Wednesday, December 26, 2012

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂) ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

Khin Mgoo shared Myu Shayi's photo.
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

အဆိုပါ မူဝါဒများအရ စာရေးသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး တက်ကြွစွာ ပါဝင်အမှုထမ်းခဲ့ပါသည်။ ထို့အတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ၊ ဗိုလ်ချုပ်ကျော်ဝင်း ၊ ဗိုလ်မှူးချုပ်ကျော်သိန်း ၊ ဒုဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး - ၀ါရှင်တန်နှင့် အလုပ်သမားဝန်ကြီးဟောင်း) ၊ ဗိုလ်မှူးကြီးသန်းအေး (ကွယ်လွန်) ၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုဗိုလ်မှူးကြီး ဥာဏ်လင်း ၊ ဗိုလ်မှူးအောင်လင်းထွဋ်(စာရေးသူ)၊ ဗိုလ်မှူးသက်တင်စိန် တို့ ဖြစ်ကြပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားများ၏ အလောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၏ အလောင်းပေါင်းပြီး ဆက်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ တောင်မှမြောက် အထိ ဆက်နေမည် ဖြစ်သည်။ မည်သူတစ်ဦး တစ်ယေက်အတွက်မှ အကျိုးမရှိ ၊ယခင်အစိုးရ အဆက်ဆက် လက်နက်ချရေး မူကို ကိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ မအောင်မြင်ခဲ့၊ ထို့ကြောင့် လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ကာ ယုံကြည်မှု တည်ဆောက်သည့် နည်းလမ်းကို လမ်းညွှန်ခဲ့ပါသည်။ နှစ်ဘက်ယုံကြည်မှု ရလာသည့်အခါတွင် လက်ထဲ၌ ကိုင်ဆောင်ထားသော လက်နက်များသည် တုတ်လောက်ပင် တန်ဖိုးမရှိ ဖြစ်လာလိမ့်မည်။ မိမိဘက်မှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုရအောင် ရိုးသားမှုဖြင့် စည်းရုံးရမည်ဆိုသည့် သဘောထားရှိသူ ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့်မူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ပေးခဲ့သော ကတိက၀တ်များကိုမတည်၊ သစ္စာမရှိသော မင်းတစ်ပါး ဖြစ်ခဲ့သည်ကို ယနေ့ကာလတွင် မြင်တွေ့နေရပြီ ဖြစ်ပါသည်။

စာရေးသူတို့အနေဖြင့်လဲ အားလုံးလောက်နီးပါး ငြိမ်းချမ်းရေး ရပြီးသောအခါမှ မင်းသားအယောင်ဆောင်ထားသောဘီးလူး ကို သိလိုက်ရသည့်အခါ များစွာ တုန်လှုပ်မိခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက် ဆောင်ရွက်ခဲ့သော ဗကပ လက်အောက်နေခဲ့ကြသော ကိုးကန့် ၊ ၀ ၊ အခါ ၊ ရှမ်း ၊ ကချင် တို့နှင့် သဘောတူခဲ့သော ငြိမ်းချမ်းရေး အချက်အလက်များအပေါ် သူ့အနေဖြင့် မနှစ်မြို့ခဲ့သော်လည်း ထိုစဉ်က မကန့်ကွက်ရဲသလို ၀င်ရောက်စွက်ဖက်ပိုင်ခွင့်လည်း မရှိခဲ့ပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထားကို နောက်ပိုင်းမှ သိခဲ့ရသည်မှာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များအား သွေးခွဲပြီး အားအင်ချိနဲ့သွားအောင် လုပ်ရမည် ဟု သိခဲ့ရပါသည်။ ထိုကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း နှစ်အကြာဆုံး လူလက်နက်အင်အား အကောင်းဆုံး ဗမာပြီးလျှင် အင်အားအများဆုံးလူမျိုး နိုင်ငံရေးလမ်းစဉ်ရှိသော နိုင်ငံခြား တိုင်းပြည်များနှင့် ဆက်ဆံတတ်သော ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သော Karen National Union (KNU) ကိုအခြားငြိမ်းချမ်းရေး အဖွဲ့များကဲ့သို့ အခွင့်အရေး မပေးနိုင်၊ လက်နက်ချခိုင်းရမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ၁၉၉၆ - ၁၉၉၇ KNU ဆွေးနွေးပွဲ အောင်မြင်ခါနီးတွင် ကပ်၍ ဟန့်တားခဲ့ပါသည်။

၎င်းအနေဖြင့် နိုင်ငံရေး အမြတ်ထုတ်ခဲ့သည်မှာ KNU ကို ဖြိုခွဲရန် ပထမဦးစွာ ဒေါက်တိုင်များဖြစ်သော ဦးဘရန်ဆိုင်း ခေါင်းဆောင်သော Kachin Independence Organization (KIO) နှင့် ဦးနိုင်ရွှေကျင် ခေါင်းဆောင်သော New Mon Stae Party (NMSP) ကို Democratic Alliance of Burma (DAB) နှင့် National Democratic Front (NDF) တို့မှ ငြိမ်းချမ်းရေး အဖွဲ့အနေဖြင့် ခွဲထုတ်နိုင်လျှင် KNU ၏ ဘယ်၊ ညာ လက်ရုံးပြုတ်သွားမည်။ ပြီးမှ KNU အဖွဲ့အတွင်းမှ အမြင်မတူသောသူများကို တစ်စစီ ဆွဲထုတ်ပြီး သိမ်းသွင်းသွားနိုင်လျှင် KNU အင်အားချိနဲ့သွားမည်ဟု တွေးခေါ်ပြီး လုပ်ခဲ့ခြင်းအပေါ် ဘုမသိ ဘမသိဖြင့် စာရေးသူတို့ ကိုယ်တိုင်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိမ်ခံခဲ့ရပါသည်။

စစ်ရေးအရ အမြတ်ထုတ်ခဲ့သည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အင်အားစာရင်း ကောက်ခံတောင်းဆိုပြီး အင်အား ထပ်မံမတိုးချဲ့ရန် ပြောကြားခဲ့၍ တစ်ဖက်မှ အပစ်အခတ်ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး တပ်မတော်အင်အားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေအစပ်များတွင် တိုးချဲ့၍ တပ်ရင်းအသစ်ပေါင်းများစွာ တည်ဆောက်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးရာပါ လိမ်ညာ ကောက်ကျစ် လှည့်စားတတ်သော အကျင့်ဆိုးသည် ပြည်သူလူထုအား ဒုက္ခ ဖြစ်စေပါတော့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ တစ်ခုလုံးကို `ဥပဒေ၏ အထက်မှာ ဘယ်သူမှ မရှိရ´ ဆိုသော ဆောင်ပုဒ်ဖြင့် ဖမ်းဆီးထောင်ချ ဖျက်သိမ်းခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များအပေါ် ယခင် ဂတိက၀တ် ပေးထားခဲ့သော စာချုပ်ပါ အချက်အလက်များကို စစ်အာဏာရှင် အစိုးရအနေဖြင့် စတင်ချိုးဖေါက်ခဲ့ပါသည်။ စာချုပ်တွင် ပါရှိသော နိုင်ငံရေးကိစ္စ ဆွေးနွေးမှုကို လစ်လျူရှုကာ စာချုပ်တွင်မပါသော နယ်ခြားစောင့်တပ်လုပ်ရန် အတင်းအဓမ္မ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များကို နည်းမျိုးစုံသုံး အကြပ်ကိုင် ဖိအားပေးခဲ့ပါသည်။ စစ်အာဏာရှင်တို့သည် တပ်နေရာ သတ်မှတ်ချက် သဘောတူညီမှုများကို ချိုးဖေါက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများအတွင်း စစ်တပ်များ ၀င်ရောက်ပြီး တိုက်ခိုက်သိမ်းပိုက်ခြင်း ပြုလုပ်ခဲ့ပါသည်။ ဒေသဖွံ့ဖြိုးရေး သဘောတူညီချက်ကို အပေါ်ယံသဘောသာလုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွင်း သွေးကွဲစေရန် စီးပွားရေး အကြောင်းပြ၍ ငွေကျည်ဆံဖြင့် လုပ်ကြံခဲ့ပါသည်။

အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို လက်ရှိ သမ္မတ ဦးသိန်းစိန်မှအပ ကျန်သူများ ဂဃနဏ မသိပါ။ ယခုကဲ့သို့ ဂတိမတည် သစ္စာမဲ့သည့် လုပ်ရပ်များသည် ကောင်းမွန်သန့်ရှင်းသော အစိုးရ ဖြစ်ရမည် ဟူသော စကားကို ပြောခဲ့သော အခြေအနေအားလုံးကို သိနေသည့် သမ္မတဦးသိန်းစိန် အနေဖြင့် မြန်မာနိုင်ငံကို ချစ်တယ်ဆိုရင် ငြိမ်းချမ်းရေးကို မြတ်နိုးဖို့ လိုပါမည်။ သမ္မတကြီး၏ ပင်ကိုစိတ်ရင်း စေတနာကောင်းဖြင့် ကျွန်တော်တို့ နိုင်ငံကို ကယ်တင်ဖို့ အချိန်ရောက်နေပါပြီ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်မှလည်း ရုန်းထွက်ပါတော့လို့ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံ အေးချမ်းပြီး သာယာသော နိုင်ငံဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ကလိမ်ဥာဏ်များသော စစ်အာဏာရှင်ကြီး၏ လက်အောက် သြဇာခံ ဘ၀မှလဲ လွတ်မြောက်ပါစေလို့လဲ ဆုတောင်းလိုက်ပါသည်။
—
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လူလိမ် စစ်အာဏာရှင် အစိုးရ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

အဆိုပါ မူဝါဒများအရ စာရေးသူအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး တက်ကြွစွာ ပါဝင်အမှုထမ်းခဲ့ပါသည်။ ထို့အတူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိရေး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ၊ ဗိုလ်ချုပ်ကျော်ဝင်း ၊ ဗိုလ်မှူးချုပ်ကျော်သိန်း ၊ ဒုဗိုလ်မှူးကြီးတင်ဝင်း (သံအမတ်ကြီး - ၀ါရှင်တန်နှင့် အလုပ်သမားဝန်ကြီးဟောင်း) ၊ ဗိုလ်မှူးကြီးသန်းအေး (ကွယ်လွန်) ၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုဗိုလ်မှူးကြီး ဥာဏ်လင်း ၊ ဗိုလ်မှူးအောင်လင်းထွဋ်(စာရေးသူ)၊ ဗိုလ်မှူးသက်တင်စိန် တို့ ဖြစ်ကြပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မူဝါဒများ ပြောင်းလဲမှု မရှိသော်လဲ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသော သဘောထားနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဘောထား များစွာကွာခြားသည်ဟု ပြောရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စစ်သားတစ်ယောက်လို စဉ်းစားခဲ့တာကို သတိထားမိပါသည်။ ၄င်း၏ သဘောထားမှာ နှစ်ပေါင်းများစွာ တိုင်းရင်းသားအချင်းချင်း စစ်တိုက်လာခဲ့ကြလည်း ဘာမျှဖြစ်မလာ၊ မိမိတို့လူမျိုးများသာ သေဆုံးခဲ့ကြရသည်။ နှစ်ပေါင်းများစွာအတွင်း ကျဆုံးခဲ့သောတပ်မတော်သားများ၏ အလောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များ၏ အလောင်းပေါင်းပြီး ဆက်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ တောင်မှမြောက် အထိ ဆက်နေမည် ဖြစ်သည်။ မည်သူတစ်ဦး တစ်ယေက်အတွက်မှ အကျိုးမရှိ ၊ယခင်အစိုးရ အဆက်ဆက် လက်နက်ချရေး မူကို ကိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ မအောင်မြင်ခဲ့၊ ထို့ကြောင့် လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးလုပ်ကာ ယုံကြည်မှု တည်ဆောက်သည့် နည်းလမ်းကို လမ်းညွှန်ခဲ့ပါသည်။ နှစ်ဘက်ယုံကြည်မှု ရလာသည့်အခါတွင် လက်ထဲ၌ ကိုင်ဆောင်ထားသော လက်နက်များသည် တုတ်လောက်ပင် တန်ဖိုးမရှိ ဖြစ်လာလိမ့်မည်။ မိမိဘက်မှသာ တိုင်းရင်းသားများ၏ ယုံကြည်မှုရအောင် ရိုးသားမှုဖြင့် စည်းရုံးရမည်ဆိုသည့် သဘောထားရှိသူ ဖြစ်ပါသည်။

ချောကလက်သည် အသက်ရှည်စေ

KhingKhing Su shared International news for myanmar's photo.
ချောကလက်သည် အသက်ရှည်စေ

ချောကလက်က သဘာဝ အသက်ရှည်ဆေး ဖြစ်တယ်လို့ ဆေးပညာရှင်တို့ တင်စားခေါ်ဝေါ်ပါတယ်။ 

သူ့မှာ ပါဝင်တဲ့ Antioxidant ဟာ နှလုံးနဲ့ ဆက်စပ်ရောဂါတွေကို ဖြစ် မလာအောင် ကာကွယ်ပေးပါတယ်။ အနက်ရောင် ချောကလက် မှာ စတော်ဘယ်ရီသီးထက် Antioxidant  ၈ ဆ ပိုမိုပါဝင်ပါတယ်။ အခြားသော အာဟာရဓာတ်များနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ချောကလပ်တစ်ခုဟာ နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ထုတ်လုပ်မှုကောင်းပြီး သွေးဖိအား (Blood pressure) ကို ပုံမှန်အတိုင်း ရှိအောင် လျော့ချပေးပါတယ်။ ဒါကြောင့် သွေးနဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ ရောဂါလည်း ဖြစ်ဖို့ အလားအလာ နည်းသွားပါတယ်။ 

ဒါကြောင့် ချောကလပ်ကို ပုံမှန်စားသုံးခြင်းဖြင့် အသက် ရှည်နိုင်ကြောင်း ဆေးပညာရှင်နဲ့ လေ့လာသူများက ဆိုထားပါတယ်။ 
--
ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_60.html
ချောကလက်သည် အသက်ရှည်စေ

ချောကလက်က သဘာဝ အသက်ရှည်ဆေး ဖြစ်တယ်လို့ ဆေးပညာရှင်တို့ တင်စားခေါ်ဝေါ်ပါတယ်။

သူ့မှာ ပါဝင်တဲ့ Antioxidant ဟာ နှလုံးနဲ့ ဆက်စပ်ရောဂါတွေကို ဖြစ် မလာအောင် ကာကွယ်ပေးပါတယ်။ အနက်ရောင် ချောကလက် မှာ စတော်ဘယ်ရီသီးထက် Antioxidant ၈ ဆ ပိုမိုပါဝင်ပါတယ်။ အခြားသော အာဟာရဓာတ်များနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ချောကလပ်တစ်ခုဟာ နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ထုတ်လုပ်မှုကောင်းပြီး သွေးဖိအား (Blood pressure) ကို ပုံမှန်အတိုင်း ရှိအောင် လျော့ချပေးပါတယ်။ ဒါကြောင့် သွေးနဲ့ ဆက်စပ်ပြီး ဖြစ်တဲ့ ရောဂါလည်း ဖြစ်ဖို့ အလားအလာ နည်းသွားပါတယ်။

ဒါကြောင့် ချောကလပ်ကို ပုံမှန်စားသုံးခြင်းဖြင့် အသက် ရှည်နိုင်ကြောင်း ဆေးပညာရှင်နဲ့ လေ့လာသူများက ဆိုထားပါတယ်။
--
ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_60.html

အတ္တနောမတိများ (ဖေမြင့်) by ပြည်သူ့ခေတ် on Wednesday, December 26, 2012 at 12:52am ·


အကူးအပြောင်းကို စမ်းသပ်သည့် ပြဿနာတစ်ရပ်

ဒီမိုကရေစီ အကူးအပြောင်းကို စောင့်ကြည့်ကြသူများအတွက် ရတက်မအေးစရာ ပြဿနာ တစ်ခု မကြာမီက ပေါ်ပေါက်ခဲ့သည်။
          လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြု၍ ဖြစ်ပေါ်သော ပြဿနာ။
          ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများ၊ ၎င်းင်းတို့အား ထောက်ထားစာနာကာ ရိုင်းပင်းကူညီကြသူများ၊ ပွင့်လင်းမြင်သာမှု မရှိသော သယံဇာတ ရောင်းချမှု ကိစ္စကို မလိုလား မနှစ်သက်သူများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန့်ကျင် သူများနှင့် အခြားတက်ကြွလှုပ်ရှား သူများက ကန့်ကွက်တောင်းဆို ဆန္ဒပြကြသည်။ ယင်းအား အာဏာပိုင်တို့က အကြမ်းပတမ်း နှိပ်ကွပ်ရာ ရုပ်ပျက်ဆင်းပျက် အနေအထားများ ဖြစ်ပေါ် ခဲ့သည်။
          ယခုအခါ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးထားပြီး၊ ထိခိုက်ဒဏ်ရာ ရသော သံဃာတော်များအားလည်း တာဝန်ရှိသူတို့ဘက်က ၀န်ချတောင်းပန်ခဲ့၍ ပဋိပက္ခသည် ယာယီ ငြိမ်းအေးလျက်ရှိသည်။ သို့သော်  ပြဿနာကား မပြီးသေးပေ။
          စုံစမ်းရေး ကော်မရှင်ထံမှ ပြဿနာ၏ အကြောင်းရင်းခံများကို ပြည့်စုံစွာ ရှင်းလင်း ဖော်ထုတ် တင်ပြချက်များ၊ ယင်းတို့ကို ဖြေရှင်းနိုင်မည့် အမြော်အမြင်ရှိသော အကြံပြုချက်များ ထွက်ပေါ်လာ ပြီးနောက်၊ အစိုးရကလည်း ယင်းနှင့် လျော်ညီသော အရေးယူ ဆောင်ရွက်မှု များ ပြုနိုင်မှသာ ရှင်းလင်း ပြီးပြေမည် ဖြစ်သည်။
          စင်စစ်၊ ယနေ့ ကြေးနီတောင် ပြဿနာသည် နိုင်ငံအ၀န်း၌ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ် လတ္တံ့ဖြစ်သည့် အလားတူ မြေယာသိမ်းပိုက်ခံရမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြဿနာများကို ကိုယ်စားပြုထင်ဟပ်လျက် ရှိရာ ၎င်းအား မည်သို့ ဆက်လက် ဖြေရှင်းသနည်းဟူသည် လာလတ္တံ့သော ကိစ္စရပ်များအတွက် နမူနာပြ ဖြစ်ပေမည်။

ကြေးနီတောင် ကိစ္စကို ပြန်ကြည့်လျှင် ယင်းမှနေ၍ စိုးရိမ်ကြောင့်ကြမှု သုံးရပ် သို့မဟုတ် သုံးမျိုး ထွက်ပေါ်ခဲ့ကြောင်း တွေ့ရသည်။
          တစ်ခုသည်၊ လူထုအကြားမှ ဆန္ဒပြမှုများ မည်သည့် အတိုင်းအတာအထိ ပေါ်ပေါက် လာမည်နည်း၊ ဆန္ဒပြ သူတို့၌ မည်မျှကြီးမားသော ရည်ရွယ်ချက်များ ရှိနေသနည်းဟူ၍ အာဏာပိုင်တို့ ဘက်က စိုးရိမ်ကြောင့်ကြမှု ဖြစ်သည်။
          နောက်တစ်ခုက အစိုးရသည် ဒီမိုကရေစီသို့ ကူးပြောင်းနေသည် ဆိုပါလျက် ဆန္ဒပြသည့် ကိစ္စကို ဖြေရှင်းရာ၌  ဒီမိုကရေစီနှင့် ဖီလာဆန့်ကျင်သည့် ယခင် စနစ်ဟောင်းက အကြမ်းဖက် နှိပ်ကွပ် နည်းကို အဘယ်ကြောင့် သုံးစွဲခဲ့သနည်း၊ နှုတ်က ဒီမိုကရေစီ ပြောသော်လည်း တကယ်လက်တွေ့၌ အာဏာရှင်စနစ် အကျင့်အကြံများကို စွန့်လွှတ်မည့် အစီအစဉ်  မရှိကြောင်း   ပြသလိုက်ခြင်းလား၊ ဟူသော စိုးရိမ်ကြောင့်ကြမှု ဖြစ် သည်။

" နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားမှုပြုခြင်းပင် ဖြစ်သည်၊" ( ဒဂုန်တာရာ၊ နိုင်ငံရေးသမားနှင့် စာရေးဆရာဆောင်းပါးမှ)

နိုင်ငံရေးသမားသည် လူထုမပါဘဲ မရပ်တည်နိုင်၊ စာရေးသူသည် စာဖတ်သူမပါဘဲ မရပ်တည်နိုင်၊ နိုင်ငံရေးသမားနှင့် စာရေးဆရာ၊ နှစ်ဦးစလုံး လူထု၌ အမြစ်တွယ်လျက်ရှိသည်။
လူထု၌ အခြေမစိုက်သော နိုင်ငံရေးသည် ကျဆုံးမည်ဖြစ်၍ စာဖတ်သူ လူထု၌ အခြေမစိုက်သော စာပေသည်လည်း တိမ်ကောရမည်သာ ဖြစ်ပေသည် မဟုတ်ပါလော၊၊
‎" နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားမှုပြုခြင်းပင် ဖြစ်သည်၊" ( ဒဂုန်တာရာ၊ နိုင်ငံရေးသမားနှင့် စာရေးဆရာဆောင်းပါးမှ)


နိုင်ငံရေးသမားနှင့် စာရေးဆရာ

ဤဆောင်းပါးကို ဒဂုန်တာရာ၏ “ စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်” စာအုပ်မှ ထုတ်နုတ်ပါသည်၊ နိုင်ငံရေးသမားနှင့် စာရေးဆရာ အကြောင်းရေးထားသော်လည်း နိုင်ငံရေးနှင့် အနုပညာအဆက်အစပ်သည် ပရိသတ်အပေါ်မှာပဲ အဓိက အခြေပြုထားရသည့်သဘောကိုပါ မြင်နိုင်လိမ့်မည်ဟု ယူဆမိသဖြင့် ဖော်ပြလိုက်ခြင်းဖြစ်သည်၊ (အယ်ဒီတာ)

နိုင်ငံရေးသမားနှင့် စာရေးဆရာကို မနှိုင်းယှဉ်မီ နိုင်ငံရေးသမားဆိုတာ ဘာလဲ၊ စာရေးဆရာဆိုတာ ဘာလဲကို ရှင်းပြဖို့ လိုပေလိမ့်မည်၊

နိုင်ငံရေးသမားဆိုတာ ဘာလဲ၊
နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားမှုပြုမူခြင်းပင်ဖြစ်သည်၊

စာပေဆိုတာ ဘာလဲ၊
စာပေဆိုသည်မှာ လူ့ဘ၀အကြောင်းအရာကို စာဖတ်သူ ရသအပေါ်အောင် ဖွဲ့နွဲ့ထားသော အရေးအသားဖြစ်သည်။
နိုင်ငံရေးဆောင်ရွက်သူသည် နိုင်ငံရေးသမားဖြစ်သည်။ စာပေရေးသားသူသည် စာရေးဆရာဖြစ်သည်၊ ဤသို့ အကြမ်းဖျင်းသိရသည်၊

ဘုရင့် နောင်ရှမ်းပြည်သို့ ချီတက်ခြင်း


Tuesday, December 25, 2012

ကျနော့်ဘ၀ဇာတ်ကြောင်း (၁) by Maung Maung Than on Monday, December 24, 2012 at 7:58pm ·


ကျနော့်ဘ၀ဇာတ်ကြောင်း (၁)
အစကတော့ မရေးဘူးလို့ ဆုံးဖြတ်ထားတာ၊ ဒါပေမဲ့ ကြံကို အရင်းကစစုတ်တဲ့ မွန်အမတ်လိုပဲ ကိုယ်ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ မသိနိုင်လို့ အတိုတော့ ရေးလိုက်အုံးမယ်လို့ 

တချို့ စကားလုံးတွေဟာ ဘယ်သူပိုင်တယ်ဆိုတာ မြန်မာလူမျိုးမှန်ရင် ချက်ခြင်း သိကြပါ၏၊ အဲဒီစကားလုံးတွေကို မော်တော်ကားတို့ ၊ရေဒီယိုတို့ လိုပဲ အများသုံးစကားဖြစ်တယ်လို့ ပဲ ထင်လိုက်မိပါတယ်၊ ကျနော်တို့ ရင်ထဲမှာလဲ အော်တိုမက်တစ် စွဲနေတဲ့စကားတွေပါ တသက်တာမှတ်တမ်းဆိုရင် ရွှေဥဒေါင်း၊ ကျနော့်ဘ၀ဇာတ်ကြောင်းဆိုရင် သော်တာဆွေပေါ့ဗျာ၊ ကျနော်လဲ နာမည်အသစ် ရှာဖို့ ထက် မော်တော်ကားနဲ့ ရေဒီယိုလိုပဲ ခေါင်းထဲ ဒီနာမည်ပဲ ၀င်လာတာဖြစ်ပါတယ်၊ သတိပေးတဲ့ ဆရာကို ကျေးဇူးတင်လျက်၊ နောက် ဆရာကြီး၂ ပါးကလဲ ခွင့်လွှတ်မယ်လို့ ယူဆရင်း ဒီခေါင်းစဉ်ကို ပဲ ဆက်လက် သုံးစွဲခွင့် ပြုကြပါခင်ဗျာ

၁၉၅၃ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့ မှာ ဂျင်မခါနာမှာ မွေးပါတယ်၊ အခု အလုံသစ်တောလမ်းထိပ်က ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ့၊ ကျနော်တို့ ခေတ်နောက်ပိုင်း တော်တော်ကြာအထိ ဂျင်မခါနာလို့ သိကြပါတယ်

{{{ ပြောပါရစေဦး မယ်တတ်ပ တို့ရေ }}}

Zaw Lin and Zaw Myo Lwin shared ဦး ယဉ်ကျေး's photo.
{{{  ပြောပါရစေဦး မယ်တတ်ပ တို့ရေ  }}}
****************************
****************************

ပြောပြန်လျင်လည်း ယဉ်ကျေး လွန်ရာကျမယ် ။

လွှတ်တော်ကြီးမှာ ပြည့်တန်ဆာ အရေး ဆွေးနွေးမယ် ဆိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ၊ စိတ်ထဲကမှာတော့ ကလိကလိ ဖြစ်သွားတာတော့ အမှန်ပါ ။

ဒီထက် အရေးကြီးတာတွေ ဆွေးနွေးစရာတွေ အများကြီး ရှိပါလျက်နဲ့ ဘယ်နှယ့်ဗျာ ။ ဘုရားရှင် လက်ထက်က ဇာတ်နိပါတ်တောင် ထည့်ပြီး အရေးတော်

ကို တွေးမျှော်လိုက်ပုံက အတော်လေး ဂွကျကျ ကြီးပါဗျာ ။ အမှောင်လောက ဇာတ်ကို ဒီလို အတွေးမျှော် တိုက်ပွဲဝင်မယ် ဆိုတော့ ကဲ စဉ်းစားသာ ကြည့်ကြ

ပါ ။ ပြည့်တန်ဆာများ သမဂ္ဂ ထူထောင်လာမလား မတွေးရဲလောက်အောင်ပါပဲ ကွယ်ရို့ ။ ဒီလို မယောင်ရာဆီလူးမယ့် အစား အခြား အမျိုးသမီးထု အတွက်

ကောင်းရာ ကောင်းကြောင်း အကျိုးရှိမယ့် ဥပဒေလေးများ မစဉ်းစား အဖြေ မရှာနိုင် ကြတော့လို့ များလား ။ အဓိက မြန်မာအမျိုးသမီးတွေ ပြည့်တန်ဆာ လမ်း

ကြောင်းပေါ် ဘာကြောင့် ရောက်သွားကြရသလဲ (သို့) ပြည့်တန်ဆာ လမ်းကြောင်းပေါ်က အမျိုးသမီးတွေကို ဘယ်လို ပညာပေးပြီး ဒီလုပ်ငန်းနှင့် အသက်မွေး

ဝမ်းကြောင်းပြုနေကြတာက လွတ်ထွက်သွားရအောင် အမျိုးသမီးကာကွယ် စောင်ရှောက်ရေး အသင်းတွေ ၊ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ

ကျယ်ပြန့်လာရအောင် လုပ်ဆောင်ဖို့ ကြိုးစားပေးဖို့ ၊ ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းတယ်ဆိုလျင် ဟုတ်သလိုလို ရယ်ပါ ။ ထားပါတော့ဗျာ

ခေတ်ကလ အရ ၊ စနစ်ပြောင်းလို့( သို့ ) ခေတ်ဟောင်းက ဇာတ်ကွက်တွေနှင့် မြန်မာ့ အမျိုးသမီးလေးတွေ ဇာတ်နာနေကြတာ မရှိလို့လား ၊ မဟုတ်လို့လား

ဆိုတော့ ဟုတ်သင့်သလောက် ဟုတ်ပါတယ် ။ မှန်သင့်သလောက် မှန်ပါတယ် ။ ကျုပ်တို့ ခေတ်ကထက် စာလျင် ခုခေတ်က ပြည့်တန်ဆာမိန်းကလေးတွေ ပိုပြီး

များလာတာကတော့ လက်သင့်ခံသင့်သလောက် လက်ခံပေမယ့် ၊ လုံးဝ ဥဿုံ ဒီကိစ္စက အစိုးရ ၊ ကျပ်တည်း လာကြတဲ့ စီးပွားရေး ၊ ခေတ်စနစ် မကောင်းမှုကြောင့်

ဆိုပြီး ကံသေ ကံမ ပြောလို့မရပါ ။ လူတွင်ပါမှ နွားကျားကိုက်တယ် လို့ ဆိုရိုးရှိခဲ့သလို ၊ ရုပ်ဝတ္ထုတွေရဲ့ တပ်မက်မှုနောက်လိုက်ရင်းက မလိုလားအပ်တဲ့ မှောက်

မှားမှုတွေ ၊ အလိမ်ခံရမှုတွေ ၊ လူမျိုးခြား ဘာသာခြားတွေ သော်လည်းကောင်း ၊ မိမိတို့ လူမျိုးထဲမှသော်လည်းကောင်း နှမသားချင်း မစာမနာ ကိုယ်ကျိုးရှာမှုတွေ ၊

သွေးဆောင် ဖျားယောင်းမှုတွေကို မလွန်ဆန်နိုင်ကြတာတွေက ရာခိုင်နှုန်း ၆၀ ကျော်လောက်ကို ရှိပါတယ် ။ ဒီတော့ အခ်ျိန်အနေ အချိန်အခါကလည်း ကြပ်တည်း

နေတယ် ၊ သွေးဆောင်သူတွေကလည်း ရှိနေမယ် ဆိုလျင် မိန်းကလေးတွေ ဘဝပျက်ဖို့က ၉၀ % သေချာသွားပါပြီ ။ အဘယ်ကြောင့်ဆိုသော် မိန်းကလေး တွေ

ဆိုတာ ရုပ်ဝတ္တုကို ခေတ်အဆက်ဆက် တက်မက်ကြပါတယ် ။ သူများတန်းတူ ဝတ်ချင် စားချင် ၊လှချင် ပချင် ကြပါတယ် ၊ ခုခေတ်ကြီးမှာက မီဒီယာမျိုးစုံ ၊ ကြော်

ငြာမျိုးစုံ ၊ လိုချင်တပ်မက်စရာ ပစ္စည်းအသစ်အဆန်းတွေက ၊ တံဆိပ်မျိုးစုံတွေက ပေါများလာတာနှင့် အမျှ မိမိ ဝင်ငွေနှင့် မမျှ မိမိစိတ်စေရာကို မလိုက်နိုင်လောက်

အောင် များပြားလွန်းလှပါတယ် ။ ထို့အတူ ယောကျာင်္းလေး အသုံးအဆောင်တွေက အစ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ဆွဲဆောင်နိုင်မှုက အံ့မခန်း ဖြစ်ရတာပါ ။

ခုခေတ် ငွေကြေး ရှားပါးလာတာနှင့် လိုချင်တပ်မက် စရာ ပေါများလာတာတွေ မမျှတက အဓိက အကြောင်းအရင်း ဖြစ်မယ်ထင်ပါတယ် ။ သို့ပေမယ့် အခြားတစ်ဖက်

မှာ နိစ္စဒူဝ လွန်စွာကြပ်သပ်ပြီး အသက်အန္တရာယ် အတွက်တောင် စိတ်မချရတဲ့ မြန်မာပြည်က လိုင်းကားတွေကို တိုးဝှေ့စီးပြီး တစ်လ လုပ်ခ လစာ ၃ ၊ ၄ သောင်း

ဝန်းကျင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိန်းကလေးတွေက ပိုများမယ်လို့တော့ ထင်ပါတယ် ။ ၎င်းမိန်းကလေးတွေ ကလည်း သူများတန်းတူ နေထိုင်ဝတ်စားချင်ကြမှာ

မလွဲပါဘူး ။ ပြည့်တန်ဆာ ဖြစ်ရတဲ့ မိန်းကလေးတွေမှာ ၁၀၀ မှာ ၁၀၀ လုံး မိဘကို လုပ်ကြွေးနေကြတာ ၊ ဝမ်းရေး အခက်အခဲကြောင့် ပြည့်တန်ဆာ မလုပ်ချင်ပဲ လုပ်

ရတာပါ ဆိုပြီး ပြောမှာ မလွဲပါဘူး ။ ဒီတော့ ၎င်းတို့ အနေအထိုင် အသွားအလာ ၊ သုံးစွဲလိုမှုကို ဖုံးကွယ်ချင်ရုံ သက်သက်နဲ့ ပြောဆိုနေကြတာပါ ။ ပြောပါရစေဦး ၊

အချို့မြို့သစ်တွေမှာ ဆိုလျင် ည အတော်လေးမိုးချုပ်တော့ မှ အိမ်ပြန်ရောက်ကြတဲ့ ကလေးတွေ ရှိပါတယ် ။ ဒီတော့ ရွှံ့တွေ ၊ ဗွက်တွေနဲ့ နေပူမိုးရွာ မရှောင် မိဘ

လုပ်သူတွေက မှောင်နှင့် မဲမဲထဲက ကိုယ့် သမီး ပြန်လာတဲ့ အချိန်ကို ကားဂိတ်က လာစောင့်နေရတဲ့ မိဘတွေ အတော်များများကို တွေ့ဖူးကြမှာပါ ။  ဒီလို မိဘတွေ

က နေ့မှာ သက်ဆိုင်ရာ အလုပ်ကိုယ်စီလုပ်ရင်း သားသမီးပြန်မလာသေးလို့ မနားရသေးပါဘူး ။ ဆိုလိုတာကတော့ မိသားတစ်စုမှာ ခက်ခဲတဲ့ ဝမ်းရေးအတွက် အတူ

တူ ရုန်းကန်နေကြရတာလေ ။ သူတို့ မှာ သားသမီး မဟုတ်တာကို လုပ်ခွင့်ပေးပြီး သားသမီး လုပ်စာကို ထိုင်စားမယ့် စိတ်ဓါတ် မရှိလို့သာ ခုလိုစောင့်ရှောက်နေကြ 

တာ မဟုတ်ပေဘူး လားဗျာ ။ နိုင်ငံနှင့် အဝှမ်းမှာ လူတိုင်းလိုလို ဝမ်းရေးအတွက် အခက်အခဲ အကြပ်အတည်းတွေ ဆုံနေကြတဲ့ ခေတ်မှာ ထိုမိန်းကလေးတွေမှ ပိုပြီး

ဇာတ်မနာ နေသင့်ဘူး ၊ ပိုမို ခက်ခဲပြမနေသင့် ဘူးလို့ထင်ပါတယ် ။ ဒီလိုပဲ အများစုဖြစ်တဲ့ မြန်မာ အမျိုးကောင်း သားသမီးတွေဟာ အခက်အခဲ အတွက် ဘဝကို အ

လွယ်တကူ အရှုံးအပေးပဲ ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့ အချိန်မှာ သူတို့ဟာလည်း လွယ်ကူတဲ့ လမ်းကို မလျှောက်လှမ်းသင့်တာ အမှန်ပါပဲ ။ အလွယ်လမ်း လိုက်မိလို့

လူလိမ် လူညာနှင့်တွေ့ ဗဟုသုတ မပြည့်စုံလို့  လူကုန်ကူးသမားတွေ ရဲ့ စားကျက်ဖြစ် ။ လူမျိုးခြား ဘာသာခြားတွေရဲ့ မက်လုံးပေမှုတွေ အောက် ရောက်ခဲ့ကြတဲ့

သာဓကတွေကို ပြန်လည် စမ်းစစ်သင့်ပါတယ် ။ ဆိုတော့ မြန်မာနိုင်ငံမှာ ဘဝ အာမခံချက် မရှိဘူး ဆိုပြီးတော့ နိုင်ငံခြားမှာ စွန့်စားကြည့်ကြမယ်ဆိုပြီး အတွေးတွေ

ဝင်လာကြတယ် ။ ဒီတော့ နိုင်ငံခြားသွားဖို့ကို ဇာတ်လမ်းဖော်ရပြီ ဆိုတဲ့နေရာမှာ လူကုန်ကူးသမားတွေ အကြိုက် ဖြစ်လာရတာ မဆန်းပါဘူး ။ ဒီတော့ နိုင်ငံခြားကို

ရောက်ပြီ ထားပါတော့ လွယ်ကူသွားကြပြီလား ။ မလွယ်ကူပါ ။ ပိုပြီး ဇာတ်နာစရာတွေ ၊ ပိုပြီး အခြေအနေဆိုးတွေက မရုန်းထွက်နိုင် ဘဝတွေ ဖြစ်လာကြရပြီပေါ့ ။

အချို့ တကယ် လုပ်ငန်းရှင်တွေက လိုအပ်လို့ ခေါ်ယူတဲ့ အလုပ်သမတွေ ရှိပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင်မှာ နေကြရတဲ့ သူတွေရှိပါရဲ့ ။ သူတွေတွေလည်း ထင်သ

လောက်တော့ သက်သာလှတာ မဟုတ် ၊ လွန်စွာပင်ပန်းဆင်းရဲ ခံပြီးမှ ရလာတဲ့ ငွေကို အိမ်ကို ပို့နိုင်တာ တခါတရံရယ်ပါ ။ ဒီလို အလုပ်သမလေးတွေကို အယောင်ပြ

ပြီး လူကုန်ကူးသမားတွေက လှည့်ပတ်ကာ မြန်မာမိန်းကလေးတွေကို ဖျားယောင်းနေကြတာကို သတိချပ်ဖို့ လိုမည်ထင်ပါတယ် ။ ပထမ ယိုးဒယားလို နိုင်ငံမျိုး ၊ တရုတ်

ပြည်နယ်စပ်လို နေရာမျိုးတွေမှာ ဇိမ်ခန်းယဉ်ကျေးမှုတွေဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှိနှင့်ပြီးသားတွေပါ ။ အဲဒီနေရာတွေမှာ မြန်မာ ရွှေမှ မဟုတ်ပါဘူး၊

နိုင်ငံတကာမှ အဖြူတွေ ၊ အနီတွေ ၊ အနက်တွေ ၊ မလေးတွေ ၊ အင်ဒိုတွေ ၊ ဖိလစ်ပိုင်တွေ ထိုင်ဝမ်တွေ စတဲ့ တိုးတက်တဲ့ နိုင်ငံတွေက ဇိမ်မယ်တွေ သူ့အစုနဲ့သူ ရှိနေကြပါတယ် ။

ဒီလိုနေရာမျိုးမှာ တရားဝင်ဆိုတာ ဘာမှ မရှိဘူးဗျ ။ ဒီတော့ ထိုနိုင်ငံ နယ်စပ်တွေကို သွားမယ်လို့ ဆုံးဖြတ်ချက်ချမိတဲ့ သူတွေဟာ အနည်းဆုံးတော့ ဒေသန္တရဗဟုသုတ

ကို အနည်းငယ်လေးလောက်တောင် မသိကြဘူးဆိုတာကတော့ ယုံရခက်ကြီးပါ ။ မသိဘူးဆိုလျင်တောင် ဒီလိုနေရာမျိုးမှာ မပျော်ပိုက်လျင် ခုခေတ်မှာ ရုန်းထွက်ပြီး လွတ်

လာကြတဲ့ သူတွေ မကြာခဏဆိုသလို လူမှုကွန်ယက်တွေမှာ တွေ့နေကြပါပဲ ။မယ်ဆိုင်မှာ  ယောကျာင်္း လုပ်သူက မိန်းမလုပ်တဲ့သူ လိင်ဖျော်ဖြေတဲ့နေရာကို ကလေးထိန်း

ရင်း လိုက်ပို့ပြီး စောင့်တယ်ဆိုတာတွေ ၊ ဒီလို ပြည့်တန်ဆာ လုပ်ငန်းနှင့် နာမည်ကျော်နေသော နိုင်ငံတွေမှာမှ မျှော်လင့်ချက်ကို အရောင်တင်ချင်တဲ့ အမှားတွေကို နောင်

တမရပဲ ၊ အမှောင်လောကကို သာယာနေကြတဲ့ သူတွေ ၊ ရည်ရွယ်ချက်ရှိရှိ ထိုအလုပ်ကို လုပ်ကိုင်လို၍ သွားချင်သူတွေ နှင့်အခြား ကံအကြောင်းမလှလို့ ဘဝနာခဲ့ရတဲ့သူတွေ ၊

ဒီလို တဏှာတောမှာ အလွယ်မလိုက်ပဲ ကောင်းရောင်းကောင်းဝယ် ဈေးရောင်းပြီး လုပ်စားနေကြတဲ့ မြန်မာနိုင်ငံသားတွေ ၊ စက်ရုံ အလုပ်ရုံတွေမှာ နဖူးကချွေး ခြေမကျအောင် လုပ်နေကြတဲ့

မြန်မာ မိန်းကလေးတွေကို ခွဲခြားပြီး ပြောလျှင် ပိုမို အဓိပ္ပါယ်ရှိကြမယ် ထင်မိပါတယ် ။ ဒီလိုမှ မဟုတ် အခြေအမြစ် မရှိပါပဲ ဖြန့်ဝေစာလိုလို မြန်မာ အမျိုးသမီးဟု ယူဆ ရသော  ဓါတ်ပုံကို မြန်မာလူမှု ကွန်ယက်တွေမှာ ဖြန့်နေကြခြင်းဟာ မည်သည့်အကျိုးသက်ရောက်မည် ဆိုတာကို သဘောပေါက်ကြစေချင်ပါသည် ။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင်း

တွင် ခက်ခဲမှုတွေကို ရင်ဆိုင်ပြီး ရုန်းကန်နေကြတဲ့ အမျိုးကောင်း သားသမီးတွေ ၊ နောက်ပြီး နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရှာ ပညာရှာနေသော အမျိုး

ကောင်း သားသမီးတွေ မှာလည်း အများစု ဖြစ်ပါတယ် ။ ယိုးဒယား ၊ တရုတ်နယ်စပ် စသည့် ရာဂရပ်ဝန်းတွေမှာ ကျင်လည်နေကြသော လိင်လုပ်သားတွေမှာ ယခင်ကတည်းက

ရှိနှင့်ပြီးသား လူနည်းစု အသိုက်အဝန်းဖြစ်ပေသည် ။ ရန်ကုန်မှာ အသစ် ၊ မန္တလေးမှာ က အဟောင်း ၊ မြန်မာမှာ အဟောင်း ၊ နိုင်ငံခြားရောက် အသစ်  ဇာတ်လမ်းတွေက  ထို

ရာဂ စက်ဝန်း ၊ ရာဂ သံသရာ အတက်အဆင်း လူပျက်တွေပြောသလို ကြက် သီချင်း ၊ ဌက် သီချင်း ပင် ။ လူကုန်ကူးသမားတွေရဲ့ ကုန်ကြမ်းရှာမှုတွေကို ကမ္ဘာကတောင်

တိုက်ဖျက်မှုပြီး လုပ်ဆောင်လာခြင်း အကြောင်းမှာ  မြန်မာ မိန်းကလေးတွေချည်း သီးသန့် သားကောင်ဖြစ်နေရခြင်း မဟုတ်ကြောင်းကို မြင်တွေ့ရမှာပါ ။ ယခုလို လူမှုကွန်ယက်

ပေါ်တွင် ယိုးဒယားနိုင်ငံမှ မြန်မာအမျိုးသမီးများ ဆိုပြီး ရေးသားထားရာတွင် ၊ နိုင်ငံတွင်းမှ အမျိုးသမီးများ အတုခိုးမှားနိုင်စရာ အကြောင်းအချက်တွေ ၊ လိင်ရောင်းစားပြီး အသက်

မွေးဝမ်းကြောင်း ပြုရာတွင် ချစ်သူရည်းစားတွေကိုတောင် အိမ်တစ်ဆောင် မီးတပြောင်ထားနိုင်နေကြောင်း ၊ မိသားစုကို ပြန်လည်ထောက်ပံ့နေနိုင်ကြောင်း ၊ မိမိလင်ယောကျာင်္းက

တောင် သဘောမျှစွာ လိင်ရောင်းစားခွင့် ပြုထားကြောင်း ၊ အကွပ်မဲ့ပြီး လွန်စွာလွတ်လပ် ပျော်ရွှင်ဖွယ်ရာဘဝများ ဖြစ်အောင် ဇောင်းပေးဖော်ပြထားတာ တွေ့ရမှာပါ ။ ၎င်းအပြင် မြန်မာနိုင်ငံ

တွင်းမှာ လူ့အခွင့်အရေး ဆုံးရှုံးပြီး လွန်စွာခက်ခဲပြီး ခုပဲ ခွက်ဆွဲပြီးတောင်းစားရမည် ပုံလိုလို ၊ အစိုးရအား တိုက်ခိုက်သယောင်ယောင် နှင့် မြန်မာ့လူမှုဘဝတွေကို နိမ့်ချပြီး ရေးသား

သွားခြင်း ဖြစ်ပေသည် ။ ထို့နောက် အစိုးရ၏ လူတိုင်းသိ စနစ်ဆိုးတွေကို ထောက်ပြဝေဖန်မှုတွေကြောင့် အချို့သဘောပေါက်လွဲကာ ကိုယ်တိုင်ဖြန့်ဝေမိလျက်သား ဖြစ်ရပြီး ကိုယ့်

အနောက် ဝါးရင်းတုတ်ကို မမြင်ဖြစ်ရပါတော့သည် ။ ဒါ့အပြင် ယခု လွှတ်တော်သို့ လိင်မှုဆိုင်ရာ လုပ်ငန်းအား တရားဝင် ခွင့်ပြုချက်တောင်းခံရန် အဆိုတင်သွင်း ခြင်းမှာ မီးလောင်

ရာ လေပင့်သကဲ့သို့ ပြည်ပ မထွက်နဲ့ ပြည်တွင်းမှာ လုပ်စားကြလို့ မပြောရုံတမည်ပဲ ရှိပါတော့သည် ။ ရောဂါဘယကို အကြောင်းပြခြင်းသည် ခိုင်လုံသော အကြောင်းပြချက်ဟု မဆို

နိုင်ပါချေ ။ အကယ်၍သာ လိင်လုပ်ငန်း လုပ်ဆောင်နေသော နိုင်ငံများတွင် ကူးစက်ရောဂါ ရမှု ကင်းစင်သွားပြီ ဆိုလျှင်တော့ မပြောတတ်ပါ ။ သို့ပေမယ့် ထိုထို နိုင်ငံကြီးများတွင်ပင်

ကူးစက်ရောဂါများ ရရှိနေကြသည်သာ ဖြစ်သောကြောင့် ဤ အဆိုသည် လွန်စွာ မလျော်ညီပါပေ ။ ကိုယ်ပိုင်အသိစိတ် ကိုယ့်ဆန္ဒတွေကိုသာ ထိန်းသိမ်းကြမည် ဆိုလျင် ကူးစက်

ရောဂါ မဖြစ်နိုင်ပါ ။ အရက်သေစာ သောက်စားပြီး မူးလို့အကြောင်းပြမည် ဆိုလျှင်လည်း ၊ ကမ္ဘာပေါ်တွင် မည်သို့ပေါ်လာမှန်းမသိသော သူရာသေရည်ကို သောက်သုံးပြီး မူးနေသော မည်သူ

သူမှ မစင်ကို ကောက်စားသည်ဟု အာဒံ ဧဝ ခေတ်ကတည်းက ရာဇဝင် မရှိကြောင်း မှတ်ကြပါလေ ။ ဒီတော့ ကိုယ့်ပစ္စည်း ကိုယ်ထိန်းခြင်းက အကောင်းဆုံးဖြစ်ပြီး မထိန်းနိုင်ပါက

ယခုခေတ်တွင် ခေတ်မှီ အကာအကွယ်တွေ ပေါများနေခြင်းကို လစ်လျူမရှုသင့်ပါ ။ ထို့အပြင်  ပြည့်တန်ဆာ အခွန်ကိစ္စသည်ကား အပြောလွယ်ပေမယ့် အလုပ်ခက်သော အမှောင်

လုပ်ငန်းဖြစ်သောကြောင့် မည်သို့မျှ အကျိုးရှိမည် မဟုတ်ပဲ ၊ ဘဝအခက်အခဲကို တန်ဖိုးရှိရှိ ရင်ဆိုင်နေကြသော မိန်းကလေးများအတွက် လက်နက်ချ ချင်စဖွယ် ၊ အတုမြင် အတတ်

သင်ချင် စဖွယ် ၊ အငြိမ်မနေ စိန်ပေတို့ စာရင်းဝင် လူငယ်လူရွယ်လေးတွေ လက်တည့်စမ်းချင်စဖွယ် မယောင်ရာဆီလူးနေကြမယ့် အရေးကို ဆိုမည့်အစား ကိုယ့်ရရှိထားတဲ့ နေရာ

နှင့် သင့်တော်သော ယဉ်ကျေးမှုနှင့် လျော်ညီသော မြန်မာအမျိုးသမီး စောင့်ရှောက်ရေး ၊ပညာပေးရေး ၊ မျိုးရိုးဇာတိ မပျောက်ပျက်ရေး အဆိုတွေကိုသာ တင်သွင်းသင့်ပါကြောင်း ။  ။

စာကြွင်း ။  ။
နိုင်ငံခြားတွင် အခက်အခဲများ ၊ နှိပ်စက်မှုဒဏ်များ ၊ အကူအညီ မဲ့မှုများ ၊ ဘဝပျက်ခဲ့ ရမှုများ ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို 
မခံစားနိုင်၍ မိမိကိုယ်ကို သတ်သေသွားကြသော အမျိုးသမီးငယ်များ မကြာခဏဆိုသလို ၊
တွေ့မြင် ခံစားပြီး သံဝေဂ နိုင်ကြပါစေ ။  ။ 

ဦးယဉ်ကျေး ။   ။ ၂၅ ၊ ၁၂ ၊ ၂၀၁၂ ။
‎{{{ ပြောပါရစေဦး မယ်တတ်ပ တို့ရေ }}}
****************************
****************************

ပြောပြန်လျင်လည်း ယဉ်ကျေး လွန်ရာကျမယ် ။

လွှတ်တော်ကြီးမှာ ပြည့်တန်ဆာ အရေး ဆွေးနွေးမယ် ဆိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ၊ စိတ်ထဲကမှာတော့ ကလိကလိ ဖြစ်သွားတာတော့ အမှန်ပါ ။

ဒီထက် အရေးကြီးတာတွေ ဆွေးနွေးစရာတွေ အများကြီး ရှိပါလျက်နဲ့ ဘယ်နှယ့်ဗျာ ။ ဘုရားရှင် လက်ထက်က ဇာတ်နိပါတ်တောင် ထည့်ပြီး အရေးတော်

ကို တွေးမျှော်လိုက်ပုံက အတော်လေး ဂွကျကျ ကြီးပါဗျာ ။ အမှောင်လောက ဇာတ်ကို ဒီလို အတွေးမျှော် တိုက်ပွဲဝင်မယ် ဆိုတော့ ကဲ စဉ်းစားသာ ကြည့်ကြ

ပါ ။ ပြည့်တန်ဆာများ သမဂ္ဂ ထူထောင်လာမလား မတွေးရဲလောက်အောင်ပါပဲ ကွယ်ရို့ ။ ဒီလို မယောင်ရာဆီလူးမယ့် အစား အခြား အမျိုးသမီးထု အတွက်

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၁) by Aung Htoo on Tuesday, December 25, 2012 at 12:13pm ·


စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ပုဂ္ဂိုလ်အရ မဆက်ဆန်ခဲ့ဘူးသော်လည်း ယုံကြည်ချက်အတွက် သူမ၏  စွန့်လွှတ်  အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြု သူဖြစ်သည်။ ကမ္ဘာသိခေါင်း ဆောင် တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ်ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုး မျိုးဖြင့် အကြိမ်ပေါင်း များစွာ ပြောဆို၊ ရေးသားခဲ့ဘူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျှဉ်း၍ တကြိမ်မျှ မဝေဘန် ခဲ့ဘူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်္ဘာ၂၄ ရက်နေ့နံက်တွင် ပေးခဲ့သောအင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည် က သမတ ဖြစ်ခြင်သည် ဟူသော ပြောဆိုချက်နှင့် စပ်လျှဉ်း၍ အနည်းငယ်စတင် ထောက်ပြခဲ့သည်။ အင်တာဗျူးကို ဤတွင် နားဆင်ပါ။

https://docs.google.com/open?id=0BzC8VZhwp11AVG5tZDY1MWdjb2s

(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)

ယခုမူ သူမကိုယ်တိုင်သာမက လူထုပါ စဉ်းစားနိုင်အောင် တစုံတရာ ထုတ်ဖေါ်ဝေဘန်သင့်သော အချိန်ရောက်ပြီဟု ယူဆသဖြင့် ဤ ဆောင်းပါးတွဲတစုံ ကိုရေးသားလိုက်ခြင်း ဖြစ်သည်။ အမှားအမှန် တိုင်းတာရန် မလွယ်ကူလှသည့် နိုင်ငံရေး အမြင်၊ မြှော် မှန်းချက်၊ ရပ်တည်ချက် များအပေါ်အခြေခံ၍ ဝေဘန်မည် မဟုတ်ပါ။ အခိုင်အမာ ပြောနိုင်သည့် “ ဥပဒေ စိုးမိုးရေး” [i]  ရှုဒေါင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။

 “တိုင်းပြည်”[ii]  အတွက် ဟူသော စကားလုံးကို မသုံးခြင်ပါ။ ယင်းကို သုံး၍ စစ်အစိုးရ အဆက်ဆက်က လူထု အပေါ် အမျိုးမျိုး ဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။ တိုင်းရင်းသား ပေါင်းစုံလူထု အကျိုးအတွက် ရိုးသားစွာ ဝေဘန်ခြင်းဖြစ်ပါမည်။

Monday, December 24, 2012

Ethnic Nationalities Voice တိုင်းရင်းသားအသံ: လွှတ်တော်ထဲရောက်နိုင်ငံရေးသမားများ ၂၀၀၈ အခြေခံဥပဒေက...

Ethnic Nationalities Voice တိုင်းရင်းသားအသံ: လွှတ်တော်ထဲရောက်နိုင်ငံရေးသမားများ ၂၀၀၈ အခြေခံဥပဒေက...: တိုင်းရင်းသားအသံ Tweet Loading...

နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ 24 December 2012 |

New MyanmarFoundation shared Aye Chan Mon's photo.
နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

    24 December 2012  | 
    
နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ နှမ်းမည်းစေ့ကို ဟင်းရွက် သုပ်တဲ့ အခါ၊ ကိတ်မုန့်၊ ပေါင်မုန့် ပြုလုပ် ရာမှာနဲ့ လက်ဖက်သုပ်ရာမှာ ထည့်စားလေ့ရှိပါ တယ်။ လူအများစု စားဖို့ မေ့လျော့နေ တတ်တဲ့ နှမ်းမည်းစေ့မှာ ကျန်းမာရေး အ ကျိုးကျေးဇူးတွေ အများအပြား ပါဝင်နေ ပါတယ်။ ဒါကြောင့် နှမ်းမည်းစေ့ရဲ့ အာ နိသင်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက် ပါတယ်။

 

-နှမ်းမည်းစေ့ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှု ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။

-နှမ်းမည်းစေ့မှာပါတဲ့ အင်တီအောက် ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် ဦး နှောက်ဆီကို လိုအပ်တဲ့ အာဟာရဓာတ် နဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါ တယ်။ ဒါက သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လက်ခံထား ကြပါတယ်။

နှမ်းမည်းစေ့ဟာ သွေးထဲမှာ အဆီ စုပုံမှုနဲ့ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေ ပါတယ်။

à နှမ်းမည်းစေ့မှာပါဝင်တဲ့ အာဟာရ ဓာတ်တွေရဲ့ လုပ်ငန်းဆောင်တာတစ်ခုက ရောင်ရမ်းမှုကို လျော့ကျစေတာ ဖြစ်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

à နှမ်းမည်းစေ့မှာ နွားနို့ထက် ပရိုတင်း နှစ်ဆ ပိုမိုပါဝင်ပြီး တခြားဟင်းသီးဟင်း ရွက်ထက် ကယ်လ်စီယမ် အဆ ၄၀ ပိုမို ခြောက်ဆ ပိုမို ပါဝင်နေပါတယ်။ နှမ်း မည်းစေ့ကို စားတာကြောင့် အူမကြီးကင် ဆာ၊ အရိုးပါးရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်တာနဲ့ ရာသီအကြိုဝေဒနာတို့မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

နှမ်းမည်းစေ့မှာပါဝင်တဲ့ ဘီတာစစ်စ တိုစတီရောမှာ ရောင်ရမ်းမှု လျော့ကျစေ တဲ့ လုပ်ငန်းဆောင်တာတစ်ခုရှိပြီး အဆီ ပြန်တဲ့ အရေပြားတွေကို သက်သာစေ ကာ အနာကျက်အား ကောင်းမွန်စေပါ တယ်။

-နှမ်းမည်းစေ့မှာ အများအပြား ပါဝင် တဲ့ ဗီတာမင်အီးဟာ အရေပြားရဲ့ ပျိုမျစ် နုနယ်တဲ့အသွင်ကို ထိန်းသိမ်းပေးထား ပြီး အရေပြားအိုမင်းမှုကို ဟန့်တားပေး နိုင်ပါတယ်။

-နှမ်းမည်းစေ့မှာ ဗီတာမင် B2 ၊B3 ၊ B5၊ B6၊ B9၊ ပရိုတင်း၊ သံဓာတ်၊ ဇင့် (သွပ်)ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖ ရပ်စ်တို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ် အများအပြား ပါဝင်နေ ပါတယ်။

-နှမ်းမည်းစေ့မှာ ပါဝင်တဲ့ ပါရာအမိုင် နိုအက်စစ်ဟာ အိပ်မပျော်တဲ့ဝေဒနာနဲ့ ပင်ပန်းနွမ်းနယ်တာတို့ကို နာမကျန်းမှု အ မျိုးမျိုး ခံစားနေရပါက အမြန်သက်သာ စေပါတယ်။

-နှမ်းမည်းစေ့မှာ ပါတဲ့ အိုမီဂါ ၃ ဖက် တီးအက်စစ်ဟာ ဦးနှောက်ကို အားဖြည့် ပေးပြီး ဦးနှောက်ရဲ့ ပျက်စီးယိုယွင်းမှု ဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ နှ လုံးရောဂါထတာကိုလည်း လျော့ကျစေ ပါတယ်။

-နှမ်းမည်းစေ့မှာ ပါဝင်တဲ့ အမိုင်နို အက်စစ်ဟာ ဆံကေသာကို ကျန်းမာလှ ပစေပါတယ်။

ကြယ်စင်


အေးချမ်းမွန်မှGood Health တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

24 December 2012 |

နှမ်းမည်းစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ နှမ်းမည်းစေ့ကို ဟင်းရွက် သုပ်တဲ့ အခါ၊ ကိတ်မုန့်၊ ပေါင်မုန့် ပြုလုပ် ရာမှာနဲ့ လက်ဖက်သုပ်ရာမှာ ထည့်စားလေ့ရှိပါ တယ်။ လူအများစု စားဖို့ မေ့လျော့နေ တတ်တဲ့ နှမ်းမည်းစေ့မှာ ကျန်းမာရေး အ ကျိုးကျေးဇူးတွေ အများအပြား ပါဝင်နေ ပါတယ်။ ဒါကြောင့် နှမ်းမည်းစေ့ရဲ့ အာ နိသင်တွေကို သိရှိစေဖို့ ဖော်ပြပေးလိုက် ပါတယ်။



-နှမ်းမည်းစေ့ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှု ဖြစ်နိုင် ခြေကို လျှော့ချပေးနိုင်ပါတယ်။

-နှမ်းမည်းစေ့မှာပါတဲ့ အင်တီအောက် ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ ဒါ့အပြင် ဦး နှောက်ဆီကို လိုအပ်တဲ့ အာဟာရဓာတ် နဲ့ အောက်ဆီဂျင်တွေ ပို့ဆောင်ပေးပါ တယ်။ ဒါက သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း လက်ခံထား ကြပါတယ်။