Ag Kyaw Khin and 3 other friends shared Zaw Win's photo.
ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောကနေ့သစ် .. http://www.naytthit.net/
ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာ
တကယ်တော့၊အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ၊ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ၊အလေးနက်ဆုံး အသိဉာဏ်ကို ဘဝတွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး၊ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပါပဲ(ဆရာတော်ဦဇောတိက)



ဒီနေ့
လိုင်းကား ရှားတဲ့ လမ်းမပေါ်က ရုံးခွဲမှာလုပ်စရာရှိတာ သွားလုပ်ပီး
ပြန်မယ်ဆိုတော့ မှောင်စပျိုးနေပါတယ်။ လိုင်းကားစီးလည်း စွယ်တော်
ပိတ်နေတာနဲ့ မကြားချင်ပဲ စွယ်တော်ကြွတာကို မုဒိတာပွားတဲ့ ဗုဒ္ဓဘာသာ ကားသမား၊
စပါယ်ယာတွေ စကားကြားမိရင်ဖြင့် ကိုယ်လည်း ရောယောင်ထောက်ခံမိမှာစိုးလို့၊
အိပ်စိုက် ကားငှားလို့ အိမ်ပြန်ဖို့ကို စိုင်းပြင်းပါတော့တယ်။ ကားငှားဖို့
ကားတားမယ်ဆိုမှ နံပါတ်ပြားကို ကြည့်ပီး တားဖို့လုပ်တော့ အမယ် ၃၃၃၃
ပူးခင်ဗျ။ အဲ့ဒါနဲ့ ဆက်ငှားဖို့ကြိုးစားနေတုန်း ၅၅၅၅ ပူးခင်ဗျ။ ကားတွေကလည်း
သွားမဲ့နေရာ ပြောလိုက်တာနဲ့ ကမ္ဘာအေး လမ်းကြောကို ဖြတ်ရမယ်လို့ပဲ
စိတ်ထဲဆွဲပီး ခေါင်းတစ်ခါခါနဲ့ ထားရစ်ခဲ့လို့ နောက်ဆုံးမတန်တဆ ဈေးနဲ့
ကားကိုငှားလို့ ပြန်ခဲ့ရပါတယ်။ ကားပေါ်မှာ ကားဆရာနဲ့ စကားလက်ဆုံကြရင်း
ကားနံပါတ်တွေ ပူးနေတဲ့ ကိစ္စပြောနေတုန်း ဘေးကနေ ဖြတ်သွားတဲ့ကားက ၉၉၉၉
ပူးခင်ဗျ။ အဲ့ဒါနဲ့ အခုထိတော့ ကျွန်တော် ၈၈၈၈ ပူးမတွေ့ဘူးသေးဘူးနော်လို့
ပြောလိုက်တော့ ရှိတယ်ခင်ဗျတဲ့၊ ပြောနေတုန်း ဘေးက ဖြတ်သွားတဲ့ကားက ၇၈၈၈
ဖြစ်နေလို့ အံ့သြနေသေးရဲ့။ တိုက်ဆိုင်လိုက်တာများကွာ ဒီဇင်ဘာ ၇ ရက်လို့
ပြောင်းပြောရမလို ဖြစ်နေတယ်။