ကချင်ပြည်နယ်
စစ်ပွဲသတင်း ထိပ်တန်းကို ရောက်လာသည့်အချိန်တွင် စိတ်ဝင်စားစရာကောင်းသည့်
ကချင် သမိုင်း ဆောင်းပါး တစောင်ကို ဖတ်လိုက်ရသည်။ ဆောင်းပါးရှင်မှာ
ကိုဝိုင်ဝိုင်ကေ အမည်ရှိ မြန်မာတဦးဖြစ်သည်။ ဗမာနိုင်ငံ လုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ (ဗကသ) မှ ဖြစ်ပုံရသည်။ မြန်မာနှင့် ကချင်အကြား တွင်
လူမျိုးရေးမုန်းတည်းမှုများ မပေါ်ပေါက်စေရန် ဦးတည်ကြောင်း ဖေါ်ပြထားသဖြင့်
တန်ဘိုးထားမိ သည်။ စာရေးသူကဲ့သို့ မြန်မာများက ကချင်များ အပေါ်
လူမျိုးရေးအရ မုန်းတည်းမှုရှိစေရန် စစ်အာဏာရှင်များ က
ဆက်သွယ်ရေးနည်းပညာအမျိုးမျိုးသုံး၍ လှုံ့ဆော် နေသည့်အချိန်၌ ကိုဝိုင်ဝိုင်ကေ
၏ ဆောင်းပါးလေးကို ဖတ်လိုက်ရသည် မှာ ရင်ထဲအေးသွားမိသည်။ ၄င်း၏ ဆောင်းပါး
ထဲမှ စာပုဒ် သုံးပုဒ်ကို ကိုးကားလိုပါသည်။ အောက်ပါ ပထမ နှစ်ပုဒ်မှာ
ကချင်သမိုင်းနှင့် ဆိုင်ပါသည်။
“ ကချင် လူမျိုးတို့သည် ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက်တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့စတင်၍ ကျုး ကျော် လာစဉ်ကတည်းက အလွန်တရာမုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများနည်းအတူမျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်း လှန် ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကိုလက်နှင့်ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက်ကို ချည်နှောင်ခြင်း၊ အတင်း အဓမ္မ ဒူးထောက် အညံ့ခံ ခိုင်းခြင်းများကို လုံးဝမကြိုက်ပါ။”