Thursday, December 6, 2012

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

Htun Gla and Lu Bo shared ထူးထူးဆန်းဆန်း's photo.
ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။


 ၀ိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီကနေ မ လာပါသည်။:)
ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ြ
ဖန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

ထူးဆန်းသော တိုင်းပြည် by Messenger News Journal on Tuesday, December 4, 2012 at 1:02am ·



          ကမ္ဘာပေါ်မှာ မောင်မြတ်တို့ တိုင်းပြည်လောက် ထူးဆန်းတဲ့ တိုင်း ပြည် နောက်ထပ် ရှိနိုင်ပါ့ဦးမလား။ သိပ်မရှိလောက်ဘူးနော်လို့ နိုင်ငံခြား သားတချို့ကတောင် ပြောပါသတဲ့။ တချို့ကိစ္စဆို မြန်မာပြည်ကို စရောက် ရောက်ခြင်းမှာပဲ သတိထားမိတာတဲ့။
          မင်းတို့ ကားတွေမောင်းနေ၊ စီးနေပုံကအစ အရမ်း ထူးဆန်းတာ ပဲတဲ့။ မြန်မာနိုင်ငံဟာ လက်ယာကပ် မောင်း စနစ်ကျင့်သုံးတဲ့နိုင်ငံ၊ ဒီတော့ စတီယာရင်ကို လက်ဝဲ ဘက်မှာတပ် ထားတဲ့ ကားတွေနဲ့သာ ပိုမိုသင့်တော် ပါတယ်။ ဒါ လူတိုင်းလို သိတယ်၊ ပထမဆုံး လာလည်တဲ့ နိုင်ငံခြား သားက စတီယာရင် ညာဘက်မှာ လမ်းကိုလည်း ညာဘက်ခြမ်းကပဲ သုံးနေရတာ။
          သတိထား မိသွားတဲ့ သူတွေ ထဲက တချို့က ဘာမှ မပြောပေမဲ့ တချို့ကတော့ ဧည့်လမ်းညွှန်ကို အကျိုး အကြောင်း  မေးတတ်တယ်၊ ဧည့်လမ်း ညွှန်ကလည်း ဒီနေ့အထိ မရှောင်သာ ဖြေရတော့တာပေါ့၊ ဂျပန်နိုင်ငံသုံး တစ်ပတ်ရစ်ကားတွေကိုသာ အများစု တင်းသွင်းအသုံးပြုနေတဲ့ အကြောင်း ပေါ့။
          များသောအားဖြင့် အနောက် နိုင်ငံသားတွေဟာ ဒီကိစ္စနဲ့ ပတ် သက်ရင် နားလည်မှု ပေးတတ်ကြ ပါသတဲ့၊ ထွေထွေထူးထူးဘာမှ ထပ် မပြောတော့ဘူး၊ စီစဉ်ပေးတဲ့ ကားက သန့်ပြန့်နေရင် အဲကွန်းကောင်းရင် ကျေကျေနပ်နပ် စီးသွားကြတာ ပါပဲ တဲ့။

ဗမာစကား ဗမာစာ ကိုနိုင်ငံတော်ဘာသာအဖြစ် သုံးလါတာ ၆၀ကျော်နေပြီး ဗမာလဲ ဗမာစာကောင်းကောင်းမတတ်ဘူး တိုင်း၇င်းသားဆိုဝေး ၄င်းစာကို နိုင်ငံတော် ဘာသာအဖြစ်မှဖျက်သိမ်းသ့င်ပြီး

ဗမာစကား ဗမာစာ ကိုနိုင်ငံတော်ဘာသာအဖြစ် သုံးလါတာ ၆၀ကျော်နေပြီး ဗမာလဲ ဗမာစာကောင်းကောင်းမတတ်ဘူး တိုင်း၇င်းသားဆိုဝေး ၄င်းစာကို နိုင်ငံတော် ဘာသာအဖြစ်မှဖျက်သိမ်းသ့င်ပြီး
ဖက်ဒရယ် ဆိုတာ ဗမာ လူမျိုး တစ်မျိုးထဲ မကြိုက်လို့ မလုပ်ရဘူး၊ လုပ်ခွင့်မရှိဘူး ဆိုရင်တော့ ဘယ်တရားတော့မလဲ... လောက ပါလ တရားနဲ့လဲ မညီဘူး.... တိုင်းရင်းသား အားလုံးက ဖက်ဒရယ် တောင်းဆိုနေတာ အခုမှ မဟုတ်ပါ။ အစိုးရ က သတင်းအမှောင်ချထားလို့ ဖက်ဒရယ် အကြောင်း ကောင်းကောင်း နားမလည်သေးတဲ့ အခုမှကြီးလာတဲ့ လူတွေကို မပြောချင်ပါ။

သို့သော်.... ပညာရှင် အပိုင်း၊ နိုင်ငံရေးသမား ဗမာ လူမျိုးများ မှာ တာဝန် မကင်းပါ။ ဗမာ တွေ ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်ကို လုပ်ရမဲ့ တာဝန်ရှိသေးတယ် ဆိုတာ မမေ့သင့်ပါ။

ဒါက ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်များ စိတ်ကူးခဲ့တဲ့ နိုင်ငံတော်ပုံစံပါ။ အိန္ဒယ နိုင်ငံလဲ ဒီလိုပုံစံပါပဲ။ မကွဲပါဘူး။  ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး။ ပေါင်းစည်းရေး ဖြစ်တယ်။ ဖက်ဒရယ် ဖြစ်လို့ passport ကိုင် visa လျှောက်ရမယ် ဆိုတာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ မှိုင်းတိုက်စကား။ ဘယ် ဖက်ဒရယ် နိုင်ငံတွေမှာမှ passport မကိုင်ရဘူး။
ဖက်ဒရယ် ဆိုတာ ဗမာ လူမျိုး တစ်မျိုးထဲ မကြိုက်လို့ မလုပ်ရဘူး၊ လုပ်ခွင့်မရှိဘူး ဆိုရင်တော့ ဘယ်တရားတော့မလဲ... လောက ပါလ တရားနဲ့လဲ မညီဘူး.... တိုင်းရင်းသား အားလုံးက ဖ
က်ဒရယ် တောင်းဆိုနေတာ အခုမှ မဟုတ်ပါ။ အစိုးရ က သတင်းအမှောင်ချထားလို့ ဖက်ဒရယ် အကြောင်း ကောင်းကောင်း နားမလည်သေးတဲ့ အခုမှကြီးလာတဲ့ လူတွေကို မပြောချင်ပါ။

သို့သော်.... ပညာရှင် အပိုင်း၊ နိုင်ငံရေးသမား ဗမာ လူမျိုးများ မှာ တာဝန် မကင်းပါ။ ဗမာ တွေ ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်ကို လုပ်ရမဲ့ တာဝန်ရှိသေးတယ် ဆိုတာ မမေ့သင့်ပါ။

ဒါက ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်များ စိတ်ကူးခဲ့တဲ့ နိုင်ငံတော်ပုံစံပါ။ အိန္ဒယ နိုင်ငံလဲ ဒီလိုပုံစံပါပဲ။ မကွဲပါဘူး။ ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး။ ပေါင်းစည်းရေး ဖြစ်တယ်။ ဖက်ဒရယ် ဖြစ်လို့ passport ကိုင် visa လျှောက်ရမယ် ဆိုတာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ မှိုင်းတိုက်စကား။ ဘယ် ဖက်ဒရယ် နိုင်ငံတွေမှာမှ passport မကိုင်ရဘူး။

အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....

Nyein Chan and Htun Gla shared Thet Ko Oo's photo.
အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို ပြန်နိုင်ပြီ ....

ဒီတစ်ခါ မသိသေးတဲ့ မိတ်ဆွေများကို အွန်လိုင်းမှ ၂၄ ဘာသာကို မြန်မာလို အလွယ်တကူ ပြန်လို့ရတဲ့ Web Site လေးနဲ့ မိ
တ်ဆက် ပေးချင်ပါတယ်။ http://www.myordbok.com/ မှာ တိုက်ရိုက် ဘာသာ ၀င်ပြန်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ ဘာသာ စကားကို အောက်မှာ ရွေးပြီး နှိပ်လိုက် တာနဲ့ တစ်ခါတည်း ဝက်ဆိုက်ကို ရောက်သွားမှာပါ။ ဝက်ဆိုက်မှာ ကိုယ်ရေးချင်တာရေးပြီး ဘာသာ ပြန်နိုင် ပါတယ်။ တစ်ခု ကောင်းတာက အသံထွက် လေးပါ ထည့်ပေးထားပါတယ်။ ကိုယ်သိချင်တာ ရေးပြီး Go ကိုနှိပ်လိုက်ယုံနဲ့ အသံထွက်လေးပါ နားထောင်ရမှာပါ။ အွန်လိုင်းမှာ လေ့ကျင့်နိုင်ပါတယ်။

ဒါနဲ့ ထပ်ပြောရဦးမယ် အွန်လိုင်းမှာ ဘာသာမပြန်ချင်ဘူး အင်တာနက်လိုင်း မသုံးချင်သူတွေ အတွက် ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ ထည့်သုံးလို့ ရအောင် အခုဆော့ဝဲလ် လည်းထွက်နေပါပြီ။လိုချင်ရင် အောက်မှာ တစ်ခါတည်း သာ ဒေါင်းသွားပါဗျာ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် သတင်း ကောင်းလေး ပေးပါတယ်ဗျာ။

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

Saw Phyo Lay and Nwe Aung shared International news for myanmar's photo.
လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။ 

ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။ 

ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။ 

FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။ 

FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။ 

ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ 
--
Ref :rare medic facts.
---
http://www.innewsmyanmar.com/2012/12/blog-post_6.html

---
လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။

ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွက်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။

“ ကိုယ့်ကိုယ်ကိုယ်သာအားကိုးပြီး စစ်အာဏာရှင်စနစ်အကြွင်းမဲ့ပပျောက်ရေး အထွေထွေတိုက်ပွဲဆင်နွှဲကြ…” ~ ကိုးဒီသွေး

“ ကိုယ့်ကိုယ်ကိုယ်သာအားကိုးပြီး စစ်အာဏာရှင်စနစ်အကြွင်းမဲ့ပပျောက်ရေး အထွေထွေတိုက်ပွဲဆင်နွှဲကြ…” ~ ကိုးဒီသွေး

Wednesday, December 5, 2012

Transparency International အဖွဲ့ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာအနှံ့ အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာထဲ မြန်မာနိုင်ငံကို အမှတ် ၁၅ မှတ်ပေးထား

ကမ္ဘာအ၀ှမ်း အဂတိလိုက်စားမှုအခြေအနေတွေကို စစ်တမ်းယူဖော်ထုတ်နေတဲ့ Transparency International အဖွဲ့ကြီးရဲ့ နှစ်စဉ် အစီရင်ခံစာထဲမှာ အဂတိလိုက်စားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအနေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်သွားမယ်လို့ ပြောထားပေမယ့် လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

Transparency International အဖွဲ့ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာအနှံ့ အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာထဲ မြန်မာနိုင်ငံကို အမှတ် ၁၅ မှတ်ပေးထားပါတယ်။ နိုင်ငံအလိုက် တွက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အခြေအနေအဆိုးဆုံးနိုင်ငံ အောက်ဆုံးကaရတွက်ရင် ၅ နိုင်ငံမြောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ အစိုးရသစ်တက်လာပြီးနောက် အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးခဲ့ပေမယ့် လက်တွေ့လုပ်ဖို့ ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တည်ဆဲဥပဒေအတိုင်း လက်တွေ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်လည်း ဖြစ်တယ် လို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ စီးပွားရေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးမင်းခင်က ပြောပါတယ်။

“အဂတိလိုက်စားမှု တိုက်ဖျက်မယ်ဆိုတဲ့ သူ့ဆန္ဒပေါ့နော်-Political will-ပေါ့- နိုင်ငံရေးအရ လုပ်ချင် တဲ့ ဆန္ဒကို ယုံကြည်ပါတယ်။ ကြိုးစားအားထုတ်နေတယ်လို့လည်း ပြောလို့ရတယ်။ သို့သော် ဖြစ်မြောက်မှုက တော်တော်လေး အားနည်းသေးတယ်။ လက်တွေ့ တွေ့လာရ တာက အောက်ခြေ တချို့နေရာလေးတွေမှာပဲ ထိရောက်မှုရှိတာ တွေ့ရတယ်။ နောက်တခုက ဒီ လွှတ်တော်ဘက်က ပိုပြီးတော့တောင်မှ အစိုးရဘက်နဲ့စာရင် အဂတိလိုက်စားမှုကို ပိုပြီးတော့ ထိထိရောက်ရောက် - ကိုင်တွယ်နိုင်တယ် ဆိုတာထက် ဖော်ထုတ်ရုံပေါ့လေ- အစလေးတွေ ဖော် ထုတ်ရုံလောက်ပဲ လုပ်နိုင်သေးတယ်။ ဆိုတော့ ဒါကလည်း တရားဥပဒေစိုးမိုးရေးနဲ့လည်း သွားတွဲနေတာကိုး။ တွဲနေတော့ အခုထိတော့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ ကို ပြောမယ်ဆိုရင် လိုတော့ လိုသေးတယ်လို့ ပြောရမယ်ဗျ။”

“သာသနာ နဲ့ ဒါယိကာ” by Soe Min on Wednesday, December 5, 2012 at 7:43am ·


          ထေရ၀ါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံဟာ ဟိုးအစသမိုင်းမှတ်တမ်းတင်လာတဲ့ ပုဂံခတ် မတိုင်ခင်ကတည်းက သာသနာတော်ထွန်းကားလာခဲ့ပုံရပါတယ်။ သုဝဏ္ဏဘူမိ သထုံပြည်မှာ၊ ဥဿာပဲခူးမှာ၊ ဒဂုံဆံတော်ရှင်ကြီးမှာ သာသနိက အဆောက်အဦတွေ အထင်အရှားတွေ့နိုင်တယ် မဟုတ်လား။ ဂေါတမမြတ်စွာဘုရားရှင် မပွင့်သေးခင်ကတော့ ဟိန္ဒူအယူဝါဒနဲ့ နတ်တွေကို ကိုးကွယ်ဟန်ရှိပါတယ်။ ဗြဟ္မာ့ဦးခေါင်း လက်ဆင့်ကမ်းတဲ့ သင်္ကြန်တော်မင်္ဂလာတို့၊ ဂြိုလ်တိုင်တွေမှာ ရေလောင်းတာတို့က အဲဒီက လက်ကျန်တွေ ဖြစ်ပါလိမ့်မယ်။ ပွင့်တော်မူဦးစ ဘုရားရှင်ထံမှာ ပထမဦးဆုံး သရဏဂုံတည်သူ တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင်က ဆံတော်ကို စေတီတည်ထားကိုးကွယ်တဲ့အခါ ကိုယ့်မြန်မာ့မြေပေါ်မှာမို့လို့ သာသနာကိုလည်းပဲ ဦးဦးဖျားဖျား ကြည်ညိုဆည်းကပ်ခွင့်ရလိုက်မှာ မလွဲပါဘူး။ ရတနာသုံးပါးဆိုတာ တစ်နွယ်ငင်တစ်စင်ပါမို့လို့ ဘုရားသားတော် ရဟန်းသံဃာများဟာ ကိုယ်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့ သမိုင်းအစ၊ ယဉ်ကျေးမှုအစမှာကတည်းက ကိုးကွယ်အပ်သော၊ ဆည်းကပ်အပ်သော၊ ကောင်းမှုကုသိုလ်တို့ကို စိုက်ပျိုးရန် လယ်ယာမြေကောင်းသဖွယ်ဖြစ်သော အစရှိတဲ့ သံဃာ့ဂုဏ်တော်များနဲ့ လျှော်ညီစွာ ဘုရားစင်၊ သံဃာစင်၊ နတ်စင်ရယ်လို့ တရိုတသေ အမြင့်မှာထား ၀ပ်တွားရှိခိုးလေ့ရှိကြပါတယ်။ မိဘဆရာသမားများပါ ပေါင်းထည့်လိုက်ပြီး အနန္တဂုဏ်အင် ကျေးဇူးရှင်ကြီးတွေအဖြစ်နဲ့ ကံသုံးပါးအနက်က တစ်ပါးပါးသောကံနဲ့တောင် ပြစ်မှားကျူးလွန်ခြင်း မရှိရလေအောင်၊ မတော်တဆများ အမှုမဲ့ အမှတ်မဲ့ ကျူးလွန်မိသည်ရှိသော် သံသရာပါမသွားအောင် ရှိခိုးဦးချ တောင်းပန်ရတဲ့အမျိုးဆိုတာ သြကာသအနက်ရတဲ့ မြန်မာတွေအားလုံး နားလည်ထားပြီးသားပါ။ မြန်မာတွေအကြောက်ဆုံး အကုသိုလ်တွေထဲမှာ ငါးပါးမှောက်တယ် ဆိုတာ အဲဒီအနန္တဂိုဏ်းဝင် ကျေးဇူးရှင်တစ်ဦးဦးကို ပြစ်မှားမိတာကိုခေါ်တယ်။ ပဉ္စာနန္တိယ ကံကြီးထိုက်တယ်တဲ့။ မဂ်ဖိုလ်နိဗ္ဗာန်အတွက် အတားအဆီးဖြစ်တယ်။ အခုတော့ ငါးပါးတင်မကဘူး။ သံဃာစင်ပါမှောက်ကုန်လို့ မီးဟုန်းဟုန်းတောက်ကုန်ပြီ။ ဘယ့်နှယ်လုပ်ကြမတုန်း။

ကိုယ့်ထက်သာ နာလိုတတ်တဲ့ စိတ်ဓာတ် (ပြောချင်လွန်းလို့ - မောင်ဝံသ) by ပြည်သူ့ခေတ် on Tuesday, December 4, 2012 at 9:08pm ·


ခေါင်းဆောင်  ရွေးကြတဲ့အခါ
အခုအချိန်ဟာ ကျွန်တော်တို့ နိုင်ငံဟာ ခေတ်ဟောင်း တစ်ခုကနေ ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းဖို့ အားယူနေချိန် အခင်းအကျင်းတွေ ပျိုးနေချိန် ဖြစ်တယ်ဆိုတာ အထူး ပြောနေ စရာ မထင်ဘူးဗျ။
          တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်အတွင်း နိုင်ငံတော်အာဏာကို မျှော်မှန်းတဲ့ နိုင်ငံရေးပါတီတွေရော မမျှော်မှန်းတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေပါ အပြိုင်းအရိုင်း ပေါ်ပေါက်လာ နေတာလည်း အားလုံး အမြင်အတွေ့ပါပဲဗျာ။ အဖွဲ့အစည်းတွေ ဖြစ်တာနဲ့အညီ၊ အဲဒီ အဖွဲ့အစည်းတွေအတွင်း အဆင့်ဆင့်သော ခေါင်းဆောင်များ ရွေးချယ် တာဝန်ပေးအပ်ရေး ကိစ္စကို မရှောင်မလွှဲသာ မျက်မှောက်ပြု နေကြရပြီး အကျိုးဆက်အဖြစ် ဆူဆူညံညံ ပူညံပူညံ အသံတွေ ထွက်ပေါ် နေတာလည်း သတိမပြုဘဲ မနေနိုင်အောင်ပါပဲ။
          ပါတီကြီးတစ်ခုက အသံတွေဆိုရင် ပါတီစက်ဝန်းကိုကျော်ပြီး မီဒီယာ တွေကတစ်ဆင့် ပြည်သူတွေ နားထဲအထိ ပွက်လောရိုက်ခဲ့တယ်ဗျာ။ မလိုသူတွေက ဒီကိစ္စကို လက်ညှိုးထိုးပြီး အမနာပ ပြောစရာ ဖြစ်သွားပေမယ့် ကျွန်တော်တို့ကတော့ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ သဘာဝတစ်ခု လို့ပဲ ရှုမြင် လက်ခံလိုက်တယ်ဗျာ။
          အရေးကြီးတာက အဖွဲ့တိုင်းကို ခေါင်းဆောင်ကောင်းက ဦးဆောင်ခွင့် ရဖို့ ဖြစ်ပါတယ်။ ဒါမှ အဆင့်ဆင့် တက်ပြီး ခေါင်းဆောင်ကောင်းများက နိုင်ငံတော်အဆင့်အထိ ဦးဆောင်ခွင့် ရမှာ ဖြစ်တယ်ဗျာ။

နိုင်ငံရေးဆိုတာ by Bo K Nyein on Wednesday, December 5, 2012 at 7:39am ·


နိုင်ငံရေးဆိုတာ

လက်ဝဲသမားတွေ ပြောလေ့ပြောထ ရှိတဲ့ “တိုက်ပွဲကခေါင်းဆောင်ကိုဖေါ်ထုတ်သည်” ဆိုတဲ့ စကားများ မှန်နေရော့လားမသိ။

ဘယ်နိုင်ငံမဆို ၊ အပြောင်းအလဲ ကာလ ဟာ အခက်အခဲဆုံးနဲ့ ကြောက်စရာ အကောင်းဆုံးကာလ လို့ဆိုချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ “Change” ဆိုတဲ့ (အပြောင်းအလဲ) ဖြစ်တာနဲ့ (Expectation) ဆိုတဲ့ (မျှော်လင့်ချက်) ဆိုတာ က ကပ်ပါလာလို့ပဲ။အပြောင်းအလဲ ဟာ တော်လှန်ရေးကြောင့် ၀ုန်းတိုင်းကြီးပဲ ပြောင်းပြောင်း ၊ evolution အရ တဖြေးဖြေး ပဲ ပြောင်းပြောင်း ၊ ပြောင်းလဲတယ် ဆိုတာနဲ့ လူတိုင်းမှာ (Expectation) ဆိုတာက ကပ်ငြိ တွယ်လာပြီပဲ။ လူတဦးစီ ရဲ့ Capacity အပေါ် မူတည်ပြီး ၊ ဒီ (Expectation) ဟာ ကွဲလွဲ သွားတတ်တယ်။ အစိုးရ အတွက် ကတော့ change ပြောင်းလဲမှု အတွက် (Expectation) မျှော်လင့်ချက် ကို မှန်မှန်ကန်ကန် ကိုင်တွယ် နိုင်မဲ့ expectation management လို့ခေါ်တဲ့ မျှော်လင့်ချက် ကို ကိုင်တွယ်မှု ဟာ အလွန် အရေးကြီးပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ Spoke person ပြောရေးဆိုခွင့် ရှိသူ ဆိုပြီး ထားကြ တာပေါ့။ ဒီလူ က မီဒီယာ က တဆင့် ပြည်သူကို အသိပေးရင်း မျှော်လင့်ချက် မလွန်ကဲ စေဖို့ ထိန်းပေး ရတဲ့ အဓိက ကျတဲ့ အစိုးရရဲ့ ယန္တယား တစ်ခုပါပဲ။ စကားမမှားဖို့လိုတယ်။ နိုင်ငံရေး နားလည်ရမယ် ၊ မီဒီယာ အကြောင်း နားလည်ရမယ်။ Crisis Management လို့ခေါ်တဲ့ ပြဿနာပေါ်တာနဲ့ မကြီးထွားရ အောင် ၊ ချက်ချင်းရှင်း ၊ ချက်ချင်းကြေငြာ နိုင်ရမယ်။ သို့လော သို့လော အဖြစ် မခံနိုင်။ အမေရိကန်လို နိုင်ငံများမှာတော့ ပြောရေးဆိုခွင့် ရှိသူ ရဲ့ အထက်မှာ Communications Director ဆိုတာ ရှိတယ်။ ဒီလို လူကမှ မီဒီယာ ပေါ်လစီ နဲ့ ဗျူဟာ ကို ချပေးနိုင်တာ။ ဒီလို အရေးကြီးတဲ့နေရာတွေ မှာ Adult Supervision လိုပါတယ်။