့၏ မူလဗီဇဆင်းသက်လာရာ မျိုးနွယ်စုအကြောင်းအရာများကို ရှေးတေးကဗျာ၊ လင်္ကာ၊ တေးသီချင်းများဖြင့် ခံယူမှတ်သားကြလေသည်။

မည်သို့ပင်ဖြစ်စေ အရှေ့ပိုးကရင်လူမျိုး အပါအ၀င် ကရင်လူမျိုးနွယ်စုသည် တိဗက်ကုန်းပြင်မြင့်မှ တောင်ဘက်သို့ စစ်တောင်းဖြစ်၊ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ မဲခေါင်မြစ်အတိုင်း ဆင်းသက်လာကြပြီး မြန်မာနိုင်ငံတွင် မျက်မှောက်တိုင် အခြား ညီအစ်ကို တိုင်းရင်သားများနှင့် အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် ကောင်းတူဆိုးဖက် အစဉ်ထာဝရ စည်းလုံးညီညွတ်စွာ နေထိုင်ခြင်းကို ရှုခြင်းအားဖြင့် ကရင်လူမျိုးတို့ အပါအ၀င် တိုင်းရင်းသားတို့သည် မူလအစကပင် သွေးသားတော်စပ်၍ တစ်မျိုးတစ်နွယ်တည်း ဖြစ်သည်ဟူသော သုတေသီတို့၏ အဆုပြုချက်သည် ခိုင်လုံလျက်ရှိနေပေသည်။

ကရင်လူမျိုးတို့၏ တေးသီချင်း၊ လင်္ကာ၊ သမိုင်း၊ ပုံပြင်အရ တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာကြပြီး မြစ်နဒီကိုးသွယ်ကို ဖြတ်သန်းလာခဲ့ရကြောင်း ဆို၏။ ထိုမြစ်နဒီကိုးသွယ်မှာ........
(၁) စစ်ကျန်မြစ်ဝှမ်း
(၂) ဟိုဝှမ်မြစ်ဝှမ်း
(၃) ကောင်းတုံမြစ်ဝှမ်း
(၄) ယန်စီမြစ်ဝှမ်း
(၅) မဲနန်မြစ်ဝှမ်း
(၆) စစ်တောင်းမြစ်ဝှမ်း
(၇) မဲခေါင်မြစ်ဝှမ်း
(၈) သံလွင်မြစ်ဝှမ်း
(၉) ဧရာဝတီမြစ်ဝှမ်း စသည်တို့ဖြစ်သည်။
ထိုနဒီကိုးသွယ်ကို အခြေပြု၍ မျက်မှောက်ကရင် အမျိုးသားတို့ အသုံးပြုသော ကရင်အမျိုးသား အလံတော်တွင် ရောင်ခြည်ကိုးသွယ် ဖြာထွက်နေသည်ကို တွေ့ရှိနိုင်ပေသည်။ အလံတော်တွင် ရောင်ခြည်ကိုးသွယ် ဖြာထွက်ခြင်းကိုကရင်အမျိုးသားတို့ ဆင်းသက်လာခဲ့ရာဌာနေများအဖြစ် အမျိုးသား အထိမ်းအမှတ်ဝင် အမှတ်အသားပြုထားကြလေသည်။

သမိုင်းအရ ကရင်လူမျိုးတို့သည် တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်ရာတွင် အုပ်စုတစ်စုမှာ မြန်မာနိုင်ငံ ရမည်းသင်း၊ တောင်ငူဒေသတို့တွင် ရောက်ရှိသွားကြပြီး နောက်မှချန်ခဲ့သော အုပ်စုသည် တရုတ်ပြည် ယူနန်နယ်စပ်သို့ ရောက်ရှိသွားသည်ဆို၏။

တရုတ်ပြည် ယူနန်နယ်စပ်သို့ ရောက်ရှိသွားသော အုပ်စုသည် မြန်မာနိုင်ငံသို့ ဆက်လက်ထွက်ခွာလာရာတွင် အုပ်စုနှစ်စုဖွဲ့၍ ဆက်လက် ထွက်လာကြသည်။ ပထမအုပ်စုသည် တရုတ်ပြည် ယူနန်နယ်မှ ဘီစီ ၁၁၂၈ ခုနှစ်တွင် ထွက်ခွာလာပြီး မြန်မာပြည်တွင်းသို့ ဘီစီ ၁၁၂၅ ခုနှစ်တွင် ရောက်ရှိကြသည်။ တဖန် ဒုတိယအုပ်စုသည် ဘီစီ ၇၄၉ ခုနှစ်တွင် ယူနန်နယ်မှထွက်ခွာလာပြီး မြန်မာနိုင်ငံတွင်းသို့ ဘီစီ ၇၃၉ ခုနှစ်တွင် ရောက်ရှိလာကြသည် ဆို၏။

သို့ကြောင့် မျက်မှောက် ကရင့်ခုနှစ်ကို ရေတွက်ရာတွင် ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ အုပ်စုအားလုံး ရောက်ရှိလာသော ဘီစီ ၇၃၉ ခုနှစ်နှင့် ခရစ်နှစ်ကိုပေါင်းသော ကရင်ခုနှစ်ရရှိကြောင်း ယနေ့တိုင် အမှတ်အသားပြုထားကြလေသည်။
http://myitnadekoethwal.blogspot.com
ကရင်လူမျိုးဆင်းသက်လာခြင်း
=================
ကရင်ဟူသောအမည်ကို မြန်မာတို့က ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်နှင့် အရင်းအမြစ် အတိအကျကိုမှု မကြံဆနိုင်ပေ။ ''ကမ်းယံ'' ဟူသော ဝေါဟာရ ဗော်ညိုညွန်းရှိ ''ဒယက်'' လူမျိုးတစ်မျိုး၏အမည် ''ကယန်'' ဟူသောဝေါဟာရ တိဗက်မြန်မာအစုဝင်တို့ တရုတ်ပြည်တွင်ရှိစဉ် ခေါ်ဝေါ်သည့် ''ချန်'' ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် အမည်ဖြစ်လိမ့်မည်ဟု အသီးသီးယူဆကြသည်။
(မြန်မာစွယ်စုံကျမ်း အတွဲ-၁)

ကရင်လူမျိုးတို့၏ မူလအစမျိုးနွယ်ဆက်သွယ်ပုံများကို သုတေသီတို့က အမျိုးမျိုးအဖုံဖုံ မှန်းဆပြောဆို ကောက်ချက်ချကြသည်။ ဘာသာစကားပြောဆိုမှု ရိုးရာဓလေ့ ယုံကြည်မှုဆိုင်ရာ အယူဝါဒ ရှေးဟောင်းတေးကဗျာ၊ လင်္ကာနှင့် တေးသီချင်း၊ ပုံပြင်၊ ဒဏ္ဍာရီများ ရှေးလူကြီးများ ဆိုစမှတ်စကားအပေါ်တွင် အခြေခံ၍ လေ့လာပြီး တွေးခေါ်မှန်းဆကြသည်။

ဆာ အာသာဖဲယား (Sir Arthure Phayre) ဆိုသူက ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် လူမျိုးသုံးမျိုးအနက် ''ကမ်းယံ'' ဟူသော လူမျိုးအမည်မှာ ကရင်ဟူသောအမည်သို့ ပြောင်းလဲခေါ်ဆိုလာသည်ဟု ဆိုသည်။

ဘာကိုအဓိကထားရမှာလဲ/ စိုးဝင်းထွဋ်


Telminal အင်တာနက်အကြောင်း


မြန်မာစာ မြန်မာစကား


ကျနော်စမ်းမိသော ဆင် ( Credit Score ) by Ye Min Tun on Friday, April 6, 2012 at 9:31am ·


 ခေါင်းစဉ်ကို " ကျနော်စမ်းမိသော ဆင်" လို့ အမည်ပေးရတာကို အရင်ရှင်းပြချင်သည်။  ကျနော်တို့ငယ်ငယ်က သင်ယူရတဲ့ မျက်မမြင်ပုဏ္ဏားကြီးတွေ ဆင်ကို ကိုင်တွယ်ပြီး မိမိစမ်းမိသော အပိုင်းကို ဆင်လို့ ပြောတာလေးကို သတိရမိပြီး။ ကျနော်တို့ အကြားက လူပြောများနေတဲ့ Credit Score အကြောင်းကို ကျနော်ကိုယ်ပိုင် အတွေ့အကြုံများရယ် မိတ်ဆွေ ဘဏ်က၀န်ထမ်း အချို့ ရှင်းပြချက်များရယ် လက်တလောသင်နေရတဲ့ အထဲက The American Character (မိသားစုဘ၀ ဘာသာရေး မွေးဖွါး လက်ထပ် သေဆုံးခြင်း) The Role of Government in the Economy (အမေရိကန်စီးပွါးရေးမှာ အစိုးရ၏ play role) စသည့် အခုနှစ် သင်ရိုးထဲမှာ သင်ရသော ခေါင်းစဉ်အောက်က သိရတာတွေရယ်၊ ကျနော်ကိုယ်တိုင် လိုက်လံလုပ်ကိုင်ပေးတဲ့ တမြို့ထဲသား မိတ်ဆွေများ၏ ပြဿနာများထဲက အတွေ့ကြုံတွေရယ်၊ Credit Bureau သုံးခု၏ ရှင်းလင်းချက်တွေရယ် ပေါင်းပြီး မသိသေးတဲ့လူတွေ သိအောင်ရေးလိုက်ပါတယ်။ အများကြီးသိတဲ့လူတွေက မရေးတော့လဲ နည်းနည်းလေးသိတဲ့ ကျနော်ကပဲ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလို မတောက်တခေါက်နဲ့ စုစည်းတင်ပြလိုက်ပါသည်။  အမှားနည်းအောင် အချိန်တော့ယူပြီး စုဆောင်းထားတာ ဖြစ်လို့ အမှားကင်းအောင် မျော်လင့်ထားသော်လည်း မှားယွင်းတာရှိရင်လဲ ၀ိုင်းဝန်းထောက်ပြနိုင်ပါသည်။ လေ့လာရန် အချိန်နည်းသော အမေရိကန်ပြည်ထောင်စုရောက် မြန်မာပြည်သား မိသားစုအားလုံး အတွက်နှင့် ပြည်ပက လေ့လာလိုသူ လူငယ်များ အတွက် ရည်ရွယ်ပါသည်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၁၁) by Myat Thu on Wednesday, January 30, 2013 at 9:45pm ·




ဒဏ်ရာများ

အမေထားခဲ့တဲ့ ကျနော့အတွက်ဒိုင်ယာယီလေးအကြောင်းပြီးသွားတော့ ကျနော် စိတ်ပန်းကျသွားသလိုဖြစ်ပြီး ဘာမှ ဆက်ရေးချင်စိတ်မရှိဖြစ်နေတယ်။ ကျနော်တို့လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအများကြီးရှိတယ်။ တကယ်တော့ ကျနော်တို့ အိပ်မက်ထဲမှာတောင် ထည့်ပြီးမမက်ခဲ့တဲ့ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေက ဒဏ်ရာတွေပေးခဲ့တာ။ တစ်ချို့က တိုက်ပွဲ တွေထဲမှာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ကြတယ်။ တစ်ချို့က အသက်ပေးခဲ့ကြတယ်။ တောထဲမှာရခဲ့တဲ့ ငှက်ဖျားလို သေဘေးနီးတဲ့ရောဂါတွေကလည်း တစ်ချို့ရဲဘော်တွေဆိုရင် အခုအထိ စိတ်မူမမှန်တာမျိုးတွေ ခံစားနေရတုန်း။ ရုပ်ပိုင်း၊ စိတ်ပိုင်းခံစားမှုတွေဟာ တစ်ဦးချင်း နည်းမျိုးစုံနဲ့ရှိနေတာ အမှန်။

တစ်ချို့ဆိုရင် ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့် အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းက ထွက်ခွာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ ဒါမှမဟုတ် နယ်စပ်မြို့တွေမှာ ရရာအလုပ်လုပ်ပြီး ရပ်တည်နေကြရင်းက ဒီအနှစ် ၂၀ ကျော်အတွင်း မျှော်လင့်တဲ့အခြေအနေတွေထက် မမျှော်လင့်တာတွေကိုပဲ ကြားရမြင်နေကြရတော့ စိတ်ပျက်လက်ပျက်နဲ့ အရက်အလွန်အကြွံသောက်ရင်း အသက်ဆုံးကုန်ကြတာတွေအထိပါ ရှိလာတယ်။ ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမေရိကန်က ၉-၁၁ (၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့) မှာ ဘင်လာဒင်တို့ရဲ့ လေယာဉ်ပျံနဲ့ အဆောက်အဦတွေကို ၀င်တိုက်တဲ့ စစ်ဆင်ရေးအပြီး Patriot Act ဆိုတဲ့ ဥပဒေကိုထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲမှာ ABSDF ကိုပါ ထည့်ထားတဲ့အတွက် ဒုက္ခသည်စခန်းကနေ တတိယပြည်ပနိုင်ငံတစ်ခုခုကို ဒုက္ခသည်အနေနဲ့ သွားကြမယ့် ကျောင်းသားရဲဘော်တွေဟာ အမေရိကန်နိုင်ငံသာမက တစ်ခြားအနောက်နိုင်ငံတွေကိုပါထွက်ခွာခွင့်တွေ ကြံ့ကြာခဲ့တယ်။ ဒုက္ခသည်စခန်းဆိုတာဟာလည်း ထားရာနေစေရာသွားလို အိမ်နီးခြင်းနိုင်ငံ အာဏာပိုင်တွေရဲ့ပေါ်လစီနဲ့ သဘောထားအတိုင်း နေကြရတာဆိုတော့ တစ်ခါတလေ အကျယ်ချုပ်ကျ နေသလိုခံစားရတဲ့ မွန်းကြပ်မှုတွေရှိနေတာပဲ။ ဆန်၊ ဆား၊ ငါးပိ၊ ငြုပ်သီးလို အခြေခံအစားအသောက် လောက်ပဲ ရာရှင်ရပြီး စခန်းအပြင်မှာလည်း အလုပ်လုပ်ခွင့်မပေးတော့ မြို့ပေါ်ကလာကြတဲ့ ကျောင်းသား သူပုန်တွေအတွက် အခက်အခဲ အတော်ဖြစ်ရတယ်လေ။