Cho Tu Zal
about an hour ago ·
သမိုင်းအော်သံ ကြားနေရပြီ. . .
လက်ရှိ မြန်မာပြည်ရဲ့အခြေအနေဟာ အင်မတန်ကြီးမားလှတဲ့
ရောဂါဝေဒနာဆိုးကြီး ငြိတွယ်စွဲကပ်နေသလို ခွဲစိတ်ဖြတ်တောက်ကုသမှ ကို
သက်သာပျောက်ကင်းရမယ့် အခြေအနေမျိုးပါ။
ဒါကို နာမှာကြောက်လို့
ဆိုပြီး၊ ဆေးထည့်ပေးလိုက်၊
အနာအကျင်ကိုက်ခဲပျောက်ဆေးလေးသောက်ခိုင်းလိုက်လုပ်နေရင်တော့
အနာပွားသည်ထက်ပွား၊ ကြီးသည်ထက်ကြီးလို့ လုံးပါးပါးရလိမ့်မယ်။
ဒီလောက်ထိ အဘက်ဘက် က ယိုယွင်းနေတာကိုတောင် ဒီအချိန်မှာ မတရားတဲ့
လုပ်ရပ်တွေကို နောက်မဆုတ်မပြုပြင်ဘဲ၊ ရသလောက် မှိန်းပြီး အိတ်ထဲထည့်ဖို့
ကြိုးစားနေတဲ့ လူတစုနဲ့၊ အဲဒါကို သိသိကြီးနဲ့ မြိုသိပ်ဖို့လိုတယ်
ဆိုတဲ့ ဇွတ်ရင်ကြားစေ့ရေး လမ်း ခင်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ တော့
တိုင်းပြည်မှာ
အုံကြွမှုကြီးကြီး ကြီးတခု မလွဲမသွေဖြစ်သွားနိုင်ပါတယ်။
ဒီတခါဖြစ်ရင် တပ်ထဲမှာကို ဖြစ်မယ်၊
အဲဒီလို ဖြစ်ရင် တိုင်းပြည်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးခြင်းငါးပါးနဲ့ ပျက်စီးသွားနိုင်တယ် လို့ ကျနော်တော့ မြင်ပါတယ်။
ဒီလို အခြေအနေဆိုးကြီး မဖြစ်စေဖို့၊
နှစ်ဘက်ခေါင်းဆောင်တွေဟာ လက်ရှိပကတိအခြေအနေမှန်ကို အရှိအတိုင်း လက်ခံပြီး၊
ကမ်းကုန်အောင် မတရား၊ မမျှတ ဖြစ်နေတဲ့ အခြေအနေတွေကို အမြန်ဆုံးပြင်ဆင်
ပြောင်းလဲသင့်ပြီ။
about an hour ago ·
သမိုင်းအော်သံ ကြားနေရပြီ. . .
လက်ရှိ မြန်မာပြည်ရဲ့အခြေအနေဟာ အင်မတန်ကြီးမားလှတဲ့ ရောဂါဝေဒနာဆိုးကြီး ငြိတွယ်စွဲကပ်နေသလို ခွဲစိတ်ဖြတ်တောက်ကုသမှ ကို သက်သာပျောက်ကင်းရမယ့် အခြေအနေမျိုးပါ။
ဒါကို နာမှာကြောက်လို့ ဆိုပြီး၊ ဆေးထည့်ပေးလိုက်၊ အနာအကျင်ကိုက်ခဲပျောက်ဆေးလေးသောက်ခိုင်းလိုက်လုပ်နေရင်တော့ အနာပွားသည်ထက်ပွား၊ ကြီးသည်ထက်ကြီးလို့ လုံးပါးပါးရလိမ့်မယ်။
ဒီလောက်ထိ အဘက်ဘက် က ယိုယွင်းနေတာကိုတောင် ဒီအချိန်မှာ မတရားတဲ့ လုပ်ရပ်တွေကို နောက်မဆုတ်မပြုပြင်ဘဲ၊ ရသလောက် မှိန်းပြီး အိတ်ထဲထည့်ဖို့
ကြိုးစားနေတဲ့ လူတစုနဲ့၊ အဲဒါကို သိသိကြီးနဲ့ မြိုသိပ်ဖို့လိုတယ် ဆိုတဲ့ ဇွတ်ရင်ကြားစေ့ရေး လမ်း ခင်နေတဲ့ နိုင်ငံရေးသမားတွေနဲ့ တော့ တိုင်းပြည်မှာ
အုံကြွမှုကြီးကြီး ကြီးတခု မလွဲမသွေဖြစ်သွားနိုင်ပါတယ်။
ဒီတခါဖြစ်ရင် တပ်ထဲမှာကို ဖြစ်မယ်၊
အဲဒီလို ဖြစ်ရင် တိုင်းပြည်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးခြင်းငါးပါးနဲ့ ပျက်စီးသွားနိုင်တယ် လို့ ကျနော်တော့ မြင်ပါတယ်။
ဒီလို အခြေအနေဆိုးကြီး မဖြစ်စေဖို့၊
နှစ်ဘက်ခေါင်းဆောင်တွေဟာ လက်ရှိပကတိအခြေအနေမှန်ကို အရှိအတိုင်း လက်ခံပြီး၊
ကမ်းကုန်အောင် မတရား၊ မမျှတ ဖြစ်နေတဲ့ အခြေအနေတွေကို အမြန်ဆုံးပြင်ဆင်
ပြောင်းလဲသင့်ပြီ။